အခန်း ၁၅၅၃
Vol. 104 Ch. 1553
အခန်း (၁၅၅၃) ရှောင်ဘိုင်နှင့် ရှောင်ကျင်း။
"ဟေး, အဖြူကောင်အိုကြီး၊ အခု အဲဒီမှာ အစ်ကိုကြီး ရှိမယ်လို့ မင်းထင်လား?။
"ငါ စာပို့ထားပြီးပြီ။ အကိုကြီးက စာမပြန်ဘူး။ သူက တံခါးပိတ် ကျင့်ကြံနေတာ ဖြစ်နိုင်တယ်။"
"အဖြူကောင်အိုကြီး, အစ်ကိုကြီး တစ်ခုခုဖြစ်မယ်လို့ရော မင်း မထင်ဘူးလား? သူ့ အငွေ့အသက် အတက်အကျလှိုင်းကို မင်း ဘာလို့ မခံစားရတာလဲ။"
"ငါ သေချာမပြောနိုင်ဘူး။ နတ်ဘုရားကမ္ဘာက ထူးခြားနေတာလည်း ဖြစ်နိုင်ပါတယ်။ အစ်ကိုကြီးက အရင်ကတည်းက နတ်ဘုရားကမ္ဘာမှာ ကမ္ဘာငယ်လေးတွေ အများကြီး ရှိနေ တယ်လို့ မပြောခဲ့ဘူးလား။"
"ဟင့်အင်း၊ အဖြူကောင်အိုကြီး၊ အစ်ကိုကြီးက ဘယ်ကျင့်ကြံမှုနယ်ပယ်ကို ရောက်နေပြီလို့ မင်းထင်လဲ?။ သူက ကြယ်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်သွားပြီးလား။ တကယ်လို့, သူသာ ငါတို့ရဲ့ ကျင့်ကြံမှု နယ်ပယ်အကြောင်းသိရင် သူ အံ့သြသွားမှာ မဟုတ်ဘူးလား။"
"မဟုတ်ဘူး၊ အစ်ကိုကြီးရဲ့ အရည်အချင်းက ကောင်းကင်ဘုံကို အံတုနိုင်တယ်။ သူက အစောပိုင်း ကြယ်နတ်ဘုရားအဆင့်ကို ရောက်နေပြီးဖြစ်မှာတောင် စိုးရတယ်။ သူက အလယ်အလတ် ကြယ်နတ်ဘုရားအဆင့်ကိုတောင် ရောက်ကောင်းရောက်နေနိုင်တယ်”။
"မှန်တယ်။ အစ်ကိုကြီးရဲ့ အရည်အချင်းနဲ့ဆို အစောပိုင်း ကြယ်နတ်ဘုရားအဆင့်ကို ရောက်မနေမှသာ ထူးဆန်းနေလိမ့်မယ်။ ဒါပေမယ့် ငါတို့လည်း မဆိုးပါဘူး။ မကြာခင် ငါတို့ ကြယ်နတ်ဘုရားအဆင့်ကို ရောက်နေတာမြင်ရင် အစ်ကိုကြီးလည်း သေချာပေါက် အံ့သြသွားလိမ့်မယ်။"
ရွှေရောင်ဝတ်ရုံဝတ် လူငယ်သည် အဖြူရောင်ဝတ်ရုံကို ၀တ်ဆင်ထားသော လူငယ်လေး ရှေ့သို့ အပြေးအလွှား ပြေးသွားရင်း စကားစမြည် ပြောနေသည်။
၎င်းတို့အနက် ရွှေရောင်ဝတ်ရုံဝတ် လူငယ်သည် အရပ်ပိုမြင့်သည်။ သူသည် နှစ်မီတာနီးပါး အရပ်ရှည်ပြီး သူ၏ ကြွက်သားများက ပြင်းထန်သော ဖိအားကို ပေးနေသည်။
မှန်ပါသည်။ ဤလူနှစ်ယောက်သည် အင်မော်တယ်ကမ္ဘာကနေ အခုလေးတင် ရောက်ရှိလာသည် ရှောင်ဘိုင်နှင့်ရှောင်ကျင်းကလွဲလို့ တခြားသူများ မဟုတ်ပါဘူး။
"ဟေ့ အဖြူကောင်အိုကြီး, အစ်ကိုကြီးက ငါတို့ကို အကြောင်းလည်း မပြန်ဘူး။ အခု ငါတို့ ဘယ်သွားရမှာလဲ" စကားပြောလာသည့် ရှောင်ဘိုင်ကို ကြည့်ရင်း ရှောင်ကျင်း၏ မျက်လုံးတွေက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပါသည်။
"လွင့်မျောနှင်းမြို့တော်ကို သွားမယ်။ အစ်ကိုကြီးရဲ့ဆရာဆီကို အခုပဲ သတင်းပို့ပြီးသွားပြီ။ သူက အခုလောလောဆယ် လွင့်မျောနှင်းမြို့တော်မှာ ရှိနေတယ်လို့ ပြောထားတယ်။ အဲဒီကို အရင်သွားရအောင်။" ရှောင်ဘိုင်က တုန့်ပြန်ရင်း သူ့ပုံရိပ်က ရပ်သွားခြင်းမရှိပေ။
သူ့ခြေဖျားက မြေပြင်ကို ထိသွားပြီး သူ့ပုံရိပ်က ပေရာပေါင်းများစွာအကွာကို ချက်ချင်း ပြေးသွားခဲ့သည်။
နတ်ဘုရားကမ္ဘာ၏ မြေဆွဲငင်အားသည် အင်မော်တယ်ကမ္ဘာထက် များစွာကြီးမားပါသည်။ သူတို့သည် နတ်ဘုရားကမ္ဘာသို့ ပထမအကြိမ် ဝင်ရောက်ခြင်းဖြစ်သည့်အတွက် အသား မကျသေးပေ။ ထို့ကြောင့် သူတို့သည် ပျံသန်းရန် မရွေးချယ်နိုင်ခဲ့ကြပေ။
"ကောင်းပြီ, ဒါဆိုလည်း လွင့်မျောနှင်းမြို့တော်ကို အရင်သွားရအောင်။ အစ်ကိုကြီးရဲ့ ဆရာက အစ်ကိုကြီး ဘယ်မှာလဲဆိုတာ သိလောက်တယ်" ရှောင်ကျင်းက ခေါင်းညိတ်ပြီး ပြောလိုက်တယ်။ သူသည် မြေပြင်ပေါ်တွင် နဂါးနှင့် ကျားကဲ့သို့ ပြေးလွှားနေသည်။
"ဘုန်း…"
သို့သော်, သူတို့ အဝေးကြီး မရောက်သေးခင်မှာ အဝေးမှ ထွက်ပေါ်လာသော ကျယ်လောင် သော အသံကြောင့် ဆွဲဆောင်မှု ခံလိုက်ရသည်။
"တစ်ယောက်ယောက် တိုက်ခိုက်နေပုံရတယ်။" ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် ဤကျယ်လောင်သော အသံကိုကြားသောအခါ နှစ်ယောက်စလုံး ရပ်တန့်သွားသည်။
“အသံက ရှေ့က ထွက်လာတယ်။ တုန်ခါမူမှတဆင့် ကြားရတဲ့အသံအရ ဒီလူရဲ့ခွန်အားက အားမနည်းဘူး။” ရှောင်ဘိုင်က ပြောသည်။
"သွားကြည့်ရအောင်။ နတ်ဘုရားကမ္ဘာက လူတွေ ဘယ်လောက် တန်ခိုးကြီးတယ်ဆိုတာ ငါတကယ် မြင်ချင်နေတာ။” ရှောင်ကျင်း၏ မျက်လုံးများက တောက်ပလာသည်။
သူသည် တိုက်ခိုက်ရသည်ကို ရူးသွပ်သူတစ်ဦး ဖြစ်သည်။ ချင်ယွင်သည် အင်မော်တယ် ကမ္ဘာမှ ထွက်သွားပြီးနောက် ရှောင်ကျင်းသည် နေရာတိုင်းတွင် သူ စိန်ခေါ်နိုင်ရန် လူများကို ရှာဖွေနေခဲ့သည်။ အဆုံးတွင်၊ သူ့ကို အင်မော်တယ်ကမ္ဘာရှိ ကျွမ်းကျင်သူ အားလုံးသည် ကြောက်ရွံ့သွားခဲ့ကြသည်။ သူ့ကိုမြင်သည်နှင့် ပုန်းအောင်းနေကြသည်။
နတ်ဘုရားကမ္ဘာကို သူတို့ရောက်လာရသည့် အကြောင်းအရင်းကလည်း အင်မော်တယ် ကမ္ဘာမှာ ရန်သူတွေ မရှိတော့၍ဖြစ်သည်။
"မင်းသွားကြည့်လို့ ရတယ်။ ဒါပေမယ့် မင်း ပြဿနာမရှာတာ ပိုကောင်းလိမ့်မယ်။ အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ်က နတ်ဘုရားကမ္ဘာမှာ အနိမ့်ဆုံးအဆင့်ပဲလို့ အစ်ကိုကြီး ပြောဖူးတယ်။ မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်တိုင်းက ငါတို့ကို သေတဲ့အထိ အလွယ်တကူ နှိပ်စက်နိုင်တယ်။ တစ်ခုခုဖြစ်သွားရင် မင်းကြောင့် အစ်ကိုကြီးပါ ဒုက္ခဖြစ်ရလိမ့်မယ်။" ရှောင်ဘိုင်က သတိပေးသည်။
"ငါနားလည်ပါတယ်။ မင်းက တော်တော်လေကျောရှည်တာပဲ။ သွားကြရအောင်။ နောက်ကျရင် ကြည့်ဖို့ အခွင့်အရေးတောင် မရှိဘဲဖြစ်နေမယ်" ရှောင်ကျင်းက စိတ်မရှည် စွာ ပြောလိုက်ပြီးနောက် တိုက်ပွဲအသံထွက်ပေါ်ရာ ဦးတည်ရာဆီသို့ အပြေးအလွှား ဦးတည် သွားခဲ့သည်။
ရှောင်ဘိုင်သည် သူ့ခေါင်းကို ခိုကိုးရာမဲ့ယမ်းလိုက်ပြီး ပုံရိပ်အဖြစ်ပြောင်းလဲကာ နောက်သို့ အနီးကပ်လိုက်ရုံသာ တတ်နိုင်တော့သည်။
ရှောင်ကျင်းသည် အမြဲတမ်း ပြဿနာရှာသူ ဖြစ်သည်။ သူသည် အင်မော်တယ်ကမ္ဘာတွင် ပေါ့ပေါ့ဆဆ ပြုမူနေနိုင်သော်လည်း, နတ်ဘုရားကမ္ဘာတွင်မူ သူ သတိမပြုပါက သူ့အသက်ပါ ဆုံးရှုံးသွားနိုင်သည်။ ထို့ကြောင့် သူသည် သူ့ကို စောင့်ကြည့်နေရသည်။
ဝှီး....၊ ဝှီး....။
ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် တောင်ပေါ်သို့ ညင်သာစွာ ပြေးတက်ကြပြီး မဝေးလှ သော ရှေ့ကို မျှော်ကြည့်ကြသည်။
သူတို့ရှေ့ မိုင်တစ်ရာဝေးသည့် နေရာကျယ်ကြီးထဲမှာ လူနှစ်ယောက် အပြင်းအထန် တိုက်ခိုက်နေကြသည်။
သူတို့နှစ်ဦးစလုံးသည် လူငယ်များဖြစ်ပုံရပြီး လက်ဗလာဖြင့် တိုက်ခိုက်နေကြသည်။ ရှင်းနေသည်မှာ၊ သူတို့နှစ်ဦးစလုံးသည် အစွမ်းထက်သော ရုပ်ခန္ဓာကိုယ်အမျိုးစားကို ပိုင်ဆိုင်ထားကြသည်။
"အလယ်အလတ် ကြယ်နတ်ဘုရားနယ်ပယ်။ သူတို့နှစ်ယောက်ရဲ့ ခွန်အားက အလယ် အလတ် ကြယ်နတ်ဘုရားနယ်ပယ်မှာ ရှိနေတယ်။" ရှောင်ကျင်းသည် တိုက်ခိုက်နေသော လူနှစ်ယောက်၏ ခွန်အားကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
"ဟုတ်တယ်၊ သူတို့တွေက အလယ်အလတ် ကြယ်နတ်ဘုရားနယ်ပယ်မှာ ရှိနေကြတယ်။ ဒါပေမယ့် အရပ်ရှည်တဲ့သူက တခြားတစ်ယောက်ထက် သေချာပေါက် ပိုသန်မာတယ်။ သူ့လက်သီးတွေရဲ့ ကြံ့ခိုင်မှုကို ကြည့်လိုက်ပါ။ ဆက်စပ်ကြည့်ရင် အရပ်တိုတဲ့လူငယ်က ခံနိုင်ရည်ရှိပုံမရဘူး" ရှောင်ဘိုင်လည်း ခေါင်းညိတ်ပြီး ပြောသည်။
၎င်းတို့သည် အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ်တွင်သာ ရှိသော်လည်း၊ သူတို့သည် ထူးခြားသော နတ်ဘုရားသားရဲ သွေးမျိုးဆက်များကို ပိုင်ဆိုင်ထားသည်။ သူတို့ နတ်ဘုရား ကမ္ဘာသို့ ဝင်ရောက်ပြီးနောက် ဤသွေးမျိုးဆက်က ပို၍ပင် လှုံ့ဆော်လာခဲ့သည်။
ယခု သူတို့နှစ်ဦးသည် ဒုတိယအကြိမ် နိုးထမှုအဆင့်သို့ ဝင်ရောက်လာပြီး ဖြစ်သောကြောင့် သူတို့၏အဆင့်ထက် ကျော်လွန်နေသည့် တစ်စုံတစ်ယောက်ကို စိန်ခေါ်ရန် ပိုမိုလွယ်ကူ လာခဲ့သည်။ ထို့ကြောင့်၊ သူတို့၏ တိုက်ခိုက်ရေး စွမ်းအားသည် အလယ်အလတ် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများထက် အားနည်းမည် မဟုတ်ပေ။ ထုံးစံအတိုင်း သူတို့နှစ်ယောက်သည် ထိုလူနှစ်ယောက်ကြားမှ တိုက်ပွဲကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်နိုင်သည်။
"ဘုန်း…"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အရပ်မြင့်မြင့် လူငယ်သည် အရပ်ပုပု လူငယ်၏ ရင်ဘတ်ပေါ်ကို ထိုးလိုက်သည်။ အရပ်ပုပု လူငယ်သည် ချက်ချင်းပင် သွေးချောင်းဆိုးကာ လွင့်ပျံသွားသည်။
အရပ်မြင့်မြင့် လူငယ်သည် ပြတ်သားပြီး ရက်စက်ကြမ်းကြုတ်သူ ဖြစ်ကြောင်း ထင်ရှား သည်။ သူသည် ပြိုင်ဘက်ကို အသက်ရှုရန် အခွင့်အရေး မပေးခဲ့ပေ။ သူက ထိုအခွင့်အရေး ကို တိုက်ရိုက် ဆုပ်ကိုင်ပြီး နောက်ကနေ အနီးကပ် လိုက်ပါလာခဲ့သည်။ သူသည် အရပ်ပုပုလူငယ်၏ ခေါင်းကို ထိုးလိုက်သည်။
"ဘုန်း…"
နောက်ထပ် ကျယ်လောင်သော အသံက ကောင်းကင်မှ ထွက်ပေါ်လာသည်။ အရပ်ပုပု လူငယ်၏ ဦးခေါင်းသည် ကွဲအက်သွားကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် ဤမြင်ကွင်းကို မြင်လိုက်သောအခါတွင်၊ ဤအရာ အားလုံးသည် သူတို့၏မျှော်လင့်ချက်ထဲတွင် ရှိနေသောကြောင့်၊ သူတို့၏မျက်လုံးများသည် အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်း မရှိပေ။ သို့သော် အရပ်မြင့်မြင့် ဤလူငယ်သည် သူတို့ထင်ထားသည်ထက် ပို၍ ပြတ်သားသည်။
ဘန်း….။
သို့သော်လည်း ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့ ထွက်ခွာခါနီးတွင် အရပ်မြင့်မြင့် လူငယ်သည် ရုတ်တရက် ရှောင်ဘိုင်နှင့် ရှောင်ကျင်းဆီသို့ စူးစူးရဲရဲ စိုက်ကြည့်ကာ ပြင်းထန်သော သတ်ပစ်ချင်စိတ်များ ထွက်ပေါ်လာသည်။
ရှောင်ဘိုင်နှင့် ရှောင်ကျင်းသည် ဤပြင်းထန်သော သတ်ပစ်ချင်စိတ်ကို ခံစားလိုက်ရပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
"ဘုန်း…"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အရပ်မြင့်မြင့် လူငယ်သည် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ဆီသို့ ချက်ချင်း ပြေးသွားပြီး သူ၏ အငွေ့အသက်သည် အနှိုင်းမဲ့ ပြင်းထန်လှ သည်။
အရပ်မြင့်မြင့် လူငယ်သည် မိုင်တစ်ရာအကွာရှိ ရှောင်ကျင်းနှင့် ရှောင်ဘိုင်တို့နှင့် မနီးမဝေး တွင် ပေါ်လာပြီး အသက်ရူချိန် သုံးချက်ခန့်မျှသာ အချိန်ယူခဲ့ရသည်။ သူက လက်သီးကို ဝှေ့ယမ်းပြီး ရှောင်ဘိုင်နှင့် ရှောင်ကျင်းကို ပြေးဝင်လိုက်ပါသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ရှောင်ကျင်း၏ မျက်လုံးများတွင် အမျက်ဒေါသက ပေါက်ကွဲ ထွက်သွားခဲ့သည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အရပ်မြင့်မြင့် လူငယ်ကို ထိုးလိုက်သည်။
"ဘုန်း…"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရှောင်ကျင်းနှင့် အရပ်မြင့်မြင့် လူငယ်၏ လက်သီးများသည် အချင်းချင်း ထိမှန်သွားကာ ပြင်းထန်သော တုန်ခါသံများ ထွက်ပေါ်လာ သည်။
ရှောင်ကျင်းသည် နောက်သို့ ခြေလှမ်းသုံးလှမ်း တွန်းထုတ်ခံလိုက်ရပြီး အရပ်မြင့်မြင့် လူငယ်ကို ရှောင်ကျင်း၏ လက်သီးချက်ကြောင့် နောက်သို့ တွန်းထုတ်ခံရကာ ဆယ်မီတာ အကွာအထိ လေထဲတွင် ကျောခိုင်းဆုတ်သွားခဲ့သည်။
"မင်းတို့က ဘယ်သူတွေလဲ၊ ဘာလို့ ဒီမှာနေတာလဲ" အရပ်မြင့်မြင့် လူငယ်သည် ရှောင်ကျင်း၏ ထိုးနှက်ချက်က သူ့အား အမှန်တကယ် နောက်ပြန်ဆုတ်ခိုင်းနိုင်သည်ကို မြင်သောအခါတွင် သူ့မျက်လုံးများတွင် အလွန်အံ့သြသွားသည့် အမူအရာ ပေါ်လာသည်။ သူက ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
"မင်းက ငါတို့ဘယ်သူလဲလို့ မေးနေတယ်။ မင်း ဘယ်သူလဲဆိုတာ ငါတို့ မမေးရသေးဘူး။ စကားတစ်ခွန်းမှ မပြောဘဲ လှုပ်ရှားလိုက်ပါ။ ငါက အနိုင်ကျင့်ဖို့ လွယ်တယ်လို့ မင်း ထင်နေလား။" ရှောင်ကျင်းသည် အရပ်မြင့်မြင့် လူငယ်၏ မေးခွန်းကို ကြားသောအခါ ဒေါသတကြီး အော်ပြောလိုက်သည်။
ထင်ရှားသည်မှာ၊ သူသည် အရပ်မြင့်မြင့် လူငယ်၏ လုပ်ရပ်ကြောင့် ဒေါသထွက်နေမိ သည်။
အရပ်မြင့်မြင့် လူငယ်သည် ရှောင်ကျင်း၏စကားကို ကြားသောအခါ၊ သူသည် မျက်လုံးများ ဖြင့် ရှောင်ကျင်းကို အပေါ်အောက်ကြည့်ရင်း သူ့မျက်ခုံးများကို ပင့်တင်လိုက် သည်။