အခန်း ၁၅၅၄
Vol. 104 Ch. 1554
အခန်း (၁၅၅၄) ရက်စက်ကြမ်းကြုတ်သော စမ်းသပ်မှု။
အရပ်မြင့်မြင့် လူငယ်သည် ရှောင်ကျင်းကို ခြုံငုံကြည့်နေစဉ်မှာ ရှောင်ဘိုင်သည်လည်း အရပ်မြင့်မြင့် လူငယ်ကို ဂရုတစိုက် ကြည့်ရူနေခဲ့သည်။
အရပ်မြင့်မြင့် လူငယ်သည် သာမန်ကာလျှံကာ ၀တ်စားထားခြင်း မရှိသည်ကို သူ သတိပြုမိ သည်။ ထိုလူငယ်၏ ရင်ဘတ်ပေါ်တွင် ထူးခြားသော သင်္ကေတတစ်ခု ပါရှိပြီး ထိုလူငယ် သည် အဖွဲ့စည်းတစ်ခုမှ ဆင်းသက်လာကြောင်း ရှင်းရှင်းလင်းလင်း ညွှန်ပြနေ သည်။
"ဟေ့, မင်းက ဆွံ့အနေလား။ ငါ မင်းကို မေးနေတယ်လေ။ မင်းက ဘယ်သူလဲလို့။ မင်း ငါတို့ကို ဘာလို့ တိုက်ခိုက်ရတာလဲ" အရပ်မြင့်မြင့် လူငယ်က ပြန်မဖြေသည်ကို မြင်လိုက်ရ သဖြင့် ရှောင်ကျင်းက မထိန်းနိုင်ဘဲ ထပ်အော်ပြန်သည်။
အရပ်မြင့်မြင့် လူသည် ရှောင်ကျင်း၏ အမေးကိုကြားသောအခါ, သူက မျက်မှောင်ကြုတ် ပြီး ပြောသည် "မင်းတို့က မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရား နန်းတော်က မဟုတ်ဘူးမလား။ မင်းတို့ ဘာလို့ ဒီကို ရောက်နေတာလဲ။"
"ဟုတ်တယ်၊ ငါတို့က မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရား နန်းတော်က မဟုတ်ဘူး။ ငါတို့ ဘာလို့ ဒီကို ရောက်နေလဲဆိုတာ မင်း ဂရုစိုက်စရာလား။” ရှောင်ကျင်းသည် ထိုလူငယ်၏လုပ်ရပ်ကြောင့် ဒေါသထွက်နေပြီ ဖြစ်သည်။ ယခု ထိုအရပ်မြင့်မြင့် လူငယ် သည် သူ့ပြောစကားကို အမှန်တကယ် လျစ်လျူရှုလိုက်သဖြင့် သူ့စိတ်ထဲတွင် အမျက် ဒေါသက ပို၍ပြင်းထန်လာခဲ့သည်။ သူက ချက်ခြင်းပင် ကမောက်ကမ ပြန်ဖြေ လိုက်သည်။
အရပ်မြင့်မြင့် လူငယ်သည် ရှောင်ကျင်း၏အဖြေကို ကြားလိုက်ရသောအခါတွင် သူ့မျက်လုံးများက အံ့အားသင့်သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ အဘယ်ကြောင့် ဤနေရာတွင် ပေါ်လာသည်ကို သူ သိချင်နေသည်မှာ ထင်ရှားပါသည်။
ဤအချိန်အတောအတွင်း တိတ်ဆိတ်နေခဲ့သော ရှောင်ဘိုင်သည် တစ်စုံတစ်ခုကို နားလည် သွားပုံရသည်။ သူက အရပ်မြင့်မြင့် လူငယ်ကို ကြည့်ပြီး ပြောလိုက်သည် "ကျွန်တော်တို့ က ဒီနေရာကို လေဟာနယ်လမ်းကြောင်းတစ်ခုကနေ ဖြတ်သန်းလာကြတာပါ။ ဒီနေရာက ဘယ်နေရာလဲဆိုတာ ကျွန်တော် သိချင်ပါတယ်။ ကျွန်တော်တို့ကို ပြောပြပေးနိုင်မလား"။
"လေဟာနယ် လမ်းကြောင်းလား…?" ထိုစကားကိုကြားတော့ အရပ်မြင့်မြင့် လူငယ်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပါသည်။
ဤရှင်းပြချက်က အဓိပ္ပာယ်ရှိလှသည်။ လေဟာနယ်လမ်းကြောင်း၏ တယ်လီပို့ခြင်း တည်နေရာသည် ကြုံရာကျပန်းဖြစ်ပြီး ၎င်းတို့အနေဖြင့် နတ်ဘုရားကမ္ဘာ၏ အစိတ်အပိုင်း အသီးသီးတွင် ပေါ်လာနိုင်ပေသည်။ ၎င်းတို့နှစ်ဦးအား ဤနေရာသို့ လေဟာနယ် လမ်းကြောင်းဖြင့် ပို့ဆောင်ခဲ့ကြသည်။
"ဒါက မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရား နန်းတော်ရဲ့ စမ်းသပ်မူကမ္ဘာပဲ။ ဒီနေရာက မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရား နန်းတော်ဧရိယာထဲက ကမ္ဘာငယ်လေးတစ်ခုပါ။ မင်းတို့က မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရား နန်းတော်ရဲ့ အဖွဲ့ဝင်တွေလို့ ငါ ထင်ထားတာ။ ဒါကြောင့် မင်းတို့ကို တိုက်ခိုက်လိုက်တာပဲ။" အရပ်မြင့်မြင့် လူငယ်က ပြောသည်။
"မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရား နန်းတော်စမ်းသပ်မှုကမ္ဘာလား?" ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် ထိုစကားကိုကြားသောအခါ မှင်သက်သွားကြသည်။
သူတို့သည် ဤနေရာသို့ လေဟာနယ်လမ်းကြောင်းဖြင့် အမှန်တကယ် ပို့ဆောင်ခံရမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြပါဘူး။
ရှောင်ကျင်းက စိတ်ရှုပ်ထွေးစွာဖြင့် မေးသည် "မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရား နန်းတော်ရဲ့ စမ်းသပ်မူကမ္ဘာဆိုတာ ဘာလဲ"။
"မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရား နန်းတော်ရဲ့ စမ်းသပ်မူကမ္ဘာဆိုတာက တကယ်တော့ မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရား နန်းတော်ကနေ ကျွမ်းကျင်သူ တွေကို ရှာဖွေနိုင်ဖို့အတွက် စီမံထားတဲ့ လျှို့ဝှက်နယ်မြေတစ်ခုပဲ။ မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ရဲ့ ပါရမီရှင်တွေကို ပြုစုပျိုးထောင်ရာမှာ အသုံးပြုတဲ့ နေရာတစ်ခုပေါ့။ မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရား နန်းတော်ရဲ့ နတ်ဘုရားမြို့ လေးမြို့က လူတွေပဲ ဝင်ရောက်ခွင့်ရှိတယ်။" အရပ်မြင့်မြင့် လူငယ်က ပြောသည်။
ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် ထိုစကားကိုကြားသောအခါ နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
နတ်ဘုရားကမ္ဘာကို မရောက်ခင်ကတည်းက သူတို့သည် ချင်ယွင်ထံမှ နတ်ဘုရားကမ္ဘာ အကြောင်း အချက်အလက်များစွာကို ရရှိခဲ့သည်။ နတ်ဘုရားကမ္ဘာတွင် နတ်ဘုရား နန်းတော်ကြီးလေးခုနှင့် ကြီးကျယ်ခမ်းနားသော နတ်ဘုရားမြို့တော်ကြီး ဆယ့်ခြောက်မြို့ ရှိကြောင်းကိုလည်း သူတို့ သိထားကြသည်။ ထို့ကြောင့် ဤကမ္ဘာငယ်လေး၏ အဓိပ္ပါယ်ကို သူတို့ နားမလည်စရာ မရှိပေ။
ရှင်းရှင်းလင်းလင်းပြောရလျှင်, ဤနေရာသည် မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရား နန်းတော်အောက်ရှိ နတ်ဘုရားမြို့လေးမြို့မှ ပါရမီရှင်များကို ရွေးချယ်ပြီး မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရား နန်းတော်ထဲသို့ အမှန်တကယ် ဝင်ရောက်နိုင်ရန် ဖြစ်သည်။ အစောပိုင်းက အရပ်မြင့်မြင့်လူငယ် သတ်ပစ်ခဲ့သည့် ပစ်မှတ်သည် မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ရဲ့ အခြားနတ်ဘုရားမြို့တော်များမှ တစ်စုံ တစ်ယောက်ဖြစ်ကြောင်း ထင်ရှားပါသည်။
ယင်းမှတဆင့်, ဤရွေးချယ်မှုမျိုးသည် အလွန်ရက်စက်ကြမ်းကြုတ်သည်ဟု မြင်နိုင်သည်။ အသက်ရှင် ကျန်ရစ်သူများသာလျှင် စစ်မှန်သော မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရား နန်းတော်သို့ ဝင်ရောက်နိုင်ပြီး ၎င်းတို၏ လက်ရွေးစင်တပည့်များ ဖြစ်လာနိုင်မည် ဖြစ်သည်။
"ဒါဆို ဒီစမ်းသပ်မှုကမ္ဘာကနေ ငါတို့ ဘယ်လို ထွက်ခွာနိုင်မလဲ။" ရှောင်ဘိုင်က ဆက်မေး သည်။
သူသည် မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရား နန်းတော်၏ လက်ရွေးစင် တပည့် တစ်ယောက် မဖြစ်ချင်ပါ။ သူတို့သည် ဤနေရာမှ စောစောထွက်ခွာပြီး ချင်ယွင်ကို ရှာဖွေချင်ကြသည်။
ရှောင်ကျင်းလည်း အလားတူ စိတ်ကူးရှိခဲ့သည်။ သူသည် မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရား နန်းတော်မှ မည်သည့် လူတုံးလူအ လက်ရွေးစင်တပည့်ကိုမျှ ဂရုမစိုက်ပေ။
"ထွက်လမ်းမရှိဘူး။ မင်းတို့ ဒီကမ္ဘာထဲကနေ ထွက်သွားချင်ရင်၊ စမ်းသပ်မှုပြီးဆုံးတဲ့အထိ စောင့်ရမယ်။" အရပ်မြင့်မြင့် လူငယ်က ပြောသည်။
ထိုစကားကို ကြားတော့ ရှောင်ဘိုင်နှင့်ရှောင်ကျင်းက မျက်မှောင်ကြုတ်သွားကြသည်။
သေချာသည်မှာ, သူတို့ နားလည်ထားသည့်အရာက နောက်ဆုံး ဖြစ်လာခဲ့လေပြီ။ ဤစမ်းသပ်မှု ကမ္ဘာငယ်လေးသည် လုံး၀ ပိတ်သွားခဲ့ပြီး သူတို့ ထွက်ခွာလိုပါက စမ်းသပ်မူ ပြီးဆုံးသည်အထိ စောင့်ရတော့မည်။
"စမ်းသပ်မူက ဘယ်တော့ ပြီးမှာလဲ" ရှောင်ဘိုင်က ဆက်မေးသည်။
"အချိန်သတ်မှတ်ချက် မရှိဘူး၊ သုံးရက်ဖြစ်နိုင်သလို သုံးနှစ်လလည်း ဖြစ်သွားနိုင်တယ်။ ဘယ်သူမှ မသိဘူး။" အရပ်မြင့်မြင့် လူငယ်က ပြန်ဖြေသည်။
ထိုစကားကိုကြားတော့ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် မျက်မှောင်ကြုတ်သွားသည်။ အရပ်မြင့်မြင့် လူငယ်၏ အဖြေကြောင့် သူတို့ အနည်းငယ် စိတ်ရှုပ်သွားသည်မှာ ထင်ရှားသည်။
"ဒီစမ်းသပ်မှုရဲ့ စည်းမျဉ်းတွေက ဘာလဲ။ ဘာကြောင့် အချိန်အတိအကျ မရှိရတာလဲ။" ရှောင်ကျင်းက မေးသည်။
ရှောင်ကျင်းသည် ပြဿနာရှာရသည်ကို နှစ်သက်သော်လည်း၊ သူသည် ကြမ်းတမ်းပြီး၊ ပါးနပ်သော လူတစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့်၊ စမ်းသပ်မူ၏ မရေရာသော အချိန်သည် စမ်းသပ်မူ၏ စည်းမျဉ်းများနှင့် ဆက်စပ်နေသည်ဟု အလွယ်တကူ ခန့်မှန်းနိုင်သည်။
"တကယ်တော့ စမ်းသပ်မူမှာ စည်းမျဉ်းတစ်ခုပဲ ရှိတယ်။ အဲဒါက လူတွေကို သတ်ပစ်ဖို့ပဲ။ ဒီကမ္ဘာငယ်လေးမှာ လူဆယ်ယောက်ထက်မနည်း ကျန်ရှိတာနဲ့ စမ်းသတ်မှုက ပြီးဆုံးသွား လိမ့်မယ်။ အသက်ရှင် ကျန်ရစ်တဲ့လူတွေဟာ မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရား နန်းတော်ကို ဝင်နိုင်ပြီး လက်ရွေးစင်တပည့်တွေ ဖြစ်လာလိမ့်မယ်။" အရပ်မြင့်မြင့် လူငယ်က ပြောသည်။ သူသည် နတ်ဘုရားနန်းတော်၏ လက်ရွေးစင်တပည့် အကြောင်း ပြောသောအခါ၊ သူ၏ မျက်လုံးတွေက တောက်ပနေ၏။
"ဒါဆို စမ်းသပ်မူမှာ လူဘယ်နှစ်ယောက် ပါဝင်ခဲ့လဲ။" ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့က တစ်ချိန်တည်းမှာ မေးလိုက်ပါသည်။
"လေးရာ။ နတ်ဘုရားမြို့တော်တစ်ခုစီက နေရာတစ်ရာစာကို အသုံးပြုတယ်။ နတ်ဘုရား မြို့တော်လေးခုဆိုတော့ စုစုပေါင်း နေရာလေးရာစာရှိတယ်။" အရပ်မြင့်မြင့် လူငယ်က ဆက်၍ဖြေသည်။
ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် ထိုစကားကိုကြားသောအခါ နှစ်ယောက်စလုံး အံ့အား သင့်နေသည့် အမူအရာကိုယ်စီကို ဖော်ပြလိုက်ကြသည်။
လူလေးရာထဲက လူဆယ်ယောက်အောက်သာ အသက်ရှင်နိုင်သည်။ ဤဖယ်ရှားရေး နည်းလမ်းသည် မည်မျှရက်စက်လိုက်ပါသနည်း။ ယင်းက သူတို့အားလုံးနီးပါး ဤနေရာမှာ သေဆုံးမည်ဟု ဆိုလိုခြင်းမဟုတ်ပါလော။
ရက်စက်ကြမ်းကြုတ်သည့် ရွေးချယ်မှုနည်းလမ်း။ လူလေးရာထဲမှ လူဆယ်ဦးလောက်သာ ရွေးချယ်ခံရမည်။ ဆိုလိုသည်မှာ နတ်ဘုရားမြို့တော်ချင်းတူညီသည့် အဖွဲ့ဝင်များသည်ပင် အချင်းချင်း သတ်ဖြတ်ခြင်းကို ရင်ဆိုင်ရမည် ဖြစ်သည်။ ဤအရာက ရက်စက်ကြမ်းကြုတ် သည့် ရွေးချယ်မှုနည်းလမ်းတစ်ခုဆိုသည်မှာ သေချာပါသည်။
"ဒါက ရက်စက်လွန်းတယ်။ ဒါပေမယ့် မင်းတို့ မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရား နန်းတော်ရဲ့ လက်ရွေးစင်တပည့် တစ်ယောက်ဖြစ်လာတာနဲ့ မင်းတို့ရဲ့အဆင့်အတန်းနဲ့ အရင်းအမြစ်တွေက လုံးဝ ကွဲပြားသွားလိမ့်မယ်။ မင်းတို့ မသေသရွေ့၊ အခြေခံအားဖြင့် မင်းတို့ဟာ အနာဂတ်မှာ ကောင်းကင်နတ်ဘုရားနယ်ပယ်ရဲ့ ထိပ်တန်း ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာနိုင်လိမ့်မယ်။" အရပ်မြင့်မြင့် လူငယ်က ပြောသည်။
ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် ထိုစကားကို ကြားသောအခါ ခေါင်းယမ်းမိကြသည်။ အရပ်မြင့်မြင့် လူငယ်၏ စကားကို သူတို့ သဘောမတူခဲ့ကြသည်မှာ ထင်ရှားပါသည်။