အခန်း ၁၅၅၅
Vol. 104 Ch. 1555
အခန်း (၁၅၅၅) ဒါဆို သူ့ကိုသတ်လိုက်ပါ။
ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့၏ မျက်လုံးထဲတွင် ကျင့်ကြံခြင်း အရင်းအမြစ်များသည် အမြဲတမ်း ဒုတိယဉီးစားပေး ဖြစ်ခဲ့ပြီး၊ အရေးကြီးဆုံးအရာက မကြောက်မရွံ့သည့် နှလုံးသားတစ်ခု ရှိနေရန် ဖြစ်သည်။
မကြောက်မရွံ့သည့် နှလုံးသားတစ်ခုရှိနေမှသာ, ကျင့်ကြံခြင်းလမ်းကြောင်းသည် မည်မျှ ပင် ခက်ခဲစေကာမူ, တစ်နေ့, ကျွမ်းကျင်ပညာရှင်ဆိုသည့် တောအုပ်ကြီးထဲသို့ လျှောက် လှမ်းနိုင်မည် ဖြစ်သည်။
သေချာသည်မှာ, ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် အရပ်မြင့်မြင့် လူငယ်၏ ရွေးချယ်မှု ကိုလည်း မငြင်းပယ်ခဲ့ပါဘူး။
အန္တရာယ်ကြားတွင် ကြွယ်ဝမူနှင့် ဂုဏ်သိမ်သိက္ခာကို ရှာဖွေခြင်းသည် ယုတ္တိမရှိခြင်း မဟုတ်ပေ။
“ဒါဆို ဒီစမ်းသပ်မှုမှာ ပါဝင်တဲ့သူတွေထဲ အသန်မာဆုံးလူက ဘယ်အဆင့်လဲ” ရှောင်ဘိုင် က ဆက်မေးသည်။
အရပ်မြင့်မြင့် လူငယ်သည် ရှောင်ဘိုင်၏ အမေးကို ကြားသောအခါ မျက်မှောင်မကြုတ် ဘဲ မနေနိုင်တော့ပေ။
ငါသိသလောက်ဆို, အလယ်အလတ် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ၄၆ ဦး၊ နှောင်းပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ၂၀ နဲ့ အထွတ်အထိပ် ကြယ် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ သုံးဦးတို့လည်း ဒီစမ်းသပ်မှုမှာ ပါဝင်နေတယ်။ ဒါ့ကြောင့် ငါတို့အတွက် အသက်ရှင်သန်ဖို့က အတော်လေး ခက်ခဲနေပါသေးတယ်။” အရပ်မြင့်မြင့် လူငယ်က ပြောသည်။
ရှောင်ဘိုင်သည် ထိုစကားကိုကြားသောအခါ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။
ဤပုံစံအတိုင်းဆို, သူတို့သည် ဤနေရာတွင် အသက်ရှင်ကျန်ရစ်ရန် သူတို့အတွက် လွယ်ကူမည် မဟုတ်ပေ။
"ဘာကို ကြောက်နေတာလဲ။ လူတွေကို သတ်ပစ်လိုက်ရုံပဲ မဟုတ်လား။ အဖြူကောင် အိုကြီး, ငါတို့ပူပေါင်းလိုက်ရင် နှောင်းပိုင်း ကြယ်နတ်ဘုရားနယ်ပယ်ကို တိုက်ခိုက်ဖို့ ငါတို့ အတွက် မဖြစ်နိုင်ဘူးလား" ရှောင်ကျင်းက ရှောင်ဘိုင်ကို မကြောက်ရွှံ့သည့် အမူအရာဖြင့် ပြောလိုက်ပါသည်။
ရှောင်ဘိုင်က သူ့ခေါင်းကိုခါပြီး ပြောသည် "ငါတို့က နှောင်းပိုင်း ကြယ်နတ်ဘုရားအဆင့်ကို သတ်ပစ်နိုင်မယ်လို့ ယုံကြည်မူရှိပါတယ်။ ဒါပေမယ့်, အကန့်သတ်က တစ်ယောက်ပဲ။ တကယ်လို့, နှောင်းပိုင်း ကြယ်နတ်ဘုရားအဆင့် ကျွမ်းကျင်သူနှစ်ယောက်သာ တစ်ချိန် တည်း တိုက်ခိုက်လာရင် အရမ်းဒုက္ခဖြစ်မှာ ငါကြောက်တယ်။ နောက်ပြီး ဒီမှာ အထွက်အထိပ် ကြယ်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေလည်း ရှိသေးတယ်။ အဲဒီလူတွေနဲ့တွေ့ရင် ငါတို့ လွတ်မြောက်ဖို့ အခွင့်အရေးတောင် ရှိမှာ မဟုတ်တော့ဘူး။"
ရှောင်ကျင်းသည် ရှောင်ဘိုင်၏ စကားကိုကြားသောအခါတွင် သူလည်း တိတ်ဆိတ်သွား ပြီး၊ တိတ်တဆိတ် တွေးတောနေသည့် အမူအရာကို ဖော်ပြလိုက်သည်။
သူ့ဘေးနားရှိ အရပ်မြင့်မြင့် လူငယ်သည် အလွန်မင်း တုန်လှုပ်သွားပါသည်။ အစောပိုင်း ကြယ်နတ်ဘုရားအဆင့် ကျွမ်းကျင်သူနှစ်ဦးက သူတို့သည် နှောင်းပိုင်း ကြယ်နတ်ဘုရား အဆင့်ကျွမ်းကျင်သူတစ်ဦးကို အတူတကွ ပူပေါင်းပြီး သတ်ဖြတ်နိုင်ကြောင်း အမှန်တကယ် ပြောနေခဲ့သည်။
ပုံမှန်အားဖြင့်၊ ဤလူနှစ်ယောက်သည် ကြွားလုံးထုတ်နေသည်ဟု ထင်ရသော်လည်း အခုလေးတင် ရှောင်ကျင်းနှင့် တိုက်ခိုက်ရာမှတဆင့် ရှောင်ကျင်း၏ ခွန်အားသည် သူ့ထက် မပျော့ညံ့ကြောင်း ရှင်းရှင်းလင်းလင်း သူ ခံစားလိုက်ရသည်။
ခွန်အားသီးသန့်ဆို, ရှောင်ကျင်းသည် သူ့ထက်ပင် သာလွန်နေပေသည်။
"ဒီလူနှစ်ယောက်က ဘယ်သူတွေလဲ။ သူတို့က ဘယ်လိုလုပ် ဒီလောက် သန်မာနိုင်ရတာ လဲ" အရပ်မြင့်မြင့် လူငယ်သည် အံ့အားတသင့် တီးတိုးရေရွတ်လိုက်သည်။
သူ ထိတ်လန့်နေချိန်မှာ, ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ကို ရန်မစမိရန်လည်း သူ ကြံရွယ် ထားသည်။
"ဟေ့ကောင်၊ မင်း ငါတို့နဲ့ပူးပေါင်းချင်လား။ မင်းရဲ့ခွန်အားက တော်တော်ကောင်းမယ် ထင်တယ်။ ငါတို့အတူတူ အလုပ်လုပ်ရင် မင်းအနေနဲ့ အသက်ရှင်ဖို့ အခွင့်အလမ်းက ပိုများလိမ့်မယ်။" အရပ်မြင့်မြင့် လူငယ်သည် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့၏ ခွန်အား ကြောင့် အံ့သြနေစဉ်မှာ ရှောင်ကျင်းက ရုတ်တရက် သူ့ကို လှည့်ကြည့်ကာ မေးလိုက် သည်။
"မင်း ငါတို့နဲ့ ပူးပေါင်းချင်လား" ငါ့ကို မေးတာလား။ အရပ်မြင့်မြင့် လူငယ်သည် ခေတ္တမျှ မှင်သက်သွားခဲ့ သည်။
"ဟုတ်တယ်လေ၊ မင်းအပြင် ဘယ်သူရှိသေးလို့လဲ။ တိကျတဲ့ အဖြေတစ်ခုပေးပါ။ မင်း ဆန္ဒရှိလား ဆန္ဒမရှိဘူးလား" ရှောင်ကျင်းက မျက်လုံးပြူးပြီး မေးလိုက်သည်။
"ငါ ပူးပေါင်းမယ်။ ငါလည်း မဟာမိတ်ရှာမတွေ့တော့မှာကို စိုးရိမ်နေတာ။ တကယ်လို့, မင်းတို့သာ ငါ့နဲ့ပူးပေါင်း ဆောင်ရွက်ဖို့ ဆန္ဒရှိနေရင်, အတိုင်းထက်အလွန်ပေါ့" အရပ်မြင့်မြင့် လူငယ်က စိတ်လှုပ်ရှားစွာ ပြောသည်။
သူသည် အမှန်တကယ်ပင် သင့်တော်သည့် မဟာမိတ်ကို ရှာဖွေနေခဲ့သော်လည်း, သူ ယုံကြည်နိုင်သည့်သူကို ရှာမတွေ်သေးပါဘူး။ အပေါ်ယံအမြင်အရဆို, ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် ယုံကြည်စိတ်ချရသူများ ဖြစ်သည်။
"ကောင်လေး၊ စိတ်မပူပါနဲ့။ ငါတို့က နောက်ကျောကို ဓားနဲ့ထိုးမယ့်လူတွေ မဟုတ်ဘူး။ ငါတို့ အသက်ရှင်နေသရွေ့, မင်းကိုလည်း သေခြင်းတရားကနေ သေချာပေါက် ကာကွယ်ပေးမှာပါ။ မင်း ငါတို့ကို လှည့်စားဖို့ကြိုးစားရင်တော့ သခင်ကျင်းက မင်းကို အပြစ်ပေးမှ မယဉ်ကျေးဘူးဆိုပြီး အပြစ်မတင်နဲ့ပေါ့" ရှောင်ကျင်းက မထီမဲ့ပြုဟန်ဖြင့် သူ့ပါးစပ်ထောင့်ကို ပင့်ကာ အေးစက်စွာ ပြောလိုက်သည်။
သဘာဝအတိုင်း အရပ်မြင့်မြင့် လူငယ်လည်း လေးလေးနက်နက် ခေါင်းညိတ်ပြသည်။
ထိုမြင်ကွင်းကို မြင်သောအခါ, ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် တစ်ယောက်ကို တစ်ယောက် ခေါင်းညိတ်ပြလိုက်ကြသည်။
ဤအရပ်မြင့်မြင့် လူငယ်ကို ဆွဲခေါ်ထားရန်မှာ သူတို့နှစ်ဦး၏ ဆုံးဖြတ်ချက်လည်း ဖြစ်သည်။ နောက်ဆုံးတွင်၊ ဤနေရာ၌ လူပေါင်းများစွာနှင့် ခွန်အားကြီးမားသူလည်း ရှိနေခဲ့သည်။ ဤအရပ်မြင့်မြင့် လူငယ်သည် ခွန်အားနှင့် အကျင့်စရိုက်အရဆို, သူသည် အလွန်သင့်လျော်သော မဟာမိတ်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ဤ အရပ်မြင့်မြင့် လူငယ်ကို မဟာမိတ်ဖွဲ့ရန် ဆုံးဖြတ်ခဲ့ကြသည်။
"စကားမစပ် ငါ့နာမည်က ရှောင်ကျင်း၊ သူ့နာမည်က ရှောင်ဘိုင်၊ မင်းနာမည်ကရော ဘယ်လိုခေါ်လဲ" ရှောင်ကျင်းက စိတ်ဝင်တစား မေးသည်။
"ညီအစ်ကိုကျင်း၊ ညီအစ်ကိုဘိုင်၊ ငါက ဖန်ယွမ်ရှန်ပါ။ အနာဂတ်မှာ ငါ့ကို ဂရုစိုက်ပေးပါဦး။" အရပ်မြင့်မြင့် လူငယ်က လက်နှစ်ဖက်ဆုပ်ကာ ပြန်ဖြေသည်။
"စိတ်မပူပါနဲ့ ညီငယ်ဖန်။ အဘိုးကျင်းက မင်းအနားမှာ ရှိနေမှတော့ မင်းကို ဘယ်သူမှ အနိုင်ကျင့်ဝံ့မှာ မဟုတ်ဘူး။" ရှောင်ကျင်းသည် ဖန်ယွမ်ရှန်၏ ပုခုံးပေါ်ကို အရှက်ကင်းမဲ့စွာ ပုတ်ကာ "ဒီအစ်ကိုကြီးက မင်းကို ကာကွယ်ပေးနေတာလေ" ဟု ပြောလိုက်ပါသည်။
ဖန်ယွမ်ရှန်သည် ရှက်ရွံ့စွာ ပြုံးကာ ကူကယ်ရာမဲ့ ခေါင်းယမ်းရုံသာ တတ်နိုင်ပါတော့သည်။
"ငါတို့ နောက် ဘာဆက်လုပ်ကြမလဲ။ ငါတို့ လူတွေကို သတ်ပစ်သင့်လား" ရှောင်ကျင်းက စိတ်အားထက်သန်စွာ မေးလိုက်ရင်း သူ့ရွှေရောင် သူငယ်အိမ်များက တောက်ပနေသည်။
ထိုစကားကို ကြားတော့ ဖန်ယွမ်ရှန်သည် ပြောစရာစကားပင် မဲ့သွားရသည်။ သူ့စိတ်ထဲ တွင် အနည်းငယ် ဝမ်းနည်းနေမိသည်။ ရှောင်ကျင်းနှင့် မဟာမိတ်ဖွဲ့တာ မှန်လား မှားသလား သူ မသိတော့ပေ။
ကံကောင်းထောက်မစွာ၊ ရှောင်ဘိုင်သည် ရှောင်ကျင်းထက် ပိုမိုတည်ငြိမ်သည်။ သူက ရှောင်ကျင်းကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီး ပြောသည် "အခုတော့ ငါတို့ တိုက်ခိုက်ဖို့ အစပျိုးလို့ မရသေးဘူး။ ဒီစမ်းသပ်မှုရဲ့ စည်းမျဉ်းတွေက လူတွေကို သတ်ဖြတ်ဖို့ ဖြစ်ပေ မယ့်၊ ငါတို့ရဲ့ အဓိကတာဝန်က ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ပဲ။ ဒါကြောင့်, အခြားလူတွေက ငါတို့ကို စတင်မတိုက်ခဲ့ဘူးဆို, ငါတို့ မလုပ်ရှားတာ အကောင်းဆုံးပဲ"။
"မင်း ဘာလို့ ဒီလောက်တောင် သူရဲဘောကြောင်ရတာလဲ။ သူတို့ကို တိုက်ရိုက် သတ်ပစ် လိုက်ပေါ့။ ဒါဆို ငါတို့ စောစောအပြင်ထွက်လို့ ရပြီမဟုတ်လား" ရှောင်ကျင်းက အံ့ဩသော အမူအရာဖြင့် မေးလိုက်သည်။
"ဒီလို လုပ်လို့မရဘူး။ တကယ်လို့, ငါတို့သာ ရက်ရက်စက်စက် သတ်ဖြတ်နေရင်, လူထုရဲ့ တုန့်ပြန်မူ ပစ်မှတ်တစ်ခု ဖြစ်လာဖို့ လွယ်ကူသွားလိမ့်မယ်။ အဲဒီအချိန်မှာ ငါတို့လည်း ကပ်ဘေးဆိုးကြီးထဲ ကျရောက်ဖို့ လွယ်သွားလိမ့်မယ်။ ငါတို့လည်း တိုက်ခိုက်တာကို ရပ်တန့်ပြီး အချိန်အတော်ကြာအောင် တိတ်တဆိတ် နေရုံပဲတတ်နိုင်လိမ့်မယ်” အခြား တစ်ဖက်တွင် ရှောင်ဘိုင်က ခွဲခြမ်းစိတ်ဖြာပြသည်။
“ဟုတ်တယ်၊ ငါတို့ရဲ့ခွန်အားက ပြိုင်ဘက်ကင်း မဟုတ်ဘူး။ ဒီတော့, ကိုယ့်ကိုယ်ကို ကာကွယ်ရမယ်။ ညီအစ်ကိုဘိုင်ရဲ့ နည်းဗျူဟာကို ငါ သဘောတူတယ်။" ဖန်ယွမ်ရှန်က ထောက်ခံလိုက်သည်။
ရှောင်ကျင်းသည် ထိုစကားကိုကြားသောအခါတွင် သူ့မျက်နှာပေါ်တွင် စိတ်ဓာတ်ကျနေ သည့် အမူအရာတစ်ခု ရှိလာခဲ့သည်။ သူသည် အရပ်ရပ်ရှိ လူတိုင်းကို မသတ်ဖြတ်နိုင်သော ကြောင့် သူ့စိတ်ထဲတွင် အနည်းငယ် မပျော်မရွှင် ဖြစ်နေသည်မှာ သဘာဝပင်။
သို့သော် သူသည် ယုတ္တိကင်းမဲ့သည့် လူတစ်ဦး မဟုတ်ပေ။ ရှောင်ဘိုင်၏စကားများသည် အလွန်မှန်ကြောင်းကိုလည်း သူလည်း သိပါသည်။
ဝှီး...။
သို့သော်လည်း ဤအခိုက်အတန့်တွင် အဝေးမှ လှံရှည်တစ်ချောင်းသည် မြှားတစ်စင်း ကဲ့သို့ ချက်ချင်း ပြောင်းသွားပြီး ရှောင်ကျင်းဆီသို့ ပစ်ဝင်လာလေသည်။
ရှောင်ကျင်းသည် သူ့ခန္ဓာကိုယ် တစ်ဖက်ယိမ်းကာ ထိုလှံ၏တိုက်ခိုက်မှုကို ရှောင်တိမ်း လိုက်သည်။
အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလာသော လှံသည် ရှောင်ကျင်း၏ ခန္ဓာကိုယ်ကို ပွတ်သွားကာ အဝေးမှ နတ်တောင်ပေါ်ကို ထိမှန်သွားခဲ့သည်။ ပြင်းထန်သော ပေါက်ကွဲသံ နှင့်အတူ ၎င်းသည် နတ်တောင်ကို တိုက်ရိုက် ထိုးဖောက်ကာ ကြီးမားသော အပေါက်ကြီး တစ်ခု ဖန်တီးလိုက်သည်။
"အီ…၊ မင်းက တကယ်ကို ရှောင်နိုင်ခဲ့တာပဲ။ မင်း တကယ် ကံကောင်းတယ်" အလင်းတန်း ဖြတ်သန်းသွားပြီးနောက် အဝေးမှ ကဲ့ရဲ့သံတစ်ခုက ထွက်ပေါ်လာသည်။
အဝေးမှ အလင်းတန်းလေးခုသည် ရှောင်ကျင်းနှင့် အခြားသူများဆီသို့ ပျံသန်းလာကြ သည်။ နောက်ဆုံးတွင်, ၎င်းတို့သည် ရှောင်ကျင်းနှင့် တခြားသူများရှေ့ မီတာတစ်ရာ အကွာမှာ လွင့်မျောနေကြသည်။
သူတို့လေးယောက်စလုံး၏ပုံစံတွေက လူငယ်တွေအတိုင်းပင်။ သူတို့အားလုံးသည် အလယ်အလတ် ကြယ်နတ်ဘုရားအဆင့်တွင် ရှိနေကြသည်။ အစောပိုင်းက လှံနှင့် ပစ်ခဲ့သူ မှာ လေးဦးအနက် ညာဘက်ဆုံးမှ အနက်ရောင် တိုက်ပွဲဝင် ဝတ်စုံကိုဝတ်ဆင်ထားသူ ဖြစ်သည်။
ဤအခိုက်အတန့်တွင် သူတို့လေးယောက်သည် ရှောင်ကျင်းကို အထင်အမြင်သေးသော မျက်လုံးများဖြင့် ကြည့်နေကြပြီး သူတို့၏ မျက်လုံးများသည် လှောင်ပြောင် ရယ်မောဟန် များဖြင့် ပြည့်နှက်နေသည်။
ရှောင်ဘိုင်နှင့် ဖန်ယွမ်ရှန်တို့သည် လူလေးယောက် သူတို့ဆီသို့ ပျံသန်းလာသည်ကို တွေ့လိုက်သောအခါ မျက်မှောင်ကြုတ်သွားကြသည်။ ရှောင်ကျင်းသည် သူ့မျက်လုံးတွေ ကို မှိတ်ထားပြီး သူ့မျက်လုံးတွေက သတ်ချင်စိတ်တွေ ပြည့်နှက်နေသည်။
"အဖြူကောင်အိုကြီး, ငါ သူတို့ကို ရန်မစဘူးနော်။ သူတို့ကိုယ်တိုင်က ဒီကို ရောက်လာ တာ။ နောက်ပိုင်း အဖြစ်ပျက်တွေအပေါ် မင်း ဘယ်လိုထင်လဲ" ရုတ်တရက် ရှောင်ကျင်းက သူ့ပါးစပ်ထောင့်စွန်းကို ပင့်လိုက်ပြီး အေးစက်နေသည့် မျက်နှာထားဖြင့် ရှောင်ဘိုင်ကို မေးလိုက်သည်။
တစ်ဖက်မှာတော့ ဖန်ယွမ်ရှန်သည် ရှောင်ဘိုင်ကို မကြည့်ဘဲ မနေနိုင်တော့။ ရှောင်ဘိုင်က ဤကိစ္စကို မည်သို့ ဖြေရှင်းမလဲဆိုသည်ကို သူ တကယ် သိချင်နေခဲ့သည်။
အဆုံးတွင်၊ အလယ်အလတ် ကြယ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူ လေးဦးရှိခြင်းသည် နည်းနည်းပါးပါး ဖိအားမဟုတ်ပေ။
သူ့အတွေးအရဆို, ရှောင်ဘိုင်သည် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ထိန်းချုပ်ပြီး တိုက်ပွဲ ကို ရှောင်ဖို့ ရွေးချယ်နိုင်ခြေများပါသည်။
သို့သော်လည်း ရှောင်ဘိုင်၏ နောက်ထပ် စကားများက သူ့ကို လုံးဝ အံ့အားသင့်သွားစေခဲ့ သည်။
"ဒါဆိုလည်း သတ်ပစ်ကွာ!"
သူ့လေသံက ငြိမ်သက်နေသော်လည်း သူ၏ လွှမ်းမိုးနိုင်စွမ်း အငွေ့အသက်က ပျောက်ဆုံးနေခြင်း မရှိပေ။