← Chapters

အခန်း ၁၅၅၆

Vol. 104 Ch. 1556

အခန်း ၁၅၅၆

Vol. 104 Ch. 1556

အခန်း (၁၅၅၆) ဝမ်ရှင်း၏ ဒေါသ။

ဖန်ယွမ်ရှန်သည် ရှောင်ဘိုင်က ထိုကဲ့သို့ စကားမျိုး ပြောဆိုလာရန် အမှန်တကယ် မမျှော်လင့်ခဲ့ပေ။ သူ့အမြင်အရ ရှောင်ဘိုင်သည် အလွန်သတိကြီးပြီး စွန့်စားရမည့် အရာကို ဘယ်သောအခါမှ ရွေးချယ်မည် မဟုတ်ပေ။ သို့သော်လည်း ရှောင်ဘိုင်၏ လွှမ်းမိုး နိုင်စွမ်းရှိသော စကားလုံးများက သူ့အထင်အမြင်ကို ပြောင်းလဲစေခဲ့သည်။

ရှောင်ကျင်းသည် ရှောင်ဘိုင်၏ အဖြေကြောင့် မအံ့သြပေ။ သူက တခြားသူတွေထက် ရှောင်ဘိုင်အကြောင်းကို ပိုသိပါသည်။

ရှောင်ဘိုင်သည် သတိကြီးသော်လည်း သူ့အရိုးများတွင် ခိုင်မာမာနနှင့် ပြတ်သားမှုတို့ ရှိနေသည်။ ထိုပြတ်သားမူတို့ မထွက်ပေါ်သေးလျှင် အဆင်ပြေသည်။ ထွက်ပေါ်လာသည် နှင့် သွေးလွှမ်းနေသည့်မြင်ကွင်းကို သေချာပေါက် မြင်ရလိမ့်မည်။

"ဒါဆို ငါလုပ်ပါရစေ။ ငါ့စိတ်ထဲက ဒေါသတွေကို ထုတ်ပစ်ချင်တယ်။" ရှောင်ကျင်းက ပြုံးပြီးပြောသည်။

"မင်းက သူတို့လေးယောက်ကို မင်းတစ်ယောက်တည်း ရင်ဆိုင်ချင်တာလား။" ဖန်ယွမ်ရှန် က မျက်လုံးပြူးကျယ်စွာဖြင့် မေးသည်။

"ဘာလို့မဖြစ်ရမှာလဲ?" ရှောင်ကျင်းက ပြုံးပြီး မေးလိုက်သည်။

ဖန်ယွမ်ရှန်သည် ထိုစကားကိုကြားသောအခါ တစ်ခုခုပြောတော့မည် ဖြစ်သော်လည်း ရှောင်ဘိုင်က တားဆီးလိုက်သည်။

"သူ အရင်စမ်းသပ်ခွင့် ပေးလိုက်ပါ။ သူ မလုပ်နိုင်မှ ငါတို့ ထပ်သွားကြတာပေါ့။" ရှောင်ဘိုင်သည် ဖန်ယွမ်ရှန်ကို ဆွဲဆောင်ရန် ကြိုးစားခဲ့သည်။

"ဒါပေမယ့်" ဖန်ယွမ်ရှန်က တစ်ခုခုပြောချင်သော်လည်း ရှောင်ဘိုင်၏ အကြည့်တွေ ကြောင့် သူ့စကားလုံးတွေကို ပါးစပ်ထဲ ပြန်မျိုချလိုက်ရသည်။ သူသည် ရှောင်ကျင်းဆီသို့ ကြည့်လိုက်ရင်း သူ့အကြည့်များက ရှုပ်ထွေးမှုများနှင့်အတူ အကူအညီမဲ့မှုများဖြင့် ပြည့်နေခဲ့သည်။

သူ့အမြင်အရ ရှောင်ကျင်းသည် သူတစ်ယောက်တည်း တိုက်ခိုက်ချင်သည်ဆိုလျှင်, သူသည် သေခြင်းတရားကို အမှန်တကယ် ချစ်မြတ်နိုး၍ဖြစ်ပေလိမ့်မည်။

ရှောင်ကျင်းသည် သူ့အား တွန်းလှန်ရန် ခွန်အားရှိသော်လည်း တစ်ဖက်တွင်မူ ကြယ်နတ်ဘုရားနယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူ လေးဦးရှိနေသည်။ ဤစမ်းသပ်မှုတွင် ပါဝင်နိုင်သူများသည် လူတော်များဖြစ်ကြပြီး ၎င်းတို့တစ်ဦးစီတွင် ထူးခြားသော ခွန်အားများကို ပိုင်ဆိုင်ကြသည်။ ထို့ကြောင့် ရှောင်ဘိုင်သည် ရှောင်ကျင်းကို တစ်ယောက်တည်း တိုက်ခိုက်ရန် အဘယ်ကြောင့် ခွင့်ပြုရသည်ကို သူ အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။

"အရူး။ အစတုန်းက ငါ ရှောင်ကျင်းရူးနေပြီလို့ ထင်ခဲ့ပေမဲ့ ရှောင်ဘိုင်လည်း ရူးနေပြီလို့ ငါ မမျှော်လင့်ထားဘူး။" ဖန်ယွမ်ရှန် သူ့ကိုယ်သူ တွေးနေမိသည်။ သူသည် ရှောင်ဘိုင်, ရှောင်ကျင်းတို့နှင့် မဟာမိတ်ဖွဲ့ခဲ့မိသည်ကို နောင်တရနေမိသည်။ ယင်းက နောက်ဆုံးတွင်, သူ့ကို ရေထဲဆွဲနှစ်ချခံရဖို့ အလားအလာ အရမ်းများသည်။

သို့သော် ယခုအချိန်တွင်မူ စောင့်ကြည့်ရှုရန်မှတပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ရှောင်ကျင်း ဖြည်းဖြည်းချင်း ထွက်လာသည်ကို ကြည့်ရင်း ထိုလူလေးယောက်သည် အနည်းငယ် အံ့သြသွားမှန်း သိသာသော်လည်း၊ ဤအရာက သူတို့၏ သားကောင်ကို အမဲလိုက်ရန်အတွက် စိတ်ဝင်စားနေမှုကို မတားဆီးနိုင်ခဲ့ပါဘူး။

"ကောင်စုတ်၊ မင်းရဲ့အဖော်တွေက သိပ်သစ္စာမဲ့တာပဲ။ သူတို့က မင်းကို သေဖို့ တစ်ယောက် တည်း ထွက်လာခွင့် ပေးလိုက်တယ်။" ရှောင်ကျင်းကို လှံဖြင့်တိုက်ခိုက်ခဲ့သော အနက်ရောင်ဝတ်ရုံဝတ် လူငယ်သည်လည်း ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူသည် ရှောင်ကျင်းကို ကြည့်ပြီး လှောင်ပြောင်ရယ်မောကာ သူ့မျက်လုံးများတွင် သတ်ချင်စိတ် များ ပြည့်နှက်နေသည်။

ရှောင်ကျင်းသည် အစောပိုင်းက သူ့လှံချက်ကို ရှောင်တိမ်းသွားခဲ့ပြီး၊ ယင်းကြောင့် သူ့အဖော်များက သူ့ကို လှောင်ပြောင်ရယ်မောကြသည်။ အခု ရှောင်ကျင်း တစ်ယောက် တည်း ထွက်လာသည်ကို မြင်လိုက်ရလျှင်, သူ့အရှက်ကို နှင်းမုန်တိုင်းသဖွယ် တိုက်ခတ်ပစ်ချင်သည်။ ထို့ကြောင့် သူသည် ဦးဆောင်ပြီး ရှေ့ထွက်လာခဲ့သည်။

ကျန်သည့်လူသုံးယောက်ကတော့ ပြပွဲတစ်ခုကို ကြည့်နေသည့်အလား လက်ပိုက် ရပ်နေ ကြသည်။ သူတို့အမြင်မှာ, အနက်ရောင်ဝတ်ရုံဝတ် လူငယ်သည် သူတစ်ယောက်တည်း ဖြင့် ရင်ဆိုင်နိုင်သည်။ ထိုကြောင့် သူတို့သည် လုံးဝ လှုပ်ရှားရန် မလိုပေ။

'"မင်း မှားနေပြီထင်တယ်။ ငါ့အဖော်တွေက ငါ့ကိုသေတဲ့အထိ တစ်ယောက်တည်း လွှတ်ထားရလောက်အောင် သစ္စာမရှိကြတာ မဟုတ်ဘူး။ သူတို့ လှုပ်ရှားဖို့ မလိုအပ်ဘူးလို့ ခံစားရလို့ပဲ။ မင်းတို့လေးယောက်ကို ရင်ဆိုင်ဖို့က ငါ့အတွက် သိပ်မခက်ခဲပါဘူး။ မင်းရဲ့ အဖော်တွေကရော, သူတို့က မင်းထွက်လာတာကို စောင့်ကြည့်နေပြီး၊ မင်းကို သေတွင်းထဲ လွှတ်လိုက်ကြတာ မဟုတ်လား။ သူတို့က မင်းအပေါ် သစ္စာရှိကြရဲ့လားလို့ မေးခွန်းထုတ် သင့်တယ်။" ရှောင်ကျင်းက ပြန်ပြောပြီး သူ့အမူအရာက အလွန်မာနကြီးသည်။

အနက်ရောင်ဝတ် လူငယ်သည် ထိုစကားကိုကြားသောအခါ သူ့ဒေါသက သူ့မျက်နှာပေါ် တွင် ချက်ချင်းပင် ပျံ့နှံ့သွားသည်။ ရွှေရောင်ဝတ်ရုံဝတ် ဤလူငယ်သည် ဤမျှမာနကြီးပြီး သူ့စကားကို ချေပလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

သူတင်မကပေ။ သူ့နောက်မှ တခြားလူသုံးယောက်ပင် မျက်မှောင်ကြုတ်ပြီး သူတို့ မျက်လုံးထဲမှာ ဒေါသအရိပ်အယောင်တွေ ပေါ်လာပါသည်။

အလယ်အလတ် ကြယ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူလေးဦးသည် အမှန်တကယ်ပင် အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ လှောင်ပြောင်ခြင်း ခံနေရ သည်။ အကယ်၍, ဤသတင်းကိုသာ ဖြန့်လိုက်မည်ဆိုလျှင်, သူတို့၏ အစွယ်တွေကို ရှင်းပစ်ခံရကောင်းခံရနိုင်ပါသည်။

"ဟမ့်၊ မသိနားမလည်တဲ့လူပဲ။ မင်း ဘယ်သူတွေနဲ့ စကားပြောနေတာလဲဆိုတာရော သိရဲ့လား။ ငါ မင်းရဲ့အရိုးတွေကို တခဏအတွင်း အစိပ်စိပ်မွှာမွှာ ကွဲအောင်လုပ်ပစ်မယ်ဆို မင်းယုံလား" အနက်ရောင်ဝတ်လုံလူငယ်က ရှောင်ကျင်းကို ဒေါသတကြီး ကြည့်နေသည်။

တစ်ဖက်တွင်မူ ရှောင်ကျင်းသည် အထင်အမြင်သေးသည့် အမူအရာမျိုး ရှိနေသည်။ သူက ရယ်မောပြီး ပြန်ပြောသည် "မင်းလိုပဲ လူတော်တော်များများက ငါ့ကို အခုလိုစကားမျိုးတွေ ပြောဆိုခဲ့တာကို ငါမှတ်မိနေတယ်။ ဒါပေမယ့်, အခု ငါက ကောင်းကောင်းမွန်မွန် ရှင်သန်နေနိုင်ပြီး သူတို့အားလုံးကတော့ ပြာဖြစ်သွားကြပြီ။ မင်းလည်း ခြွင်းချက်မဟုတ်မှာ စိုးရတယ်။ ဒါပေမယ့် မင်းငါ့ကို သုံးခါလောက် ဒူးထောက်ပြီး ငါ့ကို အဘိုးကျင်းလို့ ခေါ်ရင် ငါ မင်းကိုမသတ်ဖို့ စဉ်းစားပေးမယ်"။

“မင်းက သေချင်နေတာဘဲ” အနက်ရောင်ဝတ် လူငယ်သည် ချက်ချင်းပင် ဒေါသ အမျက် ထွက်ကာ၊ သူ့မျက်လုံးတွေက အမျက်ဒေါသဖြင့် တောက်လောင်နေသည်။

ဖန်ယွမ်ရှန်လည်း အံ့သြသွားသည်။ ရှောင်ကျင်းသည် နှုတ်ရေး ဤမျှ ထက်မြက်လိမ့်မည် ဟု သူ မမျှော်လင့်ခဲ့ပေ။ အကယ်၍ သူသည် ရှောင်ကျင်းနှင့် နှုတ်ရေးတိုက်ပွဲတစ်ခု ယှဉ်ပြိုင်ရလျှင်, ရှောင်ကျင်းကြောင့် အရှင်လတ်လတ် သွေးအန်သွားနိုင်သည်။

"ဝမ်ရှင်း၊ သူနဲ့ အဓိပ္ပာယ်မဲ့စကားတွေ ပြောမနေနဲ့။ ဒါက အစောပိုင်း ကြယ်နတ်ဘုရား အဆင့်လေးပဲလေ။ အခုပဲ သတ်ပစ်လိုက်ပါ။" ရှောင်ကျင်း၏ မာနထောင်လွှားမှုကို မြင်လိုက်ရသောအခါတွင် လူအုပ်ထဲမှ တစ်စုံတစ်ယောက်သည် လည်ချောင်းရှင်းပြီး၊ အေးစက်စွာ ပြောလိုက်သည်။

ရှောင်ကျင်းသည် စကားပြောလာသည့် လူကို ကြည့်လိုက်ပြီး အပြုံးမပျက် ပြုံးပြလိုက်ပါ သည်။ "စိတ်မပူပါနဲ့။ ငါ သူ့ကိုသတ်ပြီးတာနဲ့ နောက်တစ်ယောက်ကတော့ မင်းပဲ"။

"မင်း" လအလင်းကဲ့သို့ အဖြူရောင်ဝတ်ရုံဝတ် လူငယ်သည် ရှောင်ကျင်း၏ စကားကို ကြားလိုက်ရလျှင်, သူ့မျက်လုံးများတွင် ချက်ချင်းဆိုသလို ဒေါသက ပေါက်ကွဲထွက်လာ သည်။ သူသည် ရှောင်ကျင်းကို သူ့ကိုယ်တိုင် သတ်ရပါစေဟုပင် ဆုတောင်းမိသည်။

အနက်ရောင်ဝတ်လုံလူငယ် ဝမ်ရှင်းသည် မျက်လုံးများကို မှေးကျဉ်းထားကာ၊ သူ့မျက်လုံး များတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်က ပေါက်ကွဲထွက်နေခဲ့သည်။

"ကောင်စုတ်, မင်းရဲ့ပါးစပ်က အရမ်းအစွမ်းထက်တယ်။ မင်းရဲ့ပါးစပ်ကို ငါ စုတ်ဖြဲတဲ့အထိ စောင့်လိုက်ဦးပေါ့။ မင်း ဘာပြောနိုင်မလဲဆိုတာ ငါကြည့်ဦးမယ်။" အနက်ရောင်ဝတ် လူငယ်၏ အသံသည် အေးစက်သွားသည်။ သူ့အကြည့်တွေက အေးစက်နေပြီး ရှေးဟောင်း လူသူဆိတ်သုဉ်းနေသည့် ရေခဲလွင်ပြင်တစ်ခုထဲသို့ ကျရောက်သွားသလိုပင်။

ရုတ်တရက် အနက်ရောင်ဝတ် လူငယ်၏ မျက်လုံးတွေ တောက်ပလာပြီး သူ့တစ်ကိုယ်လုံး ချက်ချင်း ပျံထွက်သွားသည်။ သူသည် ရှောင်ကျင်းဆီသို့ တဟုန်ထိုး ပျံသန်းလာပြီး၊ သူ့အရှိန်ဟုန်က အလွန်မြန်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ဖန်ယွမ်ရှန်၏ အမူအရာက လေးနက်လာသည်။

အနက်ရောင်ဝတ် လူငယ်၏ ခွန်အားသည် အားမနည်းပေ။ သူ့ထက် မနိမ့်ကြောင်း သေချာပေါက် သူ ခံစားနိုင်သည်။ ရှောင်ကျင်းသည် အနက်ရောင်ဝတ် လူငယ်၏ တိုက်ခိုက်မှုကို အမှန်တကယ် တားဆီးနိုင်ပါ့မလား သူ မသိပေ။

သို့သော် ရှောင်ဘိုင်ကို ကြည့်လိုက်သောအခါ ရှောင်ဘိုင်သည် တည်ငြိမ်သော အမူအရာ ရှိနေပြီး ရှောင်ကျင်းအတွက် လုံးဝ စိတ်မပူကြောင်း သူ တွေ့ရှိခဲ့သည်။

"ရှောင်ကျင်းက ငါထင်ထားတာထက် တကယ်ကို သန်မာနေနိုင်ပါ့မလား" ဖန်ယွမ်ရှန်က သူ့ကိုယ်သူ အံ့ဩစွာ ရေရွတ်လိုက်သည်။

သို့သော် သူ့စိတ်ထဲတွင် ပဟေဠိဖြစ်နေသည့်အချိန်မှာ ရှောင်ကျင်းသည် အနက်ရောင်ဝတ် လူငယ်နှင့် တိုက်ခိုက်နေပြီ ဖြစ်သည်။

ရှောင်ကျင်းလည်း အလားတူပင် အနက်ရောင်ဝတ်လုံလူငယ်၏ တိုက်ခိုက်မူများကို တိုက်ရိုက်ရင်ဆိုင်ခဲ့သည်။

"ဘုန်း..."

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကောင်းကင်ယံ၌ ပြင်းထန်သော နတ်ဘုရား တန်ခိုးစွမ်းအင်လှိုင်းများ ပျံ့နှံ့ ထွက်ပေါ်လာသည်။

ဤကျယ်လောင်သော ပေါက်ကွဲအသံနှင့်အတူ အနက်ရောင်ဝတ်ရုံဝတ် လူငယ်သည် ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် ချက်ခြင်း လွင့်ပျံသွားခဲ့သည်။ သူသည် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မထိန်းနိုင်မီ လေထဲတွင် ပေတစ်ထောင် အကွာ ခန့် ဆုတ်သွားခဲ့ရသည်။

ရှောင်ကျင်း၏ရုပ်အသွင်သည် သံမဏိမျှော်စင်အလား လေထဲတွင် မလှုပ်မယှက် ရပ်နေသည်။

"ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" အနက်ရောင်ဝတ် လူငယ်သည် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီးနောက် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

အစောပိုင်းက, သူသည် သူ့ခွန်အားကို အပြည့်အ၀ အသုံးမချသေးသော်လည်း သူ့စွမ်းအား၏ ၇၀ ရာခိုင်နှုန်းကို သူ အသုံးချခဲ့ပါသည်။ ဤစွမ်းအားသည် အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူတစ်ဦးအား သတ်ပစ်ရန် လုံလောက်ပါသည်။ ယခုမူ၊ ထိုလက်သီးချက်သည် အမှန်တကယ်ပင် အားနည်းနေခဲ့ပြီး၊ တဖက်လူ၏ လက်သီးချက် ကြောင့် သူသည် ပေတစ်ထောင်ခန့် အတင်းအကျပ် တွန်းထုတ်ခံခဲ့ရသည်။

သူတင်မကပေ။ သူနှင့်လိုက်လာကြသည့် သူ့အဖော်သုံးယောက်တောင် အံ့အားသင့်နေ သည့် အမူအရာကိုယ်စီကို ဖော်ပြလာကြသည်။ သေချာသည်မှာ, သူတို့နှစ်ယောက် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံချိန်မှာ ဤမြင်ကွင်မျိုးကို သူတို့ မျှော်လင့်မထားခဲ့ပါ ဘူး။

"ဝမ်ရှင်း၊ မင်း ဘာတွေလုပ်နေတာလဲ။ သူ့ကို မြန်မြန်သတ်ပစ်လိုက်။ အစောပိုင်း ကြယ်နတ်ဘုရားအဆင့်တစ်ယောက်ကိုတောင် မင်း အနိုင်မယူနိုင်ဘူးလား။ ဘယ်လောက် တောင် သောက်သုံးမကျတဲ့ အမှိုက်လဲ!" ရှောင်ကျင်းသည် တကယ်ကို အပေါ်စီးရောက် နေသည်ကို မြင်လိုက်ရတော့ လရောင်ဝတ်ရုံကို ဝတ်စားထားသည့် လူငယ်သည် အဝေးမှ နေ၍ အနက်ရောင်ဝတ်ထားသည့် လူငယ်ကို ချက်ချင်း မာန်မဲလိုက်ပါသည်။

အနက်ရောင်ဝတ် လူငယ်သည် ထိုစကားကိုကြားသောအခါ ပြင်းထန်သော အမျက် ဒေါသက သူ့မျက်လုံးများတွင် ချက်ချင်း ပျံ့နှံ့လာသည်။ ရှောင်ကျင်းကို ကြည့်နေသည့် သူ့အကြည့်များတွင် အနှိုင်းမဲ့ နာကြည်းမှုများဖြင့် ပြည့်နှက်လာသည်။ သို့သော်၊ သူ့စိတ်ထဲ တွင် ဒေါသများ မငြိမ်သက်သေးမီ ရှောင်ကျင်း၏ နောက်စကားက သူ့ကို သွေးသုံးလီတာ အန်လုနီးပါး ဖြစ်သွားခဲ့ရသည်။

ရှောင်ကျင်းက ဝမ်ရှင်းကို အထင်အမြင်သေးပြီး လှောင်ပြောင်ဟန်ဖြင့် ပြောသည် "မင်းမှာ ရှိတာ ဒါ အကုန်ပဲလား။ ဆိုတော့ မင်းက ငါထင်ထားတာထက် အများကြီး အားနည်းနေ ပုံပဲ။ တကယ်ကို ပျင်းစရာကြီး။

All Chapters