← Chapters

အခန်း ၁၅၅၇

Vol. 104 Ch. 1557

အခန်း ၁၅၅၇

Vol. 104 Ch. 1557

အခန်း (၁၅၅၇) ရှောင်ကျင်း၏ ခွန်အား။

ထိုစကားကို ကြားလိုက်ရသည်နှင့် ဝမ်ရှင်းသည် ချက်ချင်းပင် ဒေါသတကြီး ဖြစ်သွားခဲ့ သည်။

သူသည် ရှောင်ကျင်းကို အရှင်လတ်လတ် ဝါးစားချင်သည့်အလား သူ့မျက်လုံးတွေက ရှောင်ကျင်းကို စိုက်ကြည့်နေသည်။

"ငါ မင်းကို သတ်မယ်။" ဝမ်ရှင်းက ဒေါသတကြီး ဟိန်းဟောက်ပြီးနောက် ရှောင်ကျင်းဆီသို့ ပြေးသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ရှိ နတ်ဘုရားတန်ခိုးစွမ်းအားသည် ပြင်းထန်စွာ ပေါက်ကွဲ သွားပြီး သူ၏ အရှိန်အဟုန်က ကြီးမားလာခဲ့သည်။

သို့သော် ရှောင်ကျင်းသည် ဝမ်ရှင်းကိုကြည့်နေရင်း မထီမဲ့မြင်ပြုသော အပြုံးကို ထုတ်ဖော် ထားသည်။

"အဘိုးကျင်းက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ပြပေးမယ်" ရှောင်ကျင်းသည် လည်း ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ ထို့နောက် လေထဲသို့ ခြေတစ်လှမ်းလှမ်းပြီး ပျောက်သွားခဲ့သည်။

ဝှီး…။

ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး ရှောင်ကျင်း၏ရုပ်အသွင်သည် ဝမ်ရှင်း၏ ရှေ့မှာ ချက်ချင်း ပေါ်လာသည်။

"ဘုန်း...."

ဝမ်ရှင်း မတုံ့ပြန်နိုင်ခင်မှာ ရှောင်ကျင်း၏ ရွှေလက်သီးသည် ဝမ်ရှင်း၏ရင်ဘတ်ပေါ်သို့ ကျရောက်လာသည်။

"ဖျစ်..."

အရိုးကွဲအက်သံများ ထွက်ပေါ်လာပြီး ဝမ်ရှင်း၏ ရင်ဘတ်ပေါ်ရှိ နံရိုးများ ကွဲအက်သွား သည်။

"ဒါ...ဒါက မဖြစ်နိုင်ဘူး!" ဝမ်ရှင်းသည် နောက်သို့ လွင့်ပျံသွားကာ သူ့မျက်လုံးများက ထိတ်လန့်နေသည်။

သူသည် အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ် နတ်ဘုရားတစ်ပါးကို အမှန်တကယ် ရှုံးရလိမ့်မည်ဟု သူ မယုံခဲ့ပေ။ သူသည် ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ခဲ့ရသည်။

အဝေးမှ ဖန်ယွမ်ရှန်သည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူ၏မျက်လုံးများက အလွန် အံ့အားသင့်သွားသည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်မိသည်။

ရှောင်ကျင်းသည် ဝမ်ရှင်း၏တိုက်ခိုက်မှုကို တားဆီးနိုင်မည်ဟု မဟုတ်ဟု မူလက သူ ထင်ခဲ့သော်လည်း, ဝမ်ရှင်းသည် ရှောင်ကျင်း၏ရှေ့တွင် ပြန်လည်တိုက်ခိုက်ရန် စွမ်းအား ပင်မရှိဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ဝမ်ရှင်းနှင့်အတူ လိုက်ပါသွားသော အဖော်သုံးယောက်သည် ဤမြင်ကွင်းကို မြင်လိုက်ရ သောအခါတွင် သူတို့၏ မျက်ခုံးများက တွန့်သွားကြသည်။ အထူးသဖြင့် ရှောင်ကျင်းနှင့် စောစောက စကားအငြင်းပွားခဲ့သော အဖြူရောင်ဝတ်လူငယ်သည် သူ့မျက်နှာတွင် ပို၍ပင် ဒေါသအမျက် ထွက်နေခဲ့သည်။

"မဖြစ်နိုင်တဲ့အရာတွေ နောက်မှာ ရှိနေတုန်းပဲ။"

သို့သော် ယခုအချိန်တွင် ရှောင်ကျင်း၏ ရုပ်အသွင်သည် ဝမ်ရှင်း၏ နောက်တွင် ပေါ်လာ သည်။

ဝမ်ရှင်း၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး ရှောင်ကျင်းကို တိုက်ခိုက်ရန် သူ့ကိုယ်တွင်းရှိ နတ်ဘုရားတန်ခိုးစွမ်းအားကို အလျင်အမြန် စုစည်းလိုက်သည်။

သို့သော် ရှောင်ကျင်းသည် သူ့လက်သီးကို ဆုပ်ကိုင်လိုက်သည်နှင့် သူ့လက်သီးပေါ်ရှိ နတ်ဘုရာတန်ခိုးစွမ်းအားသည် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

"လက်သီးပျော့လေးနဲ့ ငါ့ကိုတိုက်ခိုက်ဖို့ ကြိုးစားနေတာလား။ ဟာသတစ်ခုပဲ" ရှောင်ကျင်း က ရယ်မောလိုက်ပြီး၊ လက်တဖက်က လျှပ်စီးလက်သလို လင်းလက်သွားကာ ဝမ်ရှင်း၏ လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။

ထို့နောက် ဝမ်ရှင်း၏လက်မောင်းကို ဆုပ်ကိုင်ထားသည့် အခြားလက်တစ်ဖက်ကို ရုတ်တရက် အားစိုက်ထုတ်လိုက်ပြီး သူ့လက်မောင်းတစ်ခုလုံးကို ဆုတ်ဖြဲပစ်လိုက်သည်။

"အား…..."

ဝမ်ရှင်းသည် အနှိုင်းမဲ့ ဝမ်းနည်းဖွယ် အော်ဟစ်သံကို ထုတ်ဖော်လိုက်ပြီး သူ၏ နာကျင် သော အသံက တောင်တန်းများပေါ်တွင် ပဲ့တင်ထပ်သွားသည်။

ဝမ်ရှင်း၏ အဖော်သုံးယောက်သည် ဝမ်ရှင်း၏ နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရ သောအခါတွင် သူတို့၏ မျက်နှာများသည် လေးနက်လာသော်လည်း သူတို့သည် မလှုပ်မရှားခဲ့ကြပေ။

သူတို့သည် ဝမ်ရှင်းနှင့် နက်ရှိုင်းသော ခင်မင်ရင်းနှီးမှုမျိုး မရှိခဲ့ပေ။ အသက်ရှင်သန်ရေး အတွက်သာ မဟာမိတ်ဖွဲ့ခဲ့ကြသည်။ ဝမ်ရှင်းသည် အရမ်းကိုအသုံးမကျသည့်အတွက် သူ သေလျှင်လည်း သူတို့ ဂရုမစိုက်ပေ။

"ဟမ့်၊ မင်းက အလယ်လတ် ကြယ်နတ်ဘုရားအဆင့် ရောက်နေလို့ မင်းက အဘိုးကျင်းရဲ့ ရှေ့မှာ မောက်မာနိုင်ပြီလို့ မထင်လိုက်နဲ့။ အဘိုးကျင်းက မင်းရဲ့ခွန်အားလောက်လေးကို ဂရုမစိုက်သေးဘူး။" ရှောင်ကျင်းက အေးစက်စွာ ဟစ်အော်လိုက်သည်။

သူစကားပြောပြီးသည်နှင့် ချက်ချင်းပင် ပြင်းထန်စွာ လှုပ်ရှားလိုက်ပြီး ဝမ်ရှင်း၏ အခြားလက်တစ်ဖက်ကိုလည်း ဆွဲထုတ်လိုက်သည်။

ဝမ်ရှင်းသည် နာကျင်စွာ ဟစ်အော်သံကို ထပ်မံ ထုတ်အော်လိုက်သည်။ သူ့အသံက အလွန် သနားစရာကောင်းပြီး သူ့နဖူးပေါ်က သွေးကြောတွေတောင် ပေါက်ထွက်သွားသည်။

"လျှိုဖန်း ငါ့ကိုကယ်ပါ!"

ဝမ်ရှင်းသည် အဝေးမှ အဖြူရောင်ဝတ် လူငယ်အား အကူအညီ တောင်းလိုက်သည်။ ဤအခိုက်အတန့်တွင် ရှောင်ကျင်း၏ အစွမ်းကို သူ အမှန်တကယ် တွေ့မြင်ခဲ့ရပြီ ဖြစ်သည်။ ရှောင်ကျင်း၏ ခွန်အားသည် သူ့စိတ်ကူးထားသည်ထက် ကျော်လွန်နေ ကြောင်းကိုလည်း သူ သိသွားခဲ့ပြီ။ ဤအရာက သူဆန့်ကျင်ဘက်ပြုနိုင်သည့် အရာတစ်ခု မဟုတ်ခဲ့ပါဘူး။

အခု သူ့လက်မောင်းတွေ ဆွဲထုတ်ခံလိုက်ရတော့ သူ တောင့်မခံနိုင်တော့ပါဘူး။ ရှောင်ကျင်းက သူ့ကို ဒီအတိုင်း ဆက်လက်အနိုင်ကျင့်ပြီး သူ သေသည်အထိ နှိပ်စက်မှာကို ကြောက်မိသည်။ အခုအချိန်မှာတော့ သူသည် သူ့အဖော်တွေဆီမှ အကူအညီ တောင်းခံရုံသာ တတ်နိုင်ပါတော့သည်။

"ဟမ့်၊ မင်းက အမှိုက်ပဲ။ မင်းက အစောပိုင်း ကြယ်နတ်ဘုရားလေးကိုတောင် အနိုင်မယူနိုင် ဘူး။ ဘာလို့ မင်းကို ကယ်ရမှာလဲ" အဖြူရောင်ဝတ် လူငယ်က အေးစက်စွာ ပြောလိုက် သည်။

ဤစကားကြောင့် ဝမ်ရှင်း၏စိတ်ဓာတ်တစ်ခုလုံးသည် ချိုင့်ဝှမ်းအောက်ခြေအထိ ပြုတ်ကျ သွားခဲ့သည်။

ဟန်လင်း၊ ဇောင်ရှန်း၊ ငါ့ကို မြန်မြန်ကယ်ပါ… လျှိုဖန်းက မလှုပ်မရှား ဖြစ်နေသည်ကို ဝမ်ရှင်း မြင်လိုက်ရလျှင်, သူ့အဖော်နှစ်ယောက်ကို အမြန်လှည့်ကြည့်လိုက်သည်။ သို့သော် အခြားအဖော်နှစ်ယောက်လည်း ဘာမှ မထူးခြားပေ။

ဝမ်ရှင်းသည် ဤမြင်ကွင်းကို စိတ်ပျက်လက်ပျက် အကြည့်ဖြင့် ကြည့်နေသည်။

ရှောင်ကျင်းက သူ့ပါးစပ်ထောင့်စွန်းကို ပင့်လိုက်ပြီး ဝမ်ရှင်းကို လှောင်ပြောင်စွာ ကြည့်ကာ ပြောသည် "ငါပြောတာ မှန်တယ်မဟုတ်လား။ မင်းရဲ့ အဖော်တွေက မင်း သေတာကို စောင့်ကြည့်နေမှာ။ မင်းကို ကယ်မှာမဟုတ်ဘူးလို့။ နောက်ဘဝကျရင် မင်းမျက်လုံးတွေကို ပွတ်သပ်ပေးဖို့ သတိရပါ။ အလောင်းတောင်မကျန်ဘဲ မသေစေနဲ့"

ရှောင်ကျင်းသည် ဝမ်ရှင်းကို လက်တစ်ဖက်ဖြင့် လေထဲတွင် မြှောက်လိုက်သည်။ သူ့လက်တွေက ပျောက်ကွယ်နေခဲ့ပြီ။ ရှောင်ကျင်း၏ စကားကိုကြားတော့ သူ့မျက်လုံးတွေ က အနှိုင်းမဲ့ နီမြန်းလာသည်။ သူသည် ရှောင်ကျင်းကို ကြည့်နေစဉ် သူ့မျက်လုံးများသည် အဆိပ်ပြင်းသော နာကြည်းမှုများဖြင့် ပြည့်နှက်နေသည်။

"ငါသေရင်တောင် မင်းကို ငါနဲ့အတူ ဆွဲခေါ်ပြီး သေမယ်" ဝမ်ရှင်းသည် မိမိကိုယ်ကို ဖျက်ဆီးပစ်ရန် မရွေးချယ်မီ ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။

အလယ်အလတ် ကြယ်နတ်ဘုရားအဆင့်တွင် မိမိကိုယ်ကို ဖောက်ခွဲခြင်း၏ စွမ်းအားသည် ထူးထူးခြားခြား အစွမ်းထက်လွန်းသည်။ ကီလိုမီတာတစ်ရာ အချင်းဝက်ကို မပြောဆိုနှင့်၊ ကီလိုမီတာ တစ်ထောင်၏ အချင်းဝက်အတွင်းရှိ မြေကြီးသည်ပင် ချက်ချင်း ပြိုကျသွား မည် ဖြစ်သည်။

"အရူး၊ တကယ် မိုက်မဲလွန်းတယ်။" ဝမ်ရှင်းနှင့်အတူ လိုက်ပါလာသော အဖော် သုံးယောက် ၏ မျက်နှာများသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လွန်စွာ ပြောင်းလဲသွားပြီး ထွက်ပြေးသွားတော့မည်။

အလယ်လတ်အဆင့် ကြယ်နတ်ဘုရားတစ်ပါးကိုယ်တိုင် မိမိကိုယ်ကို ဖောက်ခွဲမူကို ခံနိုင်ရည်ရှိမည်ဟု သူတို့တောင် မပြောဝံ့ကြပါဘူး။ အကယ်၍, သူတို့သည် ခံနိုင်ရည် ရှိခဲ့လျှင်ပင် ဒဏ်ရာပြင်းပြင်းထန်ထန် ခံစားရပါဦးမည်။ ထို့ကြောင့် သူတို့သည် ပထမဆုံး ထွက်ပြေးရန် တွေးလိုက်ခြင်း ဖြစ်သည်။

တစ်ဘက်ခြမ်းတွင်မူ၊ ဖန်ယွမ်ရှန်၏ မျက်နှာသည် တုန်လှုပ်ခြောက်ခြားခြင်း များစွာဖြင့် သူ့ခန္ဓာကိုယ်ကို ထွက်ပြေးရန် အလျင်အမြန် ပြင်ဆင်နေလေသည်။

သို့သော်လည်း ဘေးတဖက်မှ ရှောင်ဘိုင်သည် ထွက်ပြေးရန် ရည်ရွယ်ချက်မရှိဘဲ ဘေးတွင် ဘာမှမထူးခြားသလို ရပ်နေသည်ကို သူ တွေ့ရှိခဲ့သည်။

"ပြေးစရာမလိုဘူး။ အားလုံး အဆင်ပြေသွားမှာပါ" ရှောင်ဘိုင်က ရှောင်ကျင်း၏ ရှိရာဆီကို ညွှန်ပြပြီး ဖန်ယွမ်ရှန်ကို ပြောပြသည်။

ထိုစကားကို ကြားတော့ ဖန်ယွမ်ရှန်သည် ခဏလောက် မှင်သက်သွားပြီး ရှောင်ကျင်း ရှိရာဆီကို လှမ်းကြည့်လိုက်သည်။

ရှောင်ကျင်းသည် ဝမ်ရှင်းကို မလွှတ်ပေးသလို ထွက်လည်းမပြေးပေ။ ယင်းအစား သူသည် မိမိကိုယ်မိမိ ဖျက်ဆီးတော့မည့် ဝမ်ရှင်းကို သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။

ဘန်း….။

ရှောင်ကျင်း၏ မျက်လုံးများမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထို့နောက် ဝမ်ရှင်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ရွှေရောင်သဲများအဖြစ် ပြောင်းသွားပြီး လေထဲသို့ လုံးဝ လွင့်စင်သွားခဲ့သည်။

"အင်း၊ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ သူဘယ်လိုလုပ်လိုက်တာလဲ" ဖန်ယွမ်ရှန်က ပြူးကျယ် သော မျက်လုံးတစ်စုံဖြင့် ထိတ်လန့်တကြား ပြောလိုက်သည်။

ဝမ်ရှင်းသည် ကြယ်နတ်ဘုရားနယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ကြယ်နတ်ဘုရားနယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်တစ်ဦး မိမိကိုယ် မိမိ ဖျက်ဆီးလိုလျှင် နှောင်းပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ သို့မဟုတ် အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူပင်လျှင် သူ့ကို တားဆီးနိုင်မည် မဟုတ်ပေ။

သို့သော် အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူဖြစ်သည့် ရှောင်ကျင်းသည် ထိုသို့လုပ်ဆောင်နိုင်ခဲ့သည်။ သူ့မျက်စိဖြင့် ကိုယ်တိုင်ကိုယ်ကျ မမြင်ခဲ့ဖူးဆိုလျှင် သူ့ကို သေအောင်ရိုက်ရင်တောင် သူယုံကြည်မှာ မဟုတ်ပါဘူး။

ဆယ်မိုင်အကွာအထိ ထွက်ပြေးသွားပြီဖြစ်သည့် သုံးဦးသည်လည်း ထပ်မပြေးတော့ဘဲ ရှောင်ကျင်းကို အံ့သြစွာ ကြည့်နေကြသည်။

အစောပိုင်းက ရှောင်ကျင်း၏ နည်းလမ်းတွေကြောင့် သူတို့လည်း ထိတ်လန့်သွားသည်မှာ ထင်ရှားပါသည်။ ရှောင်ကျင်းသည် ဝမ်ရှင်းကို မိမိကိုယ်မိမိ ဖောက်ခွဲဖျက်ဆီးခြင်းမှ မည်သို့ တားဆီးနိုင်ခဲ့သည်ကို သူတို့ နားမလည်ခဲ့ကြပေ။

သို့သော် ရွှေရောင်သဲများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း ရှောင်ကျင်း၏ အမူအရာမှာ အေးစက်သွားသည်။ သူ ဒေါသတကြီး ကျိန်ဆဲလိုက်သည် "လခွမ်း, မင်းသေဖို့အတွက် ငါ့ရဲ့ မွေးရာပါ နတ်ဘုရားစွမ်းရည်ကို ဖြုန်းတီးပစ်ခဲ့တယ်။ မင်းကို ဒီအတိုင်း သေစေလိုက်ရင် မင်းအတွက် တကယ်ကို စျေးပေါလွန်းတယ်"။

ကျိန်ဆဲပြီးနောက် ရှောင်ကျင်းသည် လျှိုဖန်းနှင့် အဝေးမှ အခြားသူများကို လှည့်ကြည့်ကာ အလွန်မောက်မာပြီး ကြီးစိုးသော စီရင်ချက်တစ်ခုကို ထုတ်ပြန်လိုက်သည်။

"လုံးဝ စိတ်ဝင်စားစရာ မကောင်းဘူး။ တကယ်လို့ မင်းတို့လည်း သူ့ကို အရိုက်မခံနိုင်ဘူး ဆိုရင် ကိုယ့်ဘာသာကိုယ် ဖျက်စီးပစ်လို့ရတယ်နော်။ မင်းတို့သုံးယောက်လည်း သူနဲ့ အတူတူပဲလို့ ငါထင်တယ်။ အဘိုးကျင်း အချိန်ကုန်သက်သာအောင် တစ်ယောက်ပြီး တစ်ယောက် တိုက်ခိုက်မယ့်အစား မင်းတို့ ဘာလို့ အတူတူလက်တွဲပြီး မတိုက်ခိုက်ကြတာ လဲ"။

ရှောင်ကျင်းသည် ထိုစကားများကို ပြောပြီးသည်နှင့် ပြင်းထန်သော သတ်ဖြတ်လိုသည့် ဆန္ဒက လျှိုဖန်းနှင့် အခြားသူများ၏ မျက်လုံးများတွင် ချက်ချင်း ပျံ့နှံ့လာခဲ့သည်။

All Chapters