အခန်း ၁၅၅၈
Vol. 104 Ch. 1558
အခန်း (၁၅၅၈) ဒူးထောက်ပြီး အဘိုးလို့ခေါ်ပါ။
"ကောင်စုတ်၊ မင်း အရမ်းမောက်မာလွန်းမနေဘူးလား။ ဝမ်ရှင်းက အမှိုက်သာသာပဲ။ ငါတို့ က အမှိုက်မဟုတ်ဘူး။ မင်း ဝမ်ရှင်းကို အနိုင်ယူလိုက်ရုံနဲ့ ငါတို့ရှေ့မှာ ဟစ်ကြွေးနိုင်ပြီလို့ မထင်လိုက်နဲ့။ နောက်ဆုံးတော့ မင်းက ငါတို့ရှေ့မှာဆို ပုရွက်ဆိတ်တစ်ကောင်ပဲ။ မင်းကိုသတ်ဖို့ တစ်မိနစ်ပဲ ကြာလိမ့်မယ်။" လျှိုဖန်းက အေးစက်စွာ နှာချေပြီး မတုန့်ပြန်ဘဲ မနေနိုင်တော့ပေ။ ရှောင်ကျင်းဆီသို့ကြည့်နေသည့် သူ့အကြည့်များက အကန့်အသတ်မဲ့ သတ်ပစ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
"တကယ်လား, ဒါဆို မင်း ငါ့ကို ဘယ်လိုသတ်လဲဆိုတာ ငါ ကြည့်ချင်တယ်" ရှောင်ကျင်းက ရယ်မောလိုက်ပြီး၊ သူ့မျက်လုံးများတွေက ပြင်းထန်သော ဒေါသဖြင့် ပြည့်နှက်လာသည်။
"မင်းက သေချင်နေတာဘဲ" လျှိုဖန်းသည် ထိုစကားကိုကြားသောအခါတွင် သူ့ဒေါသက ချက်ချင်းပင် ကောင်းကင်သို့တိုင် ပျံတက်သွားခဲ့သည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်း တိုးပြီးနောက် ရှောင်ကျင်းဆီသို့ အနှိုင်းမဲ့ ပြင်းထန်သော အငွေ့အသက်များဖြင့် ပြေးဝင် လိုက်သည်။
လျှိုဖန်း၏ပုံရိပ်သည် လျှပ်စီးလက်သလို မြန်ဆန်ပြီး သူ့လက်ထဲတွင် လျှပ်စီးလှံတစ်စင်း ပေါ်လာသည်။
လှံထိပ်မှ ပြင်းထန်သော လျှပ်စီးကြောင်းများ ထွက်ပေါ်လာပြီး၊ ရှောင်ကျင်းဆီသို့ တိုက်ရိုက် ထိုးဖောက်လာသည်။
လှံသည် လေဟာနယ်ကို ထိုးဖောက်သွားသည့်အလား လှံ၏စွမ်းအားက ကြီးမားလွန်းပြီး၊ အနီးပတ်ဝန်းကျင် လေဟာနယ်သည် ပြိုကျသည့် လက္ခဏာများပင် ပြသနေပါသည်။
"ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ အငွေ့အသက်လဲ။ ဒီလှံရဲ့ စွမ်းအားက နှောင်းပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးရဲ့ တိုက်ခိုက်မှုလောက် မပြင်းထန်ဘူးဆိုရင်တောင် နိမ့်ကျခြင်းမရှိမှာ စိုးရတယ်" ဖန်ယွမ်ရှန်က ထိတ်လန့်စွာ ပြောသည်။
သူတို့သည် ကြယ်နတ်ဘုရားနယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြ သော်လည်း ၎င်းတို့ကြားတွင် ကွာဟချက် ရှိနေဆဲဖြစ်သည်။
အစောပိုင်းက ဝမ်ရှင်းသည် အများဆုံး ကြယ်နတ်ဘုရားနယ်ပယ် အလယ်လတ်အဆင့် တွင် အမြင့်ဆုံးဖြစ်နိုင်သော်လည်း သူ့ရှေ့မှ ဤလျှိုဖန်းသည် ကြယ်နတ်ဘုရားနယ်ပယ် အလယ်လတ်အဆင့်တွင် ထူးချွန်ထက်မြက်သည့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ (ဤနေရာ၌ ကြယ်နတ်ဘုရားနယ်ပယ် အလတ်လတ်အဆင့်ကိုမှ အစောပိုင်း, အလယ်လတ်, နှောင်းပိုင်း, အထွက်အထိပ်ဟု ခွဲခြားခြင်းမျိုး မဟုတ်ပေ။ သူတို့၏ ပင်ကို အရည်ချင်းများကို ခွဲခြားပြခြင်း ဖြစ်နိုင်ပါသည်။)
"ငရဲကိုသွားလိုက်တော့!" လျှိုဖန်းက ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ့လှံသည် လျှပ်စီးကြောင်းကဲ့သို့ မြည်ဟီးကာ ရှောင်ကျင်း၏ နဖူးဆီသို့ တည့်တည့် ဦးတည်သွားလေ သည်။
"ဒါကမှ စိတ်ဝင်စားစရာကောင်းသေး" ရှောင်ကျင်းသည် သူ့ဆီသို့ တိုးဝင်လာသော လှံကို ကြည့်လိုက်ရင်း သူ့နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာပြီး၊ ပြင်းထန်သော တိုက်ခိုက်လို စိတ်က သူ့မျက်လုံးများမှ ထွက်ပေါ်လာသည်။
ရှောင်ကျင်း၏လက်ထဲတွင် အနက်ရောင်သတ္တုတုတ်တစ်ချောင်း ပေါ်လာသည်။ သတ္တုတုတ်သည် ထိုးထွက်သွားပြီး ရွှေရောင်လှံနှင့် အပြင်းအထန် တိုက်မိသွားသည်။
ချွင်…..။
ကြည်လင်ပြတ်သားသော အသံနှင့်အတူ ရှောင်ကျင်းနှင့် လျှိုဖန်းတို့ နှစ်ဦးစလုံးသည် သူတို့၏လက်ထဲရှိ လက်နက်များထံမှ ကြောက်မက်ဖွယ်ကောင်းသော တန်ပြန်စွမ်းအား ကြောင့် နောက်သို့ တွန်းထုတ်ခံခဲ့ရသည်။
"အယ်၊ မင်းက ငါ့ရဲ့တိုက်ခိုက်မှုကို တကယ် တားဆီးနိုင်ခဲ့တာလား။" လျှိုဖန်းသည် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီးနောက် အံ့သြသည့် အမူအရာဖြင့် ပြောလိုက်သည်။
"မင်းရဲ့တိုက်ခိုက်မှုကို တားဆီးဖို့က အလွယ်လေး မဟုတ်ဘူးလား။" ရှောင်ကျင်း၏ နှုတ်ခမ်းထောင့်က အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသော်လည်း သူ့မျက်လုံးတွေက လေးနက်မှုအပြည့်နှင့်ပင်။
လျှိုဖန်းနှင့် ထိပ်တိုက် တွေ့ဆုံသည့်အခိုက်မှာ သူ့လက်ထဲမှ မဟူရာသတ္တုတုတ်၏ စွမ်းအားသည် တဖက်လူ၏လက်ထဲမှ လှံထက် အဆမတန် နိမ့်ကျနေသည်ကို သူ ရှင်းရှင်း လင်းလင်း ခံစားလိုက်ရပါသည်။
လျှိုဖန်းသည် သူ့လက်ထဲတွင် အဆင့်နိမ့်နတ်ဘုရားပစ္စည်းတစ်ခုမျှကိုသာ ပိုင်ဆိုင်ထား သော်လည်း ရှောင်ကျင်း၏လက်ရှိ မဟူရာသတ္တုတုတ်သည် ပို၍ပင် ဆိုးရွားပါသည်။ ၎င်းသည် အင်မော်တယ်ပစ္စည်းအဆင့်တွင်သာ ရှိသေးသည်။ ၎င်းတို့နှစ်ယောက်ကြားကမှ ကွာခြားချက်က အရမ်းကို ကြီးမားလွန်းသည်။ ထိုသို့မဟုတ်လျှင်၊ သူသည် အစောပိုင်းက ပြိုင်ဘက်၏တိုက်ခိုက်မှုကြောင့် တွန်းထုတ်ခံရမှာ မဟုတ်ပါဘူး။
"ဟား ဟား၊ ကောင်စုတ်လေး, ငါက ဘာမှမပြောတတ်ဘူးလို့ မင်း ထင်နေတာလား။ မင်းလက်ထဲမှာရှိတဲ့ လက်နက်က နတ်ဘုရားအဆင့်မှာတောင် မရှိသေးဘူး။ ငါက နတ်ဘုရားအဆင့်ပစ္စည်းကို ပိုင်ဆိုင်ထားတာ။ တကယ်လို့, မင်းသာ နောက်ထပ် နှစ်ကြိမ်လောက် ထပ်တိုက်လိုက်ရင်, မင်းရဲ့လက်ထဲက လက်နက်က သုံးစားမရဖြစ်သွား မှာ ငါကြောက်မိတယ်။ အချိန်တန်ရင် မင်း ငါ့ကို ဘာနဲ့တိုက်ခိုက်မလဲဆိုတာ ငါ မြင်ချင်မိ တယ်" လျှိုဖန်းသည်လည်း တိုက်ပွဲအတွေ့ကြုံများသည့် လူတစ်ယောက်ဖြစ်သည်။ ရှောင်ကျင်း၏အားနည်းချက်ကို အကြည့်တစ်ချက်ရုံဖြင့် မြင်နိုင်ပြီး ကျယ်လောင်စွာ လှောင်ပြောင် ရယ်မောလိုက်သည်။
"တကယ်လား။ ငါ့လက်နက်က နတ်ဘုရားအဆင့်ကို မရောက်သေးတဲ့အတွက် မင်းကို အနိုင်မယူနိုင်ဘူးလို့ မင်း တကယ် ထင်နေတာလား။ ငါ့ရဲ့ အင်မော်တယ်အဆင့်လက်နက် က မင်းရဲ့ နတ်ဘုရားအဆင့် လက်နက်ကို ဖြိုခွဲပစ်နိုင်တယ်ဆို မင်းယုံလား။" ရှောင်ကျင်းသည် လျှိုဖန်းကိုကြည့်လိုက်ရင်း ရုတ်တရက် ရယ်မောပြီး အထင်သေးစွာ ပြောလိုက်သည်။
"ငါ့ရဲ့ နတ်ဘုရားအဆင့်ပစ္စည်းကို အင်မော်တယ်အဆင့် ပစ္စည်းနဲ့ ဖြိုခွဲပစ်ချင်တာလား။ ချာတိတ်လေး၊ မင်းခေါင်းက လွတ်သွားပြီ မဟုတ်လား။ မင်းရဲ့ အင်မော်တယ်အဆင့် လက်နက်က ငါ့ရဲ့ အဆင့်နိမ့် နတ်ဘုရားလက်နက်ကို ဖြိုခွဲနိုင်ရင်, ငါ ဒူးထောက်ပြီး မင်းကို အဘိုးလို့ ခေါ်လိုက်မယ်။" လျှိုဖန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူ့နောက်က အဖော်နှစ်ယောက်လည်း ဟာသကြီးတစ်ပုဒ်ကို ကြားလိုက်ရသည့်အလား ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
ဖန်ယွမ်ရှန်သည် မျက်မှောင်ကြုတ်လိုက်သည်။ သေချာသည်မှာ, သူကိုယ်တိုင်လည်း ရှောင်ကျင်းသည် အင်မော်တယ်အဆင့်ပစ္စည်းကို အသုံးပြုပြီး ပြိုင်ဘက်၏ အဆင့်နိမ့် နတ်ဘုရားပစ္စည်းကို ဖြိုခွဲနိုင်မည်ဟု မယုံကြည်ပေ။
စွမ်းအားနှင့် မာကျောမှုအရ၊ အင်မော်တယ်အဆင့်ပစ္စည်းများသည် အဆင့်နိမ့် နတ်ဘုရား ပစ္စည်းများထက် လီပေါင်း ၁၀၈,၀၀၀ နိမ့်ကျပါသည်။ အဆင့်နှစ်ခုကြားက နှိုင်းယှဥ်၍ပင် မရပါချေ။ ကြယ်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများကို မဆိုထားနှင့်, မြေကမ္ဘာ နတ်ဘုရားများပင်လျှင် ထိုသို့ လုပ်ဆောင်နိုင်စွမ်း ရှိကောင်းမှရှိပါလိမ့်မည်။ ကောင်းကင် နတ်ဘုရားအဆင့် ကျွမ်းကျင်သူများသာလျှင် ဆွေးမြေ့ပျက်စီးခြင်းသို့ ပြောင်းလဲနိုင်သည့် မှော်ဆန်သည့် စွမ်းရည်မျိုးကို ပိုင်ဆိုင်နိုင်ကြသည်။
"ဒါက မင်းပြောတာနော်။ မြေးကောင်းလေး၊ နောက်မှ မင်းရဲ့စကားကို ပြန်မရုတ်သိမ်းနဲ့ နော်။" သို့သော် ရှောင်ကျင်းက လျှိုဖန်းရှုံးမည်ဟု ဆုံးဖြတ်ထားပြီးဖြစ်သည့်အလား သဘောတူလိုက်သည်။
ရှောင်ကျင်းက ထိုစကားမျိုး အမှန်တကယ် ပြောရဲသည်ကို မြင်လိုက်ရတော့ လျှိုဖန်း၏ မျက်လုံးတွေက ချက်ချင်းဆိုသလို ပြင်းထန်သည့် သရော်လှောင်ပြောင်မှုများဖြင့် ပြည့်လာ ခဲ့ပြီး "မင်းရဲ့အင်မော်တယ်အဆင့် ပစ္စည်းက ငါ့ရဲ့နတ်ဘုရားအဆင့် အာဏာရှင် လျှပ်စီးလှံရဲ့ ပထမသိုင်းကွက်ဖြစ်တဲ့ လျှပ်စီးနဂါးပင်လယ်ထဲမှ ထွက်ခွာခြင်း အကွက်ကို ဘယ်လို ဖြိုခွဲမလဲ ငါ မြင်ချင်မိတယ်”။
ထိုစကားကိုပြောပြီးနောက် လျှိုဖန်း၏ခန္ဓာကိုယ်သည် အနှိုင်းမဲ့ပြင်းထန်သော နတ်ဘုရား လျှပ်စီးများနှင့်အတူ ပေါက်ကွဲထွက်လာသည်။ အဆုံးမရှိသော လျှပ်စီးသည် သူ၏လှံကို ဖုံးလွှမ်းသွားသည်။ ထို့နောက် လှံသည် အဆုံးမရှိသော စွမ်းအားကို သယ်ဆောင်လာပြီး ရှောင်ကျင်းဆီသို့ ပြင်းပြင်းထန်ထန် ရိုက်ခွဲလိုက်သည်။
လှံသည် ကောင်းကင်ယံကို ထိုးဖောက်ဝင်ရောက်ကာ လေဟာနယ်ကို ဖြတ်သန်းပြီး၊ တန်ခိုးကြီးသော လျှပ်စီးနဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ ဟိန်းဟောက်သံကပင် ရှောင်ကျင်းကို လုံးဝ ဝါးမျိုချတော့မည်ဟု ထင်ရသည်။
ထိုမြင်ကွင်းကို မြင်တော့ ရှောင်ကျင်းသည် လုံးဝ ထိတ်လန့်သွားခြင်း မရှိပေ။ ယင်းအစား သူက တည်ငြိမ်သထက် တည်ငြိမ်လာသည်။
သူ၏ ရွှေရောင် သူငယ်အိမ်များသည် သိပ်သည်းသော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ ရွှေရောင်အလင်းတန်းများ ထွန်းလင်းလာသည်နှင့်အမျှ ရွှေရောင် အလင်းအလွှာသည် မူလက မည်းနက်နေသော မဟူရာသတ္တုတုတ်ကို ဖြတ်သန်းသွားပုံ ရသည်။
ရွှေရောင်စုံ အလင်းတန်းများသည် မီးတောက်ကဲ့သို့ ခုန်တက်သွားပြီး အဆုံးမဲ့ စွမ်းအားကို ထုတ်လွှတ်နေကာ မူလက အစွမ်းထက်သော နတ်ဘုရားတန်ခိုးစွမ်းအားကို ထုတ်လွှတ်ရန် အနည်းငယ်မျှ အရှိန်ဟုန်မရှိသော မဟူရာသတ္တုတုတ်သည် အဆုံးမဲ့တန်ခိုးစွမ်းအားကို ထုတ်လွှတ်နေသည်။
"သွား!"
ရှောင်ကျင်းက ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ့လက်၌ရှိသော မဟူရာသတ္တုတုတ် သည် ရေလွှမ်းသော ရေနဂါးတစ်ကောင်ကဲ့သို့ ပစ်ဝင်ပြီး လျှပ်စီးလှံနှင့် အပြင်းအထန် တိုက်မိလေသည်။
"ဘုန်း...."
စွမ်းအားနှစ်ခုသည် ကြယ်တစ်စင်း ပေါက်ကွဲသွားသကဲ့သို့ အချင်းချင်း တိုက်မိပြီး အနှိုင်းမဲ့ လှပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။
ရှောင်ကျင်း၏ မဟူရာသတ္တုတုတ်၏ အဆုံးတစ်ဖက်သည် လျှိုဖန်း၏ လှံထိပ်နှင့် ထိပ်တိုက်ဆုံမိပြီး ပြင်းထန်သော စွမ်းအင်နယ်ပယ်နှစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"ဖျစ်..."
ထိုအချိန်မှာပင်, ကွဲအက်နေသည့် အသံတိုးတိုးလေးတစ်ခု ထွက်ပေါ်လာသည်။ ဤအသံ သည် ခြင် သို့မဟုတ် ယင်ကောင်ကဲ့သို့ တိုးညှင်းသော်လည်း လူတိုင်း ပြတ်ပြတ်သားသား ကြားနိုင်သည်။
"ဟား...၊ ဟား...၊ မင်းရဲ့ အင်မော်တယ်အဆင့် ပစ္စည်းက ငါ့ပြိုင်ဘက် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းရဲ့အင်မော်တယ်အဆင့်ပစ္စည်းက နတ်ဘုရားပစ္စည်းတစ်ခုရဲ့ ရှေ့မှာဆို သတ္တုအပိုင်းအစ တစ်ခုသာသာ ဖြစ်တယ်ဆိုတာ သိပြီလား။" လျှိုဖန်းက ကျယ်လောင်စွာ ရယ်မောပြီး လှောင်ပြောင်လိုက်သည်။ ရှင်းရှင်းပြောရရင်, သူသည် ရှောင်ကျင်း၏ လက်ထဲက မဟူရာသတ္တုတုတ်ထံမှ ကွဲအက်သံတွေ ထွက်ပေါ်လာသည်ဟု ထင်ထားသည် မှာ ထင်ရှားပါသည်။
"တကယ်လား?" ရှောင်ကျင်းက ပြုံးပြီး မေးလိုက်သည်။
လျှိုဖန်းသည် အနည်းငယ် မှင်သက်သွားပြီး ထို့နောက်တွင် လုံးဝ ထိတ်လန့်သွားသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
သူ့လက်ထဲက သတ္တုလှံပေါ်မှာ အက်ကြောင်းပေါင်းများစွာ ပေါ်လာသည်။ ထို့နောက် ထိုအက်ကွဲကြောင်းများသည် လှံတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ နောက်ဆုံးတွင် သူ၏ သတ္တုလှံသည် ပြိုကွဲသွားကာ ရွှေရောင်မိုးရေစက်အသွင် ပြောင်းသွားခဲ့လေသည်။
"မဟုတ်ဘူး...မဖြစ်နိုင်ဘူး၊ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ မင်းရဲ့ အင်မော်တယ်အဆင့် ပစ္စည်းက ငါ့ရဲ့နတ်ဘုရားပစ္စည်းကို ဘယ်လိုလုပ် ဖြိုခွဲနိုင်မှာလဲ" လျှိုဖန်းသည် သူ့ရှေ့မှ အဖြစ်မှန်ကို လက်မခံနိုင် မယုံကြည်နိုင်သော အမူအရာဖြင့် ပြောလိုက်သည်။
တဖက်လူသည် အင်မော်တယ်အဆင့်ပစ္စည်းကို အသုံးပြုနေစဉ်တွင် သူသည် အဆင့်နိမ့် နတ်ဘုရားပစ္စည်းကို အသုံးပြုနေသည်။ အဆုံးတွင်၊ ၎င်းသည် သူ၏ နတ်ဘုရားအဆင့် ပစ္စည်းကို ဖြိုခွဲခဲ့သည်။ ဤသည်မှာ လုံးဝ ယုတ္တိမရှိပေ။
လျှိုဖန်း၏ အဖော်နှစ်ယောက်သည်လည်း မျက်လုံးများ ပြူးကျယ်သွားကာ သူတို့မျက်နှာ တွေက မယုံနိုင်မူများဖြင့် ပြည့်နှက်နေသည်။
ဖန်ယွမ်ရှန်သည်လည်း အလားတူပင်။ ရှောင်ကျင်းသည် ဤကိစ္စကို မည်ကဲ့သို့ ပြီးမြောက် အောင် လုပ်ဆောင်ခဲ့သည်ကို သူမသိနိုင်ပေ။
"မင်း... မင်းက ဒါကို လုပ်တဲ့သူ ဖြစ်ရမယ်။" လျှိုဖန်းသည် ရုတ်တရက်ဆိုသလို ရှောင်ကျင်း ကို လက်ညှိုးထိုးပြပြီး၊ ရှောင်ကျင်းသည် သူ၏နတ်ဘုရားပစ္စည်း ပျက်ဆီးသွားစဉ် လှည့်စားနေသည်ဟုထင်ပြီး စွပ်စွဲလိုက်သည်။
"နည်းလမ်းအချို့ အသုံးပြုလိုက်ရတဲ့အတွက် ငါ့ကို အပြစ်မတင်ပါနဲ့။ မင်းရဲ့နတ်ဘုရား အဆင့်ပစ္စည်းကို ငါ့ရဲ့အင်မော်တယ်အဆင့်ပစ္စည်းက ဖြိုခွဲပစ်လိုက်ပြီ။ မင်း ဒူးထောက်ပြီး ငါ့ကို အဖိုးလို့ မခေါ်သင့်ဘူးလား" ရှောင်ကျင်းသည် လျှိုဖန်းကိုကြည့်ရင်း ရယ်မောကာ သူ့မျက်လုံးများတွင် လှောင်ပြောင်ခြင်းများဖြင့် ပြည့်နှက်နေသည်။