← Chapters

အခန်း ၁၅၅၉

Vol. 104 Ch. 1559

အခန်း ၁၅၅၉

Vol. 104 Ch. 1559

အခန်း (၁၅၅၉) ရူးသွပ်ဖွယ်တိုက်ပွဲ။

လျှိုဖန်းသည် ရှောင်ကျင်း၏စကားကို ကြားသောအခါတွင် သူ၏မျက်နှာသည် ချက်ချင်း နီရဲသွားပြီး သူ၏အမူအရာက အလွန်ရှက်ရွံ့သွားသည်။

အခုလေးတင်, သူသည် ရှောင်ကျင်းက သူ၏နတ်ဘုရားပစ္စည်းကို ဖြိုခွဲနိုင်ခဲ့လျှင်, ဒူးထောက်ပြီး သူ့ကို အဖိုးဟုခေါ်မည်ဟု သူ တကယ် ပြောခဲ့ပါသည်။ သို့သော်, အကယ်၍, သူ့ကို အမှန်တကယ် ထိုအတိုင်း ပြုလုပ်စေချင်သည်ဆိုလျှင်, ယင်းက သူ့ကို သတ်ခြင်း ထက်ပင် ပိုဆိုးလိမ့်မည်။

"ဟမ့်၊ ကောင်စုတ်လေး၊ မင်းက လှည့်ကွက်တွေနဲ့ တမင်တကာ ကစားနေတာပဲ။ အခုနက မင်းပြောခဲ့သလိုဆို သဘာဝအတိုင်း အဲဒါကို ထည့်တွက်လို့ မရဘူး။ တကယ်လို့, မင်းမှာ အရည်အချင်းရှိရင် မင်း ငါ့ကို အနိုင်ယူနိုင်တယ်" လျှိုဖန်းက အေးစက်စွာ ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်သည် နတ်ဘုရားလျှပ်စီးများဖြင့် ဖုံးလွှမ်းနေပြီး သူ၏အရှိန်အဟုန်က အံ့ဩစရာ ဖြစ်လာခဲ့သည်။

ရှောင်ကျင်းက ကူကယ်ရာမဲ့ ခေါင်းခါလိုက်သည်။ သူက လျှိုဖန်းကို ကြည့်ပြီး ပြောလိုက် သည် "ငါအရင်က အရှက်မရှိတဲ့လူတွေကို များစွာ မြင်ခဲ့ဖူးတယ်။ မင်းလို အရှက်မဲ့တဲ့ လူမျိုးတော့ ငါ တကယ် မတွေ့ဖူးသေးဘူး။ မင်းလိုမြေးတစ်ယောက် ရှိလာရင်တောင်, မင်းက ငါအဖိုးကို လုံးဝ အရှက်ခွဲမယ့်လူပဲ”။

"မင်းက သေချင်နေတာပဲ" လျှိုဖန်းက ဒေါသပေါက်ကွဲသွားပြီး၊ ရှေ့သို့ ခြေလှမ်းကာ နတ်ဘုရားလျှပ်စီးကဲ့သို့ ရှောင်ကျင်းကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

ရှောင်ကျင်း၏ မျက်လုံးများတွင် ခပ်ဖျော့ဖျော့ အပြုံးရိပ်တစ်ခု ပေါ်လာသည်။ သူသည် စိတ်ကူးယဉ်သည့် မည်သည့်လှုပ်ရှားမှုမျိုးမှ မပြုလုပ်ဘဲ လျှပ်စီးလက်ကဲ့သို့ တိုက်ခိုက် လိုက်သည်။ သူ့လက်ဖဝါးပေါ်ရှိ ရွှေရောင်နတ်ဘုရားတန်ခိုးစွမ်းအား ကြီးမားလှသည်။

"ဒူးထောက်စမ်း..!" ရှောင်ကျင်းက ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ့လက်ဖဝါးက ပုံရိပ်များစွာ ပြောင်းလဲသွားသည်။ သူသည် လျှိုဖန်း၏ ကောင်းကင်စိတ်ဝိညာဉ်အလွှာကို လက်ဖဝါးဖြင့် တိုက်ရိုက် ရိုက်ချလိုက်သည်။

ရှောင်ကျင်း၏ လက်ဖဝါး ရိုက်ချက်သည် မြေပြိုသကဲ့သို့ ပြင်းထန်ပြီး ခေါင်းလောင်းသံ ကဲ့သို့ မြည်ဟီးသည်။

လျှိုဖန်း မတုံ့ပြန်နိုင်ခင်မှာ သူသည် လေထဲမှာ အပြင်းအထန် ရိုက်နှက်ခံရပြီး မြေပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။

သူ့တစ်ကိုယ်လုံးသည် မြေပေါ်ဒူးတစ်ဖက် ကွေးညွတ်နေပြီး သူ့ဒူးခေါင်းမှ သွေးများ စီးကျနေကာ အရိုးများက တဖျစ်ဖျစ် မြည်နေသည်။ သူသည် နက်နဲသော တွင်းနက်တစ်ခု ဖြစ်သည်အထိ မြေကြီးထဲသို့ ပြင်းပြင်းထန်ထန် ဖိနှိပ်ခံနေရပြီး၊ သနားစဖွယ် ဟစ်အော်သံ များ ထွက်ပေါ်နေခဲ့သည်။

ဖန်ယွမ်ရှန်သည် ဤမြင်ကွင်းကို အဝေးမှ လှမ်းမြင်သောအခါတွင် သူ၏မျက်လုံးများသည် အလွန်မင်း အံ့အားသင့်သွားသည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်မိသည်။

ကြယ်နတ်ဘုရားနယ်ပယ် အလယ်လတ်အဆင့် ကျွမ်းကျင်တစ်ဦးသည် လက်ဖဝါး တစ်ချက်ဖြင့် အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးက မြေပြင်ပေါ်သို့ ဖိနှိပ်ခြင်းခံနေရသည့်အပြင် သူသည် လက်တုံ့ပြန်ရန် ခွန်အားအနည်းငယ်မျှပင် မရှိခဲ့ပေ။ ယင်းက ကြားရရုံဖြင့်ပင် အလွန်အံ့သြစရာ မကောင်းပေဘူးလား။

အဝေးက အခြားလူနှစ်ယောက်လည်း မျက်မှောင်ကြုတ်ပြီး ရှောင်ကျင်းကိုကြည့်နေသည့် သူတို့၏အကြည့်တွေက လုံးဝကို လေးနက်လာသည်။

အကယ်၍, သူသည် အလယ်အလတ်အဆင့် ကြယ်နတ်ဘုရားတစ်ပါးကိုသာ အနိုင်ယူနိုင် ပါက, ယင်းမှာ တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်သော်လည်း ယခုတွင်မူ သူတို့ထဲမှ နှစ်ဦးစလုံး သည် ရှုံးနိမ့်သွားရသည်။ သူတို့ရှေ့မှ ဤအစောပိုင်း ကြယ်နတ်ဘုရားသည် သူတို့ ထင်ထားသည်ထက် ပိုမိုသန်မာနေသည်ဟုသာ ဆိုလိုနိုင်ပါသည်။

လျှိုဖန်းက သူ့ခေါင်းကို မော့ပြီး ဟစ်ကြွေးလိုက်သည်။ သူ့မျက်လုံးတွေက နီရဲနေပြီး၊ သူ့နှလုံးသားက ပြင်းထန်သည့် မကျေနပ်မူများဖြင့် ပြည့်နေခဲ့သည်။ “ငါ မကျေနပ်ဘူး။ ငါ အစောပိုင်း ကြယ်နတ်ဘုရားပုရွက်ဆိတ်တစ်ကောင်ကို သေချာပေါက် အရှုံးမပေးနိုင် ဘူး…”

သူသည် ပါရမီရှင်တစ်ဦးဖြစ်ကြောင်း ကြွားဝါခဲ့သည်။ သူသည် အနာဂတ်တွင် ကောင်းကင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးဖြစ်လာမည်ဟု ပြောဆိုဖူးသည်။ အကယ်၍, သူ ရှုံးနိမ့်ခဲ့လျှင်ပင်, သူသည် နှောင်ပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ လက်ထဲမှာ ရှုံးနိမ့်သင့်သည်။ ယခုမူ၊ သူသည် အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို ရှုံးသွားခဲ့ပြီ။ ဤရိုက်ခတ်မူဒဏ်ကို သူ မည်သို့ ခံနိုင်ရည်ရှိမည် နည်း။

"ငါ မင်းကို သတ်မယ်" လျှိုဖန်းက ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည်။

"မင်းမှာ အခွင့်အရေး မရှိဘူး!"

သို့သော် သူပြောပြီးသည်နှင့် ရှောင်ကျင်း၏အသံက သူ့နားထဲတွင် ထွက်ပေါ်လာသည်။ ထို့နောက် ရှောင်ကျင်း၏ရုပ်အသွင်သည် နတ်ဆိုးနတ်ဘုရားတစ်ပါး ကမ္ဘာမြေသို့ သက်ဆင်းလာသကဲ့သို့ လျှိုဖန်း၏ ဦးခေါင်းထက်တွင် ပေါ်လာသည်။

ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်နှင့် မြေကြီးသည် ပျက်သုဉ်းသွားရမည်။

ရှောင်ကျင်း၏ ခြေကန်ချက်ကြောင့် လျှိုဖန်း၏ ခန္ဓာကိုယ် တစ်ခုလုံး ကွဲကြေသွားခဲ့သည်။

ကြယ်နတ်ဘုရားနယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် ထိုကဲ့သို့ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရပြီး၊ နောက်ဆုံးတွင် သနားစဖွယ် အော်ဟစ်သံကိုပင် မထုတ်ဖော်နိုင်ခဲ့ပေ။

ရှောင်ကျင်းသည် သူ့စိတ်ရှည်မူ ပျောက်ဆုံးသွားပြီ။ အလယ်လတ်အဆင့် ကြယ်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူများသည် သူထင်သည်ထက် အားနည်းသည်ကို သူ တွေ့ရှိခဲ့ရသည်။ သူတို့ အမှန်တကယ် တိုက်ခိုက်ကြသည့်အခါ သူ့စိတ်နှလုံးထဲမှ စစ်မှန်သော စိတ်ဝိညာဉ် ကို မလှုံ့ဆော်နိုင်ခဲ့ပေ။

"သူ့ရဲ့အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျင့်ကြံမှုနဲ့ အလယ်လတ် ကြယ်နတ်ဘုရား နှစ်ပါးကို ဆက်တိုက် သတ်လိုက်တယ်။ ဒီညီအစ်ကိုကျင်းရဲ့ တိုက်ခိုက်ရေး စွမ်းအားက ဒီလောက်တောင် အစွမ်းထက်တာလား။ ဒီလို ထက်မြက်တဲ့ အရည်အချင်းမျိုးဆို၊ နတ်ဘုရားကမ္ဘာမှာ သူနဲ့ယှဉ်နိုင်သူ အများကြီးမရှိမှတောင် ငါ စိုးရိမ်တယ်။" ဖန်ယွမ်ရှန် သည် ရှောင်ကျင်း၏ခွန်အားကို အပြည့်အဝ ယုံကြည်သွားပြီး သူ့နှလုံးသား အောက်ခြေမှ ချီးကျူးလိုက်ပါသည်။

ရှောင်ကျင်းသည် ဖန်ယွမ်ရှန်၏ ချီးမွမ်းသံကို ကြားသောအခါ လှည့်ကြည့်ပြီး တုန့်ပြန်လိုက် သည် "ဖန်လေး, ဒါကို မင်းက အံ့သြနေတယ်။ တကယ်လို့, ငါ့အစ်ကိုကြီးရဲ့ အရည်အချင်း ကိုသာ မင်းမြင်ခဲ့ရင်, မင်း သေမတတ် ကြောက်သွားမှာ မဟုတ်ဘူးလား?"

"အစ်ကိုကြီးလား..။ သူကလည်း အရမ်းသန်မာတာလား။ သူကလည်း အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ်အဆင့် အလယ်လတ် ကြယ်နတ်ဘုရားအဆင့်ကို သတ်ဖြတ်နိုင် တာလား။ ဖန်ယွမ်ရှန်က အံ့သြစွာမေးလိုက်သည်။

"အစောပိုင်း ကြယ်နတ်ဘုရားအဆင့် အလယ်လတ် ကြယ်နတ်ဘုရားအဆင့်ကို သတ်ဖြတ် တာလား? ဒါက ငါ့အဆင့်လေ။ သူက အလယ်လတ် ကြယ်နတ်ဘုရားအဆင့်ကို မပြောနဲ့, အထွက်အထိပ် ကြယ်နတ်ဘုရားအဆင့်တောင် သတ်ဖြတ်နိုင်သေးတယ်။" ရှောင်ကျင်းက အထင်သေးသော အမူအရာဖြင့် ပြောလိုက်သည်။ သူက ဖန်ယွမ်ရှန်ကို ဖားသူငယ် တစ်ကောင်ကို ကြည့်နေသည့်အလား ကြည့်နေသည်။

"အစောပိုင်း ကြယ်နတ်ဘုရားအဆင့်နဲ့ အထွက်အထိပ် ကြယ်နတ်ဘုရားကို သတ်ဖြတ်နိုင် တာလား?။ မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး!" ရှောင်ကျင်းသည် ကြွားလုံးထုတ်နေသည်ဟု ထင်ကာ ဖန်ယွမ်ရှန်က အမြန်ပြန်ပြောလိုက်သည်။

သူ့အမြင်အရဆို, နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိလာသည်နှင့် အဆင့်တွေကြားမှ ကွာဟချက်သည် အလွန်ကြီးမားပါသည်။ ပိုမိုမြင့်မားသောအဆင့်ကို စိန်ခေါ်နှိုင်လေ ကောင်းကင်ဘုံကို အံတုနိုင်လေ ဖြစ်သည်။ ပိုမိုမြင့်မားသော အဆင့်ကို စိန်ခေါ်နှိုင်ရန်မှာ ပို၍ မဖြစ်နိုင်လေ ဖြစ်မည်။

"သူပြောတာ အမှန်ပဲ!" သို့သော် သူပြန်ပြောပြီးသည်နှင့် သူ့ဘေးနားမှ လေးနက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ထိုစကားကိုကြားတော့ ဖန်ယွမ်ရှန်၏နှလုံးက တုန်ခါသွားသည်။

ရှောင်ကျင်းသည် ဝါကြွားခြင်းကို နှစ်သက်သော်လည်း ရှောင်ဘိုင်သည် ဝါကြွားခြင်းကို နှစ်သက်သူ မဟုတ်သည်မှာ သေချာသည်။ ရှောင်ဘိုင်ကိုယ်တိုင်က ယခုလိုပြောလာသည့် အတွက် ဤစကားက အမှန်ဟုသာ ယူဆရပါမည်။

သို့သော်၊ အစောပိုင်း ကြယ်နတ်ဘုရားတစ်ပါးက အထွတ်အထိပ် ကြယ်နတ်ဘုရား တစ်ပါး ကို သတ်ဖြတ်နိုင်သည်ဟု ယုံကြည်ရန် သူ့အတွက် အလွန်ခက်ခဲနေပါသေးသည်။

တကယ်ဆို၊ ချင်ယွင်၏ လက်ရှိကျင့်ကြံမှုဖြင့်၊ ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ် ကျွမ်းကျင်သူများကို သတ်ဖြတ်ခြင်းသည် လွယ်ကူလွန်းသည်။ နတ်ဆိုးနတ်ဘုရား ကျင့်ကြံခြင်းအပါအဝင်၊ မြေကမ္ဘာနတ်ဆိုးနတ်ဘုရားနယ်ပယ် အလယ်လတ်အဆင့်ဖြင့် အစောပိုင်း ကောင်းကင်နတ်ဘုရားများကို သတ်ဖြတ်ခြင်းကပင် နတ်ဘုရားကမ္ဘာ တစ်ခုလုံးကို တုန်လှုပ်သွားစေရန် လုံလောက်ပါသည်။

ကျန်ရှိနေသော ကြယ်နတ်ဘုရားနယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူနှစ်ဦး သည် ထိန်းချုပ်မထားတော့ပေ။ သူတို့နှစ်ဦးသည် ရှောင်ကျင်းကို တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ကြသည်။

သူတို့နှစ်ဦးစလုံးသည် အားနည်းခြင်း မရှိကြဘဲ သူတို့၏တိုက်ခိုက်မှုများသည် အလွန်မင်း ရက်စက်ကြမ်းကြုတ်လှသည်။ သူတို့သည် အတော်လေး လက်တွဲညီညီ ပူးပေါင်း တိုက်ခိုက်နိုင်ခဲ့ကြသော်လည်း နောက်ဆုံးတွင် ရှောင်ကျင်း၏ သံမဏိလက်သီးအောက်မှာ သေဆုံးသွားခဲ့ပြီး ရှောင်ကျင်း၏ ပြာအဖြစ် လွင့်ထုတ်ခြင်း ခံလိုက်ရပါသည်။

အင်မော်တယ် စိန်မျောက်ဝံ၏ ခန္ဓာကိုယ်သည် လုံးဝ သွားရှုပ်၍မရပေ။ အလယ်လတ် အဆင့် မြေကမ္ဘာနတ်ဆိုးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ ရုပ်ခန္ဓာကိုယ်၏ ခွန်အားသည်ပင် သူနှင့် ယှဉ်ကောင်းမှ ယှဉ်နိုင်လိမ့်မည်။ ထို့ကြောင့် ရှောင်ကျင်းသည် အလယ်လတ် ကြယ်နတ်ဘုရားများကို သတ်ဖြတ်ခြင်းသည် သဘာဝအတိုင်း ပြဿနာ မရှိပေ။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ဖန်ယွမ်ရှန်သည် လုံးဝ မှင်သက်သွားခဲ့သည်။ သူသည် ရှောင်ကျင်း၏ ခွန်အားကို လုံးလုံးလျားလျား ယုံကြည်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ ရှောင်ကျင်းပြောနေသည့် အစ်ကိုကြီးဆိုသူကိုလည်း အလွန် စိတ်ဝင်စားသွားသည်။

ထိုနောက်မှာတော့ သူတို့ သုံးယောက်သည် သူတို့၏အင်အားတွေကို အတူပေါင်းစည်းပြီး ထိုကမ္ဘာငယ်လေးကို လှည့်ပတ်သွားလာကြသည်။ အလွန်လျင်မြန်စွာဖြင့်, သူတို့သည် ဤကမ္ဘာငယ်လေးတွင် ခိုင်မာသောဂုဏ်သတင်းတစ်ခုကို ထူထောင်နိုင်ခဲ့ကြသည်။ များသောအားဖြင့်တော့ သူတို့ကို တိုက်ခိုက်ခဲ့သည့် လူတွေအားလုံး သေဆုံးကုန်ကြပြီ။

နှောင်းပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်နှင့် ဆုံတွေ့ခဲ့သည့်အချိန် တစ်ခုသာ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် အတူပူးပေါင်းပြီး ထိုလူကို သတ်ပစ်ခဲ့သည်။ ထိုနောက်မှာတော့ သူတို့ကို အနှောက်အယှက်ပေးရန် မည်သူမျှ သတ္တိမရှိကြတော့ပါဘူး။

ဤဖြစ်စဉ်တွင် အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ ဤကမ္ဘာငယ်လေးတွင် လူတွေကလည်း တဖြည်းဖြည်း နည်းပါးလာသည်။

ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် ဤကမ္ဘာငယ်လေးရှိ လူတိုင်းကို သတ်ဖြတ်နေချိန်မှာ,၊ လေဟာနယ်နှင့်အချိန် ဘိုးဘေးနတ်ဘုရားပစ္စည်း ဖန်တီးထားသည့် စကြာဝဠာအတု၏ တိုက်ပွဲဧရိယာထဲမှာ…..

ချင်ယွင်သည် လက်ရှိတွင် သူနှင့် ထပ်တူထပ်မျှတူသည့် လူတစ်ဦးနှင့် တိုက်ပွဲဝင်နေပါ သည်။ ဤလူသည် ချင်ယွင် ချမှတ်ထားသော ပြိုင်ဘက်ဖြစ်သည်။ ထိုပြိုင်ဘက်သည် သူပိုင်ဆိုင်သည့် ခွန်အားအားလုံးကို ပိုင်ဆိုင်ထားရုံသာမကဘဲ၊ သူ့ခွန်အားကို အခြေခံ၍ သတ်ဖြတ်ခြင်းနည်းတစ်ထောင်ကိုလည်း ကျွမ်းကျင်သည်။

ဤနည်းအားဖြင့်၊ ချင်ယွင်သည် ထိုကဲ့သို့လူမျိုးနှင့် တိုက်ခိုက်သောအခါ, အားနည်းချက် များကို ပြည့်ပြည့်ဝဝ တွေ့ကြုံတွေ့ရလိမ့်မည်။ သူကိုယ်တိုင်သည်လည်း သတ်ဖြတ်ခြင်း နည်းတစ်ထောင်ကို ကျွမ်းကျင်သော်လည်း သတ်ဖြတ်ခြင်းနည်းတစ်ထောင်တွင် ပြိုင်ဘက်၏ ကျွမ်းကျင်မှုသည် သူ့ထက်သာလွန်ပြီး ပြီးပြည့်စုံခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထို့ကြောင့် ချင်ယွင်သည် အစကတည်းက ရက်စက်စွာ ညှင်းပန်းနှိပ်စက်ခံခဲ့ရပြီး အကြိမ်ကြိမ် အသတ်ခံခဲ့ရသည်။

သို့သော် ချင်ယွင်သည် အရူးအမူး တိုက်ခိုက်လာသည်နှင့်အမျှ သူ၏သတ်ဖြတ်ခြင်းနည်း တစ်ထောင်ကို ကျွမ်းကျင်မူက ပိုမိုကျွမ်းကျင်လာသည်။ သူသည် တိုက်ပွဲပေါင်း သောင်းနှင့် ချီ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးတွင် ချင်ယွင်၏ သတ်ဖြတ်ခြင်းနည်း တစ်ထောင် ကို ကျွမ်းကျင်မူက ပြိုင်ဘက်၏ ထိန်းချုပ်မှုအောက်တွင် ကျရောက်ခြင်း မရှိတော့ပေ။

သို့သော်လည်း ချင်ယွင်သည် သိုင်းတာအို၏ စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်ခဲ့ပေ။ အကယ်၍, သူသည် သိုင်းတာအို၏ စစ်မှန်သော အဓိပ္ပါယ်ကို သူနားမလည်ပါက, သူသတ်မှတ်ထားသော ပြိုင်ဘက်ကို လုံးဝ အနိုင်ယူနိုင်မည် မဟုတ်ပေ။

All Chapters