← Chapters

အခန်း ၁၅၆၀

Vol. 104 Ch. 1560

အခန်း ၁၅၆၀

Vol. 104 Ch. 1560

အခန်း (၁၅၆၀) သိုင်းပညာ စစ်မှန်သော အဓိပ္ပာယ်။

"ဘုန်း….၊ ဘုန်း…၊ ဘုန်း…၊ ဘုန်း…၊ ဘုန်း…."

ကြီးမားသော တိုက်ပွဲကွင်းပြင်ပေါ်တွင် ချင်ယွင်နှင့် သတ်မှတ်ထားသော ပြိုင်ဘက်သည် အဆက်မပြတ် တိုက်ခိုက်နေကြသည်။

နှစ်ယောက်စလုံး လက်ဗလာနှင့်ပင်။ သူတို့သည် အလွန်မင်း လျင်မြန်စွာ တိုက်ခိုက်ကြ၏။ လက်သီးနှင့် တံတောင်တစ်ချက်စီတိုင်းတွင် အဆုံးမဲ့ စွမ်းအားများ ပါဝင်နေသည်။ သူတို့ အချင်းချင်း ထိပ်တိုက်တွေ့ဆုံမိသောအခါ ထွက်ပေါ်လာသော အသံများသည် ဤတိုက်ပွဲ နယ်မြေတွင် အဆုံးမရှိသော မိုးခြိမ်းသံများကဲ့သို့ပင်။

ကံကောင်းထောက်မစွာ၊ ဤတိုက်ပွဲနယ်မြေရှိ တိုက်ပွဲကွင်းပြင်တိုင်းသည် လူသူကင်းဆိတ် သည်။ ထိုသို့မဟုတ်ဘဲ, သူ့ပတ်ဝန်းကျင်မှာ လူများရှိနေပါက ချင်ယွင်၏ခွန်အားကြောင့် တုန်လှုပ်သွားကြမည်မှာ သေချာပါသည်။

ချင်ယွင်၏ ထိုးနှက်ချက်တိုင်းသည် လေဟာနယ်ထဲတွင် ကြောက်စရာကောင်းသော လှိုင်းလုံးများကို ဖြစ်ပေါ်လာစေသည်။ သူတိုက်ခိုက်လိုက်သည့် အရှိန်ဟုန်က ပို၍ပင် ကြောက်စရာကောင်းသည်။ တစ်စက္ကန့်အတွင်းမှာပင်, သူသည် လက်သီးချက်ပေါင်း တစ်သောင်းကျော် တိုက်ခိုက်နိုင်လိမ့်မည်။ ကြယ်နတ်ဘုရားအဆင့်တွင် ကြောက်မက်ဖွယ် ကောင်းသော ထိုအမြန်နှုန်းသည် ပို၍ပင် စိတ်ကူးမယဉ်နိုင်ပေ။

သို့သော်လည်း ချင်ယွင်က မကျေနပ်သေးပေ။

သူ့တိုက်ခိုက်မှုက လျှင်မြန်သော်လည်း သူ့ပြိုင်ဘက်၏ တိုက်ခိုက်မှုအရှိန်ဟုန်ကလည်း အလားတူ မြန်ဆန်ပါသည်။ ထို့ကြောင့် သူ့တွင် အားသာချက် အနည်းငယ် ရှိသည်။ အများစုမှာ သူသည် ပြိုင်ဘက်နှင့် လက်ရည်သူသာ တိုက်ခိုက်နိုင်သည်။

"မဟုတ်ဘူး၊ ငါ တာအိုရဲ့စစ်မှန်တဲ့ အဓိပ္ပါယ်ကို နားလည်ပြီး၊ သိုင်းတာအိုရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို ကနဦးအဆင့်ဆီသို့ ဝင်ရောက်နိုင်ရမယ်။" ချင်ယွင်က ဆက်လက် တိုက်ခိုက် ရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

သိုင်းပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်နိုင်သေးပါက သတ်ဖြတ်ခြင်းနည်း တစ်ထောင်ကို ရုပ်ခန္ဓာကိုယ်နှင့် သင့်လျှော်သည့် နတ်ဘုရားစွမ်းရည်တစ်ခုဟုသာ ယူဆနိုင်သည်။ ၎င်းနှင့်ပတ်သက်ပြီး အထူးကြောက်စရာ ဘာမှမရှိသော်လည်း သိုင်းပညာ ၏ စစ်မှန်သော အဓိပ္ပာယ်နှင့် ပေါင်းစပ်ထားသည့် သတ်ဖြတ်ခြင်းနည်းတစ်ထောင်က တော့ လုံးဝ ကွဲပြားပါသည်။ ၎င်းသည် ပုပ်သိုးနေသည့်အရာကို မှော်ပညာအဖြစ်သို့ ပြောင်းလဲပေးနိုင်သည့် စွမ်းရည်မျိုး သေချာပေါက် ပိုင်ဆိုင်နိုင်လိမ့်မည်။

အကယ်၍, သူသည် လက်သီးတစ်ချက် ထိုးနှက်လိုက်သည်နှင့် သူသည် နတ်ဘုရား ကမ္ဘာ၏ လေဟာနယ်ထဲမှာ အနှိုင်းမဲ့ ကြီးမားသော အပေါက်ကြီးတစ်ခုကိုပင် ဖန်တီးနိုင်မည်ဖြစ်ပြီး၊ ကောင်းကင်နတ်ဘုရားအများစုပင် ယင်းကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

"ဘုန်း…., ဘုန်း…၊ ဘုန်း…၊ ဘုန်း…!"

ချင်ယွင်နှင့် သူ့ပြိုင်ဘက်တို့သည် ဆက်လက်တိုက်ခိုက်နေခဲ့ကြသည်။ သူတို့၏ ပုံရိပ်များ သည် ဤကြီးမားသော တိုက်ပွဲကွင်းပြင်ပေါ်တွင် အဆက်မပြတ် လှုပ်ရှားနေပါသည်။ သူတို့သည် ရံဖန်ရံခါ ကောင်းကင်ယံ၌ ပေါ်လာပြီး တစ်ခါတစ်ရံ မြေပြင်ပေါ်တွင် ပေါ်လာသည်။ သူတို့သည် မည်သူက မည်သူမှန်း မသဲကွဲတော့ပေ။

"ဘုန်း…"

ထိုအခိုက်တွင်, ချင်ယွင်နှင့် သူ့ပြိုင်ဘက် နှစ်ယောက်စလုံးသည် သူတို့ရင်ဘတ်တွေကို လက်သီးကိုယ်စီ ထိုးမိပြီး နောက်ပြန် လွင့်သွားကြသည်။

ချင်ယွင်သည် ပေပေါင်းရာနှင့်ချီ၍ နောက်ပြန် လွင့်ပျံသွားကာ တိုက်ပွဲကွင်းပြင်၏အစွန်းရှိ အကာကွယ်အတားအဆီးကို တိုက်ရိုက်ထိ မှန်သွားပြီး တိုက်ပွဲကွင်းပြင်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားခဲ့သည်။

သို့သော်လည်း ချင်ယွင်၏ မျက်လုံးများသည် တိုက်ပွဲဝင်လိုစိတ်များ ပြည့်နှက်နေပြီး သူသည် လုံးဝ မတုန်လှုပ်ပေ။

သူ၏၀တ်ရုံများသည် တဖျပ်ဖျပ်ခတ်နေကာ သူ၏ အငွေ့အသက်သည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသည်။

ရုတ်တရက် ချင်ယွင်၏ စိတ်ထဲတွင် အဝတ်အထည်ဘိုးဘေးနတ်ဘုရားသည် သူနှင့် တိုက်ခိုက်ခဲ့သည့် မြင်ကွင်းကို သတိရသွားသည်။ အဝတ်အထည် ဘိုးဘေးနတ်ဘုရားသည် ထိုအချိန်က သိုင်းသုံးကွက်ကိုသာ ပြသခဲ့သော်လည်း ထိုသိုင်းသုံးကွက်က ထိုသိုင်းသုံး ကွက်တွင် ပါဝင်နေသော တာအိုအနှစ်သာရတစ်ခုလုံးကို ချင်ယွင်အား ပြန်လည် အမှတ်ရ စေသည့်အပြင် အဝတ်အထည် ဘိုးဘေးနတ်ဘုရား၏ ခမ်းနားထည်ဝါမူနှင့် အရှိန်အဟုန် တို့ကို ချင်ယွင်အား ပြန်လည်အမှတ်ရစေခဲ့သည်။ သူ့နှလုံးသားထဲမှာတော့ ထိုခံစားချက်က အလွန်ဝေဝေဝါးဝါးဖြစ်လွန်းသည်။

ထိုခံစားချက်က သူ့ကို ပတ်လည်ဝိုင်းထားသည့် တိမ်တွေလိုဖြစ်နေပြီး၊ အမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ရန် မဖြစ်နိုင်ပါဘူး။ သို့သော် သူသည် ဤတိမ်လွှာများကို ဖယ်ရှားနိုင်သည်နှင့် သူသည် မတူညီသောကမ္ဘာတစ်ခုသို့ တက်လှမ်းနိုင်မည်ကို ချင်ယွင်က သိထားသည်။

"ဘုန်း…"

အဝေးက ပြိုင်ဘက် ချင်ယွင်သည် တုန်လှုပ်ချောက်ချားဖွယ် အငွေ့အသက်နှင့်အတူ သူ့ဆီသို့ နောက်တစ်ကြိမ် ထပ်မံ ပြေးဝင်လာခဲ့ပြီး၊ ယင်းကြောင့် သူ၏ ကြယ်ဂြိုဟ်တစ်ခု လုံး မြေပြင်ပေါ် ပြိုဆင်းသွားပါသည်။

သို့သော် ချင်ယွင်သည် ပြိုင်ဘက်၏ တိုက်ခိုက်မှုကို မျက်ကွယ်ပြုထားသည်။ အဆုံးတွင် သူသည် ထိုမထင်မရှား ခံစားချက်ကို ဖမ်းဆုပ်နိုင်ရန် မျက်လုံးများကို မှိတ်ထားခဲ့သည်။

ဤအရာက တစ်သက်မှာ တစ်ခါပဲရနိုင်သည့် အခွင့်အရေးဆိုတာ သူသိသည်။ ထိုခံစားချက် ကို သူရှာတွေ့နိုင်သရွေ့ သူသည် သိုင်းပညာ၏ စစ်မှန်သော အနှစ်သာရအဆင့်သို့ လုံးလုံး လျားလျား တက်လှမ်းနိုင်မည် ဖြစ်သည်။

စစ်မှန်သော အဓိပ္ပါယ်သည် အဆုံးမရှိ လျှို့ဝှက်ဆန်းကြယ်သည်။

ချင်ယွင်သည် မလှုပ်မယှက် ရပ်နေရင်း သူ၏ မျက်လုံးများကို တင်းတင်းမှိတ်ထားသည်။ သူ့တစ်ကိုယ်လုံးသည် အလွန်မင်း ထူးခြားသည့် ပျော်ရွှင်ကြည်နူးဖွယ် အခြေအနေထဲသို့ ဝင်လာခဲ့သည်။ ဤအခိုက်အတန့်တွင် ကမ္ဘာကြီးသည် ပျောက်ကွယ်သွားပုံရပြီး ကမ္ဘာကြီး က ဟင်းလင်းပြင်ကြီးတစ်ခု ဖြစ်သွားသလိုပင်။

သူကိုယ်တိုင်ကတော့ ထိုရှေးဦး ဖရိုဖရဲ လေဟာနယ်ထဲမှာ ဖြောင့်မတ်စွာ ရပ်နေခဲ့ပြီး၊ တစ်ချိန်တည်းမှာ လက်သီးတစ်ချက် ထုတ်ဖော်လိုက်သည်။ သူသည် စိတ်စောနေခြင်း မရှိသလို နှေးကွေးခြာင်းလည်း မရှိပေ။ သူ၏လှုပ်ရှားမှုများသည် ချောမွေ့စွာ စီးမျောနေပြီး ၎င်းတို့သည် စကြဝဠာ၏ တော်ဝင်တာအိုနှင့် သဟဇာတဖြစ်နေသည်။

ထိုအချိန်တွင် သူသတ်မှတ်ထားသော ပြိုင်ဘက်သည် ချင်ယွင်၏ရှေ့တွင် ရှိနေပြီ။ သူ၏ လက်သီးသည် ချင်ယွင်၏ မျက်ခုံးကြားနေရာသို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား များဖြင့် ထိုးဖောက် ဝင်ရောက်သွားသည်။ အကယ်၍ ဤလက်သီးချက်သာ ထိမိသွားပါက၊ ချင်ယွင်၏ ရုပ်ခန္ဓာကိုယ်အတုသည် လုံးဝ အစိပ်စိပ်မွှာမွှာ ပြိုကွဲပြီး၊ ချင်ယွင်ရရှိထားသည့် ထိုအခြေအနေမှာလည်း လုံးဝ ပျက်စီးသွားမည် ဖြစ်သည်။

ဘန်း…။

သို့သော်လည်း ထိုအချိန်တွင် ချင်ယွင်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီး သူ့မျက်လုံးများမှ ပြင်းထန်သော အလင်းတန်းများ ထွက်ပေါ်လာသည်။

သတ်မှတ်ထားသည့် သူ့ပြိုင်ဘက်သည် မူလက လျင်မြန်သော်လည်း ယခုအခါ ထူးထူး ခြားခြား နှေးကွေးလာပြီး ပြင်းထန်သော လက်သီးချက်သည်လည်း ချင်ယွင်ဘက်သို့ ဖြည်းဖြည်းချင်းသာ တိုးဝင်လာသည်။

"ဒါက သိုင်းပညာရဲ့ စစ်မှန်သော အနှစ်သာရရဲ့ ကနဦးအဆင့်ပဲလား။ ဘယ်လောက် အံ့ဩစရာကောင်းလဲ" ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ အံ့သြသော အမူအရာ တစ်ခုကို ထုတ်ဖော်လိုက်သည်။

ဤအခိုက်အတန့်တွင် သူသည် မကြုံစဖူး ရှင်းလင်းပြတ်သားမှုကို ခံစားလိုက်ရသည်။ သူ့ရှေ့က စကြာဝဠာအတုကတောင် လုံးဝ မတူကွဲပြားသွားခဲ့ပြီ။

"ဘုန်း…"

ချင်ယွင်က လက်သီးတစ်ချက်ကို တိုက်ရိုက် ထုတ်လိုက်သည်။ သူသည် ဤလက်သီးတွင် မည်သည့် နတ်ဘုရားစွမ်းရည်ကိုမျှ အသုံးမပြုခဲ့ဘဲ ၎င်း၏စွမ်းအားသည် ပြိုင်ဘက်၏ လက်သီးထက် အဆပေါင်းများစွာ ပိုကြောက်စရာကောင်းနေသည်။

"ဘန်း..!"

ချင်ယွင်၏ လက်သီးချက်သည် ပြိုင်ဘက်၏ ရင်ဘတ်ကို ထိလိုက်သောအခါ၊ သူ့တစ်ကိုယ် လုံး ချက်ချင်း ပြိုကျကာ ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်။

တစ်ဖက်တွင် ချင်ယွင်သည် အံ့သြသော အမူအရာဖြင့် သူ့လက်သီးကို ကြည့်လိုက်ရင်း သူ့စိတ်ထဲမှာ အံ့ဩခြင်းများဖြင့် ပြည့်နေခဲ့သည်။

အစောပိုင်း ထိုလက်သီးချက်တွင် သူသည် မည်သည့်နတ်ဘုရားစွမ်းရည်ကိုမျှ အသုံးပြု ထားခြင်းမရှိဘဲ သူ အခုလေးတင် နားလည်သဘောပေါက်ထားသည့် သိုင်းတာအို အနှစ်သာရနှင့် ရောနှောထားသည်။ ဤသိုင်းတာအိုအနှစ်သာရ၏ စွမ်းအားသည် အမှန်တကယ်ပင် နတ်ဘုရားစွမ်းရည်များနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။

တစ်ချိန်တည်းဆိုသလို, ချင်ယွင်ရှိနေသည့် ကြယ်တာရာကမ္ဘာအတွင်းမှာ, အဆုံးမဲ့ နတ်ဘုရားတန်ခိုးစွမ်းအားသည် ကြီးမားသော ဝဲဂယက်ကြီးတစ်ခုအသွင် ဖြစ်ပေါ်လာပြီး ချင်ယွင်နေထိုင်သည့် ဘေးဘက်ခန်းမတွင် အဆက်မပြတ် စုစည်းနေခဲ့သည်။

ဤကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုးစွမ်းအား၏ ဝဲဂယက်ကြီးသည် ဧရာမ နက်ဗျူလာတစ်ခုကဲ့သို့ ကြီးမားပြီး လေဟာနယ်တစ်ခုလုံးကို ပျံ့နှံ့သွားကာ ကြယ်တာရာကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေသည့် ကြီးမားလှသော လှုပ်ရှားမှုများကို ဖြစ်ပေါ်စေသည်။

နန်းတော်ဗိမာန်များတွင် ကျင့်ကြံနေကြသော ပညာရှင်အားလုံး ဤရုန်းရင်းဆန်ခတ် ဖြစ်မူကြောင့် ထိတ်လန့်သွားကြသည်။ သူတို့သည် နတ်ဘုရားနန်းတော်များထဲမှ တယောက်ပြီးတယောက် ထွက်လာကြပြီး ချင်ယွင်ရှိရာအရပ်ဆီသို့ လှမ်းမျှော်ကြည့်ကြ သည်။ ထို့နောက် သူတို့မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ဖြစ်ပေါ်လာသည်။

"ဒီစွမ်းအင် အတက်အကျလှိုင်းက စစ်မှန်သော အနှစ်သာရက ဆင်းသက်လာတာများ လား?။ ဒီလိုကောင်းကင်ဘုံကို အံတုနိုင်တဲ့ စစ်မှန်သော အနှစ်သာရကို အတိအကျ ဘယ်သူက နားလည်သွားတာလဲ။” ကျွမ်းကျင်ပညာရှင်များအားလုံး ထိတ်လန့်သွားပြီး၊ သူတို့သည် ချင်ယွင်ရှိရာ နတ်ဘုရားနန်းတော်ဆီသို့ ပျံသန်းသွားကြသည်။

"စိတ်ဝင်စားဖို့ ကောင်းတယ်။ အဲဒါက သိုင်းပညာရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ပဲ။ ကောင်စုတ် လေး၊ မင်းက ငါ့ကို တကယ်ပဲ အံ့အားသင့်အောင် လုပ်နိုင်ပါတယ်။ မင်းက ငါ့ရဲ့ သဘောကျ ဆုံး လူတစ်ယောက်ဖြစ်ဖို့ တကယ်ကို ထိုက်တန်ပါတယ်။"

ကြယ်တာရာကမ္ဘာရှိ နတ်ဘုရားနန်းတော်များ၏ အလယ်ဗဟိုရှိ ခန်းမကြီးထဲမှာ ထိုင်နေသည့် လေဟာနယ် ဘိုးဘေးနတ်ဘုရားပင်လျှင် ရုတ်တရက် မျက်လုံးဖွင့်လိုက် သည်။ သူ့မျက်လုံးများက လေဟာနယ်ကို ထိုးဖောက်ဝင်ရောက်ကာ ချင်ယွင်၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက်, သူသည် ဝမ်းသာအားရ ထုတ်ဖော် ပြောဆိုလိုက်သည်။ ထိုစကားကို ပြောပြီးနောက်, သူသည် ပလ္လင်တော်မှ ထရပ်ပြီး၊ လေဟာနယ်ထဲသို့ ခြေလှမ်းလိုက်ပါသည်။

ယခုအချိန်တွင် ချင်ယွင်သည် သူကြောင့်ဖြစ်ပေါ်ခဲ့သော ရုန်းရင်းဆန်ခတ်မှုကို လုံးဝ သတိမထားမိပေ။ ဤအခိုက်အတန့်တွင် သူသည် စကြာဝဠာအတုထဲတွင် ရှိနေသေးပြီး၊ စစ်မှန်သော အဓိပ္ပာယ်ကြောင့် ဖြစ်ပေါ်လာသော အပြောင်းအလဲများကို ဂရုတစိုက် ခံစားနေဆဲဖြစ်သည်။

ယခုအချိန်တွင် သူ၏ အစစ်အမှန် ခန္ဓာကိုယ်သည် ကြီးမားသော ပြောင်းလဲမှုများကို ကြုံတွေ့နေရသည်။ အလွန်တရာလှပသော ရောင်စုံအလင်းတန်းတစ်ခုက သူ့ကို လွှမ်းခြုံ ထားသည်။ သူ့နောက်တွင် တီကောင်အရွယ်စား ဉပဒေသကွင်းဆက်တစ်ခုက သူ့ခန္ဓာ ကိုယ် တစ်ဝိုက်မှာ လှည့်ပတ်နေကာ နှလုံးတုန်လောက်သည့် စွမ်းအင်အတက်အကျလှိုင်း ကို ထုတ်လွှတ်နေသည်။

မှန်ပါသည်၊ ထိုအရာသည် ယခုလေးတင် ချင်ယွင် နားလည်ထားသော သိုင်းပညာ အစစ်မှန်အနှစ်သာရနှင့် ဥပဒေသ၏ ကွင်းဆက်တစ်ခု ဖြစ်ပါသည်။

သို့သော် ဤဥပဒေသကွင်းဆက်သည် သေးငယ်လွန်းလှသည်။ ထို့အပြင်, ၎င်းသည် လက်ဖဝါးအရွယ်မျှသာ ရှိသေးသည်။ ထိုဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ၏ ဥပဒေသကွင်းဆက်များနှင့် နှိုင်းယှဉ်ပါက ၎င်းသည် လီပေါင်း ၁၀၈၀၀၀ အားနည်းပါသည်။ သို့သော် ဤဥပဒေသကွင်းဆက် ထွက်ပေါ်လာခြင်းက ချင်ယွင်သည် စစ်မှန်သော ဆန္ဒကို ကျင့်ကြံခြင်း၏ ကနဦးအဆင့်သို့ တရားဝင် ဝင်ရောက်သွားပြီဟု ဆိုလိုပါသည်။

ဤဥပဒေသကွင်းဆက်သည် ချင်ယွင်အား ကြီးမားသော စွမ်းအားကို ပေးစွမ်းသည်။ အနည်းဆုံး ချင်ယွင်၏ တိုက်ခိုက်ရေးစွမ်းအားကို ဆယ်ဆတိုးစေနိုင်သည်။

ဘန်း…။

ကြီးမားလှသော နတ်ဘုရားတန်ခိုးစွမ်းအင် ဝဲဂယက်ကြီးသည် စုစည်းနေဆဲ ဖြစ်သည်။ ချင်ယွင်နေထိုင်ရာ နတ်ဘုရားခန်းမထဲသို့ အဆုံးမဲ့စွမ်းအားများ အဆက်မပြတ် စီးဆင်းနေ သဖြင့် ချင်ယွင်နေထိုင်ရာ နတ်ဘုရားခန်းမ၏ စွမ်းအားသည် အလွန်မင်း ထူထပ်သိပ်သည်း သည့်အဆင့်သို့ ရောက်ရှိသွားသည်။

စာစဉ် (၁၀၄) ပြီးပါပြီ။

ဘာသာပြန်သူနေဇင်။

All Chapters