← Chapters

အခန်း ၁၅၆၂

Vol. 105 Ch. 1562

အခန်း ၁၅၆၂

Vol. 105 Ch. 1562

အခန်း (၁၅၆၂)ရှေးခေတ်နတ်ဘုရားကမ္ဘာ။

ချင်ယွင်သည် နတ်ဘုရားကမ္ဘာတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီးဖြစ်သော်လည်း ဤကဲ့သို့ ရှေးခေတ်နတ်ဘုရားစစ်မြေပြင်မျိုးကို သူ ယခင်က မကြားဖူးခဲ့ပေ။ ထို့ကြောင့်၊ သူသည် လေဟာနယ်ဘိုးဘေးနတ်ဘုရား ပြောပြခဲ့သော ရှေးခေတ်နတ်ဘုရားစစ်မြေပြင် သည် မည်သည့် နေရာတွင်ရှိသည်ကို အလွန်သိချင်နေခဲ့သည်။

လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် ဤအကြောင်းကို ချင်ယွင် မသိနိုင်ဟု မျှော်လင့် ထားပုံရသည်။ သူက ပြုံးပြီး ရှင်းပြသည် "ရှေးခေတ်နတ်ဘုရား စစ်မြေပြင်ဆိုတာက နတ်ဘုရားကမ္ဘာရဲ့ အထက်မှာရှိတဲ့ ကြီးမားတဲ့ ဂြိုဟ်ကမ္ဘာကြီးတစ်ခုပဲ။ ပုံမှန်အနေနဲ့, နတ်ဘုရားကမ္ဘာမှာရှိတဲ့ လူအနည်းငယ်လောက်ပဲ ဒီအကြောင်းကို သိထားကြတယ်။ ဆိုတော့, မင်း မသိတာ ပုံမှန်ပါပဲ"။

"နတ်ဘုရားကမ္ဘာရဲ့အထက်က ဂြိုဟ်ကမ္ဘာကြီးလား?" ချင်ယွင်၏ မျက်လုံးများက အံ့သြဟန်ဖြင့် ပြူးကျယ်သွားခဲ့သည်။ ဤသည်မှာ နတ်ဘုရားကမ္ဘာ အထက်တွင် အမှန်တကယ် ဂြိုဟ်ကမ္ဘာတစ်ခုရှိနေကြောင်း သူ ပထမဆုံးအကြိမ် ကြားသိရခြင်း ဖြစ်သည်။

ချင်ယွင်၏ အံ့အားသင့်နေသော အမူအရာကို မြင်တော့ လေဟာနယ်ဘိုးဘေးနတ်ဘုရား က ပြုံးပြီး ရှင်းပြသည် "တကယ်တော့၊ အခု ငါတို့နေထိုင်နေတဲ့ နတ်ဘုရားကမ္ဘာက အစစ်မှန် နတ်ဘုရားကမ္ဘာ မဟုတ်ဘူး။ နတ်ဘုရားကမ္ဘာအတုပဲ။ အဲ့ဒီတုန်းက မရေမတွက် နိုင်တဲ့ ဘိုးဘေးနတ်ဘုရားတွေက ကြီးကျယ်ခမ်းနားတဲ့ နတ်ဘုရားစွမ်းရည်တွေကို အသုံးပြုပြီး ပေါင်းစည်းထားခဲ့တာ။ အခုနက ငါပြောခဲ့တဲ့ ရှေးဟောင်းနတ်ဘုရား စစ်မြေပြင်ကမှ အစစ်မှန် နတ်ဘုရားကမ္ဘာပဲ။ ရှေးခေတ်နတ်ဘုရား စစ်မြေပြင်ဆိုတာက တော့ နတ်ဘုရားကမ္ဘာရဲ့ နောက်ထပ် နာမည်တစ်ခုပေါ့။"

"နတ်ဘုရားကမ္ဘာအတုလား? ရှေးခေတ်နတ်ဘုရား စစ်မြေပြင်လား?" ချင်ယွင်သည် နားထောင်လေ ပိုတုန်လှုပ်ရလေ ဖြစ်သည်။ ဤသည်မှာ သေချာပေါက် နတ်ဘုရားကမ္ဘာ၏ လျှို့ဝှက်ချက် ဖြစ်သည်။ အကယ်၍, ဤသတင်းကိုသာ ဖြန့်လိုက်မည်ဆိုလျှင် နတ်ဘုရား ကမ္ဘာတစ်ခုလုံးကို နှိုးဆော်နိုင်မည်မှာ သေချာသည်။

"ဒါဆို ရှေးခေတ်ဘိုးဘေးနတ်ဘုရားတွေက ဘာလို့ နတ်ဘုရားတွေကို ရှေးခေတ် နတ်ဘုရားကမ္ဘာမှာ နေထိုင်ခွင့်ပေးမယ့်အစား နတ်ဘုရားကမ္ဘာအသစ်ကို ဖန်တီးခဲ့တာ လဲ။ ပြီးတော့ ဒီရှေးခေတ်နတ်ဘုရားကမ္ဘာကို ဘာလို ရှေးခေတ်နတ်ဘုရား စစ်မြေပြင်လို့ ခေါ်တာလဲ။" ချင်ယွင်သည် လေဟာနယ် ဘိုးဘေးနတ်ဘုရားကို မေးရန် အကြောင်းပြချက် တစ်သိန်းရှိနေပုံရသည်။

အကယ်၍ လေဟာနယ် ဘိုးဘေးနတ်ဘုရားသာ သူ့ကို ဤသတင်းကို မပြောပြခဲ့ဘူးဆို လျှင်၊ ယခုလိုအဖြစ်ပျက်မျိုး ရှိနေလိမ့်မည်ဟု သူ တွေးမိကောင်းမှ တွေးမိလိမ့်မည်။

ရှေးခေတ်ဘိုးဘေးနတ်ဘုရားများသည် နတ်ဘုရားကမ္ဘာအသစ်ကို ဖန်တီးရန် အတူ လက်တွဲ လုပ်ဆောင်ခဲ့ကြသော်လည်း, သူတို့သည် အမှန်တကယ်ပင် နတ်ဘုရားကမ္ဘာ အစစ်မှ နတ်ဘုရားတွေကို ဖယ်ရှားပစ်ခဲ့သည်။ ဤအရာက တကယ်ကို ထိတ်လန့်စရာ ကောင်းလွန်းသည်။ အကယ်၍, သူသည် ဤအကြောင်းကို အသံကျယ်ကျယ်ဖြင့် ပြောပြလျှင်ပင်, သူ့ကို မယုံကြည့်သည့်လူတွေကို သူ့ကို အရူးဟု ခေါ်ကြလိမ့်မည်။

လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် ချင်ယွင်၏ အမေးကို ကြားတော့ သူက ပြုံးပြီး ဆက်ပြောသည် "ရှေးခေတ်ဘိုးဘေးနတ်ဘုရားတွေ နတ်ဘုရားကမ္ဘာအသစ်ကို ဖန်ဆင်းရ တဲ့ အကြောင်းရင်းက "ရှေးခေတ်နတ်ဘုရားကမ္ဘာဟာ လူတွေနေထိုင်ဖို့ မသင့်တော်တဲ့ အတွက်ကြောင့်ပဲ။ မြေဆွဲအားဖြစ်စေ ဒါမှမဟုတ် လေဟာနယ်ပဲ ဖြစ်စေ, ရှေးခေတ် နတ်ဘုရားကမ္ဘာက ဒီနတ်ဘုရားကမ္ဘာအတုထက် အဆတရာနီးပါး ပိုအစွမ်းထက်တယ်။ ကြယ်နတ်ဘုရားနယ်ပယ် နတ်ဘုရားတွေတောင် ပျံသန်းဖို့မဆိုထားနဲ့ လမ်းလျှောက်ဖို့ တောင် ခက်ခဲနိုင်တယ်။ သေချာတာက, ဒါကလည်း ဒီရှေးခေတ်ဘိုးဘေးဘုရားတွေ နတ်ဘုရားကမ္ဘာအတုကို ဖန်တီးရတဲ့ အကြောင်းရင်း အစစ်အမှန်တော့ မဟုတ်ဘူး။ တကယ့်အကြောင်းအရင်းက နတ်ဘုရားကပ်ဘေးဒုက္ခကြောင့်ပဲ။"

"နတ်ဘုရားကပ်ဘေးဒုက္ခလား?" ထိုစကားနှစ်ခွန်းကိုကြားတော့ ချင်ယွင်၏ ခန္ဓာကိုယ် သည် တုန်လှုပ်သွားခဲ့သည်။

၎င်းသည် နတ်ဘုရားကမ္ဘာတွင် သူကြားဖူးသမျှ အများဆုံး အသုံးနှုန်းဖြစ်ပြီး ၎င်းသည် သူ အမြဲသိချင်နေသည့် မေးခွန်းတစ်ခုလည်း ဖြစ်သည်။

သို့သော် သူသည် လူများစွာကို မေးခဲ့ဖူးသည်။ အခြားသူများသည် ထိုအကြောင်းကို ပြောဆိုခြင်းမှ ရှောင်ရှားခြင်း သို့မဟုတ် နတ်ဘုရားကပ်ဘေးဒုက္ခအကြောင်းကို မတူ ကွဲပြားစွာ နားလည်ထားကြသည်။ လျှို့ဝှက်ဆန်းကြယ်သော နတ်ဘိုးဘေးနတ်ဘုရား ပင်လျှင် ပြီးပြည့်စုံသော အဖြေကို မပေးနိုင်ခဲ့ပေ။ ယခု သူသည် လေဟာနယ်ဘိုးဘေး နတ်ဘုရားထံမှ ထိုစကားလုံးကို ထပ်ကြားလိုက်ရတော့ သဘာဝအတိုင်းပင် ပဟေဠိ ဖြစ်သွားရသည်။

ထိုနတ်ဘုရားကပ်ဘေးဒုက္ခက ဘာလဲ?။ ဘိုးဘေးနတ်ဘုရားများနှင့် ကြယ်နတ်ဘုရား များ၏ ဖော်ပြချက်များမှာ အဘယ်ကြောင့် မတူကွဲပြားရသည်ကို သူ တကယ် သိချင်နေခဲ့ သည်။

ဤအခိုက်အတန့်တွင်၊ လေဟာနယ် ဘိုးဘေးနတ်ဘုရားပင်လျှင် ထိုစကားလုံးနှစ်လုံးကို ပြောသောအခါ လေးနက်သော အမူအရာ ရှိနေသည်။

"ဆရာ၊ နတ်ဘုရားကပ်ဘေးဒုက္ခဆိုတာ အတိအကျ ဘာလဲ။ ရှေးခေတ် ဘိုးဘေး နတ်ဘုရားတွေကရော ဘာ့ကြောင့် နတ်ဘုရားကမ္ဘာအတုကို ဖန်တီးရတာလဲ။ အဲဒါက နတ်ဘုရားကပ်ဘေးဒုက္ခနဲ့ ဘယ်လို ပတ်သက်နေလဲ” ချင်ယွင်က ထပ်မေးသည်။

လေဟာနယ် ဘိုးဘေးနတ်ဘုရားက ခေါင်းယမ်းပြီး ပြောသည် "နတ်ဘုရားကပ်ဘေး ဒုက္ခအကြောင်းကို ငါ အဖြေမပေးနိုင်ဘူး။ တကယ်လို့, မင်း အဖြေကိုသိချင်ရင် ရှေးခေတ် နတ်ဘုရားစစ်မြေပြင်ကို သွားပြီး မင်းကိုယ်တိုင် အဖြေရှာနိုင်တဲ့အထိ စောင့်လိုက်ပါ။ ဒါပေမယ့် နတ်ဘုရားကပ်ဘေးဒုက္ခအကြောင်းကို ပိုပြီးသိလေ, သူတို့ရဲ့သေခြင်းတရားက ပိုပြီး သနားစရာကောင်းလေဘဲ။ ဘိုးဘေးနတ်ဘုရားတွေတောင် ချွင်းချက်မရှိဘူး”။

ထိုစကားကို ကြားတော့ ချင်ယွင်သည် အေးစက်စက် လေကို တစ်ချက်ချင်း ရူသွင်းလိုက် သည်။ လေဟာနယ်ဘိုးဘေးနတ်ဘုရားကိုယ်တိုင်က ဒီလိုစကားမျိုး ပြောလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူး။

လေဟာနယ်ဘိုးဘေးနတ်ဘုရားသည် လေဟာနယ်နှင့်အချိန် နတ်ဘုရားနန်းတော်၏ နံပါတ်နှစ် ကျွမ်းကျင်သူ ဖြစ်သည်။ သူတောင်မှ အတိုင်းအတာတစ်ခုအထိ ကြောက်ရွံ့နေ သည်။ ဤနတ်ဘုရား ကပ်ဘေးဒုက္ခသည် မည်မျှ ထိတ်လန့်စရာကောင်းသည်ကို တွေးကြည့်နိုင်သည်။

"ဒါဆို ဒီနတ်ဘုရားကပ်ဘေးဒုက္ခက နတ်ဘုရားကမ္ဘာအတုကို ဖန်တီးရခြင်းအကြောင်းနဲ့ ဘယ်လို ပတ်သက်နေလဲ?" ချင်ယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"နတ်ဘုရားကပ်ဘေးဒုက္ခက ကပ်ဆိုးကြီးတစ်ခုဖြစ်ရုံတင်မကဘူး၊ အခွင့်အလမ်းတစ်ခု လည်း ဖြစ်နေပြန်တယ်။ နတ်ဘုရားကပ်ဘေးဒုက္ခရဲ့ မူလအစက ရှေးခေတ် နတ်ဘုရား ကမ္ဘာကနေ စတင်ဖြစ်ပေါ်လာတာဆိုတော့ ရှေးခေတ်ဘိုးဘေးနတ်ဘုရားတွေက ရှေးခေတ်နတ်ဘုရားကမ္ဘာရဲ့ လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ဖို့အတွက် နတ်ဘုရားကမ္ဘာ အတုကို ဖန်တီးရာမှာ တွန့်ဆုတ်မနေဘဲ အတူတူပူပေါင်းခဲ့ကြတယ်။ ဒီနောက် ဒီအကြောင်းကို မသိသေးတဲ့ နတ်ဘုရားတွေကို နတ်ဘုရားကမ္ဘာအတုမှာ နေခွင့်ပြုပြီး ရှေးခေတ်နတ်ဘုရားကမ္ဘာရဲ့ လျှို့ဝှက်ချက်တွေကို တဖြည်းဖြည်း ဖုံးကွယ်နိုင်ခဲ့ကြတယ်။" လေဟာနယ် ဘိုးဘေးနတ်ဘုရားက ပြောတယ်။

ထိုစကားကို ကြားသောအခါ ချင်ယွင်၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့သည်။ သူ မှန်းဆထားပြီးသား ဖြစ်သော်လည်း လေဟာနယ် ဘိုးဘေးနတ်ဘုရားက ယခုလိုပြောလာ သည်ကို ကြားရသည့်အခါ သူသည် ထိတ်လန့်သွားရတုန်းပင်။

တခါတုန်းက လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားသည်လည်း နတ်ဘုရား ကပ်ဘေးဒုက္ခဟာ ကပ်ဘေးဒုက္ခနှင့် အခွင့်အလမ်း နှစ်ခုစလုံးဖြစ်သည်ဟု သူ့ကို ပြောခဲ့ဖူး ပါသည်။ ယခု လေဟာနယ် ဘိုးဘေးနတ်ဘုရားက ထပ်မံပြောလာသည်ကို ကြားလိုက်ရ သဖြင့်၊ ရှေးခေတ်နတ်ဘုရားကမ္ဘာရှိ အခွင့်အရေးသည် ထူးထူးခြားခြား ကြီးမားမည်ဟု ချင်ယွင် သေချာပြောနိုင်ပါသည်။ ထိုအခွင့်ရေးနှင့်ပတ်သက်ပြီး ဘိုးဘေးနတ်ဘုရားများ ပင် ရူးသွပ်သွားနိုင်ကြောင်း အခြေခံအားဖြင့် သေချာနေပါသည်။

ထိုသို့မဟုတ်လျှင်, ထိုရှေးခေတ်ဘိုးဘေးနတ်ဘုရားများသည် နတ်ဘုရားကပ်ဘေးဒုက္ခ၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်ရန်အတွက် နတ်ဘုရားကမ္ဘာအသစ်တစ်ခုကို ဖန်တီးလိမ့် မည် မဟုတ်ပေ။

"ဘာပဲဖြစ်ဖြစ်၊ ငါက ရှေးခေတ်နတ်ဘုရားကမ္ဘာကို သွားကြည့်ရမယ်။ အချိန်ဘိုးဘေး နတ်ဘုရားက သူ့ကိုရှာဖို့ ရှေးခေတ်နတ်ဘုရားကမ္ဘာကို သွားရန် ငါ့ကို ပြောခဲ့မှတော့, သူ့မှာ ရည်ရွယ်ချက် ရှိရမယ်။ သူ့အတွက် တစ်ခုခု လုပ်ခိုင်းချင်လို့ ဖြစ်ကောင်းဖြစ်နိုင် တယ်” ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ အချိန်ဘိုးဘေးနတ်ဘုရားက သူ့ကို ရှာရန် ရှေးခေတ်နတ်ဘုရားကမ္ဘာကို သွားခိုင်းရသည့် အကြောင်းရင်းကို သူ မှန်းဆကြည့်မိ သည်။

သို့ရာတွင်၊ ဤနတ်ဘုရားကပ်ဘေးဒုက္ခသည် မည်ကဲ့သို့ဖြစ်သည်ကို သူမသိသေးသော ကြောင့် အချိန်ဘိုးဘေးနတ်ဘုရား၏ တိကျသော ရည်ရွယ်ချက်များကို ခန့်မှန်း၍ မရပေ။

"ဆရာ၊ ဒါဆို ရှေးခေတ်နတ်ဘုရားကမ္ဘာထဲကို ဘယ်လိုဝင်ရမှာလဲ" ချင်ယွင်က လေဟာနယ် ဘိုးဘေးနတ်ဘုရားကို မေးလိုက်သည်။

လေဟာနယ် ဘိုးဘေးနတ်ဘုရားက ပြုံးပြီး ပြောသည် "အလျင်မလိုပါနဲ့။ နတ်ဘုရား ကပ်ဘေးဒုက္ခက ရောက်လာတော့မယ်။ နတ်ဘုရားနန်းတော်ကြီးတွေ အားလုံးကလည်း သူတို့ရဲ့ လက်ရွေးစင်တပည့်တွေကို ရှေးခေတ်နတ်ဘုရားကမ္ဘာကို ပို့ကြလိမ့်မယ်။ အဲဒီအချိန်မှာ၊ ရှေးခေတ်နတ်ဘုရားကမ္ဘာကြီးက အရမ်းကို အသက်ဝင်လာတော့မှာ။ ငါတို့ရဲ့ လေဟာနယ်နဲ့အချိန် နတ်ဘုရားနန်းတော်ကလည်း ဝင်ရောက်ဖို့အတွက် လူတွေ ကို စေလွှတ်ကြလိမ့်မယ်။ အဲဒီအချိန်မှာ ငါကလည်း မင်းရဲ့စီနီယာအချို့နဲ့ မင်းကို ဝင်ခွင့်ပြု မယ်။ မင်းကို အချိန်တစ်လပေးမယ်။ ဒီအတောအတွင်းမှာ မင်းအနေနဲ့ ဒီမှာပဲ ဆက်ပြီး ကျင့်ကြံနိုင်တယ်။ ဒါမှမဟုတ် မင်းရဲ့အရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နတ်ဘုရား ကမ္ဘာထဲကို ပြန်သွားနိုင်တယ်"။

ချင်ယွင်သည် ထိုစကားကြားတော့ ခေါင်းညိတ်လိုက်သည်။

အချိန်တစ်လက မကြာပါဘူး။ သူစောင့်နေသည်မှာ အချိန်တော်တော်လေး ကြာသွားခဲ့ပြီ။ ထို့ကြောင့်, သူသည် နောက်တစ်လလောက် ဆက်စောင့်ရဉီးမည်။

သူသည် အချိန်ဘိုးဘေးနတ်ဘုရားကို သေချာပေါက် ရှာတွေ့နိုင်မည်ဟု ယုံကြည်ပြီး၊ သူ၏ ကြီးမားလှသော နတ်ဘုရားစွမ်းရည်ကို အသုံးပြု၍ သူ့မိဘများ၏ တည်နေရာကို ရှာဖွေပေးရန် တောင်းဆိုမည်။

"ကောင်းပြီ၊ ငါပြောစရာရှိတာ အကုန်ပြောပြီးပြီ။ ကျန်တာ မင်းအပေါ်မှာပဲ မူတည်တယ်။ အခု မင်း အပြင်ထွက်ပြီး မင်းရဲ့ဇနီးနဲ့ မိတ်ဆွေတပည့်တွေကို နှုတ်ဆက်နိုင်ပြီ။ သူတို့ ခန်းမ အပြင်ဘက်မှာ ရှိနေတယ်။" လေဟာနယ် ဘိုးဘေးနတ်ဘုရားက ပြုံးပြီး ပြောသည်။ ထိုစကားပြောပြီးသည်နှင့် သူသည် ခြေတစ်ချက်လှမ်းပြီး လေဟာနယ်ထဲသို့ ပျောက်ကွယ် သွားခဲ့သည်။

ချင်ယွင်သည် လေဟာနယ်ဘိုးဘေးနတ်ဘုရား ပျောက်ကွယ်သွားသည့် လမ်းကြောင်းဆီ သို့ အနည်းငယ် ဦးညွှတ်ကာ ခန်းမထဲမှ ထွက်လာခဲ့သည်။

ကျိုးလင်သည် သူမ၏ ကျင့်ကြံမှုမှ ထွက်ခွာခဲ့ပြီး ဖြစ်သည်။ ယခုပင် သူမသည် ချင်ယွင်ကို ရှာဖွေရန် ဘေးတဖက် ခန်းမထဲသို့ ဝင်ချင်သော်လည်း သူမသည် မည်သို့မျှ မဝင်နိုင်သဖြင့် ခန်းမအပြင်ဘက်တွင်သာ စိတ်လှုပ်ရှားစွာ ရပ်စောင့်နေနိုင်ခဲ့သည်။ ယခု ချင်ယွင် ထွက်လာသည်ကို မြင်လိုက်ရသဖြင့် စိတ်သက်သာရာရကာ သက်ပြင်းချမိသည်။

"ခင်ပွန်း၊ ရှင် နောက်ဆုံးတော့ ထွက်လာခဲ့ပြီ။ ငါ့ကို သေလုမတတ် ကြောက်အောင် လုပ်နေတယ်။" ကျိုးလင်က ပြုံးပြီး ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးသွားသည်။

သူမသည် ချင်ယွင်၏မိန်းမ အမှန်တကယ် ဖြစ်လာပြီးကတည်းက ကျိုးလင်သည် ​​ချင်ယွင်၏ရှေ့မှာ ငှက်ကလေးတစ်ကောင်လိုပင်။

ချင်ယွင်သည် ကျိုးလင်က သူ့ရင်ခွင်ထဲ တိုးဝင်လာသည်ကို တွေ့လိုက်ရတော့ ပြုံးလိုက်မိ ပါသည်။ ထို့နောက် ကျိုးလင်၏ ကျင့်ကြံမူသည် အစောပိုင်း ကောင်းကင်နတ်ဘုရား အဆင့်သို့ ဖြတ်ကျော်ပြီးသွားသည်ကို သူ မြင်လိုက်ရသည်။

သို့သော်လည်း ချင်ယွင်က ထပ်မမေးမီတွင် ခန်းမအပြင်ဘက်မှ ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။

"ဟား ဟား၊ ဂျူနီယာညီလေးချင်က အရမ်းကံကောင်းတာပဲ။ သူ့မှာ အရည်အချင်းကောင်း တွေ ရှိနေရုံတင်မကဘူး၊ လိုက်လျောညီထွေဖြစ်လှတဲ့ မိန်းမလှလေးတစ်ယောက်လည်း ရှိနေတယ်။ ငါတို့က မင်းကို တကယ်ကို မနာလိုဖြစ်မိပါတယ်”။

လူအများအပြားသည် ခန်းမအပြင်ဘက်မှ ဝင်လာပြီး ချင်ယွင်ကို ပြုံးပြုံးကြီး ကြည့်နေကြ သည်။ ချင်ယွင်သည် ၎င်းတို့ထဲမှ ရေခဲမျက်နှာပိုင်ရှင် တစ်ယောက်ကို သိပါသည်။

All Chapters