အခန်း ၁၅၆၃
Vol. 105 Ch. 1563
အခန်း (၁၅၆၃) စီနီယာအစ်ကိုအစ်မများ။
ဤရေခဲမျက်နှာပိုင်ရှင်သည် သဘာဝအတိုင်း ချင်ယွင်၏ အမည်ခံ စီနီယာအစ်ကို ဝူဒေါင်ဇီ ဖြစ်သည်။
ဝူဒေါင်ဇီ၏ အနားတွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရှိနေသည်။
အမျိုးသားနှစ်ယောက်တွင် တစ်ယောက်က အရပ်ရှည်ပြီး ကြံခိုင်သန်မာကာ ပြတ်သား သော မျက်နှာထားရှိပြီး၊ ကျန်တစ်ယောက်မှာ အလွန်အားနည်းသည်။ သို့သော် သူသည် အရပ်ရှည်ပြီး သွယ်လျသော မျက်နှာဖြင့် ချောမောသည်။ ခုနကပြောဖူးသည့် လူက ကြံ့ခိုင်သန်မာသည့် အမျိုးသားဖြစ်သည်။
ထိုအမျိုးသမီးသည် ချစ်စရာကောင်းသော မိန်းမပျိုလေးတစ်ဦး ဖြစ်သည်။ သူမသည် လှပသော အသွင်အပြင်ရှိပြီး, သူမ၏လှုပ်ရှားမှုတိုင်းသည် ဆွဲဆောင်မှုရှိသည်။ သူမ၏ မက်မွန်ပွင့် မျက်ဝန်းတစ်စုံသည် ချင်ယွင်၏အသေးစိတ် အချက်အလက်များကို မြင်လိုသည့်အလား သူမတံခါးထဲသို့ ဝင်လိုက်ကတည်းက ချင်ယွင်ကို စိုက်ကြည့်နေသည်။
"စီနီယာအစ်ကို ဝူဒေါင်ဇီ၊ သူတို့က ဘယ်သူတွေလဲ။" လူလေးယောက်မှာ ချင်ယွင်က ဝူဒေါင်ဇီကိုသာ သိသောကြောင့်, သူသည် ဝူဒေါင်ဇီကို အကူအညီတောင်းရုံသာ တတ်နိုင်တော့သည်။
ဝူဒေါင်ဇီက ပြန်မဖြေခင်မှာ လူထွားကြီးက ဦးဆောင်ပြီး ပြောသည် "ငါ့နာမည်က ယုထန်းနူပါ။ ငါက လေဟာနယ် ဘိုးဘေးနတ်ဘုရားရဲ့ ဒုတိယတပည့်ပဲ။ ဂျူနီယာညီလေး၊ မင်းက ငါ့ကို ဒုတိယစီနီယာ အစ်ကိုလို့ ခေါ်လို့ရပါတယ်။"
"ဒုတိယစီနီယာ အစ်ကိုကို နှုတ်ဆက်ပါတယ်!" ချင်ယွင်သည် ထိုစကားကိုကြားပြီးနောက် ဆောလျင်စွာ ဦးညွှတ်လိုက်သည်။
ယုထန်းနူ ပြုံးပြီး ခေါင်းညိတ်သည်။
"ငါက မင်းရဲ့ စတုတ္ထ စီနီယာအစ်ကို လျှိုဖန်းဟွာပဲ။ ငါ့ကိုလည်း စတုတ္ထ စီနီယာအစ်ကိုလို့ ခေါ်ပေါ့။" ချောမောသော လူငယ်က ပြုံးပြုံးလေး ပြောသည်။
“စတုတ္ထ စီနီယာအစ်ကို နှုတ်ခွန်းဆက်ပါတယ်။" ချင်ယွင်က ပြုံးပြီး ဦးညွှတ်လိုက်သည်။
ချင်ယွင်က ဉီးညွတ်ချိန်မှာ ကျိုးလင်ကလည်း ညီးညွတ်ပြီး အရိုသေပေးလိုက်သည်။
ချောမောသော လူငယ်က အပြုံးဖြင့် တုံ့ပြန်သည်။
"ငါက မင်းရဲ့တတိယစီနီယာ အစ်မ ရှောင်ယုပါ။ ဘယ်လိုလဲ၊ ဂျူနီယာ မောင်ငယ်လေး၊ နားထောင်ကြည့်ရအောင် တတိယစီနီယာအစ်မလို့ ခေါ်စမ်းပါဦး။" လှပသောအမျိုးသမီး သည် ချင်ယွင်ကိုကြည့်ကာ လက်ရှိတွင် ကျိုးလင် ရှိနေခြင်းကြောင့် ထိန်းချုပ်ထားခြင်း မရှိဘဲ ချစ်စရာကောင်းစွာ ပြောလိုက်ပါသည်။
ကျိုးလင်က လုံးဝ ဒေါသထွက်ပုံမပေါ်ပေ။ သူမသည် ချင်ယွင်၏နောက်တွင် ပြုံးရင်း ရပ်နေခဲ့သည်။
ချင်ယွင်က ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်သော်လည်း တတိယစီနီယာအစ်မဟု ခေါ်လိုက် ပါသေးသည်။
လေဟာနယ်ဘိုးဘေးနတ်ဘုရားသည် စုစုပေါင်း တရားဝင်တပည့် လေးဦးနှင့် အမည်ခံ တပည့် ၃၀၀၀ ကျော်ကို လက်ခံထားကြောင်း ချင်ယွင်က သိရှိထားပြီး ဖြစ်သည်။
အမည်ခံတပည့်များသည် များပြားလွန်းသောကြောင့်၊ ဤအမည်ခံတပည့်များသည် လေဟာနယ်ဘိုးဘေးနတ်ဘုရား၏ တန်ဖိုးထားခြင်း လုံးဝ မခံကြရပေ။ အချို့သော အမည်ခံတပည့်များသည် လေဟာနယ်ဘိုးဘေးနတ်ဘုရားကို တစ်ကြိမ်သာ မြင်ဖူးပြီး၊ တချို့ဆို လေဟာနယ်ဘိုးဘေးနတ်ဘုရားကို တစ်ခါမျှ မမြင်ဖူးကြပေ။ ထို့ကြောင့် ၎င်းတို့၏ အဆင့်အတန်းမှာ မမြင့်မားလှပေ။
သို့သော် တရားဝင်တပည့်များသည် လုံးဝ ကွဲပြားခြားနားသည်။ သူတို့အားလုံးကို လေဟာနယ် ဘိုးဘေးနတ်ဘုရားမှ ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်သင်ကြားပေးသည်။ ဤ ကြယ်တာရာကမ္ဘာတွင် ဖြစ်စေ၊ လေဟာနယ်နှင့်အချိန် နတ်ဘုရားနန်းတော်တွင် ဖြစ်စေ ၎င်းတို့သည် အလွန်မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားကြသည်။
တရားဝင်တပည့်များနှင့် အမည်ခံတပည့်များကြားတွင် ဆက်ဆံရေးဆိုသည်မှာ မရှိသလောက်ပင်။ ၎င်းသည် ကြယ်တာရာကမ္ဘာမှာ သုံးလလောက် နေခဲ့ရပြီးနောက် ချင်ယွင်ထံသို့ မည်သူမှ လာရောက်လည်ပတ်ခြင်း မရှိရသည့် အကြောင်းအရင်းလည်း ဖြစ်ပါသည်။
ယနေ့တွင် တရားဝင်တပည့်လေးဦးစလုံးသည် အမည်ခံတပည့်တစ်ဦး ဖြစ်သည့် ချင်ယွင် ထံ အလည်အပတ် ရောက်ရှိလာခဲ့သည်။ ဤအရာက ကြယ်တာရာကမ္ဘာတစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်စေနိုင်ပြီး၊ ထိုအမည်ခံတပည့်တွေကို ထိတ်လန့်တုန်လှုပ်သွားစေ လောက်သည်။
သို့သော်၊ ယုထန်းနူနှင့် အခြားသူများသည် ချင်ယွင်က အခြား သာမန်အမည်ခံ တပည့်များ နှင့် မတူသည်ကို သိထားကြသည်။ သူသည် လေဟာနယ်ဘိုးဘေးနတ်ဘုရား၏ တရားဝင် တပည့် ဖြစ်ရန် ကမ်းလှမ်းမူကို ငြင်းဆန်ခဲ့ပြီး၊ အမည်ခံတပည့်ဖြစ်လာရန် ကိုယ်တိုင် အစပြုခဲ့သည့် တစ်ဦးတည်းသော သူဖြစ်သည်။ ထို့ကြောင့်၊ သူတို့သည် ချင်ယွင်ကို သဘာဝအတိုင်း မတူခြားနားစွာ ကြည့်ကြသည်။
ယနေ့ ချင်ယွင်ကြောင့် ဖြစ်ပေါ်လာသော အုတ်ကြော်သောင်းနင်း ဖြစ်များနှင့်အတူ ချင်ယွင်၏အရည်အချင်းနှင့် ခွန်အားသည် သူတို့ အသိအမှတ်ပြုရန် လုံးဝ ထိုက်တန် ကြောင်း သက်သေပြရန် လုံလောက်ပါသည်။ ထို့ကြောင့် သူတို့သည် ချင်ယွင်နှင့် ခင်မင် ရင်းနှီးရန် ဤအခွင့်အရေးကို အရယူခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ သူတို့သည် ချင်ယွင်က မည်ကဲ့သို့ လူစားမျိုးဖြစ်ကြောင်းနှင့် လေဟာနယ် ဘိုးဘေးနတ်ဘုရားကို အရင်ဆုံး ငြင်းပယ်ရန် အမှန်တကယ် သတ္တိရှိရှိ လုပ်ခဲ့ကြောင်းကို သိရှိလိုကြသည်။
"ဟား...၊ ဟား....၊ ဂျူနီယာညီငယ်ချင်၊ မင်းက တကယ့်ကို ရှားရှားပါးပါး ပါရမီရှင် တစ်ယောက်ပဲ။ မင်း ကျင့်ကြံခဲ့တာ နှစ်ပေါင်းတစ်သိန်းတောင် မရှိသေးဘူး မဟုတ်လား" ယုထန်းနူသည် ချင်ယွင်၏ ပခုံးကို ပုတ်ကာ ရယ်မောပြီး မေးလိုက်သည်။
ချင်ယွင်က ခေါင်းညိတ်ပြီး တုန့်ပြန်သည် "မရှိသေးပါဘူး!"
ယုထန်းနူကလည်း ခေါင်းညိတ်ကာ ချီးကျူးခဲ့သည်၊ "နှစ်တစ်သောင်းအတွင်း စစ်မှန်သော အဓိပ္ပာယ်ကို နားလည်နိုင်ခဲ့တယ်။ ဒါက ကောင်းကင်ဘုံကို အမှန်တကယ် အန်တုခြင်းပဲ။ ဆရာက မင်းကို တရားဝင်တပည့်အဖြစ် အမြဲလက်ခံချင်နေတာ အံ့သြစရာ မရှိတော့ပါ ဘူး။"
ချင်ယွင်က ခါးသီးသော အပြုံးကို ထုတ်ဖော်လိုက်သည်။ သူသည် နှစ်ပေါင်း တစ်သိန်း အောက်သာ ကျင့်ကြံခဲ့သည်ဟု ဆိုသော်လည်း ယုထန်းနူသည် နှစ်တစ်သောင်းအတွင်း ကျင့်ကြံခဲ့သည်ဟု မသိစိတ်က တွေးနေခဲ့သည်။ အမှန်တော့ သူသည် နှစ်တစ်သောင်း မဆိုထားနဲ့ နှစ်တစ်ထောင်အောက်သာ ကျင့်ကြံရသေးသည်။ သို့သော်လည်း သူသည် ဤစကားကို မည်သို့ ရှင်းပြရမည်ကို မသိသောကြောင့် အမှန်တကယ် ရှင်းပြခြင်း မပြုခဲ့ပေ။
"ဟေ့ ဂျူနီယာညီငယ်ချင်၊ မင်းရဲ့ကျင့်ကြံမှုက ကြယ်နတ်ဘုရားနယ်ပယ်ရဲ့ အထွတ် အထိပ်ကို ဘယ်လိုလုပ် ရောက်နေတာလဲ။" သို့သော် ထိုအချိန်တွင် လျှိုဖန်းဟွာက အံ့အားသင့်စွာ မေးလိုက်သည်။
ထိုစကားများကို သူပြောပြီးသည်နှင့် တပြိုင်နက် ယုထန်းနူနှင့် ရှောင်ယုတို့သည် ချက်ချင်း ပင် ချင်ယွင်ကို လှည့်ကြည့်လိုက်ပြီး အံ့အားသင့်နေသော အမူအရာများကို ထုတ်ဖော်လိုက် ကြသည်။
သူတို့သည် ယခင်က ချင်ယွင်၏ ကျင့်ကြံမှုကို ဂရုမစိုက်ခဲ့ကြသော်လည်း ချင်ယွင်သည် ကောင်းကင်နတ်ဘုရားနယ်ပယ်တွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်ဟု မသိစိတ်က ထင်မြင်ယူဆခဲ့သည်။ ချင်ယွင်သည် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်တွင် အမှန်တကယ် ရှိနေသည်ကို တွေ့လိုက်ရသဖြင့် သူတို့သည် သိသိသာသာ တုန်လှုပ်သွား ခဲ့သည်။
လူတိုင်း၏ အမူအရာများကို မြင်တော့ ချင်ယွင်က မည်သို့ရှင်းပြရမှန်းမသိသဖြင့် ခါးသီးဟန် အပြုံးကို ထုတ်ဖော်လိုက်သည်။
သို့သော် ဘေးတွင်ရှိနေဆဲဖြစ်သော ဝူဒေါင်ဇီသည် ချင်ယွင်ကို အမေးသံသရာထဲမှ ရုန်းထွက်နိုင်ရန် ကူညီပေးခဲ့သည်။ "ဂျူနီယာညီငယ်ချင်လား၊ သူ့ရဲ့ကျင့်ကြံမှုက ကြယ်နတ်ဘုရားနယ်ပယ်ရဲ့ အထွတ်အထိပ်မှာသာ ရှိနေပေမယ့် သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက အလယ်လတ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတွေတောင် မပိုင်ဆိုင်နိုင်ကြဘူး။ ဒါကြောင့် ဂျူနီယာညီလျှို, မင်းက မင်းရဲ့ ဂျူနီယာညီငယ်ချင်နဲ့ဆို ပြိုင်ဘက်ဖြစ်ကောင်းမှ ဖြစ်လိမ့်မယ်နော်”။
"ဘာလဲ?" ဝူဒေါင်ဇီက ထိုစကားများ ပြောပြီးသည်နှင့် လျှိုဖန်းဟွာနှင့် အခြားသူများသည် အံ့အားသင့်ကာ သူတို့ပါးစပ်များက ကျယ်လောင်စွာ ပွင့်လာကြပြီး ချင်ယွင်ကို အံ့အားသင့် စွာ ကြည့်နေကြသည်။
ကြယ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်က အလယ်လတ်အဆင့် ကောင်းကင် နတ်ဘုရားနယ်ပယ် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသည်။ ဤအရာက ကောင်းကင်ဘုံကို အံတုလွန်းနေသည် မဟုတ်ပါလား?။ အခု ချင်ယွင်သည် လေဟာနယ် ဘိုးဘေးနတ်ဘုရား၏ တပည့်အဖြစ် လက်ခံရန် အကြိမ်ကြိမ် တောင်းဆိုမူကို ငြင်းဆန်ရဲ ပြီး၊ လေဟာနယ်ဘိုးဘေးနတ်ဘုရားက သူ့ကို လုံးဝ စိတ်မဆိုးရသည့် အကြောင်းအရင်းကို နောက်ဆုံးတွင် သူတို့ နားလည်လာခဲ့ကြသည်။ ဤမျှကွာခြားသော ကျင့်ကြံမှုအဆင့်များ ကို တွန်းလှန်တိုက်ခိုက်နိုင်ခြင်းသည် ပါရမီရှင်တစ်ဦးအဖြစ် ညွှန်းဆိုနိုင်သည့်အရာ မဟုတ် တော့ပေ။
"ဂျူနီယာ ညီငယ်ချင်၊ မင်းက ဒီလောက်ထိ ဖုံးကွယ်ထားဖို့ ငါ မမျှော်လင့်ထားဘူး။ ငါတို့ မင်းရဲ့လှည့်စားမူကို ခံရလုနီးပါးပဲ။" ယုထန်းနူသည် ချင်ယွင်ကို ကြည့်ကာ ပြုံးလိုက်သည်။
ချင်ယွင်၏ ပါးစပ်ထောင့်က ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။ အစကနေ အဆုံးထိ သူသည် စကားတစ်ခွန်းမှ မပြောခဲ့ပါဘူး။ သူသည် မည်သည့်နေရာမှာ လိမ်ညာခဲ့ပါသ နည်း။ ထို့အပြင်၊ သူ၏အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် ကျင့်ကြံမှုအခြေခံသည် သူ၏ အစစ်အမှန် အဆင့်ဖြစ်သောကြောင့် သူ့တို့ကို လှည့်စားနေရန် မလိုအပ်ပါ။
"ငါ နောက်ထပ် လျှို့ဝှက်ချက်တစ်ခုကို ပြောပြဦးမယ်။ ဂျူနီယာ ညီငယ်ချင်က အနှစ်တစ်ထောင်အောက်သာ ကျင့်ကြံရသေးတယ်" ဝူဒေါင်ဇီက ပြောသည်။ သူ ထိုစကားပြောနေစဉ် သူကိုယ်တိုင်လည်း ငိုက်ကျသွားသည်။ အကယ်၍, လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် သူ့ကို ကိုယ်တိုင်ကိုယ်ကျ ပြောပြခဲ့ခြင်း မဟုတ်လျှင်, သူသည် ထိုစကားကို ယုံကြည်မှာ မဟုတ်ပါဘူး။
ယုထန်းနူနှင့် အခြားလူများသည် ထိုစကားကိုကြားသောအခါ လုံးလုံး အံ့အားသင့်သွားကြ သည်။ လူတိုင်း၏ ပါးစပ်သည် အလွန်ကျယ်လာပြီး ကြက်ဥတစ်လုံးပင် ထည့်၍ရသည်။
အနှစ်တစ်ထောင်မပြည့်ခင်, သူသည် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး၊ ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အလယ်လတ်အဆင့်နှင့် ယှဉ်နိုင်သော တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားပြီး တစ်ချိန်တည်းမှာပင် စစ်မှန်သောဆန္ဒ၏ ကနဦးအဆင့်သို့လည်း ဝင်ရောက်ခဲ့သည်။
ဒါက လူတစ်ယောက်ရော ဟုတ်ပါသေးရဲ့လား။
ယုထန်းနူနှင့် လျှိုဖန်းဟွာတို့သည် သူတို့၏ နှလုံးများ အဆက်မပြတ် တုန်ခါနေပြီး ၎င်းတို့၏ နှလုံးများ အဆုံးမရှိ တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။ တစ်ဖက်မှ ချင်ယွင်ကိုကြည့်နေသည့် ရှောင်ယု၏ အကြည့်များသည်လည်း အဆက်မပြတ် ဝင်းလက် တောက်ပနေသော ရတနာတစ်ခုကို ကြည့်နေသည့်အတိုင်းပင်။ သူမသည် ချင်ယွင်ကို ဝါးစားလုနီးပါးပင်။
ချင်ယွင်သည် သူ့နောက်မှ ကျိုးလင်နှင့် အကြည့်ချင်း ဖလှယ်ကာ ကူကယ်ရာမဲ့ ခေါင်းခါလိုက်မိသည်။
ကျိုးလင်က သူမပါးစပ်ကိုအုပ်ကာ လျှို့ဝှက်စွာ ပြုံးလိုက်ပြီး၊ သူမ၏ လှပသော မျက်လုံး များတွင် ဂုဏ်ယူဝင့်ကြွားမူများဖြင့် ပြည့်နေခဲ့သည်။
သူမ၏ယောက်ျားသည် ကောင်းကင်ဘုံကို အံတုနိုင်ပြီး၊ သူမသည် သဘာဝအတိုင်း အလွန် ပျော်ရွှင်ပြီး ဂုဏ်ယူနေခဲ့သည်။
ထိုအချိန်မှာပင် ဝူဒေါင်ဇီက ဆက်ပြောသည် "ဆရာကြီးက ရှေးခေတ်နတ်ဘုရားကမ္ဘာထဲ ကို ဝင်ရောက်ဖို့ အမိန့်တစ်ခု ပေးထားတာရှိတယ်။ အဲဒီအချိန်မှာ ဂျူနီယာညီငယ်ချင် လည်း ငါတို့နဲ့အတူ လိုက်ပါလာမှာမို့လို့ မင်းတို့ကလည်း သူ့ကို စောင့်ရှောက်ပေးနိုင် မယ်လို့ ငါမျှော်လင့်တယ်"။
ချင်ယွင်သည် ထိုစကားကိုကြားသောအခါ သူ့မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း လျော့ပါးလာသည်။ သူက လေးနက်စွာ ပြောလိုက်သည် “ကျေးဇူးတင်ပါတယ်။ စီနီယအစ်ကိုမောင်နှမ လေးယောက်ကို ကျေးဇူးတင်ပါတယ်။
ယုထန်းနူက ကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်သည် "ဟား...၊ ဟာ... ကောင်းပြီ လေ။ မင်းလို ကောင်းကင်ဘုံကို စိန်ခေါ်နိုင်တဲ့ ဂျူနီယာညီလေး တစ်ယောက်နဲ့ဆိုတော့ ငါတို့လည်း မျက်နှာကောင်းရတာပေါ့။ အဲဒီအချိန်ရောက်ရင် အဲဒီလူတွေနဲ့ ဆုံတွေ့ရလိမ့် မယ်။ ဂျူနီယာညီလေးချင်၊ မင်းက မင်းရဲ့အသက်မှန်ကို တိုက်ရိုက် ထုတ်ပြောနိုင်တယ်။ သူတို့ သေလုမတတ် ကြောက်သွားဖို့ ငါ အာမခံနိုင်တယ်"
"ဟုတ်တယ်၊ သူတို့ သေလုမတတ် ကြောက်သွားနိုင်တယ်။" လျှိုဖန်းဟွာ၏အသံက ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
ထိုစကားကိုကြားတော့ ချင်ယွင်သည် ရှိုက်ကြီးတငင် ပြုံးလိုက်မိပါသည်။