← Chapters

အခန်း ၁၅၆၄

Vol. 105 Ch. 1564

အခန်း ၁၅၆၄

Vol. 105 Ch. 1564

အခန်း (၁၅၆၄) တိုင်ပင်ဆွေးနွေးခြင်း။

ချင်ယွင်သည် ယုထန်းနူနှင့် လျှိုဖန်းဟွာတို့ ပြောစကားနှင့်ပတ်သက်ပြီး အထူးတလည် မခံစားရပါ။

ယုထန်းနူ၏ကျင့်ကြံမှုသည် ကောင်းကင်နတ်ဘုရားနယ်ပယ်၏ နှောင်းပိုင်းတွင် ရှိနေခဲ့ပြီး၊ လျှိုဖန်းဟွာ၏ ကျင့်ကြံမှုသည် ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အလယ်လတ်အဆင့် ရှိနေသည်။

ဤလူနှစ်ယောက်သည် ချင်ယွင်အား ပြင်းထန်သော ဖိနှိပ်မှု ခံစားချက်မျိုးကို မပေးသော ကြောင့် ယုထန်းနူနှင့် လျှိုဖန်းဟွာတို့သည် မည်သည့်နေရာတွင် အားကောင်းသည်ကို သူ မမြင်နိုင်ပေ။

သို့သော် လူတစ်ဦးကို အပေါ်ယံအသွင်ပြင်ဖြင့် မဆုံးဖြတ်နိုင်ဟု ဆိုထားသည်။ လေဟာနယ် ဘိုးဘေးနတ်ဘုရားမှ တရားဝင်တပည့်အဖြစ် လက်ခံနိုင်သူ တစ်ဦးသည် သာမန်ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်မည်မဟုတ်သည်မှာ သေချာပါသည်။ ထို့ကြောင့်၊ ချင်ယွင်သည် သူ့နှလုံးသားထဲတွင် ယုထန်းနူနှင့် လျှိုဖန်းဟွာတို့၏ စစ်မှန်သော ခွန်အားကို အကဲမဖြတ်ဝံ့ပေ။

တတိယစီနီယာ အစ်မ ရှောင်ယုအနေဖြင့်မူ၊ သူမ၏ကျင့်ကြံမှုသည် နှောင်းပိုင်း ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ ချင်ယွင်သည် သူ့ခန္ဓာကိုယ်ပေါ် ရှိ ပြင်းထန်သော လေဟာနယ်စွမ်းအင် အတက်အကျလှိုင်းများကို ဖျတ်ခနဲ ခံစားလိုက်ရ သည်။ စွမ်းအင်အတက်အကျလှိုင်းသည် အလွန်မသဲကွဲသော်လည်း ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ထို့ကြောင့် ချင်ယွင်က ရှောင်ယု၏ အစစ်မှန် စွမ်းအားသည် သာမန် နှောင်းပိုင်း ကောင်းကင်နတ်ဘုရားအဆင့်ထက် များစွာ ခိုင်မာကြောင်း ကောက်ချက်ချနိုင်သည်။

တစ်ဖက်မှာရှိနေသည့် ဝူဒေါင်ဇီကိုမူ, ချင်ယွင်သည် အစကတည်းက သူ၏ ကျင့်ကြံမှု အဆင့်ကို မမြင်နိုင်သလို သူ့ခန္ဓာကိုယ်မှ မည်သည့်အငွေ့အသက်ကိုမျှလည်း မခံစားရပေ။

သို့သော်၊ ဝူဒေါင်ဇီ၏ ကျင့်ကြံမှုသည် ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ် သို့ ရောက်ရှိနေပြီဟု ချင်ယွင် သေချာသည်။ သူမည်မျှ အစွမ်းထက်သနည်း, ဤအရာနှင့် ပတ်သက်၍မူ, ချင်ယွင်သည် ၎င်းကို လုံးဝ မမြင်နိုင်သလို မှန်းဆ၍လည်း မရပေ။

ထို့ကြောင့် ဤလူလေးယောက်ရှေ့တွင် ချင်ယွင်၏အင်အားသည် အနိမ့်ဆုံးပင် ဖြစ်နိုင် သည်။

"စီနီယာအစ်ကိုတို့၊ စီနီယာအစ်မတို့၊ ဆရာကြီးက ကျွန်တော်တို့ကို ရှေးခေတ်နတ်ဘုရား ကမ္ဘာကို တစ်လအတွင်း ထွက်ခွာရမယ်လို့ ပြောခဲ့ပေမယ့်၊ ရှေးခေတ်နတ်ဘုရားကမ္ဘာထဲ ဘယ်လိုဝင်ရမယ်ဆိုတာ မပြောခဲ့ဘူး။ ကျွန်တော်တို့ ဘယ်လိုသွားရမှာလဲ" ချင်ယွင်က မေးသည်။

ယုထန်းနူသည် ချင်ယွင်၏စကားကို ကြားသောအခါ သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာ သည်။ "ဂျူနီယာညီငယ်ချင်၊ ရှေးခေတ်နတ်ဘုရားကမ္ဘာကို သွားရတာ မင်းထင်သလောက် မရိုးရှင်းပါဘူး။ ရှေးခေတ်နတ်ဘုရားကမ္ဘာထဲ ဝင်ရောက်ဖို့အတွက်က ဘိုးဘေး နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူတွေက လမ်းဖွင့်ပေးရမယ်။ ဒါကြောင့် ငါတို့ ဝင်ချင်ရင်, ငါတို့က ဆရာကို အကူညီတောင်းရမယ်”။

"ဒါဆို ကျွန်တော့် ဇနီးရော ကျွန်တော်နဲ့အတူ လိုက်လို့ရမလား" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။ သူသည် သဘာဝအတိုင်း သူ့ဘေးနားက ကျိုးလင်ကို ပြောနေခြင်း ဖြစ်သည်။

ထိုစကားကိုကြားတော့ ကျိုးလင်သည် ထိတ်လန့်သည့် အမူအရာကို ဖော်ပြလာသည်။ သေချာသည်မှာ သူမသည်လည်း ချင်ယွင်နှင့် မခွဲခွာချင်ခဲ့ပေ။

သို့သော် ထိုစကားများပြောပြီးသည်နှင့် ယုထန်းနူ၊ လျှိုဖန်းဟွာနှင့် အခြားသူများသည် နှုတ်ဆိတ်သွားသည်။ ဤမေးခွန်းကို သူတို့ တွေးနေသည်မှာ ထင်ရှားပါသည်။

"ဂျူနီယာညီငယ်ချင်၊ တကယ်လို့, မင်းအနေနဲ့ မင်းမိန်းမကို ခေါ်လာပြီး ဆရာကြီးနဲ့ စကားပြောရင်တော့ သူက ကျိန်းသေပေါက် သဘောတူလိမ့်မယ်။ ဒါပေမယ့် မင်း ဒီလိုလုပ် ဖို့တော့ ငါ အကြံမပေးချင်ဘူး။" ရှောင်ယုက ထိုအချိန်မှာ ပြောလိုက်ပါသည်။

"ဘာလို့လဲ?" ချင်ယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ရှေးခေတ်နတ်ဘုရားကမ္ဘာက အန္တရာယ်များလွန်းတဲ့အတွက်ကြောင့်ပဲ။ မင်းရဲ့ဆွေမျိုး တွေကို ရှေးခေတ်နတ်ဘုရားကမ္ဘာထဲ ခေါ်ခဲ့မယ်ဆိုရင်, မင်းအနေနဲ့ သူတို့ကို အန္တရာယ်ပေး သလို ဖြစ်သွားနိုင်တယ်။ ငါတို့ ရှေးခေတ်နတ်ဘုရားကမ္ဘာထဲ ဝင်ရင်တောင် အသက်ရှင် လျက် ပြန်လာနိုင်မယ်လို့ ငါတို့ အာမမခံနိုင်ဘူး။" ယုထန်းနူက လေးနက်စွာ ပြောသည်။

ထိုစကားကိုကြားတော့ ချင်ယွင်သည် သူ့ပါးစပ်ကို အနည်းငယ် ဖွင့်လိုက်သည်။ သူသည် ဝူဒေါင်ဇီကို ကြည့်လိုက်သောအခါ ဝူဒေါင်ဇီက ခေါင်းညိတ်ပြလိုက်သည်။

ယင်းက ချင်ယွင်ကို ပို၍အံ့သြစေသည်။ ရှေးခေတ်နတ်ဘုရားကမ္ဘာသည် အလွန် အန္တရာယ်များမည်ဟု သူ မျှော်လင့်ထားပြီးဖြစ်သော်လည်း ဤမျှအန္တရာယ်ကြီးမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ဝူဒေါင်ဇီလို အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူပင်လျှင် သူ ရှင်သန်နိုင်သည်ဟု မပြောဝံ့ပေ။ ဤရှေးခေတ်နတ်ဘုရားကမ္ဘာသည် မည်မျှ အန္တရာယ်ကြီး သည်ကို တွေးကြည့်နိုင်သည်။

ချင်ယွင်က လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ကျိုးလင်နှင့်အတူ ခက်ခက်ခဲခဲ နေထိုင်ခဲ့ရသည်။ သူသည် ကျိုးလင်နှင့် မခွဲခွာချင်သည်မှာ သဘာဝပင်။ ထို့အပြင်, သူသည် ကျိုးလင်ကို သူနှင့်အတူ အန္တရာယ်တောထဲ မတွဲခေါ်ချင်ပေ။ သူ့တွင် ကနဦးစကြာဝဠာရှိသော်လည်း သူ၏ ယခင်အတွေ့အကြုံများကို သုံးသပ်ကြည့်လျှင် ဤကနဦးစကြာဝဠာသည် လုံးဝ လုံခြုံခြင်း မရှိပါ။ သူ မိစ္ဆာနတ်ဘုရားကို ရင်ဆိုင်သော အခါ လုံးဝ ပြိုကျလုနီးပါး ဖြစ်ခဲ့ရသည်။

"ခင်ပွန်း၊ ငါ လွင့်မျောနှင်းမြို့တော်ကို ပြန်ချင်တယ်။ လွင့်မျောနှင်းမြို့တော်မှာ ရှင့်ကို စောင့်နိုင်ပါတယ်" ကျိုးလင်သည် ချင်ယွင်၏အခက်အခဲများကို မြင်တွေ့ခဲ့ရလျှင်, သူမသည် ပထမဆုံး စကားပြောလိုက်သည်။

သူမသည် ချင်ယွင်နှင့် မခွဲခွာချင်သော်လည်း သူ့ကို အာရုံမပြောင်းစေချင်ပါဘူး။ ရှေးခေတ် နတ်ဘုရားကမ္ဘာသည် အလွန်အန္တရာယ်များသောကြောင့် ချင်ယွင်အတွက် ဝန်ထုပ်ဝန်ပိုး ပို၍ပင် မဖြစ်စေချင်ပေ။

ယုထန်းနူနှင့် အခြားသူများသည် ကျိုးလင်၏စကားကို ကြားသောအခါ အားလုံးက ကျိုးလင်ကို လေးစားစွာ ကြည့်ကြသည်။

ချင်ယွင်သည် ကျိုးလင်၏ အတွေးတွေကို မည်သို့ နားမလည်ဘဲ နေနိုင်မည်နည်း။ သို့သော် အနည်းငယ် စဉ်းစားပြီးနောက် သူက ခေါင်းညိတ်ပြီး ပြောသည် "ကောင်းပြီ၊ ဘာပဲဖြစ်ဖြစ်၊ ရှေးခေတ်နတ်ဘုရားကမ္ဘာထဲ မဝင်ခင် အချိန်တစ်လ ကျန်ပါသေးတယ်။ ဒီတစ်လ အတွင်းမှာ မင်းကို လွင့်မျောနှင်းမြို့တော်ကို အရင်လိုက်ပို့ပေးမယ်။ အချိန်နီးမှ ငါ ထွက်သွားမယ်။"

"ကျေးဇူးတင်ပါတယ် ခင်ပွန်း!" ကျိုးလင်သည် ချက်ချင်းပင် ပျော်ရွှင်စွာ ရယ်မော လိုက်သည်။

ချင်ယွင်သည် သူမနှင့်အတူလိုက်ပါပြီး တစ်လလောက်နေမည့်အတွက် သူမသည် သဘာဝ အတိုင်း အလွန်ပျော်ရွှင်နေပါသည်။

"မင်းတို့ အပြင်ထွက်ကြမလို့လား။ ဒီလိုဆိုမှတော့ ငါလည်း ခဏတဖြုတ် လမ်းလျှောက်ဖို့ အပြင်ထွက်ကြတာပေါ့။ ဂျူနီယာ ညီငယ်ချင်က ငါ မင်းတို့နဲ့အတူ လာလည်မယ်ဆို, ငါ့ကို ကြိုဆိုပါ့မလား ငါ သိချင်မိတယ် " ယုထန်းနူ ရုတ်တရက် ပြုံးလိုက်သည်။

"ကြိုဆိုပါတယ်, ကြိုဆိုပါတယ်, စီနီယာအစ်ကိုယု၊ စီနီယာအစ်ကိုက ကျွန်မတို့နဲ့အတူ လွင့်မျောနှင်းမြို့တော် လိုက်ပါခြင်းက ကျွန်မတို့အတွက် ဂုဏ်ယူစရာပါပဲ။" ချင်ယွင် ပြန်မဖြေခင်မှာ သူ့ဘေးမှာ ရပ်နေသည့် ကျိုးလင်က အရင်ပြောလိုက်သည်။

'"ဟား...၊ ဟား...၊ ကောင်းတယ်၊ ကောင်းတယ်၊ ဂျူနီယာညီငယ်ချင်၊ ဒီလောက်ကောင်းတဲ့ ခယ်မတစ်ယောက်ကို ငါရှာတွေ့တာ တကယ် ကံကောင်းတာပဲ။ ဒါဆို ငါ မင်းတို့နဲ့ လိုက်ဖို့ စိတ်ပူစရာမလိုတော့ဘူး။ အချိန်တန်ရင် ငါလည်း လွင့်မျောနှင်းမြို့တော်ကို လိုက်ခဲ့မယ်။ ဂျူနီယာညီငယ်ချင်၊ မင်း ငါ့ကို အရက်ကောင်းကောင်းနဲ့ ဧည့်ခံရမယ်နော်။" ယုထန်းနူ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ကျိုးလင်၏ စွမ်းဆောင်မှုကို သူ အရမ်း ကျေနပ်နေသည်မှာ ထင်ရှားပါသည်။

“သေချာပေါက် ဧည့်ခံမှာပါ။ ထုံးစံပဲလေ၊ ကျွန်တော်က ဒုတိယစီနီယာအစ်ကိုကို မတရား ဆက်ဆံမှာ မဟုတ်ပါဘူး။" ချင်ယွင်လည်း ပြုံးလိုက်သည်။

ယုထန်းနူက သူနှင့်အတူ လိုက်ရန် ဆန္ဒရှိသောကြောင့် သူလည်း အရမ်းပျော်သွားသည်မှာ သဘာဝပင်။ နောက်ဆုံးတွင်၊ သူသည် ရှေးခေတ်နတ်ဘုရားကမ္ဘာထဲသို့ ဝင်သောအခါ သူ့ကို ပြုစုစောင့်ရှောက်ပေးရန် ယုထန်းနူကို အားကိုးရဦးမည်။ အခုအချိန်မှာ ယုထန်းနူနှင့် အဆက်အသွယ် ပိုကောင်းနေခြင်းက သူ့ခံစားချက်တွေကို သဘာဝအတိုင်း တိုးမြင့်လာစေ သည်။

"ဂျူနီယာညီငယ်ချင် မင်းမှားနေပြီ။ ဒုတိယ စီနီယာအစ်ကိုကို အရက်သောက်ဖို့ ဖိတ်မှ တော့ မင်းရဲ့ စတုတ္ထ စီနီယာအစ်ကိုကိုရော အရက်သောက်ဖို့ မဖိတ်တော့ဘူးလား" လျှိုဖန်းဟွာက ရုတ်တရက် ပြောလိုက်သည်။

"စတုတ္ထ စီနီယာ အစ်ကို၊ ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ။ စီနီယာအစ်ကိုကိုလည်း အရက်တိုက်ပါ့မယ်" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။ သူ့စိတ်ထဲမှာတော့ ဒီဒုတိယ စီနီယာ အစ်ကိုနဲ့ စတုတ္ထ စီနီယာ အစ်ကိုကို အကောင်းမြင်စိတ်ရှိသည်။ အနည်းဆုံး သူတို့၏စိတ်နေသဘောထားကို ခန့်မှန်းကြည့်လျှင်, သူတို့သည် အရမ်းကို ပွင့်လင်းကြသည်။

"အိုး၊ မင်းမှာ အသိတရား မရှိဘူးပဲ။ မင်းရဲ့ တတိယ စီနီယာ အစ်မကိုတော့ မဖိတ်ဘူးလို့ မပြောနဲ့နော်။ ဘာလဲ။ မင်းရဲ့ တတိယ စီနီယာ အစ်မက မလှဘူးလို့ မင်းထင်လို့လား" ရှောင်ယုက ချစ်စရာကောင်းစွာ ပြောသည်။

ချင်ယွင်က ရှိုက်ကြီးတငင် ပြုံးပြီး ကမန်းကတန်း ပြောသည် "တကယ်လို့, တတိယ စီနီယာ အစ်မသာ လိုက်ဖို့ဆန္ဒရှိရင်, ဒီဂျူနီယာမောင်လေးက အရမ်းကြိုဆိုမှာပါ"

ချင်ယွင်သည် တတိယ စီနီယာ အစ်မကို အနည်းငယ် ကြောက်နေသေးသည်။ ရှောင်ယု သည် အလွန်လှပပြီး ရုပ်ရည်ချောမောသော်လည်း ချင်ယွင်သည် သူ့နှလုံးသားထဲတွင် မည်သည့်ခံစားချက်မျှ မရှိခဲ့ပေ။

"ချပ်စ်…၊ ငါ နင်တို့နဲ့ဆို သဘောမတူဘူး။ နင်တို့က အကြင်နာကင်းမဲ့တဲ့ လူယုတ်မာတွေ။ ငါ မသွားတော့ဘူး။ နင်တို့ နံစော်နေတဲ့ ယောက်ျားတွေက ဝိုင်သောက်မယ်။ ငါက ဘာလုပ်ရမှာလဲ" ရှောင်ယုသည် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး ချင်ယွင်၏ နန်းတော် ထဲမှ ထွက်သွားလေသည်။

"ဒါဆို စီနီယာအစ်ကိုကြီးရော သွားမလား" ချင်ယွင်က ဝူဒေါင်ဇီဘက် လှည့်ပြီး မေးသည်။

"မလိုက်တော့ဘူး၊ မင်းတို့ပဲ သွားလိုက်ကြပါ။ ဒါပေမယ့် မင်းထွက်သွားပြီးနောက် အဲဒီနေ့ မတိုင်ခင် ပြန်ရောက်လာဖို့ မမေ့ကြနဲ့ဦး။ နောက်မကျစေနဲ့။ မဟုတ်ရင် ဆရာကြီး စိတ်ဆိုး လိမ့်မယ်။ သူစိတ်ဆိုးရင် နောက်ဆက်တွဲဆိုးကျိုးတွေကို မင်းတို့အားလုံးလည်း သိတယ်။" ဝူဒေါင်ဇီက ငြင်းသည်။

ချင်ယွင်နှင့် အခြားသူများသည် ထိုစကားကိုကြားသောအခါ အားလုံးက လေးလေး နက်နက် ခေါင်းညိတ်ပြကြသည်။

All Chapters