← Chapters

အခန်း ၁၅၆၅

Vol. 105 Ch. 1565

အခန်း ၁၅၆၅

Vol. 105 Ch. 1565

အခန်း (၁၅၆၅) ရှေးဟောင်းတာအို၏ မျှော်လင့်ချက်များ။

မြင့်မြတ်သော ကောင်းကင်ဘုံရှိ နတ်ဘုရားနန်းတော်၏ အုပ်ချုပ်မူနယ်မြေ အတွင်း, လွင့်မျောနှင်းမြို့တော်, အတော်လေးဝေးလံသော ခြံဝန်းတစ်ခုထဲမှာ....။

ထိုအချိန်တွင် လူနှစ်ယောက် ထိုင်နေသည်။ သူတို့သည် တစ်ခုခုကို ဆွေးနွေးနေပုံပင်။

နှစ်ယောက်စလုံး၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ရှိနေကြသည်။

"ဒါက သိပ်အနိုင်ကျင့်လွန်းတယ် ညီအစ်ကိုဂူ။ သူတို့က မင်းကို ထိခိုက်စေရုံတင်မကဘူး၊ မင်းရဲ့ကျင့်ကြံမှုအခြေခံကိုတောင် သုံးစားမရအောင် လုပ်ခဲ့တယ်။ ဒါက သိပ်ကို အနိုင်ကျင့် လွန်းတယ် မဟုတ်လား" ယောက်ျားတစ်ယောက်က ဒေါသတကြီး ပြောလိုက်ပြီး၊ သူ့မျက်လုံးတွေက ဒေါသအပြည့်နှင့်ပင်။

ညီအစ်ကိုဂူဟု အမည်ရသည့် အမျိုးသားက သူ့ပါးစပ်ထောင့်ကို ခါးခါးသီးသီး ဆွဲဆန့်ရင်း ကူရာမဲ့ သက်ပြင်းချလိုက်ပါသည် "ဟင်း...၊ ငါလည်း ဘာမှ မတတ်နိုင်ဘူး။ ငါ့ကို နိမ့်ကျပါလို့ ဘယ်သူက ပြောလို့လဲ။" (ကိုယ့်ကိုယ်ကို နိမ့်ကျသည့်အတွက် ဘာမှမတတ်နိုင် သည်ကို ဆိုလိုပါသည်)။

"ဒါဆိုလည်း မင်းရဲ့ ကျင့်ကြံမှုကိုတော့ မဖျက်စီးသင့်ဘူးလေ။ နဂိုကတော့ မင်းက ကြယ်နတ်ဘုရားနယ်ပယ် အလယ်လတ်အဆင့်ကို ဖြတ်ကျော်ခါနီးနေပြီ။ အခု မင်းရဲ့ ကျင့်ကြံမှုက ပျက်ဆီးသွားခဲ့ပြီ။ ဒါက နှစ်ပေါင်းသောင်းချီကြာ မင်းရဲ့ကျင့်ကြံမှုကို ဖျက်ဆီးပစ်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား။ မဟုတ်ဘူး။ ဒီရန်ငြိုးကို လက်စားပြန်ချေမှ ဖြစ်မယ်" စကားစပြောသည့် အဖြူရောင်ဝတ် အမျိုးသားက ဒေါသပိုထွက်လာကာ သူ့မျက်လုံးများက နီရဲလာပြန်သည်။

သူသည် အခြားတဖက်အား အလယ်လတ်အဆင့် နတ်ဘုရားဓားတစ်လက်ကို မပေးသော ကြောင့် တစ်ဖက်လူက ရက်စက်စွာ လှုပ်ရှားခဲ့သည်။ တဖက်လူသည် လူကို ဒဏ်ရာရစေရုံ သာမက ကျင့်ကြံမှုလည်း ဖျက်ဆီးပစ်ခဲ့သည်။ ဤအလယ်လတ်အဆင့် နတ်ဘုရားဓားကို သူတို့ ပထမဆုံးတွေ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်မှာလည်း ကျိုးကြောင်းဆီလျော်မှု မရှိပေ။

"မေ့လိုက်ပါ၊ တဖက်လူမှာ ကောင်းမွန်တဲ့ နောက်ခံသမိုင်းကြောင်း ရှိတယ်။ ငါတို့က သူ့ကို စော်ကားဖို့ မတတ်နိုင်ဘူးလေ။ ငါ့ရဲ့ကျင့်ကြံမှု ပျက်ဆီးသွားလည်း ငါပြန်ပြီး ကျင့်ကြံရုံပေါ့။ ဒါပေမယ့် ငါအသက်ဆုံးရှုံးသွားရင် ငါ တကယ်ပဲ အကုန်လုံး ဆုံးရှုံးသွားလိမ့်မယ်။" ညီအစ်ကိုဂူဟုခေါ်သောလူသည် သူ့မျက်နှာတွင် အားကိုးရာမဲ့သော အမူအရာဖြင့် ထိုလူကို သွေးဆောင်ရန် အမြန်ကြိုးစားလိုက်ပါသည်။

အဖြူရောင်ဝတ်အမျိုးသားသည် ထိုစကားကိုကြားသောအခါ သူ့မျက်နှာတွင် မယုံနိုင် ကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။ သို့သော် ညီအစ်ကိုဂူသည် အမှန်အတိုင်း ပြောနေမှန်းလည်း သူ နားလည်သောကြောင့် သူသည် သက်ပြင်းအလေးကြီးသာ ချနိုင်ခဲ့ပါသည်။

စွမ်းအားအရဖြစ်စေ, အင်အားအရဖြစ်စေ, ပြိုင်ဘက်၏နောက်ခံသည် သူတို့ထက် အများ ကြီး ကြီးမားပါသည်။ သူတို့အတွက် လက်စားချေရန် အလွန်ခက်ခဲသည်ဟု ဆိုနိုင်သည်။

ရုတ်တရက် သူသည် တစ်ခုခုကို တွေးနေပုံပေါ်ပြီး ညီအစ်ကိုဂူကို ပြောလိုက်သည် "ဟုတ်ပြီ, ညီအစ်ကိုဂူ၊ မင်းရဲ့တပည့်ချင်ယွင်က လွင့်မျောနှင်းမြို့တော်ရဲ့ အရှင်သခင်နဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူးလား။ မင်းအတွက် တရားမျှတမူကို တောင်းခံပေးဖို့ လွင့်မျော နှင်းမြို့တော်သခင်ကို ဘာလို့သွားမရှာတာလဲ"

မှန်ပါသည်။ ထိုလူနှစ်ယောက်ကတော့ ချင်ယွင်၏ဆရာသခင် ရှေးဟောင်းတာအိုနှင့် ချူယွန်တို့ ဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူကတော့ ရှေးဟောင်းတာအို ဖြစ်ပါသည်။

လွန်ခဲ့သော ဆယ်ရက်က ရှေးဟောင်းတာအိုသည် လက်နက်တစ်ခုဝယ်ရန် ဈေးသို့သွားခဲ့ သည်။ သူသည် အလယ်လတ်အဆင့် နတ်ဘုရားဓားတစ်လက်ကို သဘောကျနေခဲ့သည်။ သူသည် စျေးနှုန်းကို ညှိနှိုင်းထားပြီး ဖြစ်သော်လည်း၊ နတ်ဘုရားကျောက်တုံးများကို ပေးချေခါနီးတွင် ဘိုင်လင်အမည်ရှိ လူတစ်ယောက်သည် ကြားဖြတ်ပြီး ရှေးဟောင်းတာအို မျက်စိကျနေသော အလယ်အလတ်အဆင့် နတ်ဘုရားဓားကို အတင်းအကျပ် ဝယ်လိုခဲ့ သည်။

ရှေးဟောင်းတာအိုက သဘာဝအတိုင်း သဘောမတူခဲ့ပေ။ သို့သော် တစ်ဖက်က သူ့ကို တိုက်ရိုက် တိုက်ခိုက်မည်ဟု သူ မမျှော်လင့်ထားပါဘူး။ သူက ရှေးဟောင်းတာအိုကို သူ၏ အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ်ခွန်အားနှင့် တိုက်ရိုက် ချေမှုန်းပစ်ခဲ့သည်။ သူသည် ရှေးဟောင်းတာအိုကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေရုံသာမက, သူ့ကျင့်ကြံမှု အားလုံးကိုပါ ထိခိုက်ပျက်ဆီးစေခဲ့တယ်။ ယခု၊ ရှေးဟောင်းတာအိုသည် သူ့တစ်ကိုယ်လုံး တွင် နတ်ဘုရားတန်ခိုးစွမ်းအား အနည်းငယ်မျှ မရှိတော့ပေ။ ဤအရာက အရာအားလုံး၏ အစဖြစ်သည်။

သူ့နတ်ဘုရားခန္ဓာကိုယ်ကြောင့်သာ မဟုတ်ပါက, သူ့ဒဏ်ရာက သူ့ကို သေစေနိုင်သည်။ ဆယ်ရက်လောက် ပြန်လည်ကုစားပြီးနောက်၊ ရှေးဟောင်းတာအို၏ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေလည်း တဖြည်းဖြည်း သက်သာလာပါပြီ။

ထိုကဲ့သို့ အရှက်တရားကို ခံစားရပြီးနောက် ရှေးဟောင်းတာအိုသည် သဘာဝအတိုင်း လက်စားချေလိုသောကြောင့် လီဟောင်ကို စုံစမ်းကြည့်ရန် တောင်းဆိုခဲ့သော်လည်း နောက်ဆုံးရလာဒ်က ရှေးဟောင်းတာအိုအား စိတ်ပျက်သွားစေခဲ့သည်။

ရှေးဟောင်းတာအိုကို ထိခိုက်ဒဏ်ရာရစေသူသည် အစောပိုင်း မြေကမ္ဘာနတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ရုံသာမက, မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရား နန်းတော်၏ အကြီးအကဲ ဆရာတစ်ဦးလည်း ရှိနေမည်ဟု သူမထင်ထားခဲ့ပေ။ သူ့ဆရာ၏ ခွန်အားသည် ကောင်းကင်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီး၊ သူသည် မြင့်မြတ် သော ကောင်းကင်ဘုံနတ်ဘုရားနန်းတော်၌ ထူးခြားသော အဆင့်အတန်းတစ်ခုလည်း ရှိနေပြန်သည်။

ထိုသတင်းကြားတော့ ရှေးဟောင်းတာအိုသည် လက်စားချေရန် လုံးဝ မစဉ်းစားတော့ပါ ဘူး။

ကောင်းကင်နတ်ဘုရား နယ်ပယ်သည် သူတို့မျက်လုံးထဲတွင် လက်လှမ်းမမှီနိုင်သော တည်ရှိမှုတစ်ခု ဖြစ်သည်။ သေချာပေါက် သူတို့ ရန်စနိုင်သောအရာ မဟုတ်ပေ။

"မဟုတ်ဘူး၊ ယွင်အာက လွင့်မျောနှင်းမြို့တော်ရဲ့ မြို့သခင်နဲ့ အရမ်းရင်းနှီးပေမယ့် လွင့်မျောနှင်းမြို့တော်ရဲ့ မြို့သခင်က မြေကမ္ဘာနတ်ဘုရားနယ်ပယ်ရဲ့ အထွတ်အထိပ်မှာပဲ ရှိသေးတယ်။ သူ့ရဲ့အဆင့်အတန်းနဲ့ ခွန်အားက ဘိုင်လင်ထက် နိမ့်ကျတယ်။ ငါတို့က သူ့ကို အကူညီသွားတောင်းရင် သူ့ကို ဒုက္ခပေးရာ ရောက်လိမ့်မယ်။" ချူယွန်၏ အကြံပြုချက်ကို ကြားတော့ ရှေးဟောင်းတာအိုက သူ့ကို အမြန် တားဆီးလိုက်သည်။

"ဒါပေမယ့် ငါတို့က ဒီရန်ငြိုးကို လွှတ်ပေးထားလို့ မရဘူးလေ။ တကယ်လို့, ချင်ယွင်သာ တခြားလူတွေက မင်းကို ဒီလိုရိုက်နှက်ခဲ့တာကို သိသွားရင်, သူက သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး။" ချူယွန်က ဒေါသတကြီး အော်ပြောလိုက်ပြီး၊ သူ့လေသံမှာ ပြင်းထန်သော မကျေနပ်မူနှင့်အတူ အမျက်ဒေါသများဖြင့် ပြည့်နေခဲ့သည်။

သူ မစ်ရှင်တစ်ခုမှ ပြန်ရောက်လာသောအခါ၊ ရှေးဟောင်းတာအို ဒဏ်ရာရသည့်သတင်းကို ကြားရမည်ဟု မမျှော်လင့်ထားပေ။ ဒီသတင်းက သူ့ကို အရမ်းစိတ်ဆိုးစေသည်။ သို့သော် သူ၏လက်ရှိ ခွန်အားဖြင့် သူလုပ်နိုင်သည်မှာ ဘာမျှမရှိသောကြောင့် အလွန်မကျေမနပ် ဖြစ်နေမိသည်။

'"သူက ကြီးထွားမှုအဆင့်မှာပဲ ရှိနေသေးတယ်။ ဒါကြောင့် မင်း ယွင်အာကို မပြောဘဲထား တာ ပိုကောင်းလိမ့်မယ်။ သူက ငါ့အတွက်နဲ့ အင်အားကြီးတဲ့ ရန်သူတစ်ယောက်ကို ရန်စဖို့ က မသင့်တော်ဘူး။ တကယ်လို့, သူသာ ဒီကိစ္စကို သိသွားရင် သူ့ရဲ့ ပင်ကိုယ်စရိုက်နဲ့ဆို, သူက ဘိုင်လင်ကို သေချာပေါက် တိုက်ခိုက်လိမ့်မယ်။ သူ ဘိုင်လင်ကို အနိုင်ယူနိုင်ပေမယ့် ဘိုင်လင်မှာ ဆရာတစ်ယောက် ရှိနေသေးတယ်ဆိုတာ မမေ့နဲ့နော်။ တကယ်လို့, ယွင်အာ သာ ဒီအတွက်ကြောင့် သေသွားခဲ့ရင် ငါ့ဘဝတစ်သက်တာလုံး နောင်တရနေလိမ့်မယ်။" ရှေးဟောင်းတာအိုက လေးနက်စွာ ပြောသည်။

"အဲဒါက မဟုတ်ပါဘူး။ မင်း ဒီအတိုင်း လက်လျော့လိုက်မယ်လို့တော့ ငါ့ကို မပြောနဲ့နော်။" ချူယွန်၏ မျက်နှာက မလိုလားသည့် ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

ရှေးဟောင်းတာအိုက ပြုံးပြီး ပြောသည် "ဒီရန်ငြိုးကို သေချာပေါက် ပြန်ဆပ်ရမယ်။ ဒါပေမယ့် အခုတော့ မဟုတ်သေးဘူး။ ယွင်အာ ကြီးပြင်းလာတဲ့အခါ မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ကို ရင်ဆိုင်ဖို့ လုံလောက်တဲ့အခါ, ငါတို့ ဒီအကြောင်း ကို သူ့ကို ပြောပြရလိမ့်မယ်။ အဲဒီအချိန်ကျမှ သူ ငါ့အတွက် လက်စားချေပေးရန်လည်း သိပ်နောက်ကျမှာ မဟုတ်ပါဘူး။"

"ဒါဆို ငါတို့ ဘယ်လောက်ကြာကြာ စောင့်ရမှာလဲ" ချူယွန် ခေါင်းခါပြီး ပြောလိုက်သည်။

ချင်ယွင်၏ အရည်အချင်းသည် ကောင်းကင်ဘုံကို အံတုနိုင်ပြီး သူ၏ ကြီးထွားမှု အရှိန်ဟုန် သည် အံ့မခန်းဖြစ်ကြောင်း သူ ဝန်ခံသော်လည်း မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရား နန်းတော်တစ်ခုလုံးကို ဆန့်ကျင်နိုင်ရန်မှာ ကောင်းကင်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိရုံ ဖြင့် မလုံလောက်တော့သည်မှာ သေချာပါသည်။ ထို့အပြင်၊ လူတစ်ဦးသည် ကြယ်နတ်ဘုရားနယ်ပယ်မှ ကောင်းကင်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနိုင်ရန် အမြန်ဆုံး ဆိုလျှင်ပင် နှစ်သိန်းချီကြာမည် ဖြစ်သည်။

လက်စားချေခြင်း မပြုနိုင်ခင် နှစ်ပေါင်းသိန်းနှင့်ချီ၍ စောင့်နေရဦးမည်။ ထိုအချိန်တွင် မည်သို့မည်ပုံ ဖြစ်သွားမည်ကို မည်သူမျှ မသိနိုင်ကြပေ။ ထို့အပြင် နှစ်ပေါင်းသိန်းချီအတွင်း မည်သည့်အရာများ ဖြစ်ပျက်လာမည်ကို မည်သူမျှ မသိနိုင်ကြပေ။

သို့သော်လည်း ရှေးဟောင်းတာအို၏ မျက်လုံးများက ခိုင်မာပြီး ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်သည် "မကြာပါဘူး၊ အဲဒီနေ့က သိပ်ဝေးတော့မှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်"။

ရှေးဟောင်းတာအို၏ မျက်နှာပေါ်က အပြုံးကို မြင်တော့ ချူယွန်သည် ကူကယ်ရာမဲ့ ခေါင်းခါလိုက်ပါသည်။ ထိုအခိုက်တန့်မှာ, ရှေးဟောင်းတာအိုက အဘယ့်ကြောင့် ပြုံးရယ် နေမှန်း သူ တကယ် မသိသလို ရှေးဟောင်းတာအိုက ချင်ယွင်ကို အဘယ့်ကြောင့် ဤမျှ ယုံကြည်မှုရှိနေလဲဆိုသည်ကိုလည်း နားမလည်နိုင်ခဲ့ပါဘူး။

"ချင်ယွင် မင်းဆရာ မျှော်လင့်နေတဲ့အဆင့်ကို အမြန်ဆုံး ရောက်ရှိပြီး မင်းရဲ့ဆရာအတွက် လက်စားချေပေးနိုင်ဖို့ ငါ တကယ် မျှော်လင့်ပါတယ်" ချင်ယွင်သည် ရှေးဟောင်းတာအို အတွက် အမြန်ဆုံး လက်စားချေပေးနိုင်မည်ဟု ချူယွန် မယုံခဲ့သော်ငြားလည်း ၎င်းကို စောင့်မျှော်နေခဲ့မိပါသည်။ ထိုသို့မဟုတ်လျှင်, သူတို့၏ ကျင့်ကြံမှု အမြန်နှုန်းအရဆို, ဒီတစ်သက်မှာ လက်စားချေဖို့ မျှော်လင့်ချက်ရှိတော့မှာ မဟုတ်ပါဘူး။

…

သို့သော်၊ ရှေးဟောင်းတာအိုနှင့် ချူယွန်တို့သည် ဤကိစ္စအကြာင်း ဆွေးနွေးနေကြစဉ်မှာ၊ လွင့်မျောနှင်းမြို့တော် တံခါးဝသို့ ပုံရိပ်လေးခု လွင့်ပျံလာခဲ့သည်။ ၎င်းတို့သည် အမျိုးသား သုံးယောက်နှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်သည်။ အမှန်မှာလည်း ၎င်းတို့သည် လေဟာနယ် ဘိုးဘေးနတ်ဘုရား၏ ကြယ်တာရာကမ္ဘာမှ ပြေးထွက်လာကြသော ချင်ယွင်၊ ယုထန်းနူနှင့် အခြားသူများ ဖြစ်ပါသည်။

"ဒုတိယ စီနီယာ အစ်ကို၊ တတိယ စီနီယာ အစ်ကို၊ ဒါက လွင့်မျောနှင်းမြို့တော်ပါ။ ကျွန်မ အစ်ကိုက ဒီမှာတော့ မြို့သခင်ဖြစ်တယ်။ ဒီနေရာက ကျွန်မရဲ့ အိမ်တစ်ဝက်လို့ ယူဆလို့ ရပါတယ်။" ကျိုးလင်က ယုထန်းနူနှင့် လျှိုဖန်းဟွာကို ပြုံးပြီး ပြောလိုက်သည်။

"ဟား......၊ ဟား.......၊ ဒါက ငါ့ခယ်မအိမ်ပေါ့။ ကောင်းပြီလေ၊ လွင့်မျောနှင်းမြို့တော်က နည်းနည်းသေးပေမယ့် ရိုးရိုးရှင်းရှင်းနဲ့ ခမ်းနားနေတုန်းပါပဲ။ ဒါက နေရာကောင်းတစ်ခုပဲ။" ယုထန်းနူ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ခယ်မကလည်း အရမ်းလှတယ်။ ဒီလို ချောမောလှပတဲ့ လူတစ်ယောက်ကို ပြုစုပျိုးထောင် ပေးခဲ့တဲ့ နေရာက တကယ်ကို မရိုးရှင်းဘူးပဲ။ ဒီနေ့တော့ ခယ်မက တကယ်ကို ထူးထူး ခြားခြား ဖြစ်နေတာကို ငါ နားလည်ပါပြီလေ” လျှိုဖန်းဟွာကလည်း ကမန်းကတန်း ချီးကျူးသည်။

"ကောင်းပါပြီ အစ်ကိုတို့၊ မြှောက်ပင့်နေတာကို ရပ်လိုက်ပါ။ တလမ်းလုံးလည်း စီနီယာတို့ က ကျွန်တော့်ကို မြှောက်ပင့်ခဲ့ပြီးပါပြီ" ချင်ယွင်က မြှောက်ပင့်နေသော ယုထန်းနူနှင့် လျှိုဖန်းဟွာတို့ နှစ်ယောက်ကို ကြည့်ကာ ကူကယ်ရာမဲ့ ပြောလိုက်ရပါသည်။

ထိုစကားကို ကြားတော့ ကျိုးလင်သည် ပါးစပ်ကိုပိတ်ပြီး ရယ်မောလိုက်ပါသည်။

ယုထန်းနူ, အခြားလူများနှင့်အတူ တစ်လမ်းတည်း သွားလာပြီးနောက်, သူတို့သည် ချင်ယွင်နှင့် အချင်းချင်း ပို၍သိကျွမ်းလာခဲ့ပြီး၊ သူတို့အကြိုက်ဆုံးအရာမှာလည်း ကျိုးလင် ကို မြှောက်ပင့်ပြောဆိုခြင်း ဖြစ်သည်။

All Chapters