အခန်း ၁၅၆၇
Vol. 105 Ch. 1567
အခန်း (၁၅၆၇) ချင်ယွင်၏ဒေါသ
ချင်ယွင်သည် ရှေးဟောင်းတာအို၏ တည်နေရာကို သိရှိပြီးနောက် ရှေးဟောင်းတာအို ပုန်းအောင်းနေသည့် နေရာဆီသို့ အရူးအမူး ပြေးသွားခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ ကျိုးလင်က သူ့ကို ဆွဲဆောင်ရန် ဘာစကားမှ မပြောခဲ့ပါဘူး။ ယင်းအစား သူမသည် ချင်ယွင်၏နောက်သို့ တိတ်တဆိတ် လိုက်ပါသွားခဲ့သည်။ ချင်ယွင်၏ခန္ဓာကိုယ်ပေါ်တွင် ဖိနှိပ်ထားသော အမျက်ဒေါသကို သူမ ခံစားနိုင်သည်။ ဤဒေါသသည် နှစ်သိမ့်ပေးခြင်း သို့မဟုတ် စကားလုံးများဖြင့် ဆွဲဆောင်နိုင်သည့် အရာ မဟုတ်ပေ။
ထို့ကြောင့်၊ ယခုအချိန်မှာ ချင်ယွင်ဘာပဲ လုပ်လုပ်၊ သူမသည် သူ့ကို ထောက်ခံပေးရန် ရွေးချယ်မည် ဖြစ်သည်။ ချင်ယွင်သည် မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော် တစ်ခုလုံး၏ ရန်သူ ဖြစ်ခဲ့လျှင်ပင် ကျိုးလင်သည် ချင်ယွင်၏အမျိုးသမီး ဖြစ်သောကြောင့် သူမသည် ချင်ယွင်နှင့်အတူ ရှေ့ထွက် ရပ်တည်မည် ဖြစ်သည်။
…
ရှေးဟောင်းတာအိုနှင့်ချူယွန်တို့သည် ယခုလောလောဆယ်တွင် လွင့်မျောနှင်းမြို့တော်ရှိ အလွန်ဝေးလံသော ခြံဝင်းတစ်ခုတွင် ရှိနေကြသည်။
ရှေးဟောင်းတာအိုသည် ခြံဝင်းအတွင်းရှိ ကျောက်စားပွဲတွင် တိတ်တဆိတ် ထိုင်နေပြီး၊ ချူယွန်သည် ခြံဝန်းအတွင်း ဆက်လက် လမ်းလျှောက်နေခဲ့သည်။
နောက်ဆုံးတွင် သူသည် ဒေါသပြေသွားပုံရပြီး အနီးနားရှိ ရှေးဟောင်းတာအိုအား ပြောသည် "ညီအစ်ကိုဂူ၊ မင်း ချင်ယွင်ကို ဘာလို့ ပုန်းရှောင်နေတာလဲ။ မင်း အခုလိုမျိုး ပုန်းရှောင်နေလို့ မရဘူး။ ချင်ယွင်က မင်းရှိနေတဲ့နေရာကို မြို့တော်သခင်ထံကနေ သေချာပေါက် သိလိမ့်မယ်။ သူ့အသိဥာဏ်နဲ့ဆို ဘယ်လိုလုပ်ပြီး သူ့ကို ပုန်းရှောင်နိုင်မှာလဲ"
ရှေးဟောင်းတာအိုသည် ချူယွန်၏စကားကို ကြားသောအခါ သူ့ပါးစပ်ထောင့်မှ ခါးသီးသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ "ငါ ပုန်းရှောင်နေလို့ မရဘူးဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် အခြားနည်းလမ်းလည်း မရှိဘူးလေ။ ယွင်အာ သေမှာကို ငါ ကြည့်မနေနိုင်ဘူး။ တဖက်လူရဲ့ နောက်ခံက အရမ်းအားကောင်းလွန်းတယ်။ ယွင်အာက လုံးဝ မပြည့်စုံသေးပါဘူး။ ပြီးတော့ သူက ဘိုင်လင်တို့ ဆရာတပည့်နှစ်ယောက်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး”။
ထိုစကားကိုကြားတော့ ချူယွန်လည်း ငြိမ်ကျသွားပြီး၊ သူ့မျက်လုံးများတွင် လွန်စွာ မကျေနပ်သည့် အမူအရာ ပေါ်လွင်နေသည်။
"ဒါဆို ချင်ယွင်က ဒီနေရာကို ရှာတွေ့သွားရင်, မင်း ဘယ်လိုလုပ်မလဲ" ချူယွန် ရုတ်တရက် မေးလိုက်သည်။
"ဒါဆိုလည်း ငါက သူ့ကို အဆင်ခြင်မဲ့ မလုပ်မိအောင် အစွမ်းကုန် ကြိုးစားရုံပေါ့ကွာ” ရှေးဟောင်းတာအိုက ပြောလိုက်သော်လည်း သူ့စိတ်ထဲကနေ ခေါင်းခါလိုက်မိသည်။
ချင်ယွင် ကြီးပြင်းလာသည်ကို သူ စောင့်ကြည့်နေခဲ့ဖူးသည်။ ချင်ယွင် ဒေါသထွက်ဆုံး အရာက မည်သည့်အရာဖြစ်သည်ကို သူ နားလည်ပါသည်။ ဤသည်မှာ ဆွဲဆောင်ခြင်း စကားလုံးများဖြင့် ဖြေရှင်းနိုင်သောအရာ မဟုတ်ပေ။
"ဟင်း...၊ ငါတို့ကိုက အရမ်းအားနည်းလွန်းပါတယ်လေ" ချူယွန်က သက်ပြင်းချလိုက် သည်။ ရှေးဟောင်းတာအိုလည်း အားကိုးရာမဲ့ နှုတ်ဆိတ်နေခဲ့သည်။
နောက်ဆုံးတွင်, ဒီကမ္ဘာကြီးက သန်မာသူတွေကိုသာ လေးစားကြသည်။ သူတို့၏ခွန်အား ဖြင့်သာ သူတို့စိတ်ဆန္ဒအတိုင်း လုပ်နိုင်ကြပါသည်။
"ဆရာကြီး!"
သို့သော် ထိုအချိန်တွင် ခြံဝင်းထဲမှ ဆို့နင့်နေသည့်အသံတစ်ခု ထွက်ပေါ်လာသည်။
ရှေးဟောင်းတာအို၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားသည်။ သူက ခေါင်းကို မော့ပြီး ရှေ့ကို လှမ်းကြည့်သည်။ ထိုမှသာ ခြံဝင်းထဲတွင် နောက်ထပ် လူနှစ်ယောက် ရှိနေပြီဟု သူ သိလိုက်ရသည်။ သူ့မျက်လုံးထဲတွင် အံ့သြနေသည့် အမူအရာ ပေါ်လာသည်။
ရုတ်တရက် အသံကြောင့် ချူယွန်လည်း ထိတ်လန့်သွားသည်။ သူက ခေါင်းကို အမြန် လှည့်လိုက်ပြီး အံ့သြသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။
ရှေးဟောင်းတာအို၏ ကျင့်ကြံမှုသည် ပျက်ဆီးသွားခဲ့သော်လည်း သူ့ကျင့်ကြံမူက ပျက်ဆီးသွားခြင်းမရှိပေ။ သူသည် အလယ်အလတ် ကြယ်နတ်ဘုရားနယ်ပယ်သို့ ရောက်နေပြီဖြစ်သော်လည်း ထိုလူနှစ်ယောက် ရောက်ရှိလာသည်ကို လုံးဝ သတိမထားမိ ပေ။
"ချင်ယွင်" ချူယွန်သည် ချင်ယွင်နှင့် နောက်တွင် ရပ်နေသော ကျိုးလင်ကို ထိတ်လန့် တုန်လှုပ်သော အမူအရာဖြင့် ကြည့်လိုက်သည်။ ချင်ယွင်ဖြစ်စေ, သို့မဟုတ် ကျိုးလင် ဖြစ်စေ၊ သူတို့၏ ကျင့်ကြံမှုအဆင့်ကို မမြင်နိုင်ခဲ့ကြောင်း သူ တွေ့ရှိခဲ့ရသည်။
ထိုအချိန်တွင် ချင်ယွင်သည် ချူယွန်၏ မှိုင်းညို့သော အကြည့်ကို လျစ်လျူရှုကာ ရှေးဟောင်းတာအိုကို စိုက်ကြည့်နေသည်။
"ဆရာ၊ ဆရာရဲ့ကျင့်ကြံမူ...?" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။
သို့သော် ရှေးဟောင်းတာအိုက မဖြေမီ ချင်ယွင်၏ ရုပ်အသွင်သည် ဖျတ်ခနဲလှုပ်ရှားသွားပြီး သူ့အနားတွင် ပေါ်လာသည်။ သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ခန္ဓာကိုယ်ကို စစ်ဆေးလိုက်ပါ သည်။
သို့သော် စုံစမ်းမှုရလာဒ်က ချင်ယွင်ကို အလွန်မင်း ဒေါသထွက်စေခဲ့သည်။ ရှေးဟောင်း တာအို၏ ခန္ဓာကိုယ်တွင် နတ်ဘုရားတန်ခိုးစွမ်းအား တစွန်းတစပင် မရှိတော့ရုံသာမက ယခင်က သူခံစားခဲ့ရသော ဒဏ်ရာများကြောင့် သူ၏ နတ်ဘုရားခန္ဓာကိုယ်သည်လည်း ပြင်းထန်စွာ ပျက်စီးသွားပြီး သူ၏အခြေခံအုတ်မြစ် ပျက်စီးသွားခဲ့သည်။ သူ ပြန်ပြီး ကျင့်ကြံ မည်ဆိုလျှင်ပင်, သူ၏ အနာဂတ်အောင်မြင်မှုတွေက အကန့်အသတ် ဖြစ်သွားခဲ့ပြီ။
တစ်နည်းဆိုရသော် ရှေးဟောင်းတာအိုသည် အနာဂတ်တွင် ကောင်းကင်နတ်ဘုရား နယ်ပယ်သို့ ရောက်လိုလျှင်ပင် အလွန်ခက်ခဲပေလိမ့်မည်။
အနာဂတ်တွင် ရှေးဟောင်းတာအို၏ အကန့်အသတ်ဖြစ်လာသည့် အောင်မြင်မှုများကို တွေးတောရင်း ချင်ယွင်၏ မျက်လုံးများက ချက်ချင်းပင် နီရဲလာသည်။
ရှေးဟောင်းတာအိုဆရာသခင်သည် ဓားတာအိုကို စိတ်နှလုံးအကြွင်းမဲ့ လိုက်ရှာနေခဲ့သူ ဖြစ်သည်။ သူသည် မြူနှင်းချောက်နက်ဓားထဲတွင် နှစ်ပေါင်း ၁၀၀၀၀၀ ကြာအောင် စည်းတံဆိပ် ခတ်ခံခဲ့ရသည်။ ယခု သူသည် နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ပြီး နတ်ဘုရားကမ္ဘာသို့ ဝင်ရောက်လာသောကြောင့် ငြိမ်းချမ်းစွာ ကျင့်ကြံနိုင် တော့မည်ဟု သူထင်ခဲ့သည်။ ဤကဲ့သို့ နှိမ့်ချသော သူသည် အမှန်တကယ် ဒုက္ခရောက်လိမ့် မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ယခုအခါ သူ၏ ကျင့်ကြံမှုကို လုံးလုံးလျားလျား ဆုံးရှုံးသွား သည့်အပြင်, သူ့အခြေခံ အုတ်မြစ်ကိုပင် ထိခိုက်စေခဲ့သည်။ ချင်ယွင်သည် ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
"ဘိုင်လင်၊ ငါ ချင်ယွင်က မင်းကို အပိုင်းပိုင်း မစုတ်ဖြဲနိုင်ဘူးဆိုရင် ငါချင်ယွင်က လူမဟုတ်ဘူးလို့ ငါ ကျိန်ဆိုတယ်။" ချင်ယွင်က သူ့ခေါင်းကို ကောင်းကင်ယံသို့ မြှောက်လိုက်ပြီး ဟိန်းဟောက်လိုက်ရာ ကောင်းကင်ယံမှ မိုးခြိမ်းသံတွေ ထွက်ပေါ်လာခဲ့ သည်။
ဤသည်မှာ ကောင်းကင်ဘုံတာအိုကို ကျိန်ဆိုခြင်း ဖြစ်သည်။ အကယ်၍, ထိုကျိန်ဆိုချက် အတိုင်း မပြီးမြောက်ပါက, သူ့စိတ်ဝိညာဉ်သည် လုံးဝ ကြေမွပျက်ဆီးသွားလိမ့်မည်။
အနီးနားရှိ ရှေးဟောင်းတာအိုနှင့် ချူယွန်တို့သည် ထိတ်လန့်သွားကြသည်။ ချင်ယွင်သည် ကောင်းကင်ဘုံတာအိုကို ကျိန်ဆိုလိမ့်မည်ဟု သူတို့ အမှန်တကယ် မမျှော်လင့်ထားခဲ့ပေ။ သူတို့က ချင်ယွင်ကို အမြန်ဆွဲခေါ်ပြီး သူ့ကို စည်းရုံးရန် ကြိုးစားလိုက်သည် "ယွင်အာ၊ မင်း စိတ်အေးအေးထားရမယ်။ ဘိုင်လင်က မင်း ဆန့်ကျင်နိုင်တဲ့လူ မဟုတ်ဘူး။ တကယ်လို့, မင်း သူ့ကို သတ်လိုက်ရင်, မင်း ကပ်ဘေးကြီးကို စွဲဆောင်မိလိမ့်မယ်"။
"ဟုတ်တယ် ညီအစ်ကိုချင်၊ စိတ်မလှုပ်ရှားပါနဲ့။ ထိုင်ပြီး ဖြည်းဖြည်းချင်း ဆွေးနွေးတာက ပိုကောင်းပါတယ်။" ချင်ယွင်က စိတ်မြန်လွန်းသည်ကို မြင်လိုက်ရတော့ ချူယွန်လည်း အလျင်စလို စည်းရုံးလိုက်ရသည်။
သို့သော် ချင်ယွင်သည် ထိုင်ရန် အနည်းငယ်မျှ ရည်ရွယ်ချက် မရှိပေ။ ဤအခိုက်အတန့် တွင် သူ့ဆရာသခင်သည် ယခုလို အရှက်ခွဲခံရသည်ကို မြင်လိုက်ရသဖြင့် သူ့စိတ်ထဲတွင် ဒေါသက အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ သူသည် သူပြောခဲ့သလို မည်သည့် အရာကိုမျှ အလွတ်ပေးမည် မဟုတ်ပေ။
သို့သော်လည်း ရှေးဟောင်းတာအိုနှင့် ချူယွန်တို့က စိုးရိမ်နေကြသည်ကို သူ သိပါသည်။ ချင်ယွင်က ရှေးဟောင်းတာအိုကို ပြောလိုက်သည် "ဆရာကြီး၊ အစ်ကိုချူ၊ စိတ်မပူပါနဲ့။ ကျွန်တော် အဆင်ခြင်မဲ့ အလုပ်ပါဘူး။ ဘိုင်လင်ပဲ မဟုတ်လား။ သူ့ကို သတ်ဖို့က အလွယ်လေးပါ”။
ရှေးဟောင်းတာအိုသည် ထိုစကားကို ကြားသည့်အခါ သူ ရှင်းရှင်းလင်းလင်း ရှင်းမပြရသေး ဟု ထင်သွားခဲ့သည်။ သူက အလောတကြီး ဆက်ပြောလိုက်သည် "ယွင်အာ၊ အဲဒါ မဟုတ်ဘူး။ ဘိုင်လင်က ကြောက်စရာ မကောင်းဘူး။ ကြောက်စရာ ကောင်းတာက သူ့မှာ ဆရာတစ်ဉီး ရှိနေတယ်။ သူ့ဆရာက မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရား နန်းတော်ရဲ့ အကြီးကဲတစ်ဦး ဖြစ်ရုံသာမက အစောပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ် က ကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်တယ်။ တကယ်လို့, မင်းသာ ဘိုင်လင်ကို သတ်လိုက်ရင် သူ့ဆရာက မင်းကို အေးအေးဆေးဆေးနေမှာ မဟုတ်ဘူး။"
ဘေးနားရှိ ချူယွန်လည်း ကမန်းကတန်း ခေါင်းညိတ်လိုက်ပြီး ပြောသည် "အခုအချိန်မှာ လက်စားချေဖို့က အလျင်စလို လုပ်စရာမလိုပါဘူး။ မင်းရဲ့ ကျင့်ကြံမှုအဆင့် မြင့်တက်လာ တဲ့အထိ စောင့်ပါဦး။ အဲဒီအချိန်ကျမှ ကလဲ့စားချေရင်လည်း သိပ်နောက်ကျမှာ မဟုတ်ပါ ဘူး"
သို့သော် ချင်ယွင်သည် ထိုစကားကိုကြားသောအခါ စိတ်မငြိမ်ရုံသာမက ဒေါသလည်း ပိုထွက်သွားသည်။
"ဟမ့်၊ မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်က အကြီးကဲတွေရဲ့ တပည့်တွေက သူတို့စိတ်ထင်သလို လုပ်နိုင်တာလား။ အစောပိုင်း ကောင်းကင်နတ်ဘုရား အဆင့် တပည့်ဆိုရင်တောင် ငါ့ဆရာကို ထိခိုက်နာကျင်အောင်လုပ်ပြီး၊ ကျင့်ကြံမူအခြေခံ ကိုပါ ဖျက်ဆီးရဲတာလား။ ဒီနေ့ ငါ့ဆရာသခင်ကို ထိရဲလောက်အောင်, သူတို့မှာ ဘယ်လို အရည်အချင်းတွေ ရှိနေလဲဆိုတာ ငါကြည့်ချင်မိတယ်" ချင်ယွင်က ကျယ်လောင်စွာ ပြောပြီး သူ့အသံက ခြံဝင်းတစ်ခုလုံး မိုးခြိမ်းသံပမာ ကျယ်လောင်စွာ ပဲ့တင်ထပ်နေသည်။
ထိုသို့ပြောပြီးနောက် ချင်ယွင်၏ရုပ်အသွင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲ သွားပြီး လွင့်မျောနှင်းမြို့တော်၏ အခြားဦးတည်ရာဆီသို့ ပျံသန်းသွားခဲ့သည်။
"မြန်မြန် ညီအစ်ကိုချူ၊ သူ့ကို တားလိုက်ပါ။" ချင်ယွင် ပျံသန်းသွားသည်ကို မြင်တော့ ရှေးဟောင်းတာအို ချက်ခြင်းပင် စိုးရိမ်လာသည်။
ချင်ယွင်သည် သူ့အချစ်ဆုံးတပည့်များထဲမှ တစ်ဦးဖြစ်သည်။ ချင်ယွင် ပျက်ဆီးသွားမည့် အရေးကို သူ မမြင်လိုပေ။
ရှေးဟောင်းတာအို၏ စကားကိုကြားတော့ ချူယွန်လည်း အပြေးအလွှား ပြေးထွက်သွား ရန် ပြင်ဆင်လိုက်သည်။ သို့သော် ဤအခိုက်အတန့်တွင် ၎င်းတို့သည် ဘေးတဖက်မှ အလွန်ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ အငွေ့အသက် ထုတ်လွှတ်သူသည် စကားတစ်ခွန်းမှ မပြောဘဲ ချင်ယွင်၏နောက်သို့ လိုက်ပါသွားသော ကျိုးလင်မှလွဲ၍ အခြားသူ မဟုတ်ပေ။
"ကောင်းကင် ... အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ်လား?" ရှေးဟောင်းတာအို နှင့် ချူယွန်တို့ နှစ်ယောက်လုံး မျက်လုံးတွေ ပြူးကျယ်သွားပြီး မယုံကြည်နိုင်သည့် အမူအရာတွေ ပေါ်လာကြသည်။
ထိုအချိန်တွင်၊ ကျိုးလင်၏ အငွေ့အသက်သည် အစောပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ်၌ရှိနေပြီ ဖြစ်သည်။ ကျိုးလင်သည် အများဆုံး မြေကမ္ဘာနတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်အဆင့် ဖြစ်သည်ဟု သူတို့ အမြဲထင်ခဲ့ကြသော်လည်း, ယခုအခါ ကျိုးလင် သည် အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်ပြီးဖြစ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
သို့သော် သူတို့ အသိအာရုံ ပြန်မဝင်ခင်မှာ ကျိုးလင်၏ နောက်ထပ်စကားများက သူတို့ကို အဆုံးမရှိ ထိတ်လန့်သွားစေခဲ့သည်။
"ချင်ယွင်က ရှင့်ကို ဆရာကြီးလို့ ခေါ်ကတည်းက၊ ကျွန်မကလည်း ချင်ယွင်ရဲ့ မိန်းမဆို တော့ ရှင့်ကို ဆရာကြီးလို့ ခေါ်သင့်တယ်။ ကျွန်မ ရှင်တို့ရှေ့မှာ ကျွန်မရဲ့ အငွေ့အသက်ကို ထုတ်လွှတ်ရတဲ့အကြောင်းရင်းက ချင်ယွင်က ရှင်တို့ ထင်ထားတာထက် အများကြီး ပိုသန်မာတယ်ဆိုတာ သိစေချင်လို့ပါ။ သူ့အစွမ်းက ကျွန်မထက် ဆယ်ဆပိုများတယ်။ ဒါကြောင့် သူ့ကို ယုံကြည်ပေးလိုက်ပါ။"
ကျိုးလင်သည် ထိုစကားကို ချန်ထားခဲ့ပြီးနောက် သူမသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး နေရာတွင်ပင် ပျောက်ကွယ်သွားခဲ့သည်။ ချင်ယွင်ထွက်သွားသည့် လမ်းကြောင်းအတိုင်း ချင်ယွင်၏နောက်သို့ လိုက်သွားခဲ့သည်။ အသက်ကင်းမဲ့နေသော မျက်နှာအမူအရာနှင့် ရှေးဟောင်းတာအိုနှင့် ချူယွန်တို့သာ ကျန်ရစ်ခဲ့ပါသည်။