← Chapters

အခန်း ၁၅၆၈

Vol. 105 Ch. 1568

အခန်း ၁၅၆၈

Vol. 105 Ch. 1568

အခန်း (၁၅၆၈) ဘိုင်လင်

"အစ်ကိုချူး၊ မြို့သခင်ကျိုးရဲ့ညီမက စောစောက ဘာပြောလိုက်တာလဲ။" ရှေးဟောင်း တာအိုသည် ကျိုးလင် ပျောက်ကွယ်သွားသည့် လမ်းကြောင်းကို လှမ်းကြည့်ရင်း မှင်သက်နေသည့် အမူအရာဖြင့် မေးလိုက်သည်။

"သူမက ညီအစ်ကိုချင်ရဲ့မိန်းမလို့ ပြောလိုက်တာလေ" ချူယွန်က အသက်မဝင်သည့် အသံဖြင့် ပြန်ဖြေသည်။

"အဲဒါ မဟုတ်ဘူး!" ရှေးဟောင်းတာအိုက ဒေါသတကြီး ပြောသည်။

ချူယွန်က ခဏလောက်စဉ်းစားပြီး ပြောသည် "သူမက အစောပိုင်း ကောင်းကင်နတ်ဘုရား အဆင့်ကို ရောက်နေပြီလို့ ပြောခဲ့တယ်။ ညီအစ်ကိုချင်ရဲ့ ခွန်အားက သူမထက် ဆယ်ဆ ပိုသန်မာတယ်တဲ့"။

"ဒါဆို အစောပိုင်း ကောင်းကင်နတ်ဘုရားအဆင့်ထက်တောင် ပိုအစွမ်းထက်တာပေါ့။ ဒါက ယွင်အာရဲ့ လက်ရှိခွန်အားက ကောင်းကင်နတ်ဘုရားအဆင့်ကို ရောက်နေပြီလို့ ဆိုလိုရာမရောက်ဘူးလား?" ရှေးဟောင်းတာအို မယုံနိုင်ဟန်ဖြင့် မျက်လုံးများ ပြူးကျယ် သွားသည်။

"အဲလို ဆိုလိုပုံရတယ်" ချူယွန်က ခေါင်းညိတ်လိုက်သည်။

ထိုနောက်, သူတို့နှစ်ယောက်သည် တစ်ခုခုကို သဘောပေါက်သွားပုံရသည်။ အကြည့်ချင်း ဖလှယ်ပြီးနောက် သူတို့သည် အလွန်ထိတ်လန့်တုန်လှုပ်သည့် အမူအရာကိုယ်စီကို ထုတ်ဖော်လိုက်ကြပါသည်။

ချင်ယွင်သည် အချိန်မည်မျှကြာကြာ ကျင့်ကြံရသေးသည်ကို ရှေးဟောင်းတာအိုသည် အခြားသူများထက် ပိုပြီး ရှင်းရှင်းလင်းလင်း သိထားသည်။ သို့သော် ချင်ယွင်၏ ကြီးထွားမူ နှုန်းသည် သူထင်ထားသည်ထက် ပို၍ပင် ကြောက်စရာကောင်းနေသည်။

ချင်ယွင်၏ ကျင့်ကြံမှုအမြန်နှုန်းသည် နတ်ဘုရားကမ္ဘာသို့ ရောက်ရှိပြီးနောက် လျော့ကျ သွားလိမ့်မည်ဟု မူလက သူ ထင်ခဲ့သည်။ သို့သော်လည်း ချင်ယွင်၏ ကျင့်ကြံမှု အရှိန်ဟုန် သည် လျော့ကျမသွားရုံသာမက၊ ၎င်းသည် ယခင်ကထက်ပင် ပို၍ ကြောက်စရာ ကောင်းနေသေးသည်။

"နတ်ဆိုး ပါရမီရှင်၊ တကယ့်ကို နတ်ဆိုး ပါရမီရှင်ပဲ။ ငါရှေးဟောင်းတာအိုမှာ ဒီလို နတ်ဆိုး ပါရမီရှင် တပည့်တစ်ယောက် ရှိနေတယ်။ ငါ့ရဲ့ကျင့်ကြံမှုအခြေခံကို မဆိုထားနဲ့၊ အခု ငါသေသွားရင်တောင်မှ ထိုက်တန်တယ်။ ဟား..၊ ဟား...၊ ဟာ...!" ရှေးဟောင်းတာအိုက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

သူ့နှလုံးသားထဲတွင် ချုပ်တည်းထားခဲ့သော စူးစူးဝါးဝါး အသက်ရှုသံသည်လည်း ပွင့်ထွက်သွားခဲ့သည်။ ဤအခိုက်အတန့်မှာ သူသည် အရင်ကထက် ပိုပျော်ရွှင်နေခဲ့သည်။

"သွားကြစို့ ညီအစ်ကိုချူ။ ဟိုကို သွားကြည့်ရအောင်၊ ယွင်အာက သူတို့အားလုံးကို ဘယ်လို သတ်မလဲဆိုတာ” ရှေးဟောင်းတာအိုက ချူယွန်ကို သူရဲကောင်းဆန်စွာ ပြောသည်။

"ဟား...၊ ဟား...၊ ကောင်းပြီ၊ ငါလည်း ဘိုင်လင် ဘယ်လိုအသတ်ခံရတာလဲဆိုတာ ကြည့်ချင်မိတယ်" ချူယွန်လည်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ထိုစကားကို ပြောပြီးနောက် သူသည် ရှေးဟောင်းတာအိုကို သယ်ဆောင်ကာ ချင်ယွင် ပျံသန်းသွားသည့် လမ်းကြောင်းဆီသို့ ပျံသန်းသွားခဲ့သည်။

လွင့်မျောနှင်းမြို့တော် အလယ်ဗဟိုရှိ ထိပ်တန်း လေလမင်းတည်းခိုခန်းတစ်ခုတွင် ဘိုင်လင်သည် လက်ရှိတွင် လှပသော နတ်ဘုရားမနှစ်ဦးကို ပွေ့ဖက်ထားပြီး ဝိုင်သောက် ကာ ပျော်ပျော်ရွှင်ရွှင် ထိုင်လျက်ရှိနေသည်။

သဘာဝအတိုင်း၊ သူနှင့်အတူ လွင့်မျောနှင်းမြို့တော်တွင် အစွမ်းထက်ဆုံး မျိုးနွယ်စု ဖြစ်သော ဖန်းကလန်၏အကြီးဆုံး သခင်လေး ဖန်းရှောင်ယန်းလည်း ရှိနေပါသည်။ ဖန်းရှောင်ယန်း ဘိုင်လင်ကို သူ့ကို သဘောကျစေရန်အတွက် သူတတ်နိုင်သမျှ လုပ်ဆောင် ပေးခဲ့သည်။ ဘိုင်လင်သည် လိင်စိတ်ဆန္ဒကြီးမားသူမှန်း သူသိသည်၊ ထို့ကြောင့် သူနှင့် အတူ လိုက်ပါရန်အတွက် အလယ်လတ် ကြယ်နတ်ဘုရားအဆင့် နတ်ဘုရားမ နှစ်ဦးကို ဖိတ်ခေါ်ရန် နတ်ကျောက်တုံးများစွာကို သုံးစွဲခဲ့သည်။ ရည်ရွယ်ချက်မှာ ဘိုင်လင်နှင့် ဆက်ဆံရေးတစ်ရပ် ထူထောင်ရန်နှင့် ဘိုင်လင့်၏ ဆရာ၏ ကျောထောက် နောက်ခံ ဖြစ်လာရန် ဖြစ်သည်။

"သခင်လေးဘိုင်၊ သခင်လေးအတွက် ကျွန်တော် ဒီအလှနတ်ဘုရားမတရားနှစ်ဦးကို ရွေးချယ်ခဲ့တယ်။ သခင်လေးဘိုင် ကျေနပ်ပါ့မလားလို့ ကျွန်တော် သိချင်ပါတယ်။" ဖန်းရှောင်ယန်းက ဘိုင်လင်ကိုကြည့်ကာ ပြုံးရင်း ပြောလိုက်သည်။

ဘိုင်လင်သည် နတ်ဘုရားမနှစ်ပါး၏ နှင်းဖြူရောင် အသားအရေကို ရွှင်မြူးစွာ ပွတ်သပ်ပေး နေသည်။

သူသည် မရေမတွက်နိုင်သော အမျိုးသမီးများနှင့် ကစားခဲ့ဖူးသော်လည်း နတ်ဘုရားမ အဆင့်တွင်၊ သူသည် အစောပိုင်း ကြယ်နတ်ဘုရားမများနှင့်သာ ကစားခဲ့ဖူးသည်။ အလယ်လတ်အဆင့် ကြယ်နတ်ဘုရားမတွေကို သူ တစ်ခါမှ မစမ်းသပ်ဖူးပါဘူး။

ဤအဆင့်တွင်၊ အမျိုးသမီးများနှင့် ကစားခြင်းသည် ကျင့်ကြံမှုအဆင့် အနိမ့်အမြင့်က အဓိကဖြစ်သည်။ ဤနယ်ပယ် ဤအဆင့်တွင်, အမျိုးသမီးတစ်ဦးဖြစ်နေသရွေ့ မည်သူ တစ်ဦးတစ်ယောက်မျှ ရုပ်ရည်ဆိုးဝါးခြင်းမျိုး မရှိတော့ပေ။ သူမတို့သည် အလွန်ရုပ်ဆိုးစွာ မွေးဖွားလာသော်လည်း၊ သူတို့မ၏ နတ်ဘုရားခန္ဓာကိုယ်များကို ပေါင်းစည်းလိုက်သော အခါ, သူမတို့၏ ချို့ယွင်းချက်များကို မြှင့်တင်ပေးနိုင်ပါလိမ့်မည်။ သို့သော် သူမတို့၏ စိတ်နေစိတ်ထားကတော့ မတူကြပေ။ သူမတို့၏ ကျင့်ကြံမှုအဆင့် မြင့်မားလာလေ၊ သူမတို့၏ စိတ်နေစိတ်ထားများက ပြောင်းလဲလာလေ ဖြစ်သည်။ ထို့ကြောင့် သူမတို့၏ ကျင့်ကြံအဆင့်က ပိုမြင့်မားလာသည်နှင့်အမျှ, ထိုကဲ့သို့ အမျိုးသမီးမျိုးသည် နတ်ဘုရား ကမ္ဘာ၌ ပို၍ရှားပါးလေ ဖြစ်ရသည်။

ထို့ကြောင့်၊ ဘိုင်လင်သည် အစောပိုင်း ကြယ်နတ်ဘုရားမနှင့် အများဆုံး ကစားခဲ့ဖူးပြီး၊ သူသည် အလယ်အလတ် ကြယ်နတ်ဘုရားမများကို ပထမဆုံးအကြိမ် စမ်းသပ်ဖူးခြင်း ဖြစ်သည်။

"ကျေနပ်ပါတယ်၊ သေချာပေါက် ငါ ကျေနပ်ပါတယ်။ သခင်လေးဖန်းက တကယ်ကို အရည်အချင်းရှိတဲ့ သူတစ်ယောက်ပဲ။ စိတ်မပူပါနဲ့၊ ငါပြန်ရောက်တဲ့အခါ, မင်းရဲ့ဖန်းကလန် ကို ကူညီပေးနိုင်ဖို့ ငါ့ဆရာရဲ့ရှေ့မှာ မင်းရဲ့ဖန်းကလန်အကြောင်း စကားကောင်း အနည်းငယ် ပြောပေးပါ့မယ်။ သူ စိတ်ပျော်ရွှင်တာနဲ့ မင်းရဲ့ဖန်းကလန်ကို လွင့်မျော နှင်းမြို့တော်ကို သိမ်းပိုက်ခွင့် ပေးကောင်းပေးပါလိမ့်မယ်" ဘိုင်လင်သည် သူ့ဘေးနားရှိ နတ်ဘုရားမနှစ်ပါး၏ စွဲမက်ဖွယ်ရနံ့ကို ရှူရှိုက်ရင်း ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်သည်။

ထိုစကားကိုကြားတော့ ဖန်းရှောင်ယန်း၏ မျက်လုံးတွေဟာ ချက်ချင်းပင် စိတ်လှုပ်ရှားစွာ တောက်ပလာခဲ့သည်။ သူသည် အခုလိုစကားမျိုး ရရှိရန်အတွက် အများကြီး အားထုတ်ခဲ့ရ သည် မဟုတ်ပါလား။ ဖန်းကလန်သည် လွင့်မျောနှင်းမြို့တော်တွင် အကြာကြီး တည်ရှိနေခဲ့ပြီး တစ်နေ့တွင် လွင့်မျောနှင်းမြို့တော်ကို သိမ်းပိုက်ရန်အတွက် မလှုပ်ရှားဘဲ နေထိုင်ခဲ့သည်။

ထို့အပြင်, မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ကို အမှားလုပ်မိမည်ကို လည်း သူ ကြောက်ရွံ့နေခဲ့သည်။ သို့သော်၊ သူတို့သည် ကောင်းကင်နတ်ဘုရားအဆင့် အကြီးအကဲတစ်ဦး၏ ပံ့ပိုးမှုကို ရရှိပြီးသည်နှင့် လုံးဝ ခြားနားသွားမည် ဖြစ်သည်။ ဖန်းကလန်က သူတို့နေရာကို လုံးဝ အစားထိုးနိုင်လိမ့်မည်။

"သခင်လေးဘိုင်၊ လွင့်မျောနှင်းမြို့တော်ရဲ့ မြို့သခင် ကျိုးယွမ်ရဲ့သမီး ကျိုးဟုန်ရွှဲ့က အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့်ကို ရောက်ရှိနေပြီလို ကျွန်တော် ကြားသိထား တယ်။ သူမက ကောင်းကင်ဘုံ အင်မော်တယ်နတ်သမီးတစ်ပါးလို ဖြစ်ရုံတင်မကဘူး သူမရဲ့စိတ်နေစိတ်ထားကလည်း အထူးကောင်းမွန်လှတယ်။ တကယ်လို့ သခင်လေးဘိုင် စိတ်ဝင်စားရင် သခင်လေးဆရာကို လှုပ်ရှားပေးဖို့ ဘာလို့ မတောင်းဆိုတာလဲ။” ဖန်းရှောင်ယန်းက ရုတ်တရက် ရယ်မောရင်း ပြောလိုက်သည်။

ထိုစကားကိုကြားတော့ ဘိုင်လင်က ဖန်းရှောင်ယန်းကို ကြည့်ရင်း ကောက်ကျစ်စွာ ပြုံးလိုက်ရင်း ပြောသည် "သခင်လေးဖန်းက တကယ်ကို အတွက်ချက်တော်တာပဲ။ မင်းက ငါ့ဆရာသခင်ကို မင်းရဲ့ တိုက်ခိုက်ရေးသမား ဖြစ်စေချင်တာလား”။

ဖန်းရှောင်ယန်း၏အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူက အလောတကြီး ပြောလိုက်သည် "မဟုတ်ဘူး၊ မဟုတ်ဘူး၊ သခင်လေးဘိုင်၊ သခင်လေးက အရမ်း အတွေးလွန်နေတာပါ။ ကျွန်တော်က ဒီအတိုင်း ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တာပါ။ သခင်လေးက ကျွန်တော် ဘာမှမပြောခဲ့သလို ဟန်ဆောင်ပေးပါ။"

အေးစက်သော ချွေးများက ဖန်းရှောင်ယန်း၏ နဖူးပေါ်သို့ စီးကျလာသည်။ သူ ကြိုးကြိုး စားစား တည်ဆောက်ထားသည့် ဆက်ဆံရေးလေး ပြိုပျက်သွားမှာကို သူ နက်ရှိုင်းစွာ ကြောက်ရွံ့နေခဲ့သည်။ သို့သော် ဘိုင်လင်၏ နောက်ထပ် ပြောလာသည့် စကားတွေက သူ့ကို လုံးဝ အံ့အားသင့်သွားစေခဲ့သည်။

ဘိုင်လင်က သူ့လျှာကို သပ်လိုက်ပြီး အလွန်မင်း ထက်သန်နေသည့် အမူအရာကို ဖော်ပြကာ "မင်း ဘယ်လောက်ထိတ်လန့်နေလဲ ကြည့်စမ်းပါဦး။ မင်းရဲ့အတွေးတွေက မဆိုးပါဘူး။ ဒါပေမယ့် ငါက ကျိုးဟုန်ရွဲ့ကို စိတ်မဝင်စားဘူး။ ငါ့ကို တကယ် စိတ်ဝင်စား စေတဲ့လူက ကျိုးယွမ်ရဲ့ညီမ ကျိုးလင်ပဲ။ သူမက မြေကမ္ဘာနတ်ဘုရားနယ်ပယ် အထွတ်အထိပ်မှာရှိပြီး၊ အေးစက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိတယ်လို့ ပြောလို့ရတယ်။”

ဖန်းရှောင်ယန်းသည် မှင်သက်သွားခဲ့သည်။ ဤဘိုင်လင်၏ အစာစားချင်စိတ်သည် သူ ထင်ထားသည်ထက် ပိုကြီးနေမည်ဟု သူ မထင်ထားခဲ့ပေ။

ကျိုးယွမ်၏ ညီမဖြစ်သူ ကျိုးလင်သည် မြေကမ္ဘာနတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ် ကျွမ်းကျင်သူ ဖြစ်သည်။ ချပ်စ်… ဒါက တကယ်ကို အတင်းရဲခြင်း ဖြစ်သည်။

သို့သော်လည်း ဤနည်းဖြင့် ဘိုင်လင်၏ အတွေးများသည်လည်း သူ၏ ရည်ရွယ်ချက်များ နှင့် ကိုက်ညီနေပါသည်။ အနည်းဆုံးတော့ ဘိုင်လင်၏ဆရာကို ကျိုးကလန်ကို အရေးယူဖို့ ဖိတ်ခေါ်နိုင်ရန် အခွင့်အရေးတစ်ခု ရှာတွေ့နိုင်ခဲ့ပါပြီ။

"သခင်လေးဘိုင်က တကယ်ကို မျက်စိအမြင်ကောင်းတာပဲ၊ "ဒီကျိုးလင်က ကြီးကျယ် ခမ်းနားတဲ့ နတ်ဘုရားမြို့တော်လေးခုမှာတောင် ထင်ရှားကျော်ကြားတဲ့ အလှပိုင်ရှင် တစ်ဦးပဲ။ သူမကို ရေခဲတောင် အလှနတ်ဘုရားမလို့ လူသိများကြတယ်။ သူမကို သိမ်းပိုက် ချင်သူတွေ မရေမတွက်နိုင်အောင် ရှိခဲ့ပေမယ့်, နောက်ဆုံးမှာတော့ ဘယ်သူမှ မအောင်မြင်နိုင်ကြဘူး။ တကယ်လို့, သခင်လေးဘိုင်သာ ဒီကျိုးလင်ကို အမှန်တကယ် သိမ်းပိုက်နိုင်ခဲ့ရင်, သခင်လေးဘိုင်ရဲ့ ဂုဏ်သတင်းက အကြီးအကျယ် လှုပ်ခါသွားမှာ တောင် ကျွန်တော် ကြောက်မိပါတယ်။ အဲဒီအချိန်ကျရင်, သခင်လေးဘိုင်က အလှ နတ်ဘုရားမကို ပိုင်ဆိုင်ရုံတင်မကဘူး ကျော်ကြားမှုနှင့်အတူ ကြွယ်ဝမူလည်း ရှိလာလိမ့် မယ်" ဖန်းရှောင်ယန်းက မီးပုံထဲသို့ လောင်စာဆီ အမြန်ထည့်လောင်းလိုက်ပါသည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ ဖန်းရှောင်ယန်း၏ စကားကို ကြားသောအခါတွင် ဘိုင်လင်၏ မျက်လုံးများသည် အလွန်ညစ်ညမ်းသည့် အလင်းရောင်ဖြင့် တောက်ပနေခဲ့ သည်။ သူက ကျယ်လောင်စွာ ရယ်မောပြီး ပြောသည် "ဟား...၊ ဟား..၊ မင်းပြောတဲ့အတိုင်း ပဲ။ ငါဘိုင်လင်က ကျိုးလင်ကို သိမ်းပိုက်နိုင်ရမယ်။ အဲဒီအချိန်မှာ ငါက ဒီရေခဲတောင် အလှနတ်ဘုရားမကို ငါ့ရဲ့ပြည့်တန်ဆာတစ်ယောက် ဖြစ်လာအောင် လုပ်ပစ်ပြီး၊ ငါ ဘိုင်လင်က သူတို့မရနိုင်တဲ့ အရာမှန်သမျှကို ရယူနိုင်တယ်ဆိုတာ သူတို့ကို သိစေမယ်”။

ဘိုင်လင်၏ ရယ်မောသံသည် စားသောက်ဆိုင်တစ်ဝိုက်တွင် ပဲ့တင်ထပ်နေကာ သူ့မျက်လုံး များတွင် မောက်မာမှုများ ပြည့်နှက်နေသည်။

ဘေးနားရှိ ဖန်းရှောင်ယန်းသည် ဟက်ဟက်ပက်ပက် ရယ်မောသော်လည်း သူ့စိတ်ထဲတွင် အေးစက်စက် ရယ်မောခြင်းများဖြင့် ပြည့်နေခဲ့သည်။

နှစ်ယောက်သား ခွက်လက်ခုတ်တီးကာ ပျော်ပျော်ရွှင်ရွှင် စားသောက်နေကြစဉ်, စားသောက်ဆိုင် ပြတင်းပေါက် အပြင်ဘက်တွင် လူနှစ်ယောက် လွင့်မျောနေသည်ကို သတိမထားမိကြပေ။

သူတို့နှစ်ဦးသည် အပြေးအလွှာ ပျံသန်းလာကြသော ချင်ယွင်နှင့် ကျိုးလင်တို့မှလွဲ၍ အခြား သူများ မဟုတ်ကြပေ။ ဖန်းရှောင်ယန်းနှင့် ဘိုင်လင်တို့ကြား ပြောဆိုနေမှုများကို သူတို့ ကြားနိုင်သည်။

ချင်ယွင်သည် ရှေးဟောင်းတာအိုကြောင့် သူ့ကို မူလကတည်းက ဒေါသထွက်ခဲ့ပြီး၊ ယခု ဤဘိုင်လင်သည် ကျိုးလင်ကို အမှန်တကယ် ထိဝံ့မည်ဟု သူ မျှော်လင့်မထားပေ။

ကျိုးလင်၏ မျက်လုံးများသည် ရေခဲကဲ့သို့ အေးစက်နေပြီး သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ ဖန်းကလန်က သူမတို့၏ လွင့်မျောနှင်းမြို့တော်ကို ဆန့်ကျင်ရန် အတွက် မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်၏ အကြီးအကဲတစ်ဦးနှင့် လျှို့ဝှက်ပူးပေါင်းနေမည်ဟု သူမ မျှော်လင့်မထားခဲ့ပါဘူး။

"မင်းတို့နှစ်ယောက်က တကယ်ကို စိတ်ကောင်းဝင်နေကြတာပဲ။ ငါ မင်းတို့နဲ့ ဆွေးနွေးလို့ ရမလား?" ချင်ယွင်သည် မျက်လုံးများကို မှေးကျဉ်းပြီး ပြုံးလိုက်သည်။ ထို့နောက် သူသည် ပြတင်းပေါက်မှ စားသောက်ဆိုင်ထဲသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။

ဘိုင်လင်နှင့် ဖန်းရှောင်ယန်းတို့သည် ဤရုတ်တရက်အသံကို ကြားလိုက်ရသောအခါ သူတို့သည် တခဏမျှ မှင်သက်သွားပြီး ချင်ယွင်ကို ကြည့်လိုက်ကြသည်။

သို့သော် အလွန်လျင်မြန်စွာပင်၊ သူတို့သည် ချင်ယွင်အား လျစ်လျူရှုလိုက်ကြသည်။ ယင်းအစား, သူတို့သည် ချင်ယွင်၏နောက်မှ ကျိုးလင်ကို ကြည့်လိုက်ကြသည်။ သူတို့ နှစ်ယောက်စလုံး အံ့အားသင့်နေသည့် အမူအရာများ ဖြစ်ပေါ်လာကြသည်။

All Chapters