အခန်း ၁၅၆၉
Vol. 105 Ch. 1569
အခန်း (၁၅၆၉) မောက်မာသော ဘိုင်လင်။
ဖန်းရှောင်ယန်းသည် ချင်ယွင်၏နောက်မှ ကျိုးလင်ကို အံ့ဩစွာဖြင့် ကြည့်နေသည်။ ကျိုးလင်သည် ဤနေရာတွင် အမှန်တကယ် ပေါ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကျိုးလင်၏စွမ်းအားကို လွင့်မျောနှင်းမြို့တော်မှာ လူတိုင်း သိကြပါသည်။ ထိုအချိန်တုန်းက သူမသည် ကလဲ့စားချေရန်အတွက် ကောင်းကင်ဘုံထွဋ်မြို့တော်၏ မြို့သခင်အဟောင်း ကို သူမကိုယ်တိုင် သတ်ပစ်ခဲ့သည်။ ယခု ကျိုးလင်သည် ဤနေရာတွင် ပေါ်လာခဲ့သည်။ သူမ မည်သို့ ထိတ်လန့်ကြောက်ရွံ့မှုကို မခံစားရဘဲ နေမည်နည်း။
သို့သော် ဘိုင်လင်သည် ကျိုးလင်၏ထွက်ပေါ်လာမူကြောင့် ကြောက်ရွှံ့ခြင်းမရှိသည့်အပြင် သူမ၏အလှနှင့် စိတ်နေသဘောထားကြောင့် ဆွဲဆောင်ခံခဲ့ရသည်။
ကျိုးလင်၏ စိတ်နေသဘောထားသည် မူလကတည်းက ကောင်းမွန်ခဲ့ပြီး ယခု သူမသည် ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အစောပိုင်းအဆင့်သို့ ဖြတ်ကျော်သွားသောကြောင့် သူမခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သာမာန်အငွေ့အသက်ကပင် စိတ်ကို တုန်လှုပ်စေ သည်ဟု ဆိုနိုင်ပါသည်။ ယောက်ျား အနည်းငယ်လောက်သာ သူမရှေ့မှာ ထိန်းချုပ်နိုင်ပါ လိမ့်မည်။ ဘိုင်လင်ကဲ့သို့ ကျင့်ကြံမှုအဆင့် နိမ့်ကျသူများသည် ကျိုးလင်၏ အေးစက်စက် စိတ်ထားကြောင့် တိုက်ရိုက် သွေးဆောင်ခံရလိမ့်မည်။
"ဟေး၊ သခင်လေးဖန်း၊ ဒီအမျိုးသမီးက ဘယ်သူလဲကွ။" ဘိုင်လင်သည် တစ်ဖက်ရှိ ဖန်းရှောင်ယန်းကို အလျင်အမြန် မေးလိုက်သော်လည်း, သူ့မျက်လုံးတွေက ကျိုးလင်ကို မမှိတ်မသုန် ကြည့်နေသည်။
"သူမက လွင့်မျောနှင်းမြို့တော် မြို့သခင်ကျိုးယွမ်ရဲ့ညီမ ကျိုးလင်ပါ။ ဖန်းရှောင်ယန်းက ချက်ချင်း ပြန်ဖြေသည်။ သူသည် ဘိုင်လင်ကို ပြောပြပြီးနောက် ဤဘိုင်လင်သည် သူ့ကိုယ်သူ ထိန်းချုပ်နိုင်ရန် မျှော်လင့်နေမိပါသည်။ သို့သော်၊ ဘိုင်လင်သည် ဖန်းရှောင်ယန်း၏စကားကို ကြားပြီးနောက်တွင် သူ၏အကြည့်တွေက ပို၍ပင် အထိန်းအကွပ် မဲ့လာခဲ့သည်။
"မင်းက လွင့်မျောနှင်းမြို့တော် မြို့သခင်ကျိုးရဲ့ညီမ ကျိုးလင်လား။ မင်းရဲ့ရုပ်ရည် အသွင်ပြင်နဲ့ စိတ်နေစိတ်ထားက ထူးကဲတယ်လို့ ငါ ကြားခဲ့တာ ကြာလှပြီ။ ဒီနေ့ ကြားဖူးတဲ့အတိုင်းပါပဲလား။ မင်း ဒီသခင်လေးနောက်ကို လိုက်ဖို့ စိတ်ဝင်စားလား?။ မင်း ဒီသခင်လေးနောက်ကို လိုက်နေသရွေ့ မင်းနဲ့ မင်းအစ်ကိုက မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ထဲကို ဝင်နိုင်မယ်လို့ ငါ အာမခံတယ်။" ဘိုင်လင်က ကျိုးလင်ကို မောက်မာစွာ ကြည့်ပြီး ပြောလိုက်သည်။
ကျိုးလင်၏ ကျင့်ကြံမှုအဆင့်ကို သူမမြင်နိုင်သောကြောင့် ကျိုးလင်သည် မြေကမ္ဘာ နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေဆဲဟု သူထင်ခဲ့သည်။
သူမသည် မြေကမ္ဘာနတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေသရွေ့၊ သူမသည် သူ၏ဆရာသခင်၏ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင် ဖြစ်နေပါလိမ့်မည်။ ကျိုးလင်သည် ဤကဲ့သို့ ကြွယ်ဝသော ကမ်းလှမ်းမှုကို လက်ခံလိမ့်မည်ဟု သူ ယုံကြည်ထားသည်။
ကျိုးလင်သည် ထိုစကားကို ကြားသောအခါ သူမ၏မျက်ခုံးများက တွန့်သွားခဲ့သည်။ ဘိုင်လင်ဆီသို့ကြည့်နေသည့် သူမ၏ အကြည့်တွေက အလွန်မင်း အေးစက်လာခဲ့ပြီး၊ စားသောက်ဆိုင် တစ်ခုလုံး၏ အပူချိန်သည်ပင် မသိမသာ အနည်းငယ် ကျဆင်းသွားခဲ့ သည်။
တစ်ဖက်တွင်၊ ဖန်းရှောင်ယန်းသည် ကျိုးလင်၏ဒေါသကို သဘာဝအတိုင်း ခံစားနိုင်သည်။ သူ့မျက်နှာက ပြာဝေသွားသည်။ ဤဘိုင်လင်သည် ဤမျှ မိုက်မဲလိမ့်မည်ဟု သူ ဘယ်တုန်း ကမှ မထင်ခဲ့ပေ။ ဤကျိုးလင်ကို နှိုးဆော်ရန် သတ္တိရှိသေးသည်။ သူ ဘယ်လိုချပြရမည်ကို တကယ် မသိခဲ့ပေ။ အစောပိုင်း ကောင်းကင်နတ်ဘုရားအဆင့်ရှိ သူ့ဆရာသခင်နှင့်ဆိုပါက သူအလိုရှိသမျှကို သူ လုပ်နိုင်မည်ဟု သူ တကယ်ထင်နေခဲ့သည်။ ယခု သူသည် ဤဘိုင်လင်ကို ရှာဖွေမိသည့်အတွက် နောင်တရနေမိသည်။
သို့သော် ဘိုင်လင်သည် အနည်းငယ်မျှပင် သတိမထားမိခဲ့ပေ။ ကျိုးလင်သည် သူ့စကား ကြောင့် မတုန်မလှုပ် ဖြစ်နေသည်ကို မြင်လိုက်ရလျှင် သူ့မျက်နှာပေါ်တွင် ဒေါသ အရိပ် အယောင်များ ပေါ်လာသည်။ "ကျိုးလင်၊ ငါ့ကို အရှက်မခွဲပါနဲ့။ ငါက မင်းကို စိတ်ကူးယဉ်ခဲ့ တာကိုက မင်းရဲ့ကံကြမ္မာပဲ။ မင်းရဲ့ကျင့်ကြံမှုက ငါ့ထက်မြင့်နေရင်တောင်, ငါပြောပါရစေ၊ ငါ့ဆရာသခင်က မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ရဲ့ အစိတ်ပိုင်းတရပ် ဖြစ်တဲ့ အကြီးကဲတစ်ယောက်ပဲ။ သူရဲ့စွမ်းအားက ကောင်းကင်နတ်ဘုရားနယ်ပယ်ရဲ့ အစောပိုင်းအဆင့်ကို ရောက်ရှိနေခဲ့ပြီ။ တကယ်လို့, မင်း ငါ့ဆံပင်တစ်ချောင်းကို ထိဝံ့ရင် တောင် မင်းသေရုံတင်မကဘူး, မင်းရဲ့အစ်ကိုနဲ့ လွင့်မျောနှင်းမြို့တော်ကိုလည်း မင်းနဲ့အတူ မြှုပ်နှံပစ်လိမ့်မယ်။ ဒါ့ကြောင့်၊ ဒူးထောက်ပြီး နာခံမူရှိစွာနဲ့ ငါ့မိန်းမ ဖြစ်လိုက်ပါ။ မင်းနဲ့ မင်းအစ်ကိုကို ငါ့ဆရာသခင်ရှေ့မှာ ချီးမွမ်းစကား နည်းနည်းပြောပေးဖို့တောင် ငါ ကူညီပေးနိုင်တယ်။"
ဘိုင်လင်သည် ထိုစကားကိုပြောသည့်အခါ သူ့အမူအရာက အလွန်မင်း မောက်မာနေ သည်။ သူသည် ကျိုးလင်ကို လုံးဝ ဂရုမစိုက်ဟန်ဖြင့် မောက်မာသည့်အမူအရာ ဖမ်းထားသည်။
မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်၏ အကြီးအကဲ တစ်ဦးဖြစ်သည့် သူ့ဆရာသခင်ကို သူမြင်လိုက်သောအခါ, သူ့အတွက် နတ်ဘုရားမြို့တော်သခင်တစ်ဦးကို သတ်ပစ်ခြင်းသည် ရိုးရှင်းသောကိစ္စ ဖြစ်သည်၊ ထို့ကြောင့် ကျိုးလင်သည် သူ့အား ဘာမှ မလုပ်ဝံ့ဟု သူ ထင်ထားသည်။
"နတ်ဘုရားနန်းတော်တစ်ခုရဲ့ အစိတ်ပိုင်းဖြစ်တဲ့ အကြီးကဲတစ်ယောက်ရဲ့ စိတ်ဓာတ်က ဘယ်လောက်တောင် မောက်မာလိုက်လဲ။ သူ့တပည့်ကတောင် ဒီလောက် မာနကြီးနေ မယ်လို့ မျှော်လင့်မထားဘူး။" သို့သော် ဘိုင်လင်၏ စကားဆုံးသောအခါ၊ ရေခဲတမျှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
စကားလာပြောသူမှာ ချင်ယွင် အတိအကျပင်။
ယခုအချိန်တွင် ချင်ယွင်၏အမူအရာသည် အလွန်အမင်း မှုန်မှိုင်းနေပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲက အမျက်ဒေါသက တုနှိုင်းမရသည့်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ။ ဤဘိုင်လင်သည် အလွန်မာနကြီးမည်ဟု သူ မျှော်လင့်ထားသည်မှာ ကြာလှပြီဖြစ်သော် လည်း ဤမျှမာနကြီးလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
"မင်းက ဘယ်သူလဲ။ မင်း ဒီမှာ စကားပြောပိုင်ခွင့် မရှိဘူး။ ထွက်သွားစမ်း။" ဘိုင်လင်သည် ချင်ယွင်၏ စကားကိုကြားသောအခါ၊ သူ့အကြည့်တွေကို ချင်ယွင်သို့ လှည့်သွားခဲ့သည်။
ချင်ယွင်၏ ကျင့်ကြံမှုသည် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်တွင်သာ ရှိနေ သည်ကို သူမြင်လိုက်ရသောအခါတွင် သူ့မျက်လုံးများသည် အထင်အမြင်သေးခြင်းများ ဖြင့် ပြည့်နှက်သွားလေသည်။
ထိုအချိန်တွင် ဖန်းရှောင်ယန်း၏ အကြည့်များသည် ချင်ယွင်၏ပေါ်တွင် ရှိနေသည်။ သူသည် ချင်ယွင်နှင့်ပတ်သက်ပြီး သိပ်မရင်းနှီးသလို ခံစားရသည်။ ပထမဆုံးအကြိမ်, ချင်ယွင်သည် စကားပြောဆိုရင်း ဝင်လာသည့်အခါ ချင်ယွင်သည် အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ်မှာသာ ရှိနေသည်ကို သူမြင်ခဲ့ပြီးဖြစ်၍ သူ့ကို ဂရုမစိုက်ခဲ့ပါဘူး။ ယခု ချင်ယွင်ကို ပြန်ကြည့်လိုက်သောအခါတွင် တစ်ခုခု ထူးဆန်းနေသည်ဟု သူ ခံစားလိုက်ရသည်။
ကျိုးလင်၏ရှေ့မှာ အစောပိုင်း ကြယ်နတ်ဘုရားတစ်ပါး လမ်းလျှောက်ထွက်လာခြင်းက ထူးခြားသည့်အရာတစ်ခုပင်။ သို့သော်, သူသည် အချိန်အတော်ကြာ စဉ်းစားပြီးနောက်၊ ချင်ယွင်၏ ကိုယ်ရေးအချက်လက်နှင့် ကိုက်ညီသည့် အချက်အလက်ကို သူ မစဉ်းစားနိုင်ခဲ့ ပေ။
"ဖြစ်နိုင်တာက သူ့ရဲ့ကိုယ်ရေးအချက်လက်က သာမာန်မဟုတ်ဘူးလို့ ပြောရမလား။ သူက နတ်ဘုရားနန်းတော်တစ်ခုခုကနေ ဆင်းသက်လာတဲ့ ကြီးမားတဲ့ပုံရိပ်ရှိသူ တစ်ယောက် များလား” ဖန်းရှောင်ယန်းသည် ချင်ယွင်၏ ကိုယ်ရေးအချက်လက်နှင့် ပတ်သက်၍ အလွန်ပင် ပဟေဠိဖြစ်နေခဲ့ပြီး သူ့စိတ်ထဲတွင် တိတ်တဆိတ် ခန့်မှန်းနေခဲ့သည်။
သို့သော် သူဘာမှ မပြောပေ။ ယင်းအစား ဆိတ်ဆိတ်နေရန် ရွေးချယ်ခဲ့သည်။
ကျိုးလင်ရှေ့မှာ ရပ်နေသည့် လူငယ်၏ ကိုယ်ရေးအချက်လက်ကို ကြည့်ရူနိုင်ရန်, သူသည် ဘိုင်လင်၏လက်ကို ငှားရမ်းချင်ခဲ့သည်။
"ငါက ဘယ်သူလဲ။ ငါက ကျိုးလင်ရဲ့ယောင်္ကျားပဲ။ မင်းက ငါ့မိန်းမကို လိုချင်တပ်မက်ပြီး ငါဘယ်သူလဲဆိုတာတောင် မသိဘူး။ မင်းကိုယ်မင်း ရယ်စရာလို့ မထင်ဘူးလား" ချင်ယွင်က သူ့စိတ်ထဲက ဒေါသကိုထိန်းကာ ပြောလိုက်သည်။
ချင်ယွင်က ထိုစကားကို ပြောပြီးသည်နှင့် ဘိုင်လင်နှင့် ဖန်းရှောင်ယန်း ကျိုးလင်ကို အမှတ်တမဲ့ ကြည့်လိုက်ကြရင်း သူတို့၏နှလုံးသားများက တန်ခါသွားကြသည်။
တစ်ဖက်တွင်မူ ကျိုးလင်သည် သူမ၏မျက်နှာပေါ်တွင် တည်ငြိမ်သော အမူအရာရှိနေပြီး ထိုစကားများကို အတည်ပြုလိုက်ပုံရသည်။
ဖန်းရှောင်ယန်းသည် အလွန်မင်း ထိတ်လန့်သွားပြီး ချင်ယွင်၏ နောက်ခံသည် ထူးထူး ခြားခြား ဖြစ်နေကြောင်း သူ ပို၍ပင် သေချာသွားခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ ကျိုးကလန်သည် အင်အားကြီးမားသူတစ်ဦးနှင့် ဆက်ဆံနိုင်သည့်အတွက် သူ့စိတ်ထဲမှာ ကျိန်ဆဲလိုက်မိသည်။
ထိုစကားကို ဘိုင်လင် ကြားသည့်အခါ အလွန်မင်း ဒေါသထွက်နေသည့် အမူအရာ ပေါ်လာသည်။ သူက ကျိုးလင်ကိုကြည့်ပြီး ပြောသည် "အရင်က ငါ မင်းကို အရမ်းဖြူစင် သူလေး ထင်ထားခဲ့တာ။ မင်းက အကျင့်ပျက်လူငယ်တွေကို ချူစားနေသူဖြစ်မယ်လို့ ငါ မ မျှော်လင့်ထားဘူး။ ဒီလိုဆိုမှတော့ ပိုလွယ်သွားတာပေါ့။ အချုပ်ပြောရရင် မင်း ငါ့ကို ကောင်းကောင်း ပြုစုပေးနေသရွေ့ ဟိုကောင်ပေးခဲ့တဲ့ အခြေအနေတွေထက် ဆယ်ဆလောက် ငါ ပေးနိုင်တယ်..."
"ဒိုင်း!"
သို့သော် ဘိုင်လင်သည် သူ့စကားမဆုံးခင်မှာ လေထဲမှ ထွက်ပေါ်လာသော လက်သီးတစ် ချက်သည် ဘိုင်လင်၏ ဝမ်းဗိုက်ထဲသို့ တိုက်ရိုက် ထိမှန်သွားပြီး ဘိုင်လင်သည် လွင့်ပျံသွားလေသည်။ သူ့နောက်ကျောက ကျောက်တိုင်ကို ပစ်မှန်ပြီး ကျောက်စာတိုင် သည် ပျက်ဆီးသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
“မင်း... မင်းက သေချင်နေတာပဲ .... ဘိုင်လင်သည် ချက်ချင်း ဒေါသထွက်သွားသည်။ ဤအထွတ်အထိပ် ကြယ်နတ်ဘုရားနတ်ဘုရားသည် သူ့ကို အမှန်တကယ် ခိုးဝင် တိုက်ခိုက်ဝံ့လိမ့်မည် သူ မထင်ထားခဲ့ပေ။
ထို့အပြင်, ဖန်းရှောင်ယန်းလည်း မှင်သက်သွားခဲ့သည်။ ထို့နောက်, သူသည် မျက်မှောင် ကြုတ်လိုက်မိသည်။ ဤဘိုင်လင်အရူးသည် အစောပိုင်းက ချင်ယွင်၏ လက်သီးချက်၏ လျှို့ဝှက်ဆန်းကြယ်မှုများကို မတွေ့ခဲ့သော်လည်း သူသည် မိုက်မဲသူတစ်ဉီးမဟုတ်ပေ။
အစောပိုင်းက ချင်ယွင်သည် ထိုနေရာတွင် ရပ်နေခဲ့ပြီး လုံးဝ မလှုပ်ရှားခဲ့ပေ။ သိပ်သည်း သော လေထုထဲမှ ထွက်ပေါ်လာသော ထိုလက်သီးသည် ချင်ယွင်ထံမှဖြစ်ကြောင်း အကြည့်တစ်ချက်ဖြင့် သိနိုင်သည်။
တစ်ချက်ကြည့်ရုံဖြင့် လေဟာနယ်စွမ်းအားဖြင့် သိပ်သည်းထားသော ထိုလက်သီးချက် သည် အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်တစ်ဦးကို လွင့်ပျံသွားစေနိုင် သည်။ အထွတ်အထိပ် ကြယ်နတ်ဘုရားတစ်ပါးက ယခုလို ကြောက်စရာကောင်းသည့် နည်းလမ်းမျိုးကို ဘယ်လိုလုပ် လုပ်ဆောင်နိုင်မည်နည်း။
"ငါ မင်းကို သတ်မယ်" သို့သော် ဘိုင်လင်သည် ထိုမျှလောက် မတွေးခဲ့ပေ။ ယခုအချိန်တွင်, ချင်ယွင်က သူ့ကို ချောင်းမြောင်းတိုက်ခိုက်သူဟု သူ ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ထိုသို့ မဟုတ်လျှင်, အထွက်အထိပ် ကြယ်နတ်ဘုရားတစ်ပါးက သူ့ကို ဘယ်လိုလုပ် လွင့်ထွက်သွားအောင် တိုက်ခိုက်နိုင်မည်နည်း။ ထို့ကြောင့် သူသည် မြေပြင်မှထကာ တိုက်ရိုက် ပြေးထွက်သွားသည်။ သူသည် လက်သီး ဝှေ့ယမ်းကာ ချင်ယွင်ဆီသို့ ပစ်ဝင် လိုက်ပါသည်။
ဘိုင်လင်သည် သူ့ဆီသို့ ပြေးလာသည်ကို ချင်ယွင်က စောင့်ကြည့်နေသည်။ သူ့ မျက်လုံးတွေကလည်း အလွန်ရက်စက်ကြမ်းကြုတ်သည့် အလင်းတန်းတစ်ခု ထွက်ပေါ်နေ သည်။ သူ့ခန္ဓာကိုယ်ထဲက သတ်ဖြတ်လိုသည့်စိတ်က လှုပ်ရှားရန် အခွင့်အရေးကို စောင့်ဆိုင်းနေသည့် ဆိတ်ငြိမ်စွာ ဆောင်းခိုနေသော သားရဲတစ်ကောင်လိုပင်။