အခန်း ၁၅၇၀
Vol. 105 Ch. 1570
အခန်း (၁၅၇၀) ရိုက်နှက်ခြင်း။ ရိုက်နှက်ခြင်း။ ရိုက်နှက်ခြင်း။
ဘိုင်လင် လက်သီးလေတိုးသံသည် ကြီးမားသော နဂါးတစ်ကောင် ဟိန်းဟောက်နေသည့် အလား ချင်ယွင်ဆီသို့ အနှိုင်းမဲ့ လောင်ကျွမ်းနေသော မီးတောက်များဖြင့် တိုးဝင်လာသည်။ ထိုကြောက်စရာကောင်းသော အရှိန်ကြောင့် စားသောက်ဆိုင်တစ်ခုလုံးကို တုန်လှုပ် သွားစေခဲ့သည်။
ဤအခိုက်အတန့်တွင် သူ့မျက်လုံးများသည် ဝင့်ကြွားမူများနှင့် ပြည့်နေခဲ့သည်။ အထူးသဖြင့် အထွတ်အထိပ် ကြယ်နတ်ဘုရားတစ်ပါးက မလှုပ်ရှားဘဲ ရပ်နေသည်ကို သူမြင်လိုက်ရသည့်အခါ သူ့စိတ်ထဲမှာ မောက်မာသည့် ခံစားချက်ကို ခံစားလိုက်ရသည်။
သူ့ရှေ့မှ လူငယ်သည် သူ၏အငွေ့အသက်ကြောင့် အံ့ဩမှင်သက်သွားပြီး မလှုပ်ဝံ့ဘဲ ထို နေရာတွင် ရပ်နေလေသည်ဟု ထင်သွားခဲ့သည်။ ဤလက်သီးချက်ကြောင့် သူ့ရှေ့က လူငယ်သည် မသေရင်လျှင်ပင် ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မည်။
"ဟား…၊ ဟား….၊ မာနကြီးတဲ့ကောင်စုတ်လေး..၊ မင်းရဲ့အဘိုးဘိုင်ကို ရန်စဝံ့သလား။ သေလိုက်တော့" ဘိုင်လင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး၊ ထိုလက်သီးချက်က ချင်ယွင်၏မျက်နှာဆီသို့ ပြင်းထန်စွာ တောက်လောင်နေသော မီးတောက်များဖြင့် အပြင်းအထန် ရိုက်ခတ်သွားလေသည်။
သူသည် ချင်ယွင်၏ ဦးခေါင်းကို သူ့လက်သီးချက်က အစိပ်စိပ်မွှာမွှာ ဖြိုခွဲလိုက်သည့် မြင်ကွင်းကို မြင်ယောင်ရင်း သူ့မျက်လုံးများက အလွန်တရာ ကျေနပ်နေသည့် အမူအရာ ပေါ်လာသည်။
“ဘုန်း…။
သို့သော် သူ့လက်သီးက ချင်ယွင်၏မျက်နှာကို ထိလုခါနီးတွင် သူ့လက်သီးသည် သံမဏိပြားကို ထိသွားပုံရသည်။ ရှေ့သို့ တစ်လက်မတိုးရန်ပင် ခက်ခဲရုံသာမက သူ့လက်မောင်းတစ်ခုလုံး ပြင်းထန်စွာ ထုံကျင်သွားခဲ့သည်။
"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဘိုင်လင်သည် အလွန်မင်း ထိတ်လန့် တုန်လှုပ်သော အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။ အကြောင်းမှာ ယခုအချိန်တွင် သူ့ရှေ့ရှိ လူငယ်သည် သူ၏လက်သီးကို ပိတ်ဆို့ရန် လက်ချောင်း တစ်ချောင်းကိုသာ အမှန်တကယ် ထုတ်ဖော်ထားကြောင်း သူတွေ့ရှိလိုက်ရသည်။ ထိုလက်ချောင်းပေါ်ရှိ စွမ်းအားသည် ဧရာမတောင်ကြီးနှင့် တူသည်။ ထို့ကြောင့်, သူသည် အနည်းငယ်မျှပင် လှုပ်ရှားရန် မဖြစ်နိုင်တော့ပေ။
အနီးနားရှိ ဖန်းရှောင်ယန်းလည်း မှင်သက်သွားသည်။ သူကိုယ်တိုင်က နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည်။ သူတောင်မှ ထိုကဲ့သို့ မလုပ်နိုင်ဟု တွေးနေမိသည်။ ဤလူငယ်သည် ဘိုင်လင်၏ လက်သီးချက်ကို လက်ချောင်းတစ်ချောင်းဖြင့် တားဆီးနိုင်သည်။
"ဟမ့်၊ ဒီလောက်အားနည်းတဲ့ လက်သီးလေးနဲ့ ငါ့ကို ဘယ်လိုလုပ် သတ်ချင်နေရတာလဲ။ မင်းကိုယ်မင်း အထင်ကြီးလွန်းနေတယ်။ အခု မင်းကို လက်သီးအစစ်က ဘာလဲဆိုတာ ငါပြပေးမယ်။" ဤအခိုက်အတန့်တွင် ချင်ယွင်၏ ဒေါသသည် နောက်ဆုံးတွင် ပေါက်ကွဲ သွားခဲ့ပြီ။ ပြင်းထန်သော သတ်ဖြတ်လိုစိတ်က နိုးထလာသော ရှေးဟောင်း သားရဲ တစ်ကောင်ကဲ့သို့ ချက်ချင်းဆိုသလို စားသောက် ဆိုင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ထိုအခိုက်တန့်တွင် စားသောက်ဆိုင်ရှိ လူတိုင်း အံ့အားသင့်သွားကြသည်။ သူတို့သည် ငရဲထဲသို့ ကျရောက်သွားသလိုပင်။ သူတို့အားလုံးက ယခုလို ကြောက်စရာကောင်းသည့် အငွေ့အသက်ကို ထုတ်လွှတ်နေသည့်လူက ဘယ်သူလဲဟု သိချင်နေသည့်အလား ချင်ယွင်တို့ရှိနေသည့် သီးသန့်ခန်းကို လှမ်းကြည့်ကြသည်။
ဘေးတဖက်ကနေ ပွဲကြည့်နေသည့် ဖန်းရှောင်ယန်းသည်လည်း ချင်ယွင်၏ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကြောင့် ထိမှန်သွားခဲ့သည်။ သူသည် တုန်လှုပ်ခြောက်ခြားသွားသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်က ဧရာမတောင်တန်းကြီးတစ်ခုကဲ့သို့ သူ့ပခုံးပေါ်သို့ ဖိနှိပ်လာခဲ့သည်။ နောက်ဆုံးတွင် သူသည် ကြောက်မက်ဖွယ်ကောင်းသော ထိုအငွေ့အသက်ကို ခံနိုင်ရည် မရှိခဲ့ပေ။ သူသည် မြေပြင်ပေါ်တွင် တိုက်ရိုက် ဒူးထောက် လိုက်ရပြီး မာကျောသော နတ်ဘုရားကျောက်ပြားပေါ်တွင် နက်ရှိုင်းသော တွင်းနက်နှစ်ခု အဖြစ် ပြင်းပြင်းထန်ထန် ဆောင့်ကျသွားသည်။ သူ့မျက်လုံးတွေက အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ။ သူက ကြယ်နတ်ဘုရားနယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ဘယ်လိုလုပ် ရှိနေနိုင်ပါ့မလဲ။ အစောပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ်ကတောင် ဒီလောက်ကြောက်စရာ မကောင်းဘူး။" ဖန်းရှောင်ယန်းသည် အလွန် ထိတ်လန့်သွားသည်။ သူ့စိတ်ထဲမှ အကြောက်တရားသည် လွန်ကဲစွာ ဖြစ်ပေါ်လာသဖြင့် ချင်ယွင်ကိုပင် မကြည့်ဝံ့တော့ပေ။
ဟုတ်ပါသည်, ကြောက်လန့်ဆုံးလူကတော့ ဘိုင်လင် ဖြစ်ပါသည်။ သူက ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ပြင်းထန်သော သတ်ဖြတ်လိုစိတ်၏ဖိအားကို အပြင်းအထန်ကို ခုခံနေရ သည်။ ဤအခိုက်အတန့်တွင် သူ့ပါးစပ်မှ သွေးများစီးထွက်နေပြီး သူ့မျက်လုံးများသည် အလွန်အမင်း ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
ချင်ယွင်၏အငွေ့အသက်က သူ့ပါးစပ်ထဲက သွေးများစီးကျလာသည်အထိ သူ့ကို ပြင်းထန် လွန်းသည်။ သူ မည်မျှပင် မိုက်မဲတုံးအနေပါစေ, သူ့ရှေ့က ဤလူသည် သူ နှိုးဆော်နိုင်သည့် တည်ရှိမှုတစ်ခု မဟုတ်ဘူးဆိုတာ သူ သိသွားခဲ့ပြီ။
“ဘုန်း..”။
သို့သော် သူ့စိတ်ထဲတွင် အကြောက်တရားများ ပျောက်ကွယ်မသွားခင်မှာ ကြောက်မက် ဖွယ် လက်သီးတစ်ချက်က သူ့ကို ထိမှန်သွားခဲ့သည်။
“ဖူး..…”။
ဘိုင်လင်သည် ထိုလက်သီးချက်ကို ခံယူလိုက်ရသည့်အခါ သူ့ခန္ဓာကိုယ်သည် ရုတ်တရက် တုန်လှုပ်သွားပြီး ပါးစပ်မှ သွေးများ အန်ထွက်လာခဲ့သည်။ သူ့မျက်လုံးတွေက ဖြောင့်စင်း သွားပြီး အလွန်ထိတ်လန့် တုန်လှုပ်နေသည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။
ဤလက်သီးတွင်ပါရှိသော စွမ်းအားသည် သူ့စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေပါသည်။ သူသည် ကြောက်စရာကောင်းသည့် စွမ်းအားက သူ့ခန္ဓာကိုယ်ကို ရိုက်ခတ်လိုက်သည့် အခိုက်အတန့်မှာ ဥက္ကာပျံတစ်ခု ထိမှန်သွားသလို ခံစားလိုက်ရသည်။ လက်သီးတစ်ချက် ထိုးခံရရုံဖြင့် သူ့တစ်ကိုယ်လုံးကို ကြေကွဲသွားစေလောက်အောင်ပင်။
သို့သော် ပို၍ကြောက်စရာကောင်းသည်မှာ ပြိုင်ဘက်က သူ့ကို လုံးဝ သတ်ပစ်ချင်ပုံ မပေါ်ပေ။ ယင်းအစား၊ သူသည် သူ့ခွန်အားကို သူ့ခန္ဓာကိုယ်အနှံ့ မပျံ့နှံ့စေရန် ထိန်းချုပ်ပြီး တစ်နေရာတည်းမှာ စုစည်းထားသည်။ ထို့ကြောင့် ဖန်းရှောင်ယန်း၏မြင်ကွင်းမှ ကြည့်လျှင် ဘိုင်လင်၏ရင်ဘတ်ကနေ နောက်ကျောအထိ ထိုးဖောက်သွားသည့် လက်သီးဆုပ်အရွယ် သွေးထွက်သံယိုအပေါက်တစ်ခုကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ဤကြောက်စရာကောင်းသော နည်းလမ်းက ဘိုင်လင်ကို ခြိမ်းခြောက်နိုင်ရုံသာမက, ဖန်းရှောင်ယန်းလည်း အသက်ပြင်းပြင်း ရှူရှိုက်လိုက်ရပါသည်။
သူသည် ဘိုင်လင်ကို လက်သီးတစ်ချက်ဖြင့် ထိုးသတ်နိုင်သော်လည်း ထိုကဲ့သို့ မလုပ်ခဲ့ပေ။ သူသည် ဘိုင်လင်ကို ဒဏ်ရာအပြင်းအထန် ရစေပြီး နှိပ်စက်လိုသည်မှာ ထင်ရှားသည်။
ဘိုင်လင်သည် ထိုလက်သီးချက်ကြောင့် သုံးစားမရဖြစ်နီးပါးဟု ဆိုနိုင်သည်။ အကယ်၍ သူ၏အစွမ်းထက်သော နတ်ဘုရားခန္ဓာကိုယ်ကြောင့်သာ မဟုတ်ပါက၊ ဤလက်ချက်သည် သူ့ကို လုံးဝ သတ်ဖြတ်သွားပေလိမ့်မည်။
“မ… ငါ့ကို မသတ်ပါနဲ့... ဘိုင်လင်က ချင်ယွင်ကို ကြည့်ကာ ထိတ်လန့်စွာ တောင်းပန်လိုက် သည်။
ဘိုင်လင် တောင်းပန်နေသည်ကို မြင်တော့ ချင်ယွင်က အေးစက်စွာ ပြုံးပြလိုက်သည်။
"ငါ မင်းကို ဘာလို့ သတ်ချင်လဲဆိုတာ မင်း သိရဲ့လား" ချင်ယွင်က အေးစက်စွာ မေးလိုက်သည်။ သူ၏အုံ့မှိုင်းနေသော အကြည့်များက ဘိုင်လင်၏နှလုံးသားကို အေးခဲသွား စေခဲ့သည်။
"အရှင်, ငါ မင်းကို မထီမဲ့မြင် မပြုသင့်ပါဘူး။ ဒီကောင်စုတ်လေးက ထိုက်တောင်ကြီးကို တကယ်ပဲ မသိရှိခဲ့ပါဘူး။ ဒါကြောင့် အရှင့်ကို စော်ကားမိခဲ့ပါတယ်" ဘိုင်လင်က ကမန်းကတန်း ပြောလိုက်သည်။
“ဘုန်း..”။
သို့သော် သူ့စကားမပြီးဆုံးခင်မှာ ချင်ယွင်က ဘိုင်လင်၏ရင်ဘတ်ကို လက်သီးဖြင့် ထိုး လိုက်ပြန်သည်။ ချက်ချင်းပင်၊ ဘိုင်လင်၏ရင်ဘတ်တွင် နောက်ထပ် သွေးထွက်သံယို အပေါက်ကြီးတစ်ခု ပေါ်လာပြန်သည်။
သိုင်းပညာ အစစ်မှန်အဓိပ္ပာယ်၏ ကနဦးအဆင့်သို့ တက်လှမ်းခဲ့သော ချင်ယွင်သည် သူ၏ အစွမ်းက ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ဘိုင်လင်ကို မသေစေလိုပါ။ ဘိုင်လင်သည် နောက်ထပ် ကြောက်စရာကောင်းသော ထိုးနှက်ချက်တစ်ရာကို ခံရမည်ဆိုလျှင်ပင် သူသေနိုင်မည် မဟုတ်ပေ။
ထိုအချိန်တွင် ဘိုင်လင်၏ မျက်နှာသည် အနှိုင်းမဲ့ ဖျော့တော့နေသည်။ သူ၏ ရင်ဘတ်တွင် ကြီးမားသော သွေးထွက်သံယို အပေါက်ကြီးနှစ်ပေါက် ရှိနေပြီး သွေးများ စီးကျနေသည်။ မြင်ကွင်းက ကြောက်စရာကောင်းလွန်းသည်။
"မင်း အခုနက မှားယွင်းစွာ ပြောခဲ့တယ်။ ငါ မင်းကို နောက်ထပ် အခွင့်အရေး ပေးမယ်။" ချင်ယွင်က တဟားဟား ရယ်မောလိုက်သည်။ သို့သော်၊ သူ၏ရယ်မောသံသည် ဘိုင်လင်၏ မျက်လုံးထဲတွင် ငရဲဘုရင်ထက်ပင် ပို၍ကြောက်စရာကောင်းသည်။
"ငါ ကျိုးကို မထိဝံ့….. အိုး မင်းရဲ့မိန်းမကို ကြံစည်ဝံ့ခဲ့တယ်။ ငါ သေဖို့ ထိုက်တန်ပါတယ်..." ဘိုင်လင်က ထပ်ပြောသည်။
“ဘုန်း..”။
နောက်ထပ် လက်သီးတစ်ချက်, ဘိုင်လင်၏ရင်ဘတ်သည် လုံးဝ အခေါင်းပေါက် ဖြစ် နေပြီ။ သူ၏သွေးစွန်းနေသော အသွင်အပြင်က ကြောက်မက်ဖွယ်ကောင်းနေပြီး၊ သူ့မျက်နှာက အလွန်မင်း ဖျော့တော့သွား အလွန်အားနည်းနေပြီ။
ဘိုင်လင်သည် ချင်ယွင်ကို စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ကြည့်လိုက်ရင်း မှားယွင်းစွာ ဖြေလိုက်ပြန်ပြီလားဟု မေးမြန်ချင်နေပုံပင်။
သို့သော် ချင်ယွင်က ပြုံးပြီး ပြောသည် "မင်း အခုနက အဖြေက တစ်ဝက်ပဲ မှန်တယ်။ ကျန်တဲ့တစ်ဝက်ကို မင်း မဖြေနိုင်သေးတဲ့အတွက် မင်း ပြစ်ဒဏ်ကို လက်ခံသင့်တယ်"
ထိုစကားကို ကြားတော့ ဘိုင်လင်သည် အစောပိုင်းက သူ ချင်ယွင်ကို မည်သို့ စော်ကားမိခဲ့ သလဲဆိုသည်ကို အပူတပြင်း ပြန်စဉ်းစားနေပြီး၊ အလွန်မင်း စိတ်ရှုပ်ထွေးနေသည့် အမူအရာတစ်ခုကို ဖော်ပြလိုက်မိသည်။
သို့သော် ချင်ယွင်ကို သူမည်ကဲ့သို့ စော်ကားမိခဲ့သည်ကို အချိန်အတော်ကြာသည်အထိ မစဉ်းစားနိုင်ခဲ့ပေ။
ဘိုင်လင်က သတိမရတော့သည်ကို မြင်တော့, ချင်ယွင်က လှောင်ပြုံးပြုံးရင်း ပြောပြလိုက် သည် "ဒါဆိုလည်း ငါကပဲ မင်းကို သတိရအောင် ပြောပြပေးပါ့မယ်။ လွန်ခဲ့တဲ့ ဆယ်ရက် လောက်က လက်နက်ဈေးထဲမှာ မင်း အစောပိုင်း ကြယ်နတ်ဘုရားတစ်ပါးကို ဒဏ်ရာရ စေခဲ့ပြီး သူ့ရဲ့ကျင့်ကြံမူကို ထိခိုက်ပျက်ဆီးအောင် လုပ်ခဲ့တယ် မဟုတ်လား”။
ဘိုင်လင်က ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်ပြလိုက်သည်။
ဘိုင်လင် ခေါင်းညိတ်ပြသည်ကို မြင်လိုက်ရလျှင် ချင်ယွင်၏ မျက်လုံးများတွင် ပြင်းထန် သော သတ်ဖြတ်လိုစိတ်က ပေါက်ကွဲသွားခဲ့သည်။ သူက အေးစက်စွာ ပြောလိုက်သည် "အခု ငါ မင်းကို ပြောပြမယ်။ အဲဒီလူက ငါ့ဆရာပဲ"
ဘိုင်လင်သည် ထိုစကားကို ကြားလိုက်သည်နှင့် သူ့မျက်လုံးများတွင် အလွန်တရာမှ စိတ်ပျက်လက်ပျက် ဖြစ်သွားသည့် အမူအရာ ပေါ်လာပါသည်။