အခန်း ၁၅၇၁
Vol. 105 Ch. 1571
အခန်း (၁၅၇၁) ဘိုင်လင်၏ဆရာသခင်။
ဘိုင်လင်သည် လက်နက်ဈေးတွင် သူ ထိခိုက်ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့သော ထိုအစောပိုင်း ကြယ်နတ်ဘုရားသည် သူ့ရှေ့မှ ရက်စက်ကြမ်းကြုတ်သော လူ၏ဆရာ သခင် ဖြစ်နေလိမ့်မည်ဟု သူ အမှန်တကယ် မထင်မှတ်ခဲ့ပေ။
အကယ်၍, သူသာ သိခဲ့မည်ဆိုလျှင်, သူ အသတ်ခံရမည်ဆိုလျှင်ပင်, သူသည် ရှေးဟောင်း တာအိုကိုယ်ပေါ်မှ ဆံပင်တစ်ချောင်းကိုပင် မထိဝံ့ပေ။
ထိုအခိုက်တွင် ဖန်းရှောင်ယန်းလည်း ထိတ်လန့်သွားသည်။ ဤအခိုက်အတန့်တွင် ချင်ယွင်နှင့် ကျိုးလင်တို့ ဤနေရာတွင် အဘယ်ကြောင့် ပေါ်လာသည်ကို သူ နောက်ဆုံး နားလည်သွားခဲ့သည်။ ဘိုင်လင်ကို လက်စားချေရန်အတွက် သူတို့သည် ဤနေရာတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်လေသည်။
"လခွမ်း, ဒီအရူးကောင်က သူ့သေခြင်းတရားကို သူကိုယ်တိုင် တောင်းဆိုခဲ့တာပဲ။ သူက ငါတို့ဖန်းကလန်ကိုတောင် ဒီအရှုပ်ထုတ်ထဲ ဆွဲခေါ်သွားသေးတယ်။" ဖန်းရှောင်ယန်းသည် သူ့စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။
မူလက၊ သူတို့ဖန်းကလန်သည် အရှိန်အဟုန်ဖြင့် လျှို့ဝှက်စွာ စုစည်းနေခဲ့ပြီး၊ သူသည် အမှားယွင်းတစ်ခုမှ မရှိပါက လွင့်မျောနှင်းမြို့တော်ကို ဖြိုခွင်းရန် အသင့်ဖြစ်နေခဲ့ပြီ။ ယခု ဘိုင်လင်ကြောင့် ဖော်ထုတ်ခံရမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ယခုအခါ၊ လွင့်မျော နှင်းမြို့တော်တွင် ရက်စက်ကြမ်းကြုတ်သော အခြားလူတစ်ယောက် ရှိနေသည်။ လွင့်မျော နှင်းမြို့တော်ကို ဖြုတ်ချရန် သူ့မှာ ယုံကြည်မှု မရှိတော့ပေ။ ယခုဆိုလျှင် ဘိုင်လင်၏ ဆရာသည် ချင်ယွင်ကို အနိုင်ယူနိုင်ရန်သာ သူ မျှော်လင့်နိုင်ပါသည်။ မဟုတ်ပါက, ဘိုင်လင်သေဆုံးရုံသာမကာ, သူတို့ဖန်းကလန်ပါ သူနှင့်အတူ မြုပ်နှံခံရတော့မည်။
"မင်း...မင်း ငါ့ကို မသတ်နိုင်ဘူး၊ ငါ့ဆရာသခင်က လွင့်မျောနှင်းမြို့တော်ကို လာနေပြီ။ သူ မကြာခင် ရောက်လာလိမ့်မယ်။ မင်းငါ့ကိုသတ်ရင် သူက မင်းကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး" ဘိုင်လင်သည် ချင်ယွင်၏ ကြောက်မက်ဖွယ် အကြည့်ကို မြင်ပြီး ကမန်းကတန်း ပြောလိုက်သည်။
ယခုအချိန်တွင် ချင်ယွင်က သူ့ကို အလွတ်ပေးရန် မဖြစ်နိုင်ကြောင်းကို သူနားလည်နေပြီ ဖြစ်သည်။ ဤအခိုက်အတန့်တွင် သူသည် ဤလူအား ခြိမ်းခြောက်ရန် သူ့ဆရာကိုသာ အသုံးချနိုင်တော့သည်။ သူ့ဆရာ မရောက်မချင်း အချိန်ဆွဲနိုင်သရွေ့, သူ့မှာ အသက်ရှင်ဖို့ အခွင့်အလမ်းရှိနိုင်သည်။
"ဟမ့်၊ ဒီနေ့ မင်းဆရာ ရောက်လာခဲ့ရင်တောင်, မင်းကို မကယ်နိုင်တော့ဘူး" ချင်ယွင်က သူ့မျက်လုံးထဲတွင် ပေါက်ကွဲထွက်လာသော သတ်ဖြတ်လိုစိတ်နှင့်အတူ အေးစက်စွာ ပြောလိုက်သည်။
သူ့လက်သီးမှ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဘိုင်လင်၏ ဦးခေါင်းဆီသို့ ရိုက်ချသွားခဲ့သည်။
ချင်ယွင်၏ လက်သီးသည် နတ်တောင်တစ်ခုကို ပေါက်ကွဲသွားစေရန် လုံလောက်အောင် ပြင်းထန်ပြီး၊ အစောပိုင်း မြေကမ္ဘာနတ်ဘုရားတစ်ပါး၏ ဦးခေါင်းကို ဖောက်ခွဲပစ်ရန် မခက်ခဲပေ။
ဘိုင်လင်သည် ထိုလက်သီးချက်အား မြင်သောအခါ၊ သူသည် အနှိုင်းမဲ့ စိတ်ပျက်လက်ပျက် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်ပြီး၊ သူ့နှလုံးသားထဲတွင် အဆုံးမဲ့ နောင်တတရားကို ခံစားလိုက်ရသည်။
"သောင်းကျန်းနေတာ ရပ်လိုက်စမ်း"
သို့သော်၊ ချင်ယွင်၏လက်သီးချက်သည် ဘိုင်လင်၏ခေါင်းကို ထိမှန်ခါနီးတွင် အားကောင်း သော စွမ်းအားတစ်ခုသည် ဘိုင်လင်ကို ချက်ချင်း ဝိုင်းရံသွားခဲ့သည်။
ချင်ယွင်၏ လက်သီးချက်သည် ထိုအစွမ်းထက်သော စွမ်းအားပေါ်သို့ ကျရောက်သွားပြီး၊ ကျယ်လောင်သော ပေါက်ကွဲသံကို ဖြစ်ပေါ်စေသည်။ ချင်ယွင်၏လက်သီးချက်ကြောင့် အကာကွယ် အလင်းဒိုင်းသည် ကြေကွဲသွားသော်လည်း၊ ထိုအကာကွယ်အလင်းဒိုင်းသည် ချင်ယွင်၏ လက်သီးတိုက်ခိုက်မှုကိုလည်း လုံးလုံးလျားလျား ဖယ်ထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို နောက်သို့ လွင့်ပျံသွားစေခဲ့သည်။
ချင်ယွင်သည် ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး ကောင်းကင်တွင် နောက်ထပ် လူနှစ်ယောက် ရောက်ရှိသည်ကို တွေ့လိုက်ရသည်။ တစ်ယောက်က လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး၊ သူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့ကျင့်ကြံမှု သည် အလယ်လတ် ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် သူ၏ကျင့်ကြံမှုအခြေခံက အတန်ငယ် လွတ်နေပါသည်။ သူသည် အလယ်အလတ် ကြယ်နတ်ဘုရားအဆင့်သို့ အခုမှ ရောက်ရှိခဲ့ခြင်း ဖြစ်သင့်သည်။ (ဤနေရာ၌ အတန်ငယ် လွတ်နေသည်ဟူသည်မှာ သူ့ကျင့်ကြံမူအခြေခံက တည်ငြိမ်ခြင်း မရှိသေးသည်ကို ရည်ညွှန်းပါသည်)။
ဘိုင်လင်ကို အစောပိုင်းက ကယ်တင်ခဲ့သော လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ့ကို ကျယ်လောင်စွာ အော်ဟစ်ခဲ့သည့် တစ်ယောက်ဖြစ်သည်။ အကယ်၍ ချင်ယွင်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက၊ ဤလူလတ်ပိုင်းအရွယ် အမျိုးသားသည် ဘိုင်လင်၏ ဆရာသခင် ဖြစ်သင့်သည်။
နောက်တစ်ယောက်ကတော့ အေးစက်စက် မျက်ခုံးမွှေးနှင့် ဂုဏ်သိက္ခာကြီးမားသည့် ချောမောသော လူငယ်တစ်ယောက်ဖြစ်သည်။ သို့သော် ချင်ယွင်အနေဖြင့် ဂုဏ်သိက္ခာ ကြီးမားသည်ဟု ခံစားရခြင်းက အကြောင်းရင်း မဟုတ်ပေ။ သူ့ကို အံ့ဩစေသည့်အရာက ဤလူငယ်၏ ကျင့်ကြံမှုသည် နှောင်းပိုင်း ကောင်းကင်နတ်ဘုရားအဆင့်သို့ အမှန်တကယ် ရောက်ရှိနေခြင်းပင်။
“ဆရာ…”
ချင်ယွင်က သူ့ကို မသတ်နိုင်ခဲ့သည်ကို တွေ့လိုက်ရတော့ ဘိုင်လင်သည် ချက်ချင်းပင် ရွှင်မြူးသည့် အမူအရာ ပေါ်လာသည်။ သူက ကောင်းကင်ယံကို မော့ကြည့်လိုက်တော့ သူ အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သော ပုံရိပ်တစ်ခုကို တွေ့လိုက်ရပါသည်။ သူက စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်မိသည်။
ဘိုင်လင်၏ ဆရာဟုအော်ခေါ်ခြင်းခံရသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ရင်ဘတ်တစ်ခုလုံး ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ဘိုင်လင်ကို တွေ့လိုက်ရသောအခါ တွင် သူ၏မျက်လုံးများက ပြင်းထန်သော ဒေါသကို ထုတ်ဖော်ပြလာခဲ့သည်။
ဘိုင်လင်သည် သူ့အနှစ်သက်ဆုံး တပည့်များထဲမှ တစ်ဦးဖြစ်ပြီး၊ ယခု သူသည် ထိုသို့သော အခြေအနေအထိ အရိုက်ခံရသည်။ သူ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
"တပည့်၊ မင်းကို ဘယ်သူ ဒဏ်ရာရအောင်လုပ်တာလဲ ပြောစမ်း" လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဘိုင်လင်ကို ကြည့်ပြီး သူ့မျက်လုံးများတွင် ချစ်ခြင်းမေတ္တာ အပြည့်ဖြင့် မေးလိုက်ပါသည်။
ထိုစကားကိုကြားတော့ ဘိုင်လင်သည် အလွန်စိတ်ဆိုးသည့် အမူအရာကို ထုတ်ဖော် လိုက်ပါသည်။ ထို့နောက် သူက ချင်ယွင်ကို အလွန်မင်း မကျေနပ်သည့် အကြည့်ဖြင့် ညွှန်ပြပြီး ပြောသည် "သူပဲ ဆရာသခင်။ ဆရာ ကျွန်တော်အတွက် လက်စားချေပေးရမယ် နော်။ အခုနက ဆရာသာ ခြေတစ်လှမ်းနောက်ကျခဲ့ရင် သူကြောင့် ကျွန်တော် သေတော့ မှာ"။
ဘိုင်လင်၏စကားကို ကြားပြီးနောက် လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ပြသလာခဲ့သည်။ သူက ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း အဆုံးမဲ့ အေးစက်မှုများနှင့် ပြည့်နှက်နေခဲ့သည်။
"ကောင်စုတ်လေး, မင်းက ငါ့တပည့်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ဝံ့တယ်။ မင်း ဒီနေ့ ဒီနေရာကနေ အသက်ရှင်လျက် ထွက်မသွားနိုင်တော့ဘူး။ မင်း သေရမယ်" လူလတ်ပိုင်းအရွယ် အမျိုးသားက ချင်ယွင်ကို ဒေါသတကြီး စိုက်ကြည့်ကာ ပြောလိုက် သည်။
"ဘယ်လိုသေရမှာလဲ။ မျှော်လင့်ထားသလိုပဲ။ သူက ဘယ်လိုတပည့်မျိုးလဲ။ သူ့ရဲ့ ဆရာဆိုသူကလည်း ဘယ်လိုလူစားမျိုးလဲ။ ဘာဖြစ်လို့ သူ့ကို သတ်ချင်လဲဆိုတာ ခင်ဗျား မမေးတော့ဘူးလား" ချင်ယွင်သည် ကောင်းကင်ယံရှိ ဘိုင်လင်၏ဆရာဆိုသူကို အေးစက်စွာ ကြည့်နေရင်း၊ သူ၏ထွက်ပြီးသား ဒေါသက ပို၍ပင် ပြင်းထန်လာခဲ့သည်။
"ဟမ့်၊ ငါက အကြောင်းအရင်းကို ဂရုမစိုက်ဘူး။ မင်းက ငါ့တပည့်ကို ဒဏ်ရာရအောင် လုပ်မှတော့ မင်းသေရမယ်။ သူက ငါဝိညာဉ်ဆက်သွယ်သူရဲ့ တပည့်ဖြစ်တာကြောင့် သူက မင်းတို့ တစ်မိသားစုလုံးကို သတ်ရင်တောင် သူ့တစ်ကိုယ်လုံးမှာရှိတဲ့ အမွှေးတစ်ချောင်းကို မင်း မထိရဘူး။ လူလတ်ပိုင်းအရွယ် အမျိုးသားက လှောင်ပြောင်ပြီး ချင်ယွင်ကို အထင်သေးဟန်ဖြင့် ပြင်းထန်သော သတ်ဖြတ်လိုစိတ်နှင့်အတူ ပြောလိုက်သည်။
ဘိုင်လင်သည် သူ့ဆရာသခင်၏ စကားကိုကြားသောအခါ သူ့မျက်နှာက အလွန်မင်း မောက်မာသည့် အမူအရာ ပေါ်လာသည်။ သူက ချင်ယွင်ကိုကြည့်ပြီး လှောင်ပြောင် ပြောလိုက်သည် "ဟမ့်၊ အဲဒါက အစောပိုင်း ကြယ်နတ်ဘုရားလေးပဲ မဟုတ်လား။ သူ သုံးစားမရ ဖြစ်သွားရင်လည်း သုံးစားမရ ဖြစ်သွားတယ်ပေါ့။ အဲဒီအချိန်တုန်းက ငါ သူ့ကို တိုက်ရိုက် မသတ်ပစ်ခဲ့တာ တကယ်ကို နောင်တရမိတယ်"။
ထိုသို့ပြောပြီးနောက် သူက ချင်ယွင်ကို ဒေါသတကြီး ကြည့်လိုက်သည်။ ယခု သူ့ဆရာ သခင် ရောက်ရှိနေပြီဖြစ်သောကြောင့် ချင်ယွင်က သူ့ကို သတ်ပစ်နိုင်သေးသည်ဟု သူ မယုံခဲ့ပေ။ ထို့ကြောင့် သူသည် ချင်ယွင်ကို မကြောက်တော့ပေ။
"ဟား…၊ ဟား….၊ ဘယ်လောက် ဗရမ်းဗတာနိုင်တဲ့လူစားမျိုးလဲ။ ဘယ်လောက်တောင် အနိုင်ကျင့်လိုက်လဲ။ မင်းတို့ဆရာတပည့်အတွဲမျိုး ငါ အခုမှပဲ မြင်ဖူးတော့တယ်" ချင်ယွင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် တကယ် ပျော်ရွှင်၍ ရယ်မောခြင်းမဟုတ်ဘဲ ပြင်းထန်သောဒေါသကြောင့် ရယ်မောလိုက်ခြင်း ဖြစ်သည်။
သူ့ရှေ့က ဤဆရာတပည့်အတွဲသည် သူထင်ထားသည်ထက်ပင် ပို၍ လွှမ်းမိုးကြီးစိုးလွန်း ပြီး ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့နေခဲ့သည်။
ထိုသို့ဖြစ်ခြင်းကြောင့် ၎င်းတို့နှင့် ကျိုးကြောင်းဆီလျော်စွာ ပြောဆိုနိုင်ရန်မှာ လက်သီးသာ ရှိနိုင်ပါတော့သည်။
"ဟမ့်၊ မင်းရဲ့ဆရာ ရောက်လာလို့ ငါ မင်းကို သတ်လို့မရဘူးလို့ မင်း တကယ် ထင်နေတာ လား။" ချင်ယွင်၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသည့် အငွေ့အသက်များ တဟုန်ထိုး ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုသတ်ဖြတ်ခြင်းအငွေ့အသက်သည် အမှန်တကယ်ပင် လောင်ကျွမ်းနေသော မီးလျှံကဲ့သို့ အစိုင်ခဲတစ်ခုအသွင် ဖြစ်ပေါ်လာသည်။ ချင်ယွင် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ထိုသတ်ဖြတ်ခြင်းအငွေ့အသက်သည် ပို၍ပင် ပြင်းထန်လာခဲ့သည်။
ထိုအခိုက်တွင် ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်း သားရဲ တစ်ကောင် ပေါင်းစပ်သွားသည့်အလား ခံစားရသည်။ တစ်ချက် ဟိန်းဟောက်လိုက်သည် နှင့် တောတောင်များနှင့် မြစ်များကိုပါ လှုပ်ခါသွားစေရန် လုံလောက်သည်။
ဘိုင်လင်၏မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားသည်။ ချင်ယွင်၏ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကြောင့် သူသည် အသက်မရှူနိုင်တော့ဘဲ နောက်တစ်ကြိမ် ဒူးထောက်မိ တော့မည်။
"မင်း ဘယ်လို တိုက်ခိုက်ရဲတာလဲ။ မင်းက သေချင်နေတာပဲ!" ကောင်းကင်ယံမှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။ ဘိုင်လင်၏ ဆရာသခင်၏ ရုပ်အသွင်သည် လင်းလက်သွားပြီး ချင်ယွင်ထံမှ ထုတ်လွှတ်သော သတ်ဖြတ်လိုသည့် ဆန္ဒကို တားဆီးရန် ဘိုင်လင်၏ ရှေ့တွင် ပေါ်လာခဲ့သည်။
"ဆရာ၊ သတိထားပါ။ ဒီကောင်စုတ်ရဲ့ ကျင့်ကြံမှုက ထူးဆန်းပြီး ရက်စက်ကြမ်းကြုတ် တယ်။ သူက ကြယ်နတ်ဘုရားနယ်ပယ်ရဲ့ အထွတ်အထိပ်မှာရှိနေတာ ထင်ရှားပေမယ့် သူက အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ်နဲ့ ယှဉ်နိုင်တဲ့ ခွန်အားကို ပိုင်ဆိုင်ထားပါ တယ်။" ဘိုင်လင်က ကမန်းကတန်း သတိပေးလိုက်သည်။
"ဟမ့်၊ စိတ်မပူပါနဲ့။ မင်းရဲ့ဆရာသခင်ကိုယ်တိုင် ဒီမှာရှိနေမှတော့, မင်းကို ဘယ်သူမှ သတ်နိုင်မှာ မဟုတ်ဘူး။ မင်းကို တစ်ခုပြောပြမယ်။ မနေ့တုန်းကပဲ မင်းရဲ့ဆရာသခင်က အလယ်လတ် ကောင်းကင်နတ်ဘုရားအဆင့်ကို ဖြတ်ကျော်ပြီးသွားပြီ။ ဒီအရိုင်းစိုင်းကောင် ကို သတ်ဖို့က အလွယ်လေးလို့ ပြောလို့ရတယ်။ ခဏနေ ငါ မင်းအတွက် လက်စားချေပေး မယ်။" ဝိညာဉ်ဆက်သွယ်သူက ဘိုင်လင်ကို ပြုံးပြလိုက်သည်။
"ကောင်းပါပြီ ဆရာကြီး၊ သူ့ကို ရှစ်ပိုင်း ပိုင်းဖြတ်လိုက်ပါ။" ဘိုင်လင်က ပြောလိုက်သည်။
"ကောင်းပြီ!" ဝိညာဉ်ဆက်သွယ်သူ၏ ပါးစပ်ထောင့်တွင်လည်း ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာ သည်။ သို့သော်, သူသည် ချင်ယွင်ကို လှည့်ကြည့်လိုက်သောအခါ၊ ချင်ယွင်သည် မူလနေရာကနေ ပျောက်ကွယ်သွားသည်ကို သူ တွေ့လိုက်ရသည်။
ဤမြင်ကွင်းကို ညီညွတ်သူ မြင်သောအခါ၊ သူသည် ချင်ယွင်၏တည်နေရာကို လုံးဝ မခံစားနိုင်သောကြောင့် သူ၏အမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။