← Chapters

အခန်း ၁၅၇၂

Vol. 105 Ch. 1572

အခန်း ၁၅၇၂

Vol. 105 Ch. 1572

အခန်း (၁၅၇၂) လျှို့ဝှက်ဆန်းကြယ်သော လူငယ်။

ဝိညာဉ်ဆက်သွယ်သူသည် ပတ်ဝန်းကျင်ကို သတိထား ကြည့်ရှုစစ်ဆေးသော်လည်း သူသည် မည်သည့်သဲလွန်စကိုမျှ သတိမထားမိခဲ့ပေ။ အခုလေးတင် ချင်ယွင်သည် ပျောက်ကွယ်သွားသော်လည်း, မည်သို့ ပျောက်ကွယ်သွားမှန်း သူ မသိခဲ့ပါဘူး။

"ဟား…၊ ဟား…၊ သူ ကြောက်လို့ ထွက်ပြေးသွားတာ ဖြစ်ရမယ်" ဘိုင်လင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး၊ ချင်ယွင်သည် ရတနာတစ်မျိုးမျိုးဖြင့် ထွက်ပြေးသွား ပြီဟု သူ ဆုံးဖြတ်လိုက်သည်။

"ဖျန်း…."

သို့သော် သူ့အသံ မပျောက်ကွယ်ခင်မှာ လေဟာနယ်မှ ပြင်းထန်စွာ ဆွဲထုတ်ယူထားသည့် ပါးရိုက်ချက်က ဝိညာဉ်ဆက်သွယ်သူ၏မျက်နှာကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။

ဤလက်ဖဝါးတွင် အလွန်မင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုပါဝင်နေပြီး ချင်ယွင် အရင်က အသုံးပြုခဲ့သော လေလှိုင်းလက်သီးထက် ဆယ်ဆပိုမိုအားကောင်းသည်။

ဝိညာဉ်ဆက်သွယ်သူ၏တစ်ကိုယ်လုံးသည် ချက်ချင်း လေထဲသို့ လွင့်ပျံသွားကာ သူ့ပါးစပ်ရှိ သွားများ အားလုံးကို လွှင့်စင်သွားသည်။ သူ့တစ်ကိုယ်လုံး တွန့်လိမ်ကာ မျဉ်းစောင်းသဖွယ် အပေါ်သို့ မြောက်တက်သွားသည်။

သို့သော် သူ့ခြေဖဝါးက မြေပြင်မှ မြောက်ထွက်သွားသည်နှင့် ချင်ယွင်၏ ရုပ်အသွင်သည် နောက်ကွယ်မှ ပုံရိပ်တစ်ခုကဲ့သို့ သူ့ရှေ့တွင် ပေါ်လာသည်။ လီတစ်ရာ အကွာဝေးကို ဖျက်ဆီးပစ်ရန် လုံလောက်သော လက်သီးတစ်ချက်က ဝိညာဉ်ဆက်သွယ်သူ၏ မေးစေ့ထဲ သို့ တိုက်ရိုက် ထိမှန်သွားသည်။

"ဖျစ်…."

ဝိညာဉ်ဆက်သွယ်သူ၏ မေးရိုးများ လုံးလုံးကွဲအက်သံ ထွက်ပေါ်လာသည်။ ထိုလက်သီး၏ စွမ်းအားအောက်မှာ သူ့ခန္ဓာကိုယ်သည် နောက်သို့ လွင့်ပြန်သွားခဲ့သည်။

သို့သော် ဤအရာမပြီးဆုံးခင်မှာ ချင်ယွင်၏ရုပ်အသွင်သည် ဝိညာဉ်ဆက်သွယ်သူ၏ ခန္ဓာကိုယ်အထက်တွင် ထူးထူးခြားခြား ပေါ်လာပြန်သည်။ သူသည် ဝိညာဉ်ဆက်သွယ်သူ ၏ရင်ဘတ်ကို တက်နင်းပြီး ဝိညာဉ်ဆက်သွယ်သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လေထဲမှ ဆောင့်နင်းချလိုက်သည်။

"ဘုန်း.."

စားသောက်ဆိုင် တစ်ခုလုံး ပြိုပျက်သွားပြီး လွင့်မျောနှင်းမြို့တော်တစ်ခုလုံး တုန်ခါသွား သည်။

ကံကောင်းထောက်မစွာ၊ ချင်ယွင်သည် သူ့စွမ်းအား၏ ဦးတည်ချက်ကို ထိန်းချုပ်နိုင်ခဲ့ သည်၊ မဟုတ်ပါက၊ ဤဆောင့်ကန်ချက်သည် လွင့်မျောနှင်းမြို့တော်၏ ထက်ဝက်ကျော် ကို ဖျက်ဆီးပစ်ရန် လုံလောက်ပေလိမ့်မည်။

အဝေးမှ ကြည့်ရှုသူများသည် လုံး၀ မှင်သက်နေကြသည်။ ဖန်းရှောင်ယန်းလည်း အံ့ဩ မှင်သက်နေခဲ့ပြီး ဘိုင်လင်သည် လုံးဝ ဆွံ့အသွားသည်။

အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြီးဆုံးသွားခဲ့သည်။ ချင်ယွင် မည်ကဲ့သို့ တိုက်ခိုက်လိုက်သည်ကို သူတို့ မမြင်ကြပေ။ သူတို့ အသိဝင်လာသည့်အချိန်တွင် ချင်ယွင်သည် ဝိညာဉ်ဆက်သွယ်သူ၏ ကိုယ်ပေါ်သို့ ခြေလှမ်းနင်းစ ပြုနေပြီ ဖြစ်သည်။

လူအုပ်ထဲတွင် ရပ်နေသော ရှေးဟောင်းတာအိုနှင့် ချူယွန်တို့သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လုံးဝ မှင်သက်သွားကြသည်။ ယခင်က သူတို့သည် ဤဝိညာဉ် ဆက်သွယ်သူ ထွက်ပေါ်လာလျှင် ချင်ယွင် မဖြေရှင်းနိုင်မည်ကို စိုးရိမ်နေခဲ့ကြသည်။ သို့ရာတွင်၊ ချင်ယွင်သည် စက္ကန့်ပိုင်းမျှပင် မကြာသည့်အချိန်တွင်းမှာ ဤဝိညာဉ် ဆက်သွယ်သူကို တက်နင်းနိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။

သို့သော် ဤထိတ်လန့်မှုအပြီးတွင် သူတို့၏နှလုံးသားထဲတွင် ရူးသွပ်ဖွယ် ပျော်ရွှင်မှုတစ်ခု တိုးလာခဲ့သည်။ ချင်ယွင် ပိုအားကောင်းလေ၊ သူတို့ ပိုပျော်ရွှင်ရလေပင်။ ထိုအချိန်တွင် သူတို့သည် ကျိုးလင်၏စကားကို လုံးလုံး ယုံကြည်သွားကြသည်။

ကျိုးလင်ပင်လျှင် ချင်ယွင်၏နည်းလမ်းတွေကြောင့် ထိတ်လန့်သွားရသည်။ သူမသည် ချင်ယွင်၏ခွန်အားက အလွန်သန်မာမည်ဟု မျှော်လင့်ထားပြီး ဖြစ်သော်လည်း ချင်ယွင်သည် ဤအလယ်လတ် ကောင်းကင်နတ်ဘုရား ဝိညာဉ်ဆက်သွယ်သူကို ဤမျှ လွယ်ကူစွာ အနိုင်ယူနိုင်ခဲ့သည်ကို တွေ့လိုက်ရသောအခါ၊ ချင်ယွင်၏ စွမ်းအားသည် သူမပြောခဲ့သည့်ထက် ဆယ်ဆသာသည်ဟု သူမ ခံစားမိသည်။ သူမသည် ချင်ယွင်ကို အလွန်အမင်း လျှော့တွက်မိခဲ့သည်။ ယခုအချိန်မှာ၊ ချင်ယွင်၏ခွန်အားသည် အနည်းဆုံး သူမထက် အဆတစ်ရာသာနိုင်သည်။

သို့သော် ချင်ယွင်၏ လှုပ်ရှားမှုများကို မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခြင်းတော့ မဟုတ်ပေ။ ကောင်းကင်ယံ၌ ဂုဏ်သိက္ခာကြီးမားသည့် ချောမောသော လူငယ်သည် ချင်ယွင်၏ လှုပ်ရှားမှုအားလုံးကို မြင်လိုက်ရသည်။ ဤအခိုက်အတန့်တွင် သူသည် ချင်ယွင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေပြီး သူ့မျက်လုံးများတွင် စူးစမ်းလိုစိတ်များဖြင့် ပြည့်နေခဲ့သည်။

"ဒါ...ဒါက မဖြစ်နိုင်ဘူး!" ဘိုင်လင်သည် ခေါင်းကို အရူးအမူး ခါယမ်းလိုက်သည်။ သူ့ရှေ့မှာ ဖြစ်ပျက်နေသည့်အရာတွေကို သူ မယုံနိုင်ပါဘူး။

သူ့ဆရာ ဝိညာဉ်ဆက်သွယ်သူသည် သူ့နှလုံးသားထဲတွင် အမြဲထာဝရ ကာကွယ်ပေးခဲ့သူ ဖြစ်သည်။ သူ့နှလုံးသားထဲမှာတော့ သူ့ဆရာသခင်က ပြိုင်ဘက်ကင်းပုဂ္ဂိုလ် တစ်ယောက် ဖြစ်သည်။ ယခုပင် သူ့ဆရာသခင်သည် ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အလယ်လတ် အဆင့်သို့ ချိုးဖျက်သွားကြောင်းကို သူ ကြားလိုက်ရသောအခါ၊ ချင်ယွင်သည် သေဆုံးတော့ မည်ဟု သူ ပို၍ပင် သေချာလာခဲ့သည်။ ထို့ကြောင့် သူ့စိတ်ထဲတွင် ခိုင်မာသော ယုံကြည်မှု တစ်ခု တိုးမြင့်လာခဲ့သည်။

သို့သော်လည်း၊ ထိုယုံကြည်မူသည် ချင်ယွင်၏ လျှပ်စီးလက်သည့်သဖွယ် နည်းလမ်းများကို အသုံးပြု၍ ပြင်းပြင်းထန်ထန် ဖြိုခွဲခြင်းမပြုမီ တစ်စက္ကန့်အောက်မျှသာ ခိုင်မာခဲ့ပါသည်။

ယခုအချိန်တွင် ဝိညာဉ်ဆက်သွယ်သူသည် တွင်းနက်ကြီးထဲတွင် လဲလျောင်းနေပါသည်။ သူ့တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းထားသည်။ ယခုအချိန်တွင် သူ၏ဦးခေါင်းခွံများ သည် လုံးဝ ကွဲအက်သွားရုံသာမက သူ၏အတွင်းအင်္ဂါအစိတ်ပိုင်းများ၊ နံရိုးများနှင့် ကျောရိုးတစ်ခုလုံးလည်း ကွဲအက်သွားခဲ့ပြီ။ ဤအခိုက်အတန့်တွင်၊ သူသည် ကောင်းကင် နတ်ဘုရားနယ်ပယ် အလယ်လတ်အဆင့် ကျင့်ကြံမူကို ပိုင်ဆိုင်ထားလျှင်ပင်၊ သူသည် ချင်ယွင်၏ရှေ့မှာ သတ်ခံရတော့မည့် ပုရွက်ဆိတ်တစ်ကောင် သာသာမျှသာ ရှိပါတော့ သည်။

အခြားတစ်ဖက်တွင်၊ ချင်ယွင်သည် ဝိညာဉ်ဆက်သွယ်သူ၏ ရင်ဘတ်ပေါ် တက်နင်းကာ အပျက်အစီးများတွင် လဲလျောင်းနေသော ဝိညာဉ်ဆက်သွယ်သူကို အေးစက်သော အပြုံးဖြင့် ကြည့်လိုက်သည်။

"ဒါက ခင်ဗျားအားကိုးနေတဲ့ ခွန်အားလား။ ခင်ဗျားက ခင်ဗျားရဲ့တပည့်အတွက် တရားမျှတမှုကို ရှာဖွေပေးမှာ မဟုတ်ဘူးလား။ အခု ခင်ဗျား ဘာလို့ မတိုက်ခိုက်လဲ။" ချင်ယွင်က မေးခွန်းသုံးခု ဆက်တိုက်ထုတ်ပြီး ဝိညာဉ်ဆက်သွယ်သူကို အေးစက်သော အပြုံးဖြင့် ကြည့်နေသည်။

ဤကမ္ဘာကြီးတွင် ကျွမ်းကျင်ပညာရှင်များသည် လေးစားအားကျခံရပြီး၊ အစွမ်းသူများ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့တွင် အကြွင်းမဲ့ ပြောဆိုပိုင်ခွင့် ရှိသည်။

ဝိညာဉ်ဆက်သွယ်သူ၏ ခွန်အားက အားနည်းနေမှတော့, သူ၏မောက်မာမှုက နာကျင်စရာ ကောင်းသည့် တန်ဖိုးကို ပေးဆပ်ရပါလိမ့်မည်။

"အရိုင်းကောင်၊ ငါပြောပါရစေ။ ငါက မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရားနန်းတော်ရဲ့ အကြီးအကဲတစ်ယောက်ပဲ။ မင်း ငါ့ကိုသတ်ရင် မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရား နန်းတော်က မင်းကို လွှတ်ထားမှာ မဟုတ်ဘူး။" ဝိညာဉ်ဆက်သွယ်သူက ကမန်းကတန်း ပြောလိုက်သည်။ သို့သော် ချင်ယွင်၏ သူ့ရင်ဘတ်ပေါ်တွင် ဖိထားသော ခြေထောက်က တောင်ပေါင်းတစ်သိန်းထက်ပင် ပိုမိုလေးလံနေသဖြင့် သူ့ကို အသက်ရှူမရ ဖြစ်စေသည်။

'"ဘယ်လိုအမှိုက်တွေလဲ။ ခင်ဗျားတို့ ဆရာတပည့်က တကယ်ကို တလေသံတည်း ပြောတတ်တာပဲ။ ခင်ဗျားက မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရားနန်းတော်ရဲ့ အကြီးကဲတစ်ယောက်ဖြစ်နေတဲ့အတွက် ကျုပ်က မသတ်ဝံ့ဘူးလို့ ခင်ဗျား တကယ် ထင်နေတာလား။ ခင်ဗျားက မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရားနန်းတော်ရဲ့ အရှင်သခင်ဖြစ်နေရင်တောင် ခင်ဗျား ကျုပ်ကို နှောင့်ယှက်ရင် ဒီနေ့ ခင်ဗျား သေရမယ်။ ချင်ယွင်က ဝိညာဉ်ဆက်သွယ်သူကို အေးစက်စွာ ကြည့်နေချိန်တွင် သူ့မျက်လုံးများက ပြင်းထန်သော အလင်းရောင်များဖြင့် တောက်ပနေသည်။

"မလုပ်နဲ့" ဝိညာဉ်ဆက်သွယ်သူသည် ထိုစကားကို ကြားလိုက်ရလျှင်, သူသည် ချက်ချင်းပင် ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ဘိုင်လင်သည် ထိုစကားကို ကြားသောအခါ သူသည် အလွန်ထိတ်လန့်သွားပြီး အလျင်စလို ထွက်ပြေးသွားခဲ့သည်။

သို့သော် သူတို့သည် အနည်းငယ် နှေးကွေးနေသေးသည်။ ချင်ယွင်သည် လျှပ်စီးလက် သကဲ့သို့ သူ့လက်ကို ဆန့်ထုတ်ကာ မြေပြင်ပေါ်မှ ပျံသန်းသွားသော ဘိုင်လင်ကို စုပ်ယူ လိုက်သည်။

"မဟုတ်ဘူး…"

ဘိုင်လင်သည် နောက်သို့ ပြန်လည်လွင့်ပျံသွားရင်း အသဲအသန် ဟစ်အော်လိုက်သည်။ သူသည် ချဉ်းကပ်လာသော သေခြင်းတရားကို ခံစားနိုင်သည်။

"ဘုန်း…."

သို့သော် သူစကားမဆုံးခင် သိုင်းပညာ စစ်မှန်သော အဓိပ္ပာယ်ပါဝင်နေသည့် ချင်ယွင်၏ လက်သီးသည် ဘိုင်လင်၏ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ထိမှန်သွားခဲ့သည်။

ထိုလက်သီးချက်သည် ဘိုင်လင်၏ခန္ဓာကိုယ်ကို ထိမှန်သွားပြီး ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပြာဖြစ်သွားစေခဲ့သည်။

'လင်အာ' ဝိညာဉ်ဆက်သွယ်သူလည်း အရူးအမူး မတ်တပ်ထရပ်ရန် ရုန်းကန်ကြိုးစားလိုက် သည်။ ဘိုင်လင်တစ်ယောက် ပြာအဖြစ်ပြောင်းသွားသည်ကို ကြည့်နေပြီး သူ့နဖူးပေါ်က သွေးပြန်ကြောတွေက ပေါက်ထွက်လာပြီး မျက်လုံးတွေက ကြက်သွေးရောင် ပြောင်းသွားခဲ့သည်။

"ငါ မင်းကို သတ်ချင်တယ်။ ငါ မင်းကို သတ်ချင်တယ်" ဝိညာဉ်ဆက်သွယ်သူသည် ရူးသွပ်စွာ ဟစ်အော်နေပြီး၊ သူသည် ချင်ယွင်ကို သေသည်အထိ တိုက်ခိုက်ပစ်ချင်သည်။ သို့သော် သူမည်မျှပင် ရုန်းကန်နေရပါစေ၊ ချင်ယွင်၏ ခြေဖဝါးမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

"ကျုပ် အရင်က ခင်ဗျားကို ပြောဖူးပါတယ်။ ခင်ဗျား ဒီနေ့လာရင်တောင် ခင်ဗျား သူ့ကို အကာအကွယ် ပေးနိုင်မှာမဟုတ်ဘူးလို့။ သူက ငါ့ဆရာသခင်ရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပစ်ဝဲ့ ပြီး ငါ့ဆရာသခင်ကို ဒဏ်ရာရအောင် လုပ်ရဲတယ်။ သူ့ကို ပျော်ရွှင်စွာ သေခွင့်ပြုလိုက်တာ သူ့ကို အခွင့်ပေးလိုက်တာပဲ" ချင်ယွင်က ဝိညာဉ်ဆက်သွယ်သူကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။

သို့သော် ထိုစကားကို ဝိညာဉ်ဆက်သွယ်သူ ကြားလိုက်ရသောအခါတွင် သူသည် ပို၍ပင် ဒေါသထွက်လာခဲ့သည်။

ချင်ယွင်သည် အလွန်မင်း ဒေါသထွက်နေသော ဝိညာဉ်ဆက်သွယ်သူကို ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် အေးစက်မှု အရိပ်အယောင် ပေါ်လာသည်။ မောက်မာမှုအတွက် ပေးဆပ်ခဲ့ရသည်။ ဤဝိညာဉ်ဆက်သွယ်သူသည် မာနကြီးလွန်းပြီး သူပြုစုပျိုးထောင်ခဲ့ သော တပည့်သည်လည်း မောက်မာလွန်းလှသည်။ ထို့ကြောင့် သူသည် ယခုလို ဘေးဆိုးကြီးကို ဖြစ်ပေါ်စေခဲ့သည်။

ချင်ယွင်က အေးစက်စွာ ပြောတယ် "ကောင်းပြီ၊ ခင်ဗျားရဲ့တပည့်ကို ချစ်တဲ့စိတ်ကြောင့် ကျုပ် ခင်ဗျားကို နည်းနည်းပါးပါးပဲ ခံစားခွင့်ပေးလိုက်မယ်။ ကျုပ် ခင်ဗျားကို ခင်ဗျားရဲ့ တပည့်ကိုတွေ့ဖို့ ပို့ပေးလိုက်မယ်။" ထို့နောက်တွင်၊ တန်ခိုးကြီးသော နတ်ဘုရားတန်ခိုး စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ တစ်ဖန်ပြန်လည် ပျံ့နှံ့လာခဲ့ပြီး ထိုဝိညာဉ် ဆက်သွယ်သူ၏အသက်ကို လုံးဝ အဆုံးသတ်ရန် ပြင်ဆင်လိုက်သည်။

"မင်း သူ့ကို မသတ်နိုင်ဘူး" သို့သော်၊ ချင်ယွင်သည် တစ်ချက်လှုပ်ရှားပြီး ဝိညာဉ် ဆက်သွယ်သူကို အဆုံးသတ်တော့မည့် အခိုက်မှာ, အေးစက်ပြီး ဂုဏ်သိက္ခာရှိသော အသံတစ်ခုက ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။

ထိုစကားကိုကြားတော့ ချင်ယွင်သည် ချက်ချင်း ခေါင်းလှည့်ပြီး ကောင်းကင်ကို မော့ကြည့် လိုက်ကာ၊ သူ့မျက်ခုံးတွေက လေးနက်သည့် အမူအရာ ပေါ်လာသည်။

သူသည် တိုက်ခိုက်နေခဲ့သော်လည်း ဤလူငယ်ကို သတိထားရန် ဘယ်တော့မှ မလွှတ်ခဲ့ ပေ။ ဤလူငယ်သည် တကယ့်ခြိမ်းခြောက်မှုဖြစ်ကြောင်း သူ သိသည်။

မူလက ဤလူငယ်သည် သူ့ကို နှိုးဆော်ရန် အစပြုခြင်း မရှိခဲ့သော်လည်း အဆုံးတွင် သူ မှန်းဆထားသည့်အတိုင်း ဤလူငယ်သည် ဝိညာဉ်ဆက်သွယ်သူကို ကာကွယ်ပေးလိုဟန် ဖြင့် ရှေ့ထွက်လာခဲ့ပြီ။

All Chapters