← Chapters

အခန်း ၁၅၇၃

Vol. 105 Ch. 1573

အခန်း ၁၅၇၃

Vol. 105 Ch. 1573

အခန်း (၁၅၇၃)ဘိုးဘေးနတ်ဘုရား၏သားတော်။

လူငယ်သည် ချင်ယွင်ကို အထင်သေးစွာ ငုံ့ကြည့်သော်နေလည်း သူ့လေသံမှာ ငြင်းဆန်၍ မရသည့် ဘုန်းတန်ခိုးများ သယ်ဆောင်လာသည်။

ထိုစကားကိုကြားတော့ မြေပြင်ပေါ်မှာ လဲလျောင်းနေသည့် ဝိညာဉ်ဆက်သွယ်သူသည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည် "သခင်လေးလျှန်၊ ကျွန်တော့်ကို မြန်မြန် ကယ်ပါဦး"။

"သခင်လေး လျှန်လား?" ချင်ယွင်လည်း ရပ်လိုက်ပြီး ကောင်းကင်ပေါ်က လူငယ်ကို မော့ကြည့်လိုက်သည်။

ဤလူငယ်သည် ချင်ယွင်ကို ပြင်းထန်သော ခြိမ်းခြောက်မှု ပေးနေခဲ့သည်ဟု ဆိုရပေမည်။ ဤလူငယ်သည် လေထဲတွင်သာ ရပ်နေခဲ့ပြီး၊ သူ၏ခမ်းနားထည်ဝါမူကို တမင်တကာ ထုတ်ဖော်မပြခဲ့သော်လည်း ချင်ယွင်ကို ပြင်းထန်သော ဖိအားပေးနေခဲ့သည်။

"ဒါက နှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ်ရဲ့ ဂုဏ်သိက္ခာပဲလား။ ဟုတ်မှာပါ။ အဲဒါက ကြောက်စရာကောင်းလွန်းတယ်။ ဒါပေမဲ့၊ သူက အခုမှ ကောင်းကင်နတ်ဘုရား နယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်ကို ဖြတ်ကျော်ထားပုံရတယ်။" ချင်ယွင်သည် သူ့စိတ်ထဲမှ မှန်းဆလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သော လူငယ်ကို စူးစူးစိုက်စိုက် ကြည့်ရင်း အလွန်ကို လေးနက်လာခဲ့သည်။

သူသည် ယခုအချိန်တွင် အလယ်လတ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သော်လည်း ချင်ယွင်သည် နှောင်းပိုင်း ကောင်းကင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို အနိုင်ယူရန် အလွန် ယုံကြည်မှု မရှိသေးပေ။ သို့သော် ချင်ယွင်သည် ဝိညာဉ်ဆက်သွယ်သူကို သေချာပေါက် သတ်ပစ်ရမည်။ မဟုတ်ရင် သူ့နှလုံးသားထဲက အမုန်းတရားတွေကို ချေဖျက်နိုင်မှာ မဟုတ်ပါဘူး။

"ငါက ဘာလို့ သူ့ကို မသတ်​နိုင်​မှာလဲ။ မင်းက ငါ့ကို တားချင်​လို့လား" ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော လူငယ်ကို နှိမ့်ချခြင်းလည်းမရှိ မောက်မာခြင်းလည်း မရှိသည့် အမူအရာဖြင့် ကြည့်နေရင်း ပြောလိုက်ပြီး၊ သူ့အသံကလည်း အေးစက်နေပါသည်။

သခင်လေးလျှန်ဟုခေါ်သော လျှို့ဝှက်ဆန်းကြယ်သော လူငယ်လေးသည် မျက်မှောင် မကြုတ်ဘဲ မနေနိုင်ခဲ့ပေ။ ချင်ယွင်၏ အသံကို သူ အနည်းငယ် မကျေမနပ် ဖြစ်နေသည်မှာ ထင်ရှားသည်။

သခင်လေးလျှန်က ပြန်မဖြေခင်မှာ ချင်ယွင်၏ ခြေထောက်အောက်က ဝိညာဉ် ဆက်သွယ်သူက အော်ပြောလိုက်သည် "ကောင်စုတ်လေး၊ မင်း ဘယ်သူနဲ့ ပြောနေလဲဆို တာ သိရဲ့လား။ သခင်လေးလျှန်က ငါတို့ မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရား နန်တော်ရဲ့ ကျောက်စိမ်းဓားဧကရာဇ်ရဲ့ သားပဲ။ သူက မင်းစော်ကားဖို့ မတတ်နိုင်တဲ့လူ မဟုတ်ဘူး။ မင်း ငါ့ကို မြန်မြန်လွှတ်ပေးလိုက်ပါ။ မဟုတ်ရင် သခင်လေးလျှန်က မင်းကို သေချာပေါက် လွှတ်ပေးမှာ မဟုတ်ဘူး”။

"ကျောက်စိမ်းဓားဧကရာဇ်လား?" ချင်ယွင်သည့် အံ့သြသည့်အမူအရာကို ထုတ်ဖော်လိုက် မိပါသည်။

ဧကရာဇ်ဟု ခေါ်နိုင်သည့်လူအားလုံးသည် ဘိုးနတ်ဘုရားနယ်ပယ်ထဲသို့ ချဉ်းနင်း ဝင်ရောက်ပြီးသူများ ဖြစ်ကြသည်။ ချင်ယွင်သည် ဤသခင်လေး လျှန်ဟုခေါ်သော ဤလူငယ်မှာ ဤမျှထူးခြားသော နောက်ခံရှိနေမည်ဟု မမျှော်လင့်ခဲ့ပေ။ သူသည် တကယ်ကို ဘိုးဘေးနတ်ဘုရားတစ်ပါး၏ သားတော် ဖြစ်နေခဲ့သည်။ သူသည် ဂုဏ်သိက္ခာ ကြီးမားသော အငွေ့အသက်ကို သယ်ဆောင်နိုင်သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ သူ့ခံစားချက်က သူ့အဖေ၏ မြင့်မြတ်သော အဆင့်အတန်းကြောင့် ဖြစ်ပါလိမ့်မည်။

ပတ်ဝန်းကျင်မှ ကြည့်ရှုသူများသည်လည်း အထူးသဖြင့် လူစုလူဝေးကြားတွင် ရပ်နေသော ရှေးဟောင်းတာအိုနှင့် ချူယွန်တို့သည် ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာများကို ထုတ်ဖော်လာကြသည်။ ချင်ယွင်၏ခွန်အားကြောင့် သူတို့ရရှိလာခဲ့သည့် စိတ်လှုပ်ရှားမှု သည်လည်း အကြီးအကဲ ဝိညာဉ်ဆက်သွယ်သူ၏စကားကြောင့် ချုပ်ငြိမ်းသွားခဲ့သည်။

ဘိုးဘေးနတ်ဘုရားအဆင့်ဆိုတာ ဘာလဲ။ သူတို့အတွက်တော့, ၎င်းသည် ထူးခြားသည့် တည်ရှိမှုတစ်ခုဖြစ်ပါသည်။ သူတို့သည် ဤအကြောင်းကို တွေးတောင်မတွေးဝံ့ကြပေ။ ချင်ယွင်သည် ထိုကဲ့သို့ တန်ခိုးကြီးသူတစ်ဦး၏ သားကို အမှန်တကယ် စော်ကားမိပါက၊ သူသည် မည်မျှပင် အစွမ်းထက်သည်ဖြစ်စေ၊ သူသည် ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ပြိုင်ဘက် ဘယ်လိုမှ မဖြစ်နိုင်ပါချေ။

"ညီအစ်ကိုဂူ၊ အခု ငါတို့ ဘာလုပ်ရမလဲ။ တကယ်လို့, ချင်ယွင်သာ သခင်လေးလျှန်ကို တကယ်ဆန့်ကျင်ခဲ့ရင်, သူက ဘိုးဘေးနတ်ဘုရားတစ်ပါးကို စော်ကားမိခြင်း မဟုတ်ဘူး လား" ချူယွန်က ရှေးဟောင်းတာအိုကို အမြန်ပြောလိုက်သည်။

ထိုအချိန်တွင် ရှေးဟောင်းတာအိုသည်လည်း လေးနက်သော အမူအရာဖြင့် အနီးကပ် လိုက်ပါလာသည်။ သို့သော် သူလည်း ဘာမှ မလုပ်နိုင်ပေ။ သူသည် ချင်ယွင်၏ ပင်ကိုယ်စရိုက်ကို သိသည်။ ချင်ယွင် လုပ်ချင်သည့်အရာကို မည်သူမှ မတားနိုင်ပေ။ သို့သော် ချင်ယွင်သည် အဆင်ခြင်မဲ့လုပ်တတ်သူ မဟုတ်ကြောင်းကိုလည်း သူသိထား သည်။

"အခုလောလောဆယ်တော့ ငါတို့ စောင့်ကြည့်ရုံပဲ တတ်နိုင်တယ်။ ငါတို့ ရှေ့ထွက် သွားရင်တောင် ငါတို့ ဘာမှ မကူညီနိုင်ဘူး။ ယွင်အာက ဒီလောက်နဲ့ ရပ်လိုက်မယ်လို့ ငါ မျှော်လင့်တာပဲ။" ရှေးဟောင်းတာအိုက သက်ပြင်းချလိုက်သည်။

အရင်တုန်းကတော့ သူသည် ကောင်းကင်နှင့် တိမ်တိုက်တွေကို လွှမ်းမိုးနိုင်သည့် အကြီးမြတ်ဆုံး အင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်ခဲ့ပါသည်။ ယခု သူ့တပည့်သည် ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်ရသောအခါတွင် သူသည် ဘေးမှ စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ သူကြုံတွေ့ခဲ့ရသည့် အရှက်တရားတွေကိုတောင် သူ့တပည့်က ဖြေရှင်း ပေးနေရသည်။ ဤအရာက ရှေးဟောင်းတာအိုကို ချက်ချင်းဆိုသလို အလွန်မင်း စွမ်းအား ကင်းမဲ့ပြီး အိုမင်းသွားသလို ခံစားရစေသည်။

စကားမပြောဘဲ ချင်ယွင်နောက်တွင် ရပ်နေသော ကျိုးလင်သည် ထိုအခိုက်တွင် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ဤကျောက်စိမ်းဓားဧကရာဇ်ကို သူမ ကြားဖူး သည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀၀၀၀ က သူသည် သေးငယ်သော လျှို့ဝှက်ဆန်းကြယ် ကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားနယ်ပယ်ထဲသို့ ဝင်ရောက်လာခဲ့သည့် ဘိုးဘေး နတ်ဘုရား တစ်ပါးဖြစ်သည်ဟု ဆိုကြသည်။ သူ ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်မလာခင် က သူ၏ဓားပညာသည် အလွန်မင်း ရက်စက်ကြမ်းကြုတ်သည်ဟု ဆိုကြသည်။ ဘိုးဘေး နတ်ဘုရားတစ်ပါးဖြစ်လာပြီးနောက်၊ သူ၏ စိတ်နှလုံးက ပို၍ပင် ကြမ်းတမ်းလာခဲ့သည်။

ထို့ကြောင့် ချင်ယွင်သည် သခင်လေးလျှန်၏စကားကို အမှန်တကယ် မလိုက်နာခဲ့ပါက, သူသည် ထိုရက်စက်ကြမ်းကြုတ်သော ဘိုးဘေးနတ်ဘုရားကို သေချာပေါက် အမျက်ထွက် စေမည် ဖြစ်ပြီး ထိုအချိန်တွင်၊ သူသည် အဆုံးမဲ့ဒုက္ခများနှင့် ရင်ဆိုင်ရလိမ့်မည်။

"ကောင်စုတ်လေး, အခု မင်း ကြောက်ရမယ့်လူကို သိသွားပြီလား။ ငါ့ကို လွှတ်ပေးပြီး၊ သခင်လေး လျှန်ရှေ့မှာ ကိုယ့်ကိုယ်ကို သတ်သေလိုက်ပါ။ မဟုတ်ရင် မင်း သေရုံတင်မက ဘူး၊ မင်းနဲ့ပတ်သက်တဲ့ လူအားလုံးလည်း မင်းနဲ့အတူ မြှုပ်နှံခံရလိမ့်မယ်။" ဝိညာဉ် ဆက်သွယ်သူ အေးစက်သော အပြုံးဖြင့် ပြောသည်။ ချင်ယွင်ကို ကြည့်လိုက်ရင်း သူ့အကြည့်တွေက သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်နေခဲ့သည်။

ချင်ယွင်သည် သူ၏ချစ်လှစွာသော တပည့်ကို သတ်ပစ်ခဲ့ရုံသာမက လူများစွာရှေ့တွင် သူ့ကို မျက်နှာပျက်စေခဲ့သည်။ ယခုဆိုလျှင် သူသည် ချင်ယွင်ကို အစိတ်ပိုင်း တစ်သောင်း အဖြစ် ခွဲထုတ်ပစ်ရန်ပင် ဆန္ဒရှိနေခဲ့သည်။ သခင်လေးလျှန်က သူ့ကို ကျောထောက် နောက်ခံပေးထားသဖြင့် ချင်ယွင်က သူ့ကို မသတ်ဝံ့ဘူးဟု သူယုံကြည်ထားသည်။

"ဟမ့်၊ ကျုပ်က ခင်ဗျားကို မသတ်ဝံ့ဘူးလို့ ခင်ဗျား တကယ်ထင်နေတာလား။ ဘိုးဘေး နတ်ဘုရားတစ်ပါးရဲ့ သားတော် မပြောနဲ့၊ ဘိုးဘေးနတ်ဘုရားကိုယ်တိုင် ဒီနေ့ ရောက်လာ ခဲ့ရင်တောင် ခင်ဗျားကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။" ချင်ယွင်သည် ထိုစကားများကို ကြားသောအခါ, ပြင်းထန်သော အလင်းတန်းတစ်ခုက သူ့မျက်လုံးထဲမှာ ချက်ချင်း တောက်ပလာခဲ့သည်။ ထို့နောက် ချင်ယွင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အင်အားတစ်ခု ထွက်ပေါ်လာသည်။

"ဘုန်း.."

ချင်ယွင်သည် ပြင်းပြင်းထန်ထန် ဆောင့်နင်းလိုက်ပြီး ဝိညာဉ်ဆက်သွယ်သူ၏ ရင်ဘတ် တစ်ခုလုံးကို တိုက်ရိုက် ချေမွပစ်လိုက်သည်။

"အား…" ဝိညာဉ်ဆက်သွယ်သူသည် အလွန်နာကျင်သည့်အသံဖြင့် ဟစ်အော်လိုက်သည်။ ချင်ယွင်၏ ဆောင့်နင်းချက်တွင် ပြင်းထန်သော နတ်ဘုရားတန်ခိုးစွမ်းအားများ ပါ၀င်နေပြီး သူ၏နတ်ဘုရားခန္ဓာကိုယ်သည် တစ်ဝက်နီးပါး ပျက်စီးသွားခဲ့သည်။

ချင်ယွင်သည် အမှန်တကယ် လှုပ်ရှားဝံ့မည်ဟု သူ မထင်ခဲ့ပေ။ သို့သော် ထို့နောက်တွင် သူသည် ပို၍ပင် တုန်လှုပ်သွားသည်။ ချင်ယွင်သည် ဆောင့်နင်းပြီးနောက်, နောက်ထပ် ခြေကိုမြှောက်ပြီး နောက်တစ်ကြိမ် ထပ်နင်းလိုက်သည်။ ထိုခြေဖဝါး၏ အစွမ်းက အရင်က ထက် ပိုကြောက်စရာကောင်းသည်။ အကယ်၍, သူသာ တက်နင်းခံရမည်ဆိုလျှင် သူသည် အမှန်တကယ် အဆုံးသတ်သွားလိမ့်မည်။

"ကောင်လေး, မင်းကို ရပ်​ဖို့ ငါ​ပြောနေတယ်လေ​။ မင်း မကြားဘူးလား" သို့သော် ချင်ယွင်သည် ဝိညာဉ်ဆက်သွယ်သူအပေါ် တက်နင်းခါနီးတွင် လေထဲမှ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ချင်ယွင်ဆီသို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျ လှိုင်းတစ်ခုက ပြင်းထန်စွာ တိုးဝင်လာခဲ့သည်။

ထိုစွမ်းအင်အတက်အကျလှိုင်းသည် အလွန်မင်း အားကောင်းလွန်းသည်။ အကယ်၍, ချင်ယွင်ကို ထိမှန်သွားမည်ဆိုလျှင် သူသည် ပြင်းထန်စွာ ဒဏ်ရာရသွားမည် ဖြစ်သည်။

သို့သော်၊ ဤသည်မှာ ဝိညာဉ်ဆက်သွယ်သူကို သတ်ဖြတ်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။ အခုအချိန် သူရပ်လိုက်လျှင်, ဝိညာဉ်ဆက်သွယ်သူကို နောက်တစ်ကြိမ် သတ်ဖြတ်ရန်မှာ တော်တော်လေး ခက်ခဲသွားလိမ့်မည်။

"အားလုံးထွက်လာခဲ့စမ်း.."

ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ သူသည် ဝိညာဉ်ဆက်သွယ်သူအပေါ် ဆောင့်နင်းမူကို မရပ်တန့်ရုံသာမက, သူ့ခွန်အားကိုပါ တိုးမြှင့်လိုက်သည်။

ချင်ယွင်ကို တိုက်ခိုက်နေသော သခင်လေးလျှန်သည် ချင်ယွင်၏ သူ့တိုက်ခိုက်မူကို မျက်ကွယ်ပြုထားသည်ကို မြင်လိုက်ရလျှင် ပြင်းထန်သော အမျက်ဒေါသက ပေါက်ကွဲ ထွက်လာခဲ့သည်။ “မင်းက သေချင်နေတာဘဲ” သူ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

ထို့နောက် သူသည် ချင်ယွင်ကို လုံးဝ ချေမှုန်းပစ်လိုသည့်အလား ချင်ယွင်ထံသို့ ရက်စက်စွာ ပြေးဝင်သွားခဲ့သည်။

"ဘုန်း.."

မြေကြီးပြိုကွဲလောက်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ လွင့်မျောနှင်းမြို့တော် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြန်သည်။ ဆယ်ကီလိုမီတာ အကွာအဝေးအတွင်းရှိ အဆောက်အဦများ အားလုံးသည် ယခုအချိန်တွင် ပြာများအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင် ဆောင့်နင်းလိုက်သည့် ဝိညာဉ်ဆက်သွယ်သူသည်လည်း ယခုအချိန်တွင် ရွှံ့အိုင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။

ချင်ယွင်၏ ကန်ထုတ်ချက်မှ ထုတ်လွှတ်သော ပြင်းထန်သော အငွေ့အသက်ကြောင့် ပတ်ဝန်းကျင်မှ ကျွမ်းကျင်သူများ အားလုံး လွင့်ထွက်သွားကြသည်။ သူတို့သည် တစ်ယောက်ပြီး တစ်ယောက် အဝေးသို့ ရောက်သွားကြပြီး သူတို့၏မျက်နှာများသည် အလွန်မင်း ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာများကို ပေါ်လွင်နေသည်။

သို့သော် သခင်လေးလျှန်၏ တိုက်ခိုက်မှုသည် ချင်ယွင်ရှေ့တွင် ရောက်ရှိနေပြီဖြစ်သော ကြောင့် ချင်ယွင်သည် သက်ပြင်းချရန်ပင် အချိန်မရှိခဲ့ပေ။ သူသည် ချင်ယွင်၏ ရင်ဘတ်ကို တိုက်ရိုက် ရိုက်ချလိုက်ပြီး၊ သူလည်း လွင့်ထွက်သွားခဲ့သည်။

"ဘုန်း….ဘုန်း…ဘုန်း… ဘန်း…!"

ချင်ယွင်၏ ခန္ဓာကိုယ်သည် နောက်သို့ ဆက်လက် လွင့်ပျံသွားကာ ဆယ်ကီလိုမီတာ အတွင်းရှိ အဆောက်အအုံများအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ၊ သူ မရပ်တန့်နိုင်ခင် နတ်ဘုရားအဆင့် အဆောက်အအုံတစ်ရာနီးပါး ပျက်စီးသွားခဲ့သည်။ သူသည် အပျက်အစီး များကြားတွင် လဲလျောင်းနေပြီး အဆက်မပြတ် ချောင်းဆိုးနေသည်။

အနီးပတ်ဝန်းကျင်မှ လူများသည် ထိုမြင်ကွင်းကို မြင်သောအခါ, ထိတ်လန့်မူနှင့်အတူ သူတို့ပါးစပ်တွေက ကျယ်လောင်စွာ ပွင့်နေကြသည်။ ဤအဆင့်တိုက်ပွဲသည် ၎င်းတို့၏ စိတ်ကူးကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ အခုလေးတင် သခင်လေးလျှန်၏ လက်ဖဝါးက ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးပစ်နိုင်သည့် ခံစားချက်ကို ပေးနေခဲ့သည်။ ချင်ယွင်သည် ထိုလက်ဖဝါးရိုက်ချက်ဖြင့် ထိပ်တိုက်တွေ့ဆုံခဲ့ရပြီး၊ သူသည် အမှန်တကယ် အသက်ရှင်နေသေးသည့်အတွက် သူတို့သည် ယုံကြည်ရန် ခက်ခဲနေသည်။

All Chapters