အခန်း ၁၅၇၄
Vol. 105 Ch. 1574
အခန်း (၁၅၇၄) လျှန်ဖန်၏သတ်ဖြတ်လိုသည့်ဆန္ဒ။
"ဘယ်လောက်တောင် အစွမ်းထက်တဲ့ တိုက်ခိုက်မူလဲ။ နှောင်းပိုင်း ကောင်းကင် နတ်ဘုရားတစ်ပါးရဲ့ ခွန်အားက ငါထင်ထားတာထက် ပိုမိုအားကောင်းနေတယ်" ချင်ယွင်သည် အပျက်အစီးများကြားတွင် လဲလျောင်းနေပြီး နာကျင်သော အမူအရာဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
ခရမ်းရောင် အကြေးခွံတွေက သူ့ရင်ဘတ်မှာ ထွက်ပေါ်နေခဲ့ပြီ။ သို့သော် ဤအကြေးခွံများ အားလုံး ကျိုးပဲ့နေခဲ့သည်။ ရင်ဘတ်ရှိနံရိုးများ ကျိုးသွားရုံသာမက, ၎င်းတို့အထဲ ဆယ်ချောင်းလောက် ကျိုးသွားခဲ့သည်။ အမှန်တကယ်ဆို, ချင်ယွင်သည် ခရမ်းရောင် အကြေးခွံပေါ်တွင် လေဟာနယ်ချပ်ဝတ်ကို ပေါင်းစည်းထားခဲ့သော်လည်း၊ ၎င်းသည် ကွဲကြေသွားဆဲ ဖြစ်သည်။ ဤလက်ဖဝါးရိုက်ချက်သည် မည်မျှ အစွမ်းထက်မည်ကို တွေးကြည့်နိုင်သည်။
ချင်ယွင်သည် အပျက်အစီးများကြားမှ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သူ့ရင်ဘတ်ရှိ ကျိုးနေသော နံရိုးများသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူ့မျက်လုံးများ က ဖုန်မှုန့်များကို ထိုးဖောက်ထွင်းဝင်ရောက်ပြီး သခင်လေးလျှန်ကို လှမ်းကြည့်လိုက် သည်။
သခင်လေးလျှန်သည် သူ၏လက်ဖဝါးရိုက်ချက် ထိမှန်သွားပြီးနောက်, သူသည် ထပ်မံ တိုက်ခိုက်ရန် အလျင်စလို မလုပ်တော့ပေ။ ယင်းအစား သူသည် ချင်ယွင်ကို အံ့သြသည့် အမူအရာဖြင့် ကြည့်နေခဲ့သည်။
သူ့အမြင်အရဆို, အစောပိုင်းက ထိုလက်ဖဝါးရိုက်ချက်သည် ကောင်းကင်နတ်ဘုရား နယ်ပယ် အလယ်လတ်အဆင့်၏ အထွက်အထိပ် ကျွမ်းကျင်ပညာရှင်တစ်ဦးကိုပင် သတ်ပစ်ရန် လုံလောက်ပြီဖြစ်သော်လည်း သူ့ရှေ့မှ လူငယ်သည် သေဆုံးမသွားခဲ့ပေ။ ဤအရာက သူ့ကို အံ့အားသင့်စေခဲ့ပြီး၊ ချင်ယွင်သည် အလွန်လျင်မြန်စွာ မတ်တတ်ရပ်နိုင် မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"မင်းရဲ့ခွန်အားက မဆိုးပါဘူး။ မင်းက ငါထင်ထားတာထက်တောင် ပိုသန်မာနေတယ်။ ကြယ်နတ်ဘုရားနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာ ဒီလောက်ပြင်းထန်တဲ့ တိုက်ခိုက် ရေး စွမ်းအားကို ပိုင်ဆိုင်နိုင်ဖို့, မင်းက နတ်ဘုရားကမ္ဘာတစ်ခုလုံးရဲ့ သမိုင်းမှာ ပထမဆုံးလူ ဖြစ်နိုင်လောက်တယ်။" သခင်လေးလျှန်ပြော ပြောလိုက်ပြီး, သူ့လေသံက အရင်အတိုင်း ဂုဏ်သိက္ခာရှိနေဆဲပင်။
"အဲဒီလိုပိုင်ဆိုင်တော့ရော ဘာဖြစ်လဲ။ မပိုင်ဆိုင်ဘူးဆိုရင်ရော ဘာဖြစ်လဲ။ အခု လူတွေ လည်း အသတ်ခံရပြီးပြီ။ မင်း ဝိညာဉ်ဆက်သွယ်သူအတွက် လက်စားချေချင်သေးလား" ချင်ယွင်သည် သခင်လေးလျှန်ကို ကြည့်ကာ အေးစက်စွာ ပြောသည်။ သူ့မျက်လုံးထဲမှာ ကြောက်ရွှံ့သည့်အရိပ်ယောင် တစက်မျှမရှိပေ။
ချင်ယွင်၏အမြင်ရဆို, ဤသခင်လေးလျှန်သည် ဤဝိညာဉ်ဆက်သွယ်သူနှင့် နက်ရှိုင်း သော ဆက်ဆံရေးမျိုး မရှိပေ။ သူသည် ဤဝိညာဉ်ဆက်သွယ်သူအတွက် အသေခံရန် ဆန္ဒမရှိပေ။ ဤသခင်လေးလျှန်၏ ကြိုးစားအားထုတ်မှုအတွက် ထိုက်တန်သည့် တစ်ခုတည်းသော အရာမှာ သူ့မျက်နှာအတွက်ကြောင့် ဖြစ်သည်။ ယခင်က ချင်ယွင်သည် သူ့အမိန့်ကို လျစ်လျူရှုခဲ့ပြီး ဝိညာဉ်ဆက်သွယ်သူကို သတ်ပစ်ခဲ့သည်။ ယင်းက သူ့အတွက် မျက်နှာပျက်စရာဟု ယူဆနိုင်သည်။
ဟုတ်ပါသည်, သခင်လေးလျှန်သည် ချင်ယွင်၏စကားကို ကြားပြီးနောက် ပြက်ရယ်ပြုဟန် ဖြင့် ပြောသည် "သူက အကြီးကဲတစ်ယောက်လေးပဲလေ။ သူသေပြီဆိုမှတော့ သေပစေ ပေါ့။ ငါ့မျက်လုံးထဲမှာတော့ သူက ခွေးတစ်ကောင်သာသာပဲ။ ဒါပေမယ့် ခွေးရိုက်ခံရမှုက ပိုင်ရှင်အပေါ်မှာလည်း မူတည်နေတယ်။ မင်းက ငါ့ခွေးကို သတ်လိုက်မှတော့, ငါ မင်းကို ဒီနေ့ အလွတ်မပေးနိုင်ဘူး။ ဒါပေမယ့်, မင်း ငါ့ခွေးလုပ်ဖို့ သဘောတူရင်တော့, မင်းရဲ့ အသက်ကို ငါ ချမ်းသာပေးမယ်"
"ငါ့အသက်ကို ချမ်းသာပေးမှာလား။ ဟား…၊ ဟား…၊ မင်း ငါ့ကို မင်းရဲ့ခွေးတစ်ကောင် ဖြစ်စေချင်ရင် မင်းမှာ ဒီအရည်အချင်း ရှိမရှိပေါ်မှာပဲ မူတည်တယ်။ ငါချင်ယွင်က အရည်အချင်း သိပ်မရှိပေမယ့် ငါ့အရိုးတွေက အရမ်းကို မာကျောတယ်။ မင်း ငါ့ကို ကိုက်ချင်ရင်တော့ အနည်းဆုံး မင်းရဲ့သွားတွေ နည်းနည်းတော့ ချိုးဖဲ့ခံရမယ်။" ချင်ယွင်က အေးစက်သော အပြုံးဖြင့် ပြန်ပြောသည်။ သခင်လေးလျှန်အား ကြည့်ရင်း သူ့အကြည့်များ က အရှံးမပေး ဆုံးဖြတ်ချက်ပြတ်သားမူများဖြင့် ပြည့်နှက်နေသည်။
"ဟမ့်၊ ဒီလိုဆိုတော့ မင်းရဲ့အရိုးတွေ ဘယ်လောက်မာကြောလဲဆိုတာ ငါ ကြည့်ချင်မိ တယ်။" သခင်လေးလျှန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် နောက်ကွယ်မှ ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားနောက် ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏ မျက်လုံးများက ပြင်းထန်သော တိုက်ခိုက်လို စိတ်ဖြင့် ပေါက်ကွဲထွက်သွားသည်။ သူသည် ချက်ချင်းဆိုသလိုပင် နဂါးတစ်ဝက် အခြေအနေသို့ ဝင်ရောက်သွားပြီး သူ့ခန္ဓာကိုယ်သည် ပြင်းထန်စွာ ပျံထွက်သွားကာ ရက်စက်ကြမ်းကြုတ်စွာ ပြေးဝင်လာသော သခင်လေးလျန့်ကို တိုက်ရိုက် ကြိုဆိုလိုက် သည်။
သူတို့နှစ်ဦးသည် ကြယ်နှစ်စင်း ပြင်းထန်စွာ တိုက်မိသကဲ့သို့ ပြင်းထန်စွာ တိုက်မိကြပြီး ကျယ်လောင်သောပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
မတူညီသော နတ်ဘုရားတန်ခိုး စွမ်းအားနှစ်ခုမှ ဖြစ်ပေါ်လာသော စွမ်းအင် အတက်အကျ လှိုင်းများသည် တစ်ခုနှင့်တစ်ခု အပြင်းအထန် တိုက်မိသွားကာ ၎င်းတို့သည် လုံးဝ ခွဲခြားသွားပြီး ထူးထူးခြားခြား လှပနေသည်။
"ဘုန်း…."
ကောင်းကင် တုန်ခါလောက်သည့် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ ထိုနတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျ လှိုင်းများသည် တိုက်ရိုက် ပေါက်ကွဲသွား သည်။ ထို့နောက် ချင်ယွင်သည် ထိုပေါက်ကွဲစွမ်းအားကြောင့် လွင့်ပျံသွားခဲ့သည်။ သခင်လေးလျှန်သည် ခြေသုံးလှမ်းမျှသာ နောက်ပြန် ဆုတ်သွားခဲ့သည်။
"ဟမ့်၊ မင်းကိုယ့်ကိုယ်ကို အထင်ကြီးနေတာပဲ။ ဒီလောက် ခွန်အားနည်းနည်းလေးနဲ့ မင်းရဲ့ အရိုးတွေက မာကျောတယ်လို့ ပြောရဲသေးတယ်။ အခု မင်းရဲ့အရိုးအားလုံးကို ငါချိုးပစ် မယ်။ မင်း ဒီသခင်လေးရှေ့မှာ မောက်မာဝံ့သေးလား ကြည့်ရအောင်။" သခင်လေးလျှန် သည် သူ့မျက်လုံးများတွင် အထင်အမြင်သေးသော အမူအရာဖြင့် နောက်သို့ လွင့်ပျံသွား သော ချင်ယွင်ကို ကြည့်လိုက်သည်။ ထို့နောက် သူသည် လေဟာနယ်ပေါ် ခြေလှမ်းလိုက် ပြီး ချင်ယွင်နောက်သို့ ခက်ထန်စွာ လိုက်ပါသွားခဲ့သည်။
ထိုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်ပျံသန်းနေဆဲ ဖြစ်သည်။ သူ့လက်မောင်းမှတဆင့် ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားသည် သူ့လက်မောင်းတစ်ခုလုံး ပြင်းထန်စွာ ထုံကျင်သွားစေသည်။
အဝေးမှ ဆက်လက်၍ တွန်းအားပေး ပျံသန်းလာနေသော သခင်လေးလျှန်ကို လှမ်းကြည့် လိုက်ရင်း သူ့မျက်လုံးထဲတွင် ဒေါသများ ထွက်ပေါ်နေသည်။
"ဟမ့်၊ မင်း ငါ့ကိုသတ်ဖို့ အရည်အချင်း မရှိသေးဘူး" ချင်ယွင်က ကျယ်လောင်စွာ အော်လိုက်ပြီး သိုင်းပညာ ဥပဒေသကွင်းဆက်ကို တိုက်ရိုက် ဖြစ်ပေါ်စေပြီး သတ်ဖြတ်ခြင်း နည်းတစ်ထောင်ကို အကောင်အထည် ဖော်လိုက်သည်။
"ဘုန်း…"
ချင်ယွင်၏ လက်သီးသည် တုနှိုင်းမရအောင် အစွမ်းထက်သော စွမ်းအားနှင့်အတူ သခင်လေးလျှန်၏ လက်သီးကို တိုက်ရိုက် ထိုးမိသွားသည်။
ကျယ်လောင်သော ပေါက်ကွဲအသံတစ်ချက် ထွက်ပေါ်လာပြီး သူတို့နှစ်ဦးစလုံး နောက်သို့ တွန်းထုတ်ခံလိုက်ရသည်။ သို့သော် ယခုတစ်ကြိမ်တွင် ချင်ယွင်သည် ခြေလှမ်း ဒါဇင် အနည်းငယ်မျှသာ နောက်ပြန်ဆုတ်သွားရပြီး သခင်လေးလျှန်ကိုလည်း ခြေဆယ်လှမ်း ကျော်ကျော် နောက်ပြန် တွန်းထုတ်နိုင်ခဲ့သည်။
သခင်လေးလျှန်ဟုခေါ်သော ထိုလူငယ်သည် ချင်ယွင်ကို ထိတ်လန့်သော အမူအရာဖြင့် ကြည့်နေသည်။ ချင်ယွင်သည် သူ၏တိုက်ခိုက်မှုကို အမှန်တကယ် တားဆီးနိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
"မဖြစ်နိုင်ဘူး။ သူ့ရဲ့စွမ်းအားက ဘယ်လောက်ပဲ ကောင်းကင်ကို အံတုနေပါစေ၊ သူက ငါ့ပြိုင်ဘက် မဖြစ်နိုင်ပါဘူး။ အဲဒီခံစားချက်က အရမ်းအံ့သြစရာကောင်းတယ်။ အဲဒါက ... အစစ်မှန် အဓိပ္ပါယ်ရဲ့ နိယာမများ ဖြစ်နိုင်မလား" သခင်လေးလျှန်က သူ့စိတ်ထဲတွင် မှန်းဆလိုက်သည်။
အစောပိုင်းက ချင်ယွင်၏လက်သီးတွင် ပါဝင်နေသော စွမ်းအင်အတက်အကျလှိုင်းများ သည် သူ့အဖေ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်သည့် အရာများနှင့် အလွန်ဆင်တူသည်။ သူ မှန်ကန်စွာ မှတ်သားထားမိလျှင် ၎င်းသည် စစ်မှန်သော အဓိပ္ပါယ်၏ နိယာမစွမ်းအင် အတက်အကျလှိုင်း ဖြစ်သင့်သည်။
သူသည် နှစ်ပေါင်းသိန်းချီကြာအောင် ကျင့်ကြံခဲ့ပြီး နှောင်းပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့ရာတွင်၊ စစ်မှန်သော အဓိပ္ပာယ်၏ နိယာမအဆင့် ကို နားမလည်နိုင်သေးပေ။ ယခုအခါတွင် အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် လူငယ်သည် စစ်မှန်သော အဓိပ္ပါယ်၏ နိယာမများကို နားလည်နေသောအခါတွင် သူ၏ စိတ်ထဲတွင် မညီမျှမှုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။
"မဟုတ်ဘူး၊ ငါ သူ့ကို သေချာပေါက် ဒီကမ္ဘာထဲမှာ ရှင်သန်ခွင့်မပြုနိုင်ဘူး။ ငါ သူ့ကို အခု မသတ်မိရင်, နောင်အနာဂတ်မှာ သူက သေချာပေါက် ပိုသန်မာလာလိမ့်မယ်။ အဲဒီအချိန် ရောက်ရင် ငါတောင် သူ့ရဲ့သတ်ဖြတ်ခြင်း ခံသွားရနိုင်တယ်။" လျှန်ဖန်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူသည် ချင်ယွင်ကို လုံးဝ သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် လှုပ်ရှားတော့ မည်။
ထိုအခိုက်တွင် ချင်ယွင်လည်း မျက်မှောင်ကြုတ်သွားသည်။ နှောင်းပိုင်း ကောင်းကင်နတ် ဘုရားအဆင့်သည် သူထင်ထားသည်ထက် များစွာ အစွမ်းထက်နေသည်။ သူသည် နိယာမကွင်းဆက်များကို အသုံးပြုခဲ့သော်ငြားလည်း သခင်လေးလျှန်၏ ပြိုင်ဘက် မဟုတ်သေးပေ။
အဝေးက ရှေးဟောင်းတာအို, ချူယွန်နှင့် တခြားသူများလည်း စိုးရိမ်သည့် အမူအရာ ကိုယ်စီ ဖြစ်ပေါ်နေကြသည်။ သို့သော်၊ ချင်ယွင်၏ခွန်အားသည် နှောင်းပိုင်း ကောင်းကင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို အမှန်တကယ် ဆန့်ကျင် တိုက်ခိုက်နိုင်ခြင်း ကြောင့်လည်း သူတို့ အံ့သြသွားကြသည်။
"ကောင်လေး, မင်းက ငါမြင်ဖူးသမျှ ကောင်းကင်ကို အံတုနိုင်ဆုံး ပါရမီရှင်တစ်ဦးလို့ ငါ ဝန်ခံတယ်။ ဒါပေမယ့် မင်း အပြစ်တင်ချင်ရင် မင်းရဲ့ နိမ့်ကျတဲ့ ကျင့်ကြံမှုအဆင့်ကိုပဲ အပြစ်တင်လိုက်တော့။ ငါ မင်းကို ဒီနေ့ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားခွင့် မပြုနိုင်ဘူး။ နောက်ပိုင်း ငါ့ရဲ့ စစ်မှန်တဲ့ခွန်အားကို ခံစားခွင့်ပေးမယ်။" လျှန်ဖန်သည် ချင်ယွင်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ သူစကားပြီးသောအခါတွင် ထိပ်တန်း အဆင့် နတ်ဘုရားဓားတစ်ချောင်း ပေါ်လာသည်။
နတ်ဘုရားဓားပေါ်လာသည်နှင့် လျှန်ဖန်၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များသည် လုံးဝ ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် အရင်ကထက်တောင် ပို၍အားကောင်းလာခဲ့သည်။ ထက်ရှသော ဓားစွမ်းအားသည် ကောင်းကင်တစ်ခုလုံးကို နှစ်ပိုင်းခွဲဖြတ်လိုသည့်အတိုင်း ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့သည်။
ဤအခိုက်အတန့်တွင်၊ လွင့်မျောနှင်းမြို့တော်ရှိ လူတိုင်းသည် ကြောက်မက်ဖွယ်ကောင်း သော ဓားဆန္ဒကို ခံစားရနိုင်ပြီး၊ သူတို့၏ နှလုံးသားထဲတွင် ပြင်းထန်သော ကြောက်ရွံ့မှုကို ခံစားနေကြရသည်။
"ဘယ်လောက် သန်မာတဲ့ ဓားဆန္ဒလဲ၊ ဘယ်လောက် အစွမ်းထက်တဲ့ အငွေ့အသက်လဲ။ ဒီဓားဆန္ဒက ငါ့နှလုံးသားကို တုန်လှုပ်စေတယ်။" အဝေးမှ ကျွမ်းကျင်ပညာရှင်များသည် သူတို့ကိုယ်သူတို့ ရေရွတ်ကြသည်။ ထိုအချိန်တွင် လျှန်ဖန်၏ဓားဆန္ဒသည် သူတို့အား ကြောက်စရာကောင်းသော ခံစားချက်ကို ပေးစွမ်းနေသည်။
ချင်ယွင်လည်း မျက်မှောင်ကြုတ်သွားသည်။ လျှန်ဖန်သည် ဤတိုက်ပွဲတွင် ဓားကို အသုံးပြုမည်ဟု သူ အချိန်အကြာကြီးကတည်းက မျှော်လင့်ထားသော်လည်း လျှန်ဖန်၏ ခန္ဓာကိုယ်အပေါ် ဓားဆန္ဒသည် ထူးထူးခြားခြား ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဤနည်းဖြင့် သူသည် အနိုင်ရရန် အခွင့်အလမ်း မရှိနိုင်ပေ။
"မေ့လိုက်ပါ၊ ငါ အကောင်းဆုံး ကြိုးစားရမယ်။ တကယ်လို့, ငါ မင်းကို အမှန်တကယ် အနိုင်မယူနိုင်တော့ဘူးဆိုရင်လည်း မင်းနဲ့ကစားဖို့ ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ငါ ဆင့်ခေါ်လိုက်မယ်။ မင်းအဖေက ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်ရင်တောင် မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။" ချင်ယွင်သည် သူ့ကိုယ်သူ အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ့မျက်လုံးများက ရူးသွပ်မူနှင့်အတူ တောက်ပြောင်နေသည်။
"သေလိုက်တော့"
လျှန်ဖန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့လက်ထဲမှ ထိပ်တန်း နတ်ဘုရားဓားက ချင်ယွင်ဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းသွားခဲ့သည်။
ဓားအလင်းသည် တဟုန်းဟုန်း တောက်လောင်နေပြီး ကီလိုမီတာ တစ်သောင်းတိုင်တိုင် ဖြတ်ကျော်သွားခဲ့သည်။