အခန်း (၁၉၁-၁၉၂)
Vol. 20 Ch. 191-192
အခန်း (၁၉၁) ဂလက်ဆီဗဟိုချက်
ဤအဆင့်မြင့်ယဉ်ကျေးမှုသည် မြောက်ပိုင်းကြယ် အဖွဲ့အစည်းမှ ဆင်းသက်လာမည်ဟု ကောင်းယွမ် လုံးဝ ထင်မှတ်ထားခဲ့ခြင်းမရှိပေ။
မြောက်ပိုင်းကြယ် အဖွဲ့အစည်းတွင် ဂြိုဟ်ပေါင်း တစ်ရာကျော်ရှိပြီး ဤအာတိတ် မြွေလူသားနှစ်ဦးမှာ 'နက္ခတ္တဗေဒ စမ်းသပ်ကွင်း' ဖြစ်သော ဂြိုဟ်အမှတ် (၁၂) ၏ အစောင့်အကြပ်များ ဖြစ်ကြလေသည်။
ကောင်းယွမ်သည် ဤမြွေလူသားများအကြောင်းကိုလည်း သိရှိခဲ့ရလေသည်။
ပိုလာရစ်ရှိ အဆင့်မြင့်ယဉ်ကျေးမှုလောကတွင် နေထိုင်သူများသည် သဲပြင်အောက်၌ နေထိုင်ကြပြီး သူတို့၏ လူနေမှုဘဝပုံစံများ၊ ဇီဝကမ္မဖွဲ့စည်းပုံများနှင့် သူတို့ယဉ်ကျေးမှု၏ ဂေဟစနစ်တစ်ခုလုံး သည်ပင်လျှင် သူသိထားသော ကမ္ဘာနှင့် လုံးဝ ကွဲပြားခြားနားလျက်ရှိနေခဲ့ပေသည်။
ဤနေရာတွင် နေထိုင်သူများသည် အောက်ဆီဂျင်မလိုအပ်သော သက်ရှိများဖြစ်ကြရာ ရှင်သန်ရန် အတွက် အောက်ဆီဂျင် မလိုအပ်ပေ။
ထို့အစား သူတို့သည် အောက်ဆီဂျင်ကင်းစင်သော ပတ်ဝန်းကျင်၌သာ နေထိုင်ပြီး မျိုးပွားကြခြင်း ဖြစ်လေသည်။
သူတို့၏ ခန္ဓာကိုယ်များကို ကမ္ဘာမြေပေါ်ရှိ သက်ရှိများကဲ့သို့ အလင်းမှီစုဖွဲ့ခြင်း လုပ်ငန်းစဉ် သို့မဟုတ် အော်ဂဲနစ်ဒြပ်စင်များ စားသုံးခြင်းအပေါ် မမှီခိုဘဲ လိုအပ်သော အာဟာရနှင့် စွမ်းအင်များကို သဲများထဲမှ တိုက်ရိုက် စုပ်ယူနိုင်ရန် အထူးတလည် ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်။
သဲများသည် နေရောင်ခြည်စွမ်းအင်ကို ထိရောက်စွာ စုပ်ယူနိုင်ပြီး သဲထဲတွင် နေထိုင်ကြသော မြွေလူ သားများအတွက် စွမ်းအင်အဖြစ် အသုံးပြုနိုင်ပေသည်။
သို့သော်လည်း သူတို့သည် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခွင့် မရှိပေ။
ထိုသို့ ထိတွေ့မိပါက သူတို့၏ အရေပြားအပူချိန်ကို အလွန်အမင်း မြင့်တက်သွားစေမည် ဖြစ်လေသည်။
ကောင်းယွမ် မှင်သက်သွားခဲ့ပေသည်။
ထို့ကြောင့်ပင် သူတို့အားလုံး သဲပြင်အောက်တွင် နေထိုင်ကြခြင်း ဖြစ်ပေတော့သည်။
ထိုနေရာသို့ သူ ရောက်သွားခဲ့စဉ်က မည်သည့်အရာကိုမျှ မတွေ့ခဲ့ရသည်မှာ အံ့ဩစရာ မဟုတ်တော့ ပေ။
ထိုစဉ် ကုဒ်ဖြည်စနစ်မှ ရုတ်တရက် သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။
"ကုဒ်ဖြည်နေခြင်းကို ရပ်တန့်ပါ..."
ကောင်းယွမ် အော်ဟစ်နေစဉ်မှာပင် ချစ်ပ်ပြားတစ်ခုက ရုတ်တရက် ပေါက်ကွဲသွားခဲ့လေတော့သည်။
ကောင်းယွမ်၏ ရင်ထဲတွင် ထိတ်လန့်သွားခဲ့ရလေသည်။
*ဒုက္ခပါပဲ… သိသွားကြပြီထင်တယ်….*
သူသည် အဆင့်မြင့်ယဉ်ကျေးမှု ချစ်ပ်ပြားကို ကိုယ်တိုင် ကုဒ်ဖြည်ရန် ကြိုးစားခဲ့သော်လည်း ချစ်ပ်ပြား မှာ ပေါက်ကွဲသွားခဲ့ခြင်း ဖြစ်ပေသည်။
ဤကိစ္စကို အဆင့်မြင့်ယဉ်ကျေးမှုမှ သိရှိသွားမည်လားဆိုသည်ကို သူ စိုးရိမ်နေမိခြင်းဖြစ်လေသည်။
ကောင်းယွမ်သည် ဆက်လက်၍ ခွဲခြမ်းစိတ်ဖြာနေရန် အချိန်မရှိတော့ပေ။
မပေါက်ကွဲသေးဘဲ ကျန်ရှိနေသော အခြားချစ်ပ်ပြားကိုလည်း ဆက်လက် ကုဒ်ဖြည်ရန် မဝံ့ရဲတော့သဖြင့် သိမ်းဆည်းထားလိုက်လေတော့သည်။
အကယ်၍ ဤကိစ္စကိုသာ သူတို့ သိရှိသွားပြီး ဟင်းလင်းပြင်လှိုဏ်ခေါင်းကို ပိတ်ဆို့ကာ နည်းပညာများ ကို ကန့်သတ်ပိတ်လှောင်လိုက်ပါက သူ့အတွက် မည်သည့်အခွင့်အရေးမျှ ရှိတော့မည် မဟုတ်ပေ။
ကောင်းယွမ်သည် ဤအချက်ကို ရှင်းလင်းစွာ နားလည်ထားရန် လိုအပ်လေသည်။
ယခုအချိန်တွင် ထိုဂြိုဟ်သားနှစ်ဦးကို အားကိုး၍ မရနိုင်တော့ပေ။
သူတို့ တုံ့ပြန်မှု မလုပ်နိုင်မီ ကောင်းယွမ်သည် သူတို့ထံသို့ နောက်တစ်ကြိမ် ကူးပြောင်းသွားရန် လိုအပ်ပေ သည်။
ဤတစ်ကြိမ်တွင် အနီးအနား၌ အစောင့်အကြပ်များ မရှိသောကြောင့် ကောင်းယွမ်သည် လွယ်ကူစွာ အသုံးပြုနိုင်ရန် ကျန်ရှိနေသော ချစ်ပ်ပြားကို သူ၏ လက်ကောက်ဝတ်တွင် ထည့်သွင်းတပ်ဆင်လိုက်လေ တော့သည်။
ထို့နောက် ဟင်းလင်းပြင်လှိုဏ်ခေါင်းကို ဖြတ်ကျော်၍ နောက်တစ်ကြိမ် ခရီးနှင်လိုက်လေသည်။
အပြင်ဘက်ရှိ အဆုံးအစမရှိသော သဲသောင်ပြင်များကို မြင်လိုက်ရသည့်အခါ သူ ရောက်ရှိသွားပြီဖြစ် ကြောင်း ကောင်းယွမ် သိလိုက်လေသည်။
လုံခြုံရေးအတွက် သူနှင့် ချိတ်ဆက်ထားသော အချိန်နှင့်အာကာသတံခါးမှာ ဤနေရာတွင် ပေါ်လာနိုင် ခြင်း ရှိမရှိ သိနိုင်ရန် ခေါ်ယူကြည့်ရန် ဆန္ဒရှိနေခဲ့ပေသည်။
အကယ်၍များ ခေါ်ယူနိုင်ခဲ့ပါက ကောင်းယွမ်သည် အမြင့်ဆုံးသော လုပ်ပိုင်ခွင့်အာဏာကို ပိုင်ဆိုင်နိုင် မည် ဖြစ်လေသည်။ သို့သော် အချိန်အတော်ကြာအောင် ခေါ်ယူနေခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမျှ ရှိမလာခဲ့ပေ။
အချိန်နှင့်အာကာသတံခါးသည် လက်ရှိကမ္ဘာနှင့် အနာဂတ်ကမ္ဘာကိုသာ ဆက်သွယ်ပေးထားခြင်းဖြစ် ကြောင်း ကောင်းယွမ် နားလည်လိုက်လေသည်။
အလင်းနှစ် ရာပေါင်းများစွာ ကွာဝေးသော ပိုလာရစ်နှင့် ကြုံတွေ့ရသည့်အခါ အချိန်နှင့်အာကာသတံခါး နှင့် လုံးဝ ဆက်သွယ်မှု မရနိုင်တော့ပေ။
ကောင်းယွမ်တွင် လက်လျှော့လိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ရာ နှမြောစရာပင် ဖြစ်လေ သည်။
ဤတစ်ကြိမ်တွင် ကောင်းယွမ်သည် သဲပြင်ပေါ်၌ မည်သည့်အစောင့်အကြပ်ကိုမျှ မတွေ့ခဲ့ရပေ။
သူသည် အာကာသစစ်သင်္ဘောကို ရပ်နားလိုက်ပြီး ပုံသဏ္ဍာန်ပြောင်းလဲစက်ကို နောက်တစ်ကြိမ် ဖွင့် လိုက်လေသည်။ ပုံသဏ္ဍာန်ပြောင်းလဲစက်မှာ ဤနေရာ၌ အလွန် အသုံးဝင်ပြီး အချိန်ကန့်သတ်ချက် လည်း လုံးဝနီးပါး မရှိကြောင်း ကောင်းယွမ် တွေ့ရှိလိုက်ရရာ ယင်းမှာ ဤနေရာရှိ ထူးခြားသော ရာသီ ဥတုနှင့် သက်ဆိုင်နေနိုင်ပေသည်။
မြွေလူသားများသည် နေ့ရောညပါ သဲသောင်ပြင်များအောက်တွင်သာ နေထိုင်ကြခြင်းဖြစ်လေသည်။
ကောင်းယွမ်သည်လည်း သဲသောင်ပြင်များအောက်သို့ တိုးဝင်သွားရန် ကြိုးစားလိုက်လေသည်။
ပုံသဏ္ဍာန်ပြောင်းလဲစက်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အပူချိန် မြင့်မားနေသည့်တိုင်အောင် ကောင်းယွမ်သည် မည်သည့်ထူးခြားမှုကိုမျှ မခံစားခဲ့ရပေ။
ကိုယ်တိုင် သိရှိနိုင်ရန်အတွက် ကောင်းယွမ်သည် သဲသောင်ပြင်များကို လက်ဖြင့် တူးဆွကာ အတွင်းသို့ တွားသွား၍ ဝင်ရောက်သွားခဲ့လေတော့သည်။
ကောင်းယွမ် ဝင်ဝင်ချင်းမှာပင် တစ်စုံတစ်ခု ခြားနားနေကြောင်းကို သတိပြုမိလိုက်လေသည်။
သဲသောင်ပြင်များအောက်တွင် အမြင့်တစ်နေရာရှိနေပြီး ထိုနေရာ၌ မြွေလူသားများစွာ လဲလျောင်းနေ လျက်ရှိကြလေသည်။
သဲသောင်ပြင်အောက်ရှိ အပူချိန်မှာ တဖြည်းဖြည်းနှင့် ပိုမို သက်သောင့်သက်သာ ရှိလာသောအခါ မြွေလူ သားများစွာသည် စွမ်းအင် ပြန်လည်ဖြည့်တင်းနေသည့်အလား ထိုနေရာတွင် ခေတ္တမျှ လဲလျောင်းနေကြ ပြီးမှ အလုပ်ပြန်လုပ်ရန် ထသွားတတ်ကြပေသည်။
ကောင်းယွမ်သည်လည်း မြွေလူသားများကို အတုခိုးကာ ထိုနေရာတွင် လဲလျောင်းနေလိုက်လေသည်။
ထိုအထပ်တွင် စမတ်အနားယူကုလားထိုင်များဖြင့် ပြည့်နှက်နေပြီး ယင်းတို့အပေါ်တွင် လဲလျောင်းလိုက် သည့်အခါ သဲ၏ အပူချိန်ကို ခံစားရနိုင်ပေသည်။
ကောင်းယွမ်သည် ယခင်ကထက် ပို၍ သက်သောင့်သက်သာရှိမှုကို ခံစားလိုက်ရပြီး သူ၏ တစ်ကိုယ်လုံး မှာ နွေးထွေးကာ ဇိမ်ကျနေခဲ့လေသည်။
သူ ဇိမ်ယူနေစဉ်မှာပင် ကောင်းယွမ်၏ ဘေးနားရှိ လူတစ်ဦးက စကားလှမ်းပြောလာခဲ့လေသည်။
"'ဂျင်မီ... မင်း ဘာလို့ အောက်ဆင်းလာတာလဲ..."
"ငါ အနားယူချင်လို့ပါ..."
"အနားယူပြီးရင် အောက်ဆင်းသွားတော့..."
ကောင်းယွမ်သည် ထိုမြွေလူသားမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိသလို ဖော်ထုတ်ခံရမည်ကို စိုးရိမ် သဖြင့် ပို၍ မပြောရဲတော့ပေ။
"ကောင်းပြီလေ..."
ထိုသို့ ပြောပြီးနောက် ကောင်းယွမ်သည် မတ်တတ်ရပ်ကာ အောက်ထပ်သို့ ဆင်းသွားခဲ့လေသည်။
လမ်းမှားမသွားစေရန်အတွက် အခြားမြွေလူသားများ၏ နောက်မှ လိုက်သွားခဲ့လေသည်။
ဤကြားအထပ်ကို ဖြတ်ကျော်သွားပြီးနောက် အောက်ဘက်ရှိ စောင့်ကြည့်ရေးအခြေစိုက်စခန်းကို တွေ့ရမည် ဖြစ်ပေသည်။
ကောင်းယွမ်သည် အောက်ဘက်ရှိ မြင်ကွင်းကြောင့် အံ့ဩမှင်သက်သွားခဲ့ရလေသည်။
အခြေစိုက်စခန်းတစ်ခုလုံးကို ကမ္ဘာပေါ်တွင် ယခင်က တစ်ကြိမ်မျှ မမြင်ဖူးသော အလင်းပေါက်ပစ္စည်း တစ်မျိုးဖြင့် တည်ဆောက်ထားခြင်း ဖြစ်လေသည်။
ယင်းသည် အလင်းရောင်ကို ရောင်ပြန်ဟပ်စေပြီး စွမ်းအင်ကို စုပ်ယူနိုင်ကာ မည်သည့်အခြေအနေမျိုး တွင်မဆို အခြေစိုက်စခန်း၏ အပူချိန်ကို ပုံမှန်အတိုင်း ထိန်းသိမ်းထားနိုင်စေလေသည်။
အခြေစိုက်စခန်း၏ အတွင်းပိုင်း ဖွဲ့စည်းပုံမှာ ရှုပ်ထွေးလှပြီး ဝင်္ကပါဆန်ကာ အမျိုးမျိုးသော အဆင့်မြင့် နည်းပညာသုံး ကိရိယာများဖြင့် ပြည့်နှက်လျက်ရှိနေခဲ့ပေသည်။
အခြေစိုက်စခန်း၏ ဗဟိုချက်တွင် ဧရာမ ထိန်းချုပ်ရေးစင်တာတစ်ခု ရှိနေပြီး သုံးဖက်မြင် ပုံရိပ်ယောင် မျက်နှာပြင်ကြီးပေါ်တွင် ကမ္ဘာမြေ၏ အချက်အလက်များနှင့် ပုံရိပ်အမျိုးမျိုးကို ပြသထားလေသည်။
ကမ္ဘာမြေ၏ ရာသီဥတု ပြောင်းလဲမှုများ၊ လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ နည်းပညာ တိုးတက်မှု အခြေအနေများနှင့် သက်ရှိတစ်ဦးချင်းစီ၏ နေထိုင်မှုအခြေအနေများကိုပင် အသေးစိတ် မှတ်တမ်းတင် ထားကြောင်း သူ တွေ့လိုက်ရပေသည်။
အခြေစိုက်စခန်း၏ အခြားနေရာများတွင်လည်း သူ နားမလည်နိုင်သော လုပ်ဆောင်ချက်များ ပါရှိသည့် အမည်မသိ နည်းပညာသုံး ကိရိယာအမျိုးမျိုးကို ကောင်းယွမ် တွေ့ရှိခဲ့ရလေသည်။
တချို့သော ကိရိယာများသည် ကမ္ဘာ့လေထု ဖွဲ့စည်းပုံကို ခွဲခြမ်းစိတ်ဖြာနေကြပြီး တချို့မှာ ကမ္ဘာမြေရှိ သက်ရှိများ၏ မျိုးရိုးဗီဇ ဖွဲ့စည်းပုံကို လေ့လာနေကြကာ အခြားကိရိယာများကမူ ကမ္ဘာမြေပေါ်ရှိ သဘာဝဘေးအန္တရာယ်များနှင့် လူမှုရေး အပြောင်းအလဲများကို သရုပ်ဖော်နေခဲ့ကြလေသည်။
ကောင်းယွမ်သည် ရုတ်တရက် ကြောက်ရွံ့မှုတစ်ခုကို ခံစားလိုက်ရပေသည်။
အဆင့်မြင့်ယဉ်ကျေးမှုသည် ကမ္ဘာမြေအပေါ် ဤမျှ နက်ရှိုင်းစွာ နားလည်သဘောပေါက်ထားရာ သူတို့ ဤမျှ ကြိုးပမ်းအားထုတ်ရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်မည်ကို စဉ်းစားမရဖြစ်နေခဲ့လေ သည်။
ထိုစဉ် လူတစ်ယောက် ရောက်လာခဲ့လေသည်။
"ဂျင်မီ... မင်း ဒီမှာ ဘာလုပ်နေတာလဲ..."
"ဒီအချက်အလက်တွေကို ကြည့်နေတာပါ..."
"ဒါ မင်းရဲ့ အလုပ်မဟုတ်ဘူးလေ..."
ကောင်းယွမ်သည် ယခုအခါ 'ဂျင်မီ' ၏ အမည်ကို အပြည့်အဝ ယူဆောင်ထားပြီဖြစ်ရာ မည်သူကမျှ သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သံသယမဝင်သည်မှာ အံ့ဩစရာပင် ဖြစ်လေသည်။
ဤနေရာတွင် မည်သည့်သတိပေးချက်မှ ရရှိထားခြင်း မရှိပုံပေါ်ပေသည်။
အရာအားလုံးမှာ အေးချမ်းနေပုံပေါ်သဖြင့် ကောင်းယွမ် စိတ်သက်သာရာ ရသွားခဲ့လေသည်။
ကောင်းယွမ် လမ်းလျှောက်နေဆဲမှာပင် လူတစ်ယောက်က သူ့အား လက်ယပ်ခေါ်လိုက်လေသည်။
"ဂျင်မီ... ဒီကို လာခဲ့ပါဦး..."
ကောင်းယွမ်သည် ပြေးသွားကာ ထိုမြွေလူသားကို ကြည့်လိုက်လေသည်။
"ဒီအချက်အလက်တွေကို မှတ်တမ်းတင်ထားလိုက်..."
ထိုသို့ပြောပြီးနောက် သူက ကောင်းယွမ်အား လက်သီးဆုပ်ခန့်ရှိသော ဘောလုံးတစ်လုံးကို ကမ်းပေး လိုက်လေသည်။
ကောင်းယွမ်သည် ဘောလုံးကို ယူကာ သူ၏ အိတ်ကပ်ထဲသို့ တိတ်တဆိတ် ထည့်ထားလိုက်လေသည်။
ထိုအထဲတွင် မည်သည့်အရာများ ရေးသားထားသည်ကို သိလိုသဖြင့် ပြန်ယူသွားကာ ကြည့်ရှုလိုစိတ် ဖြစ်ပေါ်လာခဲ့လေသည်။
ဘောလုံးကို ကိုယ်ပေါ်တွင် သိမ်းဆည်းလိုက်ချိန်မှာပင် ဘောလုံးပေးခဲ့သော မြွေလူသားက သူ့အား ထူးဆန်းစွာ ကြည့်လိုက်သော်လည်း ဘာမျှမပြောဘဲ ထွက်သွားခဲ့လေသည်။
ကောင်းယွမ်သည် လွီယွမ်၏ ဘေးနားတွင် သူ၏အမည် ပါရှိသော နေရာတစ်ခုကို မြင်လိုက်ရသော် လည်း သူ၏ နေရာမှာ အလွတ်ဖြစ်နေခဲ့ပေသည်။
သူ ပြန်လာနိုင်မည် မဟုတ်လောက်ပေ။ သူသည် လကမ္ဘာပေါ်တွင် ရှိနေဆဲ ဖြစ်လေသည်။
"အထောက်အထား စစ်ဆေးခြင်း ပြီးစီးပါပြီ... ခွင့်ပြုချက် ရရှိပါပြီ..."
ကောင်းယွမ်၏ အရှေ့တွင် ပုံရိပ်ယောင် လက်တွေ့စနစ်တစ်ခု ပေါ်လာခဲ့လေ၏။
သူ၏ အမြင်အာရုံမှာ ပြောင်းလဲသွားပြီး နည်းပညာစင်တာတစ်ခုထဲသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရ ကာ သူမှလွဲ၍ အခြား မည်သူမျှ ရှိမနေခဲ့ပေ။
"ကြိုဆိုပါတယ်... အစောင့်အကြပ်ဂျင်မီ... ဘယ်များ ကူညီပေးရမလဲ..."
ဤအရာမှာ စမတ်လက်ထောက်တစ်ခု ဖြစ်နေမည်လားဟု တွေးလိုက်မိလေသည်။
အကယ်၍ ထိုသို့သာဆိုလျှင် သူ၏ မေးခွန်းကို ဖြေဆိုနိုင်မည်လားဟု ကောင်းယွမ် တွေးတောနေမိလေ သည်။
သူက စမ်းသပ်သည့်အနေဖြင့် မေးခွန်းတစ်ခု မေးလိုက်လေသည်။
"စောင့်ကြည့်ရေးအခြေစိုက်စခန်းရဲ့ အဓိကတာဝန်က ဘာများလဲ..."
"စောင့်ကြည့်ရေးအခြေစိုက်စခန်းဟာ အဓိကအားဖြင့် စမ်းသပ်ကွင်းအသီးသီးမှာရှိတဲ့ ဉာဏ်ရည်မြင့် သက်ရှိများရဲ့ အချက်အလက်တွေကို စောင့်ကြည့်လေ့လာဖို့ဖြစ်ပြီး အသင့်တော်ဆုံး ဉာဏ်ရည်မြင့် သက်ရှိတွေကို ရွေးချယ်ပြီး အသင့်တော်ဆုံး အောက်ဆီဂျင်လိုအပ်တဲ့ သက်ရှိတွေကို ဖန်တီးဖို့ ဖြစ်ပါ တယ်..."
"ဘာကြောင့် အောက်ဆီဂျင်လိုအပ်တဲ့ သက်ရှိတွေကို ရွေးချယ်ရတာလဲ..."
ကောင်းယွမ်မှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့လေသည်။
"အောက်ဆီဂျင် ခရုပတ်လက်တံကို ဖျက်ဆီးပြီး ဂလက်ဆီဗဟိုချက်ထဲ ဝင်ရောက်ဖို့ပါပဲ..."
အခန်း (၁၉၂) ယဉ်ကျေးမှုအကြောင်းရင်း
*အောက်ဆီဂျင် ခရုပတ်လက်တံဆိုတာ ဘာလဲ…. အဲ့ဒါကို ဘာလို့ ဖျက်ဆီးရမှာလဲ…*
ကောင်းယွမ် လုံးဝကို အူကြောင်ကြောင် ဖြစ်သွားခဲ့ရလေသည်။
သို့သော် အချက်တစ်ချက်မှာ အဆင့်မြင့်ယဉ်ကျေးမှုမှ လူသားများကို အိမ်မွေးတိရစ္ဆာန်များသဖွယ် မွေးမြူထားခြင်းမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ထားခြင်းပင် ဖြစ်ပေသည်။
ထိုအရာက စမ်းသပ်မှုတစ်ခုတည်းအတွက် မဟုတ်ဘဲ လူသားများကို အသုံးချရန် လိုအပ်နေခြင်း ဖြစ်လေသည်။
"အောက်ဆီဂျင် ခရုပတ်လက်တံဆိုတာ ဘာလဲ..." ဟု သူ မေးလိုက်လေ၏။
"နဂါးငွေ့တန်းဂလက်ဆီမှာ ခရုပတ်လက်တံ လေးခုရှိပြီး တစ်ခုစီမှာ ရေတွက်လို့မရနိုင်တဲ့ ကြယ်အဖွဲ့အ စည်း တွေ ပါဝင်ပါတယ်... ခရုပတ်လက်တံတွေကို ဓာတ်ငွေ့တွေနဲ့ ဖွဲ့စည်းထားပြီး အောက်ဆီဂျင် ပါဝင် မှုက လေးဆယ်ရာခိုင်နှုန်းကျော် ရှိပါတယ်... ဂလက်ဆီဗဟိုချက်ထဲကို ဝင်ရောက်နိုင်တဲ့ တစ်ခုတည်း သော နည်းလမ်းက ခရုပတ်လက်တံတွေကို ဖြတ်ကျော်ဖို့ပါပဲ... "
"ခရုပတ်လက်တံတွေဟာ သဘာဝ ဟင်းလင်းပြင်လှိုဏ်ခေါင်းတွေအဖြစ် တည်ရှိနေပေမယ့် အဲဒီအ ထဲမှာ စက်ရုပ်တွေကို အသုံးပြုလို့ မရပါဘူး... ဓာတ်ငွေ့တွေနဲ့ ပြည့်နေတဲ့ ခရုပတ်လက်တံတွေထဲမှာ သတ္တုတွေဟာ အလွန်လျင်မြန်စွာ ဓာတ်တိုးပျက်စီးသွားတတ်လို့ပါ... "
"ကျွန်တော်တို့ အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့ပေမယ့် ဘယ်တော့မှ ဘေးကင်းကင်းနဲ့ မဖြတ်ကျော်နိုင်ခဲ့ ပါဘူး... သတ္တုတွေ ဓာတ်တိုးပျက်စီးသွားတတ်သလို သက်ရှိတွေအနေနဲ့လည်း အောက်ဆီဂျင်နဲ့ တိုက် ရိုက်ထိတွေ့မိရင် သေဆုံးသွားမှာ ဖြစ်ပါတယ်..."
ကောင်းယွမ်သည် ယေဘုယျအားဖြင့် နားလည်သွားခဲ့လေသည်။
ဂလက်ဆီဗဟိုချက်ဆိုသည်မှာ နဂါးငွေ့တန်းဂလက်ဆီ၏ ဗဟိုချက်ပင် ဖြစ်ပေသည်။ ဂလက်ဆီဗဟို ချက်ထဲသို့ ဝင်ရောက်ရန် ခရုပတ်လက်တံကို ဖြတ်ကျော်ရမည်ဖြစ်သော်လည်း သတ္တုဖြင့် ပြုလုပ်ထား သော စက်ယန္တရားအမျိုးမျိုးမှာ ထိုခရုပတ်လက်တံကို ဖြတ်သန်း၍ မရနိုင်ပေ။
သက်ရှိများသာလျှင် ဖြတ်သန်းနိုင်သော်လည်း ပြဿနာတစ်ခု ရှိနေလေသည်။ ဤဂြိုဟ်သားအားလုံးမှာ အောက်ဆီဂျင်မလိုအပ်သော သက်ရှိများ ဖြစ်ကြပြီး အကာအကွယ်မပါဘဲ လေထုနှင့် ထိတွေ့မိပါက သေဆုံးသွားကြမည် ဖြစ်၏။ ဤအချက်က မဖြစ်နိုင်သော အရာတစ်ခုကို ဖြစ်ပေါ်စေခဲ့ပေသည်။
ယခုအခါတွင် အောက်ဆီဂျင်လိုအပ်သော ဉာဏ်ရည်မြင့်သက်ရှိများ ဖြစ်သည့် လူသားများ ရှိနေခဲ့ပြီ ဖြစ်လေသည်။ လူသားများသည် အောက်ဆီဂျင်ကို မကြောက်ရွံ့ဘဲ ခရုပတ်လက်တံကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်ပေသည်။
ကောင်းယွမ်က ဆက်၍ မေးလိုက်လေသည်။
"ဒါဆိုရင် လူသားတွေ ခရီးသွားဖို့အတွက် ခရုပတ်လက်တံကို ဘာလို့ အခုထိ အသုံးမပြုသေးတာလဲ..."
"ဘာကြောင့်လဲဆိုတော့ လူသားတွေကို ထိန်းချုပ်ဖို့ မဖြစ်နိုင်လို့ပါပဲ... သူတို့သာ ဂလက်ဆီဗဟိုချက်ထဲ ကို ဝင်ရောက်သွားတာနဲ့ သူတို့ရဲ့ ကိုယ်ပိုင် စစ်ဆင်ရေးတွေကို စတင်သွားနိုင်ပါတယ်..."
ကောင်းယွမ်သည် ပါးစပ်အဟောင်းသားဖြင့် အံ့ဩမှင်သက်စွာ ကြည့်နေမိလေတော့သည်။
*မဟုတ်သေးဘူးလေ… ဒါက ယုတ္တိမရှိဘူး…*
အဆင့်မြင့်ယဉ်ကျေးမှုသည် စမ်းသပ်မှုများ ပြုလုပ်ရန် လူသားများနှင့် တိုင်ပင်ဆွေးနွေးခြင်း မရှိသလို ထိန်းချုပ်ခြင်းလည်း မရှိခဲ့ပေ။ သူတို့သည် လူသားများကို ဤသို့လုပ်ဆောင်ရန် ခိုင်းစေနိုင်ပြီး ထိန်းချုပ် နိုင်စွမ်း အပြည့်အဝ ရှိနေကြလေသည်။
လက်ရှိကမ္ဘာသည် တစ်ပိုင်းဖြစ်ပြီး ယင်းမှာ နှစ်အနည်းငယ်မျှသာ ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်း ဖြစ်၏။ လူသားများ၏ နည်းပညာဖြင့်ဆိုလျှင် ဂလက်ဆီဗဟိုချက်ထဲသို့ ဝင်ရောက်သွားလျှင်ပင် သိပ်၍ အသုံး ဝင်မည် မဟုတ်ပေ။
သို့သော် အနာဂတ်ကမ္ဘာကကော မည်သို့နည်း။
အဆင့်မြင့်ယဉ်ကျေးမှုသည် သူတို့၏ အာကာသစမ်းသပ်မှုများ ပြုလုပ်ရန် လမ်းကြောင်းများကို ပိတ်ဆို့ ခဲ့ပြီး သူတို့အား နေအဖွဲ့အစည်းအတွင်း၌သာ ပိတ်လှောင်ထားခဲ့လေသည်။ ဤအရာမှာ မမှန်ကန်ပေ။
"လူသားတွေက ဘယ်အချိန်လောက်မှ ထိန်းချုပ်လို့ရတဲ့ အခြေအနေကို ရောက်လာမှာလဲ..."
ကောင်းယွမ်က မေးလိုက်လေသည်။
"လူသားတွေကို ဘယ်တော့မှ ထိန်းချုပ်လို့ မရနိုင်ပါဘူး... ကျွန်တော်တို့က လူသားတွေကို နှစ်ပေါင်းများ စွာ စောင့်ကြည့်လေ့လာခဲ့ပြီး သူတို့ဟာ စည်းမျဉ်းတစ်ခုကို ဘယ်တော့မှ လိုက်နာမှာ မဟုတ်သလို ဘယ် တော့မှလည်း ရောင့်ရဲတင်းတိမ်မှာ မဟုတ်ဘူးဆိုတာကို တွေ့ရှိခဲ့ရပါတယ်... အဲဒီလို ယဉ်ကျေးမှုမျိုး ဟာ နတ်ဆိုးတစ်ကောင်လိုပါပဲ..."
ယင်းမှာ ရယ်စရာကောင်းလှပေသည်။
ကောင်းယွမ် ရယ်ချင်သွားခဲ့လေ၏။ ထာဝရ ထိန်းချုပ်၍ မရနိုင်တော့သည်ဖြစ်ရာ၊ ထို့အပြင် နတ်ဆိုးအ ဖြစ် လက်ခံထားပြီးဖြစ်ရာ၊ အဘယ်ကြောင့် လူသားများကို ထိန်းချုပ်ထားမည့်အစား မျိုးတုံးမသတ် ပစ်ခဲ့ပါသနည်း။
"ဒါဆို လူသားတွေက အသုံးမဝင်တော့ဘူးပေါ့..."
"လူသားယဉ်ကျေးမှုကနေ ယဉ်ကျေးမှုအကြောင်းရင်းတစ်ခု စုဆောင်းရရှိလာတဲ့အခါ လူသားမျိုးနွယ် ကို ဖယ်ရှားပစ်ဖို့ အစီအစဉ်ဆွဲထားပါတယ်... ပြီးရင် အဲဒီယဉ်ကျေးမှုအကြောင်းရင်းကို စုပ်ယူပြီး အောက်ဆီဂျင်လိုအပ်တဲ့ အာတိတ်လူသားတစ်စုကို ဖန်တီးဖို့ ကိုယ်တိုင် မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်သွားမှာပါ..."
"ယဉ်ကျေးမှုအကြောင်းရင်းဆိုတာ ဘာလဲ... အခုချက်ချင်း ဘာလို့ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲမှုကို မစတင်နိုင်တာလဲ..."
"ယဉ်ကျေးမှုအကြောင်းရင်းဆိုတာ ဉာဏ်ရည်မြင့်သက်ရှိတိုင်းရဲ့ အခြေခံမူလဇစ်မြစ်ဖြစ်ပြီး သူတို့ရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်... မိခင်ဂြိုဟ်ကို ကျော်လွန်ပြီး စူးစမ်းလေ့လာကြတဲ့ ယဉ်ကျေးမှုတွေဟာ ယဉ်ကျေးမှုအကြောင်းရင်းရဲ့ ကြီးမားတဲ့ ပေါက်ကွဲတိုးတက် မှုကို ကြုံတွေ့ရမှာပါ..."
"ယဉ်ကျေးမှုအကြောင်းရင်းကို အသက်အကြောင်းရင်းလို့လည်း ခေါ်ပါတယ်... အသက်အကြောင်းရင်း ရှိမှသာလျှင် သက်ရှိတွေ ရှင်သန်နိုင်မှာပါ... ဉာဏ်ရည်မြင့် ယဉ်ကျေးမှုတိုင်းမှာ သူ့ကိုယ်ပိုင် မူလယဉ် ကျေးမှုအကြောင်းရင်း ရှိကြပါတယ်... မိမိရဲ့ ယဉ်ကျေးမှုအကြောင်းရင်းထက် ကျော်လွန်နေတဲ့ စမ်းသပ် မှုတွေဟာ အောင်မြင်မှာ မဟုတ်ပါဘူး... "
"အကယ်၍ ကျွန်တော်တို့သာ လူသားတွေရဲ့ ယဉ်ကျေးမှုအကြောင်းရင်းကို မစုပ်ယူနိုင်ဘူးဆိုရင် ကျွန် တော်တို့ ယဉ်ကျေးမှုနယ်ပယ်ထဲမှာ အောက်ဆီဂျင်လိုအပ်တဲ့ သက်ရှိတွေဆိုတာ မဖြစ်နိုင်တဲ့ အရာတစ် ခုပါပဲ... ဒါက အောင်မြင်ဖို့ လုံးဝကို မဖြစ်နိုင်ပါဘူး..."
ဤစကားကို ကြားလိုက်ရသောအခါ ကောင်းယွမ်မှာ ချွေးစေးများပင် ထွက်လာခဲ့လေတော့သည်။
"ယဉ်ကျေးမှုအကြောင်းရင်းကို ဘာက ဖန်တီးပေးတာလဲ..."
သူ မေးလိုက်လေသည်။
"ကြယ်တိုင်းက ယဉ်ကျေးမှုအကြောင်းရင်းကို ထုတ်လွှတ်ပေးပြီး သီအိုရီအရ ကြယ်အဖွဲ့အစည်းတိုင်း ဟာ သက်ရှိတွေကို ထောက်ပံ့ပေးနိုင်တဲ့ အလားအလာတွေ ရှိကြပါတယ်..."
"ဒါဆို အခု လူသားတွေမှာ ယဉ်ကျေးမှုအကြောင်းရင်း ရှိနေပြီဆိုတော့ လူသားတွေကို ဘာလို့ အခု မဖယ်ရှားပစ်တာလဲ..."
ကောင်းယွမ်က မေးလိုက်လေသည်။
"ယဉ်ကျေးမှုအကြောင်းရင်း သိပ်သည်းဆကို အဆင့်ခွဲခြားထားပါတယ်... ကြယ်တိုင်းမှာ ယဉ်ကျေးမှု အကြောင်းရင်း ရှိပေမယ့် ကြယ်တိုင်းက သက်ရှိတွေကို မွေးဖွားပေးနိုင်တာတော့ မဟုတ်ပါဘူး... သက်ရှိတွေ ပေါ်ထွန်းလာရင်တောင် ဉာဏ်ရည်မြင့်သက်ရှိတွေ ပေါ်လာမယ်လို့ အာမမခံနိုင်ပါဘူး... "
"နေအဖွဲ့အစည်းထဲက လူသားတွေရဲ့ ယဉ်ကျေးမှုအကြောင်းရင်း အဆင့်က လက်ရှိမှာ အဆင့် (၁) သာ ရှိပါသေးတယ်... အဆင့် (၂) ကို ရောက်မှသာ ကျွန်တော်တို့က အောင်မြင်စွာ စုပ်ယူနိုင်မှာပါ... ကျွန်တော် တို့ရဲ့ ယဉ်ကျေးမှုအကြောင်းရင်း အဆင့်က အဆင့် (၃) ပါ... လက်ရှိ အဆင့် (၁) မှာရှိနေတဲ့ လူသားယဉ် ကျေးမှုကို စုပ်ယူခြင်းက သိပ်ပြီး အဓိပ္ပာယ်ရှိမှာ မဟုတ်ပါဘူး..."
ကောင်းယွမ် နားလည်သွားခဲ့လေပြီဖြစ်၏။
သူတို့သည် ဝက်မွေးမြူနေဆဲပင် ဖြစ်လေသည်။
လက်ရှိကမ္ဘာရှိ လူသားယဉ်ကျေးမှု အဆင့်မှာ အလွန်နိမ့်ကျနေပြီး လုံလောက်သော အဆင့်မြင့်တိုး တက်မှု မရှိသေးပေ။ ထို့ကြောင့် မျိုးတုံးပျောက်ကွယ်သွားမည့် အန္တရာယ် မရှိသေးခြင်း ဖြစ်၏။
အနာဂတ်ကမ္ဘာမှာ မည်သို့ ဖြစ်နေမည်နည်း။ သို့သော် အဆင့်မြင့်ယဉ်ကျေးမှုအတွက် သူတို့ မျှော်လင့် ထားသည့် အဆင့်သို့ မရောက်သေးသည်မှာ ရှင်းလင်းနေပေသည်။ သို့မဟုတ်ပါက သူတို့သည် အစော ကြီးကတည်းက အရေးယူဆောင်ရွက်နေခဲ့လောက်ပြီ ဖြစ်လေသည်။
သို့သော်လည်း အဆင့်မြင့်ယဉ်ကျေးမှုက သူတို့ကို အာကာသခုန်ကူးခြင်း မပြုလုပ်ရန် သတိပေးထားပြီး ထိုသို့ပြုလုပ်ပါက လူသားမျိုးနွယ်ကို မျိုးတုံးသတ်ပစ်မည်ဟု ကောင်းချိုးက ယခင်က ပြောခဲ့ဖူးလေ သည်။ ဤအရာမှာ မှန်ကန်ပါက အနာဂတ်ကမ္ဘာ၏ အဆင့်သည် သူတို့လိုအပ်သော အနိမ့်ဆုံးသတ်မှတ် ချက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဆိုလိုပေသည်။
"ယဉ်ကျေးမှုအကြောင်းရင်းက နည်းပညာအဆင့်အတန်းနဲ့ ဆက်စပ်နေတာလား..." ဟု သူက မေးလိုက် လေသည်။
"ယဉ်ကျေးမှုအကြောင်းရင်းဟာ နည်းပညာအဆင့်အတန်း၊ သက်ရှိအရေအတွက်၊ ဖွံ့ဖြိုးတိုးတက်မှု အဆင့်နဲ့ အုပ်ချုပ်ရေးစနစ်ရဲ့ သဘောသဘာဝတွေနဲ့ ဆက်စပ်နေပါတယ်... နည်းပညာ ပိုမို အဆင့်မြင့် လေ၊ သက်ရှိအရေအတွက် ပိုများလေ၊ မိခင်ကြယ်အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးတိုးတက်မှု ပိုမို နက်ရှိုင်းလေ၊ အုပ်ချုပ်ရေးစနစ်က ပိုမို စည်းလုံးညီညွတ်ပြီး တည်ငြိမ်လေလေ ယဉ်ကျေးမှုအကြောင်းရင်းက ပိုမြင့် မားလာလေလေ ဖြစ်ပါတယ်..."
ကောင်းယွမ် နားလည်သွားခဲ့လေသည်။
အနာဂတ်ကမ္ဘာတွင် လူဦးရေများပြားနေရခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။ ယင်းမှာ အဆင့်မြင့် ယဉ်ကျေးမှုနှင့် ဆက်စပ်နေနိုင်ပေသည်။ သို့မဟုတ်ပါက သာမန်အားဖြင့် လူဦးရေတိုးပွားမှုမှာ ဤမျှ လျင်မြန်မည် မဟုတ်ပေ။
ထို့အပြင် စည်းလုံးညီညွတ်သော အုပ်ချုပ်ရေးစနစ်တစ်ခု ရှိခြင်းက ယဉ်ကျေးမှုအကြောင်းရင်းကို တိုးပွားလာစေရန် အထောက်အကူပြုပြီး တိုးပွားလာသော ယဉ်ကျေးမှုအကြောင်းရင်းက နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်ပေသည်။ လူဦးရေ ပိုမို များပြားလာလေ မိခင်ဂြိုဟ်ကို စူးစမ်းလေ့ လာမှုက ပိုမို နက်ရှိုင်းလာလေ ဖြစ်ပေမည်။
ယခုတော့ အဆင့်မြင့်ယဉ်ကျေးမှုမှ လူသားများကို အိမ်မွေးတိရစ္ဆာန်များသဖွယ် အဘယ်ကြောင့် မွေးမြူ ထားခဲ့သည်ကို ကောင်းယွမ် နောက်ဆုံးတွင် နားလည်သွားခဲ့လေပြီဖြစ်တော့သည်။
ယခု ပြဿနာမှာ ကောင်းယွမ်၏ ဖွံ့ဖြိုးတိုးတက်မှု ပိုမို မြန်ဆန်လေ လူသားမျိုးနွယ်မှာ သေဆုံးရန် ပိုမို နီးကပ်လာလေ ဖြစ်နေခြင်းပင်။
လက်ရှိကမ္ဘာ၏ လက်ရှိယဉ်ကျေးမှုအကြောင်းရင်းမှာ အဆင့် (၁) သာ ရှိသေးသော်လည်း အဆင့်မြင့် ယဉ်ကျေးမှုသည် အဆင့် (၃) သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။ အနာဂတ်ကမ္ဘာသည်ပင်လျှင် အဆင့် (၂) တွင် သီသီလေးသာ ရှိနေသေး၏။
အဆင့်မြင့်ယဉ်ကျေးမှုသည် အဆင့် (၃) တွင် ရောက်ရှိနေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီ ဖြစ် လေသည်။ ကမ္ဘာမြေပေါ်တွင် ဆဲလ်တစ်ခုတည်းရှိသော သက်ရှိများသာ ရှိနေသေးချိန်ကတည်းက အဆင့်မြင့်ယဉ်ကျေးမှုသည် ကြယ်တာရာခရီးသွားလာနိုင်စွမ်း ရှိနေခဲ့ပြီး အခြားကြယ်အဖွဲ့အစည်းများရှိ ကောင်းကင်ယံဝတ္ထုများကို ဝင်ရောက်စွက်ဖက်နိုင်နေပြီ ဖြစ်သော်လည်း လူသားများမှာမူ လွန်ခဲ့သော နှစ်ရာစုအနည်းငယ်အတွင်းမှသာ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုကာလသို့ အမှန်တကယ် ဝင်ရောက် လာခဲ့ခြင်း ဖြစ်ပေသည်။
ကွာဟချက်မှာ အလွန် ကြီးမားလွန်းလှပေသည်။
ကောင်းယွမ် စိတ်ပျက်လက်ပျက် ဖြစ်နေစဉ်မှာပင် လူတစ်ယောက် ရောက်လာခဲ့လေသည်။
သူသည် အလုပ်လုပ်နေဟန် အမြန်ဆုံး ဟန်ဆောင်လိုက်လေသည်။
"ဂျင်မီ... မင်း ကင်းလှည့်ရမယ့် အလှည့်ရောက်ပြီ..."
"ကောင်းပါပြီ..."
ကမ္ဘာမြေပေါ်တွင် စက်ရုပ်ကင်းလှည့်ကိရိယာများကို အသုံးပြုနေပြီဖြစ်ရာ ဤနေရာတွင် ကင်းလှည့်ရန် အတွက် မြွေလူသားများကို အဘယ်ကြောင့် အသုံးပြုနေရသနည်းဟု ကောင်းယွမ် အမှန်တကယ် မေးမြန်းလိုခဲ့ပေသည်။
သူသည် အပြင်ဘက်သို့ တိတ်ဆိတ်စွာ လျှောက်သွားခဲ့လေ၏။
လူတစ်ယောက် ရောက်လာခဲ့ပြီး မြွေအမြီးကို မြေပြင်ပေါ်တွင် ယိမ်းခါကာ အလွန်လျင်မြန်စွာ ပြေးသွား ခဲ့လေသည်။
"ဟေး ဂျင်မီ... လွီယွမ် ဘယ်မှာလဲ..."
"ငါ မသိဘူး... အပေါ်မှာ ရှိနေမယ်ထင်တယ်..."
ကောင်းယွမ်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။
လွီယွမ်မှာ သူဖမ်းဆီးထားသော မြွေလူသားနှစ်ဦးအနက်မှ တစ်ဦးဖြစ်ပြီး သူ ပြန်လာနိုင်မည် မဟုတ် လောက်ပေ။
ကောင်းယွမ်နှင့် မြွေလူသားတို့သည် မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့ကြ လေသည်။ သူတို့ အပြင်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ပူပြင်းလှသော အပူဒဏ်က သူတို့ကို ရိုက်ခတ်လာခဲ့ရာ သူ၏ ခန္ဓာကိုယ်မှာ ကျက်တော့မည့်အလား ကောင်းယွမ် ခံစားလိုက်ရလေ၏။ ထို့ နောက် ကောင်းယွမ်သည် သူ၏ဘေးရှိ မြွေလူသားကို ကြည့်လိုက်ရာ အပြင်ဘက်မှ အပူဒဏ်ကို ကာ ကွယ်ပေးနိုင်သော အကာအကွယ်လွှာတစ်ခုကို ၎င်း၏ ကိုယ်ပေါ်တွင် တွေ့လိုက်ရပေသည်။
ထိုအရာကို မည်သို့ ပြုလုပ်လိုက်သနည်း။ ကောင်းယွမ်လည်း ထိုသို့ ပြုလုပ်ချင်ခဲ့ပေသည်။
မြွေလူသားက ကောင်းယွမ်ကို ကြည့်လိုက်ရာ နှစ်ဦးသား အကြည့်ချင်း ဖလှယ်လိုက်မိကြလေ၏။
"မင်း မပူဘူးလား..."
"ပူတယ်..."
"ဒါဆို ဘာလို့ အကာအကွယ်လွှာကို မဖွင့်တာလဲ..."
"ငါက..."