အခန်း (၁၉၇-၁၉၈)
Vol. 20 Ch. 197-198
အခန်း (၁၉၇) ဗုဒ္ဓဟူးဂြိုဟ်ပေါ်သို့ ဆင်းသက်ခြင်း
ကောင်းယွမ် ရယ်မောလိုက်လေ၏။
"မြေအောက်မှာနေတဲ့ သွေးအေးသတ္တဝါဆိုရင်ကော..."
"ဟင်... ဒါက... မင်း အဲဒီကို ရောက်ဖူးတာပဲ... သူတို့က တကယ်ပဲ လူခေါင်းနဲ့ မြွေတွေလား..."
"ဟုတ်တယ်..."
ကောင်းကန့်သည် ခဏမျှ ငြိမ်သက်သွားပြီးနောက် စကားစလိုက်လေသည်။
"ကောင်းယွမ်... ငါ့မှာ သီအိုရီတစ်ခု ရှိတယ်... သူတို့က ကမ္ဘာမြေပေါ်မှာ အချိန်အကြာကြီး နေဖို့ လို အပ်တဲ့အတွက် အမြဲတမ်း တည်ရှိနေမယ့် ဟင်းလင်းပြင်လှိုဏ်ခေါင်းတစ်ခုကို ဖန်တီးထားရမှာပဲ... သူတို့က အချိန်တိုင်း ကိုဩဒိနိတ်တွေ ထည့်ပြီး အာကာသခုန်ကူးခြင်းကို လုပ်ဆောင်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး... အဲဒီလိုလုပ်တာက သူတို့ကို လွယ်လွယ်ကူကူ ဖော်ထုတ်ခံရစေနိုင်ရုံသာမက ဒုတိယ အဆင့်မှာ သယံဇာတ အများအပြားကိုလည်း ကုန်ဆုံးစေလိမ့်မယ်..."
"မင်းက ဟင်းလင်းပြင်လှိုဏ်ခေါင်းကို ရှာတွေ့ခဲ့ပြီး ဖြတ်ကျော်ခဲ့ပြီးပြီပဲ... မင်း ဖြတ်ကျော်နိုင်ခဲ့ တယ်ဆိုတဲ့ အချက်က အဲဒါဟာ အမြဲတမ်း ဟင်းလင်းပြင်လှိုဏ်ခေါင်းတစ်ခု ဖြစ်ကြောင်း သက်သေ ပြနေတာပဲ..."
"ခင်ဗျား ဆိုလိုတာက..."
ကောင်းယွမ် အကြမ်းဖျင်း နားလည်သွားခဲ့လေသည်။
"မင်း တွေးနေသလိုပဲ... အဲဒီ ဟင်းလင်းပြင်လှိုဏ်ခေါင်းက ရှိနေတုန်းပဲ ဖြစ်နိုင်တယ်... အဲဒါကို လိုအပ် နေသေးတဲ့အတွက် ဖျက်ဆီးပစ်လို့ မရနိုင်ဘူး... ဟင်းလင်းပြင်လှိုဏ်ခေါင်းရဲ့ တည်နေရာကို ငါ့ကို ပေးပါ ... အဲဒီကမ္ဘာကို သွားပြီး လေ့လာဖို့ ငါတို့ အဲဒါကို အသုံးပြုလို့ ရနိုင်တယ်..."
ကောင်းယွမ်သည် ခဏမျှ တွေဝေသွားခဲ့လေ၏။
"ကောင်းကန့်... ကျွန်တော့်မှာ အမြဲတမ်း မေးခွန်းတစ်ခု ရှိနေခဲ့တယ်... ခင်ဗျား ပြောနေတဲ့ အဆင့်မြင့် ယဉ်ကျေးမှုက ကျွန်တော် ဒီကမ္ဘာမှာ သွားခဲ့တဲ့ ယဉ်ကျေးမှုနဲ့ အတူတူပဲလား..."
ကောင်းကန့်မှာ အနည်းငယ် ရှုပ်ထွေးသွားခဲ့လေသည်။
"ဘာအဓိပ္ပာယ်လဲ..."
"ကျွန်တော်တို့ရဲ့ ကမ္ဘာနှစ်ခုက အပြိုင်ကမ္ဘာတွေ ဖြစ်ကြပေမယ့်... မြွေလူသားယဉ်ကျေးမှုဆိုတာ လေးဖက်မြင် အာကာသ နိယာမကို ကျွမ်းကျင်ပိုင်နိုင်ထားတဲ့ ယဉ်ကျေးမှုတစ်ခု ဖြစ်နေတဲ့အတွက် အပြိုင်ကမ္ဘာတွေ မရှိသင့်ဘူး မဟုတ်ဘူးလား... အကယ်၍ ဒီလိုသာဆိုရင် ကျွန်တော်တို့က တူညီတဲ့ အဆင့်မြင့်ယဉ်ကျေးမှုလောက တစ်ခုတည်းကို ရင်ဆိုင်နေရတာပဲ မဟုတ်လား..."
ကောင်းကန့်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေ၏။ သူ မသိသလို မည်သို့ ပြောရမည်ကိုလည်း မသိတော့ပေ။
သို့သော် ယင်းက အမှန်တကယ် ဖြစ်နိုင်ခြေ ရှိပေသည်။
အကယ်၍သာ ၎င်းသည် တူညီသော မြွေလူသားယဉ်ကျေးမှု ဖြစ်နေမည်ဆိုပါက ပြဿနာတစ်ခု ပေါ် ပေါက်လာမည် ဖြစ်လေသည်။
နည်းပညာများကို ရိုးရှင်းစွာ နှိုင်းယှဉ်ကြည့်လိုက်ခြင်းဖြင့် ကမ္ဘာနှစ်ခုမှာ ချိတ်ဆက်မိနေပြီဖြစ်ကြောင်း သိသာထင်ရှားနေပေသည်။ သို့ဆိုလျှင်... အဆင့်မြင့်ယဉ်ကျေးမှုသည် အဘယ်အရာကို စောင့်ဆိုင်းနေပါ သနည်း။
ကောင်းယွမ် စကားပြောနေစဉ်မှာပင် ပို၍ အဓိပ္ပာယ်မရှိသော အတွေးတစ်ခု သူ၏ စိတ်ထဲသို့ ရုတ် တရက် ဝင်ရောက်လာခဲ့လေသည်။
သုံးဖက်မြင်ကမ္ဘာတွင် ရေတွက်၍မရနိုင်သော အပြိုင်ကမ္ဘာများ ရှိနေပါက လက်ရှိကမ္ဘာ၏ နေအဖွဲ့ အစည်းရှိ ဂြိုဟ်အသီးသီးမှ ယဉ်ကျေးမှုများသည် အမှန်တကယ်တွင် နေအဖွဲ့အစည်း၏ အပြိုင်ကမ္ဘာ များ ဖြစ်နေနိုင်မည်လား။ လေးဖက်မြင် အာကာသအတွက် သုံးဖက်မြင် အာကာသမှာ အဆုံးအစမရှိ ဖြစ်ပြီး အခြားဂြိုဟ်များပေါ်တွင် ယဉ်ကျေးမှုများ ပေါ်ပေါက်လာနိုင်ခြေ ရှိပေသည်။
သို့သော် ယခုအခါ အဆင့်မြင့်ယဉ်ကျေးမှုသည် ဤအပြိုင်ကမ္ဘာများကို ရွေးချယ်ကာ ပေါင်းစပ် လိုက်ခြင်းပင် ဖြစ်လေသည်။
ဤအပြိုင်ကမ္ဘာများထဲမှ အချို့မှာ တူညီသော အချိန်ကာလကို မျှဝေခံစားကြသော်လည်း အချို့မှာ ကွဲပြားခြားနားနေကြလေသည်။
အချိန်ကာလများ၏ ကွဲပြားခြားနားမှုများက မည်သို့ ပေါ်ပေါက်လာသနည်း။
ကောင်းယွမ်သည် ကောင်းကန့်ကို မော့ကြည့်လိုက်လေ၏။
"ခင်ဗျား တစ်ခုခု သတိထားမိလား..."
ကောင်းယွမ်၏ အတွေးမှာ အရူးအမူးဆန်လွန်းလှသဖြင့် ကောင်းကန့်မှာ နက်နက်ရှိုင်းရှိုင်း တွေးတော နေမိလေသည်။
သို့သော် အမှန်တကယ်တွင် အလွန် ဖြစ်နိုင်ခြေ ရှိနေပေသည်။
"ဘာကို သတိထားမိတာလဲ..."
အချိန်ကို အမြန် သို့မဟုတ် အနှေး ပြုလုပ်၍ ရနိုင်သော်လည်း နောက်ပြန်လှည့်၍ မရနိုင်ပေ။ မည်သည့် အခြေအနေမျိုးက အချိန်စီးဆင်းမှုကို ပြောင်းလဲသွားစေနိုင်သနည်း။
"ကမ္ဘာမြေရဲ့ ဒြပ်ထုနဲ့ လည်ပတ်နှုန်းပဲ..."
ကောင်းကန့်က ပြောလိုက်လေသည်။
ကောင်းယွမ် ခေါင်းညိတ်လိုက်လေ၏။ ယင်းမှာ အမှန်ပင် ဖြစ်သည်။ သီအိုရီအရ အမြန်နှုန်း ပိုမြန်လေ အချိန်စီးဆင်းမှု ပိုနှေးလေ ဖြစ်သင့်ပေသည်။
အနာဂတ်ကမ္ဘာသည် လက်ရှိကမ္ဘာထက် နှစ်တစ်ထောင်ခန့် ရှေ့ရောက်နေသော်လည်း သူတို့၏ သမိုင်း ကြောင်းများမှာ လုံးဝ တူညီနေခဲ့ကြလေသည်။ ယင်းက အဘယ်အရာကို ဆိုလိုပါသနည်း။ ယင်းက... အနာဂတ်ကမ္ဘာရှိ ကမ္ဘာမြေကို လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက ပြုပြင်မွမ်းမံထားခဲ့ခြင်း ဖြစ်ကြောင်းကို ဆိုလိုပေသည်။
အဆင့်မြင့်ယဉ်ကျေးမှုသည် စမ်းသပ်မှုများ ပြုလုပ်ရန် ကွဲပြားခြားနားသော အခြေအနေများကို ဖန်တီး ခဲ့ကြခြင်း ဖြစ်လေသည်။
ကွဲပြားခြားနားသော ဂြိုဟ်ပတ်ဝန်းကျင်များ၊ ကွဲပြားခြားနားသော အချိန်စီးဆင်းမှုနှုန်းများနှင့် ကွဲပြား ခြားနားသော ဉာဏ်ရည်မြင့် သက်ရှိများ...၊
ဤနည်းဖြင့် အပြည့်စုံဆုံးနှင့် အသင့်တော်ဆုံး စမ်းသပ်ခံများကို ရွေးချယ်ကြခြင်းပင် ဖြစ်ပေတော့သည်။
ဤအရာကို တွေးမိသောအခါ ကောင်းယွမ် အသက်ရှူမှားသွားခဲ့ရလေသည်။ သုံးဖက်မြင်ကမ္ဘာတစ်ခု သည် အဆင့်မြင့်ယဉ်ကျေးမှုအတွက် လုံးဝ အဓိပ္ပာယ်မရှိကြောင်း ဤအချက်က ပြသနေပေသည်။
အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော ကမ္ဘာများ ရေတွက်၍မရနိုင်အောင် ရှိနေသောကြောင့် ဖြစ် လေသည်။
သို့သော် သူတို့သည် အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် မဖျက်ဆီးခဲ့သနည်း၊ သို့မဟုတ် အနာဂတ်ကမ္ဘာ ကို မဖျက်ဆီးခဲ့သနည်း။
အပြိုင်ကမ္ဘာအားလုံး ချိတ်ဆက်နေသောကြောင့် ဖြစ်နိုင်မည်လား။
ကောင်းယွမ်သည် သူ၏ ဦးနှောက် ပေါက်ကွဲထွက်တော့မည်ဟု ခံစားလိုက်ရလေသည်။
ပိုတွေးလေ ပို၍ ရှုပ်ထွေးလာလေပင် ဖြစ်၏။
ထိုအချိန်တွင် စစ်သင်္ဘော၏ စနစ်မှ အချက်ပေးသံ ထွက်ပေါ်လာပြီး ဗုဒ္ဓဟူးဂြိုဟ်သို့ ရောက်ရှိပြီ ဖြစ်ကြောင်း ကြေညာလိုက်လေသည်။
သူတို့သည် အထူးပုံစံထုတ်လုပ်ထားသော ဆင်းသက်ယာဉ်ငယ်တစ်စင်းဖြင့် ဗုဒ္ဓဟူးဂြိုဟ်ပေါ်သို့ ဆင်းသက်ရန် လိုအပ်ပေသည်။
ကြမ်းတမ်းသော ပတ်ဝန်းကျင်ကြောင့် ဧရာမ စူပါ နေအဆင့် စစ်သင်္ဘောကြီးကို အတင်းအကျပ် ဆင်း သက်စေခြင်းက ပျက်ကျနိုင်သည့် အန္တရာယ် ရှိနေလေသည်။
ကောင်းယွမ်နှင့် ကောင်းကန့်တို့သည် ဆင်းသက်ယာဉ်ငယ်လေးတစ်စင်းဖြင့် ဗုဒ္ဓဟူးဂြိုဟ်ပေါ်သို့ ဆင်းသက်သွားခဲ့ကြလေသည်။
ဤသည်မှာ ဗုဒ္ဓဟူးဂြိုဟ်ပေါ်သို့ ကောင်းယွမ်၏ ပထမဆုံးအကြိမ် ဆင်းသက်ခြင်း ဖြစ်လေသည်။ ဗုဒ္ဓဟူး ဂြိုဟ်၏ လေထုမှာ အလွန် ပါးလွှာပြီး လေထုဖိအား နီးပါးမျှ မရှိသောကြောင့် ၎င်း၏ မျက်နှာပြင်သည် နေရောင်ခြည်ဖြာထွက်မှုနှင့် စကြဝဠာရောင်ခြည်များ၏ တိုက်ရိုက် ထိတွေ့မှုကို ခံရကာ ပြင်းထန်သော တိုက်စားမှုများနှင့် သက်ရောက်မှုများကို ခံစားနေရပေသည်။
ဤအချိန်တွင် ဥက္ကာပျံ ဝင်တိုက်ထားသော တွင်းကြီးများနှင့် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသော ခြောက်ကပ်ပြီး မညီညာသည့် မျက်နှာပြင်ကို ကောင်းယွမ် မြင်တွေ့လိုက်ရလေသည်။ ဗုဒ္ဓဟူးဂြိုဟ်တွင် လေထုမရှိသောကြောင့် နေရောင်ခြည်သည် မျက်နှာပြင်ပေါ်သို့ တိုက်ရိုက် ထိုးဆင်းနေကာ ဂြိုဟ်တစ်ခု လုံးကို လိမ္မော်နီရောင် သို့မဟုတ် ကြေးနီရောင် အသွင်အပြင် ပေးစွမ်းနေလေသည်။
ထို့အပြင် ဗုဒ္ဓဟူးဂြိုဟ်၏ ဆွဲငင်အားမှာ အလွန် အားနည်းပြီး ကမ္ဘာမြေ၏ ငါးပုံတစ်ပုံခန့်သာ ရှိပေသည်။
ဗုဒ္ဓဟူးဂြိုဟ်၏ မျက်နှာပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းယွမ်သည် ပေါ့ပါးလွင့်မျော နေသည့် ခံစားချက်မျိုးကို ခံစားလိုက်ရလေသည်။
ဆင်းသက်ယာဉ်ငယ်လေးသည် ဗုဒ္ဓဟူးဂြိုဟ် အခြေစိုက်စခန်းဆီသို့ ပျံသန်းသွားခဲ့လေ၏။
အတော်လေး ယုံကြည်စိတ်ချရပုံပေါ်သော အခြေစိုက်စခန်းတွင် ကောင်းယွမ်သည် ကောင်းချိုးနှင့် တွေ့ဆုံခဲ့လေသည်။
ကောင်းယွမ်တွင် အခြားအရာများကို မေးမြန်းရန် အချိန်မရှိတော့ပေ။
"စစ်သေနာပတိချုပ်ကြီး... အခွံဖောက်ထွက်ခြင်း စီမံကိန်းကို ချက်ချင်း ရပ်တန့်လိုက်ပါ..."
"ဘာဖြစ်လို့လဲ..."
"ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တကယ် မျိုးတုံးခံရတော့မှာမလို့ပဲ..."
"မင်း အဲဒီကို ရောက်ခဲ့တာလား..."
"ဟုတ်တယ်..."
ဤစကားကို ကြားသောအခါ ကောင်းချိုးသည် ရုတ်တရက် သက်ပြင်းချလိုက်ကာ စိတ်သက်သာရာ ရသွားလေ၏။ သူသည် အဖြေတစ်ခု လိုအပ်သောကြောင့် ဤသို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခု အဖြေ ရရှိသွားပြီဖြစ်ရာ အဘယ်ကြောင့် သေလမ်းကို ဆက်ရှာနေရပါမည်နည်း။
သူက ကောင်းကန့်ဘက်သို့ လှည့်လိုက်လေသည်။
"မင်းတို့အားလုံး ဘာလို့ ဒီကို ရောက်နေကြတာလဲ... မင်းရဲ့ သတင်းစကားကို ငါ လက်ခံရရှိပါတယ်... ငါတို့ ဆက်လုပ်လို့ မရနိုင်တော့တဲ့အတွက် ဒီဆန့်ကျင်ဘက်ဒြပ်ထု အင်ဂျင်တွေကို အလဟဿ မဖြစ်စေရဘူး... ဗုဒ္ဓဟူးဂြိုဟ်မှာ မြို့ကြီးတစ်မြို့ တည်ဆောက်ပြီး လူတွေကို ဒီမှာ ပြောင်းရွှေ့နေထိုင် ခိုင်းလိုက်ကြရအောင်..."
"ဘာလို့ ပြောင်းရွှေ့နေထိုင်ခိုင်းတာလဲ..."
ကောင်းယွမ်က နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။
"နေအဖွဲ့အစည်းရဲ့ ထောင့်တိုင်းမှာ လူသားတွေ ရှိနေရမယ်... ဒါက မူဝါဒတစ်ခုပဲ..."
ကောင်းချိုးက အဓိပ္ပာယ်ပါပါ ပြောလိုက်လေ၏။
ကောင်းချိုး တစ်စုံတစ်ခုကို သိထားရမည်ဟု ကောင်းယွမ် ခံစားလိုက်ရလေသည်။ အကယ်၍ လက်ရှိ ကမ္ဘာရှိ အခြားဂြိုဟ်များပေါ်တွင် လူသားစခန်းများ ရှိနေခဲ့မည်ဆိုပါက လက်ရှိ ဂြိုဟ်ရှစ်လုံး အာဏာ လုသည့် အခြေအနေမျိုး ဖြစ်ပေါ်လာခဲ့မည် မဟုတ်လောက်ပေ။
"စစ်သေနာပတိချုပ်ကြီး... ကျွန်တော့်ကမ္ဘာမှာ ကြီးမားလှတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့ပြီ..."
"ဘာဖြစ်လို့လဲ..."
"ကမ္ဘာမြေကလွဲလို့ ကျန်တဲ့ ဂြိုဟ်ခုနစ်လုံးပေါ်မှာ ဉာဏ်ရည်မြင့်သက်ရှိအသစ်တွေ ပေါ်လာခဲ့တယ်... ပြီး တော့ သူတို့က ကမ္ဘာမြေကိုတောင် သူတို့ရဲ့ စစ်သင်္ဘောအုပ်စုတွေနဲ့ လာတိုက်ခိုက်ခဲ့ကြတယ်..."
ကောင်းချိုး မျက်စိမှေးသွားခဲ့လေသည်။ သူ မော့ကြည့်လိုက်လေ၏။
"ငါ့ရဲ့ အရင်က ခန့်မှန်းချက် မှန်သွားခဲ့ပုံရတယ်..."
"ဘာကို ခန့်မှန်းခဲ့တာလဲ..."
ကောင်းယွမ်က မေးလိုက်လေသည်။
"အရင်က ငါတို့ဟာ လေးဖက်မြင် အတိုင်းအတာရဲ့ တံခါးဝကို ထိတွေ့ခဲ့ပေမယ့် လေးဖက်မြင် ယဉ်ကျေး မှုထဲကို ခြေမချနိုင်ခဲ့ဘူး... အဲဒီအချိန်တုန်းက သိပ္ပံပညာရှင်တချို့က အမှန်တကယ် လေးဖက်မြင် ယဉ်ကျေးမှု ဖြစ်လာဖို့အတွက် အနည်းဆုံး အပြိုင်ကမ္ဘာ ဒါဇင်ပေါင်းများစွာကို ပေါင်းစပ်ဖို့ လိုအပ်လိမ့် မယ်လို့ ပြောခဲ့ကြတယ်..."
ကောင်းကန့်မှာ အူကြောင်ကြောင် ဖြစ်သွားခဲ့လေသည်။
"ကျွန်တော် ဘာလို့ မသိခဲ့ရတာလဲ..."
"ဒါက ခန့်မှန်းချက်သက်သက်ပဲလေ... ပြီးတော့ အပြိုင်စကြဝဠာတွေကို ဘယ်သူက ယုံကြည်မှာလဲ..."
ကောင်းချိုးက ပြောလိုက်လေသည်။
"ဒါဆို ကျွန်တော်တို့က အာကာသခုန်ကူးခြင်းကို လုပ်ဆောင်နိုင်နေပြီဆိုရင် ဒါဟာ လေးဖက်မြင် ယဉ်ကျေးမှု မဟုတ်ဘူးလား..."
ကောင်းကန့်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေ၏။
ကောင်းချိုး ခေါင်းခါလိုက်လေသည်။
"မဟုတ်ဘူး... အာကာသခုန်ကူးခြင်းဆိုတာ လေးဖက်မြင် အာကာသ နိယာမရဲ့ သေးငယ်တဲ့ အသုံးချမှု တစ်ခုလောက်ပဲ ဖြစ်တယ်... လေးဖက်မြင် ယဉ်ကျေးမှုဆိုတာ လုံးဝကို အသစ်ဖြစ်တဲ့ သိပ္ပံနည်းကျ စနစ်တစ်ခု ဖြစ်ရမယ်... အဲဒါကို တွေ့ကြုံခံစားခွင့် မရခဲ့တာ နှမြောစရာပဲ..."
ထို့နောက် ကောင်းချိုးသည် ကောင်းယွမ်ကို ကြည့်လိုက်လေ၏။
"ဒါပေမယ့် မင်းမှာ အခွင့်အရေးတစ်ခု ရှိတယ်... အကောင်းဆုံး အခွင့်အရေးတစ်ခုပဲ... မင်းသာ တခြား ယဉ်ကျေးမှုတွေကို ပေါင်းစပ်ပြီး သိမ်းပိုက်နိုင်မယ်ဆိုရင် အမှန်တကယ် လေးဖက်မြင် ယဉ်ကျေးမှုထဲကို ဝင်ရောက်ဖို့ အရမ်း နီးစပ်သွားလိမ့်မယ်... အဲဒီအချိန်ကျရင် အဆင့်မြင့်ယဉ်ကျေးမှုရဲ့ ရိတ်သိမ်းခံရမယ့် အကြောင်းကို မင်း ပူပန်နေစရာ မလိုတော့ဘူး..."
ကောင်းယွမ်သည် ခါးသီးစွာ ပြုံးလိုက်မိလေသည်။
သူသည် ယဉ်ကျေးမှုအကြောင်းရင်းနှင့် ဂလက်ဆီဗဟိုချက်ထဲသို့ ဝင်ရောက်နိုင်သည့် အောက်ဆီဂျင် ခရုပတ်လက်တံအကြောင်းကို ရှင်းပြလိုက်လေသည်။
"တခြားယဉ်ကျေးမှုတွေကို ပေါင်းစပ်လိုက်တာနဲ့ ခင်ဗျားတို့ သေဖို့ သတ်မှတ်ခံရပြီဆိုတာပဲ..."
"အဆင့်မြင့်ယဉ်ကျေးမှုက ထပ်ပြီး စောင့်ဆိုင်းနေတော့မှာ မဟုတ်ဘူး... သူတို့ သေချာပေါက် ရိတ်သိမ်း တော့မှာပဲ..."
အခန်း (၁၉၈) ကောင်းယွမ်၏ ပြီးပြည့်စုံသော ပုံစံ
"စစ်သေနာပတိချုပ်ကြီး... ဒါကတော့ မဖြစ်ဘူး..."
ကောင်းချိုးသည် ကောင်းယွမ် မည်သည်ကို ဆိုလိုကြောင်း သေချာပေါက် သိထားလေသည်။
"ကောင်းယွမ်... ဒါက အလုပ်ဖြစ်ရမယ်... ဒါက မင်းရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ..."
"ဘာဖြစ်လို့လဲ..."
"မင်း အဆင့်မြင့်ယဉ်ကျေးမှုလောကထဲကို ဝင်ရောက်သွားတာက သူတို့ကို ဒီအကြံဉာဏ် ရသွားစေတာ ဖြစ်နိုင်တယ်လို့ ငါ ထင်တယ်... သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ဖို့ ကွဲပြားခြားနားတဲ့ အပြိုင်ကမ္ဘာ တွေက ယဉ်ကျေးမှုတွေကို ပေါင်းစပ်ဖို့ပဲ... အကယ်၍ မင်းက တခြားယဉ်ကျေးမှုတွေကို မစုပ်ယူဘူးဆို ရင် မင်းက စုပ်ယူခံရလိမ့်မယ်... စုပ်ယူခံရမယ်ဆိုရင် မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု ရှိနေသေး ပေမယ့် သူတို့ကို မစုပ်ယူဘူးဆိုရင်တော့ သေလမ်းပဲ..."
"ဘာလို့ သူတို့နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ မနေထိုင်နိုင်ရမှာလဲ... အဲဒီလိုဆိုရင် ဘယ်သူမှ သေမှာ မဟုတ် တော့ဘူးလေ..."
ကောင်းယွမ်သည် ဤဖြစ်နိုင်ခြေ ရှိနေသေးသည်ဟု ခံစားနေရလေသည်။
သူတို့နှင့် ဆက်သွယ်နိုင်သရွေ့ အားလုံး အတူတကွ လက်လျှော့လိုက်ရုံသာ ဖြစ်ပေသည်။
ကောင်းချိုး ပြုံးလိုက်လေ၏။
"ဖွံ့ဖြိုးတိုးတက်မှုကို ရပ်တန့်လို့ မရနိုင်ဘူး... ယဉ်ကျေးမှုရဲ့ အခြေခံမူလက ချဲ့ထွင်ခြင်းပဲ... မင်းတို့က ရပ်တန့်ဖို့ သဘောတူလိုက်ရင်တောင်မှ အောက်ခြေက လူတွေက မကျေမနပ် ဖြစ်မနေဘူးလား... အဆင့်မြင့်ယဉ်ကျေးမှုက တခြားသူတွေကို ခြောက်လှန့်ဖို့အတွက် တစ်ယောက်ယောက်ကို စံပြအဖြစ် အပြစ်ပေးတာမျိုး မလုပ်ဘူးလား..."
ကောင်းယွမ်သည် နက်ရှိုင်းသော အတွေးထဲသို့ နစ်မြောသွားခဲ့လေသည်။
"စစ်သေနာပတိချုပ်ကြီး... ခင်ဗျားပြောတာတွေ အားလုံးက ခန့်မှန်းချက်တွေချည်းပါပဲ... အခု ကျွန်တော့်မှာ ပိုပြီး ထူးဆန်းတဲ့ မေးခွန်းတစ်ခု ရှိတယ်... အကယ်၍ ခင်ဗျားအပါအဝင် အရာအားလုံးနဲ့ ကျွန်တော်သွားခဲ့တဲ့ ကမ္ဘာက အပြိုင်ကမ္ဘာတစ်ခု ဖြစ်နေတယ်ဆိုရင် အဲဒီယဉ်ကျေးမှုတွေကို ဘာလို့ ခင်ဗျားနဲ့အတူ ဒီနေရာမှာ မချထားရတာလဲ... အဲဒီလိုဆိုရင် ခင်ဗျားက တခြားယဉ်ကျေးမှုတွေကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပြီး ခင်ဗျားရဲ့ ယဉ်ကျေးမှုအကြောင်းရင်းကို ချောချောမွေ့မွေ့ တိုးပွားလာ စေနိုင်မှာပေါ့..."
"အဲဒါက ငါတို့ရဲ့ ခြေရာတွေက နေအဖွဲ့အစည်း တစ်ခုလုံးမှာ ပျံ့နှံ့နေပြီဖြစ်လို့ ဖြစ်နိုင်တယ်... တကယ် တော့ မင်းသွားခဲ့တဲ့ ကမ္ဘာမှာ မင်းသာ မရှိဘူးဆိုရင် လူသားတွေက ကမ္ဘာမြေပေါ်မှာပဲ ကန့်သတ်ခံထား ရဆဲ ဖြစ်ပြီး တခြားဂြိုဟ်တွေက ပိုင်ရှင်မဲ့ ဂြိုဟ်တွေလို ဖြစ်နေမှာပဲ... ငါ ထင်တာမမှားဘူးဆိုရင် မင်းရဲ့ ကမ္ဘာက ယဉ်ကျေးမှုတွေဟာ တကယ်တော့ သူတို့ရဲ့ သက်ဆိုင်ရာ ဂြိုဟ်တွေပေါ်မှာပဲ ကန့်သတ်ခံထားရ တာပဲ ဖြစ်ရမယ်..."
ကောင်းယွမ် မျက်မှောင်ကြုတ်လိုက်လေ၏။
"မဟုတ်ဘူး... ဗုဒ္ဓဟူးဂြိုဟ်နဲ့ သောကြာဂြိုဟ် ပူးတွဲစစ်သင်္ဘောအုပ်စုက ကမ္ဘာမြေကို အဲဒီလောက် မြန်မြန်ဆန်ဆန် တိုက်ခိုက်နိုင်တယ်ဆိုတဲ့ အချက်က သူတို့မှာ နေအဖွဲ့အစည်းက တခြားဂြိုဟ်တွေကို နယ်ချဲ့နိုင်တဲ့ စွမ်းရည်ရှိနေတယ်ဆိုတာကို ပြသနေတာပဲ..."
ကောင်းချိုးက တည်ငြိမ်စွာ ပြောလိုက်လေသည်။
"မင်း အဲဒီအကြောင်း တွေးဖူးလား... ကမ္ဘာတွေကြားမှာ အာကာသ ဆုံမှတ်တွေ ရှိနေလို့ မင်းရဲ့ကမ္ဘာမှာ စစ်သင်္ဘောအုပ်စု ရှိနေတာပဲ... တခြားယဉ်ကျေးမှုတွေမှာလည်း အဲဒါတွေ ရှိနေရင် ဘယ်လိုလုပ်မလဲ..."
ကောင်းယွမ် အသက်ရှူမှားသွားခဲ့ရလေသည်။
ကောင်းယွမ်၏ ကျောပြင်တွင် ချွေးစေးများ ထွက်လာခဲ့လေသည်။
ဟုတ်ပေသည်၊ သူသည် အကြောင်းပြချက်မရှိဘဲ အနာဂတ် နှစ်တစ်ထောင်မှ ဤအပြိုင်ကမ္ဘာသို့ ဝင် ရောက်လာခဲ့မည်ဆိုလျှင် အခြားယဉ်ကျေးမှုများလည်း ထိုနည်းတူ ဖြစ်နေမည် မဟုတ်ပါလား။
ထို့ကြောင့်... သူ၏ အနာဂတ် နှစ်တစ်ထောင်အကြာသို့ သွားရောက်ခဲ့သော ခရီးစဉ်သည်ပင်လျှင် အမှန် တကယ်တော့ ကြိုတင် သတ်မှတ်ထားခြင်း ခံခဲ့ရခြင်း ဖြစ်နိုင်လေသည်။
အကယ်၍ ယင်းမှာ အမှန်တကယ် ဖြစ်နေမည်ဆိုပါက ကောင်းယွမ်သည် လုံးဝ မျှော်လင့်ချက်မဲ့သွား သလို ခံစားလိုက်ရပေသည်။
သူ မည်မျှပင် ခုန်ပေါက်နေပါစေ သူသည် ဗုဒ္ဓမြတ်စွာ၏ လက်ဝါးပြင်ပေါ်မှ ဆွန်းဝူခုန်းကဲ့သို့သာ ဖြစ်နေခဲ့ ပေသည်။
လေးဖက်မြင်ကမ္ဘာကို ရေတွက်၍မရနိုင်သော သုံးဖက်မြင်ကမ္ဘာများဖြင့် ဖွဲ့စည်းထားပြီး တစ်ခုစီ၏ အချိန်စီးဆင်းမှုမှာ ကွဲပြားခြားနားနေမည်ဆိုပါက အာတိတ် မြွေလူသားယဉ်ကျေးမှုတွင် အမှန်တကယ် ပင် ထိုမျှလောက် စွမ်းအားများ ရှိနေပါသလားဟု သူ တွေးလိုက်မိလေသည်။
သူတို့သည် အမှန်တကယ်ပင် ပြီးပြည့်စုံပြီး အောက်ဆီဂျင်လိုအပ်သော ဉာဏ်ရည်မြင့် သက်ရှိတစ်မျိုး ကို ဖန်တီးရန်နှင့် ထို့နောက် ၎င်းတို့ကို ဂလက်ဆီဗဟိုချက်ထဲသို့ ဝင်ရောက်နိုင်ရန် ကူညီပေးရန်အတွက် သာ ဤအရာကို လုပ်ဆောင်နေခြင်းလော။
မြောက်ပိုင်းကြယ် အဖွဲ့အစည်းတွင် သူ ကြားခဲ့ရသမျှမှာ အမှန်တရား လုံးဝ မဖြစ်နိုင်ကြောင်း ကောင်းယွမ် ခံစားလိုက်ရလေသည်။
ကောင်းချိုးသည် ကောင်းယွမ်၏ ပခုံးကို ပုတ်လိုက်လေ၏။
"အရမ်းကြီး မတွေးပါနဲ့... ငါတို့မှာ ခုခံနိုင်စွမ်း မရှိသေးခင် ဇာတ်ညွှန်းအတိုင်း လိုက်လုပ်တာ အကောင်း ဆုံးပဲ... တကယ်တော့ ငါတို့ရဲ့ လက်ရှိ အခြေအနေက ဇာတ်ညွှန်းရဲ့ တစ်စိတ်တစ်ပိုင်းပဲ မဟုတ်ဘူး လား..."
ကောင်းချိုးက ပြောလိုက်လေသည်။
"စစ်သေနာပတိချုပ်ကြီး... ခင်ဗျား ကျွန်တော့်ကို မပြောပြရသေးတဲ့ အရာတစ်ခုခု ရှိနေသေးလား..."
ကောင်းချိုးသည် ခဏမျှ တွေဝေသွားခဲ့လေသည်။
သူ ရယ်မောလိုက်လေ၏။
"မင်း တကယ် သိချင်လို့လား..."
"ဟုတ်တယ်..."
"ကောင်းပြီ... ဒါဆို မင်းက ဘာကို အစစ်အမှန်လို့ ယူဆလဲ... ဘာကို ပုံရိပ်ယောင်လို့ ယူဆလဲ..."
ဤမေးခွန်းကို ကြားသောအခါ ကောင်းယွမ်မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့လေသည်။
*စစ်သေနာပတိချုပ်ကြီးက ဘာကိုပြောချင်တာလဲ…*
"ဘာကိုလဲ..."
"ဘာမှမဟုတ်ပါဘူး... ငါ ပြောတာကို နားထောင်ပါ... နေအဖွဲ့အစည်းထဲက တခြားယဉ်ကျေးမှုတွေကို အရင် ရှင်းထုတ်လိုက်ကြရအောင်... ပြီးရင် ငါ့မေးခွန်းရဲ့ အဓိပ္ပာယ်ကို မင်း နားလည်လာလိမ့်မယ်..."
ကောင်းယွမ်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရလေသည်။
သို့သော် မည်သည့်အရာက ထူးဆန်းနေသည်ကို သူ မသိနိုင်ခဲ့ပေ။
ယနေ့ သူ ကြားသိခဲ့ရသော အချက်အလက်များမှာ လွှမ်းမိုးမှု အလွန် ကြီးမားလွန်းသောကြောင့် ဖြစ်နိုင် ပေသည်။
"စစ်သေနာပတိချုပ်ကြီး... ဒါဆို ကျွန်တော် အခု ပြန်သွားရင် ခင်ဗျားရဲ့ အခွံဖောက်ထွက်ခြင်း စီမံကိန်း က အဆုံးသတ်သွားတော့မှာလား..."
"သေချာပေါက် ငါ နားထောင်မှာပေါ့... မင်း ယူလာတဲ့ အချက်အလက်တွေက အရမ်း အသုံးဝင်တယ်... ဒါနဲ့ မင်း စစ်ရေးနည်းပညာတချို့ လိုအပ်လိမ့်မယ်... အခု မင်းအတွက် ငါ စီစဉ်ပေးမယ်... ပြီးရင် မင်း အဲဒါကို ယူသွားလို့ရတယ်..."
ကောင်းယွမ် ခေါင်းညိတ်လိုက်လေ၏။
ကောင်းယွမ် ထွက်သွားပြီးနောက်တွင်။
သို့သော်လည်း ကောင်းချိုးသည် ဆန့်ကျင်ဘက်ဒြပ်ထု အင်ဂျင် တည်ဆောက်ရေးကို ရပ်တန့်ရန် အမိန့်မပေးခဲ့သေးပေ။
ကောင်းကန့်က သံသယအနည်းငယ်ဖြင့် မေးလိုက်လေသည်။
"အဖေ... ရေတွက်လို့မရနိုင်တဲ့ သုံးဖက်မြင် အပြိုင်ကမ္ဘာတွေ ရှိနေတယ်လို့ အဖေ တကယ် ပြောတာ လား..."
"သေချာတာပေါ့..."
"ဒါက ကျွန်တော်တို့ ဘယ်တော့မှ လေးဖက်မြင် ယဉ်ကျေးမှု ဖြစ်လာမှာ မဟုတ်ဘူးလို့ ဆိုလိုတာလား..."
ကောင်းချိုးသည် စကားမပြောဘဲ ကောင်းကင်သို့ ကြည့်နေခဲ့သော်လည်း စိတ်ထဲတွင် သက်ပြင်းချလိုက် လေသည်။
"လေးဖက်မြင် ယဉ်ကျေးမှု... ဒါက မှန်ကန်တဲ့ အသုံးအနှုန်း မဟုတ်ဘူး... 'လေးဖက်မြင် သက်ရှိ' လို့ သုံးမှ မှန်မှာ..."
*လူသားတွေ... ထားလိုက်ပါတော့လေ... ဘာပဲဖြစ်ဖြစ် ငါက အဓိက ဇာတ်ကောင် မဟုတ်ပါဘူး... ဒါပေမယ့် ငါ့သား… ကောင်းယွမ်ကတော့ ဟုတ်တယ်...*
"ကောင်းကန့်... တကယ်လို့ အဆင့်မြင့်ယဉ်ကျေးမှုလောကမှာ နေထိုင်ဖို့ ငါ မင်းကို တောင်းဆိုရင် မင်း ဆန္ဒရှိမလား..."
"ဘာကိုလဲ... ဒါပေမယ့် ကျွန်တော်တို့က ကွဲပြားတယ် မဟုတ်ဘူးလား..."
"ငါ ဆိုလိုတာက... မင်းကို အဆင့်မြင့်ယဉ်ကျေးမှုက သက်ရှိတွေလိုမျိုး ပြောင်းလဲပေးနိုင်မယ်ဆိုရင် မင်း သွားဖို့ ရွေးချယ်မလား ဒါမှမဟုတ် နေခဲ့ဖို့ ရွေးချယ်မလား..."
ကောင်းချိုး မည်သို့ဆိုလိုကြောင်း ကောင်းကန့် မသိခဲ့ပေ။
"အဖေ... တကယ်ပဲ အဖေ အဲဒီလို လုပ်နိုင်တယ်ဆိုရင် ဘာလို့ လူတိုင်းကို မပြောင်းလဲပေးလိုက် တာလဲ..."
ကောင်းချိုးသည် ခါးသီးစွာ ပြုံးလိုက်လေ၏။
"ငါ့မှာ အဲဒီစွမ်းရည် မရှိပါဘူး... ဒါပေမယ့် လူတစ်ယောက် ဒါမှမဟုတ် နှစ်ယောက်ကိုတော့ ငါ ပြုပြင် ပေးနိုင်ပါသေးတယ်... ဒီလိုလုပ်ကြရအောင်... မင်းရဲ့ အလုပ်တွေကို မင်းရဲ့ ဒုတိယတာဝန်ခံ ကျိုးရူဆီ လွှဲပေးလိုက်... ငါ မင်းကို အဆင့်မြင့်ယဉ်ကျေးမှုလောကဆီကို ပို့ပေးမယ်..."
ကောင်းကန့်သည် သူ၏ဖခင်ကို နားမလည်နိုင်တော့ပေ။
"ကျွန်တော် ထွက်သွားရင် အဖေ ဘာလုပ်မလဲ..."
"ရပါတယ်... ငါ့မှာ သားတွေ အများကြီး ရှိသေးတာပဲ..."
"ဟင်..."
ကောင်းချိုးက လှမ်းခေါ်လိုက်လေသည်။
'ကောင်းကန့်' ရာပေါင်းများစွာ ဝင်ရောက်လာခဲ့ကြလေ၏။
"အဖေ... ကျွန်တော့်ကို ရှာနေတာလား..."
ကောင်းကန့် အုပ်စုက ပြောလိုက်ကြလေသည်။
ကောင်းကန့်သည် လုံးဝ ဆွံ့အမှင်သက်သွားခဲ့ရလေသည်။
*ဒါတွေက... စက်ရုပ်တွေလား….* ဟု သူ တွေးလိုက်မိလေ၏။
"ဒါတွေ အားလုံးက အပြိုင်စကြဝဠာတွေကနေ လာတဲ့ မင်းရဲ့ ပုံစံတူတွေပဲ..."
ကောင်းချိုးက တည်ငြိမ်စွာ ပြောလိုက်လေသည်။
"အဖေ..."
ကောင်းကန့် ယခုအခါ ထိတ်လန့်သွားခဲ့လေပြီ။ ဤခံစားချက်ကို မည်သို့ ဖော်ပြရမည်ကို သူ မသိတော့ ပေ။ တစ်နေ့တွင် သူ၏ ပုံစံတူ ရေတွက်၍မရနိုင်သော အရေအတွက်ကို မြင်တွေ့ရလိမ့်မည်ဟု သူ တစ်ကြိမ်မျှ မတွေးထားခဲ့ဖူးပေ။
"အခု ငါက မင်းတို့ထဲက (၉၉) ယောက်ကို ပေါင်းစပ်ပြီးတော့ အဆင့်မြင့်ယဉ်ကျေးမှုလောကထဲကို ဝင် ရောက်နိုင်အောင် မင်းကို ပြုပြင်မွမ်းမံပေးမယ်... အဲဒီလိုမှမဟုတ်ရင် မင်း အဆင့်မြင့်ယဉ်ကျေးမှု လောကထဲကို ဘယ်တော့မှ ဝင်ရောက်နိုင်မှာ မဟုတ်ဘူး..."
ကောင်းကန့်မှာ အနည်းငယ် ရှုပ်ထွေးသွားခဲ့လေသည်။
"ကောင်းယွမ် သွားပြီးပြီ မဟုတ်ဘူးလား..."
"ကောင်းယွမ်က မင်းနဲ့ မတူဘူး... သူက လေးဖက်မြင် ဖြစ်ပြီး မင်းက သုံးဖက်မြင် ဖြစ်တယ်... သူ က ဘယ်တော့မှ သေမှာ မဟုတ်ဘူး..."
...
ကောင်းယွမ်သည် လက်ရှိကမ္ဘာရှိ ချင်ကျင်းမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့လေသည်။ ထို့နောက် လေ ကြောင်းရန်ကာကွယ်ရေး ဥဩသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်ကို သူ ကြားလိုက်ရလေ၏။
နောက်ထပ် ရန်သူ့ တိုက်ခိုက်မှုတစ်ခုပင် ဖြစ်လေသည်။
ကောင်းယွမ်သည် သူ၏ စစ်သင်္ဘောကို ချက်ချင်း ဆက်သွယ်လိုက်လေသည်။ သူသည် ကာကွယ်ရေး တပ်များကို ချထားရန် လကမ္ဘာသို့ သွားရောက်မည် ဖြစ်လေ၏။
သူတို့သည် အခြေစိုက်စခန်းအထိ တိုက်ခိုက်ခံလိုက်ရရာ ယင်းမှာ ရှက်ဖွယ်ကောင်းလှပေသည်။ အခြား လူတိုင်းက လိမ်လည်လှည့်ဖြားသကဲ့သို့ ကစားနေကြသော်လည်း သူတို့သည် အရှုံးပေးမည် မဟုတ်ပေ။
ကောင်းယွမ်၏ စစ်သင်္ဘော ကမ္ဘာမြေမှ ထွက်ခွာပြီး ကမ္ဘာပတ်လမ်းကြောင်းအနီးသို့ ဝင်ရောက်သွား သည်နှင့် တစ်ပြိုင်နက် တြိဂံပုံစံ စစ်သင်္ဘော ဒါဇင်ပေါင်းများစွာက ကမ္ဘာမြေအပေါ်သို့ အထက်မှနေ၍ အမျိုးမျိုးသော တိုက်ခိုက်မှုများ ပြုလုပ်နေသည်ကို သူ မြင်တွေ့လိုက်ရလေသည်။
လျှပ်စစ်သံလိုက်အမြောက်မှ ပစ်ခတ်လိုက်သော ကျည်ဆန်များသည် လေထုကို ဖြတ်သန်းသွားကာ မီး တောက်လမ်းကြောင်းများ ချန်ရစ်ခဲ့လေသည်။ လေယာဉ်ပစ် ဒုံးကျည်များ၏ လမ်းကြောင်းများသည် ဤမီးတောက်လမ်းကြောင်းများနှင့် အဆက်မပြတ် ဖြတ်သန်းသွားခဲ့သော်လည်း အချို့သော ကျည်ဆန် များမှာ မြေပြင်သို့ ကျရောက်သွားခဲ့ပေသည်။ မြေပြင်ကို ဝင်တိုက်သော အရှိန်ပြင်း ကျည်ဆန်များသည် မြေငလျင်အသေးစားတစ်ခုကို ဖြစ်ပေါ်စေခဲ့လေသည်။
ကြည့်နေရင်းပင် ကောင်းယွမ်၏ မျက်လုံးများ နီရဲလာခဲ့လေသည်။
ဤအရာမှာ ကိုယ့်ကိုယ်ကိုယ် ပါးရိုက်ခံလိုက်ရခြင်းပင် ဖြစ်ပေသည်။
ယခု သူ ပြန်ရောက်လာပြီဖြစ်ရာ စစ်သင်္ဘောအုပ်စု၏ ကွပ်ကဲမှုအာဏာသည် သူ၏ လက်ထဲသို့ တိုက်ရိုက် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။
ကောင်းယွမ်သည် သူ၏ စစ်သင်္ဘောအုပ်စုကို ဦးဆောင်ကာ ရန်သူများကို ရင်ဆိုင်ရန် ထွက်လာခဲ့လေ သည်။ သူတို့ မည်သည့်ဘက်မှဖြစ်ကြောင်းကို သူ မသေချာသော်လည်း မည်သူပင်ဖြစ်စေကာမူ ကမ္ဘာ မြေသို့ ရောက်ရှိလာပြီဖြစ်ရာ သူ ပြန်လည်တိုက်ခိုက်ရမည် ဖြစ်ပေတော့သည်။
ကောင်းယွမ် ပြန်ရောက်လာပြီးနောက် လကမ္ဘာပေါ်ရှိ ကွမ်ဟန်နန်းတော် အခြေစိုက်စခန်းသည် စစ်သင်္ဘောများ တည်ဆောက်ရေးကို ၎င်း၏ အင်အားအားလုံးဖြင့် ထပ်မံ အာရုံစိုက် လုပ်ဆောင်ခဲ့ လေသည်။
ယခုအခါ စစ်သင်္ဘော အရေအတွက်သည် ယခင်ကထက် ပိုမိုများပြားလာခဲ့ပြီ ဖြစ်၏။ ကောင်းယွမ်၏ ကွပ်ကဲမှုအောက်တွင် ကမ္ဘာမြေ၏ ကာကွယ်ရေးကို ကူညီပေးရန်အတွက် ဧရာမ စစ်သင်္ဘောအုပ်စုကြီး တစ်ခုသည် လကမ္ဘာမှ ပျံတက်လာခဲ့လေသည်။
စစ်သင်္ဘော ရာပေါင်းများစွာသည် ကမ္ဘာပတ်လမ်းကြောင်းအနီးတွင် စတင် တိုက်ခိုက်ခဲ့ကြလေတော့ သည်။