အခန်း (၁၉၉-၂၀၀)
Vol. 20 Ch. 199-200
အခန်း (၁၉၉) ကမ္ဘာပျက်ကပ်ဆိုးကြီး
တိုက်ပွဲစတင်သည်နှင့် တစ်ပြိုင်နက် ကောင်းယွမ်သည် သူ၏ စစ်သင်္ဘောများမှာ အရေးနိမ့်နေကြောင်း ကို တွေ့ရှိလိုက်ရလေသည်။
အမြန်နှုန်းနှင့် လက်နက်တပ်ဆင်မှု အပိုင်း နှစ်ခုစလုံးတွင် များစွာ ကွာခြားနေပြီး မိနစ်အနည်းငယ် အတွင်းမှာပင် စစ်သင်္ဘော အနည်းဆုံး ငါးစင်းခန့် ပျက်ကျသွားသည်ကို ကောင်းယွမ် မြင်တွေ့လိုက် ရလေသည်။
ကောင်းယွမ်သည် ယခင်က အခြားယဉ်ကျေးမှုများနှင့် ညှိနှိုင်းဆွေးနွေးမှုမှတစ်ဆင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်နိုင်ရန် စိတ်ကူးယဉ်ခဲ့ဖူးသော်လည်း ယခုအခါ သူတို့သည် ညှိနှိုင်းရန် အခွင့်အရေးကို လုံးဝ ပေးမလာခဲ့ပေ။ ဤမျှ တိုတောင်းလှသော အချိန်ကာလလေးအတွင်းမှာပင် သူတို့သည် ကမ္ဘာမြေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြပြီး ဖြစ်လေသည်။
ကောင်းချိုး၏ ယခင် ခန့်မှန်းချက်မှာ မှန်ကန်နေခဲ့ပုံရလေသည်။ ဤယဉ်ကျေးမှုများသည်လည်း သူတို့ ကဲ့သို့ပင် ကွဲပြားခြားနားသော အချိန်စီးဆင်းမှုများရှိသည့် အနာဂတ်ကမ္ဘာများမှ ထောက်ပံ့မှုများကို ရရှိခဲ့ကြခြင်း ဖြစ်နိုင်ပေသည်။ သို့မဟုတ်ပါက ဤကဲ့သို့သော စွမ်းဆောင်ရည်မျိုးဖြင့် သူတို့သည် နေ အဖွဲ့အစည်း တစ်ခုလုံးကို ကြာမြင့်စွာကတည်းက ထိန်းချုပ်ထားနိုင်ခဲ့လောက်ပြီ ဖြစ်လေသည်။
ကောင်းယွမ်၏ ရင်ထဲတွင် ကူကယ်ရာမဲ့သော ခံစားချက်လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်သွားခဲ့လေ၏။
မူလက သူသည် မိမိကိုယ်ကိုယ် ရွေးချယ်ခံရသူတစ်ဦးဟု ထင်မှတ်ထားခဲ့မိလေသည်။
သို့သော် ယခုအခါတွင် သူသည် ကမ္ဘာမြေပေါ်ရှိ ကံထူးရှင်တစ်ဦးမျှသာ ဖြစ်ပြီး အခြားသော ယဉ်ကျေး မှုများတွင်လည်း ထိုကဲ့သို့ပင် ကံထူးရှင်များ သေချာပေါက် ရှိနေခဲ့မည်မှာ ထင်ရှားနေပေသည်။
ထိုသို့သော ယဉ်ကျေးမှုမျိုးမှသာလျှင် နယ်မြေချဲ့ထွင်လိုသော ဆန္ဒပြင်းပြမှုများဖြင့် ပြည့်နှက်နေနိုင်မည် ဖြစ်လေသည်။
ဤအချိန်တွင် လကမ္ဘာ စစ်သင်္ဘောအုပ်စုမှ လအဆင့် စစ်သင်္ဘောများသည် ထိုရန်သူ့စစ်သင်္ဘောများကို အသေခံတိုက်ခိုက်မှုများ စတင်ပြုလုပ်လာကြလေတော့သည်။
ဤစစ်သင်္ဘောများအားလုံးကို စက်ရုပ်များဖြင့်သာ ထိန်းချုပ်ထားခြင်း ဖြစ်ပေသည်။
သို့တိုင်အောင် ထိုမြင်ကွင်းမှာ အလွန် ကြေကွဲဖွယ်ကောင်းသော ခံစားချက်များဖြင့် ပြည့်နှက်လျက် ရှိနေခဲ့လေသည်။
ကောင်းယွမ်သည် သူ၏ ကိုယ်ပိုင် စစ်သင်္ဘောသုံးစင်းက တြိဂံပုံစံ ဂြိုဟ်သားစစ်သင်္ဘောတစ်စင်းကို ကွဲပြားသော လမ်းကြောင်းသုံးခုမှနေ၍ ဝင်တိုက်သွားသည်ကို မြင်တွေ့လိုက်ရလေသည်။
၎င်းတို့အနက်မှ စစ်သင်္ဘောနှစ်စင်းမှာ အနီးသို့ပင် မရောက်မီ ဖျက်ဆီးခံလိုက်ရပြီး နောက်ဆုံးစစ် သင်္ဘောတစ်စင်းမှာ လေဆာအလင်းတန်းများကြားတွင် အစွမ်းကုန် ရှောင်တိမ်းခဲ့သော်လည်း နောက် ဆုံးတွင် ပစ်ခတ်ခံလိုက်ရကာ ရန်သူ့စစ်သင်္ဘောကို ဝင်တိုက်မိသွားခဲ့လေတော့သည်။
မတူညီသော ယဉ်ကျေးမှုများမှ စစ်သင်္ဘောနှစ်စင်းမှာ အထိန်းအကွပ်မဲ့သွားပြီးနောက် အာကာသ မီးရှူးမီးပန်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ အပိုင်းအစများစွာမှာ ကမ္ဘာ့လေထုအတွင်းသို့ ပြုတ်ကျလာခဲ့ပေတော့သည်။
ထိုဂြိုဟ်သားစစ်သင်္ဘောများအားလုံး၏ မျက်နှာပြင်တွင် စွမ်းအင် အကာအကွယ်လွှာတစ်ခုစီ ရှိနေ ကြပြီး မိမိတို့ဘက်မှ စစ်သင်္ဘောများ၏ လေဆာအမြောက်များမှာ ယင်းကို လုံးဝ ဖောက်ထွင်းနိုင်စွမ်း မရှိခဲ့ပေ။
အလွန် ကြီးမားလှသော ရူပဗေဒဆိုင်ရာ အရွေ့စွမ်းအင် ပါဝင်သည့် လျှပ်စစ်သံလိုက်အမြောက်မှ ပစ် ခတ်လိုက်သော ကျည်ဆန်များသာလျှင် ထိုအကာအကွယ်လွှာကို အနည်းငယ် တုန်ခါသွားစေနိုင်စွမ်း ရှိလေသည်။
ကောင်းယွမ်၏ ရင်ထဲတွင် မျှော်လင့်ချက်မဲ့မှုလှိုင်းတံပိုးကြီးတစ်ခု ဖြတ်သန်းသွားခဲ့လေ၏။
ဤသို့ဆိုလျှင် ဖြစ်မည်မဟုတ်ပေ။
စစ်သင်္ဘော အရေအတွက်မှာ အတူတူခန့် ရှိနေသော်လည်း မိမိတို့ စစ်သင်္ဘောများ၏ စွမ်းဆောင်ရည်မှာ အဆမတန် နိမ့်ကျနေခဲ့လေသည်။
အကယ်၍သာ နေအဆင့် စစ်သင်္ဘော သို့မဟုတ် စူပါ နေအဆင့် စစ်သင်္ဘော ဖြစ်နေခဲ့မည်ဆိုလျှင် ပြိုင်ဘက်ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိနေဦးမည် ဖြစ်လေသည်။
လအဆင့် စစ်သင်္ဘောများသည် ကမ္ဘာမြေ၏ တိုက်ခိုက်ရေးစွမ်းအား အမြင့်ဆုံးအဆင့် ဖြစ်နေပြီ ဖြစ် သော်လည်း ၎င်းတို့နှင့် နှိုင်းယှဉ်လိုက်သည့်အခါ အလွန်ပင် အားနည်းလွန်းနေသေးပေသည်။
ကောင်းယွမ်သည် ပိုမို အဆင့်မြင့်သော စစ်သင်္ဘောများကို ထုတ်လုပ်လိုခဲ့လျှင်ပင် ဤအဟန့်အတားကို ဦးစွာ ကျော်လွှားနိုင်ရန် လိုအပ်နေပေသည်။
ဤစစ်သင်္ဘော တိုက်ပွဲကြီးအတွင်းတွင် စစ်သင်္ဘောအုပ်စုတစ်ခုလုံးမှာ အနှေးနှင့်အမြန်ဆိုသလို လုံးဝ ပျက်စီးသွားရတော့မည် ဖြစ်လေသည်။
ကောင်းချိုးသည် ဆီးရက်စ်ဂြိုဟ်သိမ်ကို တိုက်ခိုက်ခဲ့စဉ်က ကောင်းကင်ယံမှ ရေတွက်၍မရနိုင်သော စက်ရုပ်ဝတ်စုံများ မိုးရွာချသကဲ့သို့ ဆင်းသက်လာကာ ဆီးရက်စ်ဂြိုဟ်သိမ်၏ ကာကွယ်ရေးစနစ်ကို တိုက်ရိုက် ချိုးဖောက်နိုင်ခဲ့သည့်အချိန်ကို ကောင်းယွမ် ပြန်လည်သတိရသွားခဲ့လေ၏။
ထို့ကြောင့် ကောင်းယွမ်သည် စက်ရုပ်ဝတ်စုံများကို ဝတ်ဆင်၍ စစ်သင်္ဘောများထဲမှ ခုန်ထွက်ကြရန် စက်ရုပ်များကို အမိန့်ပေးလိုက်လေတော့သည်။ စက်ရုပ်ဝတ်စုံများမှာ အရွယ်အစား သေးငယ်ပြီး ဆန့်ကျင်ဘက်ဒြပ်ထု ကျည်ဆန်များ တပ်ဆင်ထားသည့်အတွက် တိုက်ခိုက်မှုများကို ပိုမို ထိရောက်စွာ ရှောင်တိမ်းနိုင်စွမ်း ရှိကြပေသည်။
မကြာမီမှာပင် သောင်းနှင့်ချီသော စက်ရုပ်ဝတ်စုံများသည် စစ်သင်္ဘောများထဲမှ ခုန်ထွက်လာကြပြီး ဂြိုဟ်သားစစ်သင်္ဘောများထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြလေတော့သည်။
ကောင်းယွမ် ကိုယ်တိုင်လည်း စက်ရုပ်ဝတ်စုံတစ်ခုကို ဝတ်ဆင်ကာ စစ်သင်္ဘောပေါ်မှ ခုန်ထွက်လိုက် လေသည်။
ထိုအချိန်တွင် ကောင်းယွမ်၏ ရင်ထဲရှိ သွေးများမှာ ဆူပွက်လာခဲ့လေတော့သည်။
*ကမ္ဘာမြေကို ကာကွယ်ရမယ်…၊ လူသားမျိုးနွယ်ကို ကာကွယ်ရမယ်...*
ထိုအချိန်မှာပင်။
များပြားလှသော စက်ရုပ်ဝတ်စုံ အုပ်စုကြီးမှာ ဆင်ကြီးတစ်ကောင်ကို ဝိုင်းဝန်းတိုက်ခိုက်နေကြသည့် ဟိုင်အီးနား တောခွေးအုပ်ကြီးနှင့် တူနေခဲ့လေသည်။ ရန်သူ၏ စစ်သင်္ဘောများမှာ အဆင့်မြင့်မားလှ သော်လည်း သူတို့၏ တိုက်ခိုက်မှု ရလဒ်များမှာ အဆက်မပြတ် ကျဆင်းလာခဲ့ပေသည်။
စက်ရုပ်ဝတ်စုံများသည် စစ်သင်္ဘောများထံသို့ ပြေးဝင်သွားကြပြီး စွမ်းအင် အကာအကွယ်လွှာကို ထိုးဖောက်ရန်အတွက် ဆန့်ကျင်ဘက်ဒြပ်ထု ကျည်ဆန်များကို အသုံးပြုခဲ့ကြလေသည်။ လအဆင့် စစ်သင်္ဘောများတွင် ဆန့်ကျင်ဘက်ဒြပ်ထု အမြောက်များ သေချာပေါက် ရှိနေကြသော်လည်း တစ် ကြိမ်လျှင် တစ်ချက်သာ ပစ်ခတ်နိုင်ပြီး ပြင်ဆင်ချိန်လည်း အလွန် ကြာမြင့်လေသည်။
သို့သော် စက်ရုပ်ဝတ်စုံများကမူ ကွဲပြားခြားနားနေခဲ့ပေသည်...၊
ဆန့်ကျင်ဘက်ဒြပ်ထု ကျည်ဆန်များမှာ အရွယ်အစား သေးငယ်သော်လည်း ရန်သူ၏ စွမ်းအင် အကာ အကွယ်လွှာကို ထိုးဖောက်ရန်အတွက် အရွယ်အစား ကွက်တိဖြစ်နေခဲ့လေသည်။ အကာအကွယ်လွှာ ပြန်လည် ပုံမှန်မဖြစ်လာမီမှာပင် စက်ရုပ်ဝတ်စုံများသည် ရန်သူ့စစ်သင်္ဘောများပေါ်သို့ တိုက်ရိုက် ခုန် တက်သွားကြပြီး ဆန့်ကျင်ဘက်ဒြပ်ထု ကျည်ဆန်များဖြင့် သင်္ဘောကိုယ်ထည်ကို ဆက်လက်၍ ဖျက်ဆီး ပစ်ကြလေတော့သည်...။
ထို့အပြင် လေဆာအလင်းတန်းများဖြင့်လည်း စစ်သင်္ဘောများ၏ အရေးကြီးသော အစိတ်အပိုင်းများကို ဖြတ်တောက်နိုင်ခဲ့ကြလေသည်။
ဤနည်းဗျူဟာမှာ လျင်မြန်စွာပင် အလုပ်ဖြစ်သွားခဲ့ပေသည်။
ရန်သူ့ဘက်မှ စစ်သင်္ဘော ဒါဇင်ပေါင်းများစွာမှာ ဆက်တိုက်ဆိုသလို ပျက်စီးဆုံးရှုံးသွားခဲ့ရလေသည်။
ကောင်းယွမ်မှာ အလွန် ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။
ထိုအချိန်မှာပင် ရန်သူ၏ အဓိကစစ်သင်္ဘောကြီးထံမှ အဖြူရောင် အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်သွားပြီး အဖြူရောင် အလင်းလှိုင်းကြီးတစ်ခုမှာ လျင်မြန်စွာ ပျံ့နှံ့ထွက်ပေါ်လာခဲ့လေသည်။
ထိုအလင်းလှိုင်း ရိုက်ခတ်သွားသော နေရာတိုင်းရှိ သူ၏ စက်ရုပ်ဝတ်စုံများမှာ အထိန်းအကွပ်မဲ့သွား ကြပြီး တစ်ခုပြီးတစ်ခု ပြုတ်ကျသွားကြသည်ကို ကောင်းယွမ် မြင်တွေ့လိုက်ရလေတော့သည်။
"ဒါ ဘာကြီးလဲ..."
မကြာမီမှာပင် ထိုအလင်းလှိုင်းသည် ကောင်းယွမ်ထံသို့ ရိုက်ခတ်လာခဲ့ပြီး ထိုအချိန်တွင် စက်ရုပ်ဝတ်စုံ ၏ ဉာဏ်ရည်တုစနစ်မှာ ချို့ယွင်းသွားပြီဖြစ်ကြောင်းကို ကောင်းယွမ် တွေ့ရှိလိုက်ရလေ၏။
သူ၏ ကိုယ်ပိုင် စက်ရုပ်ဝတ်စုံမှာလည်း လျင်မြန်စွာ ပြုတ်ကျလာခဲ့လေတော့သည်။
အရေးကြီးလှသော ထိုအချိန်တွင် သူသည် လူကိုယ်တိုင် ထိန်းချုပ်ရသည့် စနစ်သို့ ချက်ချင်း ပြောင်းလဲ လိုက်လေတော့သည်။
သူသည် မီတာ (၁၀,၀၀၀) အောက်သို့ ပြုတ်ကျမသွားမီမှာပင် သူ၏ စက်ရုပ်ဝတ်စုံကို ပြန်လည် ထိန်း ချုပ်နိုင်ခဲ့ပြီး စစ်မြေပြင်ဆီသို့ ပြန်လည် မောင်းနှင်သွားနိုင်ခဲ့သော်လည်း ထိုအချိန်တွင် သူ၏ စက်ရုပ် ဝတ်စုံမှာ လုံးဝနီးပါး ပျက်စီးနေခဲ့ပြီ ဖြစ်လေသည်။
ဤအချိန်တွင် အခြေအနေမှာ တစ်ဖန် ပြောင်းပြန်လန်သွားခဲ့ပြန်လေ၏။
ကောင်းယွမ်သည် သူ၏ စစ်သင်္ဘောများကိုသာ အားကိုးနိုင်တော့မည် ဖြစ်လေသည်။
သို့သော် သူ၏ စစ်သင်္ဘောအုပ်စုကြီးမှာ အချိန်ကြာကြာ တောင့်ခံနိုင်မည်မဟုတ်ကြောင်းကို သူ ကောင်းစွာ သိရှိနေခဲ့ပေသည်။
လူသားမျိုးနွယ်သည် ပထမဆုံး ဖျက်ဆီးခံရမည့် ယဉ်ကျေးမှုတစ်ခုအဖြစ် ကံကြမ္မာက သတ်မှတ်ထား ခြင်းလောဟု သူ တွေးလိုက်မိလေသည်။
ကောင်းယွမ်သည် ဤအခြေအနေကို လက်ခံရန် လုံးဝ ဆန္ဒမရှိခဲ့ပေ...၊
စစ်သင်္ဘောအုပ်စုကြီးသာ ပျက်စီးသွားခဲ့ပါက ကမ္ဘာမြေသည် ဤကျူးကျော်သူများကို မည်သို့မျှ တားဆီးနိုင်တော့မည် မဟုတ်ပေ။
ကောင်းယွမ်သည် နောက်သို့ လှည့်ကြည့်လိုက်လေ၏...။
ရှနိုင်ငံ၏ အာကာသစခန်းကြီးက ၎င်း၏ ကန့်သတ်ချက်ရှိသော စွမ်းအားကို အသုံးပြုကာ ရန်သူ့စစ် သင်္ဘောတစ်စင်းကို ဝင်ရောက်တိုက်ခိုက်နေသည်ကို သူ မြင်တွေ့လိုက်ရလေသည်။
သို့သော် ထိုစစ်သင်္ဘောပေါ်မှ အဖြူရောင် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့ပြီးနောက်...၊
လျှပ်စစ်သံလိုက်အမြောက် အသက်ဝင်လာကာ လုံးဝန်းသော သံလုံးကြီးတစ်လုံးက အာကာသ စခန်းကြီးကို တိုက်ရိုက် ဖောက်ထွင်းသွားခဲ့ပြီး အတွင်းဘက်၌ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာခဲ့လေတော့သည်။
ကောင်းယွမ်၏ မျက်လုံးများမှာ ချက်ချင်းပင် နီရဲသွားခဲ့လေတော့သည်။
ရှနိုင်ငံသည် ၎င်း၏ ပထမဆုံးသော အဓိက မော်ဂျူးလ်ကို လွှတ်တင်ခဲ့စဉ်က တစ်နိုင်ငံလုံး ဝမ်းမြောက် ဝမ်းသာဖြစ်ကာ အောင်ပွဲခံခဲ့ကြသည့် စိတ်လှုပ်ရှားဖွယ် အချိန်ကာလများကို သူ ပြန်လည် သတိရသွား ခဲ့ပေသည်။
သို့သော် ယခုတော့...၊
အလုံးစုံ တည်ဆောက်ပြီးစီးသွားခဲ့ပြီဖြစ်သော ထိုအာကာသစခန်းကြီးမှာ ဖျက်ဆီးခံလိုက်ရပြီ ဖြစ် လေသည်။
ပုရွက်ဆိတ်တစ်ကောင်ကို နင်းချေလိုက်သကဲ့သို့ မည်သည့် လှိုင်းဂယက်မျှပင် ထွက်ပေါ်မလာခဲ့ပေ။
အခန်းတွင်းရှိ အာကာသယာဉ်မှူးများနှင့်အတူ ၎င်းတို့အားလုံးမှာ စကြဝဠာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေတော့သည်။
ကောင်းယွမ်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ စက်ရုပ်ဝတ်စုံဖြင့် ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့လေတော့သည်။
လေထဲတွင် ရန်သူ့စစ်သင်္ဘောမှ အမျိုးမျိုးသော တိုက်ခိုက်မှုများကို လျင်မြန်စွာ ရှောင်တိမ်းရင်း ကောင်းယွမ်သည် ရန်သူ့စစ်သင်္ဘောပေါ်သို့ အောင်မြင်စွာ တွယ်ကပ်နိုင်ခဲ့လေသည်။ ထို့နောက် စွမ်းအင် အကာအကွယ်လွှာကို ဖောက်ထွင်းကာ ရန်သူ့သင်္ဘော ကိုယ်ထည်တွင် ကြီးမားသော အပေါက်ကြီး တစ်ခုဖြစ်သွားစေရန် ဆန့်ကျင်ဘက်ဒြပ်ထု ကျည်ဆန်များကို အသုံးပြုလိုက်လေ၏။
ယင်းနောက် ကောင်းယွမ်သည် စစ်သင်္ဘောအတွင်းသို့ လျှပ်တစ်ပြက် ဝင်ရောက်သွားခဲ့ပြီး အတွင်းရှိ အမှုထမ်းများကို စတင် သတ်ဖြတ်လေတော့သည်။
ဤသည်မှာ အတွင်းရှိ 'လူသားများ' ကို ကောင်းယွမ် ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်းပင် ဖြစ်ပေသည်။
တစ်ဖက်လူမှာ သောကြာဂြိုဟ်သားလား ဗုဒ္ဓဟူးဂြိုဟ်သားလားဆိုသည်ကို သေချာစွာ မသိရသော် လည်း မည်သို့ပင်ဖြစ်စေကာမူ သူတို့မှာ အရပ် (၈၀) စင်တီမီတာခန့်သာရှိပြီး အလွန် ပုတိုနေသော်လည်း လူသားများနှင့် အလွန် တူညီနေကြလေသည်။
ကောင်းယွမ်၏ ဝင်ရောက်ကျူးကျော်မှုသည် သိုးအုပ်ထဲသို့ ကျားတစ်ကောင် ဝင်ရောက်လာသကဲ့သို့ ဖြစ်နေပြီး မကြာမီမှာပင် စစ်သင်္ဘောပေါ်ရှိ 'လူများ' အားလုံး ပျောက်ကွယ်သွားခဲ့လေတော့သည်။
ကောင်းယွမ်သည် ထိန်းချုပ်ရေးချပ်စ်ပြားကို ဖျက်ဆီးပစ်လိုက်လေ၏။
ထိုစစ်သင်္ဘောကြီးမှာ အထိန်းအကွပ်မဲ့စွာ သောင်းကျန်းလာခဲ့လေတော့သည်။ ကောင်းယွမ်သည် စစ်သင်္ဘောထဲမှ ပြန်လည် ထွက်ခွါလာခဲ့ပြီးနောက် ၎င်းမှာ ပြင်းထန်စွာ တုန်ခါသွားကာ ပတ်ဝန်းကျင်ရှိ ဂြိုဟ်သားစစ်သင်္ဘောများကို ဝင်တိုက်သွားသည်ကို မြင်တွေ့လိုက်ရလေသည်...။
စစ်သင်္ဘောနှစ်စင်း ဆက်တိုက် ဖျက်ဆီးခံလိုက်ရပြီးနောက် အခြားစစ်သင်္ဘောများသည် ၎င်းကို ရှောင်ရှားရန် အပြေးအလွှား ကြိုးစားလာကြသော်လည်း ယင်းက သူတို့၏ ဖွဲ့စည်းပုံကို ဖရိုဖရဲ ဖြစ်သွားစေခဲ့ပြီး စစ်သင်္ဘောများ ပိုမို ဝင်တိုက်မိလာကြလေတော့သည်...။
ထိုအချိန်မှာပင် ကောင်းယွမ်သည် အသက်ရှင်ကျန်ရစ်နိုင်မည့် မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခုကို မြင်တွေ့လိုက်ရလေသည်။
သူသည် ထိုနည်းအတိုင်း နောက်တစ်ကြိမ် ထပ်မံ လုပ်ဆောင်လိုက်ပြန်လေသည်။
အခြားစစ်သင်္ဘောတစ်စင်းထံသို့ ပျံသန်းသွားရာတွင် သူ၏ ထူးခြားသော စွမ်းရည်ကြောင့်ဖြစ်စေ သို့မဟုတ် ကံကောင်းလွန်းခြင်းကြောင့်ဖြစ်စေ ကောင်းယွမ်သည် ထူထပ်လှသော လေဆာအလင်း တန်းများနှင့် လျှပ်စစ်သံလိုက် ဒုံးကျည်များကြားမှ အနာအဆာကင်းစွာဖြင့် ထွက်ပေါ်လာနိုင်ခဲ့လေ သည်...။
နောက်ထပ် စစ်သင်္ဘောတစ်စင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီးနောက် ကောင်းယွမ် ပြန်လည် ထွက်ပေါ်လာချိန်တွင် ထိုစစ်သင်္ဘောမှာလည်း အထိန်းအကွပ်မဲ့စွာ သောင်းကျန်းလာခဲ့ပြန်လေတော့ သည်။
ဤအချိန်တွင် မြေပြင်ပေါ်ရှိ ရှနိုင်ငံ အာကာသစင်တာ၌ ခန်းမကြီးအတွင်းရှိ စခရင်မျက်နှာပြင်ကြီးပေါ် တွင် ဤအာကာသစစ်ပွဲ၏ တိုက်ရိုက် မြင်ကွင်းများကို ဂြိုဟ်တုမှတစ်ဆင့် ထုတ်လွှင့်ပြသနေခဲ့လေ သည်…။
ခန်းမကြီးအတွင်းရှိ လေထုမှာ အလွန် လေးလံနေခဲ့ပြီး လူတိုင်းက ဤစစ်ပွဲကြီးကို စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေခဲ့ကြပေသည်။
ကောင်းယွမ်၏ စစ်သင်္ဘောများသည် ရန်သူ့စစ်သင်္ဘောအုပ်စု၏ တိုက်ခိုက်မှုများကို မယှဉ်နိုင်တော့ဘဲ အသေခံတိုက်ခိုက်မှုများကိုသာ ပြုလုပ်နေရသည်ကို မြင်တွေ့လိုက်ရသောအခါ အချို့သောလူများမှာ ငိုကြွေးကုန်ကြလေတော့သည်။
ရှနိုင်ငံ၏ အာကာသစခန်းကြီးက ဂြိုဟ်သားစစ်သင်္ဘောတစ်စင်းနှင့် တဖြည်းဖြည်း ဝင်တိုက်သွားသော အခါ လူတိုင်း၏ လည်ချောင်းထဲတွင် တစ်ဆို့သွားသကဲ့သို့ ခံစားလိုက်ကြရလေ၏။
သူတို့သည် ရလဒ်ကို ကောင်းစွာ သိရှိနေခဲ့ကြသော်လည်း အံ့ဖွယ်အမှုတစ်ခု ဖြစ်လာမည်ကို မျှော်လင့် နေခဲ့ကြဆဲပင် ဖြစ်လေသည်။
အာကာသဟင်းလင်းပြင်ကြီးထဲတွင် အထီးကျန် စက်ရုပ်ဝတ်စုံတစ်စင်းက သူတို့၏ မျက်နှာချင်းဆိုင်ရှိ ဧရာမ စစ်သင်္ဘောအုပ်စုကြီးထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်ကို မြင်တွေ့လိုက်ရသောအခါ... လူတိုင်း၏ ရင်ထဲတွင် နက်ရှိုင်းလှသော ဝမ်းနည်းကြေကွဲမှုများကို ခံစားလိုက်ကြရလေတော့သည်။
အရာအားလုံး အဆုံးသတ်သွားခဲ့ပြီ ဖြစ်ကာ လူသားမျိုးနွယ်မှာ မျိုးတုံးပျောက်ကွယ်ရန် သတ်မှတ် ခံလိုက်ရပြီ ဖြစ်လေသည်။
သို့သော်လည်း အံ့ဖွယ်အမှုတစ်ခု အမှန်တကယ် ဖြစ်ပေါ်လာခဲ့ပေသည်။
အခန်း (၂၀၀) သူ ပြန်လည်ရှင်သန်လာခဲ့ပြီ။
ဆင်အုပ်ကြီးထဲသို့ ခြင်တစ်ကောင် တိုးဝင်သွားသကဲ့သို့ပင် ဖြစ်၏။
လူတိုင်းက ကောင်းယွမ်၏ တိုက်ခိုက်မှုကို မိမိကိုယ်ကိုယ် သေကြောင်းကြံခြင်းဟုသာ ထင်မြင်ခဲ့ကြ လေသည်။
သို့သော် အံ့ဖွယ်အမှုတစ်ခုမှာ အမှန်တကယ်ပင် ဖြစ်ပျက်ခဲ့ပေသည်။
တစ်ဖက်မှ ပစ်ခတ်လိုက်သည့် လေဆာတန်းများသည် ဖောက်ထွက်ရန် မဖြစ်နိုင်သော တိုက်ခိုက်ရေး ကွန်ရက်တစ်ခုကို ဖန်တီးထားရာ ကောင်းယွမ် ရှင်သန်နိုင်လိမ့်မည်ဟု မည်သူမျှ မယုံကြည်ခဲ့ကြပေ။ သို့သော်လည်း ကောင်းယွမ်သည် ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမရဘဲ ထိုတိုက်ခိုက်မှုများကို ဖြတ် ကျော်ဝင်ရောက်သွားခဲ့လေသည်။
ထိုအခါမှစ၍ အခြေအနေများမှာ ပြောင်းပြန် ဖြစ်သွားခဲ့တော့၏။ စစ်သင်္ဘောတစ်စင်းမှာ ထိန်းချုပ်မှု လွတ်ကင်းသွားပြီး အခြားသော စစ်သင်္ဘောများကို ဝင်တိုက်မိရာမှတစ်ဆင့် ဂြိုဟ်သားတို့၏ စစ် သင်္ဘောများမှာ တစ်စင်းပြီးတစ်စင်း ပျက်စီးလာခဲ့လေသည်။
ကောင်းယွမ်၏ စက်ရုပ်ဝတ်စုံမှာ မုန်တိုင်းထဲမှ လှေငယ်တစ်စင်းကဲ့သို့ လှိုင်းလုံးများကြားတွင် အမြဲ တမ်း လွင့်မျောနေခဲ့ပေသည်။ လူတိုင်းသည် သူတို့၏ အသက်ကို အောင့်ထားခဲ့ကြ၏။ ကောင်းယွမ် သည် လူသားတို့၏ နောက်ဆုံး မျှော်လင့်ချက်ပင် ဖြစ်ပေတော့သည်။
ထိုအချိန်တွင် ကောင်းယွမ်သည် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကိုပင် မေ့လျော့နေခဲ့ပြီ ဖြစ်ပေသည်။ သူသည် စစ်သင်္ဘော အမျိုးမျိုးပေါ်တွင် ဟိုမှသည်သို့ ကူးလူး ပျံသန်းနေခဲ့လေ၏။ သူ အင်အားကုန်ခမ်း သွားချိန်တွင်မှ ကျင်းသယ် ပူးပေါင်းရေတပ်ကြီးမှာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီ ဖြစ်ကြောင်း သတိပြုမိ လိုက်လေသည်။
ထိုအချိန်တွင် အာကာသစင်တာ၏ ခန်းမကြီးအတွင်း၌ ဟစ်ကြွေးသံများ ဟိန်းထွက်လာခဲ့တော့သည်။
"ငါတို့ နိုင်ပြီ..."
"ကောင်းယွမ် နိုင်သွားပြီ..."
"လူသားမျိုးနွယ်ကို ကယ်တင်နိုင်ပြီ..."
"ကမ္ဘာကြီးကို ကယ်တင်နိုင်ပြီ..."
ငါးရံ့နက် နည်းပညာစက်မှုဇုန်၏ အစည်းအဝေးခန်းမအတွင်းရှိ မျက်နှာပြင်ကြီးပေါ်တွင် ကောင်းယွမ် တစ်ဦးတည်း ဂြိုဟ်သားတပ်ဖွဲ့ကို တိုက်ခိုက်နေသည့် မြင်ကွင်းကို ပြသနေခဲ့လေသည်။ ကျန်းပိုင်ရီ၏ မျက်လုံးများမှာ နီရဲလာခဲ့လေ၏။
ပိုင်မော့ယွီ၏ နှုတ်ခမ်းများမှာ တုန်ရင်နေပြီး မျက်ရည်များမှာ သူမ၏ ပါးစပ်ထဲသို့ စီးဝင်နေခဲ့ပေသည်။ လင်းမေသည် တစ်ချိန်ချိန်တွင် မတ်တပ်ရပ်နေခဲ့ပြီး ဤအပြုအမူက ကောင်းယွမ်ကို ခွန်အားပေး နိုင်မည်ဟု ယူဆနေသကဲ့သို့ပင် ဖြစ်၏။
အာကာသထဲတွင် ရပ်နေရင်း ကောင်းယွမ်သည် အထီးကျန်ဆန်မှုကိုသာ ခံစားနေရလေသည်။ မှောင် မိုက်နေသော စကြဝဠာထဲတွင် သူသည် တစ်ယောက်တည်းသာ ရှိနေခဲ့ပေသည်။
"ငါတို့ နိုင်သွားပြီလား..."
သူသည် အမှန်တကယ်ပင် ပူးပေါင်းရေတပ်ကြီး တစ်ခုလုံးကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ ကောင်းယွမ်၏ စွမ်းအင်များ ကုန်ခမ်းနေပြီ ဖြစ်သလို စက်ရုပ်ဝတ်စုံ၏ စွမ်းအင်မှာလည်း ကုန်လုနီးပါး ဖြစ်နေခဲ့ပေသည်။ အာကာသထဲမှ မှိန်ဖျော့ဖျော့ နေရောင်ခြည်ကသာ စက်ရုပ်ဝတ်စုံ၏ စွမ်းအင်ကို ပြန်လည် ဖြည့်တင်းပေးထားနိုင်လေသည်။
"အိမ်ပြန်ကြစို့..."
"ငါတို့ အိမ်ပြန်ကြစို့..."
ဤသည်မှာ ထိုအချိန်တွင် ကောင်းယွမ်၏ အလိုလားအပ်ဆုံးသော မျှော်လင့်ချက်ပင် ဖြစ်လေသည်။ စက်ရုပ်ဝတ်စုံသည် ကြယ်တစ်ပွင့်ကဲ့သို့ ကမ္ဘာ့လေထုထဲသို့ ဝင်ရောက်လာခဲ့လေသည်။ ကျိုးကျန်းလီ သည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ထိတ်လန့်သွားခဲ့ရလေသည်။
"မြန်မြန်... ကောင်းယွမ်ကို ကယ်ကြ..."
အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ရှနိုင်ငံ တပ်မတော်မှ ထိပ်တန်း လေသူရဲများသည် စက္ကန့်ပိုင်း အတွင်းမှာပင် ကောင်းယွမ်ကို ကြိုဆိုရန် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ကြလေတော့သည်။
ကမ္ဘာမြေနှင့် နီးကပ်လာလေလေ ဆွဲငင်အားမှာ ပို၍ ပြင်းထန်လာလေလေ ဖြစ်သည်။ ထိုအချိန်တွင် စက်ရုပ်ဝတ်စုံမှာ ကမ္ဘာ့ဆွဲငင်အားမှ ရုန်းထွက်ရန် အင်အား မရှိတော့ပေ။ သူ လုပ်နိုင်သည်မှာ အင်ဂျင်ကို နှိုး၍ ကျန်ရှိနေသော စွမ်းအင်များကို ဆန့်ကျင်ဘက်အရပ်သို့ မှုတ်ထုတ်ကာ အရှိန်အနည်းငယ် လျော့ချ ရန်သာ ဖြစ်လေတော့သည်။
သို့သော်လည်း အရှိန်မှာ ပို၍ မြင့်တက်လာခဲ့ပေသည်။
ကောင်းယွမ်သည် ခါးသီးစွာ ပြုံးလိုက်မိလေသည်။
"ငါ ဒီအတိုင်း ပြုတ်ကျပြီး သေရတော့မှာလား..."
ကံကောင်းသည်မှာ သူသည် ကမ္ဘာမြေပေါ်တွင်ပင် သေဆုံးရတော့မည် ဖြစ်ခြင်းပင်။ အောက်ဘက်ရှိ တောင်တန်းများနှင့် မြစ်ချောင်းများမှာ ကောင်းယွမ်နှင့် ပို၍ ပို၍ နီးကပ်လာခဲ့လေသည်။ ပို၍ နီးကပ် လာခဲ့လေသည်။
ထိုအချိန်တွင် ကောင်းယွမ်သည် လေယာဉ်တစ်စင်း ရောက်ရှိလာသည်ကို မြင်လိုက်ရလေသည်။ ထို လေယာဉ်သည် ကောင်းယွမ်၏ စက်ရုပ်ဝတ်စုံအောက်တွင် တည်ငြိမ်စွာ ခံထားပေးလိုက်ရာ "ဂလောက်" ဟူသော မြည်သံနှင့်အတူ လေယာဉ်မှာ မြေပြင်နှင့် ရိုက်မိသွားသော်လည်း စက်ရုပ်ဝတ်စုံ၏ အရှိန်မှာ အနည်းငယ် လျော့ကျသွားခဲ့လေသည်။
ထို့နောက် လေယာဉ်များစွာသည် ကောင်းယွမ်၏ စက်ရုပ်ဝတ်စုံကို အောက်မှနေ၍ ပင့်တင်ပေးလာခဲ့ ကြလေသည်။ တစ်စင်း၊ နှစ်စင်း၊ သုံးစင်း... နောက်ဆုံးတွင် တစ်ရာခန့်ပင် ရှိလာခဲ့လေသည်။
လေယာဉ်များမှာ တစ်စင်းပြီးတစ်စင်း ပျက်စီးသွားသည်ကို ကောင်းယွမ် မြင်နေရသော်လည်း အခြား သော လေယာဉ်များမှာ ဤနေရာသို့ ဆက်လက် ပျံသန်းလာနေဆဲပင် ဖြစ်၏။
ကောင်းယွမ်သည် နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့လေသည်။ ဆက်သွယ်ရေးစနစ်မှာလည်း ပြန်လည်ပွင့်သွားခဲ့ပြီ ဖြစ်သည်။
"မင်းတို့ကိုယ်မင်းတို့ အသေမခံကြနဲ့... ငါ့ကို လောင်စာဆီ နည်းနည်းလောက် ပေးကြပါဦး..."
ပြင်ပရှိ လူများမှာ လေယာဉ်၏ အသံကို ကြားလိုက်ရလေသည်။ မည်သည့် လောင်စာ အမျိုးအစား ဖြစ်သည်ကို မသိကြသော်လည်း ထိုအချိန်တွင် သူတို့၌ လေယာဉ်လောင်စာဆီနှင့် ဒုံးကျည်များသာ ရှိပေသည်။ တစ်စုံတစ်ယောက်က ခဏမျှ တွေဝေသွားပြီးနောက် ဒုံးကျည်တစ်စင်းကို ကောင်းယွမ်ထံ ပို့ပေးလိုက်လေသည်။
ကောင်းယွမ် စိတ်သက်သာရာ ရသွားခဲ့၏။ ဒုံးကျည်၏ တွန်းကန်အား အပိုင်းတွင် လောင်စာဆီ အမြောက်အမြား ပါရှိလေသည်။ စက်ရုပ်ဝတ်စုံသည် ဆန့်ကျင်ဘက်ဒြပ်ထု အင်ဂျင်ကို အသုံးပြု ထားသဖြင့် နေအဖွဲ့အစည်း၏ မည်သည့်နေရာသို့မဆို ပျံသန်းနိုင်သော်လည်း ကောင်းယွမ်သည် ဆန့်ကျင်ဘက်ဒြပ်ထု ကျည်ဆန်များအတွက် ဆန့်ကျင်ဘက်ဒြပ်ထုများကို များစွာ အသုံးပြုခဲ့ရသော ကြောင့် လောင်စာဆီများ ကုန်ခမ်းသွားခဲ့ခြင်း ဖြစ်၏။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က ဒုံးကျည်တစ်စင်းကို ထည့်ပေးလိုက်လေသည်။ ကောင်းယွမ်သည် စက်ရုပ်ဝတ်စုံကို မည်သို့ မောင်းနှင်ရမည်ကို သိရှိသဖြင့် ဒုံးကျည်ကို ဖြုတ်ကာ တွန်းကန်အား အပိုင်းမှ လောင်စာဆီများကို ထုတ်ယူ၍ အင်ဂျင်အတွင်းသို့ ထည့်သွင်းကာ အပူချိန်မြင့်မြင့်ဖြင့် မီးရှို့လိုက်လေ သည်။ တစ်ခဏအတွင်းမှာပင် အင်ဂျင်တစ်ခုလုံး၌ စွမ်းအင်များ ပြည့်လျှံသွားပြီး လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲသွားရာ စက်ရုပ်ဝတ်စုံမှာ ပြန်လည် လှုပ်ရှားနိုင်စွမ်း ရှိလာခဲ့လေတော့သည်။
ကောင်းယွမ်သည် အရှိန်ကို အစွမ်းကုန် လျှော့ချလိုက်လေသည်။ စက်ရုပ်ဝတ်စုံမှာ ပြောင်းပြန် လှန် သွားပြီး ပြန်လည် ပျံသန်းနိုင်သည့် အနေအထားသို့ ရောက်သွားချိန်တွင်မှ အရှိန် လျော့ကျသွားခဲ့ လေသည်။
ထိုလေသူရဲများမှာ ကောင်းယွမ် ပြန်လည် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း သိရှိသွားကြလေသည်။ တိုက် လေယာဉ်များသည် ပြန်လှည့်သွားခဲ့ကြလေသည်။ သို့သော်လည်း လေသူရဲ အယောက်ပေါင်း ဒါဇင်နှင့်ချီမှာ သူတို့၏ လေယာဉ်များနှင့်အတူ ဤမြင်ကွင်းကို နောက်ထပ် မြင်တွေ့နိုင်တော့မည် မဟုတ်ပေ။
...
ကောင်းယွမ်သည် ချင်ကျင်းသို့ ရောက်ရှိလာခဲ့လေသည်။ ကျိုးကျန်းလီနှင့် တွေ့ဆုံခဲ့လေ၏။
ကျိုးကျန်းလီသည် ကိုးဆယ်ဒီဂရီ ခါးညွှတ်၍ ဂါရဝပြုလိုက်ကာ…၊
"လူသားမျိုးနွယ်ကိုယ်စား ကျေးဇူးတင်ပါတယ်... ရှနိုင်ငံကိုယ်စားလည်း ကျေးဇူးတင်ပါတယ်..."
ကောင်းယွမ်၏ မျက်လုံးများမှာ မျက်ရည်များဖြင့် ပြည့်လျှံလျက်ရှိနေခဲ့ပေသည်။
"အရာရှိကျိုး... ကောင်းယွမ် မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ... ကျွန်တော် ပြန်လာပါပြီ..."
"မင်း ပြန်ရောက်လာတာ ဝမ်းသာပါတယ်..."
"အရာရှိကျိုး... ကျွန်တော် ကောင်းကင်တပ်မတော်ကို ဖွဲ့စည်းပါတော့မယ်..."
"ကောင်းပြီလေ..."
ဤတိုက်ပွဲအပြီးတွင် ကောင်းယွမ်သည် ဉာဏ်ရည်တုစနစ်များနှင့် စက်ရုပ်များသည် တိုက်ပွဲတွင် ကန့်သတ်ချက်များစွာ ရှိနေကြောင်း သိရှိသွားခဲ့လေသည်။ အလင်းတန်း တစ်ခုတည်းကပင် သူတို့ကို တိုက်ခိုက်နိုင်စွမ်း မရှိအောင် ပြုလုပ်နိုင်ပေသည်။
ဤတစ်ကြိမ်တွင် ကံကောင်း၍ အနိုင်ရခဲ့ခြင်း ဖြစ်သော်လည်း နောက်တစ်ကြိမ်တွင် မည်သို့ ဖြစ်လာနိုင်မည်နည်း။
ထို့ကြောင့် ကောင်းယွမ် လုပ်နိုင်သည်မှာ ကမ္ဘာမြေ ကောင်းကင်တပ်မတော်ကို အမြန်ဆုံး တည်ထောင် ၍ စက်ရုပ်ဝတ်စုံ မောင်းနှင်သူများကို ရွေးချယ်ကာ သူတို့အနေဖြင့် လက်ဖြင့် ထိန်းချုပ်မောင်းနှင်ရန် အသားကျအောင် ပြုလုပ်ခြင်းပင် ဖြစ်လေတော့သည်။
"ကောင်းယွမ်... မင်း အရင် နားလိုက်ပါဦး... ငါ အခုပဲ အာကာသတပ်ဖွဲ့ကနေ ထူးချွန်တဲ့ လေသူရဲတွေကို ရွေးချယ်ပြီး ကောင်းကင်တပ်မတော်ကို ဖွဲ့စည်းလိုက်မယ်... စစ်သင်္ဘောတွေနဲ့ စက်ရုပ်ဝတ်စုံတွေကို မောင်းနှင်ဖို့ပေါ့..."
"အရာရှိကျိုး... ကျွန်တော် မနားနိုင်သေးဘူး... မနားရဲဘူး... အခြေအနေတွေက အရမ်းကို ကြောက် စရာကောင်းလွန်းတယ်..."
ကျိုးကျန်းလီ တိတ်ဆိတ်သွားခဲ့ရ၏။
ဟုတ်ပေသည်... ၎င်းမှာ အလွန်ပင် စိတ်မချမ်းမြေ့ဖွယ် ကောင်းလှပေသည်။
"ငါတို့မှာ ပိုပြီး အဆင့်မြင့်တဲ့ စစ်သင်္ဘောတွေ၊ ပိုပြီး အဆင့်မြင့်တဲ့ လက်နက်တွေနဲ့ ပိုပြီး အစွမ်းထက်တဲ့ စက်ရုပ်ဝတ်စုံတွေ လိုအပ်တယ်... ကမ္ဘာမြေရဲ့ ကိစ္စတွေကိုတော့ ခင်ဗျားကိုပဲ အပ်နှံပါရစေ... အာကာသ တပ်ဖွဲ့ကို သုံးရက်အတွင်း ဖွဲ့စည်းရမယ်... လူအင်အား တစ်သောင်းထက် မနည်းစေနဲ့..."
"ကောင်းပါပြီ..."
ကျိုးကျန်းလီသည် တစ်နိုင်ငံလုံးရှိ လေသူရဲများထဲမှ တိုက်ခိုက်ရေးသမားများကို ချက်ချင်း ရွေးချယ်ရန် အမိန့်ပေးလိုက်လေသည်။ အကယ်၍ အရေအတွက် မလုံလောက်ပါက အရပ်ဘက် လေကြောင်းလိုင်း များနှင့် လေသူရဲကျောင်းများမှ ရွေးချယ်ရန် ညွှန်ကြားလိုက်လေ၏။
ထိုအချိန်တွင် ကောင်းယွမ်သည် မုကျားသို့ ပြန်သွားခဲ့လေသည်။ ပထမဦးစွာ သူ၏ ကိုယ်ပိုင် စက်ရုပ် ဝတ်စုံကို ပြင်ဆင်ပြီးနောက် တာချင်းတောင်၌ စစ်သင်္ဘော ထုတ်လုပ်ရေးလိုင်းတစ်ခုကို တည်ဆောက် လိုက်လေသည်။ ယခုအခါ ရှနိုင်ငံသည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော နိုင်ငံ ဖြစ်လာခဲ့ပြီး ကမ္ဘာမြေ၏ အရှင်သခင်လည်း ဖြစ်လာခဲ့ပြီ ဖြစ်ပေသည်။
ကမ္ဘာအနှံ့အပြားမှ သယံဇာတ အမျိုးမျိုးမှာ မုကျားသို့ အဆက်မပြတ် ရောက်ရှိလာခဲ့လေသည်။ ကောင်းယွမ်သည် လကမ္ဘာကို ခံတပ်တစ်ခုအဖြစ် တည်ဆောက်ရန် ရည်ရွယ်၍ လကမ္ဘာသို့ တစ်ဖန် ပြန်လည် ပျံသန်းသွားခဲ့ပြန်လေသည်။
ကျန်ရှိနေသော လအဆင့် စစ်သင်္ဘောများသည် ကောင်းယွမ်အတွက် အသုံးမဝင်တော့သဖြင့် ၎င်းတို့ကို ပြန်လည် အသုံးပြုကာ ပိုမိုကြီးမားပြီး အဆင့်မြင့်သော နေအဆင့် စစ်သင်္ဘောများကို တည်ဆောက် လိုက်လေသည်။
တစ်ချိန်တည်းမှာပင် ကောင်းယွမ်သည် လကမ္ဘာပေါ်၌ ဧရာမ ဂြိုဟ်ဖျက်အမြောက်ကြီးတစ်ခုကို တည်ဆောက်နေခဲ့လေသည်။ လေဆာအမြောက် စခန်းတစ်ခုလည်း ပါဝင်လေသည်။
လူသားမျိုးနွယ် တစ်ရပ်လုံးသည် လျင်မြန်စွာ လှုပ်ရှားလာခဲ့ကြလေသည်။ တစ်ကမ္ဘာလုံးရှိ စက်ရုံများ တွင် စက်ရုပ်များသည် အဓိက ဖြစ်လာခဲ့လေသည်။ တစ်ချိန်တည်းမှာပင် လူသားများသည် "ကျူးရှို့ ရှောင်ယောင်းကျိ" အတွင်း၌ အကြံပြုချက်များနှင့် အတွေးအမြင်များကို တင်ပြလာကြရာ လက်နက် ဆန်းများစွာ ပေါ်ထွက်လာခဲ့ပြီး အချို့မှာ အနာဂတ်ကမ္ဘာမှ လက်နက်များထက်ပင် သာလွန်နေခဲ့ပေ သည်။
လူသားတို့၏ စိတ်ကူးစိတ်သန်းများနှင့် ကုဋေပေါင်းများစွာသော လူတို့၏ ဉာဏ်ပညာမှာ အပြည့်အဝ ပွင့်လင်းလာခဲ့ခြင်းအပေါ် ကောင်းယွမ် ချီးကျူးမိခြင်း မရှိဘဲ မနေနိုင်ခဲ့ပေ။ မည်သို့ ကာကွယ်မည်၊ မည်သို့ တိုက်ခိုက်မည် ဆိုခြင်းနှင့် ပတ်သက်၍... ယခုအခါ ကောင်းယွမ်၌ အရန်အစီအစဉ် ဒါဇင်နှင့်ချီ၍ ရှိနေပြီး ၎င်းတို့အားလုံးမှာ ဂိမ်းထဲရှိ လူများ တင်ပြထားသော အကြံဉာဏ်များ ဖြစ်ကြလေတော့သည်။
ကောင်းယွမ်သည် နောက်ဆုံးတွင် "ကမ္ဘာ-လ မိုက်ခရိုဝေ့ဖ် ကွန်ရက်" ကို အသုံးပြုရန် ဆုံးဖြတ်လိုက်လေ သည်။
ဤအဆင့်တွင် ရှင်သန်ရန်မှာ အရေးကြီးဆုံးပင် ဖြစ်သည်။ အခြေစိုက်စခန်း ဘေးကင်းမှုကို အာမခံနိုင်မှသာ တိုက်ခိုက်မှုများကို ပြုလုပ်နိုင်ပေလိမ့်မည်။ သို့မဟုတ်ပါက သူတို့၏ တပ်ဖွဲ့များ ထွက်ခွာသွားပြီးနောက် အခြေစိုက်စခန်း ဖျက်ဆီးခံရလျှင် ၎င်းမှာ စိတ်မချမ်းမြေ့ဖွယ် ဖြစ်လာပေလိမ့် မည်။
ဉာဏ်ရည်တုစနစ်များသည် အဆင့်မြင့် တိုက်ပွဲများအတွက် မသင့်တော်ပေ။ ကြယ်တာရာ စစ်ပွဲများ သည် ဉာဏ်ရည်ရှိသော သက်ရှိများအပေါ်တွင်သာ မှီခိုနေရလေသည်။ ဉာဏ်ရည်ရှိသော သက်ရှိများ၏ ရှုပ်ထွေးမှုမှာ ဉာဏ်ရည်တု စက်ရုပ်များထက် အဆပေါင်း ကုဋေနှင့်ချီ၍ သာလွန်ပေသည်။
ဆဲလ်တစ်ခုတည်းကပင် ကွန်ပျူတာတစ်လုံးနှင့် ယှဉ်ပြိုင်နိုင်ပေ၏။ မရေမတွက်နိုင်သော ဆဲလ်များဖြင့် ဖွဲ့စည်းထားသည့် သက်ရှိများသည် စက်ရုပ်များထက် ပိုမို ယုံကြည်စိတ်ချရလေသည်။
ထိုအချိန်တွင် နေအဖွဲ့အစည်းအတွင်း၌ မုန်တိုင်းတစ်ခုမှာ စတင် ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။ အချို့က လှုပ် ရှားရန် စိတ်အားထက်သန်နေကြသလို အချို့မှာလည်း အခြေအနေကို ငြိမ်သက်စွာ စောင့်ကြည့်နေ ကြလေသည်။ ယဉ်ကျေးမှုတစ်ခုသည် နေနှင့် ဝေးကွာလေလေ၊ ၎င်းသည် ပို၍ ငြိမ်သက်လေလေ ဖြစ်ပေတော့သည်…။