အခန်း (၄၁၃-၄၁၄)
Vol. 42 Ch. 413-414
အခန်း (၄၁၃) ညဉ့်မှော်ပင်၊ အလင်းလွှတ်မှို (၂)
ယောင်ရန်က လုံယု၏ စကားကို ခေါင်းညိတ်ထောက်ခံလိုက်ပြီး သူမ၏ သစ်စွမ်းအင် ကို အသုံးပြုကာ ထိုလူသုံးဦးအား မသိမသာ အမှတ်အသားပြုလိုက်လေသည်။
ထိုစွမ်းအင်က သူတို့အပေါ်တွင် ရှိနေသရွေ့ သူမအနေဖြင့် သူတို့၏ တည်နေရာအတိအကျကို ခြေရာခံ နိုင်သလို သူတို့၏ စွမ်းအားများကို အသုံးပြုခြင်း ရှိ၊ မရှိကိုလည်း အာရုံခံနိုင်မည်ဖြစ်ပေသည်။
စိုက်ပျိုးရေးသုတေသနဌာနဆီသို့ လျှောက်လှမ်းလာရင်း ယွမ်ရိဟွေးက သူတို့အတွက် ကြိုတင်ဦးထား သည့်နေရာသို့ ခေါ်ဆောင်သွားခဲ့လေသည်။ မကြာမီမှာပင် အနောက်ဘက်ရှိ ကောင်တာတစ်ခုသို့ ရောက်ရှိလာခဲ့ကြလေသည်။
ယွမ်ရိဟွေးက ယောင်ရန်နှင့် လုံယုဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
“မစ္စယောင်ရန်... ကျွန်တော်တို့ ဒီမှာ တန်းစီလို့ရပါပြီ…”
ရှေ့တွင် တန်းစီနေသူ အနည်းငယ်သာ ရှိသည်ကို တွေ့ရသဖြင့် ဤကောင်တာသည် ကြိုတင်စာရင်းပေး ထားသူများအတွက် ဖြစ်ကြောင်း ယောင်ရန် နားလည်လိုက်လေသည်။ သူမက ခေါင်းညိတ်ပြပြီး ကျန် သူများနှင့်အတူ တန်းစီလိုက်လေသည်။
မကြာမီ ယောင်ရန်၏ အလှည့်သို့ ရောက်လာခဲ့လေသည်။ သူမသည် ကောင်တာပေါ်ရှိ ဖန်ပုလင်း နှစ်လုံးကို ခေတ္တမျှ စိုက်ကြည့်ပြီးနောက် ဝန်ထမ်းအား မေးလိုက်လေသည်။
“ဒီမှာ... ညဉ့်မှော်ပင်နဲ့ အလင်းလွှတ်မှိုကို ဘယ်လိုရနိုင်မလဲဟင်…”
ဝန်ထမ်းက ဖန်ပုလင်းများကို ညွှန်ပြကာ ရှင်းပြလိုက်လေသည်။
“အခမဲ့ဆိုရင်တော့ ညဉ့်မှော်ပင် တစ်အောင်စနဲ့ အလင်းလွှတ်မှိုမျိုးစေ့ တစ်ထုပ် ရပါမယ်… ပိုလိုချင်ရင် တော့ ရိက္ခာ ဒါမှမဟုတ် အခြေစိုက်စခန်းသုံး ဒင်္ဂါးပြားတွေနဲ့ ဝယ်ရပါလိမ့်မယ်…”
ဤပစ္စည်းများမှာ အကန့်အသတ်နှင့်သာ ရှိသည်ကို သိလိုက်ရသဖြင့် အခမဲ့ပေးသည်ထက် ပိုတောင်းရန် မလိုကြောင်း ယောင်ရန် ဆုံးဖြတ်လိုက်လေသည်။
ခေတ္တစဉ်းစားပြီးနောက် ယောင်ရန်က ဆိုလိုက်သည်။
“အခမဲ့ပေးတာပဲ ယူပါ့မယ်…”
ဝန်ထမ်းက ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
“ကျေးဇူးပြုပြီး မှတ်ပုံတင်ကတ်ပြား ပြပေးပါဦးရှင်….”
ယောင်ရန်က သူမ၏ ကတ်ကို ကမ်းပေးလိုက်ပြီး ခဏအကြာတွင် ညဉ့်မှော်ပင်နှင့် အလင်းလွှတ်မှို မျိုးစေ့များ ပါရှိသော အထုပ်ငယ်လေးနှင့်အတူ သူမ၏ကတ်ကို ပြန်လည်ရရှိခဲ့လေသည်။
ထို့နောက် သူမသည် ဘေးတွင်ရပ်ကာ လုံယုနှင့် အခြားသူများကို စောင့်နေလိုက်ပေသည်။ အားလုံး ပစ္စည်းများ လက်ခံရရှိရန် (၁၅) မိနစ်ခန့် ကြာမြင့်ခဲ့လေသည်။
အနီးအနားတွင် အုပ်စုအချို့ လုယက်တိုက်ခိုက်နေကြသည်ကို မြင်ရသောအခါ လုံယုက ပြောလိုက်လေ သည်။
“အသက်ရှင်ကျန်ရစ်သူတွေ ထပ်မရောက်လာခင် ပြန်ကြတာပေါ့…”
ဗီလာဧရိယာသို့ အပြန်လမ်းတွင် လုယက်တိုက်ခိုက်မှုများဖြင့် ဖရိုဖရဲဖြစ်နေသော မြင်ကွင်းများကို တွေ့ခဲ့ရလေသည်။ ရာနှင့်ချီသော လူများသည် အချင်းချင်း တိုက်ခိုက်ကာ ရိက္ခာများကို လုယူနေကြ ခြင်းဖြစ်လေသည်။ လုယက်ပြီးနောက် ထွက်ပြေးရန် ကြိုးစားသူများကို သံချပ်ကာယာဉ် သုံးစီးက လမ်းပိတ်ထားလိုက်လေသည်။
စစ်သားများ ယာဉ်ပေါ်မှ မဆင်းနိုင်မီမှာပင် ဓားပြများက သံတုတ်များဖြင့် မှန်ပြတင်းပေါက်များကို ရိုက်ခွဲကာ စတင်တိုက်ခိုက်ကြလေတော့သည်။
“ဒုန်း… ဒုန်း… ဒုန်း…”
သူတို့ မည်မျှပင် ကြိုးစားစေကာမူ အပူပေးမာကျောထားသော မှန်များမှာ မည်သို့မျှ မဖြစ်ပေ။ ဓားပြ များမှာ ယာဉ်အတွင်းသို့ မဝင်နိုင်သကဲ့သို့ အတွင်းရှိ စစ်သားများမှာလည်း အပြင်သို့ ထွက်မရဖြစ်နေ ခဲ့ပေသည်။
အဝေးမှ အခြေအနေကို ကြည့်နေသော လီကျန့်က ပြောလိုက်လေသည်။
“ဗိုလ်ကြီး... ပထမစစ်တပ်က စစ်သားတွေ အထဲမှာ ရှိနေတယ်… သံချပ်ကာယာဉ်တစ်စီးထဲမှာ ဗိုလ်ကြီးဝူ ကို ကျွန်တော် မြင်လိုက်တယ်…”
ထိုစကားကြောင့် လုံယုက ယွမ်ရိဟွေးဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
“အစ်ကိုယွမ်... ခင်ဗျားတို့ လူတွေနဲ့ အရင်ပြန်နှင့်ကြတော့…”
သူတို့ ဘာလုပ်ရန် ပြင်နေသည်ကို ရိပ်မိသဖြင့် ယွမ်ရိဟွေးက ခေါင်းညိတ်ပြကာ နာခံလိုက်လေသည်။
“ကောင်းပါပြီ…”
ယွမ်ရိဟွေးတို့ ထွက်ခွာသွားပြီးနောက် ယောင်ရန်က သတိပေးလိုက်လေသည်။
“လူသုံးယောက်က ငါတို့ကို အနီးကပ် စောင့်ကြည့်နေတုန်းပဲ… ဓားပြတွေကို တိုက်တဲ့အခါ သတိထား ကြဦး…”
လုံယုနှင့် အခြားသူများက ခေါင်းညိတ်ပြလိုက်ကြသည်။
“နားလည်ပါပြီ…”
ထို့နောက် သူတို့အားလုံး သံချပ်ကာယာဉ်များရှိရာသို့ ပြေးဝင်သွားကြလေတော့သည်။
ယာဉ်တစ်စီးအတွင်းမှ ဝူလျန်သည် သူတို့ ချဉ်းကပ်လာသည်ကို သတိပြုမိသွားခဲ့လေသည်။ သူက ပြုံး လိုက်ကာ ဝေါကီတော်ကီကို ကောက်ကိုင်ပြီး အမိန့်ပေးလိုက်သည်။
“ညီအစ်ကိုတို့... အပြင်ထွက်ဖို့ ပြင်ထားကြတော့…”
ကျန်ယာဉ်နှစ်စီးမှ စစ်သားများကလည်း အမိန့်ကို နာခံလိုက်ကြလေသည်။
“ဟုတ်ကဲ့ပါ ဗိုလ်ကြီး…”
အပြင်ဘက်တွင်မူ ယောင်ရန်နှင့် သူမ၏အပေါင်းအပါများသည် သူတို့၏ စွမ်းအားများကို အစွမ်းကုန် ထုတ်သုံးနေခဲ့ကြလေသည်။ ရောင်စုံစွမ်းအား တိုက်ကွက်များက မှောင်မိုက်မှုကို လင်းထိန်သွားစေပြီး တိုက်ကွက်တစ်ခုစီတိုင်းတွင် သွေးစက်များ ဖြာထွက်သွားလျက်ရှိပေသည်။ မိနစ်ပိုင်းအတွင်းမှာပင် ဓားပြတစ်ဒါဇင်ကျော် သေဆုံးသွားပြီး ကျန်သူများမှာမူ ယောင်ရန်တို့အဖွဲ့ကို မယှဉ်နိုင်မှန်း သိသွား သဖြင့် ထွက်ပြေးသွားကြလေတော့သည်။
ဒဏ်ရာရနေသော ဓားပြများ မြေပြင်ပေါ်တွင် ညည်းညူနေစဉ် ယောင်ရန်က ပြောလိုက်လေ သည်။
“ပြီးပါပြီ… ရှင်းလင်းရေးကိုတော့ စစ်သားတွေပဲ ဆက်လုပ်ပါစေ… ဓားပြတွေ ပြန်မလာခင် ငါတို့ ထွက်သွားကြရအောင်…”
ကျန်သူများကလည်း သဘောတူကြသဖြင့် ဝူလျန်နှင့် သူ၏အဖွဲ့ကို ရှင်းလင်းရေးအတွက် ထားရစ်ခဲ့ကာ အလျင်အမြန်ပင် ထွက်ခွာလာခဲ့ကြလေတော့သည်။
သူတို့ ထွက်သွားသည်ကို ကြည့်ရင်း ဝူလျန်က တဟားဟား ရယ်မောလိုက်ကာ သူ့လူများကို အမိန့်ပေး လိုက်လေသည်။
“ဒီနေရာကို ရှင်းလင်းပြီး ဓားပြတွေကို ဖမ်းဆီးလိုက်ကြစမ်း…”
ဗီလာသို့ ပြန်ရောက်သောအခါ အပြင်ဘက်ခရိုင် ဝင်ပေါက်တွင် ယွမ်ရိဟွေးနှင့် အခြားသူများ စောင့်နေ ကြသည်ကို ယောင်ရန် တွေ့လိုက်ရလေသည်။
အားလုံး ဘေးကင်းသည်ကို မြင်လိုက်ရသဖြင့် ယွမ်ရိဟွေးက စိတ်သက်သာရာရသွားကာ အနားသို့ အပြေးရောက်လာကြလေသည်။
“အားလုံး အဆင်ပြေကြရဲ့လား…”
ယောင်ရန်က ခေါင်းညိတ်ပြပြီး ဟု မေးလိုက်သည်။
“ဘာလို့ အိမ်မပြန်ဘဲ ဒီမှာ စောင့်နေရတာလဲ…”
လမ်းဘေးတစ်နေရာကို ကြည့်ရင်း ယွမ်ရိဟွေးက တိုးတိုးလေး ပြောလိုက်သည်။
“ဟိုလူတွေက ကျွန်တော်တို့နောက်ကို လိုက်နေတာမို့လို့ ခင်ဗျားတို့ကို အရင်စောင့်နေတာ…”
သူ့အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ ယောင်ရန်သည် လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်လျက် သူတို့အား စိုက်ကြည့်နေသော လူတစ်ဒါဇင်ကျော်ကို တွေ့လိုက်ရလေသည်။ ယောင်ရန် သတိပြုမိ သွားသည်ကို မြင်သောအခါ သူတို့ထဲမှ တစ်ဦးက မတ်တတ်ရပ်ကာ သူမထံသို့ လျှောက်လာလေသည်။
သူတို့ရှေ့တွင် ရပ်လိုက်သော ကြွက်သားအဖုအထစ်နှင့် အမျိုးသမီးကြီးက ယွမ်ရိဟွေးအား မေးလိုက် သည်။
“မင်းကို ငါသိတယ်… မင်းက မှောင်ခိုကုန်သည် အစ်ကိုယွမ် မဟုတ်လား…”
ယွမ်ရိဟွေးက သူမကို တည်ငြိမ်စွာ ကြည့်ကာ ပြန်မေးလိုက်လေသည်။
“ဘာကိစ္စရှိလို့လဲ…”
ထိုအမျိုးသမီးသည် ယောင်ရန်၏ သွယ်လျသော ခန္ဓာကိုယ်ကို မနာလိုသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် ယွမ်ရိဟွေးဘက်သို့ အကြည့်ပြန်လွှဲလိုက်လေသည်။ သူမသည် လက်သီးကို တင်းတင်းဆုပ်ကာ မေးလိုက်လေသည်။
“မင်းဆီမှာ ခန္ဓာကိုယ်ပုံပျက်တာကို ကုတဲ့ဆေး ရောင်းတယ်လို့ ကြားတယ်… အဲဒီကောလာဟလက အမှန်ပဲလား…”
ယွမ်ရိဟွေးက ယောင်ရန်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူမက ခေါင်းညိတ်ပြသည်ကို မြင်သောအခါ သူက အတည်ပြုလိုက်သည်။
“ဟုတ်ပါတယ်…”
ထိုစကားကြောင့် အမျိုးသမီး၏ မျက်လုံးများတွင် မျှော်လင့်ချက်များ တောက်ပလာသည်။ သူမသည် စိတ်ကို တည်ငြိမ်အောင် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် မေးလိုက်ပြန်လေသည်။
“ဆေးတစ်လုံးကို ဘယ်လောက်လဲ….”
ယွမ်ရိဟွေး၏ လက်ထဲတွင် ယောင်ရန် ပေးထားသော ဆေးအချို့ ကျန်ရှိနေသေးပြီး သူသည်လည်း အမြတ်အစွန်းများစွာ ရရှိထားပြီးဖြစ်သည်။ ဤကြွက်သားနှင့် အမျိုးသမီးကို ကြည့်ရသည်မှာ သူမ၏ ခန္ဓာကိုယ်ကို ကုသရန် အလွန်အမင်း အလိုရှိနေပုံရပေသည်။
ခေတ္တစဉ်းစားပြီးနောက် ယွမ်ရိဟွေးက မေးလိုက်လေသည်။
“ဆေးအတွက် ခင်ဗျား ဘာနဲ့ လဲနိုင်မလဲ…”
ထိုအမျိုးသမီးမှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလာလေသည်။
“ကျွန်မမှာ ပေးစရာ ဘာမှမရှိဘူး၊ ဒါပေမဲ့ ခင်ဗျားအတွက် အလုပ်လုပ်ပေးနိုင်ပါတယ်… ကျွန်မနဲ့ ကျွန်မ သူငယ်ချင်းတွေက အကုန်လုံး စွမ်းအားရှင်တွေပါ… ဆေးဖိုးအတွက် ကျွန်မတို့ အလုပ်လုပ်ပေးပါ့ မယ်…”
ထိုစကားကို ကြားသောအခါ ယောင်ရန်က ယွမ်ရိဟွေး မည်သို့ ဆုံးဖြတ်မည်ကို စိတ်ဝင်တစား စောင့် ကြည့်နေမိလေသည်။
ယွမ်ရိဟွေးက ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။
“ကောင်းပြီလေ… ကျွန်တော်တို့လည်း စွမ်းအားရှင်တွေ လိုအပ်နေတာနဲ့ အတော်ပဲ… ကျွန်တော် ခင်ဗျား ကို ဆေးပေးမယ်၊ ဒါပေမဲ့ ခင်ဗျားတို့ ကျွန်တော့်အတွက် တစ်နှစ် အလုပ်လုပ်ပေးရမယ်… စာချုပ်သက် တမ်းကုန်ရင်တော့ ဆက်နေမလား၊ ထွက်သွားမလားဆိုတာ ခင်ဗျားတို့ သဘောပဲ….”
“ကျွန်တော်တို့အတွက် အလုပ်လုပ်ပေးနေတဲ့ ကာလပတ်လုံးမှာ ခင်ဗျားတို့နဲ့ ခင်ဗျားတို့ မိသားစုဝင်တွေ အတွက် နေ့စဉ်သုံးပစ္စည်းတွေ၊ အစားအသောက်နဲ့ ဆေးဝါးကုသမှုတွေကို ထောက်ပံ့ပေးမယ်… လစဉ် ရရှိမယ့် ရိက္ခာပမာဏကတော့ ခင်ဗျားတို့ရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာ မူတည်လိမ့်မယ်…၊ ဒါပေမဲ့... သစ္စာဖောက်မှု တစ်စုံတစ်ရာ တွေ့ရှိခဲ့ရင်တော့ ခင်ဗျားတို့ရော၊ ခင်ဗျားတို့ မိသားစုဝင်တွေကိုပါ ကျွန်တော် သတ်ပစ်ရလိမ့်မယ်…”
အခန်း (၄၁၄) ညဉ့်မှော်ပင်နှင့် အလင်းလွှတ်မှိုကို စိုက်ပျိုးခြင်း
ယွမ်ရိဟွေးသည် ကြွက်သားအဖုအထစ်နှင့် အမျိုးသမီး၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သဖြင့် ထပ်လောင်းပြောဆိုလိုက်လေသည်။
“ဒီစည်းကမ်းချက်တွေကို သဘောတူတယ်ဆိုရင် စာချုပ်ချုပ်ဖို့ ကျွန်တော့်နောက် လိုက်ခဲ့ပါ…”
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထိုအမျိုးသမီးက ပြောလိုက်လေသည်။
“ဒါကို ကျွန်မသူငယ်ချင်းတွေနဲ့ အရင်တိုင်ပင်ဖို့ အချိန်နည်းနည်းပေးပါဦး…”
“ရတာပေါ့…”
ထိုအမျိုးသမီးက သူမ၏အဖွဲ့သားများရှိရာသို့ ပြန်လျှောက်သွားစဉ် ယောင်ရန်က မှတ်ချက်ပြုလိုက် လေသည်။
“သူတို့တွေက ရန်သူတွေတော့ မဟုတ်ပုံပဲနော်….”
ယွမ်ရိဟွေးကလည်း သဘောတူလိုက်လေသည်။
“ဟုတ်တယ်…”
မကြာမီမှာပင် ထိုအမျိုးသမီး ပြန်ရောက်လာလေသည်။ သူမသည် ယွမ်ရိဟွေးအား ကြည့်ကာ မေးလိုက် လေသည်။
“ရှင့်ရဲ့စည်းကမ်းချက်တွေကို ကျွန်မတို့ သဘောတူပါတယ်… ဆေးကို ဘယ်တော့ ပေးနိုင်မလဲ…”
“ကျွန်တော့် နောက်ကို လိုက်ခဲ့ပါ…”
ယွမ်ရိဟွေးက ပြန်ဖြေလိုက်လေသည်။
ယောင်ရန်နှင့် အခြားသူများ ဗီလာဧရိယာအတွင်းသို့ လှမ်းဝင်သွားသည်ကို မြင်သောအခါ ထိုအမျိုးသမီး သည် သူမ၏သူငယ်ချင်းများကို နောက်မှလိုက်ခဲ့ရန် အချက်ပြလိုက်လေသည်။
ရှေ့မှ လျှောက်လာရင်း ယောင်ရန်က ပြောလိုက်လေသည်။
“အစ်ကိုယွမ်... ခဏနေရင် ကျွန်မဗီလာကို လာခဲ့ပါဦး… ဆေးတွေ ထပ်ပေးမယ်…”
“လူတွေ ထပ်ပြီး စုဆောင်းဖို့ အစီအစဉ် ရှိလို့လား…”
ယွမ်ရိဟွေးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည် ။
ယောင်ရန်က ခေါင်းခါပြလိုက်ပြီး ရှင်းပြလိုက်လေသည်။
“အခု ဒီမှာ အခြေအနေတွေက အရမ်းကို ဖရိုဖရဲ ဖြစ်နေတာ… စစ်သားတွေ အခြေအနေကို ထိန်းချုပ်နိုင် ဖို့အတွက် ရိက္ခာတချို့နဲ့ ဆေးတွေကို လှူဖို့ ကျွန်မ စဉ်းစားထားတယ်… ဒါပေမဲ့ ဒါတွေကို အစ်ကိုယွမ်ပဲ သွားပို့ပေးပါ၊ ဒီရိက္ခာတွေက ကျွန်မဆီကလာမှန်း သူတို့ မသိစေချင်ဘူး….”
ယွမ်ရိဟွေးမှာ သူမ၏အစီအစဉ်ကြောင့် အံ့အားသင့်သွားသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူက ပြောလိုက်လေသည်။
“ကောင်းပါပြီ… ဒီရိက္ခာတွေနဲ့ ဆေးတွေကို စစ်သားတွေဆီ တိုက်ရိုက် ပေးလိုက်ပါ့မယ်… ဒါဆို မိသားစု ကြီး သုံးခုက ဒါတွေကို သိမ်းသွားမှာကို ခင်ဗျား စိတ်ပူစရာ မလိုတော့ဘူးပေါ့…”
ထိုစကားကို ကြားသောအခါ ယောင်ရန်က ကျေနပ်စွာ ပြုံးလိုက်ပြီး ပြောလိုက်လေသည်။
“ကောင်းတာပေါ့…”
ဗဟိုခရိုင်သို့ ပြန်ရောက်သောအခါ ယွမ်ရိဟွေးက ပြောလိုက်လေသည်။
“မစ္စယောင်ရန်... သူတို့နဲ့ ကိစ္စတွေ အရင်အဆုံးသတ်ပြီးမှ ခင်ဗျားဆီ လာခဲ့ပါ့မယ်…”
ယောင်ရန်က ခေါင်းညိတ်ပြလိုက်လေသည်။
“ရပါတယ်…”
ယွမ်ရိဟွေးတို့နှင့် လမ်းခွဲပြီးနောက် ယောင်ရန်နှင့် သူမ၏သူငယ်ချင်းများသည် အိမ်သို့ ပြန်လာခဲ့ကြ လေသည်။ ဗီလာသို့ ရောက်သောအခါ လုံယုက လူအုပ်ကို ပြောလိုက်လေသည်။
“ညဉ့်မှော်ပင် နဲ့ အလင်းလွှတ်မှို မျိုးစေ့တွေကို ရန်ရန့်ကို ပေးလိုက်ကြပါ… သူပဲ အဲဒါတွေကို စိုက်ပေး လိမ့်မယ်…”
ရှီရွှမ်းနှင့် အခြားသူများကလည်း ခေါင်းညိတ်ကာ သူတို့ရရှိလာသော မျိုးစေ့များကို ယောင်ရန့်အား ပေး လိုက်ကြလေသည်။ ယောင်ရန်သည် ထိုအပင်မျိုးစေ့များကို ယူကာ နောက်ဖေးခြံရှိ မြေအောက်ခန်းသို့ ဆင်းသွားခဲ့လေသည်။
မြေအောက်ခန်းအတွင်းသို့ ဆင်းလိုက်သည်နှင့် အေးစိမ့်လှသော အအေးဒဏ်ကြောင့် သူမ တစ်ချက် တုန်တက်သွားပေသည်။ ယောင်ရန်သည် မျိုးစေ့များကို ကြမ်းပြင်ပေါ်တွင် ချလိုက်ပြီးနောက် သူမ၏ နေရာလွတ်ထဲမှ လျှပ်စစ်အပူပေးစက် နှစ်လုံးနှင့် ဆိုလာမီးအိမ် အချို့ကို ထုတ်ယူလိုက်လေသည်။
မြေအောက်ခန်းကို သန့်ရှင်းရေးလုပ်ပြီးနောက် ယောင်ရန်သည် ဆိုလာမီးအိမ်များကို တပ်ဆင်ကာ အလင်းရောင် အမှိန်ဆုံးအဆင့်သို့ ချိန်ညှိလိုက်ပြီး အပူပေးစက်များကို ဖွင့်လိုက်လေသည်။ အရာအား လုံး အဆင်သင့်ဖြစ်သောအခါ သူမသည် သူမ၏ နေရာလွတ် ထဲသို့ ဝင်လိုက်လေသည်။
တောင်တန်းများကြားတွင် ပေါ်လာသော ယောင်ရန်သည် ညဉ့်မှော်ပင် စိုက်ပျိုးရန်အတွက် ကျောက်တုံး အချို့နှင့် အလင်းလွှတ်မှို စိုက်ပျိုးရန်အတွက် ဆွေးနေသော သစ်တုံးအချို့ကို ရွေးချယ်လိုက်ပေသည်။ ထို့နောက် နေရာလွတ်ထဲမှ ပြန်ထွက်လာကာ သူမရွေးချယ်ထားသော ကျောက်တုံးများနှင့် သစ်တုံးများ ကို ထုတ်ယူလိုက်လေသည်။
အရာအားလုံး နေရာချပြီးသောအခါ ယောင်ရန်သည် ညဉ့်မှော်ပင်နှင့် အလင်းလွှတ်မှိုမျိုးစေ့များကို ကျောက်တုံးများနှင့် သစ်တုံးများပေါ်တွင် ဂရုတစိုက် စိုက်ပျိုးလိုက်လေသည်။ မထွက်ခွာမီမှာပင် သူမ သည် ၎င်းတို့ကို ရေကန်ရေဖြင့် ဖျန်းပေးလိုက်ပြီး သူမ၏ သစ်စွမ်းအင်ကို အသုံးပြုကာ အပင်များ ညှိုးနွမ်းမသွားစေရန် လုပ်ဆောင်ပေးလိုက်လေသည်။
အလုပ်ပြီးသွားသောအခါ ယောင်ရန်သည် မြေအောက်ခန်းမှ ထွက်ကာ ဗီလာသို့ ပြန်တက်လာခဲ့လေ တော့သည်။
ယောင်ရန်က စစ်သားများနှင့် ယွမ်ရိဟွေးအတွက် ရိက္ခာများနှင့် ဆေးများကို ပြင်ဆင်နေစဉ်အတွင်း အခြေစိုက်စခန်းမှ ကြေညာချက်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။
မငြိမ်မသက်ဖြစ်နေသော အခြေအနေများကြောင့် ရွှီချီဖန်သည် နောက်ဆုံးတွင် ဖရိုဖရဲဖြစ်မှုကို ထိန်း ချုပ်ရန်အတွက် အသက်ရှင်ကျန်ရစ်သူများ၏ အကူအညီကို ယူရန် ဆုံးဖြတ်လိုက်လေသည်။
အဓိကရုဏ်းသမားများ သို့မဟုတ် ဂိုဏ်းဝင်များကို သတင်းပေးတိုင်ကြားသူ မည်သူ့ကိုမဆို၊ ထို သတင်းမှာ မှန်ကန်ကြောင်း အတည်ပြုနိုင်ပါက အခြေစိုက်စခန်းမှ တစ်ဦးလျှင် အစားအသောက် ပေါင်ဝက် ကို ဆုလာဘ်အဖြစ် ပေးအပ်မည်ဖြစ်ပေသည်။
ဆုလာဘ်မှာ ရိက္ခာပေါင်ဝက်သာ ဖြစ်သော်လည်း အဓိကရုဏ်းသမားနှင့် ဂိုဏ်းဝင်အရေအတွက်မှာ ထောင်နှင် သောင်းနှင့်ချီ၍ ရှိနေပေသည်။
အဓိကရုဏ်းသမားတစ်ဦးသည် ရိက္ခာပေါင်ဝက်နှင့် ညီမျှလေသည်။ အသက်ရှင်ကျန်ရစ်သူများ သတင်း ပေးတိုင်ကြားနိုင်လေလေ ရိက္ခာများများ ရရှိလေလေ ဖြစ်သည်။ ကံကောင်းပါက အသက်ရှင်ကျန်ရစ်သူ အချို့မှာ နှစ်ပေါင်းများစွာကြာအောင် ရိက္ခာအတွက် စိတ်ပူစရာ လိုတော့မည်မဟုတ်ပေ။
ထို့အပြင် အဓိကရုဏ်းသမားနှင့် ဂိုဏ်းဝင်များကို ဖမ်းဆီးပြီး စခန်းထံ အပ်နှံနိုင်သော အသက်ရှင်ကျန်ရစ် သူများကိုမူ ရာဇဝတ်ကောင်တစ်ဦးလျှင် ရိက္ခာ နှစ်ကီလိုဂရမ် ဆုချမည်ဖြစ်သည်။ ထိုကဲ့သို့သော ရက် ရောလှသော ဆုလာဘ်များကြောင့် အသက်ရှင်ကျန်ရစ်သူများသည် အိမ်ထဲတွင် ပုန်းအောင်းမနေတော့ ဘဲ ကိုယ်စီလက်နက်စွဲကိုင်ကာ ထွက်လာကြလေတော့သည်။
ယခင်က အဓိကရုဏ်းသမားများ သို့မဟုတ် ဂိုဏ်းဝင်များကို တွေ့ရှိပါက အသက်ရှင်ကျန်ရစ်သူများ သည် လူစုခွဲကာ ထွက်ပြေးကြလေ့ရှိပေသည်။ သို့သော် ယနေ့ကြေညာချက် ထွက်ပေါ်လာပြီးနောက် တွင်မူ သူတို့သည် အဓိကရုဏ်းသမားများကို ပြန်လည်လိုက်လံ ဖမ်းဆီးကြတော့သည်။
နာရီအနည်းငယ်အတွင်းမှာပင် လူထုရုံးတွင် ဆုကြေးရှာအဖွဲ့ အမြောက်အမြား စာရင်းသွင်းခဲ့ကြပြီး ညနေပိုင်းတွင် နောက်ထပ်အဖွဲ့များလည်း ပေါ်ပေါက်လာခဲ့လေသည်။
ယောင်ရန်က ရိက္ခာစာရင်းနှင့် ဆေးများကို စနစ်တကျ ခွဲဝေပြီးသွားသောအခါ ယွမ်ရိဟွေး ဗီလာသို့ ရောက်ရှိလာလေသည်။ သူ၏ စိတ်ကြည်လင်နေသော ပုံစံကို သတိပြုမိသဖြင့် သူမက မေးလိုက်လေ သည်။
“အစ်ကိုယွမ်... ဘာသတင်းကောင်းများ ရှိလို့လဲ…”
ယွမ်ရိဟွေးက ပြုံးလျက် စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်လေသည်။
“ဟုတ်ကဲ့… ကျွန်တော်သိတဲ့ စစ်သားတချို့ကို ဒီည ဆေးတွေနဲ့ ရိက္ခာတွေ သွားပို့ပေးမယ်လို့ အကြောင်း ကြားလိုက်ပါပြီ… ပြီးတော့ စခန်းရဲ့ ဆုကြေးစနစ်အသစ်ကြောင့် ကျွန်တော်တို့ရဲ့ စီးပွားရေးကလည်း တော်တော်လေး ဟန်ကျနေတယ်ဗျ…”
ထိုသို့ပြောပြီးနောက် သူက မေးလိုက်လေသည်။
“မစ္စယောင်ရန်... ရိက္ခာတွေနဲ့ ဆေးတွေက ဘယ်မှာလဲ…”
ယောင်ရန်က နောက်ဖေးခြံကို ညွှန်ပြကာ ရှင်းပြလိုက်လေသည်။
“အဲဒီက သိုလှောင်ခန်းထဲမှာ ထည့်ထားပါတယ်… အစ်ကိုယွမ့်လူတွေကို ခေါ်ပြီး သယ်သွားလို့ရပြီ… အခုတစ်သုတ် ကုန်သွားရင် နောက်ထပ် ပြင်ပေးထားမယ်…”
“ကောင်းလိုက်တာ… အခုပဲ သွားသယ်လိုက်ပါ့မယ်…” ဟု ယွမ်ရိဟွေးက ဆိုလေသည်။
သူနှင့်အတူပါလာသော နေရာလွတ်စွမ်းအားရှင်များကို လှည့်ကြည့်ကာ ပြောလိုက်လေသည်။
“ညီအစ်ကိုတို့... မြန်မြန်လုပ်ကြစို့… ငါ့သူငယ်ချင်းတွေ ဒီရိက္ခာတွေကို အရေးတကြီး လိုအပ်နေတယ်…”
“ဟုတ်ကဲ့ပါ အစ်ကိုယွမ်”
သူတို့က နာခံလိုက်ကြလေသည်။
ယွမ်ရိဟွေးက ယောင်ရန်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
“မစ္စယောင်ရန်... ခင်ဗျား လိုက်ပို့စရာ မလိုပါဘူး… ကျွန်တော် လမ်းသိပါတယ်…”
သူမ ကူညီစရာ မလိုတော့သည်ကို မြင်သောအခါ ယောင်ရန်က ခေါင်းညိတ်ပြလိုက်လေသည်။
“ကောင်းပါပြီ…”
ယောင်ရန် ထွက်သွားပြီးနောက် ယွမ်ရိဟွေးသည် နောက်ဖေးရှိ သိုလှောင်ခန်းသို့ အလျင်အမြန် သွားခဲ့ လေသည်။ သူ အထဲဝင်လိုက်သည်နှင့် ထိုနေရာတွင် သိုလှောင်ထားသော လတ်ဆတ်သည့် အသားများ၊ ဟင်းသီးဟင်းရွက်များနှင့် ဆန်၊ ဂျုံ ရိက္ခာများကို ကြည့်ပြီး မှင်တက်သွားတော့သည်။ အစားအသောက် များအပြင် ဆေးဝါးများ၊ အဝတ်အထည်များနှင့် နေ့စဉ်သုံးပစ္စည်းများလည်း ရှိနေသေးသည်ပင်။
နေရာလွတ်စွမ်းအားရှင် တစ်ဦးက ၎င်းကို သတိပြုမိသွားပြီး သူ့အနားသို့ တွန့်ဆုတ်စွာ ချဉ်းကပ်လာ လေသည်။ သူက အသံတိုးတိုးဖြင့် မေးလိုက်လေသည်။
“အစ်ကိုယွမ်... ဒီရိက္ခာတွေကို ကျွန်တော်တို့ သွားပို့ပေးတာ တကယ်ပဲ အဆင်ပြေရဲ့လား….”
ယွမ်ရိဟွေးသည် ဟင်းသီးဟင်းရွက်ပုံထဲမှ ကြီးမားပြီး လတ်ဆတ်လှသော မုန်ညင်းထုပ်တစ်ထုပ်ကို ကောက်ကိုင်လိုက်ပြီး မယုံနိုင်သလို ရေရွတ်လိုက်မိသည်။
“ဒါက သာမန် မုန်ညင်းထုပ်တစ်ထုပ်ပဲ မဟုတ်လား…”
စွမ်းအားရှင်ကလည်း ခေါင်းညိတ်ကာ ပြန်ဖြေလိုက်လေသည်။
“ဟုတ်ပါတယ်…”