အခန်း (၄၁၇-၄၁၈)
Vol. 42 Ch. 417-418
အခန်း (၄၁၇) ထောင်ချောက်နှင့် အစီအစဉ်
ဝူယဲ့ဟောင်သည် သူ၏လက်အောက်ငယ်သား၏ အကြံပြုချက်ကို အသေအချာ စဉ်းစားနေမိလေသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် သူက ပြောလိုက်လေသည်။
"လမ်းအခြေအနေကောင်းရင် လော့ချန်မြို့ကို ကားနဲ့သွားဖို့ တစ်ရက်လောက်ပဲ ကြာနိုင်ပေမဲ့ အခုလို မှောင်နေတာရယ်၊ လမ်းအခြေအနေတွေရယ်ကြောင့် အနည်းဆုံး ရက်နည်းနည်းတော့ ကြာလိမ့်မယ်…"
ကျန်သူများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း ဝူယဲ့ဟောင်က မြေပုံကို စိုက်ကြည့်ကာ အတွေးနက်နေသည်ဖြစ်ရာ မည်သူမျှ စကားမပြောဘဲ တိတ်ဆိတ်နေခဲ့ကြလေသည်။
ခဏအကြာတွင် သူက ညွှန်ကြားလိုက်လေသည်။
"ထွက်ဖို့ ပြင်ကြ… လော့ချန်မြို့ကို မသွားခင် အနီးဆုံး စစ်ဆေးရေးဂိတ်မှာ ရိက္ခာနဲ့ ခဲယမ်းတွေ အရင် ဖြည့်မယ်…."
"ဟုတ်ကဲ့ပါ ဗိုလ်ကြီး…."
သူတို့က တပြိုင်နက်တည်းနာခံလိုက်ကြပေသည်။
သူ၏အမိန့်အရ အဖွဲ့သားများသည် ပစ္စည်းများကို အလျင်အမြန် သိမ်းဆည်းကာ သံချပ်ကာယာဉ်များ ပေါ်သို့ တင်ဆောင်ကြတော့သည်။
လက်အောက်ငယ်သားတစ်ဦးက သူ့အနားသို့ ချဉ်းကပ်ကာ မေးလိုက်လေသည်။
"ဗိုလ်ကြီး... သခင်မလေးကော ဘယ်လိုလုပ်မလဲ… သူ့ကို ကာကွယ်ဖို့ လူနှစ်ယောက်ပဲ ထားခဲ့တာလေ၊ ပြီးတော့ သူက ကျွန်တော်တို့နဲ့အတူ ယွိချန် ဌာနချုပ်ကို ပြန်ဖို့လည်း သဘောမတူသေးဘူး…"
ဝူယဲ့ဟောင်က မျက်မှောင်အနည်းငယ်ကြုတ်ကာ ပြန်ဖြေလိုက်လေသည်။
"သူ့အတွက် စိတ်မပူနဲ့… ယောင်ယွဲ့ချွမ်ကို ငါဖုန်းဆက်ပြီး ဒီတာဝန်ကို လွှဲယူခိုင်းလိုက်မယ်…."
လက်အောက်ငယ်သားက ခေါင်းညိတ်ပြပြီး သူ၏အဖွဲ့သားများကို ကူညီရန် ပြန်သွားသည်။ ထိုအချိန် တွင် ဝူယဲ့ဟောင်သည် တဲထဲမှထွက်ကာ သူ၏နာရီမှတစ်ဆင့် ယောင်ယွဲ့ချွမ်၏ ဖုန်းနံပါတ်ကို နှိပ်လိုက် လေသည်။
ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် ယောင်ယွဲ့ချွမ်၏အသံ ထွက်ပေါ်လာခဲ့လေသည်။
"ယဲ့ဟောက်... မင်း ငါ့ဆီ ဖုန်းဆက်တာ ရှားသားပဲ…"
"မင်း ဘာလုပ်နေတာလဲ… ဖုန်းကိုင်ဖို့ တစ်မိနစ်လောက်ကြာတယ်…."
ဝူယဲ့ဟောင်က ပြောလိုက်လေသည်။
ယောင်ယွဲ့ချွမ်က နှာခေါင်းတစ်ချက်ရှုံ့ပြီး ပြောလိုက်လေသည်။
"ငါ့မှာ ဘာမှလုပ်စရာမရှိဘူးလို့ မင်းထင်နေတာလား… ဒီမှာ ငါလည်း အရမ်းအလုပ်များနေတာကွ…."
သူ၏ မကျေမနပ်လေသံကို လျစ်လျူရှုကာ ဝူယဲ့ဟောင်က ရှင်းပြလိုက်လေသည်။
"လော့ချန်မြို့မှာ ရှိတဲ့ သေတ္တာတော်အဖွဲ့ရဲ့ လျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခုကို ငါရှာတွေ့ထားတယ်… အခု ငါအဲဒီကို သွားတော့မလို့… မင်း ကျွင်းချန် စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းကို သွားပြီး ငါ့တာဝန်ကို လွှဲယူပေးနိုင်မလား…"
ယောင်ယွဲ့ချွမ်၏အသံမှာ ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားပြီး အော်ပြောလိုက်လေသည်။
"မင်း အသေအချာ မပြင်ဆင်ဘဲ အဲဒီကို သွားရဲသွားကြည့်လေ… မင်းမှာ လူနည်းစုလေးပဲ ပါတာ၊ ခဲယမ်း တွေလည်း လုံလောက်အောင် မရှိဘူး… အခု လော့ချန်မြို့ကို သွားတာက သေတွင်းထဲကို တိုးဝင်နေတာ ပဲ…."
ဝူယဲ့ဟောင် ခဏမျှ တိတ်ဆိတ်နေပြီးမှ ပြန်ပြောလိုက်လေသည်။
"ယွဲ့ချွမ်း... သူတို့ ဒေတာတွေကို မဖျက်ဆီးခင် ငါ အဲဒီကို သွားရမယ်… ငါ တုကျောက်ရီဆီက အဲဒီဖိုင် တွေကို ခိုးခဲ့တာ နှစ်ပတ်ကျော်နေပြီ… အခုဆို သူတို့လည်း လျှို့ဝှက်ဓာတ်ခွဲခန်း တည်နေရာကို ငါတို့ သိသွားပြီဆိုတာ သိနေလောက်ပြီ…."
"ဒါကြောင့်ပဲ မင်း အဆင်သင့်မဖြစ်ဘဲ မသွားသင့်တာပေါ့… မင်း သတင်းခိုးခဲ့တုန်းက ကောက်ရှုဝေ ဘာမှမလှုပ်ရှားတာ မထူးဆန်းဘူးလား… သူ့စရိုက်နဲ့ဆိုရင် အခုလောက်ဆို အနက်ရောင်ဝံပုလွေ အဖွဲ့ တွေကို လွှတ်ပြီး မင်းကို လိုက်သတ်ခိုင်းနေလောက်ပြီလေ…" ဟု ယောင်ယွဲ့ချွမ်က ပြန်ပြောလိုက်လေ သည်။
ထို့နောက် သူသည် သူ၏လက်ပ်တော့ပေါ်တွင် အမြန်ရိုက်နှိပ်ကာ ဝူယဲ့ဟောင်၏ နာရီထဲသို့ ဖိုင်တစ်ခု ပို့ပေးလိုက်လေသည်။
"မင်း တစ်ခုခုမဆုံးဖြတ်ခင် ဒါကို အရင်ဖတ်ကြည့်ဦး…"
ဝူယဲ့ဟောင်၏ နာရီတွင် အကြောင်းကြားချက် တစ်ခု ပေါ်လာခဲ့လေသည်။ သူ ထိုစာတမ်းကို အသေအ ချာ ဖတ်လိုက်ပြီးနောက် မျက်နှာမှာ ညိုမှောင်သွားလေတော့သည်။
"ဒါဆို ငါ့ကို အဲဒီကို မျှားခေါ်တဲ့ ထောင်ချောက်ပေါ့…."
သူက တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"ဘာလို့ ငါ့ကို ဒီဓာတ်ခွဲခန်းကို ရှာတွေ့စေချင်ရတာလဲ… သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ…"
"အဲဒီကောင်ရဲ့ စိတ်ထဲမှာ ဘာရှိလဲဆိုတာ ဘယ်သူသိမှာလဲ…."
ယောင်ယွဲ့ချွမ်က အံကြိတ်ကာ ပြောလိုက်လေသည်။
"အဲဒီကောင်က အရမ်းကောက်ကျစ်တာ… ငါ့ညီမလေးရဲ့ ရည်းစားအကြောင်းကိုသာ ငါမစုံစမ်းခဲ့ရင်၊ မင်း အခုထိ ရှာတွေ့သမျှ သတင်းအချက်အလက်တွေအားလုံးက ကောက်ရှုဝေ တကူးတက ချန်ထားခဲ့ တဲ့ ငါးစာတွေဆိုတာ ငါ သိမှာတောင်မဟုတ်ဘူး…"
သူက စိတ်ကိုထိန်းကာ ဆက်ပြောလိုက်လေသည်။
"မင်း ငါ့ကို အရင်ဆက်သွယ်လိုက်လို့ တော်သေးတာပေါ့… မဟုတ်ရင် မင်းလည်း တခြားသူတွေလိုပဲ ဘာခြေရာလက်ရာမှမကျန်ဘဲ ဒီကမ္ဘာကနေ ပျောက်ကွယ်သွားလိမ့်မယ်…"
"ယဲ့ဟောက်... မင်းရဲ့ ညီလေးကို ရှာဖို့ စိတ်လောနေတာ ငါနားလည်ပါတယ်၊ ဒါပေမဲ့ ကောက်ရှုဝေကို တော့ လုံးဝအထင်မသေးနဲ့… ငါ့အဘိုးတောင်မှ သူငယ်ငယ်တုန်းက သူ့ကို သတိထားခဲ့ရတာ…"
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဝူယဲ့ဟောင်က ထပ်ပြောလိုက်လေသည်။
"ငါ လော့ချန်မြို့ကို သွားဖို့ လိုသေးတယ်…"
ယောင်ယွဲ့ချွမ်မှာ ထိုစကားကြောင့် စားပွဲကို ဒေါသတကြီး ထုလိုက်ပြီး အော်ဟစ်လိုက်လေတော့သည်။
"မင်း ရူးနေတာလား… ထောင်ချောက်မှန်း သိသိကြီးနဲ့ သွားဦးမလို့လား… မင်း သေချင်နေတာလား…."
ဝူယဲ့ဟောင်က ယောင်ယွဲ့ချွမ် စိတ်ငြိမ်သွားသည်အထိ စောင့်ပြီးမှ….၊
"ယွဲ့ချွမ်း... ငါ မသေချင်ပါဘူး… ဒါပေမဲ့ ဒါက ကောက်ရှုဝေရဲ့ တကယ့်ရည်ရွယ်ချက်တွေကို သိနိုင်မယ့် အခွင့်အရေးပဲ…"
"ဘာလို့ သူ သေတ္တာတော်အဖွဲ့ ကို တည်ထောင်ခဲ့တာလဲ… ဘာလို့ သူက သခင်မလေး (ယောင်ရန်) ကို အဲဒီလောက် စွဲလန်းနေရတာလဲ… ကောက်ရှုဝေကို နှိမ်နင်းပြီး သေတ္တာတော်အဖွဲ့ ကို ဖျက်ဆီးချင်ရင် ဒီမေးခွန်းတွေရဲ့ အဖြေကို ငါတို့ သိရမယ်…."
ကောင်းကင်ယံကို မော့ကြည့်ရင်း သူက ထပ်လောင်းပြောလိုက်လေသည်။
"သူက ငါ့အတွက် သီးသန့် ထောင်ချောက်ဆင်ထားတာဆိုတော့ မသွားဘဲနေရင် ရိုင်းရာကျမှာပေါ့…."
ယောင်ယွဲ့ချွမ်က သက်ပြင်းချကာ မေးလိုက်လေသည်။
"ဒါဆို မင်းက သူ့ထောင်ချောက်ကိုပဲ ပြန်သုံးပြီး သူ့ကို ပြန်ကစားမလို့လား…."
"ဟုတ်တယ်…"
ဝူယဲ့ဟောင်က ပြတ်သားစွာ ပြန်ဖြေလိုက်လေသည်။
"ငါ မသွားရင် ငါတို့ သူ့အစီအစဉ်ကို သိသွားပြီဆိုတာ သူရိပ်မိသွားလိမ့်မယ်… သွားမှသာ သူ ငါတို့ဆီက ဖုံးကွယ်ထားတဲ့ အရေးကြီးတဲ့အရာတစ်ခုခုကို ငါ ရှာတွေ့နိုင်မှာ…"
ယောင်ယွဲ့ချွမ်က သူ့ကို တားလို့မရမှန်း သိလိုက်လေသည်။
"ကောင်းပြီလေ… ယွီချီက ဖန်းချန်မြို့က စုံစမ်းရေးရလဒ်အသစ်တွေ ပို့လာတယ်၊ အဲဒါတွေ မင်းဆီ ပို့ပေး လိုက်မယ်…"
ဝူယဲ့ဟောင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်လေသည်။
"ကျေးဇူးပါပဲ…"
"ငါ့ကို ကျေးဇူးမတင်နဲ့ဦး…"
ယောင်ယွဲ့ချွမ်က မျက်လုံးလှန်ကာ ပြောလိုက်လေသည် ။
"မင်း အသက်ရှင်လျက် ပြန်လာဖို့ပဲ ကြိုးစား… ပြန်မလာရင်တော့ မင်းဝှက်ထားတဲ့ ချောကလက်တွေ အားလုံးကို ငါ အကုန်စားပစ်မှာ…"
ဝူယဲ့ဟောင် ဘာမှပြန်မပြောမီ ယောင်ယွဲ့ချွမ်က ဖုန်းချလိုက်လေတော့သည်။ ဝူယဲ့ဟောင်က သူ၏ နာရီမှ အကြောင်းကြားချက်များကို ကြည့်ကာ အဆုံးမဲ့ မှောင်မိုက်မှုထဲသို့ လှမ်းကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"မင်းတို့လို ညီအစ်ကိုတွေရှိတာ ငါ့အတွက် ကံကောင်းတာပဲ…."
"ဗိုလ်ကြီး... ကျွန်တော်တို့ ထွက်ဖို့ အဆင်သင့်ဖြစ်ပါပြီ…."
ရုတ်တရက် နောက်မှ လှမ်းခေါ်သံ ကြားလိုက်ရလေသည်။
ဝူယဲ့ဟောင် ခေါင်းညိတ်ပြီး သံချပ်ကာယာဉ်ပေါ်သို့ တက်လိုက်လေသည်။ ရိက္ခာဖြည့်ရန် စစ်ဆေးရေး ဂိတ်သို့ မောင်းနှင်နေစဉ်အတွင်း ယောင်ယွဲ့ချွမ် ပို့ပေးလိုက်သော ဖိုင်များကို သူ အသေအချာ ဖတ်ကြည့် လိုက်လေသည်။ အစီရင်ခံစာ တစ်ခုပြီးတစ်ခု ဖတ်ရင်း ဝူယဲ့ဟောင်၏ မျက်နှာမှာ ပို၍ ညိုမှောင်လာ ခဲ့လေတော့သည်။
"အရူးကောင်ပဲ…."
နောက်ဆုံးအစီရင်ခံစာကို ဖတ်အပြီးတွင် သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ရေရွတ်လိုက် လေသည်။
သူ၏ ညိုမှောင်နေသော စိတ်အခြေအနေကြောင့် ယာဉ်ပေါ်ရှိ ကျန်သူများသည် တစ်ဦးကိုတစ်ဦး စိုးရိမ်တကြီး ကြည့်လိုက်ကြသော်လည်း ဘာမှတော့ မပြောရဲကြပေ။
တစ်ချိန်တည်းမှာပင် ဝေးကွာလှသော ဖန်းချန်မြို့တွင် ကောက်ရှုဝေ၏ ဂြိုဟ်တုဖုန်း မြည်လာခဲ့လေ သည်။
"ပြောစမ်း…"
သူက တိုတိုတုတ်တုတ် ပြန်ထူးလိုက်လေသည်။
အခန်း (၄၁၈) ဥက္ကာခဲမိုး
စက္ကန့်အနည်းငယ်အကြာတွင် အမျိုးသားတစ်ဦး၏ အစီရင်ခံသံ က ထွက်ပေါ်လာခဲ့လေသည်။
"ညွှန်ကြားရေးမှူး... ပစ်မှတ်က ကျွင်းချန် စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းကနေ ထွက်သွားပြီး လော့ချန်မြို့ကို ဦးတည်နေပါပြီ…"
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကောက်ရှုဝေ က ပြန်ဖြေလိုက်လေသည်။
"ကောင်းပြီ... သူ့ကို ဆက်ပြီး ခြေရာခံထားပါ… ငါတို့ သူဖတ်ဖို့ ချန်ထားပေးတဲ့အရာတွေကို သူ ရှာတွေ့ပါ စေ…"
"ဟုတ်ကဲ့ပါ ညွှန်ကြားရေးမှူး…."
ဖုန်းချပြီးနောက် ကောက်ရှုဝေသည် အပြင်ဘက်မှ အသက်ရှူကျပ်မတတ် မှောင်မိုက်နေမှုကို စိုက်ကြည့် နေမိလေသည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူက စူးစမ်းလိုသော လေသံဖြင့် တိုးတိုး လေး ရေရွတ်လိုက်လေသည်။
"ငါ ဒီလောင်းကြေးမှာ နိုင်မလား၊ ဒါမှမဟုတ် ငါတို့အားလုံး နောက်တစ်ကြိမ် ထပ်ပြီး သေကျေပျက်စီး ကြဦးမလား… ယဲ့ဟောက်... ဒီတစ်ခါတော့ ငါ့ကို စိတ်မပျက်စေနဲ့ဦးနော်…"
ဝူယဲ့ဟောင်သည် ကျွင်းချန် စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းမှ လော့ချန်မြို့သို့ ထွက်ခွာသွားပြီး ရက် အနည်းငယ်အကြာတွင် ယောင်ရန်နှင့် အခြားသူများသည် ကျယ်လောင်သော အသံကြီးနှင့် မြေပြင် တုန်ခါမှုကြောင့် လန့်နိုးလာခဲ့ကြလေသည်။
"ဝုန်း……"
မြေပြင် တုန်ခါသွားသည်နှင့် ယောင်ရန်နှင့် လုံယုတို့မှာ တစ်ပြိုင်နက်တည်းမျက်လုံးပွင့်လာခဲ့ကြလေ သည်။ ဘာဖြစ်နေသလဲဆိုသည်ကို မစဉ်းစားနိုင်သေးမီမှာပင် အပြင်ဘက်မှ နောက်ထပ် ကျယ်လောင် သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြန်လေသည်။
"ဝုန်း…"
သူတို့သည် အချိန်မဖြုန်းတော့ဘဲ ကုတင်ပေါ်မှ အလျင်အမြန် ဆင်းကာ ဆောင်းတွင်းဝတ် အနွေးထည် အထူကြီးများကို ဝတ်ဆင်ပြီး အိပ်ခန်းထဲမှ ထွက်လာခဲ့ကြလေသည်။ သူတို့ ဗီလာအပြင်ဘက်သို့ လှမ်း ထွက်လိုက်ချိန်တွင် ရှီရွှမ်းနှင့် အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြပြီဖြစ် လေသည်။
သံတံခါးအပြင်ဘက်သို့ ထွက်လိုက်သည်နှင့် ယောင်ရန်သည် သူမ၏ နေရာလွတ် ထဲမှ ဆိုလာမီးအိမ် တစ်လုံးကို အလျင်အမြန် ထုတ်ယူကာ အလင်းရောင် အတောက်ဆုံးအဆင့်သို့ ဖွင့်လိုက်လေသည်။ တောက်ပသော အလင်းရောင်ကြောင့် မှောင်မှိုက်နေသော ပတ်ဝန်းကျင်မှာ ချက်ချင်း လင်းထိန်သွားပြီး ဖြစ်ပျက်နေသည်များကို သူမ ပိုမို ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေတော့သည်။
လူအများအပြား နေအိမ်များထဲမှ ပြေးထွက်လာကြသည်ကို သတိပြုမိသဖြင့် ယောင်ရန်က ပတ်ဝန်း ကျင်ကို အကဲခတ်ကြည့်လိုက်လေသည်။ ပြိုကျပျက်စီးနေသော ဗီလာတစ်လုံးကို မြင်လိုက်ရသောအခါ သူမ၏ နှလုံးသားမှာ ထိတ်လန့်တုန်လှုပ်သွားတော့သည်။
အခြားသော ဗီလာပိုင်ရှင်များသည်လည်း ထပ်တူပင် ထိတ်လန့်သွားကြပြီး ထိုပျက်စီးနေသော အပုံကြီး ကို ကြည့်ကာ မှင်တက်လျက် ရပ်ကြည့်နေခဲ့ကြလေသည်။
ဗဟိုခရိုင်ရှိ ဗီလာများအားလုံးမှာ အရည်အသွေးမြင့် ပစ္စည်းများကို အသုံးပြု တည်ဆောက်ထားခြင်း ဖြစ်ပြီး ငလျင်ဒဏ်ကိုပင် ခံနိုင်ရည်ရှိအောင် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပေသည်။ မည်ကဲ့သို့သော အင် အားမျိုးက ဤဗီလာကို ဤမျှအထိ ပျက်စီးသွားစေနိုင်ပါသနည်း…။
မကြာမီ ကင်းလှည့်အဖွဲ့ ရောက်ရှိလာခဲ့ကြလေသည်။ လူတိုင်း ထိတ်လန့်တုန်လှုပ်နေသည်ကို မြင်သော အခါ အဖွဲ့ခေါင်းဆောင်က အမိန့်ပေးလိုက်သည်။
"မြန်မြန်… အထဲမှာ ရှိနေတဲ့လူတွေကို ကယ်ကြစမ်း…."
သူ၏ အမိန့်အရ ကင်းလှည့်အစောင့်များသည် အပျက်အစီးများကို ဖယ်ရှားရန် အပြေးအလွှား သွားကြ တော့သည်။
သူတို့ အလုပ်မစမီမှာပင် တစ်ယောက်က မှောင်မိုက်နေသော ကောင်းကင်ယံကို လက်ညှိုးညွှန်ပြကာ အော်ဟစ်လိုက်လေသည်။
"ဟိုမှာကြည့်… အဲဒါ ဘာလဲ…"
သူ၏စကားအဆုံးတွင် လူတိုင်းမှာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြလေသည်။
ယောင်ရန်သည် အထက်မှ ကျဆင်းလာနေသော တောက်ပသည့် အလင်းတန်းပေါင်းများစွာကို မြင် လိုက်ရသောအခါ အံ့အားသင့်စွာဖြင့် မျက်လုံးပြူးသွားပြီး ရေရွတ်လိုက်မိလေသည်။
"ဥက္ကာခဲမိုးပဲ…"
ပုံမှန်အားဖြင့် ဥက္ကာခဲများသည် မြေပြင်သို့ မရောက်မီမှာပင် လေထုနှင့် ပွတ်တိုက်ပြီး ပြာအဖြစ် လောင် ကျွမ်းသွားလေ့ရှိလေသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ထိုဥက္ကာခဲများမှာ သိသိသာသာ ပိုမိုကြီးမား နေခဲ့ကြပေသည်။
အကယ်၍ ထိုဥက္ကာခဲများ မြေပြင်သို့ အရှိန်ဖြင့် ကျရောက်လာပါက မည်သို့ဖြစ်လာမည်ကို သိရှိလိုက် သဖြင့် ယောင်ရန်သည် ပြိုကျနေသော ဗီလာကို လှမ်းကြည့်ကာ ထိတ်လန့်တကြား ရေရွတ်လိုက်လေ သည်။
"ဒီဗီလာကို ဖျက်ဆီးလိုက်တာက ဥက္ကာခဲပဲ…"
ထိုစကားကို ကြားသောအခါ လုံယုနှင့် အခြားသူများသည် ပြိုကျနေသော ဗီလာနှင့် ကောင်းကင်ယံရှိ တောက်ပသော အလင်းတန်းများကို တစ်လှည့်စီ ကြည့်နေခဲ့ကြလေသည်။
သန်မာထွားကြိုင်းသော အမျိုးသားမှာ မအောင့်နိုင်တော့ဘဲ ကျိန်ဆဲလိုက်လေသည်။
"တောက်… ဒါက တကယ်ကြီးလားကွ…"
ထိုအော်သံကြောင့် ယောင်ရန်က ထိုလူအား လှည့်ကြည့်လိုက်လေသည်။
သူ့ဘေးတွင် ရပ်နေသော မာဘန်ရွှမ် က သူ၏ ကျောကို တစ်ချက်ပုတ်ကာ စိတ်ပျက်လက်ပျက် အော်ပြောလိုက်လေသည်။
"ဘာလို့ ဒီလောက် အကျယ်ကြီး အော်နေတာလဲ…."
ကွမ်းဟောက်ထျန်း က မျက်စိပျက် မျက်နှာပျက်ဖြင့် လုံယုကို မေးလိုက်လေသည်။
"ဗိုလ်ကြီး... ကျွန်တော်တို့ အခုပဲ ထွက်ပြေးသင့်ပြီ မဟုတ်ဘူးလား…"
လုံယု၏ မျက်နှာမှာ မည်းမှောင်သွားပြီး လေးနက်စွာ ပြောလိုက်လေသည်။
"ဘယ်နေရာမှ မလုံခြုံတော့ဘူး…"
"ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ… ဒီအတိုင်းကြီး ထိုင်စောင့်ပြီး အသေခံရမှာလား…"
ဟု လီကျန့်က မေးလိုက်လေသည်။
လုံယု ပြန်မဖြေမီမှာပင် ယောင်ရန်က ကြားဖြတ်ပြောလိုက်လေသည်။
"ပစ္စည်းတွေ သိမ်းကြ… ငါတို့ လွတ်လပ်တဲ့ နေရာတစ်ခုကို သွားပြီး ဒီဥက္ကာခဲတွေကို လောလောဆယ် ရှောင်ရမယ်…"
ထိုစကားကို ချန်ထားခဲ့ကာ သူမသည် ဗီလာထဲသို့ အပြေးပြန်ဝင်သွားပြီး အရာအားလုံးကို သူမ၏ နေရာလွတ်ထဲသို့ စတင်သိမ်းဆည်းလေတော့သည်။ ထိုမြင်ကွင်းကို မြင်သောအခါ လုံယုနှင့် အခြားသူ များလည်း သူမ၏ နောက်မှ အမြန် လိုက်လာခဲ့ကြလေသည်။
သူတို့ ပစ္စည်းများ သိမ်းဆည်းနေစဉ်မှာပင် ဥက္ကာခဲများသည် မြေပြင်သို့ စတင် ကျရောက်လာတော့ သည်။
"ဝုန်း… ဝုန်း…. ဝုန်း… "
မြေပြင်မှာ အဆက်မပြတ် တုန်ခါနေလျက်ရှိပြီး နားကွဲမတတ် ပေါက်ကွဲသံကြီးများ မှောင်မိုက်မှုအတွင်း ပဲ့တင်ထပ်နေတော့သည်။ မိနစ်ပိုင်းအတွင်းမှာပင် ယောင်ရန်သည် သိမ်းဆည်းနိုင်သမျှ အရာအားလုံးကို သိမ်းဆည်းပြီးသွားကာ ယူဆောင်သွား၍ မရသော အရာများသာ ကျန်ရစ်ခဲ့လေတော့သည်။
သူမသည် သံတံခါးများနှင့် အပူပေးမာကျောထားသော မှန်များကို ကြည့်ကာ သူမ၏ ဦးနှောက်ကို အလျင်အမြန် အလုပ်ပေးလိုက်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေသည်။
အခြေအနေများအရ သူတို့သည် နောက်နောင်တွင် ဤနေရာသို့ ပြန်လာနိုင်တော့မည် မဟုတ်ပေ။ ဤမှန် များနှင့် သံတံခါးများကို ပျက်စီးပြီး မြေမြုပ်ခံမည့်အစား သူမနှင့်အတူ ယူသွားခြင်းက ပိုကောင်းပေ လိမ့်မည်။
ဆုံးဖြတ်ချက် ချပြီးနောက် ယောင်ရန်သည် မှန်များနှင့် သံတံခါးများကို ပြတင်းပေါက် သို့မဟုတ် တံခါး ဘောင်များမှ ဖြုတ်မနေတော့ဘဲ နေရာလွတ်ထဲသို့ တိုက်ရိုက် သိမ်းဆည်းလိုက်သည်။ ဤလုပ်ငန်းစဉ် ကြောင့် ဗီလာ၏ နံရံများနှင့် ပြတင်းပေါက်များ ပျက်စီးသွားသော်လည်း သံတံခါးများနှင့် မှန်များကိုမူ အကောင်းအတိုင်း သိမ်းဆည်းနိုင်ခဲ့လေသည်။
သူမ နောက်ဆုံးမှန်ချပ်ကို သိမ်းလိုက်သည်နှင့် လုံယု ရောက်လာပြီး သူမ၏ လက်ကို ဆွဲကာ ဘာစကားမျှ မဆိုဘဲ အပြင်သို့ ခေါ်ထုတ်သွားခဲ့လေသည်။
"အားလုံးပဲ... အခုချက်ချင်း ထွက်ကြတော့…."
သူနှင့် ယောင်ရန်တို့ ဗီလာအပြင်ဘက်သို့ ပြေးထွက်လာရင်း လုံယုက အော်ပြောလိုက်လေသည်။
သူ၏ အမိန့်အရ ရှီရွှမ်းနှင့် အခြားသူများသည် သူတို့၏ ကျောပိုးအိတ်များကို လွယ်ကာ၊ လက်နက်များ ကို ဆွဲပြီး ဗီလာထဲမှ ချက်ချင်း ထွက်လာခဲ့ကြလေသည်။ သူတို့တွင် ညကြည့်မျက်မှန်များ ပါရှိသဖြင့် လက်နှိပ်ဓာတ်မီးများကို အသုံးပြုရန် မလိုကြပေ။
အပြင်ဘက်တွင်မူ အစောပိုင်းက တည်ငြိမ်မှုများ ပျောက်ကွယ်သွားပြီး ဖရိုဖရဲဖြစ်မှုနှင့် ထိတ်လန့် ကြောက်ရွံ့မှုများဖြင့် အစားထိုးဝင်ရောက်လာခဲ့လေတော့သည်။
"ဝုန်း…"
အနီးအနားတွင် နောက်ထပ် ဥက္ကာခဲတစ်လုံး ကျရောက်လာသောကြောင့် လူတိုင်း၏ စိတ်ထဲတွင် ထိတ် လန့်မှုများ ပိုမိုမြင့်တက်လာခဲ့လေတော့သည်။
"ပြေးကြ…."
"မြန်မြန်…. မသေချင်ရင် ထပြီး ပြေးကြတော့…."
ဗီလာရှေ့တွင် ရပ်နေသော လုံယုသည် ယောင်ရန်၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားခဲ့လေသည်။ သူ သည် အခြေအနေကို အမြန် အကဲခတ်လိုက်ပြီး ပြောလိုက်လေသည်။
"အခုအချိန်မှာ ကားမောင်းဖို့က မလုံခြုံဘူး… အရင်ဆုံး ပြေးပြီး ဒီနေရာကနေ ထွက်ကြရအောင်…"
နှစ်ပေါင်းများစွာ လေ့ကျင့်ထားမှုများကြောင့် ရှီရွှမ်းနှင့် အခြားသူများသည် တည်ငြိမ်နေကြဆဲဖြစ်လေ သည်။ သူတို့က နာခံလိုက်ကြလေသည်၊
"ဟုတ်ကဲ့ပါ ဗိုလ်ကြီး…"
သူတို့ စတင်ပြေးလိုက်ချိန်မှာပင် လမ်းတစ်ဖက်ခြံမှ ရွှီပေါ်ယာ နှင့် အခြားသူများကို အစောင့်အရှောက် များဖြင့် ခေါ်ထုတ်လာသည်ကို ယောင်ရန် တွေ့လိုက်ရလေသည်။ ထိုအဘိုးအို သုံးဦးကို မြင်လိုက်ရသော အခါ ယောင်ရန်၏ စိတ်ထဲတွင် လေးလံသွားတော့သည်။ ဤတစ်ကြိမ် ခွဲခွာပြီးနောက် သူတို့နှင့် ထပ်မံဆုံ တွေ့နိုင်ရန်မှာ မသေချာတော့ပေ။
သူမ၏ အကြည့်ကို သတိပြုမိသဖြင့် လုံယုက ပြောလိုက်လေသည်။
"ရန်ရန်... ငါတို့ လူတိုင်းကို မကယ်နိုင်ဘူး…."
ယောင်ရန်သည် သူ၏ စကားကို နားလည်လိုက်ပြီး မျက်လုံးကို မှိတ်ထားလိုက်သည်။ စက္ကန့်အနည်းငယ် အကြာတွင် သူမ မျက်လုံးပြန်ဖွင့်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။
"သွားကြရအောင်…"
သူမသည် ထိုအဘိုးအို သုံးဦးကို နောက်ဆုံးအကြိမ် လှမ်းကြည့်လိုက်ပြီးနောက် လုံယုတို့နှင့်အတူ ပြေး ထွက်လာခဲ့လေတော့သည်။
မိနစ်ပိုင်းအတွင်းမှာပင် ဥက္ကာခဲ (၂၀) ကျော် မြေပြင်သို့ ကျရောက်လာသည်ကို ယောင်ရန် ရေတွက်မိ လိုက်လေသည်။
ဥက္ကာခဲ ကျရောက်သည့် အရှိန်တိုင်းက မြေပြင်ကို တုန်ခါစေပြီး လေထဲရှိ သဲနှင့် ဖုန်မှုန့်များကြောင့်လည်း သူတို့၏ အမြင်အာရုံများမှာ ပိုမို ဝေဝါးလာတော့သည်။
"ဝုန်း… ဝုန်း… ဝုန်း…"