← Chapters

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း (၁၉၇) ကလေးများကို ကျောင်းထားခြင်း

လျူအာကျူးနှင့် ချန်ဟုန်ယွင်တို့သည် အချိန်နှင့် နေရာကို သဘောတူညီပြီးနောက် သူသည် သူ့အစ်ကိုကြီးအိမ်သို့ တိုက်ရိုက်ထွက်ခွာသွားလိုက်သည်။

ယခုအချိန်မှာ မွန်းတည့်ချိန်ဖြစ်ပြီး သူ့အစ်ကိုကြီးမှာ ကန်တင်းတွင် နေ့လယ်စာစားနေလေသည်။

အိမ်နှင့်နီးသောနေရာတွင် အလုပ်လုပ်သော သူ၏မရီးဖြစ်သူမှာ ကန်တင်းမှ အစားအစာများကို ယူဆောင်လာကာ ရှောင်ဟုနှင့် နျီဇီတို့ကို ကျွေးမွေးရန် ပြန်ရောက်နေသည်။

လျူအာကျူး တံခါးဝသို့ ဝင်လာသောအခါ နျီဇီ၏ ထက်မြက်သောမျက်လုံးများက သူ့ကို အရင်ဆုံး မြင်တွေ့သွားသည်။ သူမက ပန်းကန်ကို ဝမ်းသာအားရ ချထားခဲ့ပြီး ပြေးကာ အော်ဟစ်လာသည်။

"ဦးလေး... ဦးလေး..."

သူ၏ဆီသို့ ပြေးလာသော မိန်းကလေးငယ်ကို ကြည့်ရင်း လျူအာကျူးသည် သူမကို ပွေ့ချီလိုက်ကာ ပြုံး၍ မေးလိုက်သည်။

"နျီဇီ... သမီးလေး အခုရက်ပိုင်း လိမ္မာရဲ့လား..."

"သမီး အရမ်းလိမ္မာတယ်... နေ့တိုင်း အဖေနဲ့ အမေ အလုပ်သွားရင် သမီး အိမ်မှာနေပြီး အစ်ကိုနဲ့ပဲ ကစားတယ်... အပြင်မှာ လျှောက်မပြေးဘူး..."

နျီဇီက ချီးကျူးခံချင်သောဟန်ဖြင့် ဂုဏ်ယူစွာ ပြောလိုက်သည်။

လျူအာကျူးသည် သူမကို လက်မထောင်ပြကာ ချီးကျူးလိုက်သည်။ ထို့နောက် သူသည် မျက်လှည့်ပြသကဲ့သို့ လက်ကို ဖြန့်လိုက်ရာ သူ၏လက်ဖဝါးပေါ်တွင် ယုန်ဖြူနို့သကြားလုံးနှစ်လုံး ပေါ်လာသည်။

နျီဇီ၏ မျက်လုံးများက အရောင်လဲ့သွားသည်။ သူမသည် သကြားလုံးများကို ဝမ်းသာအားရ ယူလိုက်ပြီး တစ်လုံးကို ဗိုက်နားရှိ အိတ်ကပ်ငယ်ထဲသို့ ထည့်လိုက်ကာ အခြားတစ်လုံးကိုမူ အခွံခွာ၍ ပါးစပ်ထဲသို့ ပျော်ရွှင်စွာ ထည့်လိုက်သည်။

သူမ၏ မိဘများလစာမှာ ကောင်းမွန်သော်လည်း လစာမရသေးပေ။ ထို့အပြင် သူတို့၏ ချွေတာတတ်သော သဘာဝအရ သူမအတွက် သကြားလုံးကို အလွယ်တကူ ဝယ်ပေးမည် မဟုတ်ပေ။

လျူအာကျူးက နျီဇီကို ပွေ့ချီထားရင်း အိမ်ထဲသို့ ဝင်လာခဲ့သည်။

"မရီး... ရှောင်ဟု..."

"မောင်လေး ရောက်လာပြီပဲ..."

"ဒုတိယဦးလေး..."

သားအမိနှစ်ယောက်သည် သူ့ကို ကြိုဆိုရန် အလျင်အမြန် မတ်တတ်ရပ်လိုက်ကြသည်။

လျူအာကျူးက လက်ကာပြလိုက်သည်။

"မရီးတို့ ဆက်စားကြပါ... ကျွန်တော့်အတွက် စိတ်မပူပါနဲ့... အိမ်မှာ တစ်ခုခု လိုအပ်နေတာများ ရှိလား..."

"မလိုပါဘူး... အားလုံး ရှိပါတယ်... မောင်လေးက အများကြီး ပေးထားပြီးသားပဲလေ... မောင်လေးက အလုပ်လည်း ရှာပေးသေးတယ်... ရေဒီယိုနဲ့ စက်ဘီးလည်း ပေးသေးတယ်... အစ်ကိုကြီးနဲ့ ငါက ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး..."

သူ့မရီးဖြစ်သူမှာ ကျေးဇူးတင်စိတ်များ ပြည့်နှက်နေသည်။

"ညီအစ်ကိုတွေကြားမှာ ကျေးဇူးတင်စရာ မလိုပါဘူး..."

လျူအာကျူးက ပြုံးလျက် ပြောလိုက်ပြီး အခန်းထဲတွင် တစ်စုံတစ်ခု လိုအပ်နေခြင်း ရှိမရှိ သေချာစေရန် အကဲခတ်ကြည့်လိုက်သည်။

မရီးဖြစ်သူက ခွေးခြေခုံတစ်လုံးကို အမြန်ဆွဲယူလာသည်။

"မောင်လေး ထိုင်ပါဦး... ငါတို့နဲ့အတူ နည်းနည်းလောက် စားလိုက်ပါဦး..."

"အိုး... ရပါတယ်... ကျွန်တော် စားပြီးပြီ..."

လျူအာကျူးသည် စားပွဲပေါ်ရှိ အစားအစာများကို ကြည့်လိုက်သည်။

ထိုအရာမှာ ဂေါ်ဖီထုပ်ကြော်ဖြစါသည်။ အသားမပါသောကြောင့် ဆီပိုထည့်ထားရာ အတော်လေး ဆီရွှဲနေပုံပေါ် းနေသည်။

အဓိကအစားအစာမှာ ကန်တင်းမှ ယူဆောင်လာသော ပြောင်းဖူးမုန့် ဖြစ်သည်။

အစ်ကိုကြီးနှင့် မရီးဖြစ်သူတို့သည် မြို့သို့ ပြောင်းရွှေ့လာသည်မှာ မကြာသေးသောကြောင့် လစာမရသေးဘဲ ငွေကြေးရှားပါးနေမည်ကို လျူအာကျူး သိထားသည်။

သူတို့ အလုပ်လုပ်ရန် မြို့သို့ စတင်ပြောင်းရွှေ့လာစဉ်က လျူအာကျူးသည် သူတို့တွင် စားစရာ မလောက်ငှမည်ကို စိုးရိမ်သောကြောင့် တစ်လစာ လုံလောက်သော အသား၊ ဆန်နှင့် ဂျုံမှုန့်ဖြူတို့ကို ပေးထားခဲ့သည်။

သူတို့သည် ချွေတာတတ်သည့် အကျင့်ရှိသောကြောင့် ပိုကောင်းသော အစားအစာများကို ညစာအတွက် ချန်ထားပြီး နေ့လယ်ဘက်တွင် ကန်တင်းမှ စားကြခြင်းဖြစ်မည်ဟု သူ တွေးလိုက်မိသည်။

လျူအာကျူးသည် ခေါင်းခါယမ်းလိုက်ပြီး သူ့လွယ်အိတ်ထဲမှ ထမင်းချိုင့် သုံးလုံးကို ထုတ်ယူလိုက်သည်။

သူ ထိုချိုင့်များကို ဖွင့်လိုက်သောအခါ အတွင်းတွင် ဘဲကင်၊ ဂျုံလိပ်ပြားများ၊ အချဉ်ရည်နှင့် အရံဟင်းလျာများ ပြည့်နေလေသည်။

နောက်ဆုံး ထမင်းချိုင့်တွင်မူ ဆားနှင့် ငရုတ်ကောင်းမှုန့်နယ်ထားသော ဘဲရိုးများပင် ပါဝင်သည်။

၎င်းတို့ကို သူ၏ နေရာလွတ်ထဲတွင် သိမ်းဆည်းထားခဲ့သောကြောင့် စတင်ပြုလုပ်စဉ်က အခြေအနေအတိုင်း ရှိနေဆဲပင် ဖြစ်သည်။

ယခု သူ ထုတ်ယူလိုက်သောအခါတွင်လည်း နွေးထွေးနေဆဲဖြစ်ပြီး မွှေးကြိုင်သော ရနံ့များ ပြည့်နှက်လာသည်။

အသား၏ရနံ့ကို ရလိုက်သောအခါ အခန်းထဲရှိ လူသုံးယောက်စလုံး မျက်လုံးပြူးကာ ကြည့်နေကြသည်။

မကြာသေးမီက သူတို့သည် တစ်နေ့လျှင် အသားဟင်းတစ်ခွက် စားနိုင်ခဲ့သော်လည်း ဤဘဲကင်မှာ အလွန်အရသာရှိမည့် အနံ့ထွက်နေသည်။

မိသားစုသည် ဤမျှအရသာရှိပုံပေါ်သော အစားအစာကို ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

"မရီး... ဒါက ကျွန်တော် ပေကျင်းမြို့ကနေ ယူလာတဲ့ ဘဲကင်ပဲ... တကယ်

အရသာရှိတယ်..."

သူတို့ကို မည်သို့ စားရမည်ကို ပြသရန်အတွက် လျူအာကျူးသည် ဂျုံလိပ်ပြားတစ်ခုကို ယူကာ စားသောက်ပုံအဆင့်ဆင့်ကို သရုပ်ပြလိုက်ပြီးမှ နျီဇီ၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။

နျီဇီက တစ်ကိုက် ကိုက်လိုက်ပြီး ချက်ချင်းပင် စိတ်လှုပ်ရှားသွား၏။

"အရမ်းကောင်းတာပဲ..."

နျီဇီ မည်မျှပျော်ရွှင်နေသည်ကို မြင်သောအခါ လျူအာကျူးသည် တူကို ကောက်ကိုင်ရန် ရှက်နေသော ရှောင်ဟုအတွက် ဘဲသားလိပ် နောက်တစ်ခုကို လိပ်ပေးလိုက်သည်။

ကလေးနှစ်ယောက် ဘဲကင်စားနေသည်ကို ကြည့်ရင်း မရီးဖြစ်သူက အားနာပြုံး ပြုံးလိုက်မိသည်။

"မောင်လေး... သူတို့က ပုံမှန်လည်း အသား

စားရပါတယ်... ဒီထိအပင်ပန်းခံပြီး လာပို့ပေးစရာ မလိုပါဘူး..."

"ကျွန်တော် သိပါတယ်... ကျွန်တော်တို့လည်း ဒါကို နေ့တိုင်း စားနိုင်တာမှ မဟုတ်တာ... အဓိကက စားချင်စိတ်ကို ဖြည့်ဆည်းဖို့ ယူလာခဲ့တာပါ..."

"စားကြပါ... နောက်တစ်ခါ ဒါမျိုးပြန်စားရဖို့ အချိန်ဘယ်လောက် ကြာဦးမလဲဆိုတာ ဘယ်သူသိမှာလဲ..."

လျူအာကျူးသည် မရီးဖြစ်သူကို တမင်တကာ နှစ်သိမ့်ပေးလိုက်သည်။

သူ၏မရီးဖြစ်သူမှာ လျူအာကျူး၏ စွမ်းဆောင်ရည်များကို သိထားသည်။ အကယ်၍ သူမတို့မိသားစုက နှစ်သက်သည်ဟု ပြောလိုက်လျှင် သူသည် တစ်ရက်ခြားတစ်ခါ ပို့ပေးလာလောက်ပေသည်။

သို့သော် အလွန်အကျွံ ငြင်းဆန်ခြင်းသည် ရိုးသားမှုမရှိဟု ထင်ရစေရုံသာမက မိသားစု သံယောဇဉ်ကိုပါ ထိခိုက်စေနိုင်သည်။

သူမသည် ရှောင်ဟုနှင့် နျီဇီတို့ကိုသာ ကြည့်ကာ ပြောလိုက်သည်။

"နောင်ကျရင် မင်းတို့က အမေနဲ့ အဖေ့အပေါ် ကျေးဇူးဆပ်ချင်မှ ဆပ်ပါ... ဒါပေမဲ့ မင်းတို့ရဲ့ ဒုတိယဦးလေးအပေါ်တော့ ကျေးဇူးဆပ်ရမယ်... ကြားလား..."

နျီဇီက အမြန်ခေါင်းညိတ်လိုက်ပြီး ဘဲသားအချို့ကို ဖမ်းဆွဲရန် ရိုးတိုးရွတဖြင့် ကြိုးစားလိုက်သည်။

ရှောင်ဟုက လေးနက်စွာဖြင့် ပြော၏။

"နားလည်ပါပြီ အမေ..."

သူ၏မရီးဖြစ်သူမှာ ရှောင်ဟုနှင့်ပတ်သက်၍ စိတ်သက်သာရာ ရသွားလေသည်။

သူသည် လိမ္မာရေးခြားရှိပြီး အသိဉာဏ်ရှိကာ ကျေးဇူးသိတတ်သူ ဖြစ်သည်။

မရီးဖြစ်သူအား အနေခက်မသွားစေရန် လျူအာကျူးက ခြံဝင်းထဲသို့ ထွက်လာခဲ့လေသည်။

သူသည် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး အိမ်နီးချင်းများကို လေ့လာကြည့်လိုက်၏။

ကလေးများအားလုံး မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ သေနတ်နှစ်လက်ဖြင့် ယုန်ပစ်ဂိမ်း ကစားနေကြသည်ကို သူ သတိထားမိလိုက်သည်။

ဤဂိမ်းအမျိုးအစားသည် ခန္ဓာကိုယ်အားစိုက်ထုတ်ရန် မလိုအပ်ဘဲ မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ခြင်းက အစာအိမ်ကို ဖိသိပ်ထားစေသောကြောင့် သူတို့ကို ဗိုက်မဆာစေပေ။ ထို့ကြောင့် ၎င်းသည် ဗိုင်းရပ်စ်တစ်ခုကဲ့သို့ ပျံ့နှံ့သွားခဲ့ပြီး ယခုအခါ ခရိုင်မြို့ရှိ ကလေးတိုင်းနီးပါး ကစားတတ်နေလောက်ပြီ ဖြစ်သည်။

လျူအာကျူးသည် ခရိုင်မြို့တွင် မရည်ရွယ်ဘဲ ခေတ်ရေစီးကြောင်းတစ်ခုကို ဦးဆောင်မိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ကလေးများကြားတွင်သာ ဖြစ်နေလျှင်တောင်မှ သူ မထင်မှတ်ထားခဲ့ပေ။

ဤကလေးများကို ကြည့်ရင်း လျူအာကျူးသည် ရှောင်ဟုကို သတိရသွားသည်။ ထိုကောင်လေး ကျောင်းတက်ရန် လိုအပ်နေသေးသည်။

သူသည် ယခင်ကတည်းက စီစဉ်ပေးချင်ခဲ့သော်လည်း အခြားကိစ္စများနှင့် အလွန်အလုပ်ရှုပ်နေခဲ့သည်။ ထို့အပြင် သူ၏အစ်ကိုကြီးနှင့် မရီးဖြစ်သူတို့သည် ခရိုင်မြို့ရှိ အလုပ်များတွင် အခြေကျနိုင်မည်လားဆိုသည်ကို မသေချာသေးသောကြောင့် သူ အလျင်စလို မလုပ်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ည ချန်ဟုန်ယွင်နှင့် ကိစ္စများ ပြီးစီးပြီးနောက် သူသည် ချန်ဟုန်ယွင်၏ အဆက်အသွယ်များကို အသုံးပြု၍ ရှောင်ဟုကို အစိုးရဝန်ထမ်း မူလတန်းကျောင်းသို့ ဝင်ခွင့်ရအောင် လုပ်ပေးမည် ဖြစ်သည်။

အစိုးရဝန်ထမ်း မူလတန်းကျောင်းရှိ သင်ကြားရေးအရင်းအမြစ်များမှာ သာမန်မူလတန်းကျောင်းများထက် များစွာ ပိုကောင်းမွန်သည်။ ဆရာ၊ ဆရာမများသည် ဆာလောင်မှုကြောင့် သင်ကြားရန် ဝန်လေးနေမည် မဟုတ်ဘဲ သူတို့သင်ကြားပေးသော ဗဟုသုတများမှာလည်း ပြည့်စုံကျယ်ပြန့်လေသည်။

အနိုင်ကျင့်ခံရမည့် ကိစ္စနှင့်ပတ်သက်၍မူ သူသည် ချန်ဟုန်ယွင်၏ အဆော့မက်သော သားဖြစ်သူနှင့် သေချာစကားပြောရန် လိုအပ်မည် ဖြစ်သည်။

ထိုအာဏာရှင်လေးကို ရှောင်ဟုနှင့် အဆင်ပြေအောင် လုပ်ပေးနိုင်သရွေ့ မည်သည့် အနိုင်ကျင့်မှုမျှ ရှိလာမည်မဟုတ်ပေ။

ထို့နောက် နျီဇီ ရှိသေးသည်။ ပုံမှန်အားဖြင့် မိဘများ အလုပ်သွားချိန်တွင် ရှောင်ဟုက နျီဇီကို အိမ်၌ စောင့်ရှောက်ပေးသည်။

အကယ်၍ ရှောင်ဟု ကျောင်းသွားရမည်ဆိုလျှင် ယခုအချိန်၌ သူငယ်တန်းကျောင်းဟူ၍ မရှိသေးဘဲ ကလေးထိန်းငှားရန်မှာလည်း မဖြစ်နိုင်ပေ။

ကံကောင်းထောက်မစွာဖြင့် ခရိုင်မြို့တွင် အခြားအသိမိတ်ဆွေတစ်ယောက် ရှိနေသေးသည်။

သူါဆရာဖြစ်သူ တာ့ရွှယ်ထို၏ မိသားစုလည်း ထိုနေရာတွင် ရှိနေသည်။

အချိန်ကျလာလျှင် သူသည် ဆရာ့သမီးဖြစ်သူ လီလီကိုပါ ကျောင်းထားပေးမည်ဖြစ်ပြီး ထို့နောက် ဆရာကတော်ကို နျီဇီနှင့် လဲ့လဲ့တို့အား စောင့်ရှောက်ပေးရန် အကူအညီတောင်းမည် ဖြစ်သည်။

လျူအာကျူးသည် သူ၏အစီအစဉ်ကို ပြီးဆုံးပြီးနောက် ချက်ချင်းပင် စီးကရက်တိုကို လွှင့်ပစ်လိုက်ပြီး အိမ်ထဲသို့ ပြန်ဝင်ကာ သူ၏မရီးဖြစ်သူနှင့် တိုင်ပင်ဆွေးနွေးလိုက်သည်။

သူ၏မရီးဖြစ်သူမှာ ကျောင်းထားရေးနှင့်ပတ်သက်လာလျှင် သဘာဝကျကျပင် လိုလားနေခဲ့သည်။

ကုန်တိုက်တွင် သူမ အလုပ်လုပ်စဉ်ကာလအတွင်း ပစ္စည်းများ ဝယ်ယူနိုင်စွမ်းရှိသူများမှာ ချမ်းသာသူများသာဖြစ်ကြောင်း သူမ မြင်တွေ့ခဲ့ရသည်။

ထိုအချိန်က ချမ်းသာသူအများစုမှာလည်း ပညာတတ်များသာ ဖြစ်ကြသည်။

ထိုလူများသည် စကားပြောဆိုရာတွင် ကျွမ်းကျင်ပိုင်နိုင်ပြီး သင့်လျော်စွာ ပြုမူနေထိုင်ကြကာ သူတို့ကိုယ်သူတို့ အလွန်ကောင်းမွန်စွာ ရပ်တည်နိုင်ပုံပေါ်သည်။

ထို့အပြင် လျူအာကျူးသည် အဘယ်ကြောင့် ဤမျှအရည်အချင်းရှိနေရသနည်း။

သူ အလယ်တန်းကျောင်း တက်ခဲ့သောကြောင့် မဟုတ်ပါလော။

ထို့ကြောင့် သူ့မရီးဖြစ်သူသည် ရှောင်ဟုကို ကျောင်းထားချင်နေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သူမတွင် မည်သည့် အဆက်အသွယ်မျှ မရှိခဲ့ခြင်းသာ ဖြစ်သည်။

လျူအာကျူးက စီစဉ်ပေးမည်ဟု ကြားသောအခါ သူမက စိတ်လှုပ်ရှားစွာဖြင့် ပြောလိူက်သည်။

"ကျူးဇီ... ဒီကိစ္စအောင်မြင်ဖို့အတွက် လူတွေကို ညစာကျွေးဖို့ လိုအပ်ဦးမလား... ငါ့ကိုပဲ ပေးခိုင်းပါ... ငါ့ပိုင်ဆိုင်မှု အားလုံးကို ရောင်းရမယ်ဆိုရင်တောင် ငါ ပေးပါ့မယ်... မင်းကိုတော့ အကုန်အကျ မခံခိုင်းနိုင်ဘူး..."

"ကိစ္စအောင်မြင်ဖို့ ဘာငွေမှ မလိုပါဘူး... ကျောင်းလခပဲ ပေးဖို့ လိုတာပါ... အချိန်ကျလာရင် ကုန်ကျစရိတ်အတွက် စိတ်မကောင်းမဖြစ်ပါနဲ့..."

လျူအာကျူးက ပြုံးလျက် ပြောလေသည်။

မရီးဖြစ်သူမှာ အလွန်စိတ်လှုပ်ရှားနေသော်လည်း ဤစကားကို ကြားသောအခါ အံ့အားသင့်သွားသည်။

"အာ... ကျောင်းလခက

အရမ်းဈေးကြီးလို့လား..."

"တစ်နှစ်ဝက်ကို ယွမ်အနည်းငယ်လောက်တော့ ရှိလိမ့်မယ်..."

လျူအာကျူးက သူ၏ကိုယ်ပိုင်အတွေ့အကြုံအရ တွက်ချက်ကာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ မရီးဖြစ်သူ၏ မျက်နှာပေါ်တွင် ကုန်ကျစရိတ်အတွက် အနည်းငယ် စိတ်ဆင်းရဲသည့်ဟန် ပေါ်လာသည်။ သူမသည် ကျောင်းထားစရိတ် ဤမျှကြီးမားမည်ဟု မမျှော်လင့်ထားခဲ့သော်လည်း အံကြိတ်ကာ ပြောလာသည်။

"ရပါတယ်... ငါ ပေးပါ့မယ်..."

All Chapters