← Chapters

အခန်း ၅၂၆

Vol. 53 Ch. 526

အခန်း ၅၂၆

Vol. 53 Ch. 526

အခန်း (၅၂၆) ခွဲဝေခြင်း

​သူ၏ဘေးတွင် ထိုင်နေသော ကျန်းခိုင်က ဝင်ပြောလိုက်သည်။ "နတ်ဘုရားကော ပြောတာ မှန်တယ်။ ဒီလမ်းကြောင်းက တကယ်ကို အန္တရာယ်များတယ်။ ဒါပေမဲ့ တခြားတစ်ဖက်က တွေးကြည့်မယ်ဆိုရင်... အကယ်၍ ကျွန်တော်တို့သာ အဲဒီအချိန်ကာလကို တကယ် ရောက်သွားနိုင်ခဲ့မယ်ဆိုရင်... အဲ့တာရဲ့ အရေးပါမှုက သာမန်ထက်ကို အများကြီး ထူးခြားပြောင်မြောက်နေလိမ့်မယ်..."

​"ကျွန်တော်တို့က သမိုင်းကို အကြီးအကျယ် ပြောင်းလဲပစ်ဖို့ မဖြစ်နိုင်သလို ခွင့်ပြုချက်လည်း မရှိဘူး။ ဒါပေမဲ့ စည်းမျဉ်းဘောင်ထဲကနေ တစ်ခုခု လုပ်ပေးနိုင်ဖို့တော့ ဖြစ်နိုင်မယ် မဟုတ်လား...."

​"အဲဒါက သတိပေးချက် တချို့ထုတ်ပြန်ပေးတာ၊ အချက်အလက် တချို့ကို ပေးပို့တာ ဒါမှမဟုတ် လူအနည်းငယ်ကို ကယ်တင်ဖို့ ကျွန်တော်တို့ တတ်နိုင်သလောက် လုပ်ပေးတာ ပြီးတော့ အဲဒီခေတ်က လူမျိုးတွေရဲ့ ဆင်းရဲဒုက္ခအချို့ကို လျှော့ချပေးတာလောက်ပဲ ဖြစ်နေပါစေ... ကျွန်တော်တို့ လုပ်နိုင်မှာပဲလေ...."

​သမိုင်းကို ပြောင်းလဲခြင်းဟူသော စကားစုလေးသည် လေးလံသော အလေးချိန်တစ်ခုကို သယ်ဆောင်ထားသော်လည်း... ထိုသမိုင်းကြောင်းက အလွန်အမင်း နာကျင်စရာကောင်းနေသောကြောင့်သာ ဤအကြံအစည်လေးက ပါဝင်ပတ်သက်နေသော အန္တရာယ်များကို လူတိုင်း သိရှိထားကြသည့်တိုင်အောင် ခုခံမရနိုင်သော ဆွဲဆောင်မှုတစ်ခုကို သယ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။

​၂၉၀ အေဒီဆိုသည်မှာ စစ်ပွဲကာလတစ်ခုသာမက ယဉ်ကျေးမှု ပြိုလဲလုနီးပါး ဖြစ်နေသည့် အချိန်ကာလတစ်ခုလည်း ဖြစ်သည်။

​ဤလမ်းကြောင်းကို ရွေးချယ်ခြင်းက သတ္တိရှိရုံသာမက ထိုအဖြစ်ဆိုးကြီးကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်မှုနှင့် အလွန်ခိုင်မာသော စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်တို့လည်း လိုအပ်ချေသည်။

​လူအများအပြားက သမိုင်းကို ပြောင်းလဲခြင်းဟူသော ခေါင်းစဉ်အပေါ်တွင် စိတ်ဝင်စားမှု ပြသနေကြသည်ကို... အထူးသဖြင့် လူငယ်အချို့၏ မျက်ဝန်းများတွင် မျှော်လင့်ချက်များ တောက်ပနေသည်ကို ကျန်းယဲ့ သတိပြုမိလိုက်၏။

​လူတိုင်း၏ အာရုံကို ပြန်လည်ဆွဲဆောင်ရန် သူက စားပွဲကို ညင်သာစွာ ခေါက်လိုက်ပြီး တည်ကြည်လေးနက်စွာ သတိပေးလိုက်သည်။ "ကျွန်တော် ထပ်ပြီး အလေးအနက်ပြောချင်တာက... ခရီးသွားအေဂျင်စီဟာ ပထမအဆင့် ယဉ်ကျေးမှု လောကတွေဖြစ်တဲ့ ဒီသမိုင်းဝင် လောကတွေအတွက် ဘယ်လို ထပ်ဆောင်း အကာအကွယ် ယန္တရားမှ ပေးမထားဘူးဆိုတာပါပဲ...."

​"ဆိုလိုတာက... ခင်ဗျားတို့နဲ့ ခရီးသွားတွေဟာ အဲဒီခေတ်ရဲ့ တကယ့်ပတ်ဝန်းကျင်အစစ်ထဲမှာ အပြည့်အဝ ထိတွေ့နေရလိမ့်မယ်...."

​သူ၏ အကြည့်များက ကောရွှိုက်၊ ကျန်းခိုင်နှင့် အခြားသူများထံသို့ ဖြတ်သန်းသွားခဲ့သည်။ "စစ်ပွဲကာလအတွင်းက လမ်းကြောင်းကို ရွေးချယ်တဲ့ ခရီးသွားလမ်းညွှန်တစ်ယောက်ရဲ့ အဓိကနဲ့ တစ်ခုတည်းသော တာဝန်က... ခရီးသွားတိုင်းရဲ့ ဘေးကင်းရေးကို သေချာစေဖို့အတွက် ခင်ဗျားတို့ရဲ့ ဉာဏ်ပညာနဲ့ စွမ်းရည် အားလုံးကို အသုံးချဖို့ပဲ။ ဒါက တခြား ဘယ်အရာထက်မဆို ပိုအရေးကြီးပါတယ်။ သမိုင်းကြောင်းရဲ့ လားရာနဲ့ ပတ်သက်ပြီးတော့..."

​သူက ခေတ္တမျှ ရပ်တန့်လိုက်ပြီး သူ၏ အသံက တည်ငြိမ်နေ၏။ "ဒါက ဒီခရီးစဉ်အတွက် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် မဟုတ်သလို... ကျွန်တော်တို့ရဲ့ အဓိက ထည့်သွင်းစဉ်းစားရမယ့် အရာလည်း မဟုတ်ပါဘူး...."

​ကျိုးရှင်းဖူ၏ ပြည့်ဖြိုးသော မျက်နှာပေါ်တွင် သဘောတူညီမှုများ ပြည့်နှက်နေပြီး ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်သည်။ "ဒါရိုက်တာကျန်း ပြောတာ မှန်ပါတယ်။ ကျွန်တော်တို့က လှည်းကို နွားရှေ့မှာ ထားလို့ မရဘူး (အရင်လုပ်ရမည့်အရာနှင့် နောက်မှလုပ်ရမည့်အရာ မှားယွင်းခြင်း)။ ခရီးသွားလမ်းညွှန်တစ်ယောက်ရဲ့ အလုပ်က ခရီးသွားအဖွဲ့ကို သေချာဦးဆောင်ပြီး လူတိုင်း အဲဒီကို သွားပြီး ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ဖို့ သေချာအောင် လုပ်ပေးရမှာပဲလေ"

​သူ၏ စကားများက အတော်လေး လက်တွေ့ကျပြီး စိတ်အားထက်သန်မှုများ၊ စံပြစိတ်ကူးများ ရှိနေသေးသော လူငယ်အချို့အတွက် လက်တွေ့ကျသော သတိပေးချက်တစ်ခု ဖြစ်လာရသည်။

​ကျန်းခိုင်နှင့် ကောရွှိုက်တို့အပြင် အခြားသော လူငယ်အချို့ကလည်း သဘာဝကျကျပင် နားလည်သဘောပေါက်သွားကြ၏။

​ထို့နောက် ချန်ချင်းက စကားစလိုက်ပြီး မိမိဆန္ဒအလျောက် တာဝန်ယူလိုက်လေသည်။ "၂၉၀ အေဒီက နှောင်းပိုင်းကျင်းမင်းဆက်အတွက်ဆိုရင်တော့... ကျွန်တော်ပဲ အဖွဲ့ကို ဦးဆောင်လိုက်ပါ့မယ်။ ကျွန်တော့်မှာ အတွေ့အကြုံ ပိုရှိသလို မမျှော်လင့်ထားတဲ့ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာလည်း ပိုပြီး ယုံကြည်စိတ်ချရလိမ့်မယ်။ ခင်ဗျားတို့ အားလုံး ဘယ်လိုထင်လဲ..."

​ချန်ချင်း၏ အဆိုပြုချက်ကို မည်သူမျှ ကန့်ကွက်ခြင်း မရှိကြချေ။

​သူ၏ တိုက်ခိုက်ရေး စွမ်းရည်များအပြင် ယခင် ခရီးစဉ်များတွင် ပြသခဲ့သော သူ၏ တည်ငြိမ်မှုနှင့် စည်းရုံးစီမံနိုင်စွမ်းတို့က လူတိုင်းအတွက် ထင်ရှားနေပြီး ဤမျှ အန္တရာယ်များသော လမ်းကြောင်းကို ကိုင်တွယ်ရန် သင့်လျော်သော ကိုယ်စားလှယ်လောင်း တစ်ဦး ဖြစ်လာစေခဲ့သည်။

​ကျန်းမင်ဟွေ့က ထပ်ပေါင်းပြောလိုက်၏။ "နှောင်းပိုင်းကျင်းကို ချန်ချင်း သွားမယ်ဆိုတာ ကျွန်တော်လည်း ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမဲ့ ဒီလမ်းကြောင်းကို ပရိုမိုးရှင်းလုပ်ပြီး ရောင်းချတဲ့အခါ... စိတ်ပါဝင်စားတဲ့ ခရီးသွားတွေ အားလုံးကို အလွန်အမင်း အန္တရာယ်များတဲ့အကြောင်း ကြိုတင် အသိပေးရပါမယ်။ လူသေနိုင်တယ်လို့တောင် ရှင်းရှင်းလင်းလင်း သတိပေးထားသင့်ပါတယ်..."

​"ဒီလမ်းကြောင်းအတွက် အနိမ့်ဆုံး ကန့်သတ်ချက် တချို့ ရှိသင့်တယ်လို့ ကျွန်တော် အကြံပြုပါတယ်။ ဒါမှမဟုတ်ရင်လည်း အနည်းဆုံးတော့ စွမ်းဆောင်ရည်ရှိတဲ့၊ ကျွမ်းကျင်မှုရှိတဲ့၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးတွေ ခိုင်မာတဲ့ ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ပရိုမိုးရှင်းမှာ အထူးပြုပြီး အကြံပြုထားသင့်ပါတယ်။ ဒါက ပိုပြီး ယုံကြည်စိတ်ချရတဲ့ ချဉ်းကပ်မှုတစ်ခု ဖြစ်ပါလိမ့်မယ်..."

​ထိုစကားကို ကြားသောအခါ လူတိုင်းက သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြသည်။

​အမှန်တကယ်ပင်... ထိုသို့ ရှုပ်ထွေးပြီး အန္တရာယ်များသော အချိန်ကာလများတွင် ချန်ချင်းက မည်မျှပင် စွမ်းဆောင်နိုင်ပါစေ သူက လူတစ်ယောက်တည်းသာ ဖြစ်သော်လည်း ခရီးသွား ၅၀ အတွက် တာဝန်ယူရမည် ဖြစ်သည်။

​ဤပမာဏက လုံးဝ နည်းပါးလှသည် မဟုတ်ဘဲ မည်သည့် ပေါ့ဆမှုမဆို ပြန်လည်ကုစား၍ မရနိုင်သော အကျိုးဆက်များကို ဖြစ်ပေါ်လာစေနိုင်ချေသည်။

​ထို့နောက် နဂါးပြာ၏ တည်ငြိမ်သော အသံက ထွက်ပေါ်လာ၏။ "သုံးပြည်ထောင်ခေတ်က ချောင်ဝေ့... ကျွန်တော်ပဲ အဲဒီကို သွားပါ့မယ်..."

​သူ၏ အထူးတပ်ဖွဲ့ စွမ်းရည်များနှင့် ကျယ်ပြန့်လှသော တိုက်ပွဲအတွေ့အကြုံများအရ သုံးပြည်ထောင်ခေတ်၏ ကမောက်ကမဖြစ်မှုများကို နဂါးပြာက ကိုင်တွယ်ဖြေရှင်းမည်ဆိုလျှင်... သဘာဝကျကျပင် မည်သူကမျှ ကန့်ကွက်မည် မဟုတ်ချေ။

​ကျန်ရှိနေသော သမိုင်းဝင် အချိန်ကာလများဖြစ်သည့် စွေ့မင်းဆက်၊ ထန်မင်းဆက် နှင့် မင်မင်းဆက်၏ ကျန့်ထုံးခေတ်တို့မှာမူ လူမှုပတ်ဝန်းကျင်အရ အတော်လေး တည်ငြိမ်ပြီး ပိုမို ဘေးကင်းပေသည်။

​ဖန်ဖန်က ထပ်လောင်းပြောဆိုလိုက်၏။ "ရှေးခေတ် ယဉ်ကျေးမှု လောကမှာ အကာအကွယ် ယန္တရား မရှိဘူးလေ။ ဒါကြောင့် ဒီလို အတော်လေး ဘေးကင်းတဲ့ လမ်းကြောင်းတွေမှာတောင် အရေးပေါ် အခြေအနေတွေအတွက် တိုက်ခိုက်ရေးစွမ်းရည်ရှိတဲ့ ခရီးသွားလမ်းညွှန်တွေကိုပဲ ဦးစားပေး သင့်တယ်လို့ ကျွန်မ အကြံပြုချင်ပါတယ်..."

နေရာရှိ မည်သူမျှ ထိုအဆိုပြုချက်ကို ကန့်ကွက်ခြင်း မရှိကြပေ။

​ဖန်ဖန်က မိမိဆန္ဒအလျောက် ပြောလိုက်သည်။ "ဒါဆို ကျွန်မ စုန့်မင်းဆက်ကို သွားပါ့မယ်။ ၁၁၂၇ ခုနှစ် ကျင်းခန်း အဖြစ်အပျက်အပြီးမှာ... တိုင်းပြည်ရဲ့ ထောင့်တစ်နေရာမှာ ဖြစ်နေပေမဲ့ အခြေအနေကတော့ တော်တော်လေး ရှုပ်ထွေးနေတုန်းပဲလေ...."

​ကျန်းမင်ဟွေ့က ဆက်ပြောလိုက်၏။ "ကျွန်တော်က ၆၀၄ အေဒီ... စွေ့မင်းဆက်ကို သွားပါ့မယ်"

​လင်ရှောင်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "ဒါဆို ကျွန်တော်က မင် ကျန့်ထုံးနန်းသက် ၁၃ နှစ်ကို တာဝန်ယူပါ့မယ်..."

​သူက တက်ကြွလှသော ထန်မင်းဆက်ကို တောင့်တနေသော်ငြားလည်း ကျိန်းကွမ်နှင့် ထန်မင်းဆက်ကာလများက ဘာပဲဖြစ်ဖြစ် ရွှေခေတ်များဖြစ်ပြီး အတော်လေး ပို၍ ဘေးကင်းကြသည်။ ထို့ကြောင့် သူ၏ လုပ်ဖော်ကိုင်ဖက်များကို အခွင့်အရေးပေးသင့်သည်ဟု ခံစားလိုက်ရခြင်း ဖြစ်သည်။

​၎င်းကိုမြင်သောအခါ ချောင်ရန်ကျိက "ဒီလိုဆိုရင်တော့ ထန်မင်းဆက် ကျိန်းကွမ် ခေတ် ၄ နှစ်မြောက်ကို ကျွန်တော် တာဝန်ယူလိုက်ပါ့မယ်" ဟု ပြောလိုက်လေသည်။

​ကျိုးရှင်းဖူက ပြုံးလျက် "ဒါဆို ထန်မင်းဆက် ခေတ်ကတော့ ငါ့လက်ထဲ ရောက်ပြီပေါ့... လောင်ကျိုး " ဟု ပြောလိုက်၏။

​တကယ်တမ်းပြောရလျှင် ဤနေရာရှိ လူအများအပြားက ဇွန်ဘီ၊ ရှေးဟောင်း သိုင်းပညာ၊ ကျင့်ကြံခြင်း၊ ကြယ်တာရာ ခရီးသွားခြင်း စသည့် ဒုတိယနှင့် တတိယ ယဉ်ကျေးမှုကမ္ဘာများကို တောင့်တနေခဲ့ကြခြင်း ဖြစ်သည်။

​ထိုထူးဆန်းပြီး စိတ်ကူးမယဉ်နိုင်သော အတိုင်းအတာများက သေချာပေါက် ပို၍ ဆွဲဆောင်မှု ရှိနေသည်မဟုတ်လော။

​သို့သော် ယခုအခါ သူတို့တွင် မတူညီသော ဝိသေသလက္ခဏာတစ်ခု ရှိနေပြီ ဖြစ်သည်။ သူတို့က တာဝန်များကို ထမ်းဆောင်ရမည့် ခရီးသွားလမ်းညွှန်များ ဖြစ်လာကြပြီဖြစ်ရာ သာမန်ခရီးသွားများကဲ့သို့ ကိုယ်ပိုင်အကြိုက်များအပေါ် အခြေခံ၍ ဆောင်ရွက်ခွင့် မရှိတော့ချေ။

​ထို့အပြင် ဤခရီးစဉ်များက သူတို့၏ စွမ်းဆောင်ရည်များကို ပထမဆုံး တရားဝင်စမ်းသပ်မှုတစ်ခု ဖြစ်ကြောင်းကို သူတို့အားလုံး ရင်ထဲတွင် သိရှိထားကြ၏။

​သင်က စွမ်းဆောင်ရည် ကောင်းမွန်ပြီး သင်၏ စွမ်းရည်နှင့် တာဝန်ယူစိတ်ကို သက်သေပြနိုင်သရွေ့... ပိုမို စိတ်လှုပ်ရှားဖွယ်ကောင်းသော ကမ္ဘာများတွင် ခရီးသွားအဖွဲ့များကို ဦးဆောင်ချင်ပါက ၎င်းမှာ အချိန်ယူရမည့် ကိစ္စမျှသာဖြစ်ပြီး လောကြီးနေရန် မလိုအပ်ချေ။

​ပထမအဆင့် ယဉ်ကျေးမှုအတွက် လမ်းကြောင်း ခုနစ်ခုကို ခွဲဝေချထားပြီးစီးသွားပြီ ဖြစ်သည်။ ယခုအခါ ကျန်ရှိနေသော အဆင့်မြင့် လောကငါးခုနှင့် ခရီးသွားလမ်းညွှန်ငါးဦးသာ ကျန်ရှိတော့၏။

​ထိုက်ရွှီဆရာတော်၊ ကောရွှိုက်၊ ကျန်းခိုင်၊ ကျန်းဟွိုင်မင်နှင့် ကာရီယာတို့က တစ်ယောက်ကိုတစ်ယောက် ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်ကြပြီး လေထုမှာ အနည်းငယ် တိတ်ဆိတ်သွားရသည်။

​ယခုအချိန်အထိ တိတ်ဆိတ်နေခဲ့သော ထိုက်ရွှီဆရာတော်က သူ၏ ရှည်လျားသော မုတ်ဆိတ်ကို ပွတ်သပ်ကာ တည်ငြိမ်စွာ ပြောလိုက်၏။

​"အမိတာဘ... ဒီအင်မော်တယ်ရာချီမြို့တော်ဆိုတာက ရှေးဟောင်းသိုင်းပညာနဲ့ ထူးဆန်းတဲ့ အရာတွေ ရောနှောနေတဲ့ လောကတစ်ခုဖြစ်ပြီး ကိုယ်တော် သင်ယူနားလည်ထားတဲ့ အရာတွေနဲ့ တူညီတဲ့ အချက်တွေ ရှိနိုင်ပါတယ်။ ဒီလောကကို ကိုယ်တော် ကိုင်တွယ်နိုင်လောက်ပါတယ်..."

​ရှေးဟောင်းသိုင်းပညာ အမွေအနှစ်များနှင့် အမည်မသိ လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသော အထူးကမ္ဘာတစ်ခုက ဤနားလည်ရခက်သော တာအိုဆရာတော်နှင့် အမှန်တကယ်ပင် ပြီးပြည့်စုံစွာ ကိုက်ညီနေချေသည်။

​ကောရွှိုက်က ချက်ချင်းပင် ပြုံးလျက် ဝင်ပြောလိုက်၏။ "ပြီးပြည့်စုံတဲ့ တွဲဖက်မှုပဲ... လုံးဝ ပြီးပြည့်စုံတယ်... ဆရာတော်... အင်မော်တယ်ရာချီမြို့တော်ကို သွားတာက လုံးဝကို အံကိုက်ဖြစ်နေပြီး ဒါထက် ပိုသင့်တော်တာ မရှိနိုင်တော့ဘူး.."

​လူတိုင်းက သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြသည်။ အမှန်ပင် ဤထက် ပိုမို သင့်တော်သော တွဲဖက်မှုမျိုး မရှိနိုင်တော့ချေ။

​ကျန်ရှိနေသော လူလေးယောက်က မလှုပ်ရှားသေးသည်ကို မြင်သောအခါ ကျန်းယဲ့က ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါးနှင့် သတိပေးသော လေသံဖြင့် ပြောလိုက်သည်။ "ကျန်တာတွေက ခင်ဗျားတို့ရဲ့ ရွေးချယ်မှုတွေချည်းပါပဲ။ ဒါပေမဲ့ သေချာစဉ်းစားပြီး ကိုယ့်စွမ်းနိုင်သလောက်ပဲ လုပ်ကြပါ..."

​ကျန်းခိုင်က စကားစပြောလိုက်ပြီး ကျန်းယဲ့ကို တည်ကြည်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်၏။ "ဒါရိုက်တာကျန်း... ကျွန်တော်က ကမ္ဘာပျက်လွန်ကာလ မြေရိုင်းဒေသကို သွားဖူးတော့ အဲဒီက ပတ်ဝန်းကျင်နဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ အတော်လေး ရင်းနှီးပါတယ်။ ဒီလောကကို ကျွန်တော့်ကိုသာ ပေးလိုက်ပါ"

​ထို့နောက် ကျန်းဟွိုင်မင်က "ဒါဆို ဘီးလူးကြီးများကမ္ဘာကိုတော့ ကျွန်တော် သွားပါ့မယ်။ အဲဒီကမ္ဘာက မျက်စိပသာဒအတွက် အရမ်းအားကောင်းပြီး အန္တရာယ်ရှိမှု အဆင့်ကလည်း နည်းပုံမပေါ်ဘူးဆိုတော့... ကျွန်တော်တို့ သတိထားဖို့ လိုအပ်တယ်လေ" ဟု ပြောလိုက်လေသည်။

​သူ စကားပြော၍ပင် မဆုံးသေးမီမှာ အခြားအသံတစ်ခုက တစ်ပြိုင်နက်တည်းနီးပါး ထွက်ပေါ်လာခဲ့ကြသည်။

အခန်း ၅၂၆ပြီး၏။

All Chapters