← Chapters

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း ၁၇၅ မင်္ဂလာရက်မြတ်

ထောင်ယောင်ဖန့်မှ လူများက ဖုန်းဟွာကော့၏ တံခါးဝတွင် ဖရဲစေ့များ ဝါးရင်း ပွဲကြည့်နေကြသည်။

ကျုံးလန်ဟွာက တံခါးဝတွင် လူအများအပြား စုအုံနေသည်ကို မြင်လိုက်ရသောကြောင့် ကြက်မွှေးတံမြက်စည်းကို ကိုင်ကာ မောင်းထုတ်ရန် ရောက်ရှိလာခဲ့သည်။ ဆိုင်အတွင်းမှ လူအားလုံးကို မောင်းထုတ်ပြီးနောက် အပြင်ဘက်မှ လှမ်းမမြင်နိုင်စေရန် တံခါးကို ဝုန်းခနဲ ပိတ်ချလိုက်သည်။

ထိုအချိန်တွင် ရှောင်းယန်ချီက စူးယောင်ကွမ်းတစ်ယောက် ကျိုးဝမ်ရှူနှင့် တိုးတိုးတိတ်တိတ် စကားပြောနေသည်ကို ချက်ချင်း သတိပြုမိသွားသည်။ စူးယောင်ကွမ်း၏ မျက်ဝန်းထဲတွင် အထင်သေးမှုများနှင့် သရော်လှောင်ပြောင်ရိပ်များ ပြည့်နှက်နေပြီး အတိတ်ဘဝကကဲ့သို့ နူးညံ့သိမ်မွေ့ကာ ချစ်ရည်ရွှန်းလဲ့နေသော အကြည့်မျိုး လုံးဝ မရှိတော့ချေ။

ဤအချိန်မှသာ ရှောင်းယန်ချီ၏ ရင်ထဲ၌ နောင်တတရားတို့ တလိပ်လိပ် ထွက်ပေါ်လာခဲ့သည်။

'အတိတ်ဘဝတုန်းက စူးယောင်ကွမ်းနဲ့အတူ ရှိနေခဲ့ချိန်မှာ ဒီလောက်အထိ ဒုက္ခတွေ မများခဲ့ဘူး။ စူးမိသားစုရဲ့ အခြေအနေက မကောင်းဘူးဆိုပေမယ့်လည်း သူတို့က ငါ့ကို အဝတ်အစားနဲ့ အစားအစာတွေ ဘယ်တုန်းကမှ မပြတ်လပ်စေခဲ့ဘဲ အကောင်းဆုံးအရာတွေကိုပဲ ပုံအောပေးခဲ့တယ်။ ဒါပေမယ့် အခုတော့ ဘာတစ်ခုမှ အဆင်မပြေတော့ဘူး'

ကျန်းရိဟွမ်းက သူ့ကို ဖက်ကာ ရင်ကွဲမတတ် ငိုယိုနေချိန်တွင် ရှောင်းယန်ချီက သူ့ကိုယ်သူ လူမဆန်သူတစ်ဦးဟု စိတ်ထဲမှ ကျိန်ဆဲနေမိသည်။ ကျန်းရိဟွမ်းက အတိတ်ဘဝကဲ့သို့ သူ့ကို လုံးဝ ပုံအပ်အားကိုးနေခဲ့ခြင်း ဖြစ်သော်လည်း သူကတော့ ခဏမျှ တွေဝေသွားခဲ့သည်။ ထို့အပြင် အတိတ်ဘဝတွင် သူတို့နှစ်ဦး၌ ချစ်စရာကောင်းသော ကလေးတစ်ယောက်လည်း ရှိခဲ့ဖူးသည်။ ထိုစဉ်က သူ့အတွက် အကြီးမားဆုံးသော နောင်တမှာ ထိုကလေး၏ ဖခင်ဖြစ်ကြောင်း လူသိရှင်ကြား မထုတ်ဖော်နိုင်ခဲ့ဘဲ ကလေးအား တရားမဝင် အဖမဲ့ကလေးအဖြစ် ကြီးပြင်းလာစေခဲ့ခြင်းပင်။ ယခုအခါတွင်တော့ သူ ကျန်းရိဟွမ်းကို လက်ထပ်နိုင်ပြီ ဖြစ်ကာ သူတို့ တရားဝင်လင်မယား ဖြစ်လာကြမည်ဖြစ်ပြီး နောင်တွင် မွေးဖွားလာမည့် ကလေးများကလည်း ဒုက္ခခံရတော့မည် မဟုတ်ချေ။

"မင်း ငါ့ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ငါ မင်းကို လက်ထပ်ဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး"

ရှောင်းယန်ချီက ခပ်ပြတ်ပြတ် ပြောလိုက်သည်။

"မင်းတို့အားလုံးလည်း မြင်တဲ့အတိုင်းပဲ... ဟွမ်းအာနဲ့ငါက ချစ်သူတွေပါ"

"ကျွန်မ ရှင့်ကို ဖက်ခဲ့ပြီးပြီ။ ထိလည်း ထိခဲ့ပြီးပြီ၊ အခုကစပြီး ရှင်က ကျွန်မလူပဲ"

လီရှန့်နန်က ခက်ထန်ကြမ်းတမ်းစွာ အော်ပြောလိုက်သည်။

"ပြီးတော့ ဒီမိန်းမ... သူက ယောက်ျားဆယ်ယောက်ကျော်ဆီမှာ ပွတ်သပ်ခံခဲ့ရတယ်လို့ ကျွန်မ ကြားတယ်"

"မဟုတ်ဘူး... ကျွန်မ အဲ့လို မခံခဲ့ရပါဘူး"

ကျန်းရိဟွမ်းက ငိုယိုရင်း ငြင်းဆန်နေရှာသည်။

"အဲ့ဒါတွေအားလုံးက ကောလာဟလတွေပါ"

"မိန်းကလေးလီ... မင်းတို့နှစ်ယောက်စလုံးက အမျိုးသမီးအချင်းချင်းပါ၊ ဘာလို့ သူ့ကို ဒီလောက်အထိ အနေကျပ်အောင် လုပ်နေရတာလဲ"

ရှောင်းယန်ချီက ဒေါသတကြီး ဟန့်တားလိုက်သည်။

"ဟွမ်းအာနဲ့ငါ မြစ်ကမ်းဘေးမှာ ဆုံခဲ့ကြတာပါ။ မနေ့က လူတွေ အရမ်းများနေပြီး တစ်ယောက်ယောက်က တွန်းလိုက်လို့ ငါတို့နှစ်ယောက် မြစ်ထဲ ပြုတ်ကျသွားခဲ့တာ။ မင်းက ငါ့ကို ကယ်ပေးခဲ့တာဆိုတော့ ငါ တကယ် ကျေးဇူးတင်ပါတယ်။ ဒီလို လုပ်ကြရအောင်... ဒီကျေးဇူးကို ဆပ်ဖို့အတွက် ငွေဘယ်လောက် ပေးရမလဲဆိုတာသာ ပြောပါ၊ ငါ မင်းကို အဲ့ဒီငွေတွေ ပေးပြီး ကျေးဇူးဆပ်ပါ့မယ်"

လီမိသားစုမှ အစ်ကိုကြီးသုံးယောက်က လီရှန့်နန်ကို ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားပြီး တိုးတိုးတိတ်တိတ် တိုင်ပင်ကာ သူမ၏ သဘောထားကို မေးမြန်းလိုက်ကြသည်။

"ဒီယောက်ျားက မင်းကို လက်မထပ်ချင်ဘူး။ မင်းက အတင်းအကျပ် ဖိအားပေးရင်လည်း သူ မင်းအပေါ် ကောင်းမှာ မဟုတ်ဘူး။ သူ ဘယ်လောက်ပဲ ရုပ်ချောနေပါစေ နင့်ကို အမြဲတမ်း မျက်နှာသေနဲ့ ဆက်ဆံနေရင် ဘဝက စိတ်ချမ်းသာစရာ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် ငါတို့တွေ ပိုက်ဆံပဲ ယူလိုက်ရင်ရော... ဘယ်လိုလဲ။ ပိုက်ဆံရှိရင် မင်း ရုပ်ချောတဲ့ယောက်ျား လိုချင်ရင် ဝယ်လို့ ရတာပဲ။ မင်းက ဟိုဘက်လမ်းက ဆိုင်ရှင်စူးကို အားအကျဆုံး မဟုတ်ဘူးလား။ သူက သတ္တိရှိပြီး ပြတ်သားတယ်၊ အမျိုးသမီးတွေထဲက သူရဲကောင်းတစ်ယောက်ပဲလို့ မင်း ပြောခဲ့တယ်လေ။ သူ့ရဲ့ ရုပ်ချောတဲ့ ယောကျာ်းငယ်လေးကလည်း ဝယ်ထားတာပဲ"

ထိုစကားက လီရှန့်နန်က အမှန်တကယ် တုန့်ဆိုင်းသွားစေခဲ့သည်။

ဤအမျိုးသားက ရုပ်ချောသည်မှာ အမှန်ဖြစ်သော်လည်း သူက သူမပေါ်တွင် ရိုသေလေးစားမှု အနည်းငယ်မျှ မရှိနေခဲ့ချေ။

"ကောင်းပြီလေ... ဒါဆိုရင် လျန်တစ်ရာ ပေးရမယ်"

လီရှန့်နန်က ပြောဆက်လိုက်သေးသည်။

"အများကြီး ပေးမှ ဖြစ်မယ်၊ ကျွန်မလည်း ရုပ်ချောတဲ့ ယောက်ျားတစ်ယောက် ပြန်ဝယ်ချင်တယ်"

"တစ်ရာလျန် ဟုတ်လား"

ကျုံးလန်ဟွာက အလန့်တကြား အော်ဟစ်လိုက်သည်။

"နင်တို့က ငါ့ဆီက‌နေ လုယက်ချင်နေတာလား"

"လျန်တစ်ရာ ပေးမလား... ဒါမှမဟုတ် သူ့ကို ကျွန်မနဲ့ လက်ထပ်ခိုင်းမလား၊ ရှင်တို့ဘာသာရှင်တို့ တိုင်ပင်ကြတော့"

လီရှန့်နန်က လုံးဝ အလျှော့မပေးချေ။

မူလက ထိုအမျိုးသားက ရုပ်ချောသဖြင့် သူမ၏ လင်ယောက်ျားအဖြစ် သိမ်းပိုက်ထားချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့က မကျေမနပ်နှင့် ငြင်းဆန်နေကြသောကြောင့် ယခု သူမဘက်မှ အလျှော့ပေးလိုက်ပြီး ဖြစ်သည်။ နောက်ထပ် လိုက်လျောပေးရန် အကြောင်းကတေ့ လုံးဝ မရှိတော့ချေ။

‘ဘာပဲဖြစ်ဖြစ် သူတို့က ငါ့ဆီမှာ အသက်တစ်ချောင်း အကြွေးတင်နေခဲ့တာ မဟုတ်ဘူးလား’

တစ်ဖက်လမ်းမှ ပြန်လာသော ကျန်းကျောက်တိကို မြင်လိုက်ရချိန်တွင် စူးယောင်ကွမ်းက အပြုံးဖြင့် လှမ်းမေးလိုက်သည်။

"အထဲမှာ ဘာတွေ ထပ်ကြားခဲ့သေးလဲ"

ဖုန်းဟွာကော့က တံခါးပိတ်သွားခဲ့ပြီး ဘေးမှ ပွဲကြည့်ပရိသတ်များလည်း လူစုကွဲသွားခဲ့ကြပြီ ဖြစ်သည်။ ကျန်းကျောက်တိက အထဲတွင် ဘာဖြစ်နေသည်ကို စူးစမ်းလိုသဖြင့် အပြင်ဘက်တွင် အကြာကြီး ရပ်ပြီး နားစွင့်နေခဲ့သည်။ သူမ၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် စိတ်ဝင်စားစရာ တစ်ခုခုကို ကြားခဲ့ရမှန်း သိသာနေသည်။

"လီမိသားစုက ငွေနဲ့ပဲ ဖြေရှင်းဖို့ သဘောတူလိုက်ကြတယ်၊ လျန်ငွေတစ်ရာတဲ့... တစ်ပြားမှ မလျှော့ဘူးဆိုပဲ။ ကျုံးလန်ဟွာက အကြာကြီး ဆဲဆိုနေလို့ လီမိသားစုနဲ့ တိုက်ခိုက်မလို ဖြစ်ကြသေးတယ်။ နောက်ဆုံးတော့ ကျန်းရိဟွမ်းက ဝင်ဖျောင်းဖျပြီး ကျုံးလန်ဟွာကို ငွေပေးခိုင်းလိုက်လို့ ကိစ္စက ပြီးပြတ်သွားတယ်"

ကျန်းကျောက်တိက စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောပြနေသည်။

"ငါ ကြားခဲ့ရသလောက်တော့ ကျန်းရိဟွမ်းနဲ့ အဲ့ဒီ ရှောင်းချီက စေ့စပ်ထားကြတာတဲ့။ လတ်တလော ထွက်နေတဲ့ အတင်းအဖျင်းတွေ ငြိမ်သက်သွားအောင် အမြန်ဆုံး မင်္ဂလာဆောင်ဖို့ အလျင်စလို ပြင်ဆင်နေကြတဲ့ပုံပဲ"

ကျန်းဖန်တိကလည်း ဝင်ပြောပြနေသေးသည်။

"ကျုံးလန်ဟွာက ရှောင်းချီ နန်းတွင်းစာမေးပွဲ အောင်မြင်ပြီးမှပဲ သူ့သမီး ကျန်းရိဟွမ်းနဲ့ လက်ထပ်ဖို့ အရည်အချင်းရှိမှာလို့ လူတကာကို လျှောက်ပြောနေခဲ့တာ မဟုတ်ဘူးလား။ အခုတော့ သူက ခရိုင်အဆင့် စာမေးပွဲတောင် မအောင်သေးဘူး။ ပြည်နယ်အဆင့် စာမေးပွဲဆိုရင် ပိုတောင် ဝေးနေသေးတယ်"

"ဒီလောက် အရှက်ရစရာကောင်းတဲ့ ကိစ္စမျိုး ဖြစ်ပျက်ပြီးတဲ့နောက်မှာ သူတို့တွေ ဆက်ပြီး မစောင့်ရဲကြတော့ဘူးလေ။ ထပ်စောင့်နေရင် အတင်းအဖျင်း စကားတွေကြောင့် ကျန်းရိဟွမ်းတစ်ယောက် ခေါင်းတောင် မော့နိုင်တော့မှာ မဟုတ်ဘူး။ သူတို့လည်း စိုးရိမ်နေလောပြီ။ အခုတော့ သူတို့က ချစ်သူနှစ်ဦး မြစ်ကမ်းဘေးမှာ တိတ်တဆိတ် ချိန်းတွေ့ရင်း စိတ်လှုပ်ရှားပြီး မြစ်ထဲ ပြုတ်ကျသွားခဲ့တာလို့ တိုက်ရိုက် ကြေညာလိုက်ကြပြီ။ ဒါကြောင့် မင်္ဂလာဆောင်ကို အချိန်ဆွဲဖို့ထက် စောစော ကျင်းပလိုက်တာက စုံတွဲအတွက် ကောင်းချီးတစ်ခုလို့ပဲ သတ်မှတ်လိုက်ကြတာပေါ့။ အပြင်က အတင်းအဖျင်း စကားတွေနဲ့ ပတ်သက်လို့လည်း အခုလို အခြေအနေမျိုးမှာ ရုံးတော်ကို တရားဝင် တိုင်ကြားလို့ရတယ်။ လူတွေက သိက္ခာရှိတဲ့ အမျိုးသမီးတစ်ယောက်ကို စော်ကားပြီး ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် စွပ်စွဲပုတ်ခတ်နေကြပါတယ်ဆိုပြီး သွားတိုင်လို့ ရတယ်။ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ ကိစ္စရပ်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်တတ်ကြတာဆိုတော့ နည်းနည်းလောက် ခြောက်လှန့်လိုက်ရင် အဲ့ဒီလူတွေလည်း အသံတိတ်သွားကြမှာပါ"

ကျိုးဝမ်ရှူက စူးယောင်ကွမ်းကို လက်တို့လိုက်ရင်း မေးမြန်းလိုက်သည်။

"ခင်ဗျား ဘာတွေ ငေးမှိုင်နေတာလဲ"

'ရှောင်းယန်ချီနဲ့ ကျန်းရိဟွမ်းတို့ မင်္ဂလာဆောင်တော့မယ့် သတင်းကို ကြားရလို့ သူမ စိတ်မကောင်း ဖြစ်သွားတာများလား'

စူးယောင်ကွမ်းက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။

"ငါ လက်သည်းဆိုးဆေး ဖော်စပ်နည်းအသစ်တစ်ခုအကြောင်း စဥ်းစားနေတာ။ အဲ့ဒါကို အဖြေရှာလို့ ရပြီဆိုရင် နင့်ကို ပြောပြမယ်"

"ခင်ဗျားက စီးပွားရေးအကြောင်း တွေးပြီး ဒီမှာ ငေးမောနေတာပေါ့လေ... ဟုတ်လား"

"ဒါလွဲရင် ဘာရှိဦးမှာလဲ"

စူးယောင်ကွမ်းက သူ့ကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်ရင်း ထပ်ပြောလိုက်သည်။

"အခုအချိန်မှာ စီးပွားရေးအပြင် ငါ့အတွက် စိုးရိမ်စရာ ဘာရှိဦးမှာလဲ"

လက်ရှိအချိန်တွင် မိသားစုတစ်ခုလုံး အတူတကွ ပျော်ရွှင်စွာ နေထိုင်နေကြပြီ ဖြစ်သည်။ သူမ၏ ဒုတိယဒေါ်လေးနှင့် ဝမ်းကွဲညီမတို့က ထိုငရဲတွင်းမှ လွတ်မြောက်လာခဲ့ကြပြီဖြစ်သလို၊ တတိယဒေါ်လေးနှင့် ဦးလေးတို့၏ ဆက်ဆံရေးကလည်း ပိုမိုကောင်းမွန်လာခဲ့ကာ ဦးလေးဖြစ်သူ၏ ကျန်းမာရေးကလည်း ပြန်လည်ကောင်းမွန်လာခဲ့ချေပြီ။

အရေးကြီးဆုံးမှာ သူမ၏ မိခင်က ယခင်ဘဝကဲ့သို့ အချိန်မတိုင်မီ ဆံပင်များ ဖြူဆွတ်ကာ မျက်နှာတစ်ခုလုံး အရေးအကြောင်းများဖြင့် ပြည့်နှက်လျက် အမြဲတစေ မျက်မှောင်ကြုတ်ကာ မကျေမနပ် ဖြစ်မနေတော့ဘဲ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းနေနိုင်ခြင်းပင်။ ယခု သူမ၏မိခင်က ဝင်းပစိုပြေနေပြီး ကျုံးလန်ဟွာထက်ပင် လျော့မည့်ပုံမပေါ်ချေ။ တစ်ဖက်တွင်တော့ ရုပ်ချောသည်ဟု နာမည်ကြီးသည့် မုဆိုးမ ကျုံးလန်ဟွာက လတ်တလောတွင် ကံဆိုးမှုများနှင့် ဆက်တိုက် ကြုံတွေ့နေရသည်။ အချိန်ကာလက သူမအပေါ် မငဲ့ညှာတော့ဘဲ မျက်နှာပေါ်တွင် အရေးအကြောင်းများနှင့် ဆံပင်ဖြူများကို တိုးပွားလာစေခဲ့သည်။

"ကျွန်တော် စာသင်ကျောင်းကို သွားတော့မယ်"

ကျိုးဝမ်ရှူက ပြောလာပြန်သောကြောင့် စူးယောင်ကွမ်းက လက်ကိုသာ ဝှေ့ယမ်းပြလိုက်သည်။

"သွားလေ"

ကျိုးဝမ်ရှူက သူမကို ငုံ့ကြည့်နေသောကြောင့် စူးယောင်ကွမ်းက နားမလည်နိုင်သောအမူအရာဖြင့် သူ့ကို မော့ကြည့်ကာ ပြန်မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

"ခင်ဗျား တကယ်ပဲ အဆင်ပြေရဲ့လား"

ကျိုးဝမ်ရှူက သေချာအောင် ထပ်မံမေးမြန်းလိုက်သည်။

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ နဖူးကို စမ်းကြည့်လိုက်ရင်း ပြန်ပြောလိုက်သည်။

"နင် စာမသင်တာပဲ ကောင်းလိမ့်မယ် ထင်တယ်။ ငါ ထင်တာတော့ နင် စာတွေ အဖတ်များပြီး ရူးတော့မယ့်အတိုင်းပဲ။ ငါ့မှာ ဘာဖြစ်စရာ ရှိလို့လဲ"

ကျိုးဝမ်ရှူ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကျားချွန်းနီက ရောက်လာပြီး စူးယောင်ကွမ်းကို သတင်းပို့နေသည်။

"ဟိုယန်ချွမ်ဆိုတဲ့လူက ကျင့်အာကို လာရှာနေတယ်"

စူးယောင်ကွမ်းက ဇဝေဇဝါဖြင့် ပြန်မေးလိုက်သည်။

"ဘယ်ယန်ချွမ်လဲ"

"လမ်းတစ်ဖက်က ဖုန်းဟွာကော့မှာရှိတဲ့ မျက်နှာချေမှုန့်လုပ်တဲ့သူလေ။ သူတို့ဆိုင်က ပါးနီမှုန့်နဲ့ မျက်နှာချေမှုန့်တွေကို သူပဲ အကုန်ဖော်စပ်တာ။ သူ့မျက်နှာမှာလည်း မည်းနက်နေတဲ့ မွေးရာပါအမှတ်ကြီး ရှိနေတော့ ကြည့်ရတာ တော်တော်လေး ကြောက်စရာကောင်းတယ်။ အဲ့ဒါကြောင့် သူက လူအများရှေ့ကို သိပ်မထွက်တာ"

ကျားချွန်းနီက ကျန်းကျင့်၏ မျက်နှာပေါ်ရှိ အမှတ်ကို သတိရသွားသဖြင့် အလျင်အမြန် ပြန်ရှင်းပြနေသေးသည်။

"ကျွန်မက ကျင့်အာရဲ့ အမှတ်ကို ကြောက်စရာကောင်းတယ်လို့ ပြောတာ မဟုတ်ဘူးနော်။ ကျင့်အာက နည်းနည်းမှ ကြောက်ဖို့ မကောင်းပါဘူး။ ကျွန်မက ဟိုယန်ချွမ်ကိုပဲ ကြောက်စရာကောင်းတယ်လို့ ပြောတာ"

"သူက အဲ့ဒီအမှတ်ကြောင့် ကျင့်အာကို လာရှာတာလား"

စူးယောင်ကွမ်းက သဘောပေါက်သွားပြီး ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ ကျင့်အာရဲ့အမှတ်က မွေးရာပါ မဟုတ်ဘူးလေ။ အဆိပ်ခတ်ခံခဲ့ရတာ။ သူ စိတ်ပျက်သွားရလိမ့်မယ် ထင်တယ်"

All Chapters