← Chapters

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း ၁၈၇ စားသောက်မှုအလေ့အထ

ဧည့်သည်များကို လိုက်လံပို့ဆောင်ပြီးနောက် ကျန်းကျောက်တိက အမှာစာစာရင်းကို စစ်ဆေးကြည့်နေပြီး ပစ္စည်းတစ်ခု မပို့ဆောင်ရသေးသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမက ကုန်ပစ္စည်းများကို သေချာစစ်ဆေးပြီးနောက် သူမကိုယ်တိုင် သွားရောက်ပို့ဆောင်ပေးခဲ့သည်။ ထိုအမှာစာကို ကျန်းကျောက်တိကိုယ်တိုင် ညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်အကြိမ်က သူမ မိသားစုတစ်ခုလုံးကို ခေါ်ဆောင်ကာ ဇာတ်ပွဲသွားကြည့်ခဲ့စဥ်က ဇာတ်အဖွဲ့ခေါင်းဆောင်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့သဖြင့် သူတို့အတွက် လိုအပ်သော ပါးနီမှုန်နှင့် မျက်နှာချေမှုန့်များကို ထောင်ယောင်ဖန့်ဆိုင်မှ ဝယ်ယူရန် ပြောဆိုနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုဖောက်သည်ကြီးနှင့် ရေရှည်လက်တွဲနိုင်ရန်အတွက် ကျန်းကျောက်တိက စျေးနှုန်းကို နှစ်ဆယ်ရာခိုင်နှုန်းအထိ လျှော့စျေးပေးခဲ့သည်။ တစ်ဖက်လူကလည်း သဘောထားကြီးလှသဖြင့် ပစ္စည်းအမျိုးအစား အစုံအလင် ဆယ်စုံကို တစ်ပြိုင်နက်တည်း မှာယူခဲ့သည်။

"သမီး... အမေ ဇာတ်ရုံကနေ အခုတင် ပြန်လာတာ၊ အမေ ဘာမြင်ခဲ့လဲဆိုတာ ခန့်မှန်းကြည့်စမ်း"

ကျန်းကျောက်တိက စူးယောင်ကွမ်းရှိရာသို့ စိတ်လှုပ်ရှားစွာဖြင့် ပြေးလာရင်း မေးလိုက်သည်။

စူးယောင်ကွမ်းက ကုန်ပစ္စည်းအသစ်အတွက် နမူနာပစ္စည်းများကို စမ်းသပ်ထုတ်ပိုးနေခဲ့ပြီး ကျန်းကျောက်တိ၏ စိတ်လှုပ်ရှားနေသော အသံကို ကြားလိုက်ရသော်လည်း ခေါင်းမော့မကြည့်ဘဲ ပြန်မေးလိုက်သည်။

"အမေ ဘာမြင်လာလို့လဲဟင်"

"ငါ ဇာတ်ရုံကို ပစ္စည်းသွားပို့တော့ ကျင်းလဲ့ဖုန့်က သခင်လေးစွေ့ရုန်က အဲ့ဒီဝယ်ယူရေးအရာရှိတွေကို အကအလှတွေနဲ့ ဧည့်ခံနေတာကို မြင်ခဲ့တယ်"

"ဒါက သိပ်တော့မထူးဆန်းပါဘူး အမေရယ်။ စွေ့မိသားစုက အိမ်တော်ကြီးတစ်ခုပဲလေ။ ဒီလုပ်ငန်းကလည်း သူတို့ပိုင်တဲ့ ဆိုင်ရာပေါင်းများစွာထဲက တစ်ဆိုင်လောက်ပါပဲ။ သူတို့ နန်းတွင်းကလူတွေနဲ့ ရင်းနှီးနေတာက ပုံမှန်ပါပဲ"

"အကအလှတွေနဲ့ ဧည့်ခံရုံတင်ဆိုရင်တော့ ဘာမှ ပြောစရာမရှိပါဘူး"

ကျန်းကျောက်တိက ထပ်ပြောပြနေသည်။

"ဒါပေမဲ့ အဲ့ဒီဝယ်ယူရေးအရာရှိက စွေ့ရုန်ကို မဖွယ်မရာ လိုက်ကိုင်နေတာဟဲ့။ ကြည့်ရတာ လုံးဝကို ရည်ရွယ်ချက်ရှိရှိနဲ့ ကြံစည်နေတဲ့ပုံပဲ"

စူးယောင်ကွမ်းက မှင်တက်သွားပြီးမှ ကျန်းကျောက်တိကို မော့ကြည့်ကာ ပြန်မေးလိုက်သည်။

"သူ့ကို လိုက်ကိုင်နေတယ်... ဟုတ်လား"

ကျန်းကျောက်တိက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းငြိမ့်ပြနေသည်။

"ဟုတ်ပါ့... မဖွယ်မရာကို လိုက်ကိုင်နေတာ၊ တစ်ကိုယ်လုံးကို ပွတ်သပ်နေတာ... တကယ့်ကို အရှက်မဲ့တာပဲ"

စူးယောင်ကွမ်း၏ စိတ်ထဲတွင် ထိုမြင်ကွင်းကို ရုတ်တရက် မြင်ယောင်လာပြီး သခင်လေးစွေ့အတွက် သနားစိတ်အနည်းငယ် ဖြစ်မိသွားရသည်။

"ဝယ်ယူရေးအရာရှိတွေက မိန်းမစိုးတွေ မဟုတ်ဘူးလား..."

စူးယောင်ကွမ်းက သူမဘာသာ ရေရွတ်နေပြန်သည်။

"နင်က မိန်းမပျိုလေး ဖြစ်နေတော့ ဘာသိမှာလဲ။ မိန်းမစိုးဖြစ်တော့ရော ဘာဖြစ်လဲ။ သူတို့မှာ အဲ့ဒီအရာကြီး မရှိတော့ရင်တောင် အဲ့ဒီလိုမျိုး စိတ်ဆန္ဒတွေ ရှိနေတာကိုတော့ တားလို့ရတာမှ မဟုတ်တာ"

ထိုနောက်တွင်တော့ ကျန်းကျောက်တိတစ်ယောက် သတိဝင်သွားကာ သူမကိုယ်သူမ အပြစ်တင်လိုက်သည်။

"အိုက်ယား... သေစမ်း၊ ငါကလည်း သမီးပျိုလေး ဘာလို့ ဒီအကြောင်းတွေ လျှောက်ပြောနေမိပါလိမ့်။ ဒီလို ညစ်ပတ်တဲ့ကိစ္စတွေကို မေ့ပစ်လိုက်တော့... ငါ ဘာမှ မပြောခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်။ ငါ ဒုတိယညီမနဲ့ တတိယညီမကို သွားပြောပြဦးမယ်။ ဒီနန်းတွင်းကလူတွေက တကယ်ကို လွန်လွန်းနေပြီ"

စူးယောင်ကွမ်း : "..."

မိုးချုပ်လုနီးပြီဖြစ်လာချိန်တွင် စူးယောင်ကွမ်းက သူမ စာသင်ကျောင်းသို့သွားကာ ကျိုးဝမ်ရှူကို လာရှာမည်ဟု ကတိပေးထားသည်ကို သတိရမိသွားသည်။ သူမ အသစ်ဝယ်ထားသော စာရေးစက္ကူအသစ်များနှင့် ခရီးသွားမှတ်တမ်းစာအုပ် အချို့ကို သွားပို့ပေးရမည်ဖြစ်ပြီး သူထံမှ လျှော်ဖွတ်ရမည့် အဝတ်ဟောင်းများကိုလည်း ပြန်ယူလာရမည် ဖြစ်သည်။

သူမက ကြိုတင်ပြင်ဆင်ထားသည့် ပစ္စည်းများကို သေသေချာချာ စစ်ဆေးပြီးနောက် ခြင်းတောင်းကို ကျောပိုးကာ စာသင်ကျောင်းရှိရာ အရပ်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။

လမ်းကြားထဲသို့ အရောက်တွင် တစ်ဖက်မှ လူတစ်ယောက်က သူမရှိရာဘက်သို့ ရုတ်တရက် ပြေးဝင်လာခဲ့သည်။ ထိုလူက လမ်းလျှောက်ရင်း ဟန်ချက်ပျက်ကာ ယိုင်ထိုးလာပြီးနောက် သူမနှင့် ဝင်တိုက်မိသွားတော့သည်။

စူးယောင်ကွမ်းက ကြံ့ခိုင်သူပီပီ နောက်သို့ နှစ်လှမ်းမျှသာ ဆုတ်လိုက်ပြီး ဟန်ချက်ကို ချက်ချင်း ပြန်ထိန်းနိုင်ခဲ့သည်။ သို့သော် ထိုလူကတော့ ကံမကောင်းရှာဘဲ နောက်ပြန် လန်ကျသွားပြီး မြေပြင်ပေါ်သို့ ခွေခေါက်လဲကျသွားကာ ပြန်မထနိုင်တော့ချေ။

"ဟေ့... ဟေ့... သတိထားဦးလေ... ရှင်..."

စူးယောင်ကွမ်းက 'ငါ့ကို လာပြီး ငွေညှစ်ဖို့ မကြံနဲ့' ဟု လှမ်းပြောရန် ပြင်လိုက်သော်လည်း ရှေ့မှ လူငယ်လေးကို မြင်လိုက်ရသည့်အခါ စကားစပြတ်သွားခဲ့သည်။

'စွေ့ရုန်လား...'

သူမ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း အခြားမည်သူ့ကိုမျှ မတွေ့ရချေ။

ဤနေရာမှ ကျင်းလဲ့ဖုန့်သို့ သွားမည်ဆိုလျှင် အတော်လှမ်းလှမ်းသို့ သွားရမည်ဖြစ်ပြီး ထောင်ယောင်ဖန့်သို့ ပြန်မည်ဆိုပါက ပိုနီးနိုင်သည်။

ထိုစွေ့ရုန်ထံမှ သွေးညှီနံ့များ ရနေသဖြင့် သူ့၏ ခန္ဓာကိုယ် တစ်နေရာရာတွင် ဒဏ်ရာရထားမည်ဟု စူးယောင်ကွမ်း ခန့်မှန်းလိုက်သည်။ ထို့ကြောင့် သူမအနေဖြင့် သူ့ကို ထောင်ယောင်ဖန့်သို့သာ အရင်ခေါ်ဆောင်သွားပြီး ကျန်းကျင့်ကို ဒဏ်ရာစစ်ဆေးခိုင်းရန်၊ ထို့နောက်မှ ကျင်းလဲ့ဖုန့်မှ လူများအား လာရောက်ခေါ်ဆောင်ရန် အကြောင်းကြားဖို့ ရွေးချယ်လိုက်သည်။

"ကျင့်အာ... ကျင့်အာ... နင့်ရဲ့ ဆေးသေတ္တာကို မြန်မြန် ယူလာခဲ့ဦး"

"ဘယ်သူ ဒဏ်ရာရလို့လဲ"

ကျန်းကျင့်၏ အသံက နောက်ဖေးခြံဝင်းထဲမှ ထွက်ပေါ်လာပြီး မကြာမီမှာပင် သူမက ဆေးသေတ္တာကို ကိုင်ကာ ပြေးထွက်လာသည်။

စူးယောင်ကွမ်းက စွေ့ရုန်ကို ခုတင်ပေါ်သို့ တင်ပေးထားသည်ကို မြင်လိုက်ရသည့်အခါ ကျန်းကျင့်က ထပ်မေးလိုက်သည်။

"အစ်မက ခဲအိုကို သွားရှာတာ မဟုတ်ဘူးလား။ ဘာလို့ လူတစ်ယောက်ကို ခေါ်လာရတာလဲ"

"လမ်းမှာ ဆုံခဲ့တာ။ သူ့ပုံစံက နေမကောင်းတဲ့ပုံနဲ့ ငါ့ကို ဝင်တိုက်ပြီး လဲကျသွားတာပဲ။ အဲ့ကတည်းက သတိမရတော့ဘူး။ သူ့မှာ ဘယ်နား ဒဏ်ရာရထားလဲဆိုတာ မြန်မြန် စစ်ဆေးပေးပါဦး"

"အစ်မက သူ ဘယ်နား ဒဏ်ရာရထားမှန်းတောင် မသိဘဲနဲ့ အိမ်ကို ခေါ်လာရတာလား။ ကျင်းလဲ့ဖုန့်နဲ့ ကျွန်မတို့နဲ့က ရန်ငြိုးရှိထားတာလေ၊ ပြီးတော့ ဒီစွေ့ရုန်က ကျွန်မတို့ကို ခဏခဏ ပြဿနာရှာနေတဲ့သူပဲ။ အစ်မက ဘာလို့ သူ့ကိစ္စကို ဝင်ပါပေးနေရတာလဲ"

"တကယ်လို့ နင့်ရှေ့မှာ လူတစ်ယောက် ခွေခေါက်လဲကျသွားပြီး အဲ့ဒီလူက နင်အရင်က မြင်ဖူးနေတဲ့သူဆိုရင်ရော... နင် သူ့ကို ဒီအတိုင်း ထိုင်ကြည့်ပြီး အသံခံခိုင်းမှာလား"

စူးယောင်ကွမ်းက ပြန်ချေပလိုက်သည်။

"ကျွန်မဆိုရင်လည်း ကြည့်မနေနိုင်ဘူး"

ကျန်းကျင့်က ဆက်ပြောနေသေးသည်။

"ဒါပေမယ့် ကျွန်မက ဆေးဆရာလေ... လူ့အသက်ကို ကယ်တင်ဖို့က ကျွန်မရဲ့ တာဝန်ပဲ။ အစ်မက ဆေးဆရာမှ မဟုတ်တာ... အစ်မ မကူညီရင်တောင် ဘယ်သူကမှ ဘာမှ ပြောမှာ မဟုတ်ဘူး"

"သူ့အခြေအနေ ဘယ်လိုရှိလဲ"

"သွေးနံ့က သူ့ခြေထောက်ကနေ လာတာပဲ"

ကျန်းကျင့်က စစ်ဆေးရင်း ပြောပြနေသည်။

"သူ့ပေါင်ကို ဓားထိုးခံထားရတာ၊ တော်တော်လေး နက်တယ်။ ဆေးထည့်ပေးဖို့ သူ့ဘောင်းဘီကို ချွတ်ရလိမ့်မယ်"

စူးယောင်ကွမ်းက ကျန်းကျင့် ပြောလိုသည့် အဓိပ္ပာယ်ကို သဘောပေါက်လိုက်သည်။

သူမ ခေတ္တမျှ ရှောင်ပေးရန် လိုအပ်နေခြင်းပင်။

စူးယောင်ကွမ်းက တံခါးဝတွင် ရပ်နေပြီး အထဲမှ ထွက်ပေါ်လာသော အသံများကို နားစွင့်နေခဲ့သည်။

ထိုစဥ် ကျိုးဝမ်ရှူက ထုပ်ပိုးထားသော အထုပ်အပိုး အကြီးအငယ်များကို သယ်ဆောင်ကာ ပြန်လည်ရောက်ရှိလာသည်။ သူမ တံခါးဝတွင် ရပ်နေသည်ကို မြင်လိုက်ရသည့်အခါ သူက ချက်ချင်း လှမ်းမေးလိုက်သည်။

"ယောင်ကွမ်း... ဘာလို့ အထဲမဝင်တာလဲ"

"နင် ဘာလို့ ပြန်လာရတာလဲ"

စူးယောင်ကွမ်းက တံခါးဝကို ပိတ်ရပ်လိုက်ရင်း သူ့ကို အရင်ပြန်မေးပြီးမှ ပြန်ဖြေလိုက်သည်။

"ကျင်းအာက ဒဏ်ရာရထားတဲ့လူတစ်ယောက်ကို ဆေးထည့်ပေးနေလို့။ ငါ ဒီမှာ စောင့်ကြည့်ပေးနေတာ၊ အထဲကို အခုလောလောဆယ် ဝင်လို့ မရသေးဘူး"

"ကောင်းပြီလေ၊ ကျွန်တော် စာသင်ကျောင်းမှာ နေတာ ခုနစ်ရက်ဆက်တိုက် ရှိနေပြီဆိုတော့ စိတ်ထဲမှာလည်း ရှေးဟောင်းစာပေကျမ်းဂန်တွေနဲ့ ပြည့်နှက်နေပြီ။ ခင်ဗျားပဲ အမြဲပြောတယ်မဟုတ်လား... အလုပ်လုပ်တာနဲ့ အနားယူတာကို မျှတအောင် ထားရမယ်ဆိုတာလေ၊ အခုတော့ ခင်ဗျားရဲ့ စကားကိုပဲ နားထောင်တော့မယ်"

"ဒါက ဘာလဲ"

"ခင်ဗျားအတွက် စားစရာ ဝယ်လာပေးတာ"

ကျိုးဝမ်ရှူက ပြန်ဖြေလိုက်ရင်း စက္ကူထုပ်ကို ဖွင့်ကာ ကြက်ကင်ပေါင်တစ်ခုကို သူမထံသို့ ကမ်းပေးနေသည်။ ထိုကြက်သားတုံးလေးက ပူနွေးနေဆဲပင်။

စူးယောင်ကွမ်းလည်း အမှန်တကယ် ဆာလောင်နေခဲ့ပြီး မွှေးပျံ့လှသော အနံ့အသက်ကြောင့် သွားရည်ပင် ယိုကျမိတော့မတတ် ဖြစ်သွားရသည်။

သူမ ကြက်ပေါင်ကို တစ်ကိုက် ကိုက်ရန် ပြင်လိုက်စဥ်မှာပင် အထဲမှ စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

သူမ တံခါးကို တွန်းဖွင့်ပြီး ဝင်သွားလိုက်ရာ စွေ့ရုန်က သူ့ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ကာထားပြီး ကျန်းကျင့်အား နှာဘူးတစ်ယောက်ကို ကြည့်သလို သတိကြီးစွာဖြင့် စိုက်ကြည့်နေသည်အား တွေ့လိုက်ရသည်။

"ငါ ဒီနေရာကို ဘယ်လိုလုပ် ရောက်လာတာလဲ"

စွေ့ရုန်က သူမကို လှမ်းမေးလိုက်သည်။

"လမ်းမှာ လဲကျနေလို့ ကျွန်မ ကောက်လာခဲ့တာလေ"

စူးယောင်ကွမ်းက ပြန်ပြောလိုက်သည်။

"တကယ်လို့ ရှင်က ကျွန်မတို့ အပိုအလုပ်တွေ လျှောက်လုပ်တယ်လို့ ထင်ရင်တော့... အခုချက်ချင်း ရှင့်ကို အပြင်ပြန်ပစ်ထုတ်လိုက်လို့ရတယ်နော်"

စွေ့ရုန်၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး စကားတစ်ခွန်းမျှ မဆိုတော့ဘဲ မျက်လွှာချပစ်လိုက်သည်။

စူးယောင်ကွမ်းက ကျန်းကျောက်တိ သူမကို ပြောပြခဲ့သည့် အတင်းအဖျင်းစကားများကို ရုတ်တရက် သတိရမိသွားပြီး စွေ့ရုန်၏ လက်ရှိပုံစံကို မြင်လိုက်ရသည့်အခါ ရင်ထဲ၌ ဒိန်းခနဲ ဖြစ်သွားတော့သည်။

'မဖြစ်တော့ မဖြစ်နိုင်ဘူးမလား...'

‘ဒီနေ့ နေ့ခင်းပိုင်းက အမေ မြင်ခဲ့တုန်းက ဒီလူက စွဲမက်ဖွယ်ဖို့ကောင်းပြီး ထက်သန်ပြင်းပြတဲ့ စိတ်နဲ့ အတ္တအလွန်ကြီးတဲ့ သခင်လေးတစ်ဦးလို့ ပြောခဲ့သေးတယ်။ ဒါပေမယ့် အခု သိပ်မကြာသေးခင် အချိန်အတွင်းမှာ သူက ဘာလို့ ဒီလောက်အထိ ဖြစ်သွားရတာလဲ။ သူ တကယ်ပဲ မိန်းမစိုးရဲ့ နှောက်ယှက်စော်ကားမှုကို ခံခဲ့ရပြီး မှောင်မိုက်မှုနဲ့ ကြုံတွေ့ခဲ့ရတာလား’

"ကျွန်မ ဆိုင်အလုပ်သမားတစ်ယောက်ကို ကျင်းလဲ့ဖုန့်ဆီ လွှတ်ပြီး လူလွှတ်ပေးဖို့ အကြောင်းကြားခိုင်းလိုက်မယ်။ ပြီးရင် ရှင့်ကို လာခေါ်ဖို့ ဆိုင်တာဝန်ခံကို စီစဥ်ခိုင်းလိုက်မယ်"

"ငါ ဒီည ဒီမှာပဲ တည်းခိုလို့ ရမလား။ ငါ ပိုက်ဆံပေးပါ့မယ်။ တကယ်လို့ မင်းတို့ ငါ့ကို တစ်ညလောက် ပေးတည်းမယ်ဆိုရင် ငါ ငွေလျန်ငါးဆယ် ပေးဖို့ အဆင်သင့်ပဲ"

စူးယောင်ကွမ်းက ခေတ္တမျှ တွေဝေသွားပြီးမှ နောက်ဆုံးတွင် သဘောတူလိုက်သည်။

ပုံမှန်အားဖြင့် သူမတို့အပေါ် အမြဲတမ်း ရန်လိုပြီး စော်ကားတတ်သော လူတစ်ယောက်က ရုတ်တရက်ကြီး ယဥ်ကျေးသိမ်မွေ့သွားသည့်အခါ သူမအနေဖြင့် အနည်းငယ် အသားမကျ ဖြစ်နေမိသည်။ သူ၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် သူ တုန်လှုပ်ခြောက်ခြားနေမှန်း သိသာနေသည်။

‘ဟူး... ထားပါတော့လေ... ဒီနေ့အတွက် ကုသိုလ်တစ်ခေါက် လုပ်လိုက်တယ်လို့ပဲ သတ်မှတ်လိုက်ပါ့တော့မယ်’

"ရှင့်ရဲ့ ဒဏ်ရာကို ပတ်တီးစည်းဖို့ လိုအပ်နေတယ်။ တကယ်လို့ ကျွန်မကို ပတ်တီးစည်းခွင့်မပြုဘူးဆိုရင်လည်း ကျွန်မ တခြားလူတစ်ယောက်ကို ခေါ်ပြီး ပတ်တီးစည်းခိုင်းပေးမယ်... အဆင်ပြေလား"

ကျန်းကျင့်က ဝင်မေးလိုက်သည်။

စွေ့ရုန်က မျက်လွှာချရင်း ပြန်ပြောလိုက်သည်။

"မလိုပါဘူး... ငါ့ဘာသာငါပဲ ပတ်တီးစည်းလိုက်ပါ့မယ်"

"ဒါဆိုလည်း ပြီးတာပဲလေ... ရှင် စီးတတ်တယ်ဆိုရင်တော့ ထားခဲ့ပေးမယ်"

စူးယောင်ကွမ်းက စွေ့ရုန်၏ မျက်နှာအမူအရာကို ကြည့်ကာ ထပ်မေးလိုက်သည်။

"ရှင် ဘယ်လိုဖြစ်ပြီး ဒဏ်ရာရလာတာလဲ။ ကျန်းကျင့်ပြောတာတော့ ရှင့်ဒဏ်ရာက တော်တော်လေးနက်တယ်တဲ့... ဓားမြှောင်လိုမျိုး ထက်မြက်တဲ့ လက်နက်နဲ့ အထိုးခံထားရတာဆိုတော့... ကျွန်မတို့ အာဏာပိုင်တွေဆီကို သွားပြီး တိုင်ချက်ဖွင့်ပေးရမလား"

"အာဏာပိုင်တွေကို တိုင်တော့ရော ဘာထူးမှာမလို့လဲ"

စွေ့ရုန်က တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် မည်သည့်စကားမျှ ထပ်မဆိုတော့ချေ။ သူက ကျန်းကျင့်၏ လက်ထဲမှ ဆေးနှင့် ပတ်တီးစကို လှမ်းယူလိုက်ပြီး သူ့ဒဏ်ရာကို သူကိုယ်တိုင် ပတ်တီးစည်းရန် ပြင်ဆင်နေသည်။

ထို့နောက် သူက စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့ရှိရာဘက်သို့ လှမ်းကြည့်လာပြီး သူတို့နှစ်ဦးကလည်း သူ၏ ဆိုလိုရင်းကို နားလည်သွားကြသဖြင့် အပြင်သို့ ချက်ချင်း ထွက်ခွာပေးလိုက်ကြသည်။

All Chapters