အခန်း ၁၅၇၇
Vol. 106 Ch. 1577
အခန်း (၁၅၇၇) ဘိုးဘေးနတ်ဘုရား ဆင်းသက်လာခြင်း။
လျှိုဖန်းဟွာသည် လျန်ဖန်၏စကားကို ကြားသောအခါ သူ၏လက်သည်လည်း လျှန်ဖန်၏ ခေါင်းထက်တွင် ရပ်တန့်သွားသည်။
"အိုး? မင်းအဖေက ဘိုးဘေးနတ်ဘုရားလား" လျှိုဖန်းဟွာသည် လျှန်ဖန်ကို ကြည့်ကာ အပြုံးဖြင့် မေးသည်။
လျှိုဖန်းဟွာ ရပ်သွားသည်ကိုမြင်တော့ လျှန်ဖန်က သူ့မျက်လုံးတွေ ချက်ချင်း လင်းလက် လာသည်။ လျှိုဖန်းဟွာသည် သူ့စကားကြောင့် ခြိမ်းခြောက်ခံရသည်ဟု ထင်ကာ အလောတကြီး ပြောလိုက်သည် "ဟုတ်တယ်။ ငါ့အဖေက မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ရဲ့ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားပဲ။ မင်း ငါ့ကို သတ်ဝံ့ရင် ငါ့အဖေက မင်းကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး။ ဘိုးဘေး နတ်ဘုရားတစ်ပါးက ဘယ်လောက် တန်ခိုးကြီးလဲဆိုတာ မင်းတို့ သိလိမ့်မယ်လို့ ငါ ယုံကြည်တယ်။ မင်းတို့ ဘယ်လောက်ပဲ အဝေးကို ထွက်ပြေးပါစေ, ဘိုးဘေးနတ်ဘုရား တစ်ပါးရဲ့ လိုက်လံဖမ်းဆီးမူကနေ လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် ငါ့ကို သွားခွင့်ပေးတာ အကောင်းဆုံးပဲ”။
လျှန်ဖန်သည် စကားများများပြောလေ, သူ့လေသံက ပို၍ခက်ထန်လာသည်။ လျှိုဖန်းဟွာ က သူ့ကို တကယ် မတိုက်ခိုက်ဝံ့ဟု သူ ထင်နေခဲ့သည်။
လျှိုဖန်းဟွာသည် ထိုစကားကိုကြားသောအခါ သူ့ပါးစပ်ထောင့်မှ ခပ်ဖျော့ဖျော့ အပြုံး တစ်ခု ပေါ်လာခဲ့သည်။ သူက အထင်သေးသည့်အရိပ်မြွက်ကို ဖော်ပြထားသည့် ယုထန်းနူကို လှည့်ကြည့်လိုက်သည်။
"ဒါဆို ငါတို့ ဘယ်သူလဲဆိုတာ မင်း သိလား" လျှိုဖန်းဟွာက ပြုံးပြီး လျှန်ဖန်ကို မေးသည်။
ဤစကားကြောင့် လျှန်ဖန်သည် တည်ငြိမ်သွားခဲ့သည်။ မှန်ပါသည်။ ရုတ်တရက် ပေါ်လာ သည့် ဤလူနှစ်ယောက်၏ ကိုယ်ရေးအချက်လက်ကို သူ မသိရသေးပါဘူး။ သူသည် ချင်ယွင်၏ကိုယ်ရေးအချက်လက်ကိုပင် မသိရသေးပေ။ ရုတ်တရက် ပေါ်လာသော ဤအဖော်နှစ်ယောက်သည် ချင်ယွင်ခေါ်မှသာ သူ့စီနီယာအစ်ကိုတွေဖြစ်မှန်း သူ သိသည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းလည်း စူးစမ်းလိုသည့် အမူအရာများကို ထုတ်ဖော်လာကြသည်။ ရုတ်တရက် ပေါ်လာသည့် ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသားနှစ်ယောက်၏ ကိုယ်ရေးအချက်လက်ကို သူတို့လည်း သိချင်နေကြပါသည်။ သူတို့သည် ဘိုးဘေး နတ်ဘုရား၏ သားတော်ကိုပင် တကယ် ထိဝံ့ကြသည်။
"မင်းတို့က ဘယ်သူတွေလဲ?" လျှန်ဖန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"မင်းက အရမ်းသိချင်နေတဲ့အတွက် ငါ မင်းကို ပြောပြမယ်။ ငါတို့က လေဟာနယ်နဲ့ အချိန် နတ်ဘုရားနန်းတော်ရဲ့တပည့်တွေပဲ။ ငါတို့ရဲ့ဆရာက လေဟာနယ် ဘိုးဘေးနတ်ဘုရားပဲ" လျှိုဖန်းဟွာက ပြုံးပြုံးလေး ပြောသည်။
သို့သော် လျှန်ဖန်သည် ထိုစကားကိုကြားသောအခါ မှင်သက်သွားရသည်။ သူ့နားတွေ တုန်လှုပ်သွားသလို ခံစားလိုက်ရပါသည်။
လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်က လူတွေ။ လေဟာနယ် ဘိုးဘေးနတ်ဘုရား ရဲ့ တပည့်တွေလား။
လျှန်ဖန်သည် သူ့ရှေ့မှ ဤလူနှစ်ယောက်သည် လေဟာနယ်ဘိုးဘေးနတ်ဘုရား၏ တပည့်တွေ ဖြစ်နေလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်မိခဲ့ပါဘူး။ ဘိုးဘေးနတ်ဘုရားတွေ ကြားမှာပင် ကွာဟချက်များစွာ ရှိနေပါသည်။ သူ့အဖေသည် ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်သော်လည်း သူသည် သေးငယ်သော ကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားအဆင့်သာ ရှိပါသေးသည်။ ကြီးမြတ်သော ကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားအဆင့်သို့ ရောက်ရှိပြီး သော လေဟာနယ်ဘိုးဘေးနတ်ဘုရားနှင့် နှိုင်းယှဉ်ပါက၊ သူသည် လီပေါင်း ၁၀၈၀၀၀ ထက်မနည်း ကွာခြားလွန်းပါသေးသည်။ ထို့ကြောင့် အဆင့်အတန်းနှင့် စွမ်းအားအရ ဤလူနှစ်ဦးစလုံးသည် သူ့အထက်တွင် ရှိနေကြသည်။
ရုတ်တရက် လျှန်ဖန်သည် တစ်ခုခုကို တွေးလိုက်မိပုံရပြီး ချင်ယွင်ကို ထိတ်လန့်သော အမူအရာဖြင့် ကြည့်လိုက်သည်။
သူတို့နှစ်ဦးသည် ချင်ယွင်၏ စီနီယာညီအစ်ကိုများ ဖြစ်ကြပြီး၊ သူတို့သည် လေဟာနယ် ဘိုးဘေးနတ်ဘုရား၏ တပည့်များဖြစ်ကြသည်။ ထိုသို့ဆိုလျှင်, ချင်ယွင်သည်လည်း လေဟာနယ်ဘိုးဘေးနတ်ဘုရား၏ တပည့်တစ်ဦးဖြစ်သည်ဟု ဆိုလိုသည်မဟုတ်ပါလော။
လျှန်ဖန်သည် လုံးဝ မှင်သက်သွားခဲ့ပြီး သူ့မျက်နှာတစ်ခုလုံး စိတ်ပျက်အားငယ်မှုနှင့် ပြည့်နှက်နေသည်။
အကယ်၍, သူ အသတ်ခံရရင်တောင် သူ့အဖေက သူ့အတွက် အလွယ်တကူ လက်စားချေ ဝံ့မှာ မဟုတ်ပါဘူး။
လျှန်ဖန်တစ်ယောက်သာ အံ့အားသင့်သွားသည်မဟုတ်။ ဘေးပတ်ဝန်းကျင်မှ ကြည့်ရှုသူ များလည်း မှင်သက်သွားကြသည်။ ချင်ယွင်သည် ဤမျှမြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်နေလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မထင်ခဲ့ကြပေ။
လူအုပ်အလယ်တွင် ရပ်နေသော ရှေးဟောင်းတာအိုနှင့် ချူယွန်တို့လည်း ထိတ်လန့်သွား ကြသည်။ ပထမဦးစွာ သူတို့၏မျက်နှာများသည် တုန်လှုပ်ခြောက်ခြားမှုများနှင့် ပြည့်နှက် နေပြီးမှ စိတ်အားတက်ကြွမူများဖြင့် ပြည့်နှက်လာခဲ့ပါသည်။
"အစ်ကိုချူ၊ မင်း အဲ့ဒါကို ကြားရဲ့လား? ယွင်အာက လေဟာနယ်ဘိုးဘေးနတ်ဘုရားကို သူ့ဆရာအဖြစ် တကယ်ကို ခံယူခဲ့တာလား။ ဒါဆို သူက လေဟာနယ်နှင့် အချိန်နတ်ဘုရား နန်းတော်ရဲ့ တပည့်တစ်ဦး ဖြစ်နေပြီလို့ မဆိုလိုဘူးလား?" ရှေးဟောင်းတာအိုက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"မှန်တယ်။ သူတို့က လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်ရဲ့ တပည့်တွေ ဖြစ်နေရုံ တင်မကဘူး၊ လေဟာနယ်ဘိုးဘွားဘုရားရဲ့တပည့်တွေအဖြစ်လည်း ခံယူနိုင်ခဲ့ကြတယ်။ သူတို့ရဲ့အဆင့်အတန်းကလည်း အလွန်မြင့်မားတယ်။ သူတို့က သာမန် လက်ရွေးစင် တပည့်တွေတောင် နှိုင်းယှဉ်နိုင်တဲ့ အရာမဟုတ်တာတော့ သေချာတယ်။" ချူယွန် စိတ်လှုပ်ရှားစွာ ပြောသည်။
ထိုအခိုက်အတန့်မှာ သူတို့သည် လုံးဝ စိတ်သက်သာရာ ရသွားပါပြီ။ အကယ်၍, သူတို့သည် လျန်ဖန်းကို တကယ်သတ်ခဲ့ရင်တောင်, ချင်ယွင်၏နောက်ကွယ်မှ လေဟာနယ် ဘိုးဘေး နတ်ဘုရား၏ ပံ့ပိုးမူဖြင့်ဆိုပါက, ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားသည် ဘာမှ လုပ်ဝံ့မည်မဟုတ်ပေ။
သူ့ပတ်ဝန်းကျင်မှ ဆွေးနွေးသံတွေကို ကြားတော့ ချင်ယွင်သည် အားကိုးရာမဲ့သည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်ပါသည်။
အကယ်၍, ချင်ယွင်သည် လေဟာနယ် ဘိုးဘေးနတ်ဘုရား၏ တရားဝင် တပည့်ဖြစ်ရန် ငြင်းဆိုထားသည့်အကြောင်းကို ရှေးဟောင်းတာအိုနှင့် အခြားသူများသာ သိရှိသွားပါက၊ သူတို့ မည်သို့ခံစားရမည်ကို သူ မသိနိုင်ပေ။
လျှန်ဖန်သည် လုံးဝ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ သူသည် လွင့်မျောနှင်းမြို့တော်ကို ရောက်လာပြီး ချင်ယွင်ကို နှိုးဆော်မိသည့်အတွက် နောင်တရနေသည်။
"ငါတို့ မင်းကို မသတ်ရဲသေးဘူးလို့ မင်း ထင်နေသေးလား" လျှန်ဖန်၏ နောင်တရသော အမူအရာကို မြင်သောအခါ လျှိုဖန်းဟွာ၏ အထင်အမြင်သေးမူက ပို၍ပြင်းထန်လာသည်။
"မသတ်နဲ့။ မင်း ငါ့ကို မသတ်သရွေ့ မင်းလိုချင်တာမှန်သမျှ ငါပေးနိုင်တယ်။" လျှန်ဖန်က သနားညှာတာပေးရန် ဆောလျင်စွာ တောင်းပန်လိုက်သည်။
ဤအခိုက်အတန့်တွင်၊ ဘိုးဘေးနတ်ဘုရားတစ်ပါး၏ သားတော်ဆိုသည့် သူ၏ ဂုဏ်သိက္ခာသည် အနည်းငယ်မျှပင် မရှိတော့ချေ။ သူ့ရှေ့မှ ဤလူသည် သူ့ကို အမှန်တကယ် သတ်ဝံ့သည်ကို သူသိထားသောကြောင့်ပင်။ တစ်ဖက်လူက သူ့ကို သတ်ဖြတ်ရန် ခွန်အားရှိသည်ကိုလည်း သူသိထားသည်။ ယခုအချိန်မှာ, သူသည် သနား ညှာတာပေးရန်သာ တောင်းဆိုနိုင်ပါတော့သည်။
"ဟမ့်၊ မင်း နောင်တရတာ သိပ်နောက်ကျသွားပြီ။ မင်း ငါတို့ညီငယ်ကို သတ်ချင်တုန်းက, မင်းမှာ ဒီလိုအသိတရားမျိုး ဘာလို့ ရှိခဲ့တာလဲ။ မင်း အပြစ်တင်ချင်ရင်တော့ ထိုက်တောင် ကြီကို လျစ်လျူမိတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်တော့။" လျှိုဖန်းဟွာက အေးစက်စွာ ပြောလိုက်သည်။ သူ့စကားဆုံးပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ် လှိုင်းလုံးကြီးတစ်ခုက လျန်ဖန်ထံသို့ ရိုက်ပစ်ချင်ဟန်ဖြင့် သူ့လက်ဖဝါးထဲသို့ တစ်ဖန် ပြန်ဝင်လာသည်။
"အဖေ၊ ကယ်ပါဦး" လျှန်ဖန်သည် လျှိုဖန်းဟွာက အမှန်တကယ် လှုပ်ရှားနေသည်ကို မြင်လျှင် ကောင်းကင်ဆီသို့ ကမန်းကတန်း အော်ပြောလိုက်သည်။
သူ၏ကျယ်လောင်သော အော်ဟစ်သံကြောင့် ကောင်းကင်သည် ချက်ခြင်း မှောင်မိုက်သွား သည်။ ထို့နောက်တွင် လေထဲတွင် ကြီးမားသော မျက်နှာကြီးတစ်ခု ပေါ်လာပြီး အနှိုင်းမဲ့ တန်ခိုးကြီးသော ဂုဏ်သိက္ခာ အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။
လျှန်ဖန်၏ ကောင်းကင်ဘုံစိတ်ဝိညာဉ်အလွှာကို လက်ဖဝါးနှင့် ရိုက်နှက်တော့မည့် လျှိုဖန်းဟွာသည် အနှိုင်းမဲ့ တန်ခိုးကြီးသော စွမ်းအားတစ်ခုကြောင့် လွင့်ထွက်သွားပြီး ယုထန်းနူက စီးဖမ်းထားလိုက်ရသည်။
လျှန်ဖန်၏ ခန္ဓာကိုယ်ပါတ်ပါတ်လည်တွင် ထူးဆန်းသော အလင်းအလွှာတစ်ခု ထွက်ပေါ် ပြီး သူ့ပတ်ဝန်းကျင်တွင် လုံးလုံးလျားလျား လွှမ်းခြုံသွားသည်။
ထိုမြင်ကွင်းကို လူတိုင်း မြင်လိုက်ရသည့်အခါ သူတို့စိတ်နှလုံးတွေက တုန်လှုပ် ခြောက်ခြား သွားကြသည်။ သူတို့သည် ကောင်းကင်ကြီးပေါ်က ဧရာမမျက်နှာကြီးကို မော့ကြည့်ရန် ခေါင်းထောင်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
"ဘိုးဘေး… ဘိုးဘေးနတ်ဘုရားက သူ့ရဲ့ တန်ခိုးတော်ကို ပြသခဲ့တာလား?" ပွဲကြည့် ပရိသတ်များသည် အလွန်မင်း ထိတ်လန့်သွားကြကာ အားလုံးက မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြပြီး, သူတို့စိတ်နှလုံးထဲမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကြ၏။
ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေသာ အလွန်မင်း ဝေးကွာသောအရပ်မှ ကောင်းကင်ဘုံတန်ခိုးတော်ဓမ္မအသွင်ပြင်ကို ပြသနိုင်ပါသည်။ သူတို့ရှေ့က ဧရာမ မျက်နှာကြီးသည် လျှန်ဖန်၏အဖေ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား ဖန်တီးထားသည့် ကောင်းကင်ဘုံတန်ခိုးတော်ဓမ္မအသွင်ပြင်ဖြစ်ကြောင်း ထင်ရှားပါသည်။
"မင်းက ငါ့သားကို သတ်ချင်နေတဲ့ တစ်ယောက်လား။" ကောင်းကင်ယံမှ ဧရာမ မျက်နှာကြီးက ပါးစပ်ကို ဖွင့်လိုက်သည်။ ၎င်း၏အသံသည် ခေါင်းလောင်းကြီးကို ထိုးနှက်လိုက်သည့်အလား ကောင်းကင်နှင့်မြေကြီး တစ်ခွင်လုံးတွင် ပဲ့တင်ထပ်နေပြီး၊ လူတို့၏စိတ်နှလုံးကို ကြည်ညိုလေးစားမူနှင့် ကြောက်ရွံ့မှုတို့ကို အမှတ်တမဲ့ ခံစားသွားရ စေခဲ့သည်။
"ဟမ့်၊ ခင်ဗျားသားက ကျုပ်တို့ရဲ့ ဂျူနီယာညီငယ်ကို သတ်ချင်နေတာလေ။ ကျုပ်တို့က တရားမျှတမှုကို ရှာပေးနေတာ။ ခင်ဗျားက ဘိုးဘေးနတ်ဘုရားတစ်ပါးအနေနဲ့ ခင်ဗျားသား အတွက် တရားမျှတမှုကို လိုချင်နေသေးလို့လား။" ယုထန်းနူသည် ရှေ့သို့ ခြေတစ်လှမ်း တိုးကာ ကောင်းကင်ယံမှ ဧရာမမျက်နှာကြီးကို ကြည့်ရင်း အေးစက်စွာ ဟစ်အော်လိုက် သည်။
မြေပြင်ပေါ်တွင် ဒူးထောက်နေသော လူများသည် ထိုစကားကို ကြားသောအခါတွင် သူတို့ အားလုံး အလွန်ထိတ်လန့်တုန်လှုပ်သော အမူအရာများကို ထုတ်ဖော်ခဲ့ကြသည်။
ဤအဖော်သည် ဘိုးဘေးနတ်ဘုရားအား ဤကဲ့သို့ ဆန့်ကျင်ဘက် ပြုဝံ့လိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မထင်ခဲ့ကြပေ။ သို့သော် ဤလူ၏ ကိုယ်ရေးအချက်လက်ကို ပြန်တွေး ကြည့်သောအခါတွင် သူတို့၏ စိတ်နှလုံးများသည် စိတ်သက်သာရာ ရသွားခဲ့သည်။
"မင်းတို့က လေဟာနယ် ဘိုးဘေးနတ်ဘုရားရဲ့ တပည့်တွေလား။" ဟုတ်ပါသည်, ကောင်းကင်ပေါ်က ဧရာမမျက်နှာကြီးက ဒေါသမထွက်ခဲ့ပါဘူး။ ယင်းအစား ၎င်းက ယုထန်းနူကို ကြည့်ပြီး မေးလိုက်သည်။
"ဟုတ်တယ်။ တကယ်လို့, ခင်ဗျားက ခင်ဗျားသားအတွက် လက်စားချေချင်တယ်ဆိုရင်, ကျုပ်တို့ကလည်း ဆရာကြီးကို အကူအညီတောင်းဖို့ စိတ်ထဲမထားတော့ဘူး။ ဒါပေမယ့် အဲဒီအချိန်မှာ ဘယ်လိုရလာဒ်မျိုး ဖြစ်လာမလဲဆိုတာ ကျုပ်တို့လည်း မခန့်မှန်းနိုင်ဘူး" ယုထန်းနူက မောက်မာစွာ ဆက်ပြောသည်။ ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေ ကိုတောင် သူ လုံးဝ မကြောက်ပါဘူး။
လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် နတ်ဘုရားကမ္ဘာတစ်ခုလုံးတွင် ကျော်ကြားသော ကာကွယ်ပေးတတ်သူ ဖြစ်သည်။ ထို့ကြောင့် ယုထန်းနူသည် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားအား ဤကဲ့သို့ ပြောဆိုဝံ့လေသည်။
မျှော်လင့်ထားသည့်အတိုင်း ကောင်းကင်မှ ဧရာမမျက်နှာကြီးသည် ယုထန်းနူ၏ စကားကို ကြားသောအခါ, ဒေါသအမျက်ထွက်သွားသည့်အမူအရာ ပေါ်လာသည်။ သို့သော် ၎င်းသည် အပေါက်ကွဲခဲ့ပေ။ ယင်းအစား၊ သူက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်သည် “ဟမ့်, လေဟာနယ် ဘိုးဘေးနတ်ဘုရားကြောင့် ဒီနေ့ ငါ မင်းတို့ကို ချမ်းသာပေးလိုက်မယ်။ ဒါပေမယ့်, မင်းတို့ နောက်တစ်ကြိမ်တွင် ငါ့ကို ဒုက္ခပေးရဲရင်, လေဟာနယ် ဘိုးဘေး နတ်ဘုရား ဒီနေရာမှာ ရှိနေရင်တောင်, ငါ မင်းတို့ကို သေချာပေါက် ချေမွပစ်မယ်”။
သူပြောပြီးသည်နှင့် ကောင်းကင်ယံမှ စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ၎င်းစွမ်းအား သည် ဒဏ်ရာရနေသော လျှန်ဖန်ကို တိုက်ရိုက် သယ်ဆောင်ကာ ကောင်းကင်ယံသို့ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် လွင့်မျောနှင်းမြို့တော်တစ်ခုလုံး ပြန်လည် ငြိမ်သက် သွားခဲ့သည်။