← Chapters

အခန်း ၁၅၇၈

Vol. 106 Ch. 1578

အခန်း ၁၅၇၈

Vol. 106 Ch. 1578

အခန်း (၁၅၇၈) ဖန်းကလန်။

လျှန်ဖန်နှင့် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားတို့ ပျောက်ကွယ်သွားသောအခါ လွင့်မျောနှင်းမြို့တော်တစ်ခုလုံး ပြန်လည်ငြိမ်သက်သွားခဲ့သည်။

သို့သော်၊ ချင်ယွင်ကို ပတ်ဝန်းကျင်မှ ကြည့်ရှုသူများ၏ အကြည့်များသည်လည်း ကြည်ညို လေးစားမှုအပြည့်နှင့် ဖြစ်နေကြသည်။

လေဟာနယ် ဘိုးဘေးနတ်ဘုရား၏ တပည့်များသည် ၎င်းတို့၏ အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် ကျင့်ကြံမှုဖြင့် အလယ်အလတ် ကောင်းကင်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူများကို သတ်ဖြတ်နိုင်စွမ်း ရှိနေသည်။ ထိုတိုက်ခိုက်ရေး စွမ်းအား တစ်ခုတည်းကပင် သူတို့၏ လေးစားမှုကို ခံထိုက်ပါသည်။

သို့သော် ယခုအချိန်တွင် လူအုပ်ထဲမှ လူတစ်ယောက်သည် ရှိုက်ကြီးတငင် ပြုံးနေမိ၏။ ဤလူသည် ဘိုင်လင်နှင့် သောက်ခဲ့ဖူးသော ဖန်းရှောင်ယန်းမှလွဲ၍ အခြားသူ မဟုတ်ပေ။

ဖန်းရှောင်ယန်းသည် ဘိုင်လင်၏ဆရာကို ချင်ယွင်က အလွယ်တကူ သတ်ပစ်လိုက်သည် ကို မြင်သောအခါ၊ သူတို့ဖန်းကလန်၏ အဆုံးသတ်ကို သူ သိလိုက်ပါပြီ။ ကျောက်စိမ်းဓား ဧကရာဇ် ဘိုးဘေးနတ်ဘုရားပင်လျှင် စိတ်ပျက်လက်ပျက် အမူအရာဖြင့် သူ့သားကို ခေါ်ဆောင်ပြီး ထွက်သွားရုံသာတတ်နိုင်သည်ကို သူ မြင်လိုက်ရသောအခါတွင် သူ့စိတ်ထဲမှ စိတ်ပျက်အားငယ်မှုက နှိုင်းစာ၍ မရနိုင်တော့ပေ။ သူသည် ထွက်ပြေးချင်စိတ်တောင် မရှိတော့ပါဘူး။

ထိုကဲ့သို့ အစွမ်းထက်သော ပညာရှင်တစ်ဦးကို စော်ကားပြီးနောက် သူ ထွက်ပြေးလိုလျှင် ပင် ထွက်ပြေးစရာ နေရာမရှိပေ။ နောက်ဆုံးတွင်၊ လေဟာနယ် ဘိုးဘေးနတ်ဘုရားက စကားတခွန်း ပြောလိုက်သည်နှင့် သူတို့ မျိုးနွယ်စုတစ်ခုလုံး ဤကမ္ဘာကြီးကနေ တခဏ အတွင်း ပျောက်ကွယ်သွားပါလိမ့်မည်။

ဖန်းရှောင်ယန်းသည် စိတ်ပျက်လက်ပျက် ဖြစ်နေချိန်မှာ, ချင်ယွင်က သူ့ဆီ လျှောက်လှမ်း လာသည်ကို သိလိုက်ရသည်။

ဖန်းရှောင်ယန်းသည် ထိုနေရာတွင် မလှုပ်မယှက် ရပ်နေပြီး၊ သူသည် သေရန် စောင့်ဆိုင်း နေသကဲ့သို့ သူ့ပါးစပ်ထောင့်တွင် ခါးသီးသော အပြုံးတစ်ခု ခိုတွဲနေသည်။

"မင်းတစ်ယောက်တည်းကြောင့် ငါတို့ ဖန်းကလန်ရဲ့ အနှစ် ၁၀၀၀၀၀ ကြာ အစီအမံတွေ လုံးလုံးလျားလျား ကျရှုံးသွားလိမ့်မယ်လို့ ငါ တကယ်ကို မမျှော်လင့်မိခဲ့ဘူး။ ဒါကို မေ့လိုက် ပါလေ။ ဒါက ကောင်းကင်ဘုံရဲ့ အလိုတော်တိုင်း ဖြစ်နိုင်ပါတယ် လုပ်စရာရှိတာ လုပ်ပါ။" ဖန်းရှောင်ယန်းက ချင်ယွင်ကို ကြည့်ကာ ပြောသည်။

ချင်ယွင်သည် ဖန်းရှောင်ယန်းကို အေးတိအေးစက် စိုက်ကြည့်သော်လည်း၊ သူသည် ချက်ချင်း မလှုပ်ရှားခဲ့ပါ။

အမှန်အတိုင်းပြောရလျှင်, ဖန်းရှောင်ယန်း၏ စွမ်းဆောင်မှုက သူ့ကို အမှန်တကယ် အံ့အား သင့်စေခဲ့သည်။ သာမာန်အားဖြင့်၊ ထိုသို့သော အဖြစ်ပျက်မျိုးကို ကြုံတွေ့ရသောအခါတွင် လူတိုင်းသည် ချက်ခြင်း ထွက်ပြေးရန် သို့မဟုတ် သနားညှာတာမူကို တောင်းခံရန်အတွက် မြေပြင်ပေါ်တွင် ဒူးထောက်ဖို့ သေချာပေါက် ရွေးချယ်လေ့ရှိကြသည်။ သို့သော် ဖန်းရှောင်ယန်းသည် ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် အမှန်တရားကို လက်ခံရန် ရွေးချယ်ရန်အတွက် သတ္တိကောင်းရန် လိုအပ်သည်။

"မင်း ကျင့်ကြံခဲ့တာ ဘယ်လောက်ကြာပြီလဲ" ချင်ယွင်က ဖန်းရှောင်ယန်းကို ရုတ်တရက် ကြည့်လိုက်ပြီး ဝေခွဲမရဖြစ်စေသည့် မေးခွန်းတစ်ခုကို မေးလိုက်သည်။

ဖန်းရှောင်ယန်းသည် အနည်းငယ် မှင်သက်သွားခဲ့သည်။ သူက ချင်ယွင်ကို အံ့သြစွာ ကြည့်လိုက်သည်။ ရှင်းရှင်းပြောရလျှင် ချင်ယွင်က ဤမေးခွန်းကို ရုတ်တရက် မေးလာ လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သို့သော် သူက “အနှစ် ၅၀၀၀၀” ဟု ပြန်ဖြေလိုက်ပါ သေးသည်။

ဖန်းရှောင်ယန်းက ထိုစကားများကို ပြောပြီးသည်နှင့် ဘေးတွင် ရပ်နေသော ကျိုးလင်သည် အံ့သြသည့် အမူအရာ ထုတ်ဖော်လိုက်သည်။

အနှစ်ငါးသောင်းအတွင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင် စွမ်းရှိခြင်း၊ ၎င်းသည် ပါရမီရှင်တစ်ဦးဟု သေချာပေါက် ယူဆနိုင်ပေလိမ့်မည်။ ထိုသို့သော လူမျိုးသည် မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်၏ လက်ရွေးစင်အဆင့်သို့ ဝင်ရောက်လိုလျှင်ပင်၊ ၎င်းသည် အလွန်လွယ်ကူသော အလုပ်ဖြစ်လိမ့်မည်။ သို့သော်၊ ဖန်းရှောင်ယန်းသည် ပါရမီရှင်တစ်ဦးအဖြစ်ဟူသော သူ၏ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ် ရန် ရွေးချယ်ခဲ့သည်။ လွင့်မျောနှင်းမြို့တော်မှာပင် ဖန်းရှောင်ယန်းသည် ဖန်းကလန်၏ သခင်လေး ဖြစ်သောကြောင့်သာ ကျော်ကြားခဲ့သော်လည်း သူသည် ပါရမီရှင်ဖြစ်သည်ဟု မည်သူမျှ မပြောခဲ့ကြပေ။

ထိုကဲ့သို့ သည်းခံနိုင်စွမ်းက ဖန်းကလန်၏ ရည်မှန်းချက်နှင့် ကြောက်စရာကောင်းသော စိတ်ဓာတ်ကို ပြသနေခဲ့သည်။

"ငါမျှော်လင့်ထားတဲ့အတိုင်းပဲ။ တကယ်လို့, ငါခန့်မှန်းသာ မမှားရင် မင်းအဖေက အစောပိုင်း ကောင်းကင်နတ်ဘုရားအဆင့်ကို ဖြတ်သွားခဲ့ပြီ။ ဟုတ်တယ် မဟုတ်လား။" ဖန်းရှောင်ယန်းကို စူးစူးရှရှ ကြည့်ရင်း ချင်ယွင်က ပြောလိုက်သည်။

"မင်း...ဘယ်လိုသိလဲ" ဖန်းရှောင်ယန်းသည် ချင်ယွင်ကို အံ့သြစွာ ကြည့်သည်။

သူ့အဖေသည် ချင်ယွင်ကို အရင်က တစ်ခါမှ မမြင်ဖူးကြောင်း သူ သေချာပါသည်။ အဘယ့်ကြောင့်ဆိုသော်, သူ့အဖေသည် နှစ်ထောင်သောင်းကြာ တံခါးပိတ် ကျင့်ကြံနေခဲ့ သောကြောင့်ပင်။ သူသည် မကြာသေးမီကမှ အစောပိုင်း ကောင်းကင်နတ်ဘုရားအဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်။ ဤကိစ္စကို သူတစ်ယောက်သာ သိထားသည်သည်။ အပြင်လူများ မည်သို့ သိနိုင်မည်နည်း။

ဖန်းရှောင်ယန်း၏ ထိတ်လန့်တုန်လှုပ်သော အမူအရာကို မြင်လိုက်ရသဖြင့် ချင်ယွင်က အနည်းငယ် ပြုံးကာ မြောက်အရပ်သို့ လှမ်းကြည့်လိုက်သည်။ "အစောပိုင်း ကောင်းကင် နတ်ဘုရားတစ်ပါးက မြောက်အရပ်ကနေ ပြေးဆင်းလာခဲ့တာကြောင့်ပဲ။ ဒီလူရဲ့ အငွေ့အသက်က မင်းနဲ့တော်တော်တူတယ်။ ဒါကြောင့် သူက မင်းအဖေ ဖြစ်သင့်တယ် လေ။"

ထိုစကားကိုကြားတော့ ဖန်းရှောင်ယန်းသည် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူက ချင်ယွင်ကို ကြည့်ပြီး ပြောသည် "သခင်လေးချင်, မင်းကို စော်ကားမိတဲ့လူက ငါပါ။ ကျေးဇူးပြုပြီး ငါ့အဖေကို လွှတ်ပေးပါ။ ငါတို့ဖန်းကလန်က လွင့်မျောနှင်းမြို့တော်နဲ့ ပတ်သက်တဲ့ အကြံဥာဏ်တွေ ဘာတစ်မှမရှိတော့ပါဘူးလို့ ငါ ကျိန်ဆိုပါ့မယ်။ မင်း ငါတို့ ဖန်းကလန်ကို လွှတ်ပေးသရွေ့, ငါဖန်းရှောင်ယန်းက ငါ့ရဲ့သေခြင်းတရားနှင့် တောင်းပန်ဖို့ ဆန္ဒရှိပါတယ်"

ဖန်းရှောင်ယန်း၏ အသံသည် ဆုံးဖြတ်ချက်ပြတ်သားမူနှင့်အတူ တောင်းပန်မှုအပြည့် ရှိနေခဲ့သည်။

ချင်ယွင်သည် အနည်းငယ် အံ့သြသွားသည်။ ဖန်းရှောင်ယန်းက ယခုလိုစကားမျိုး တကယ် ပြောလာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးထားခဲ့ပေ။ ယင်းကြောင့် ချင်ယွင်သည် ဖန်းရှောင်ယန်းကို မော့ကြည့်လိုက်သည်။

သူ့တွင် အရည်အချင်း၊ ခွန်အား၊ စိတ်ရှည်မှု၊ ဇွဲလုံ့လနှင့် ဖြောင့်မတ်မှုတို့ ရှိနေသည်။ သူသည် ဆုံးရှုံးမူမများသည့် နည်းလမ်းကို လုပ်ဆောင်ခဲ့သည်။ ဤအရာက သေချာပေါက် ခက်ထန်သည့် ဖြစ်တည်မှုတစ်ခုပင်။

သူထွက်ပေါ်လာခြင်းကြောင့်သာ မဟုတ်ပါက, လွင့်မျောနှင်းမြို့တော်သည် ဖန်းကလန်၏ လက်ထဲသို့ ကျိန်းသေပေါက် ကျရောက်သွားပါလိမ့်မည်။

"မဟုတ်ဘူး၊ သေရမယ်ဆို ငါပဲသေမယ်။ ကောင်စုတ်လေး၊ မင်း လုံးဝ မသေရဘူး။" သို့သော် ချင်ယွင် မဖြေမီတွင် ကျယ်လောင်သော အသံတစ်ခု ကောင်းကင်ယံ၌ ထွက်ပေါ်လာသည်။

အပြေးအလွှား ပြေးလာခဲ့သော ဖန်းရှောင်ယန်း၏ဖခင်ထင်ရသူသည် ချင်ယွင်နှင့် အခြားသူများ၏ ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အဖြစ်ပျက်က ဖန်းရှောင်ယန်း၏စကား ဆုံးရုံပင်ရှိသေးသည်။

"အဖေ၊ အဖေက ကျွန်တော်တို့ ဖန်းကလန်မှာ တစ်ဉီးတည်းသော ကောင်းကင်နတ်ဘုရား အဆင့် ကျွမ်းကျင်ပညာရှင်ပဲ။ ကျွန်တော်တို့ ဖန်းကလန်မှာ အဖေမရှိလို့ မရဘူး။ အဖေ ဒီလိုလုပ်လို့ မရဘူး။" ဖန်းရှောင်ယန်းက ကမန်းကတန်း ပြောလိုက်သည်။

"မဟုတ်ဘူး၊ မင်းက ငါ့သားပဲ။ မင်းသေတာကို သေချာပေါက် ငါ ကြည့်မနေနိုင်ဘူး။ ဒါ့အပြင် မင်းရဲ့ပင်ကိုယ်စွမ်းရည်နဲ့ မင်းဆက်ပြီး ကျင့်ကြံမယ်ဆိုရင် မင်းရဲ့ အရည်အချင်း တွေက အနာဂတ်မှာ ငါ့ကို သေချာပေါက် ကျော်လွန်သွားလိမ့်မယ်။ ဒါကြောင့် မင်း လုံးဝ မသေရဘူး" ဖန်းရှောင်ယန်း၏ဖခင်က ပြောသည်။

"ဒါပေမယ့် အဖေ" ဖန်းရှောင်ယန်းက အတွန့်တက်တော့မည့်အချိန်မှာ ချင်ယွင်၏ စကားကြောင့် ရုတ်တရက် အနှောင့်ယှက်ဖြစ်သွားသည်။

ချင်ယွင်က ဖန်းရှောင်ယန်းနှင့် ဖန်းထန်ယန်တို့ကို ကြည့်ပြီး ပြောသည် "မင်းတို့ နှစ်ယောက်စလုံး သေစရာမလိုဘူး။ မင်းတို့ဖန်းကလန်ရဲ့ အသက်တွေကိုလည်း ငါ မလိုချင် ဘူး။ မင်းတို့ဖန်းကလန်က ငါ့ဆရာသခင်နဲ့ ကျိုးကလန်ကို အနှစ်တစ်သန်းလောက် ကာကွယ်ပေးမယ်ဆိုတဲ့ ကောင်းကင်ဘုံကျိန်စာကို ကျိန်ဆိုပေးဖို့ပဲ ငါလိုအပ်တယ်။ ဒါဆို ငါ မင်းတို့ကို လွှတ်ပေးလိုက်မယ်။"

"အယ်? မင်းရဲ့ဆရာသခင်လား?" ဖန်းထန်ယန် အံ့အားသင့်စွာ မေးလိုက်သည်။

အခုနက သူသည် တိုက်ပွဲမဝင်ခဲ့သော်လည်း ဤအရာအားလုံးက သူ့မျက်လုံးထဲမှာ ရှိနေခဲ့ သည်။ ထို့ကြောင့် ချင်ယွင်၏ဆရာသခင်သည် လေဟာနယ်ဘိုးဘေးနတ်ဘုရား ဖြစ်သည် ကို သူသိသည်။ ထို့ကြောင့် ချင်ယွင် ဆိုလိုသည့်အရာကြောင့် သူသည် အလွန်ပင် အံ့သြ သွားခဲ့သည်။ နောက်ဆုံးတွင်၊ လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် သူတို့ အကာကွယ်ကို ခံယူရမည့်လူ မဟုတ်ပေ။

ဖန်းထန်ယန်က မသိသော်လည်း ဖန်းရှောင်ယန်းကတော့ ချင်ယွင်သည် ဘိုင်လင်ကြောင့် ကျင့်ကြံမှု ပျက်ဆီးသွားခဲ့ရသည့် သူ့ဆရာသခင်အကြောင်း ပြောနေသည်ကို သိပါသည်။ ထို့ကြောင့် သူက ဖန်းထန်ယန်အား ရှင်းပြပြီးနောက်တွင် ဖြစ်ပျက်နေသည့် အရာများကို နားလည်သွားပါသည်။

"ကောင်းပြီ၊ ဖန်းကလန်က မင်းကို ကတိပေးတယ်။ ဖန်းကလန် အသက်ရှင်နေသရွေ့, မင်းရဲ့ဆရာသခင် ဒါမှမဟုတ် ကျိုးကလန်ကို ဘယ်သူမှ ဒုက္ခမပေးစေရဘူး" ဖန်းထန်ယန် က ပြောသည်။ သူပြောပြီးသည်နှင့်၊ သူ၏စကားများကို ကောင်းကင်ဘုံတာအိုမှ မှတ်တမ်း တင်သွားခဲ့ပြီး ကောင်းကင်ဘုံတာအိုကျိန်စာပုံစံ ပေါ်လာခဲ့သည်။

ဖန်းထန်ယန်က ကျိန်ဆိုလိုက်သည်ကိုမြင်တော့ ချင်ယွင်သည် သူ့စိတ်ထဲမှာ သက်ပြင်း တစ်ချက် ချလိုက်ပါသည်။

နောက်ဆုံးတွင်, သူသည် လွင့်မျောနှင်းမြို့တော်ကနေ ထွက်ခွာသွားမှာဖြစ်ပြီး ရှေးဟောင်း တာအိုသည် ကျင့်ကြံမူအခြေခံ ဖျက်ဆီးခံထားရသည်။ သူ့ခွန်အားကို ပြန်လည်ရယူရန် သူ့မှာ နည်းလမ်းမရှိသေးပေ။ သူသည် နောက်တစ်ကြိမ် ပြန်ပြီး ကျင့်ကြံရုံသာ တတ်နိုင်ပါတော့မည်။ ဤကာလအတွင်း ချင်ယွင်သည် သူ့အတွက် သဘာဝအတိုင်း စိုးရိမ်ပူပန်နေခဲ့သည်။ ထို့ကြောင့် ချင်ယွင်သည် ဖန်းကလန်မှ ရှေးဟောင်းတာအို ဆရာသခင်ကို ကာကွယ်ပေးရန် စိတ်ကူးရခဲ့သည်။

တစ်ချိန်တည်းမှာပင် ဖန်းကလန်သည် ကျိုးကလန်ကို ကာကွယ်ပေးပြီး လွင့်မျော နှင်းမြို့တော်အကြောင်းကို စဉ်းစားတော့မည် မဟုတ်ပေ။ တကယ်တော့, ချင်ယွင် ယခုလို လုပ်ရသည့် နောက်ထပ် အကြောင်းရင်းတစ်ခု ရှိပါသေးသည်။ သူသည် ဖန်းရှောင်ယန်း၏ စွမ်းဆောင်ရည်နှင့် အရည်အချင်းကို သဘောကျသောကြောင့် ဖြစ်သည်။ အချိန်တိုအတွင်း မှာ ချင်ယွင်သည် ချစ်ခြင်းမေတ္တာနှင့် အရည်အချင်းရှိသည့် နှလုံးသားတစ်ခုကို ပိုင်ဆိုင်လို ပြီး သူ့ကို လွှတ်ပေးခဲ့သည်။

ဖန်းရှောင်ယန်းသည်လည်း ချင်ယွင်၏ ဆိုလိုရင်းကို နားလည်သွားပုံရသည်။ သူက ချင်ယွင်ကို ကျေးဇူးရှင်ဟု မြင်လာပြီး၊ သူ့နှလုံးသားထဲတွင် ချင်ယွင်၏ ကြင်နာမှုကို တိတ်တဆိတ် သတိရနေသည်။

ရုတ်တရက် ချင်ယွင်သည် တစ်ခုခုကို အာရုံခံစားလိုက်ပုံရပြီး အံ့သြသည့် အမူအရာတစ်ခု က သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။ ထို့နောက် သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက် ရာ အဝါရောင်ပုံရိပ်ကြီးတစ်ခုက လေထဲမှ ထွက်ပေါ်လာသည်။

အဝါရောင်ပုံရိပ်ကြီး ပေါ်လာသည်နှင့် တပြိုင်နက် သူသည် လွင့်မျောနှင်းမြို့တော်၏ အထက်ကောင်းကင်ယံ၌ ရိုင်းစိုင်းစွာ ပြေးတော့သည်။ "အမေ၊ အရမ်းပူတယ်။ အရမ်းပူတယ်။ သခင်ဟွမ်၊ အရမ်းပူနေတယ်ဟ..”။

All Chapters