← Chapters

အခန်း ၁၅၇၉

Vol. 106 Ch. 1579

အခန်း ၁၅၇၉

Vol. 106 Ch. 1579

အခန်း (၁၅၇၉) ခွေးဝါကြီး၏အတိတ်။

ခွေးဝါကြီးပေါ်လာသည်နှင့် ချက်ချင်းပင် လူတိုင်း၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။

ခွေးဝါကြီး၏ ခန္ဓာကိုယ်ကြီးသည် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အမွေးများသည် ရွှေရောင်အလင်းတန်းဖြင့် ဖုံးလွှမ်းနေပုံရ သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အမွေးများသည် ပိုးသားကဲ့သို့ ချောမွေ့နေသည်။

သို့သော် ယခုအချိန်တွင် ခွေးဝါကြီးသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ပြောင်းလဲမှုများကို တွေ့ကြုံ ခံစားရန် အချိန်မရှိပေ။ ဤအခိုက်အတန့်တွင် သူသည် လွင့်မျောနှင်းမြို့တော်ထက် ကောင်းကင်ယံတွင် အဆက်မပြတ် ပြေးလွှားနေပြီး အော်ဟစ်နေသည် "အရမ်းပူနေပြီ.."

"ဘာဖြစ်နေတာလဲ?" ကျိုးလင်က အံ့ဩသော အမူအရာဖြင့် မေးလိုက်သည်။

သို့သော် ချင်ယွင်က ပြုံးပြီး ပြောသည် "ဘာမှမဟုတ်ပါဘူး။ ငါ သူ့ကို စားစရာတစ်ခု ပေးခဲ့ပြီး သူ့ကို အဆင့်ဖြတ်ကျော်နိုင်အောင် ကူညီပေးခဲ့တာပါ။ အခု ဒီအရာကနေ သူ့ဆီရောက်လာတဲ့ ဘေးထွက်ဆိုးကျိုးပဲလေ။ စိတ်မပူပါနဲ့၊ အဆင်ပြေပါတယ်။ သူ ဒီဘေးထွက်ဆိုးကျိုးကို ဖယ်ရှားဖို့ သုံးရက်နဲ့သုံးညလောက် သူ့ကို ပြေးခိုင်းလိုက်ပါ။"

ကျိုးလင်သည် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။ သို့သော်၊ ချင်ယွင် ခွေးဝါကြီးကိုပေးလိုက်သည့် စားစရာနှင့်ပတ်သက်ပြီး သူမသည် သိချင်နေခဲ့သည်။ ထိုအရာက တကယ်ကို ဤမျှကြီးမားသည့် ဘေးထွက်ဆိုးကျိုးတွေ ရှိနေခဲ့သည်။

ချင်ယွင်သည် သူ့နှလုံးသားထဲတွင် ကြည်နူးနေခဲ့သည်။ ထိုအချိန်တုန်းက၊ ချင်ယွင်သည် မြင့်မြတ်သော ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းမှ ခွေးဝါကြီးအတွက် မီးလျှံချီလင် နတ်ဘုရားသားရဲအမြုတေကို ယူဆောင်လာပြီး ခွေးဝါကြီးအား တိုက်ရိုက်ပေးခဲ့သည်။

ဤအချိန်ကာလအတွင်း၊ ခွေးဝါကြီးသည် သူ၏ ကနဦးစကြဝဠာထဲမှာ မီးလျှံချီလင် နတ်ဘုရားသားရဲအမြုတေကို သန့်စင်ရန် ကြိုးစားနေခဲ့သည်။ သို့သော် မီးလျှံချီလင် နတ်ဘုရားသားရဲ အမြုတေသည် ရက်စက်ကြမ်းကြတ်လွန်းလှသည်။ ခွေးဝါကြီးသည် သူ့ခွန်အားအားလုံးကို အသုံးပြုခဲ့သော်လည်း မီးလျှံချီလင် နတ်ဘုရားသားရဲ အမြုတေကို မသန့်စင်နိုင်ခဲ့ပါ။ ခွေးဝါကြီးသည် ဒေါသတကြီး ဖြစ်လာခဲ့ပြီး၊ မီးလျှံချီလင် နတ်ဘုရား သားရဲအမြုတေကို မျိုချလိုက်တော့သည်။

ထိုအရာသည် ဘိုးဘေးနတ်ဘုရားအဆင့် နတ်ဘုရားအမြုတေတစ်ခု ဖြစ်ကြောင်းကို သိထားရမည်။ သာမာန်အားဖြင့်၊ အထွက်အထိပ် ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများပင်, ထိုနတ်ဘုရားအမြုတေကို မျိုချခဲ့မည်ဆိုလျှင်, မီးလျှံချီလင် နတ်ဘုရားသားရဲအမြုတေရှိ နတ်ဘုရားတန်ခိုးကြောင့် ချက်ခြင်း မီးလောင်ကျွမ်းသွား မည် ဖြစ်သည်။

သို့သော် ချင်ယွင်ကို အံ့အားသင့်စေသည်မှာ၊ ခွေးဝါကြီးသည် မီးလျှံချီလင် နတ်ဘုရား သားရဲအမြုတေကြောင့် မီးလောင်ကျွမ်းခြင်း မရှိခဲ့ပေ။ ဆန့်ကျင်ဘက်အနေနှင့်၊ သူသည် ထိုနတ်ဘုရားအမြုတေဖြင့် သူ့သွေးအနှစ်သာရ၏ ၁ ရာခိုင်နှုန်းကို သန့်စင်ပေးနိုင်ခဲ့သည်။ ယခုအချိန်တွင်၊ သူပူလောင်နေခြင်းသည် ကောင်းကင်နတ်ဘုရားနယ်ပယ် အလယ်လတ် အဆင့်သို့ ဖြတ်ကျော်သွားခြင်းကြောင့် မဟုတ်ဘဲ၊ သူ့သွေးမျိုးဆက်က စတင်ပြောင်းလဲ နေသောကြောင့် ပူလောင်နေခြင်း ဖြစ်ပါသည်။ သူသည် နတ်သားရဲအဆင့်သို့ စတင် ရောက်ရှိနေပြီ ဖြစ်သည်။ နောင်တွင်၊ သူ့ကို နတ်ဘုရားသားရဲမီးလျှံခွေးဟု ခေါ်နိုင်သည်။

ခွေးဝါကြီးသည် ဘိုးဘေးနတ်ဘုရားအဆင့်အမြုတေ၏ မီးလျှံများကို အဘယ်ကြောင့် ခံနိုင်ရည်ရှိနေရသနည်း။ ချင်ယွင်ကလည်း ဤအကြောင်းကို လျှိုဘိုအား မေးမြန်းဖူးသည်။

အဆုံးတွင် လျှိုဘိုက ချင်ယွင်ကို ကျိုးကြောင်းဆီလျော်စွာ ရှင်းပြခဲ့သည်။ ထိုအရာက ခွေးဝါကြီး၏ ထူးခြားသည့် ကံကြမ္မာကြောင့် ဖြစ်နိုင်သည်။ သူသည် ဘိုးဘေးနတ်ဘုရား၏ မီးလျှံများကို ခုခံနိုင်သည့် ကောင်းကင်ရတနာတစ်ခုကို တစ်ခါက စားခဲ့ဖူးသည်။

ပထမတော့ ချင်ယွင်က မယုံချင်ပါဘူး။ သူသည် ခွေးဝါကြီး၏ ခန္ဓာကိုယ်ကို စူးစမ်း ကြည့်သောအခါတွင် ခွေးဝါကြီး၏ ခန္ဓာကိုယ်ထဲတွင် ထူးဆန်းသော စွမ်းအားတစ်ခု ရှိနေ သည်ကို သူတွေ့ရှိခဲ့ပြီး၊ ၎င်းသည် ဤကြောက်မက်ဖွယ် မီးလျှံများ၏ လောင်ကျွမ်းမှုကို တွန်းလှန်နိုင်ခဲ့သည်။

ဤစွမ်းအားသည် ခွေးဝါကြီး၏ နက်ရှိုင်းသော သွေးမျိုးဆက်ရှိရာအရပ်မှ ဆင်းသက် လာသော်လည်း ၎င်းသည် ခွေးဝါကြီး၏စွမ်းအား မဟုတ်ကြောင်း ချင်ယွင် သေချာသည်။ ခွေးဝါကြီးသည် ထိုစွမ်းအားကို ထိုကောင်ကင်ရတနာကြောင့် ပိုင်ဆိုင်ထားခြင်း ဖြစ်သင့် သည်။

ထို့ကြောင့် ခွေးဝါကြီးသည် မီးလျှံချီလင်နတ်ဘုရားသားရဲ အမြုတေ၏ မီးတောက်များကို ခုခံနိုင်ခဲ့ပြီး၊ ၎င်းသည် သူ့အတွက် ကောင်းချီးတစ်ခုဟုပင် ယူဆနိုင်သည်။

မီးလျှံချီလင် နတ်ဘုရားသားရဲအမြုတေ၏ လက်ကျန်အစိတ်အပိုင်းကို သူ့ကနဦး စကြဝဠာ ၏စွမ်းအားဖြင့် ချင်ယွင်သည် ခွေးဝါကြီး၏ခန္ဓာကိုယ်တွင် ယာယီ စည်းတံဆိပ် ခတ်ထားခဲ့ သည်။ ခွေးဝါကြီးသည် ၎င်းကို ဖြည်းညှင်းစွာ သန့်စင်လိုက်သည်နှင့်အမျှ မီးလျှံချီလင် နတ်ဘုရားသားရဲ အမြုတေရှိ စွမ်းအားများက တဖြည်းဖြည်း ထွက်လာပြီး ခွေးဝါကြီးက စုပ်ယူသွားမည်ဖြစ်သည်။

ခွေးဝါကြီး၏ စွမ်းအားသည် အစွမ်းထက်သော်လည်း ၎င်းကို ဘိုးဘေးနတ်ဘုရားအဆင့်ရှိ အမြုတေ၏ စွမ်းအင်နှင့် နှိုင်းယှဉ်၍ မရနိုင်သေးပါ။

ခွေးဝါကြီးသည် ချင်ယွင်ထံသို့ ရိုင်းစိုင်းစွာ ပြေးလွှားလာရင်း "သခင်၊ ငါ့ကို မြန်မြန် ကယ်စမ်းပါ။ ငါ ပူလောင်ပြီး သေရတော့မယ်။ ဝုတ်… ဝုတ်… ဝုတ်… ဝုတ်… ဝုတ်…."

"စိတ်မပူပါနဲ့၊ ငါ မင်းအတွက် စွမ်းအင်အများစုကို စည်းတံဆိပ် ခတ်ထားပြီးသား။ ကျန်တဲ့ စွမ်းအင်က မင်းကို မသေစေရပါဘူး။ မင်း ဒီစွမ်းအင်တွေကို ကုန်ဆုံးဖို့ သုံးရက်သုံးည လောက် ပြေးနေဖို့ပဲလိုတယ်" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။

ခွေးဝါကြီးသည် ပြောစရာစကားမဲ့ပြီး၊ ကူကယ်ရာမဲ့သာ ပြေးနေရုံသာ တတ်နိုင်ပါတော့ သည်။

သို့သော် ဖန်းထန်ယန်သည် လုံးဝ မှင်သက်သွားခဲ့သည်။ စောင့်ကြည့်နေကြသည့် သာမန် နတ်ဘုရားများသည် ခွေးဝါကြီး၏ကျင်ကြံမှုကို မမြင်နိုင်သော်လည်း ခွေးဝါကြီး၏ ခန္ဓာကိုယ်အတွင်းမှ ကြီးမားသော စွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ကြသည်။ ဤစွမ်းအားသည် သူတို့ထက် သာလွန်နေသည်။

"ကောင်းကင်နတ်ဘုရား အလယ်လတ်အဆင့် အိမ်မွေးခွေးတစ်ကောင်။ အိမ်မွေး ခွေးတစ်ကောင်က တကယ်ကို ကောင်းကင်နတ်ဘုရား အလယ်လတ်အဆင့်အထိ ကျင့်ကြံ ထားနိုင်တယ်။ သူက အတိအကျ ဘယ်သူလဲ။" ဖန်းထန်ယန်သည် သူ့နှလုံးသားထဲတွင် ထိတ်လန့်သွားသည်။ သူသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း အလွန်တုန်လှုပ်သွားခဲ့ သည်။ သာမန်အမြင်ဖြင့် ကြည့်လျှင်, ခွေးဝါကြီး၏ ကျင့်ကြံမှုသည် သူ့ထက်သာလွန်နေ မည်ဟု သူဘယ်သောအခါမှ မတွေးခဲ့ဖူးပေ။ ချင်ယွင်သည် ဤခွေးဝါကြီး၏ ပိုင်ရှင်ဖြစ်နေ သည်။

ဖန်းထန်ယန်တစ်ယောက်သာ အံ့အားသင့်သွားသည်မဟုတ်ပေ။ လျှိုဖန်းဟွာနှင့် ယုထန်းနူ တို့ပင် အနှိုင်းမဲ့ တုန်လှုပ်သွားခဲ့သည်။ ချင်ယွင်မှာ ယခုလို အဆင့်မြင့်မြင့် ကျင့်ကြံနိုင်သည့် ခွေးတစ်ကောင်ရှိနေမည်ဟု သူတို့ မမျှော်လင့်ထားပါဘူး။

"စတုတ္ထညီ၊ ဒီခွေးနဲ့ နည်းနည်းရင်းနှီးတယ်လို့ မင်း မထင်ဘူးလား" ယုထန်းနူက ရုတ်တရက် လျှိုဖန်းဟွာကို မေးလိုက်သည်။

လျှိုဖန်းဟွာသည် ဤစကားကိုကြားသောအခါတွင် သူသည် စဉ်းစားတွေးတောနေသည့် အမူအရာကို ဖော်ပြလာရင်း ပြောသည် "ဟုတ်တယ်။ ကြည့်ရတာ တကယ် ရင်းနှီးနေသ လိုပဲ။ အရင်က တစ်နေရာရာမှာ မြင်ဖူးသလိုပဲ"။

ရုတ်တရက် ယုထန်းနူနှင့် လျှိုဖန်းဟွာတို့သည် တစ်ချိန်တည်းတွင် ထိတ်လန့် တုန်လှုပ် သွားသည့် အမူအရာများကို ထုတ်ဖော်လိုက်ကြသည်။ သူတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးနောက် ချင်ယွင်ကို တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေကြသည်။

"လခွမ်း..၊ ဒီခွေးကို ဘာလို့ဒီလောက် ရင်းနှီးနေရတာလဲ။ အဲဒီ့အယုတ်တမာ ခွေးက ကြီးပြင်းလာပုံရတယ်။ ဒါပေမယ့် သူက ဂျူနီယာညီငယ်ရဲ့ အိမ်မွေးတိရစ္ဆာန် ဘယ်လိုလုပ် ဖြစ်လာတာလဲ။" လျှိုဖန်းဟွာက စိတ်ပျက်အားငယ်စွာ ညီးညူပြောလိုက်သည်။

ရှေးခေတ်နတ်ဘုရားကမ္ဘာတွင်၊ ဘိုးဘေးနတ်ဘုရားတစ်ပါးသည် ခွေးတစ်ကောင်ကို မွေးမြူခဲ့သည့် ဒဏ္ဍာရီတစ်ခု ရှိခဲ့ဖူးသည်။ ထိုခွေးက တကယ်ကို အကျင့်ပျက်လွန်းသည်။ ၎င်း၏အစွမ်းထက်သော ခွန်အားကို အားကိုးကာ၊ ၎င်းသည် ရှေးခေတ် နတ်ဘုရားကမ္ဘာ၏ နတ်ဘုရားတွေကို ဆက်တိုက် လုယက်ခဲ့သည်။ လူတိုင်း ဒေါသမထွက်ရဲကြပေ။ အဘယ့်ကြောင့်ဆိုသော် ထိုခွေးသည် အစွမ်းထက်ရုံသာမက၊ သူ့နောက်ကွယ်မှာ တန်ခိုးကြီးသည့် ဘိုးဘေးနတ်ဘုရားတစ်ပါးဟူသည့် ကျောထောက်နောက်ခံလည်း ရှိနေခဲ့သည်။

နတ်ဘုရားနန်းတော်ကြီးလေးခုမှ ရှေးခေတ်နတ်ဘုရားကမ္ဘာထဲသို့ ဝင်ရောက်ခဲ့သော ထိပ်တန်းလက်ရွေးစင် တပည့်အားလုံးနီးပါးကို ထိုအယုတ်မာခွေးက လုယက်ခဲ့သော ကြောင့် ထိုခွေးကို လူတိုင်း မုန်းတီးကြသည်ဟု ဆိုနိုင်ပေသည်။ သို့သော် ထိုဘိုးဘေး နတ်ဘုရား ပြိုလဲခြင်းနှင့်အတူ ထိုခွေးလည်း ပျောက်ကွယ်သွားခဲ့သည်။

လျှိုဖန်းဟွာနှင့် ယုထန်းနူတို့သည် ဤခွေးကို နောက်တစ်ကြိမ် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

"ဒါပေမယ့် တစ်ခုခုတော့ မှားနေပြီ။ စတုတ္ထညီ၊ အဲဒီခွေးက ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့်မှာ မဟုတ်ဘူးလား။ အခု ဘာလို့ ကောင်းကင်နတ်ဘုရား အလယ်လတ်အဆင့် ဖြစ်နေရတာလဲ” ယုထန်းနူက မေးလိုက်သည်။

လျှိုဖန်းဟွာလည်း ဝေခွဲမရဖြစ်သည့် အမူအရာကို ဖော်ပြလာသည်။ သေချာသည်မှာ၊ သူ့ရှေ့ရှိ ဤခွေးဝါကြီးသည် ရှေးခေတ်နတ်ဘုရားကမ္ဘာတစ်ခုလုံးကို ထိခိုက်စေခဲ့သော ထိုခွေးရူးကောင်နှင့် ကျင့်ကြံမူနယ်ပယ် မတူညီပေ။

'"အင်း၊ ငါမှတ်မိပြီ။ အဲဒီခွေးက ခွေးကိုယ်ပွားနည်းပညာကို လေ့ကျင့်ထားတယ်လို့ တစ်ချိန်တုန်းက တစ်စုံတစ်ယောက်က ပြောခဲ့ဖူးတယ်။ သူ့မူလခန္ဓာကိုယ်က သေသွား လောက်ပြီ။ ရှေ့ကဒီကောင်က အဲဒီတုန်းက သူ့ကိုယ်ပွား ဖြစ်လောက်တယ်။ အဲဒါကြောင့် သူ့နယ်ပယ်က မမှန်တော့ဘူး။" လျှိုဖန်းဟွာက ရုတ်တရက် ပြောလိုက်သည်။

ထိုစကားကိုကြားတော့ ယုထန်းနူသည် ဆတ်ခနဲ ခေါင်းညိတ်ပြလိုက်သည်။

လျှိုဖန်းဟွာ၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမူများဖြင့် ပြည့်နှက်နေခဲ့သည်။ ထိုအချိန် တုန်းက၊ ထိုခွေးသည် ရှေးခေတ်နတ်ဘုရားကမ္ဘာတစ်ခုလုံးရှိ နတ်ဘုရားများကို ကြောက်ရွံ့ စေခဲ့သည်။ အခု ထိုခွေးသည် ဤနေရာတွင် ပြန်ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထား ဘူး။

ကံကောင်းထောက်မစွာ၊ ထိုအချိန်တုန်းက သူတို့သည် ထိုခွေး၏ လုယက်ခြင်း မခံခဲ့ရပေ။ မဟုတ်ပါက, သူတို့သည် ဤနေရာတွင် စကားပြော အပန်းဖြေနေမှာ မဟုတ်ဘဲ ခွေးသားစွပ်ပြုတ် ပြုလုပ်ရန် ခွေးဝါကြီးဆီသို့ အပြေးအလွှား ပြေးသွားခဲ့ကြလိမ့်မည်။

"ဟေး စတုတ္ထ ညီ၊ တကယ်လို့, ငါတို့သာ ဒီခွေးကို ဂျူနီယာညီငယ်နဲ့အတူ ရှေးခေတ် နတ်ဘုရားကမ္ဘာထဲ ယူဆောင်ခွင့်ပေးလိုက်ရင်, ဘာဖြစ်မယ်လို့ မင်းထင်လဲ။ အဲဒီအခါ အဲဒီကောင်တွေ သေလုမတတ် ကြောက်သွားကြမှာ မဟုတ်လား။" ယုထန်းနူ ရုတ်တရက် ကောက်ကျစ်စွာ ပြုံးလိုက်သည်။

လျှိုဖန်းဟွာသည် ထိုစကားကိုကြားသောအခါ သူ့မျက်လုံးများက တောက်ပလာပြီး ပါးစပ်ထောင့်က တူညီသည့် စဉ်းလဲသောအပြုံးကို ပေါ်လွင်စေသည်။ "ဟုတ်တယ်၊ ရှေးခေတ်နတ်ဘုရားကမ္ဘာမှာ ဒီခွေးဆိုး ပြန်လာတာကိုမြင်တဲ့အခါ၊ ကိုယ့်ကိုယ်ကို ကိုယ်ကျင့်တရားကောင်းသူတွေပါလို့ ခံယူထားကြတဲ့ အဲဒီကောင်တွေရဲ့ အမူအရာတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာ မြင်ချင်လိုက်တာ။ ဟား….၊ ဟား…၊ ဒါက တော်တော် အံ့ဩစရာကောင်းလောက်တယ်”။

ယုထန်းနူလည်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

All Chapters