အခန်း ၁၅၈၀
Vol. 106 Ch. 1580
အခန်း (၁၅၈၀) မုန်တိုင်းတစ်ဖန် ဖြစ်ပေါ်လာခြင်း
မုန်တိုင်းတစ်ခု ဆုံးသွားပြီးနောက် ချင်ယွင်က ရှေးဟောင်းတာအိုနှင့် အခြားသူများကို လွင့်မျောနှင်းမြို့တော်၏ မြို့တော်သခင်စံအိမ်သို့ ခေါ်ဆောင်လာခဲ့သည်။
ချင်ယွင်သည် မူလက ယုထန်းနူကို ရှေးဟောင်းတာအိုဆရာ၏ ကျင့်ကြံမှုကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရန် မည်သည့်နည်းလမ်းမျိုး ရှိသနည်းဟု မေးမြန်းခဲ့သော် လည်း, အဆုံးတွင် ရှေးဟောင်းတာအိုဆရာသခင်သည် သူကိုယ်တိုင်သာ ကျင့်ကြံနိုင် ကြောင်း ပြောခဲ့သည်။
အားကိုးရာမဲ့စွာ၊ ချင်ယွင်သည် လက်လျော့ရန်မှတပါး ရွေးချယ်စရာ မရှိခဲ့ပေ။ ထို့နောက် ချင်ယွင်က ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့အကြောင်း မေးမြန်းကြည့်သည်။
ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် သူ့ဆီ သတင်းပို့သည်အချိန်မှာ သူသည် ကျင့်ကြံနေ သောကြောင့် ဖြစ်သည်။ သူ ကျင့်ကြံရာမှ ထွက်လာပြီးနောက် ရှောင်ဘိုင်နှင့် ရှောင်ကျင်း တို့သည် ရှေးဟောင်းတာအိုဆရာသခင်နှင့် အဆက်အသွယ်ရပြီး၊ သူတို့သည် လွင့်မျော နှင်းမြို့တော်သို့ သွားရောက်မည်ဟု သတင်းစကားတစ်စောင် ပေးပို့ခဲ့သည်။
သို့သော် လွင့်မျောနှင်းမြို့တော်သို့ သူရောက်သောအခါ ချင်ယွင်သည် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့၏ အရိပ်ယောင်ကိုပင် မတွေ့ခဲ့ရပေ။ ယခင်က သူသည် ရှေးဟောင်းတာအို ဆရာသခင်အတွက် လက်စားချေရန် အလုပ်များနေသောကြောင့် မေးရန် အချိန်မရှိပေ။ အခု သတိရလာတော့ တစ်ခုခုမှားနေပြီဟု သူ ခံစားလိုက်ရသည်။
ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့၏ အမြန်နှုန်းအရ၊ သူတို့သည် လွင့်မျောနှင်းမြို့တော်သို့ ရောက်ရှိနေသင့်ပြီ။ အဘယ့်ကြောင့် သူတို့ ရောက်မလာရသေးသနည်း။
ရှေးဟောင်းတာအိုသည် ချင်ယွင်၏အမေးကို ကြားသောအခါ, ရှောင်ဘိုင်နှင့် ရှောင်ကျင်း တို့သည် မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်၏ စမ်းသပ်မူကမ္ဘာသို့ ချိုးဖောက်ဝင်ရောက်သွားသည့်အကြောင့် ပေးပို့ထားသည့် သတင်းစကားတစ်ခုကို သတိရသွားပြီး၊ အရာအားလုံးကို ချင်ယွင်အား ပြောပြလိုက်ပါသည်။
ထိုစကားကိုကြားတော့ ချင်ယွင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ဤစမ်းသပ်မှုကမ္ဘာသည် မည်သည့်နေရာဖြစ်သည်ကို သူမသိသော်လည်း၊ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် နတ်ဘုရားကမ္ဘာသို့ ပထမဆုံးရောက်ရှိလာချိန်မှာ ထိုကဲသို့ စမ်းသပ်မှု မျိုးတွင် အတင်းအကြပ် ပါဝင်ခိုင်းခြင်းမှာ သင့်လျော်ပုံမပေါ်ချေ။ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့၏ လုံခြုံရေးအတွက် သူ အလွန်မင်း စိုးရိမ်လာခဲ့သည်။
"ယွင်အာ..၊ ရှောင်ဘိုင်နဲ့ ရှောင်ကျင်းတို့မှာ ထူးကဲတဲ့ အရည်အချင်းတွေ ရှိနေတယ်။ မင်းက သူတို့ကို တစ်ချိန်လုံး အကူညီပေး, အကာအကွယ်ပေးနေရင်, သူတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက် အကူမပြုနိုင်ဘူး။ မင်း ဘာလို့ သူတို့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို ကိုယ်တိုင် စူးစမ်းလေ့လာခွင့် မပေးရတာလဲ။” ဒီစမ်းသပ်မူက သူတို့အတွက် ဆိုးဝါးတဲ့အရာတစ်ခု ဖြစ်မယ်လို့ ငါ မထင်ဘူး”။
"ဒါပေမယ့် သူတို့ရဲ့ခွန်အားနဲ့ဆို, သူတို့က ဒီစမ်းသပ်မှုကို ကျော်ဖြတ်နိုင်ပါ့မလား" ချင်ယွင်က စိုးရိမ်တကြီး မေးလိုက်သေးသည်။ ရှေးဟောင်းတာအို ပြောသည်မှာ မှန်ပေ သည်။ သူသည် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ကို လွှတ်ပေးထားပြီး သူတို့ဘာသာ လှည့်ပတ်သွားလာခွင့် ပေးသင့်သည်။ ဤနည်းဖြင့်သာ, သူတို့၏ကြီးထွားမှုကို ပိုပြီး အထောက်အကူ ဖြစ်စေလိမ့်မည်။
"ဒီစမ်းသပ်မှုအတွက် ငါတို့လည်း လူတစ်ရာကို စေလွှတ်ထားရတယ်။ ငါ သိသလောက်ဆို, အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူသုံးဦးကလွဲလို့ ကျန်တဲ့အယောက် နှစ်ဆယ်က ကြယ်နတ်ဘုရားနယ်ပယ် နှောင်းပိုင်းအဆင့်မှာ ရှိနေတယ်။ ကျန်တာကတော့ ကြယ်နတ်ဘုရားနယ်ပယ် အလယ်လတ်အဆင့်နဲ့ ကြယ်နတ်ဘုရားနယ်ပယ် အစောပိုင်း အဆင့်တွေပဲ။ ဒီစမ်းသပ်မှုအတွက် လုပ်ဆောင်ရမှာက အချင်းချင်း တိုက်ခိုက်ဖို့ပဲ။ နောက်ဆုံးမှာ, လူဆယ်ယောက်ပဲ ရှင်သန်နိုင်မယ်" ကျိုးယွမ်က ပြောသည်။
"အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် သုံးပါး။ နှောင်းပိုင်း ကြယ်နတ်ဘုရား နှစ်ဆယ်လား။ နောက်ဆုံး ဆယ်ယောက်ပဲ ရှင်သန်နိုင်မှာလား။" ချင်ယွင်က မျက်မှောင် ကြုတ်လိုက်သည်။
ယခင်ကတည်းက, ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် သူတို့၏နယ်ပယ်က အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေပြီဟု ပြောပြထားပြီး ဖြစ်ပြီး ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားအရ အလယ်လတ် ကြယ်နတ်ဘုရားနယ်ပယ်တွင် ပြိုင်ဘက် မရှိဟု ပြောထားပြီးဖြစ်သော်လည်း, သူတို့၏ မွေးရာပါ နတ်ဘုရားစွမ်းရည်ကို အသုံးမပြုပါက, နှောင်းပိုင်း ကြယ်နတ်ဘုရားနယ်ပယ်ကို တိုက်ခိုက်ရန် ခက်ခဲမည် ဖြစ်သည်။
အထွတ်အထိပ် ကောင်းကင်နတ်ဘုရားတစ်ပါးကို တွေ့ဆုံရာတွင်, သူတို့သည် အနိုင်ရရန် အခွင့်အရေးပင် နည်းပါးပါသည်။ ထို့ကြောင့်၊ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် ဤစမ်းသပ်မှုတွင် ပါဝင်ခြင်းမှာ အနည်းငယ် အန္တရာယ်များနေသေးသည်။
"မဟုတ်ဘူး၊ ငါသွားကြည့်ရမယ်။ ဒီစမ်းသပ်မှုက သူတို့အတွက် အရမ်းအန္တရာယ်များ နေသေးတယ်။ သူတို့သေသွားမှာကို ငါ စောင့်ကြည့်နေလို့ မရဘူး။" ချင်ယွင်က ပြောသည်။
ရှေးဟောင်းတာအိုနှင့် အခြားလူများသည် ထိုစကားကို ကြားသောအခါ အနည်းငယ် ခေါင်းညိတ်ကြသည်။ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် အစောပိုင်း ကြယ်နတ်ဘုရား အဆင့်ဖြင့် ဤစမ်းသပ်မှုတွင် ပါဝင်ရန်မှာ အမှန်တကယ်ပင် ခက်ခဲပါသည်။
"ဒါပေမယ့် ဒီစမ်းသပ်မှုကမ္ဘာက လုံးဝ စည်းတံဆိပ်ခတ်ထားတဲ့ ကမ္ဘာတစ်ခုပဲ။ မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ရဲ့ တံဆိပ်မရှိဘဲ, မင်း ဘယ်လို ဝင်မလဲ" ကျိုးယွမ်က သံသယစိတ်ဖြင့် မေးလိုက်သည်။
ထိုစကားကို ကြားတော့ ချင်ယွင်က ယုထန်းနူနှင့် လျှိုဖန်းဟွာတို့ကို ကြည့်လိုက်သည်။
ယုထန်းနူတို့က ချင်ယွင် သူ့ကိုကြည့်နေသည်ကို မြင်တော့ သူက ကျယ်လောင်စွာ ရယ်မောပြီး ပြောသည် "ဟား...၊ ဟား...၊ ဂျူနီယာညီငယ်က တကယ်ကို ထက်မြက်ပါ တယ်။ ငါတို့ ဒါကို လုပ်နိုင်မယ်ဆိုတာ သူ တကယ် မှန်းဆလို့ရတယ်။ မှန်တယ်၊ အကြီးအကဲလေးနဲ့ ငါ အတူတူပူးပေါင်းပြီး အဲဒီစမ်းသပ်မူကမ္ဘာထဲကို ဝင်ရောက်ဖို့ လမ်းကြောင်းတစ်ခု ဖွင့်ပေးနိုင်တယ်။ ဒါပေမယ့် လူတစ်ယောက်ပဲ ဝင်လို့ရမယ်။ ဒါ့ပြင်, မင်း နောက်တစ်ခု တွေးထားရမှာက, ငါတို့က မင်းကို သုံးရက်ပဲ စောင့်နိုင်မယ်။ ဘာလို့ဆို, အခုလိုလမ်းကြောင်းတစ်ခုအတွက် အတားဆီးကို ဖွင့်လှစ်ရခြင်းက ငါတို့အတွက် စွမ်းအင်များစွာ သုံးစွဲရလို့ပဲ"။ (အကြီးအကဲလေးဟူသည် လျှိုဖန်းဟွာကို ရည်ညွန်းပါ သည်။)
"လူတစ်ယောက်က လုံလောက်တယ်။ ဒီကမ္ဘာလေးထဲမှာ သူတို့ရဲ့ အစွမ်းက အများဆုံးမှ ကြယ်နတ်ဘုရားနယ်ပယ်ရဲ့ အထွတ်အထိပ်မှာပဲ ရှိကြတယ်။ သူတို့က ကျွန်တော့်ကို လုံးဝ မထိခိုက်စေနိုင်ပါဘူး" ချင်ယွင်က ပြောသည်။
ယုထန်းနူနှင့် လျှိုဖန်းဟွာတို့က ခေါင်းညိတ်လိုက်သည်။ ချင်ယွင်၏ လက်ရှိ အင်အားဖြင့်၊ မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်၏ ကြယ်အဆင့် အကြီးအကဲများ မလှုပ်ရှားပါက၊ လူအနည်းငယ်သာ ချင်ယွင်၏ ပြိုင်ဘက် ဖြစ်နိုင်ပါလိမ့်မည်။
ကြီးကျယ်မြင့်မြတ်သော နတ်ဘုရားနန်းတော်ကြီးလေးခု၏ အဖွဲ့ဝင်များကို လက်ရွေးစင် တပည့်၊ သာမာန်အကြီးအကဲများ၊ ကြယ်အဆင့်အကြီးအကဲများနှင့် အဓိပတိခန်းမသခင် များအဖြစ် ခွဲခြားထားသည်။
သာမန်အကြီးအကဲအဆင့်သို့ ရောက်ရန်၊ လူတစ်ယောက်သည် အစောပိုင်း ကောင်းကင် နတ်ဘုရားအဆင့်သို့ ရောက်ရှိရမည်။ ကြယ်အဆင့်အကြီးအကဲတစ်ဦး ဖြစ်လာရန် အတွက်မူ၊ နှောင်းပိုင်း ကောင်းကင်နတ်ဘုရားအဆင့်နှင့် အထက်သို့ ရောက်ရှိနေရမည်။ အဓိပတိခန်းမသခင်များအနေဖြင့်, သူတို့သည် သဘာဝအတိုင်း ဘိုးဘေးနတ်ဘုရားအဆင့် တွင် ရှိနေကြသည်။
ချင်ယွင် အစောပိုင်းက သတ်ဖြတ်ခဲ့သော အကြီးအကဲ ဝိညာဉ်ဆက်သွယ်သူသည် မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်မှ သာမန် အကြီးကဲတစ်ဦး ဖြစ်သည်။ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား ကယ်တင်သွားခဲ့သော လျှန်ဖန်းအနေဖြင့်, သူသည် ကြယ်အဆင့်အကြီးအကဲထဲက တစ်ယောက်ဖြစ်သည်။
သေချာသည်မှာ, ကြယ်အဆင့် အကြီးအကဲများကြားတွင် သန်မာသော အကြီးအကဲအချို့ လည်း ရှိနေပါသည်။ ထိုလူများသည် ဘိုးဘေးနတ်ဘုရားနယ်ပယ်နှင့် ခြေတစ်လှမ်းသာ ဝေးကွာပြီး ၎င်းတို့၏စွမ်းအားသည် ကောင်းကင်ဘုံကို အန်တုနိုင်သည်။
ယုထန်းနူသည် လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်၏ ကြယ်အဆင့် အကြီးအကဲ များနှင့် သက်ဆိုင်ပြီး၊ လျှိုဖန်းဟွာသည် သာမန်အကြီးအကဲသာ ဖြစ်သည်။ ချင်ယွင်က တော့ သူ၏ထူးခြားသည့်နယ်ပယ်ကြောင့် သာမာန် လက်ရွေးစင်တပည့်တစ်ဦး အဖြစ်သာ ရှိပါသေးသည်။
'"ကောင်းပြီ၊ မင်းကို အခုပဲ ပို့ပေးလိုက်မယ်။ အချိန်သုံးရက်ပဲရမယ်။ အချိန်သုံးရက်ကြာရင် မင်းရဲ့မူလနေရာကို ပြန်လာရမယ်။ အဲဒီအခါမှာ ငါတို့က လမ်းကြောင်းကို ပြန်ဖွင့်ပေးမယ်။ မင်း ပြန်ထွက်လာရမယ်။ မဟုတ်ရင် စမ်းသပ်မှုပြီးတဲ့အထိ စောင့်ရလိမ့်မယ်။" ယုထန်းနူတို့က ပြောသည်။
ချင်ယွင်က ခေါင်းညိတ်ပြလိုက်သည်။ စမ်းသပ်မူပြီးသည်အထိ သူ စောင့်နေ၍ မရနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော်, စမ်းသပ်မူပြီးဆုံးသည်နှင့် သူတို့သည် မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်၏ ဌာနချုပ်သို့ ပို့ဆောင်ခံရမည် ဖြစ်သည်။ ထိုအချိန်တွင် မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော် ပညာရှင်များသည် တိမ်များကဲ့သို့ အများပြားရှိနေလိမ့်မည်။ ထွက်သွားဖို့က သူ့အတွက် အရမ်းကို ခက်ခဲလိမ့် မည်။ ချင်ယွင်သည် ယခုအချိန်တွင် ပိုမိုအစွမ်းထက်လာသော်လည်း၊ သူသည် မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ကို ဆန့်ကျင်တိုက်ခိုက်ရန် လုံလောက် သည့် ယုံကြည်မှုမရှိပေ။
"အဆင်သင့်ဖြစ်ပြီလား။ အဲဒီကမ္ဘာငယ်လေးရဲ့ တည်ရှိမှုကို ငါတို့ ခံစားပြီးပြီ။ နောက်တစ်ခု ကတော့၊ ငါတို့က မင်းကို အဲဒီကမ္ဘာငယ်လေးရဲ့ အတားအဆီးပေါ်မှာ လေဟာနယ် လမ်းကြောင်းတစ်ခု ဖွင့်ဖို့ ကူညီပေးမယ်။" ယုထန်းနူက ပြောသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး" ချင်ယွင်က ခေါင်းညိတ်ပြီး ပြောသည်။
ယုထန်းနူလည်း အနည်းငယ် ခေါင်းညိတ်လိုက်ပြီး လျှိုဖန်းဟွာနှင့် အကြည့်ချင်း ဖလှယ်ကာ လေဟာနယ်စွမ်းအားကို အသုံးပြုပြီးနောက် ချင်ယွင်၏ရှေ့တွင် လေဟာနယ် လမ်းကြောင်းတစ်ခု ပေါ်လာသည်။
ကျိုးလင်နှင့် ရှေးဟောင်းတာအိုတို့ကို နှုတ်ဆက်ပြီးနောက် ချင်ယွင်သည် လေဟာနယ် လမ်းကြောင်းထဲသို့ တိုက်ရိုက် ဝင်ရောက်လာခဲ့သည်။ ချင်ယွင် ဝင်ရောက်ပြီးသည်နှင့် လေဟာနယ်ဝဲဂယက်သည် ပျောက်ကွယ်သွားသည်။
လေဟာနယ်လမ်းကြောင်း ပျောက်ကွယ်သွားပြီးနောက် ယုထန်းနူနှင့် လျှိုဖန်းဟွာတို့သည် သက်ပြင်းတစ်ချက် ချလိုက်သည်။
စမ်းသပ်မူကမ္ဘာ၏ အတားအဆီးကို အထူးခိုင်မာအောင် ပြုလုပ်ထားသည်။ ထိုသို့သော အတားအဆီးကို ဖွင့်လှစ်ခြင်းသည် သူတို့အတွက်ပင် အလွန် ပေးဆပ်ခဲ့ရပါသည်။ ဤအခိုက်အတန့်တွင် သူတို့သည် အိပ်ငိုက်ခြင်း၏ အရှိန်အဟုန်ကို ခံစားလိုက်ရသည်။
"မကောင်းတော့ဘူး" ရုတ်တရက် ယုထန်းနူနှင့် လျှိုဖန်းဟွာတို့၏ မျက်လုံးများ ပြူးကျယ် သွားကြပြီး အလွန်လေးနက်သော အမူအရာများကို ထုတ်ဖော်လိုက်ကြသည်။
"ဘာမှားလို့လဲ?" ပတ်ဝန်းကျင်က လူတွေလည်း တအံ့တသြ မေးကြသည်။ ယုထန်းနူနှင့် လျှိုဖန်းဟွာတို့သည် ရုတ်တရက် ထိတ်လန့်စွာ အော်ဟစ်လိုက်ကြပြီး သူတို့၏ နှလုံးများသည် ချက်ချင်းပင် လည်ချောင်းအထိ မြင့်တက်လာခဲ့သည်။
လျှိုဖန်းဟွာနှင့် အကြည့်ချင်း ဖလှယ်ပြီးနောက်၊ ယုထန်းနူက လေးလံသောအသံဖြင့် ပြောသည် "ငါတို့ ကမ္ဘာအတားအဆီးကိုဖွင့်ပြီး ဂျူနီယာညီငယ်ကို စမ်းသပ်မူကမ္ဘာထဲ စေလွှတ်လိုက်တဲ့အခါ, ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားရဲ့ နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအားက ငါတို့ကို တွေ့ရှိသွားခဲ့တယ်။ တကယ်လို့, သူသာ ဂျူနီယာ ညီလေးအပေါ် အမုန်းအာဃာတထားမယ်ဆိုရင်, ဒါက သူ့အတွက် အကောင်းဆုံး အခွင့်အရေးဖြစ်သွားမှာ ငါကြောက်မိတယ်။"
ကျိုးလင်နှင့် ရှေးဟောင်းတာအိုတို့သည် ထိုစကားကိုကြားသောအခါ လေးလေးနက်နက် စိုးရိမ်သည့် အမူအရာများကို ဖော်ပြလာကြသည်။ သို့သော်, သူတို့သည် ချင်ယွင် အဆင်ပြေပါစေဟု တိတ်တဆိတ် ဆုတောင်းရုံမှတပါး ရွေးချယ်စရာ မရှိပေ။