← Chapters

အခန်း ၁၅၈၁

Vol. 106 Ch. 1581

အခန်း ၁၅၈၁

Vol. 106 Ch. 1581

အခန်း (၁၅၈၁) ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား၏ သတ်ဖြတ်လိုသည့်ဆန္ဒ။

မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတာ်၏ ခန်းမဆောင်တစ်ခုအတွင်းမှာ, လက်ရှိတွင် လူသုံးယောက် ရပ်နေပါသည်။

၎င်းတို့ထဲတွင် တစ်ယောက်က မြင့်မားသောထိုင်ခုံပေါ်တွင် လက်နှစ်ဖက်ကို နောက်ကျော ပစ်ကာ စင်မြင့်အောက်မှ လူငယ်နှစ်ဦးကို မျက်နှာမူပြီး ရပ်နေသည်။ သူ့မျက်နှာကို မမြင်ရသော်လည်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် ဘုန်းတန်ခိုး အာနုဘော်ကို ခံစားရဆဲပင်။

ကျန်လူငယ်နှစ်ဦးသည် အမျက်ဒေါသကို ဖော်မပြဝံ့ဘဲ စင်မြင့်အောက်၌ တိတ်တဆိတ် ရပ်နေကြသည်။ စင်မြင့်ပေါ်က ထိုလူသည် တကယ်ကို စိတ်ဆိုးနေမှန်း သူတို့ သိသည်။

"အဖေ၊ ဒီတစ်ခါတော့ ကျွန်တော့် အမှားပါ။ ကျွန်တော် လေဟာနယ်နဲ့ အချိန် နတ်ဘုရား နန်းတော်ကလူတွေကို နှိုးဆော်တာမျိုး မဖြစ်သင့်ဘူး။ သူတို့ကိုလည်း လေဟာနယ် ဘိုးဘေးနတ်ဘုရားရဲ့တပည့်တွေ ဖြစ်နေမယ်လို့ ကျွန်တော် မျှော်လင့်မထားဘူး။" လျှန်ဖန် က ခဏလောက်တွေးတောပြီး မတ်တပ်ရပ်ကာ ပြောလိုက်သည်။

မှန်ပါသည်၊ စင်မြင့်ပေါ်မှာ ရပ်နေသည့်သူကတော့ သူ့အဖေ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားဖြစ်ပြီး သူ့ဘေးက လူငယ်ကတော့ သူ့အဖေလက်ခံထားသည့် ယွမ်ဟန်အမည်ရသော တပည့်တစ်ယောက် ဖြစ်သည်။

မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ရှိ လျှန်ဖန်၏ အဆင့်အတန်းသည် နိမ့်ကျလွန်းသည် မဟုတ်သော်လည်း လျန်ဖန်သည် သူ့ဖခင်က အလွန်တင်းကြပ်သူ တစ်ဦးဖြစ်ကြောင်း သိထားသည်။ သူသည် သူ့သားအပေါ် ဒေါသထွက်နေရင်တောင် သူ့ကို ပြင်းထန်စွာ ဒဏ်ရာရအောင် အပြစ်ပေးနိုင်သည်။ ထို့ကြောင့် လျှန်ဖန်သည် ဖခင်ဖြစ်သူနှင့် ရင်ဆိုင်ရသောအခါ၌ပင် ရိုသေကြောက်ရွံ့မှု အပြည့်ရှိနေရသည်။

အကယ်၍, သူ့မှာသာ နောက်ဆုံး နည်းလမ်းတစ်ခု ရှိနေခဲ့ရင်, သူသည် သူ့အဖေကို ကယ်တင်ပေးရန် သေချာပေါက် တောင်းဆိုမည် မဟုတ်ပေ။

လျှန်ဖန် ပြောပြီးအချိန်မှာ, သူသည် မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့ပေ။ ခန်းမတစ်ခုလုံး တစပြင်အလား တိတ်ဆိတ် ငြိမ်သက်သွားပြန်သည်။

လျှန်ဖန်သည် သူ့အဖေက တုံ့ပြန်မူမရှိသည်ကို မြင်တော့ “အဖေ၊ ကျွန်တော်က သူ့ကို အရင်ဆုံး ရန်စချင်ခဲ့တာ မဟုတ်ဘူး။ ဒါက အရမ်းကြောက်ဖို့ကောင်းလွန်းတဲ့ ချင်ယွင်ရဲ့ ပင်ကိုယ်စွမ်းရည်ကြောင့် ဖြစ်လာရတာ။ သူက အထွတ်အထိပ် ကြယ်နတ်ဘုရား နယ်ပယ်မှာ ရှိနေပေမယ့် အလယ်အလတ် ကောင်းကင်နတ်ဘုရားနယ်ပယ်ရဲ့ အစွမ်းကို ပိုင်ဆိုင်ထားပြီးသား။ တကယ်လို့, သူသာ ဒီအတိုင်း ဆက်ပြီး ကြီးပြင်းလာမယ်ဆိုရင် ကျွန်တော် ကြောက်မိတာက...…”

“ဖျန်း…”

လျှန်ဖန် စကားမဆုံးခင်မှာ ထိုင်ခုံမြင့်ပေါ်မှာ ရပ်နေသည့်လူက သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းပြီး, လျှန်ဖန်၏မျက်နှာပေါ်မှာ လက်ငါးချောင်းရာ အမှတ်အသား ပေါ်လာသည်။ သူသည် မြေပြင်ပေါ် ပြန်မကျခင် သူ့တစ်ကိုယ်လုံး လေထဲမှာ အကြိမ်အနည်းငယ် လှည့်ပတ်သွားပြီး၊ သူ့မျက်နှာတစ်ခုလုံးလည်း ဖူးယောင်သွားခဲ့သည်။

"မင်းက အခုချိန်ထိ ဒီလိုပြောဖို့ အာရုံရှိတုန်းပဲလား။ သူက ပိုထက်မြက်လေ၊ လေဟာနယ် ဘိုးဘေးနတ်ဘုရားက သူ့ကို ပိုပြီးတန်ဖိုးထားလေပေါ့။ သူ့ကို ဒီလို လူမြင်ကွင်းမှာ သတ်ပစ်လိုက်ရင်, မင်းက လေဟာနယ် ဘိုးဘေးနတ်ဘုရားကို ငါ့ဆီကို ပြဿနာ လာရှာခိုင်းဖို့ တွန်းအားပေးလိုက်တာ မဟုတ်ဘူးလား။ မင်းမှာ ဦးနှောက်ရှိသေးရဲ့လား" ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားသည် သူ့သားကို ဒေါသနှင့်အတူ စိတ်ပျက် လက်ပျက် အမူအရာဖြင့် ကြည့်နေခဲ့သည်။

လျှန်ဖန်သည် ဆွံ့အသွားခဲ့သည်။ သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး စကားမပြော ရဲပေ။ သူ့အနားရှိ ယွမ်ဟန်လည်း စကားမပြောရဲပေ။ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားသည် သူ့ဒေါသကို သူ့အပေါ်သို့ လောင်ကျွမ်းပစ်မည်ကို သူ လေးလေး နက်နက် ကြောက်ရွံ့နေမိသည်။

"အဖေ၊ ဒီသားမိုက်က ကိုယ့်အမှားကို သိပါပြီ။ အဲဒီအချိန်မှာ ကျွန်တော် တကယ်ပဲ ဆင်ခြင်တုံတရား ပျောက်ဆုံးသွားပြီး၊ ဒီအကြောင်းကို မစဉ်းစားခဲ့မိဘူး။ ဒါပေမယ့် ချင်ယွင်ကိုတော့ သေချာပေါက် ဒီအတိုင်း မထားနိုင်တော့ဘူး။ သူ့ရဲ့ အရည်အချင်းတွေက နတ်ဘုရားကမ္ဘာသမိုင်းမှာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ တကယ်ကို ကြောက်စရာကောင်းလွန်း တယ်။" လျှန်ဖန်က မြေပြင်ပေါ်တွင် ကမန်းကတန်း ဒူးထောက်ကာ ပြောလိုက်သည်။

"ဟမ့်၊ ဒီကလေးက တကယ်ကို ထူးကဲတယ်လို့ မင်းပြောဖို့ လိုနေသေးလို့လား။ မဟုတ်ရင် အဲဒီအဘိုးကြီး လေဟာနယ်ဘိုးဘေးနတ်ဘုရားက သူ့နောက်ကိုလိုက်ဖို့ သူ့တပည့် နှစ်ယောက်ကို ဘယ်လိုလုပ် စေလွှတ်ထားမှာလဲ။ ဒါပေမယ့်, မင်းရဲ့ လုပ်ရပ်တွေက တကယ့်ကို မိုက်မဲလွန်းတယ်" ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားသည် အေးစက်စွာ ပြောလိုက်ပြီး၊ သူ့ခန္ဓာကိုယ်မှ ခမ်းနားထည်ဝါပြီး ပြင်းထန်သော အငွေ့အသက်ကို တစ်ဖန် ထုတ်လွှတ်လိုက်ပြန်သည်။

"အဖေ ဆိုလိုတာ" ထိုစကားကိုကြားသည်နှင့် လျှန်ဖန်၏ မျက်လုံးများက လင်းလက်သွား သည်။

“ဒီကောင်လေးကို တကယ်ပဲ ချန်ထားလို့ မရဘူး။ အထူးသဖြင့် ဤနတ်ဘုရားကပ်ဘေး ဒုက္ခဆင်းသက်လာတဲ့အခါမှာပဲ။ အမှားအယွင်း မရှိစေနဲ့။ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား၏ မျက်လုံးများသည် သတ်ဖြတ်လိုစိတ်နှင့်အတူ ပြူးထွက်နေသည်။ ချင်ယွင်ကို မြင်ပြီးကတည်းက သူသည် သတ်ဖြတ်ရန် ကြံရွယ်ထားပြီး ဖြစ်သည်။ သို့သော် လေဟာနယ်ဘိုးဘေးနတ်ဘုရား တည်ရှိခြင်းကြောင့် သူသည် အမှန်ကယ် လှုပ်ရှားနိုင်ခြင်း မရှိခဲ့ပါ။

လျန်ဖန်းသည် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား၏ စကားကို ကြားသောအခါ သူ့မျက်လုံးများက တောက်ပလာသည်။

ချင်ယွင်၏ အရည်အချင်းက သူ့ကို မနာလိုဖြစ်စေခဲ့သည်။ သူသည် ထိုကဲ့သို့လူမျိုး ရှိနေမည်ကို သေချာပေါက် ခွင့်မပြုနိုင်ပေ။ သူ့အဖေကလည်း ချင်ယွင်ကို သတ်ချင်သည် ဟု ကြားလိုက်ရသည့်အခါ သူ့စိတ်တွေက လှုပ်ရှားသွားခဲ့သည်။

"ဒါပေမယ့် ကျွန်တော်တို့ သူ့ကို ဘယ်လိုသတ်ရမလဲ" လျှန်ဖန်က ထပ်မေးသည်။

ချင်ယွင်သည် လက်ရှိတွင် သူ့စီနီယာ ညီအစ်ကို နှစ်ဦး၏ အကာအကွယ်ပေးမူ ခံထားရပြီး သူ့အဖေကလည်း သူ့ကို ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ရန် အဆင်မပြေနိုင်ပေ။ ချင်ယွင်ကို အခြားလူများမသိစေဘဲ သတ်ပစ်ဖို့က တော်တော် ခက်ခဲလိမ့်မည်။

"အခုက ချင်ယွင်ကိုသတ်ဖို့ အခွင့်ကောင်းပဲ" သို့သော် ဤအခိုက်တွင်၊ ကျောက်စိမ်းဓား ဧကရာဇ် ဘိုးဘေးနတ်ဘုရားက စကားပြောသည်။

"အိုး? ဘာအခွင့်ကောင်းလဲ?" လျှန်ဖန်က ကမန်းကတန်း မေးလိုက်သည်။

"ငါ မင်းကို ပြန်ခေါ်လာချိန်မှာ, လွင့်မျောနှင်းမြို့တော်မှာ စောင့်ကြည့်ဖို့အတွက် ငါ့စိတ်ဝိညာဉ်အာရုံကို ချန်ထားခဲ့တယ်။ အခုလေးတင် မင်းရဲ့ချင်ယွင်ဟာ မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ရဲ့ စမ်းသပ်ကမ္ဘာထဲကို တစ်ယောက်တည်း ဝင်ရောက် လာတာကို ငါ ခံစားလိုက်ရတယ်။" ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားက ပြောသည်။

"စမ်းသပ်မူကမ္ဘာထဲလား?" လျှန်ဖန်က အံ့အားသင့်စွာဖြင့် မေးလိုက်သည် "သူက ဘာလို့ စမ်းသပ်ကမ္ဘာထဲကို ဝင်သွားရတာလဲ"။

ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားက ခေါင်းယမ်းပြီး ပြောသည် "သူ ဘာလို့ စမ်းသပ်မူကမ္ဘာထဲ ဝင်သွားမှန်း ငါ မသိဘူး။ ဒါပေမယ့် ငါသိတာတစ်ခုက ဒါက ချင်ယွင်ကို သတ်ပစ်ဖို့ တစ်ခုတည်းသော အခွင့်ကောင်းပဲ။ သူက သူ့စီနီယာ ညီအစ်ကိုနှစ်ယောက်ရဲ့ အကာအကွယ်မပါဘဲ စမ်းသပ်ကမ္ဘာထဲကို ဝင်သွားခဲ့တယ်။ သူအသတ်ခံရတာနဲ့, လေဟာနယ် ဘိုးဘေးနတ်ဘုရားက ငါတို့လုပ်တယ်လို့ ခန့်မှန်းမိရင်တောင်, ငါကိုယ်တိုင် မလှုပ်ရှားသရွေ့, သူ ငါတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”။

'"မှန်တယ်၊ သူက ငါတို့ရဲ့ မြင့်မြတ်သော ကောင်းကင်ဘုံရှိ နတ်ဘုရားနန်းတော်ရဲ့ စမ်းသပ်မူကမ္ဘာထဲသို့ ကျူးကျော်ဝင်ရောက်လာခဲ့သည်။ သူက နဂိုကတည်းက ငါတို့ရဲ့ မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ထဲ ကျူးကျော်သူ ဖြစ်နေပြီ။ ငါတို့ သူ့ကို သတ်ပစ်ရင်တောင် လေဟာနယ် ဘိုးဘေးနတ်ဘုရားမှာ ရွေးချယ်စရာ မရှိတော့ဘူး။ သူ့တပည့်တွေကို မြင့်မြတ်သော ကောင်းကင်ဘုံရှိ နတ်ဘုရားနန်းတော်ရဲ့ ပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်ခွင့် ဘယ်သူက ပေးထားလို့လဲ။” လျှန်ဖန်၏ ပါးစပ်ထောင့်မှာလည်း စဉ်းလဲသော အပြုံးတစ်ခု ပေါ်လာပြီး သူ့မျက်လုံးများက ရက်စက်ကြမ်းကြုတ်သည့် သတ်ဖြတ်လိုစိတ်ကို ထင်ရှားပေါ်လွင်စေသည်။

ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား၏ မျက်လုံးများသည် တဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး သတ်ဖြတ်လိုသည့်ဆန္ဒကို ထုတ်ဖော်လိုက်သည်။

"အဖေ၊ ဒီကိစ္စကို ကျွန်တော့် တာဝန်ထားလိုက်ပါ။ ချင်ယွင်လို့ခေါ်တဲ့ ဒီလူကို ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ပါရစေ။ နောက်ဆုံးအကြိမ်တုန်းက သူဟာ ဘေးဆိုးကြီးက နေ လွတ်မြောက်သွားခဲ့တယ်။ ဒီတစ်ကြိမ်တော့ ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ ပြန်ယူချင် ပါတယ်" လျှန်ဖန်သည် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားအား အလျင်အမြန် ပြောလိုက်သည်။

အကယ်၍, ယုထန်းနူနှင့် လျှိုဖန်းဟွာတို့သာ ရုတ်ချည်း ပေါ်မလာခဲ့ပါက၊ သူသည် ချင်ယွင်ကို အချိန်အတော်ကြာကတည်းက သတ်ဖြတ်ပြီးဖြစ်လိမ့်မည်။ သူ့ကို အခုအချိန် အထိ မည်သို့ အသက်ရှင်ခွင့် ပေးထားမည်နည်း။ သူသည် ချင်ယွင်ကို အခုတစ်ကြိမ် သတ်ဖြတ်ရန် အခွင့်အရေးရှိသေးကြောင်း ကြားသိရသည့်အခါ, သူသည် ထိုအခွင့်အရေး ကို မည်ကဲ့သို့ စွန့်လွှတ်နိုင်မည်နည်း။

"ကောင်းပြီလေ, မင်းသွားလို့ရတယ်။ ဒါပေမယ့် မင်းနဲ့အတူ ဒီကိစ္စအတွက် ယွမ်ဟန်ကိုပါ လိုက်ပါခိုင်းရမယ်။" ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားက တည်ငြိမ်စွာ ပြောသည်။

"ဟုတ်ကဲ့ အဖေ" လျှန်ဖန်က ကမန်းကတန်း ပြန်ဖြေလိုက်ပြီး သူ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေခဲ့သည်။

ယခင်က, ချင်ယွင်နှင့် လျှိုဖန်းဟွာတို့သည် သူ့ကို သတ်ဖြတ်ချင်နေခဲ့ပြီး၊ ယင်းက သူ့ကို မျက်နှာပျက်စေခဲ့သည်။ တစ်နေ့တော့ အားလုံးကို ပြန်ယူရလိမ့်မည်။

"ယွမ်ဟန်၊ မင်းရဲ့ ဂျူနီယာညီငယ်နောက်ကို လိုက်သွားလိုက်ပါ။ နောက်တစ်ခါ အမှား ထပ်မလုပ်မိစေနဲ့။ တကယ်လို, မင်းတို့ ဒီချင်ယွင်ကို မသတ်နိုင်ဘူးဆိုရင်, မင်းတို့ ငါ့ကို တွေ့ဖို့ ပြန်လာစရာ မလိုတော့ဘူး။" ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားက ထပ်ပြောသည်။

"ဟုတ်ကဲ့ပါ ဆရာကြီး။ ကျွန်တော် ဂျူနီယာညီငယ်နဲ့အတူ ဒီကိစ္စကို ပြီးအောင်လုပ်ဖို့ ကတိပေးပါတယ်" ယွမ်ဟန်က ပြတ်ပြတ်သားသား ပြန်ပြောသည်။

ချင်ယွင်အနေနှင့်မူ, အချက်များကို အခြေခံအားဖြင့် နားလည်ခဲ့သည်။ သူသည် အလယ်လတ်အဆင့် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူတစ်ဦးကို သတ်ပစ်နိုင် မည်ဟု လုံးလုံး ယုံကြည်ထားသည်။ အဆုံးတွင်၊ သူ့ခွန်အားသည် ကောင်းကင်နတ်ဘုရား နယ်ပယ်၏ နှောင်းပိုင်းအဆင့်မှာပင် ထူးချွန်သူဟု ယူဆနိုင်သည်။ အလယ်လတ်အဆင့် ကောင်းကင်နတ်ဘုရားနယ်ပယ်ကို မဆိုထားနှင့်, သာမန် နှောင်းပိုင်း ကောင်းကင် နတ်ဘုရားနယ်ပယ် ကျင့်ကြံသူတစ်ဦးကိုပင် ရင်ဆိုင်နိုင်မည်ဟု သူ ယုံကြည်မူရှိသည်။

"ကောင်းပြီ၊ မင်းတို့ကို ဒီစမ်းသပ်မူကမ္ဘာထဲ အခုချက်ချင်း ပို့ပေးမယ်။ မင်းတို့ကို ငါ မကူညီနိုင်ဘူးဆိုတာ သတိရပါ။ မင်းတို့ ကိုယ့်အားကိုယ်ကိုးရမယ်။ ဒါ့ပြင် မင်းတို့မှာ အချိန်သုံးရက်ပဲရမယ်။ ဒီသုံးရက်အတွင်း အာရုံမခံနိုင်အောင် လေဟာနယ် ဘိုးဘေး နတ်ဘုရားရဲ့လမ်းကြောင်းတွေကို ပိတ်ဆို့ထားဖို့ ငါကူညီပေးနိုင်တယ်။ တကယ်လို့, မင်းတို့ မအောင်မြင်ဘူးဆိုရင် မင်းတို့ ပြန်လာဖို့ မလိုတော့ဘူး။" ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားက တည်ငြိမ်စွာ ပြောသည်။ ပြောပြီးသည်နှင့် သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး၊ နတ်ဘုရားအလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။

ထို့နောက်တွင်၊ လျှန်ဖန်နှင့် ယွမ်ဟန်တို့သည် ပင်မခန်းမထဲမှ ပျောက်ကွယ်သွားပြီး ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား၏ ရုပ်အသွင်သည်လည်း ချက်ခြင်း ပျောက်ကွယ်သွားလေသည်။

All Chapters