← Chapters

အခန်း ၁၅၈၂

Vol. 106 Ch. 1582

အခန်း ၁၅၈၂

Vol. 106 Ch. 1582

အခန်း (၁၅၈၂) မာညီအစ်ကိုများ။

မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်၏ စမ်းသပ်မှုကမ္ဘာတွင်းမှာ, ရေကန်ကြီးတစ်ခုပေါ်ရှိ လေထဲတွင် လူငါးဦးသည် ရပ်နေကြသည်။

ဤလူငါးဦးသည် တစ်အုပ်စုတည်းမဟုတ်ဘဲ၊ နှစ်ယောက်တစ်အုပ်စုနှင့် သုံးယောက် တစ်အုပ်စု ခွဲထားသည်။ အုပ်စုနှစ်ခုသည် တဖက်နှင့်တဖက် ထိပ်တိုက် ရင်ဆိုင်နေကြပြီး ပဋိပက္ခ ဖြစ်ပွားနေသည်မှာ ထင်ရှားပါသည်။

မှန်ပါသည်၊ လူသုံးယောက်အုပ်စုသည် သဘာဝအတိုင်း ရှောင်ဘိုင်, ရှောင်ကျင်းနှင့် ဖန်ယွမ်ရှန်တို့ ဖြစ်ကြပြီး၊ သူတို့သုံးယောက်နှင့် ဆန့်ကျင်ဘက်မှာ ရပ်နေသည့် လူ နှစ်ယောက်မှာလည်း ကျင့်ကြံမှုအဆင့် မနိမ့်ကျပေ။

၎င်းတို့ထဲမှ တစ်ယောက်သည် နှောင်းပိုင်း ကြယ်နတ်ဘုရားနယ်ပယ် လူငယ်တစ်ယောက် ဖြစ်သည်။ သူသည် ချောမောသော မျက်နှာ၊ သွယ်လျသော အသွင်အပြင်နှင့် အစိမ်းရောင် တိုက်ပွဲဝင်ဝတ်စုံကို ဝင်ဆင်ထားသည်။ သူ့ပုံစံက ထူးထူးခြားခြား ချောမောလှသည်။ သူသည် နှောင်းပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ အယောက်နှစ်ဆယ်ထဲမှ တစ်ဦးဖြစ်သည်။ သူ့နာမည်က မာဖန်း။

သူ့ဘေးမှာတော့ တော်တော်လေးအရပ်ပုသည့် လူငယ်တစ်ယောက် မတ်တပ်ရပ်နေသည်။ သူသည် ၁.၆ မီတာခန့်သာ အရပ်ရှည်ပြီး၊ တစ်ချက်ကြည့်လိုက်လျှင်, သူသည် ဆယ်ကျော်သက်နှင့် တူနေသည်။ သို့သော်၊ သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်သော အငွေ့အသက်သည် အစိမ်းရောင်ဝတ် လူငယ်ထက် များစွာ ပိုပြင်းထန်သည်။ အကြောင်းမှာ သူ၏ကျင့်ကြံမှုသည် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသောကြောင့်ပင်။

ဤစမ်းသပ်မှုကမ္ဘာထဲတွင် အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူ သုံးဦးသာရှိပြီး၊ သူတို့ရှေ့မှ အရပ်ပုပု လူငယ်သည် ၎င်းတို့ထဲမှ တစ်ဦးဖြစ်သည်။ သူ့နာမည် က မာကျိ။

မာဖန်းနှင့်မာကျိတို့သည် ဖအေတူမအေကွဲ ညီအစ်ကိုများ ဖြစ်ကြသည်။ သူတို့နှစ်ယောက် ကြားမှာ ဤမျှ အရပ်အမြင့် ကွာခြားနေရသည့် အကြောင်းအရင်းကိုတော့ ကောင်းကင်ဘုံ ကို မေးမြန်းကြည့်မှသာ သိနိုင်ပါလိမ့်မည်။ သို့သော် မာဖန်းနှင့် မာကျိတို့သည် အလွန် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ရပ် ရှိသည်။ ထို့ကြောင့် မာဖန်းနှင့်မာကျိတို့သည် ဤစမ်းသပ်မှုကို ကျော်ဖြတ်ရန်အတွက် တည်ငြိမ်သည့်နေထား ဖြစ်သည်။

ရှောင်ဘိုင်, ရှောင်ကျင်းတို့သည် ကံကြမ္မာဆိုးတွေ သူတို့ဆီ အမှန်တကယ် ပြေးဝင်လာ လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါဘူး။

"နတ်ဘုရားကျောက်စိမ်း ဖီးနစ်မြက်ကို လွှဲပြောင်းပေးပါ။ မင်းတို့ရဲ့စွမ်းအားနဲ့ဆို မင်းတို့ အသက်ရှင်နိုင်မှာမဟုတ်ဘူး။ ဘာလို့ ငါတို့ဆီ ပျော်ပျော်ရွှင်ရွှင်နဲ့ မပေးလိုက်တာလဲ။ ဒါဆို, ငါက မင်းတို့ကို ပျော်ရွှင်စွာသေဆုံးခွင့် ပေးကောင်းပေးနိုင်တယ်။” မာဖန်းက သူ့ရှေ့က လူသုံးယောက်ကို ကြည့်ပြီး အထင်သေးစွာ ပြောလိုက်သည်။ သူ့မျက်လုံးများတွင် လှောင်ပြောင်သည့် အမူရာများဖြင့် ပြည့်နေခဲ့သည်။

သူ့အမြင်အရဆို၊ အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ် နှစ်ယောက်နှင့် အလယ်လတ် ကြယ်နတ်ဘုရားနယ်ပယ် တစ်ယောက်သည် ယခုအချိန်အထိ ဤစမ်းသပ်မှု ကမ္ဘာထဲတွင် ရှင်သန်နိုင်ခြင်းကပင် လုံလောက်အောင် ကံကောင်းနေခဲ့ပြီ။ သူတို့သည် နတ်ဘုရား ကျောက်စိမ်းဖီးနစ်မြက်ကဲ့သို့ ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းကို ရှာဖွေတွေ့နိုင်သည် အထိ ကံကောင်းနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

နတ်ဘုရားကျောက်စိမ်း ဖီးနစ်မြက်သည် ဒဏ္ဍာရီလာ ရှားပါးသည့် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းတစ်ခု ဖြစ်သည်။ ၎င်းသည် ထိပ်တန်းအဆင့် နတ်ဘုရားဆေးလုံးများကို သန့်စင်ရန်အတွက် ထိပ်တန်းဆေးဖက်ဝင်ပစ္စည်းဖြစ်ရုံသာမက၊ ၎င်းကိုလည်း တိုက်ရိုက် စားသုံးနိုင်သည်။ စားသုံးပြီးသည်နှင့် အချိန်အတိုင်းအတာတစ်ခုအထိ သန့်စင်ပြီးပါက ပိုမိုမြင့်မားသောအဆင့်တစ်ခုကို တိုက်ရိုက် ချိုးဖျက်နိုင်လိမ့်မည်။ ၎င်းသည် နတ်ဘုရား ကမ္ဘာရှိ နတ်ဘုရားပစ္စည်းအဆင့် သတ်မှတ်ချက်တွင် ထိပ်ဆုံးမှာ သတ်မှတ်ခံရသည်ဟု ဆိုနိုင်သည်။

သူ့ရှေ့မှာ ပုရွက်ဆိတ် ၃ ကောင်သည် ထိုကဲ့သို့ နတ်ဘုရားပစ္စည်းတစ်ခုကို ရယူလိုက်ခြင်း က သူ့မျက်လုံးထဲမှာတော့ ဖြုန်းတီးမူတစ်ခု ဖြစ်သည်။ ထို့ကြောင့်, သူ့ညီအစ်ကို နှစ်ယောက်သည် ထိုရတနာကို ဘယ်လိုလုပ် စွန့်လွှတ်နိုင်မည်နည်း။

ထို့ကြောင့် ရှောင်ကျင်းနှင့် အခြားသူများသည် ဤနတ်ဘုရားပစ္စည်းများကို ရရှိသွားသည် ကို သူတို့ မြင်သောအခါ တောက်လျှောက် လိုက်ပါလာခဲ့ကြလေသည်။ နောက်ဆုံးတွင် သူတို့သည် ရှောင်ကျင်းနှင့် အခြားလူများကို ဤရေကန်တွင် တားဆီးနိုင်ခဲ့ပြီး၊ သူတို့ရှေ့မှ ဤထိပ်တိုက် တွေ့ဆုံမှု မြင်ကွင်းမျိုး ဖြစ်ပွားလာခဲ့သည်။

ရှောင်ကျင်းသည် မာဖန်း၏ စကားကိုကြားသောအခါ သူ့မျက်နှာက ဒေါသမီးလျှံများ တဟုန်းဟုန်း တောက်တောင်လာပြီး ပြောလိုက်သည် "ဒီနတ်ဘုရားကျောက်စိမ်း ဖီးနစ်မြက်ကို ငါရှာတွေ့တာလေ။ မင်းတို့ကို ဘာလို့ ပေးရမှာလဲ"

ရှောင်ကျင်းသည် ရတနာများကို ရှာဖွေနိုင်သည့် စွမ်းရည်ဖြင့် မွေးဖွားလာခဲ့သည်။ ဤနတ်ဘုရားကျောက်စိမ်း ဖီးနစ်မြက်တွင် အလွန်မင်း အစွမ်းထက်သည့် ဖုံးကွယ်နိုင် စွမ်းကို ပိုင်ဆိုင်ထားပြီး၊ အလွန်ဝေးလံသော ကျောက်ဆောင်အပေါက်များတွင်သာ ကြီးထွားသည်။ အကယ်၍, သူသည် စိတ်ဝိညာဉ်ပို့လွှတ်ခြင်း နတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်ထားခြင်း မရှိပါက၊ ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးပင်လျှင် ၎င်းကို ရှာဖွေတွေ့ရှိရန် လွယ်ကူမည် မဟုတ်ပေ။ အခု ဤလူနှစ်ယောက်သည် သူ ရှာတွေ့ ထားသည့် ရတနာကို ခိုးယူချင်နေခဲ့သည်။ သူကရော လွယ်လွယ်နှင့် မည်သို့ လွှဲပြောင်းပေးနိုင်မည်နည်း။

ထို့အပြင်၊ ထိုလူငယ်၏ စကားအရ၊ ရတနာကို လွှဲပေးလျှင်ပင် တစ်ဖက်လူက သူတို့ကို အလွတ်ပေးမည် မဟုတ်ပေ။ ဤနည်းနှင့်လွှဲပေးဖို့က သူ့အတွက် ပို၍ပင် မဖြစ်နိုင်တော့ပါ ဘူး။

'"မင်းက မပေးချင်ဘူးလား?။ မင်းမှာ ငါနဲ့ ညှိနှိုင်းဖို့ အရည်အချင်းရှိတယ်လို့ ထင်နေလား။ ငါ့မျက်လုံးထဲမှာတော့ မင်းတို့က ပုရွက်ဆိတ်ဖြစ်ဖို့တောင် မလုံလောက်ဘူး။ မင်းတို့ သုံးယောက်ကို ချေမွပစ်ဖို့က ပုရွက်ဆိတ်တစ်ကောင်ကို ချေမွပစ်တာထက် ပိုလွယ်တယ်။ ဒါကြောင့် မင်းတို့ကို အရမ်းသနားစဖွယ် သေချင်းမျိုးနဲ့ မသေစေချင်ဘူး။ နာခံဖို့အတွက် ငါ မင်းကို အကြံပေးလိုက်မယ်။ မဟုတ်ရင်, သေလုမတတ် နာကျင်မူက ဘာလဲဆိုတာ ငါ မင်းကို သိအောင်ပြပေးမယ်" မာဖန်းသည် ရှောင်ကျင်း၏ စကားကို ကြားလိုက်သော အခါတွင် မကျေနပ်မှု အရိပ်အယောင်က သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။ သူ့ရှေ့က လူငယ်သည် အမှန်တကယ်ပင် ငြင်းဆန်ရန် သတ္တိရှိနေခဲ့သည်။ သူသည် သေမည် မသေမည်ကို တကယ် မသိပေ။

ထိုစကားများပြောပြီးသည်နှင့် ရှောင်ကျင်းသည် ပို၍ပင် ဒေါသကြီးလာသည်။ သူသည် ပုံမှန်အတိုင်း ရက်စက်ကြမ်းကြုတ်သူတစ်ဦး ဖြစ်သည်။ သူ့ရှေ့မှ ဤလူနှစ်ယောက်၏ ခွန်အားကို ခံစားနိုင်သည်။ အထူးသဖြင့် လက်ပိုက်ကာ ရပ်နေသော အရပ်ပုပု လူငယ်သည် စကားမပြောဘဲ ထိုနေရာတွင် ရပ်နေရုံဖြင့်ပင် သူတို့ကို မမြင်နိုင်သော ဖိအားများ ပေးနေခဲ့သည်။ သို့သော် သူသည် ခေါင်းငုံ့မခံတတ်သည့် လူစားမျိုး ဖြစ်သည်။ အခြားတဖက်က ပိုမောက်မာလေ၊ သူ့ကို ခေါင်းငုံ့အောင်လုပ်ဖို့ မလွယ်ကူလေဖြစ်သည်။ ဒါက သူ့မာနပင်။

ရှောင်ဘိုင်သည် ဆင်ခြင်တုံတရားရှိသော်လည်း မောက်မာမှုအရဆို, ရှောင်ဘိုင်သည် ရှောင်ကျင်းထက်ပင် သာလွန်နေသေးသည်။ ထို့ကြောင့်၊ သူသည် ထိုကဲ့သို့ နည်းလမ်းဖြင့် နတ်ဘုရားကျောက်စိမ်း ဖီးနစ်မြက်ကို လွှဲပြောင်းပေးရန် သဘောတူမည် မဟုတ်ပေ။ ဤအခိုက်အတန့်တွင် သူသည် သူ့ရှေ့မှ လူငယ်နှစ်ဦးကို အေးစက်စွာ ကြည့်နေပြီး၊ သူ့မျက်လုံးများတွင် အဆုံးမရှိသော အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။

ဖန်ယွမ်ရှန်၏ မျက်နှာက ထိတ်လန့်ခြင်းများဖြင့် ပြည့်နှက်နေသည်။ အရင်က သူသည် အဖေတူ မအေကွဲ မာညီအစ်ကိုအကြောင်းကို ကြားဖူးသည်။ သူတို့သည် ရက်စက် ကြမ်းကြုတ်ပြီး မာနကြီးသည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ သို့သော် ရှောင်ဘိုင်, ရှောင်ကျင်းတို့နှင့် အချိန်များစွာ ကုန်ဆုံးပြီးနောက် ရှောင်ဘိုင်, ရှောင်ကျင်း၏ စရိုက်ကို သူ နားလည်လာခဲ့သည်။ ရှောင်ဘိုင်, ရှောင်ကျင်းတို့က အလျှော့မပေးဘူးဆိုသည်ကိုလည်း သူသိသည်။ ထို့ကြောင့်, ယခုအခါ သူ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

"ဟမ့်၊ မင်းရဲ့အဘိုးကျင်းကို အရမ်းစိတ်ဒုက္ခရောက်အောင် လုပ်နိုင်တဲ့သူတွေ အများကြီး ရှိခဲ့တယ်။ ဒါပေမယ့် မင်းကတော့ အဲဒီအထဲမှာ မပါနိုင်သေးဘူး။ မင်းနောက်က ဗူးသီလိုလူပုလေး လှုပ်ရှားရင်တော့ ဖြစ်နိုင်သေးတယ်။ မင်းကတော့ အရည်အချင်း မရှိသေးဘူး" ရှောင်ကျင်းသည် မာဖန်းကိုကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ သူ့လေသံက လှောင်ပြောင်မူများနှင့် ပြည့်နေသည်။

သို့သော် သူပြောနေချိန်မှာ, ရှောင်ကျင်းသည်လည်း ရှောင်ဘိုင်ထံသို့ အသံတစ်ခု ပေးပို့လိုက်သည် "ဟေး, အဖြူကောင်အိုကြီး၊ မင်း ဒီနတ်ဘုရားကျောက်စိမ်းဖီးနစ်မြက်ကို မြန်မြန်စားလိုက်ပါ။ ငါ သူတို့ကို ထိန်းထားလိုက်မယ်။ ဒါကို အမြန်သန့်စင်လိုက်ပါ"

ရှောင်ကျင်းသည် ပြဿနာကြုံလာလျှင် အမြဲပံ့ပို့တတ်သူဖြစ်သည်။ အခုချိန်မှာ သူတို့ ရှင်သန်လွတ်မြောက်ဖို့အရေးသာ သူသိသည်။ သူတို့ထဲမှာ လူတစ်ယောက် အဆင့် ဖြတ်ကျော်နိုင်မှ ဖြစ်မည်။ မဟုတ်ရင်, အကယ်၍, အထွတ်အထိပ် ကြယ်နတ်ဘုရား လူငယ်သာ တိုက်ခိုက်လာပါက, သူတို့အားလုံး သေကြလိမ့်မည်။

"မင်း စားလိုက်ပါ။ ငါ သူတို့ကို တားထားလိုက်မယ်။" ရှောင်ဘိုင်က အေးစက်စွာ ပြန်ဖြေ သည်။ သူကိုယ်တိုင်လည်း ဤနည်းလမ်းကို တွေးထားသည်။ သို့သော်, ရှောင်ကျင်းက ပထမဆုံး ပြောဆိုလာမည်ဟု သူ မမျှော်လင့်ထားပါဘူး။

"အဖြူကောင်အိုကြီး၊ အခုအချိန်က တရားမျှတမူတွေးနေရမယ့် အချိန်မဟုတ်ဘူး။ မင်းက ငါ့ထက် ဒီနတ်ဘုရားဆေးပင်ကို မြန်မြန်ဝါးမျိုပြီး သန့်စင်ပေးနိုင်တယ်။ ဒါကြောင့် ဒီနတ်ဘုရားဆေးပင်ကို သောက်သုံးဖို့ မင်းက အသင့်တော်ဆုံးပဲ။ ငါ့ကို စိတ်ပူနေစရာ မလိုပါဘူး။ သူ့နောက်က အထွတ်အထိပ် ကြယ်နတ်ဘုရားလူငယ်က အခုအချိန်မှာ လှုပ်ရှားဦးမှာ မဟုတ်သေးဘူး။ ဒီနှောင်းပိုင်း ကြယ်နတ်ဘုရားလူငယ်က ငါ့ကို ထိခိုက်စေ မှာ မဟုတ်ဘူး။" ရှောင်ကျင်းက စိတ်ပိုင်းဆိုင်ရာ ပေးပို့လိုက်ပါသည်။

ရှောင်ဘိုင်သည် ထိုစကားကိုကြားသောအခါ၊ သူသည် အခြားဘာမျှ မပြောဘဲ နတ်ဘုရား ကျောက်စိမ်းဖီးနစ်မြက်ကို စားသုံးရန်အတွက် ဤအခွင့်အရေးကို အခွင့်ကောင်းယူရန် ကြိုတင်ပြင်ဆင်ထားသည်။

သို့သော်လည်း မာဖန်းသည် ယခုအချိန်တွင် အလွန်ဒေါသထွက်နေခဲ့သည်။ သူသည် အရည်အချင်း မပြည့်မီဟုဆိုကာ အစောပိုင်း ကြယ်နတ်ဘုရားအဆင့် ပုရွက်ဆိတ် တစ်ကောင်၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။ မည်သို့ပင်ဖြစ်​ဖြစ်,​ သူသည် ထိုစကားကို လက်ခံနိုင်စွမ်းမရှိပေ။

"ကောင်စုတ်လေး၊ ဒီနေ့ မင်းရဲ့ပါးစပ်က ပြောသလောက်ရော တကယ် အစွမ်းရှိရဲ့လား ဆိုတာ ငါ ကြည့်ချင်မိတယ်။ ငါ အရည်အချင်း ရှိ၊ မရှိ မင်းကို သိစေချင်တယ်။" မာဖန်း၏ အသံက ရုတ်တရက် အေးစက်သွားသည်။ နှောင်းပိုင်း ကြယ်နတ်ဘုရားတစ်ပါး၏ အငွေ့အသက်ကို အသန့်သတ်မရှိ ထုတ်လွှတ်လိုက်ပြီး၊ ပတ်ဝန်းကျင်အနှံ့ ဖြတ်သန်းသွား သည့် ကြောက်မက်ဖွယ် လေပြင်းများ ဖြစ်ပေါ်လာသည်။

သူ့ခြေရင်းအောက်ရှိ ရေကန်သည် ဤကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက် ကြောင့် တိုက်ရိုက် ပွင့်ထွက်သွားပြီး၊ ကြီးမားသော ရေအိုင်ကြီးတစ်ခုအဖြစ် ဖြစ်ပေါ်လာ သည်။

"စိတ်မပူပါနဲ့။ ငါ မင်းကို စိတ်မပျက်စေရဘူး။ ဒီနေ့ မင်းရဲ့အဘိုးကျင်းက ဘယ်လောက်ထိ အစွမ်းထက်တယ်ဆိုတာ မင်းကို ငါ မြင်တွေ့ခွင့်ပေးမယ်။" ရှောင်ကျင်းက အေးစက်စွာ ပြောလိုက်သည်။ သူပြောပြီးသည်နှင့် သူ့ခန္ဓာကိုယ်မှ တောက်ပသော ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ အဝေးမှ မာဖန်းထုတ်လွှတ်ထားသည့် အငွေ့အသက် တူညီသည့် ပြင်းထန်သော အငွေ့အသက်တစ်ခုက ထွက်ပေါ်လာခဲ့သည်။

ရှောင်ဘိုင်နှင့် ဖန်ယွမ်ရှန်တို့သည် ဘေးတစ်ဖက်သို့ ဆုတ်ခွာသွားကာ ရှောင်ကျင်းနှင့် မာဖန်းတို့ တိုက်ခိုက်နိုင်ရန် ကျယ်ပြန့်သော တိုက်ပွဲမြေပြင်ကို ချန်ထားပေးခဲ့သည်။ ရှောင်ဘိုင်နှင့် ဖန်ယွမ်ရှန်တို့ ဆုတ်ခွာသွားစဉ်တွင် ရှောင်ကျင်းနှင့် မာဖန်းတို့သည် ဥက္ကာပျံ နှစ်စင်းကဲ့သို့ အချင်းချင်း အပြင်းအထန် တွေ့ဆုံသွားကြသည်။

All Chapters