အခန်း ၁၅၈၃
Vol. 106 Ch. 1583
အခန်း (၁၅၈၃) မာဖန်း၏ဒေါသ။
"ဘုန်း…"
ကောင်းကင်ကြီး လှုပ်ခါလောက်သည့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး သူတို့ခြေရင်း အောက်ရှိရေကန်ကြီးသည် ပေါက်ကွဲကာ ကောင်းကင်ယံကို လှုပ်ခတ်သွားစေသည့် လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ရေအိုင်ထဲမှ ရေများသည် ရေတံခွန်ကဲ့သို့ ဖြာဆင်းသွားသည်။
ကောင်းကင်ကြီး ပြိုကျလာသည့်အလား, ရှောင်ကျင်းနှင့် မာဖန်းတို့သည် ကြောက်စရာ ကောင်းသော စွမ်းအားကြောင့် ဘေးသို့ တွန်းထုတ်ခံလိုက်ရသည်။
ရှောင်ကျင်းသည် ထိုစွမ်းအားကြောင့် မီတာထောင်ပေါင်းများစွာ နောက်ပြန်ဆုတ်သွားခဲ့ သည်။ သူသည် ရေကန်၏ ရေမျက်နှာပြင်ပေါ်တစ်လျှာက် နောက်သို့ လွင့်ပျံသွားခဲ့ပြီး ရေကန်ထဲသို့ ပြုတ်ကျလုနီးပါးပင်။ သူ့လက်တစ်ဘက်လုံးသည် ပို၍ပင် ထုံကျင်နေပြီး အချိန်အတော်ကြာအောင် မလှုပ်ရှားနိုင်ခဲ့ပေ။
အခြားတစ်ဖက်တွင်မူ, ရှောင်ကျင်း၏လက်ချက်သီးကြောင့် မာဖန်းသည် ခြေလှမ်းပေါင်း ဒါဇင်များစွာ နောက်ပြန် ဆုတ်သွားခဲ့သည်။ သူသည် လေဟာနယ်ပေါ် ဆောင့်နင်းလိုက် ပြီး မြေပြိုသည့်အလား ခပ်အုပ်အုပ်အသံတစ်ချက် ထွက်ပေါ်လာသည်။
မာဖန်းသည် အံ့သြသွားခဲ့သည်။ သူ့ပြိုင်ဘက်သည် အစောပိုင်းက သူ့လက်သီးချက်ကို အပြင်းအထန် ခုခံနိုင်ခဲ့သည်။ သူတို့နှစ်ယောက်သည် နယ်ပယ်နှစ်ခု ခြားနားမူရှိနေသည် ကို သိထားရပါမည်။ ယုတ္တိကျကျပြောရရင်, အကယ်၍, သူသည် သူ့စွမ်းအားကို ထိန်ချန် ထားသည်ဆိုလျှင်ပင်, ထိုလက်သီးချက်သည် အလတ်လတ် ကြယ်နတ်ဘုရား နယ်ပယ် ကျင့်ကြံသူတစ်ဦးကိုပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေဖို့ လုံလောက်ပါသည်။ သူ့ပြိုင်ဘက်သည် ထိုလက်သီးချက်ကို မည်သို့ တွန်းလှန်နိုင်ရသနည်း။
"ဒီကောင်က မရှိးရှင်းဘူး။ သူ့ရဲ့ခွန်အားက အလယ်အလတ် ကြယ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူတစ်ဦးထက် သာလွန်နေသင့်တယ်။ သူက နှောင်းပိုင်း ကြယ်နတ်ဘုရား နယ်ပယ်ကျင့်ကြံသူနှင့်တောင် ယှဉ်နိုင်တယ်။ မင်းရဲ့ စစ်မှန်တဲ့ ခွန်အားကို ပြသရလိမ့် မယ်။" မာဖန်း အံ့သြနေစဉ်မှာ သူ့အစ်ကို မာကျိ၏အသံက သူ့နောက်ကနေ ထွက်ပေါ်လာ သည်။
"အစောပိုင်း ကြယ်နတ်ဘုရားတစ်ပါးက နှောင်းပိုင်း ကြယ်နတ်ဘုရားတစ်ပါးနဲ့ ယှဉ်နိုင်တဲ့ တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားတာလား။ သူက ဒီလောက် မာနကြီးနေတာ မဆန်းပါဘူး။" ထိုစကားကိုကြားတော့ မာဖန်း၏ သတ်ပစ်ချင်စိတ်က ပိုပြင်းထန်လာခဲ့ သည်။
သူသည် ကောင်းကင်ဘုံထွဋ်မြို့တော်၏ ပါရမီရှင်တစ်ဦး ဖြစ်ခဲ့ဖူးသည်။ သူ့အစ်ကိုမှလွဲ၍ သူ့မျက်လုံးထဲတွင် အခြားမည်သူမျှ အထင်ကြီးစရာ မရှိပေ။ ယခုတွင် ရှောင်ကျင်း၏ စွမ်းရည်သည် မည်မျှ အစွမ်းထက်သည်ကို မြင်လိုက်ရသောအခါ ပြင်းထန်သော သတ်ဖြတ်လိုစိတ်သည် သူ့နှလုံးသားထဲသို့ ချက်ချင်း တိုးဝင်လာခဲ့သည်။
ရှောင်ကျင်းသည် မာဖန်း၏ သတ်ဖြတ်လိုစတ်ကို ဂရုမစိုက်ပေ။ အဘယ့်ကြောင့်ဆိုသော်, သူသည် မာဖန်းကိုအနိုင်ယူရန် အစီစဉ်မရှိသောကြောင့်ပင်။ သူသည် ရှောင်ဘိုင်အတွက် အချိန်ပိုဆွဲထားချင်သည်။ ထို့ကြောင့်, သူသည် အစောပိုင်းက သူ့စွမ်းအားကို ထိန်းချုပ် ထားသည်။
"အဖြူကောင်အိုကြီး, အဲဒီနတ်ဘုရားဆေးပင်ကို မြန်မြန်စားပြီး တတ်နိုင်သမျှ အမြန်ဆုံး သန့်စင်နိုင်အောင် ကြိုးစားပါ။ ငါ အများဆုံး အမွှေးတိုင်သုံးချောင်း ထွန်းညှိလောက်သာ လှည့်စားနိုင်လိမ့်မယ်။ အမွှေးတိုင်သုံးချောင်း ထွန်းညှိပြီးတာနဲ့ သဲလွန်စအချို့ကို သေချာပေါက် မြင်သွားနိုင်တယ်။ အဲဒီအချိန်မှာ မာကျိက သေချာပေါက် လှုပ်ရှားလိမ့် မယ်" ရှောင်ကျင်းသည် ရှောင်ဘိုင်သို့ အသံပို့လွှတ်လိုက်သည်။
"ကောင်းပြီ၊ အမွှေးတိုင်သုံးချောင်းထိန်းညှိအချိန်က လုံလောက်ပါပြီ" ရှောင်ဘိုင်က ပြောသည်။ သူပြောပြီးသည်နှင့်၊ သူသည် နတ်ဘုရားဆေးပင်ကို တိတ်တဆိတ် မျိုချပြီး နောက်, တိတ်တဆိတ် သန့်စင်ရန်အတွက် သူ၏ ကောင်းကင်နှင့်မြေကြီးဝါးမျိုးခြင်း နတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်ပါသည်။
ရှောင်ဘိုင်သည် သူ့လုပ်ရပ်တွေကို အလွန်ဖုံးကွယ်ထားခဲ့ပါသည်။ ထို့အပြင် မာညီအစ်ကို သည် ရှောင်ကျင်းကို စိုက်ကြည့်နေသောကြောင့် ရှောင်ဘိုင်၏လုပ်ရပ်ကို သတိမထားမိခဲ့ ကြပေ။ အကယ်၍, သူတို့သာ သိသွားခဲ့မည်ဆိုလျှင်, ရှောင်ဘိုင်ကို ထိုနတ်ဘုရားဆေးပင် ကို မျိုချခွင့်မပေးမှာ သေချာပါသည်။
ထို့အပြင်, ရှောင်ဘိုင်သည် ထိုသို့လုပ်ဆောင်ဝံ့မည်ဟု သူတို့လည်း မျှော်လင့်ထားမည် မဟုတ်ပေ။ နောက်ဆုံးတွင်၊ နတ်ဘုရားဆေးပင်၌ အလွန်မင်း ကြောက်စရာကောင်းသော စွမ်းအင်ပမာဏများ ပါရှိနေသည်။ အကယ်၍, သူတို့သည် စိတ်တည်တည်ငြိမ်ငြိမ်မရှိဘဲ ၎င်းကို သန့်စင်ခဲ့လျှင်, ထိုကြောက်စရာကောင်းသည့် စွမ်းအားကြောင့် သူတို့သည် ပေါက်ကွဲသွားနိုင်ချေရှိသည်။
သို့သော် ရှောင်ဘိုင်ကတော့ မတူပေ။ ရှောင်ဘိုင်အတွက် အကြောက်ဆုံးအရာမှာ စွမ်းအင် နည်းနေမှာ ဖြစ်သည်။ သူသည် စွမ်းအင်ကို သူလိုချင်သလောက် စုပ်ယူနိုင်သည်။ ပေါက်ကွဲမည်ကို သူ လုံးဝ မကြောက်ပါဘူး။ ထိုသို့မဟုတ်လျှင်, သူ့ကို ကောင်းကင်မျိုး စပါးအုံးမြွေဟု ခေါ်ဆိုကြမှာ မဟုတ်ပါဘူး။
ရှောင်ကျင်းသည် ရှောင်ဘိုင်က နတ်ဘုရားဆေးပင်ကို သောက်သုံးပြီးသည်ကို ခံစားမိသ ဖြင့် သူ့ပါးစပ်ထောင့်က အပြုံးမပျက် ပေါ်လာသည်။ ရှောင်ဘိုင်သည် နတ်ဘုရားဆေးပင် ကို သန့်စင်ပြီး နောက်ဆုံးတွင် အဆင့်ဖြတ်ကျော်နိုင်သည်နှင့် သူတို့သည် အသက်ရှင်ရန် အခွင့်အလမ်း ရှိလာလိမ့်မည်။ ဆန့်ကျင်ဘက်အနေဖြင့်, အကယ်၍, ကြယ်နတ်ဘုရား နယ်ပယ်၏ အထွတ်အထိပ်မှာရှိနေသည့် မာကျိသာ လှုပ်ရှားလာပါက, သူတို့သည် အသက်ရှင်လွတ်မြောက်ရန် လမ်းမရှိနိုင်ပေ။
"မင်းရဲ့ခွန်အားက ငါစိတ်ကူးထားတာထက် အများကြီး ပိုမြင့်နေတယ်။ မင်းက အစောပိုင်း ကြယ်နတ်ဘုရားအဆင့်နဲ့ နှောင်းပိုင်း ကြယ်နတ်ဘုရားတစ်ပါးကို ယှဉ်ပြိုင်နိုင်တယ်။ မင်းလို ထက်မြက်တဲ့သူတစ်ယောက်ကို မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရား နန်းတော်ရဲ့ လက်ရွေးစင်တပည့်တွေ ကြားမှာတောင် ရှာတွေ့ဖို့ခက်ခဲမှာ ငါ ကြောက်မိ တယ်။" မာဖန်းက ရှောင်ကျင်းကို ကြည့်လိုက်ပြီး၊ သူ့လေသံက အေးစက်ပြီး သတ်ဖြတ်ချင် စိတ် အပြည့်ဖြင့် ပြောလိုက်သည်။
"မင်းရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။ မင်းကြောက်နေရင် အမြန်ဆုံး ထွက်သွား လိုက်ပါ။" ရှောင်ကျင်းက ရယ်မောကာ တုန့်ပြန်လိုက်သည်။
သူ့အရည်အချင်းက အားမနည်းဘူးဆိုသည်ကို သူသိသော်လည်း သူ့အစ်ကိုကြီးနှင့် ယှဉ်လျှင်, အဝေးကြီးလိုပါသေးသည်။
"ဟမ့်၊ ငါ မင်းကို ချီးကျူးနေတယ်လို့ မင်း တကယ်ထင်နေတာလား။ အရည်အချင်းရှိတဲ့ လူတွေက ပိုပြီးအသက်တိုတယ်ဆိုတာ မင်း မသိဘူးလား။ မင်းဘယ်လောက်ပဲ အရည်အချင်းရှိပါစေ, မင်းရဲ့ခွန်အားက ပထမပဲ။ မင်းရဲ့လက်ရှိခွန်အားနဲ့ဆို, ငါ မင်းကို သေတဲ့အထိ နှိပ်စက်နိုင်တုန်းပဲ။" မာဖန်းက သူ့လက်သီးတွေကို တင်းတင်းဆုပ်ထားပြီး ပြတ်သားသည့်အသံဖြင့် ပြောလိုက်သည်။ သူ့မျက်လုံးတွေကလည်း နီမြန်းလာသည်။
သူ့ရှေ့က ဤလူငယ်၏ မောက်မာမှုသည် သူသည်းခံနိုင်သည့် အကန့်အသတ်ကို ကျော်လုနီးပါး ရှိနေသည်။ သူသည် သူ့ရှေ့က ဤလူငယ်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်နိုင်ရန် ဆန္ဒရှိနေသည်။
"ငါ့ကို သေတဲ့အထိ ချေမွပစ်မှာလား။ မင်း ပြောတဲ့အတိုင်း မလုပ်နိုင်ဘဲ, ငါက မင်းကို သေတဲ့အထိ ချေမွပစ်မိမှာ ကြောက်မိပါတယ်" ရှောင်ကျင်းကလည်း သရော်သံဖြင့် ပြန်ပြောလိုက်သည်။ သူ၏ နဂိုက သန်မာသော ခန္ဓာကိုယ်သည် ရုတ်တရက် ဖောင်းကား လာပြန်သည်။ သူ၏ကြွက်သားများသည် နဂါးဦးချိုများကဲ့သို့ဖြစ်နေပြီး သူ့ခန္ဓာကိုယ်ကို ရွှေရောင်အလင်းတန်းဖြင့် ဖုံးအုပ်ထားပုံရသည်။
"အား.....ငါ မင်းကို သတ်မယ်" မာဖန်းသည် အလွန်မင်း ဒေါသထွက်သွားခဲ့သည်။ ဟစ်ကြွေးသံတစ်ချက် ထုတ်ဖော်ပြီးနောက် သူသည် ရှောင်ကျင်းဆီသို့ အပြင်းအထန် ပြေးသွားတော့သည်။ သူ့ခန္ဓာကိုယ်သည် အဆုံးမရှိ ပြင်းထန်သော အငွေ့အသက်များကို သယ်ဆောင်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော မီးတောက်တစ်ခုက သူ၏ လက်သီးများပေါ်သို့ ပျံ့နှံ့သွားသည်။
ရှောင်ကျင်းသည် သူ့ဆီသို့ အားမာန်သွင်းကာ ပြေးလာနေသော မာဖန်းကို ကြည့်လိုက် သော်လည်း၊ သူ့ပါးစပ်ထောင့်မှ လွှမ်းမိုးနိုင်သည့် အရိပ်မြွက်တစ်ခု ထွက်ပေါ်လာသည်။
သူသည် အရမ်းမာနကြီးသော်လည်း မိုက်မဲသူတစ်ဦး မဟုတ်ပေ။ သူသည် မာဖန်းကို ဒေါသပေါက်ကွဲအောင် တမင်တကာ ပြောဆိုနေခြင်းဖြစ်ကြောင့် ထင်ရှားပါသည်။ ထို့ကြောင့်, မာဖန်းသည် ရူးသွပ်သည့် အခြေအနေသို့ ရောက်သွားခဲ့သည်။ ဤနည်းဖြင့်သာ သူသည် တိုက်ပွဲ၏ဟန်ချက်ကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ပြီး ရှောင်ဘိုင်အတွက် အချိန်ပိုဆွဲပေးနိုင်မည် ဖြစ်သည်။
"သေလိုက်စမ်း။ လောင်ကျွမ်းနေသောနတ်ဘုရားမီးလျှံ" မာဖန်း၏ရုပ်အသွင်သည် ရှောင်ကျင်း၏ ရှေ့သို့ ရောက်ရှိလာပြီး သူ့လက်သီးသည် ရှောင်ကျင်း၏ခန္ဓာကိုယ်ဆီသို့ တိုက်ရိုက် ထိုးလိုက်သည်။
သို့သော် ရှောင်ကျင်းသည် ထိတ်လန့်နေဟန်ဖြင့် မလှုပ်မယှက် ရပ်နေပုံရသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ မာဖန်းသည် ထိုလက်သီးချက်က သူ့ရှေ့က လူငယ်ကို လုံးဝ ထိခိုက်ဒဏ်ရာရစေမည်ဟု ပိုပြီးယုံကြည်မှုရှိလာသလို၊ သူ့မျက်လုံးများက အနှိုင်းမဲ့ မောက်မာသည့် အမူအရာများ ပေါ်လာသည်။
"ဟား...၊ ဟား...၊ ငရဲကိုသွားလိုက်တော့" မာဖန်းသည် သူ့လက်သီးချက်ကြောင့် ရှောင်ကျင်း ပြာဖြစ်သွားတော့မည်ကို မြင်ယောင်မိပြီး ကျယ်လောင်စွာ ရယ်မောလိုက်ပါ သည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင် သူ၏အမူအရာမှာ မှင်သက်သွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် သူ့လက်သီးက ရှောင်ကျင်း၏ ခန္ဓာကိုယ်ကို ထိုးဖောက်ပြီးနောက် လေထဲကို ထိုးဖောက်ဝင်ရောက်သွားသောကြောင့်ပင်။
"နောက်ဆက်တွဲပုံရိပ်လား။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။" မာဖန်းသည် မှင်သက်သွားပြီး၊ သူ့မျက်နှာတွင် အံ့သြသည့်အမူအရာ ပေါ်လာသည်။
"ဟား...၊ ဟား...၊ အရူးကောင်, ငါဒီမှာလေ။ မင်း ဘယ်မှာရှာနေတာလဲ။ မင်းမျက်လုံး အမြင်က မကောင်းဘူးလို့ မပြောနဲ့နော်" ထိုအချိန်တွင် ရှောင်ကျင်း၏ မကောင်းဆိုးဝါး အသံက မာဖန်း၏ဘယ်ဘက်တွင် ထွက်ပေါ်လာသည်။
မာဖန်းသည် ရုတ်တရက် လှည့်ကြည့်လိုက်တော့ ရှောင်ကျင်း၏ ရုပ်အသွင်သည် သူနှင့် မီတာတစ်ရာအကွာအဝေးတွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။
"ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" မာဖန်းက အံ့အားသင့်သော အမူအရာကို ထုတ်ဖော် လိုက်သည်။ အစောပိုင်းက သူသည် သူ့အနီးနားရှိ လေဟာနယ်အတွင်းမှာ စွမ်းအင်အတက်အကျလှိုင်း အနည်းငယ်မျှကိုပင် ရှင်းလင်းစွာ မခံစားနိုင်ခဲ့ပေ။ သူ့ရှေ့က လူငယ်သည် မည်မျှ မြန်ဆန်နေပါစေ, သူ စုံးစမ်းနိုင်စွမ်းမရှိသည့်အထိ မြန်ဆန်ဖို့က မဖြစ်နိုင်ပေ။
"ဟမ့်၊ မင်းက ငါ့ရဲ့အမြန်နှုန်းကို လိုက်မမီနိုင်တော့ဘူး။ မင်းရဲ့တုံ့ပြန်မှုက အရမ်းနှေးလွန်း တယ်။ ဒါတောင်, မင်းက ငါ့ကို သေတဲ့အထိ ချေမွပစ်မယ်လို့ ပြောရဲသေးတယ်။ တကယ်ကို ဟာသတစ်ခု သက်သက်ပဲ" ရှောင်ကျင်းက အေးစက်စွာ ပြောလိုက်ပြီး၊ သူ့မျက်လုံးများက ကျီစားမူနှင့်အတူ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။
မာဖန်း၏နဖူးပေါ်ရှိ သွေးကြောများသည် ဒေါသကြောင့် ပြူးထွက်လာသည်။ သူသည် အရင်က ယခုလို အရှက်တကွဲအဖြစ်မျိုး မကြုံဖူးပါဘူး။ ရှောင်ကျင်းက သူ့ကို ယခုလို လှောင်ပြောင်ရန် သတ္တိရှိနေသည်။ ယင်းကြောင့် သူ့သတ်ဖြတ်လိုစိတ်က အထွတ်အထိပ် သို့ ရောက်ရှိသွားခဲ့သည်။
"မာဖန်း၊ သူက မင်းကို လှည့်စားနေတာ။ သူက ဒီလောက် မမြန်ဘူး။ သူက မင်းကို ခဏလောက် အမြင်မှားသွားအောင် လှည့်စားတဲ့နည်းကို အသုံးပြုလိုက်တာ။ အဲဒါကြောင့် မင်းက သူ့ရဲ့လှုပ်ရှားမှုတွေကို သတိမထားလိုက်မိဘူး။" မာကျိ၏အသံသည် ထပ်၍ ထွက်ပေါ်လာပြန်သည်။
ထိုစကားကိုကြားတော့ မာဖန်းသည် သူ့အလှည့်စားခံရသည်ကို ချက်ချင်း သဘောပေါက် သွားပြီး၊ ရှောင်ကျင်းကိုကြည့်နေသည့် သူ့အကြည့်တွေက ပြင်းထန်သည့် သတ်ချင်စိတ် များဖြင့် ပြည့်နှက်နေခဲ့သည်။
ရှောင်ကျင်းသည် အရူးတစ်ယောက်ကပင် အခုလို လိမ်ညာလှည့်ဖြားနိုင်သည်ဟု ပြောနေသည့်အလား လှောင်ပြောင်သော အမူအရာဖြင့် မာဖန်းကို ကြည့်နေသည်။
ထိုမြင်ကွင်းကို မြင်တော့ မာဖန်းသည် ဒေါသအရမ်းထွက်ပြီး ပို၍ပင် ပေါက်ကွဲလာခဲ့သည်။ "ဒီနေ့ မင်းကို ငါမသတ်နိုင်ရင်, လူမဟုတ်တော့ဘူးလို့ ငါ ကျိန်ဆိုတယ်" အရူးအမူး ဟစ်အော်လိုက်သည်။
ထိုသို့ပြောပြီးနောက်, သူသည် ရှောင်ကျင်းဆီသို့ အရူးအမူး ပြေးသွားတော့သည်။