← Chapters

အခန်း ၁၅၈၄

Vol. 106 Ch. 1584

အခန်း ၁၅၈၄

Vol. 106 Ch. 1584

အခန်း (၁၅၈၄) ကြွေကွဲဝမ်းနည်းဖွယ်။

မာဖန်းသည် ရှောင်ကျင်းကို အရူးအမူး တိုက်ခိုက်ခိုက်နေချိန်မှာ, ရှောင်ကျင်းသည်လည်း မာဖန်း၏တိုက်ခိုက်မှုများကို ရှောင်တိမ်းနေခဲ့သည်။

သူသည် အင်မော်တယ်စိန်မျောက်ဝံ၏ နတ်ဘုရားသားရဲသွေးမျိုးဆက်ကို ပိုင်ဆိုင်ထား သည်။ ယခု သူသည် နတ်ဘုရားကမ္ဘာထဲသို့ ဝင်ရောက်လာသောအခါတွင်၊ သူ့ခန္ဓာကိုယ်ရှိ သွေးမျိုးဆက်သည် နတ်ဘုရားသားရဲအဆင့်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားပြီး၊ သူ့ခန္ဓာကိုယ်ရှိ သွေးမျိုးဆက်သည် လုံးလုံးလျားလျား အသက်ဝင်သွားပြီ ဖြစ်သည်။

အင်မော်တယ်စိန်မျောက်ဝံ၏ စွမ်းအားသည် ၎င်း၏အမြန်နှုန်းနှင့် ခုခံမှုတို့တွင် အထူးအစွမ်းထက်ကြောင့် မာဖန်း၏တိုက်ခိုက်မှုသည် သူ့ကို ဒဏ်ရာရစေရန် မဖြစ်နိုင်သ လောက်ပင်။ ဤအရာက မာဖန်းကို ဒေါသအမျက် ထွက်စေခဲ့သည်။

မာဖန်းသည် ဒေါသပေါက်ကွဲနေခဲ့ပြီ။ သူ့ရှေ့မှ လူငယ်သည် ဆက်တိုက် ရှောင်တိမ်းနေပြီး ထိပ်တိုက်ရင်မဆိုင်ရဲသောကြောင့် သူ့တိုက်ခိုက်မှုအားလုံးနီးပါး မအောင်မမြင် ဖြစ်နေရ သည်။ ဤအရာက သူ့ကို တိုင်မှာချည်ပြီး လက်သီးဖြင့် အစွမ်းကုန် ထိုးနှက်နေသလို ခံစားလာရသည်။ သူ့စိတ်တွေက တဆတ်ဆတ်တုန်လာကာ ပူလောင်လာသည်။

ရှောင်ကျင်းက လှောင်ပြောင်သံဖြင့် အတောမသတ်ဘဲ ရယ်မောနေသည်။ သူ၏ လက်ရှိ ရည်မှန်းချက်မှာ ရှောင်ဘိုင်အတွက် အချိန်ဆွဲရန်ဖြစ်သည်။ ရှောင်ဘိုင်သည် အရေးကြီး သောအခိုက်တန့်သို့ ရောက်ရှိနေပြီဟု သူသိသောကြောင့် ဖြစ်သည်။ အမှားယွင်းများ အတွက် လုံးဝ နေရာလွတ် ရှိ၍မရပေ။ ရှောင်ဘိုင် အဆင့်မဖြတ်ကျော်နိုင်သေးသရွေ့ သူတို့သည် အန္တရာယ် ကြီးကြီး မားမားနှင့် ရင်ဆိုင်ရလိမ့်မည်။

ဟုတ်ပါသည်, ရှောင်ကျင်းသည် မာဖန်းကို ထိပ်တိုက် ရင်မဆိုင်ရသည့် အခြားအကြောင်း ရင်းတစ်ခု ရှိပါသေးသည်။ ရှောင်ကျင်းကိုယ်တိုင်က မာဖန်းကို အနိုင်မယူနိုင်ပေ။ အဆုံးတွင်, မာဖန်းသည် ကျော်ကြားသော နှောင်းပိုင်း ကြယ်နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ဦးအဖြစ် သတ်မှတ်၍ရပါသည်။ ရှောင်ကျင်းသည် မည်မျှပင် အစွမ်းထက်နေပါစေ, သူ့နယ်ပယ်သည် အစောပိုင်း ကြယ်နတ်ဘုရားအဆင့်တွင်သာ ရှိနေပါသေးသည်။

"ခေါင်းမဖော်ရဲတဲ့လိပ်မျိုး၊ မင်း ငါ့ကို ထိပ်တိုက် မတိုက်ဝံ့ဘူးလား။ ဒီနေ့ မင်းကို ငါ သေချာပေါက် သတ်ပစ်မယ်" ရှောင်ကျင်းကို အရူးအမူး ဆက်လက် တိုက်ခိုက်နေရင်း, မာဖန်း၏ မျက်လုံးများက နီရဲနေခဲ့သည်။

နောက်ထပ် ကျယ်လောင်သော အသံတစ်ခုက ရေကန်၏ မျက်နှာပြင်ပေါ်တွင် ထွက်ပေါ်လာသည်။ ရေကန်တစ်ခုလုံးသည် မွန်းစတားတစ်ကောင်ကြောင့် မုန်တိုင်း တိုက်ခတ်သွားသည့်အလား ဆက်လက် လှုပ်ခါသွားခဲ့သည်။

သို့သော်လည်း ရှောင်ကျင်းသည် မာဖန်းကို ထိပ်တိုက်ရင်မဆိုင်ဘဲ ရှောင်တိမ်းရန် အင်မော်တယ်စိန်မျောက်ဝံ၏ လှုပ်ရှားမှုနည်းပညာကို အားကိုးနေပါသည်။ သူ အခွင့်ရေး ရသည်နှင့်, သူသည် မာဖန်းကို မနှစ်မြို့စရာအမူအရာဖြင့် ရံဖန်ရံခါ လှောင်ပြောင်လိုက် သေးသည်။

မာဖန်းသည် ရှောင်ကျင်း၏ လုပ်ရပ်အတွက် အလွန်ဒေါသထွက်နေခဲ့ပြီး လုံးလုံးနီးပါး ရူးသွပ်သွားခဲ့သည်။ သူ ထိုကဲ့သို့ ပြုမူလေ၊ ဆင်ခြင်တုံတရား ပျောက်ဆုံးလေဖြစ်ပြီး, ရှောင်ကျင်းကို အသည်းအသန် လိုက်လံတိုက်ခိုက်လေဖြစ်သည်။

သို့သော် မာဖန်းသည် စိတ်လွတ်သွားသော်လည်း အဝေးမှကြည့်နေသော မာကျိသည် တဖြည်းဖြည်း မျက်မှောင်ကြုတ်သွားသည်။

သူသည် အနည်းငယ် အရပ်ပုသော်လည်း သူ့အရည်အချင်းနှင့် ဉာဏ်ရည်ရည်သွေးသည် မာဖန်းထက် သာလွန်နေသဖြင့် ရှောင်ကျင်း၏ လုပ်ရပ်များက သူ့သံသယစိတ်ကို တဖြည်းဖြည်း နိုးကြားလာစေခဲ့သည်။

မာကျိသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး အဝေးမှ ရှောင်ဘိုင်နှင့် ဖန်ယွမ်ရှန် တို့ကို တိုက်ရိုက် ကြည့်လိုက်သည်။ အတိအကျပြောရလျှင် ရှောင်ဘိုင် ဖြစ်သည်။

မာကျိ၏ မျက်လုံးများသည် ခရမ်းရောင် နတ်ဘုရားအလင်းများဖြင့် လင်းလက်သွားသည်။ ထို့နောက် သူ့မျက်လုံးထဲသို့ ထူးဆန်းသော စွမ်းအင်အလွှာတစ်ခု ပေါ်လာသည်။ ထို့နောက် တုန်လှုပ်ချောက်ချားစေသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။

"ကောင်းကင်မျိုးစပါးအုံးမြွေ၊ တကယ်ကို ကောင်းကင်မျိုးစပါးအုံးမြွေပဲ၊ နောက်ပြီး၊ သူ့ရဲ့ အငွေ့အသက်က ပိုပိုပြီး အားကောင်းလာတယ်။ သူ နတ်ဘုရားကျောက်စိမ်းဖီးနစ်မြက်ကို မျိုချပြီးပြီများ ဖြစ်နိုင်မလား” ရှောင်ဘိုင်၏ ခန္ဓာကိုယ် ပြောင်းလဲမှုများ၏ အကြောင်းရင်း ကို မာကျိက ချက်ခြင်း ခန့်မှန်းလိုက်ပြီး သူ့မျက်နှာတွင် အမျက်ဒေါသက ပြင်းထန်စွာ ထွက်ပေါ်လာသည်။

သူတို့ညီအစ်ကိုနှစ်ယောက်သည် ရှောင်ကျင်းကို မည်သည့်အတွက် လိုက်ရှာနေကြ သနည်း။ ဒီနတ်ဘုရားဆေးပင်ကြောင့် မဟုတ်ဘူးလား။ ယခု၊ ဤနတ်ဘုရားဆေးကို ဤ ကောင်းကင်မျိုးစပါးအုံးမြွေက စားပြီးသွားပြီ။ သူတို့သည် အခုချိန်ထိ အမှောင်ထဲတွင် ရှိနေဆဲ ဖြစ်သည်။ သူ မည်သို့ ဒေါသမထွက်ဘဲ နေမည်နည်း။

"လခွမ်း..၊ မာဖန်း၊ တိုက်ခိုက်မနေနဲ့တော့၊ ဒီနတ်ဘုရားဆေးပင်ကို ဟိုကောင် စားပြီးသွား ပြီ။ အခုလောလောဆယ် သူ သန့်စင်နေတုန်းပဲ။ အဆင့်ဖြတ်ကျော်ဖို့ ကြိုးစားနေတာ" မာကျိက မာဖန်းကို အော်ပြောလိုက်သည်။ သူပြောပြီးသည်နှင့် သူသည် သန့်စင်ရန် အရေးကြီးသော အခိုက်အတန့်တွင် ရှိနေသော ရှောင်ဘိုင်ကို စိုက်ကြည့်နေသည်။ နှောင်ကြိုးမဲ့ သတ်ဖြတ်လိုစိတ်က သူ့မျက်လုံးထဲတွင် ပျံ့နှံ့လာခဲ့သည်။

"ဘာ?" ရူးသွပ်နေသော မာဖန်းသည် သူ့အစ်ကို၏ အော်ဟစ်သံကြောင့် ရုတ်တရက် နိုးထလာသည်။ သူက ရှောင်ဘိုင်ကို အံ့သြသည့်အမူအရာဖြင့် အဝေးကနေ ကြည့်လိုက် သည်။

"ဒီနတ်ဘုရားဆေးက အရမ်းအစွမ်းထက်တယ်။ သူ ဘယ်လိုလုပ် မျိုချနိုင်မှာလဲ။ ရှောင်ဘိုင်၏ အငွေ့အသက်များ မသိမသာ တိုးများလာနေသည်ကို မာဖန်းလည်း ခံစားလိုက်ရပြီး သူ့စိတ်ထဲတွင် သံသယများ တိုးလာကာ သူ့မျက်နှာပေါ်တွင် အံ့အားသင့် နေသည့် အမူအရာ ပေါ်လာသည်။

"ဒီကောင်ရဲ့ အဓိကခန္ဓာကိုယ်က နတ်ဘုရားသားရဲတစ်ကောင်ပဲ။ နတ်သားရဲတွေကြားမှာ တောင် ကောင်းကင်မျိုးစပါးအုံးမြွေလည်း ဖြစ်နေတယ်။ အစွမ်းထက်တဲ့ ဝါးမျိုးခြင်း စွမ်းရည် ရှိတယ်။ ဒါကြောင့် ငါတို့အားလုံး လှည့်စားခံလိုက်ရပြီ။" မာကျိက မှိုင်းညို့နေ သည့် မျက်နှာထားဖြင့် ပြောလိုက်ပြီး သူ့အမူအရာက လွန်စွာမှ အုံ့မှိုင်းနေသည်။

အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးက သူ့ကို လှည့်ဖြားခဲ့ပြီး၊ ယင်းက သူ့ဒေါသကို ထိန်းမနိုင်သိမ်းမရ ဖြစ်စေခဲ့သည်။

"လခွမ်း.." မာဖန်းကလည်း ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး၊ အဝေးက ရှောင်ကျင်းကို ပြင်းပြင်းထန်ထန် စိုက်ကြည့်သည်။ သူ့နှလုံးသားထဲတွင် သတ်ပစ်ချင်စိတ်က ပို၍ပင် ပြင်းထန်လာသော်လည်း ယခုအခါ, သူသည် အရင်ကထက် ပိုတည်ငြိမ်လာပါပြီ။

သူ့အစ်ကိုသည် မျက်လုံးပညာရပ်တစ်မျိုးကို လေ့ကျင့်ထားပြီး အရာအားလုံး၏ အရင်းမြစ် ကို သိမြင်နိုင်သည့်အတွက် သူ့အစ်ကိုပြောခဲ့သည့် စကားတွေက အမှား မဖြစ်နိုင်ပါဘူး။

ရှောင်ကျင်းလည်း ထိုအချိန်မှာ ရပ်တန့်သွားပြီး သူ့နှလုံးသားထဲမှာ ကျိတ်၍ သက်ပြင်း ချလိုက်ပါသည်။ ရှောင်ဘိုင်သည် လက်ရှိအချိန်တွင် သူ့အဆင့်ချိုးဖြတ်မှုအတွက် အရေးကြီးသည့်အဆင့်မှာ ရှိနေခဲ့သည်။ ထို့ကြောင့် သူသည် လုံးဝ အနှောင့်အယှက်ဖြစ်ခံ၍ မရပေ။ သို့သော် ယခုတော့ သူကိုယ်တိုင် မတားနိုင်တော့ပေ။

"မာဖန်း၊ အဲဒီအဖြူကောင်ကို အရင်တိုက်ခိုက်ကြရအောင်။ သူက အခုမှ အဆင့်ဖြတ်ကျော် ဖို့ ကြိုးစားနေတာ။ အဆင့်ဖြတ်ကျော်ပြီးတာနဲ့ သူက တော်တော်ကို ခက်ခဲတဲ့ ပြိုင်ဘက် တစ်ယောက် ဖြစ်လာလိမ့်မယ်။ ဒါကြောင့် ငါတို့ သူ့ကို အရင်သတ်လိုက်ရအောင်။" မာကျိက မာဖန်းကို အမြန်ပြောလိုက်သည်။ ထိုစကားကို ပြောပြီးနောက် သူသည် နောက်ဆက်တွဲပုံရိပ်အဖြစ်သို့ ပြောင်းလဲကာ ရှောင်ဘိုင်ဆီသို့ ပြေးသွားခဲ့သည်။

"ကောင်းပြီ"

မာဖန်းလည်း ခေါင်းညိတ်လိုက်ပြီး ရှောင်ဘိုင်ကို တိုက်ရိုက် တိုက်ခိုက်သည်။

သူ့ရှေ့ရှိ ရှောင်ကျင်းသည် အစောပိုင်း ကြယ်နတ်ဘုရားအဆင့်တွင်ရှိနေပြီး နှောင်းပိုင်း ကြယ်နတ်ဘုရားအဆင့်နှင့် နီးစပ်သော စွမ်းအားရှိသည်။ ဤအဖြူရောင်ဝတ် လူငယ်သည် လည်း ကိုင်တွယ်ရန် မလွယ်ကူမည်မှာ သေချာသည်။ ထို့ကြောင့် သူ့ကို အဆင့်ဖြတ်ကျော် ရန် ခွင့်မပြုနိုင်ပေ။

ထို့ကြောင့် သူတို့ညီအစ်ကိုနှစ်ယောက်သည် ရှောင်ဘိုင်ဆီသို့ ပြေးသွားပြီး သူ့ကို လုံးဝ သတ်ပစ်ချင်ပုံရသည်။

"ငါတို့ သူတို့ကို ရှောင်ဘိုင်ကို လုံးဝ နှောင့်ယှက်ခွင့် မပြုနိုင်ဘူး။ မဟုတ်ရင် ပြီးဆုံးသွားလိမ့် မယ်" ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ရှောင်ကျင်း၏ မျက်လုံးတွေမှ ပြင်းထန်သည့် ရွှေရောင်အလင်းတန်းတွေ တောက်ပလာခဲ့သည်။ ထို့နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် သူ့မူလအခြေအနေသို့ ရောက်ရှိသွားပြီး လူသားအသွင်မှ အင်မော်တယ်စိန်မျောက်ဝံ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့နောက် သူသည် ရှောင်ဘိုင်၏ ဦးတည်ရာဆီသို့ ပျံသန်းသွားကာ မာညီအစ်ကိုတို့ ရှောင်ဘိုင်၏ အဆင့်ဖြတ်ကျော်မှုကို မနှောင့်ယှက်နိုင်ခင် မာညီအစ်ကိုကို တားဆီးချင်နေသည်။

ထိုမြင်ကွင်းကို မြင်တော့ ရှောင်ဘိုင်ဆီသို့ အပြေးအလွှား ပြေးသွားနေသော မာကျိသည် ချက်ချင်း ရယ်မောလိုက်ပါသည်။ ထို့နောက် သူ့ခြေဖဝါးကို အနည်းငယ် ရွေ့လျားကာ ပြန်လှည့်ပြီး ရှောင်ကျင်းကို တိုက်ခိုက်သည်။

ရှောင်ကျင်းက အရူးအမူး ပြေးနေခဲ့သည်။ မာကျိ၏ပုံရိပ်ကိုပင် သူ သတိမထားမိပေ။ ထို့အပြင် မာကျိ၏ ကျင့်ကြံမှုသည် ရှောင်ကျင်းထက် များစွာ မြင့်မားသည်။ ထို့ကြောင့် ရှောင်ကျင်း မတုံ့ပြန်မီ မာကျိ၏လက်သီးသည် သူ့ရင်ဘတ်ကို ထိမှန်သွားသည်။

“မဟုတ်ဘူး…”

ရှောင်ကျင်းသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး၊ သူသည် သူ့အောက်က ရေကန်ထဲကို ကျဆင်းသွားသည်။

မာဂျီ၏လက်သီးချက်သည် အံ့ဩလောက်အောင် ပြင်းထန်သည်ဟု ဆိုနိုင်သည်။ ရှောင်ကျင်းသည် အင်မော်တယ်စိန်မျောက်ဝံတစ်ကောင်ဖြစ်ပြီး၊ သူ့ခန္ဓာကိုယ်တွင် မွေးရာပါ စွမ်းရည် ရှိနေခြင်းကြောင့်သာ မဟုတ်ပါက, ထိုလက်သီးချက်က သူ့ကို လုံးဝ ချေမှုန်းပစ်ရန် လုံလောက်ပါသည်။ ထိုသို့ဖြစ်လျှင်ပင်, သူ့နတ်ဘုရားခန္ဓာကိုယ်သည် ထိုလက်သီးချက်ကြောင့် ပျက်စီးသွားဆဲပင်။ သူ့တစ်ကိုယ်လုံး ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့သည်။

ရှောင်ကျင်း၏ နှလုံးသားသည် မလိုလားအပ်သော ဆန္ဒများဖြင့် ပြည့်နှက်နေသော်လည်း လက်ရှိတွင် သူသည် နတ်ဘုရားတန်ခိုးစွမ်းအား တစ်စွန်းတစ်ကိုသာ စုစည်းနိုင်သေးသည်။ သူသည် အလွန်မင်း နာကျင်နေသည်။ ရှောင်ဘိုင် ဒဏ်ရာမရအောင် တားဆီးဖို့က အလွန်မင်း ခက်ခဲသည်ဟု ဆိုနိုင်ပါသည်။

"မဟုတ်ဘူး၊ မင်းတို့ အဖြူကောင်အိုကို ထိခိုက်စေချင်ရင် ငါ့ခန္ဓာကိုယ်ကို အရင်ဆုံး နင်းသွားမှရမယ်။" ရှောင်ကျင်းက အရူးအမူး အော်လိုက်သည်။ ထို့နောက်တွင် ပြင်းထန် သောဒေါသတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး သူ့တစ်ကိုယ်လုံး ချက်ချင်းဆိုသလို ရေထဲမှ ပျံထွက်သွားလေသည်။

ရှောင်ကျင်းသည် ရေထဲမှ အပြေးအလွှား ပြေးထွက်လာသည့်အခိုက်, သူ့နှလုံးသားက ဒေါသကြောင့် တဟုန်ထိုး ခုန်တက်သွားသည့် မြင်ကွင်းတစ်ခုကို သူ မြင်တွေ့လိုက်ရပါ သည်။

ဖန်ယွမ်ရှန်သည် ရှောင်ဘိုင်ရှေ့မှာ ရပ်နေပြီး မာဖန်း၏လက်သီးက ဖန်ယွမ်ရှန်၏ ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်နေသည့် မြင်ကွင်းဖြစ်သည်။ သို့သော်လည်း ဖန်ယွမ်ရှန် သည် မာဖန်း၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး နောက်ပြန် ဆွဲထုတ်ခွင့် မပြုခဲ့ပေ။

All Chapters