← Chapters

အခန်း ၁၅၈၅

Vol. 106 Ch. 1585

အခန်း ၁၅၈၅

Vol. 106 Ch. 1585

အခန်း (၁၅၈၅) ရှောင်ကျင်း၏ ဒေါသ

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ရှောင်ကျင်း၏ မျက်လုံးတွေက မယုံနိုင်စွာ ပြူးကျယ်သွား သည်။

ဖန်ယွမ်ရှန်သည် ရှောင်ဘိုင်ကို ကယ်တင်ရန်အတွက် မာဖန်း၏တိုက်ခိုက်မှုကို တွန်းလှန် ရန် အမှန်တကယ် ရွေးချယ်ခဲ့သည်။ ဤအရာက ရှောင်ကျင်း တခါမှ မမျှော်လင့်ထားသည့် အရာဖြစ်သည်။

ဖန်ယွမ်ရှန်သည် လွန်ခဲ့သည့် နှစ်ရက်အတွင်း သူတို့နှင့် ကောင်းမွန်စွာ ဆက်ဆံခဲ့သော်ငြား လည်း သူတို့သည် ရှင်ခြင်းသေခြင်းဖြင့် အနစ်နာခံလောက်သည့် အဆင့်သို့ မရောက်သေး ပေ။ သို့သော် ဖန်ယွမ်ရှန်၏ လုပ်ရပ်များက ရှောင်ကျင်းကို အတောမသတ် လှုပ်ရှားစေခဲ့ သည်။

ထိုအချိန်တွင် ဖန်ယွမ်ရှန်သည် မာဖန်း၏လက်နှစ်ဘက်လုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ထား ပြီး၊ သူ့လက်ကို နောက်ပြန် ဆွဲထုတ်ခွင့်မပြုပေ။ သူ့ပါးစပ်ထောင့်မှ သွေးများက ဆက်တိုက် စီးကျနေသည်။

မာဖန်း၏ လက်သီးတွင် ပြင်းထန်သော စွမ်းအားများ ပါရှိသည်။ ၎င်းသည် သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ထားရုံသာမက၊ သူ့နတ်ဘုရားခန္ဓာကိုယ်၏ တစ်ဝက်ကျော်ကိုလည်း ဖျက်ဆီးခဲ့ သည်။ အခုအချိန်မှာတော့ ဖန်ယွမ်ရှန်သည် ဒဏ်ရာအပြင်းအထန် ရနေပြီဟု ပြောလို့ရပါ သည်။

သို့သော် ဖန်ယွမ်ရှန်သည် သူ သေသွားလျှင်ပင် လက်ကို လွှတ်ပေးရန် ငြင်းဆန်နေခဲ့သည်။ ဖျော့တော့သော အပြုံးတစ်ခုက သူ့ပါးစပ်ထောင့်စွန်းတွင် ခိုတွဲထားဆဲပင်။

"မင်း ရူးနေလား မြန်မြန်လွှတ်လေ။ သူ မင်းကို သတ်လိမ့်မယ်" ရှောင်ကျင်းက အရူးအမူး အော်ပြောသည်။ ဖန်ယွမ်ရှန်သည် ရှောင်ဘိုင်ကို ကယ်တင်ရန်အတွက် ထိုကဲ့သို့ အဆင့်မျိုး ထိ လုပ်ဆောင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ခဲ့ပေ။

"မင်းတို့က ငါ့အသက်ကို ကယ်ခဲ့တာ။ တကယ်လို့, မင်းတို့သာ ငါ့ကို အကာကွယ် မပေးခဲ့ဘူးဆိုရင် ငါ သေတာ ကြာလှပြီ။ အခုအချိန်က မင်းတို့ကို ပြန်ပေးဆပ်ဖို့ အချိန် ရောက်ပြီ..." ဖန်ယွမ်ရှန်က သူ့မျက်လုံးတွေကို နောင်တမရဘဲ ရှိုက်ကြီးတငင် ပြုံးလိုက် သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ရှောင်ကျင်း၏ စိတ်နှလုံးက ဝမ်းနည်းပူဆွေးမှုကို ပြင်းပြင်းထန်ထန် ခံစားရပြီး ချက်ချင်းဆိုသလို ခုန်ပေါက်သွားခဲ့ပါသည်။ ဖန်ယွမ်ရှန်၏ စကားများက လေးလံသောတူဖြင့် ရိုက်နှက်လိုက်သည့်အလား သူ့စိတ်နှလုံးကို တုန်လှုပ် သွားစေခဲ့သည်။

ဖန်ယွမ်ရှန်၏ နောက်တွင် လွင့်မျောနေသော ရှောင်ဘိုင်ပင်လျှင် တင်းတင်းစေ့ထားသော သူ့မျက်လုံးများကို အနည်းငယ်မျှ မလှုပ်ရှားဘဲ မနေနိုင်ခဲ့ပေ။ သူသည် မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်၊ သူသည် လက်ရှိတွင် သူ့အဆင့်ဖြတ်ကျော်မှု၏ အရေးကြီးသော အဆင့်တွင် ရှိနေခဲ့ပြီး၊ အနှောင့်အယှက် ဖြစ်ခံ၍မရပေ။ ထိုသို့မဟုတ် လျှင်, သူသည် အဆင့်ဖြတ်ကျော်နိုင်မှာ မဟုတ်သလို, ပြင်းထန်သည့် တန်ပြန်သက်ရောက် မူကြောင့် သူကိုယ်တိုင်လည်း ဒဏ်ရာရသွားလိမ့်မည်။ ထိုအချိန်တွင် သူတို့သည် လုံးဝ အဆုံးသတ်သွားပေလိမ့်မည်။

"ဟမ့်၊ မင်းက သေချင်နေမှတော့, မင်းရဲ့ဆန္ဒကို ငါ ဖြည့်ပေးမယ်။" မာဖန်းက အေးစက်စွာ ဟစ်အော်လိုက်သည်။ အရင်က သူသည် ရှောင်ကျင်းနှင့် ကစားစဉ်း, သူ့စိတ်နှလုံးက မွန်းကြပ်နေခဲ့သည်။ ယခုတော့ ထိုကဲ့သို့ အသိဥာဏ်မဲ့သည့် အကောင်တစ်ကောင်က သူတို့၏လမ်းကြောင်းကို ပိတ်ဆို့ရန် ရဲရဲဝံ့ဝံ့ လျှောက်လှမ်းခဲ့သည်။ ဤအရာက သူ့စိတ်ထဲ က ဒေါသတွေကို ချက်ချင်း ပေါက်ကွဲသွားစေသည်။

"ငရဲကိုသွားလိုက်တော့"

မာဖန်းက ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး၊ ကျန်လက်တစ်ဖက်က အနှိုင်းမဲ့ ပြင်းထန် သော မီးတောက်တစ်ခုနှင့် ပေါက်ကွဲသွားခဲ့သည်။ ထို့နောက် ထိုမီးတောက်သည် ဖန်းယွမ်ရှန်၏ ဦးခေါင်းဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

"ရပ်" ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ရှောင်ကျင်းသည် ချက်ချင်း ရူးသွပ်သွားခဲ့သည်။ ထို့နောက် သူသည် အဝေးမှ ဖန်ယွမ်ရှန်ကို ကယ်တင်လိုစိတ်ဖြင့် မာဖန်းဆီသို့ အပြေး အလွှား ပြေးသွားလိုက်သည်။

"ကိုယ့်ကိုယ်ကို အရင် ဂရုစိုက်စမ်းပါ။" သို့သော်လည်း ရှောင်ကျင်း မထွက်နိုင်ခင်မှာ မာကျိ၏ပုံရိပ်က ရှောင်ကျင်း၏ ရှေ့မှာ တစ်ဖန် ပြန်ပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ် လျှပ်စီးစွမ်းအားဖြင့် လက်သီးသည် ရှောင်ကျင်း၏ ရင်ဘတ်ထဲသို့ တစ်ဖန် ထိုးဖောက် ဝင်ရောက်သွားသည်။

"ဖူး...”

ရှောင်ကျင်းသည် သူ့ပါးစပ်မှ သွေးများ အန်ထွက်လာပြီး သူ့ရင်ဘတ်သည် မည်းနက်သွား ကာ သူ့တစ်ကိုယ်လုံး ပြင်းထန်စွာ နောက်သို့ လွင့်ပျံသွားခဲ့သည်။

သူ နောက်သို့ လွင့်ပျံသွားစဉ် ရှောင်ကျင်း၏ အကြည့်များသည် အဝေးမှ ဖန်ယွမ်ရှန်ဆီသို့ ရောက်သွားခဲ့သည်။

ဖန်ယွမ်ရှန်သည် သနားစဖွယ် ပြုံးနေသော်လည်း သူ့မျက်လုံးတွေက တင်းမာနေသည်။ သူသည် မာဖန်း၏ လက်သီးချက်ကို ရှောင်တိမ်းရန် ရည်ရွယ်ချက်မရှိပေ။ သူ့ခေါင်းသည် ပြင်းထန်စွာ ရိုက်ခွဲခံလိုက်ရသည်။

"ဘုန်း.."

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မာဖန်း၏ လက်သီးသည် ဖန်ယွမ်ရှန်၏ ဦးခေါင်း ကို ထိမှန်သွားခဲ့ပြီး သူ့ခေါင်းတစ်ခုလုံး ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့သည်။ ထိုလက်သီး အတွင်းပါရှိသော ကြောက်မက်ဖွယ် မီးတောက်များကြောင့် သူ့နတ်ဘုရားစိတ်ဝိညာဉ်ပင် လုံးလုံးလျားလျား လောင်ကျွမ်းသွားခဲ့သည်။

"မဟုတ်ဘူး" ထိုမြင်ကွင်းကိုမြင်တော့ ရှောင်ကျင်းသည် ဒေါသူပုန်ထကာ ဟစ်အော်လိုက် သည်။ သို့သော် ထိုဟစ်အော်သံတွင် အားကိုးရာမဲ့သည့် ပြင်းထန်သော ခံစားချက်တစ်ခု လည်း ပါဝင်နေသည်။

"ဟား…၊ ဟား…, သူက အမှိုက်တစ်စသာသာပဲ ရှိတာပါ။ လူတွေကို ဘယ်လို ကယ်တင်ရ မလဲဆိုတာ လေ့လာသင်ယူဖို့ ကြိုးစားနေသေးတယ်။ ဒါက သေခြင်းတရားကို တောင်းဆို နေတာပဲ" မာဖန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့အသံက မောက်မာမူ အပြည့်ရှိနေသည်။

အစောပိုင်းက သူ့နှလုံးသားထဲမှာ ဆုပ်ကိုင်သလို ခံစားနေရသည့် စူးစူးရှရှ အသက်ရှုသံက လည်း ထိုလက်သီးကြောင့် တော်တော်လေး ပျောက်ကွယ်သွားခဲ့သည်။

သို့သော် အဝေးမှ ရှောင်ကျင်းသည် သူ့သွားများကို တင်းတင်းကြိတ်ကာ မျက်လုံးများက အလွန်မင်း အုံ့မှိုင်းလာခဲ့သည်။

"ခွင့်မလွှတ်နိုင်ဘူး။ မင်း ဒီနေ့ သေကိုသေရမယ်" ရှောင်ကျင်းက အရူးအမူး ဟစ်အော် လိုက်သည်။ ထို့နောက် သူ့တစ်ကိုယ်လုံး လုံးဝ ရူးသွပ်သော အနေအထားသို့ ရောက်ရှိသွား သည်။ ရွှေရောင်မုန်တိုင်းတစ်ခုက သူ့ခန္ဓာကိုယ်အနှံ့ တဖျပ်ဖျပ် လင်းလက်နေပြီး၊ ပြောင်းလဲသွားသော သူ့ခန္ဓာကိုယ်က အမှန်တကယ်ပင် လေထဲတွင် ပြင်းပြင်းထန်ထန် ရပ်တန့်သွားသည်။

သူ့ခြေရင်းအောက်ရှိ ရေကန်၏မျက်နှာပြင်သည် အလွန်လျင်မြန်သော အရှိန်ဖြင့် လှည့်ပတ်နေကာ ကြီးမားသော ရေဝဲကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"အား...."

ရှောင်ကျင်းသည် ဟစ်အော်လိုက်ပြီး သူ၏ ပြင်းထန်သော အစွယ်တွေကို ထုတ်ဖော်လိုက် သည်။ သူ့ရွှေရောင်မျက်လုံးတစ်စုံက အဝေးမှ မာဖန်းကို စိုက်ကြည့်နေပြီး အလွန်မင်း ကြောက်စရာကောင်းသည့် သတ်ဖြတ်လိုသည့်ဆန္ဒကို ထုတ်ဖော်လိုက်သည်။

မာဖန်း၏နှလုံးသည် တုန်လှုပ်သွားခဲ့သည်။ အကြောင်းပြချက်အချို့ကြောင့် ရှောင်ကျင်း၏ အကြည့်တွေက သူ့ကို သူ့နှလုံးသားအောက်ခြေအထိ ကြောက်ရွံ့သွားစေ သည်။ သို့သော် နောက်အခိုက်အတန့်တွင် သူ့အသည်းနှင့် သည်းခြေကို ကွဲသွားစေသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ဆယ်မိုင်အကွာတွင် ရှိနေသော ရှောင်ကျင်းသည် သူ့ရှေ့တွင် ချက်ချင်း ပေါ်လာပြီး သူ့ဆီသို့ ပြင်းထန်စွာ ပြေးသွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်အလင်း တန်းတစ်ခုက သူ့ခြေသည်းများပေါ်တွင် လင်းလက်သွားပြီး၊ ၎င်းတွင် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ ပါရှိသည်။

မာဖန်းသည် လုံးဝ မှင်သက်သွားသည်။ ရှောင်ကျင်း၏ ရုတ်တရက် အရှိန်အဟုန်ကြောင့် သူ မှင်သက်သွားရသည်။ နောက်အခိုက်အတန့်တွင် သူ၏ရွှေခြေသည်းများက မာဖန်း၏ ဦးခေါင်းကို ထိုးဖောက်ဝင်ရောက်တော့မည် ဖြစ်သည်။

"ဟမ့်၊ မင်းက သေချင်နေတာပဲ"

သို့သော် ရှောင်ကျင်း၏ အရှိန်ဟုန်သည် မြန်သော်လည်း၊ သူသည် အတော်လေး နှေးကွေး နေသေးသည်။ သူသည် မာဖန်း၏ဦးခေါင်းကို ထိုးဖောက်ခါနီးမှာ မာကျိ၏ပုံရိပ်က ပြန်ပေါ် လာသည်။ သူက ဒူးဖြင့် ပြင်းပြင်းထန်ထန် ဆောင့်တိုက်ချလိုက်ပြီး ရှောင်ကျင်းကို ထပ်ပြီး လွင့်ပျံသွားစေခဲ့သည်။

ရှောင်ကျင်း၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများသည် လုံးလုံးလျားလျား ကွဲအက်သွားကာ သူ့ခန္ဓာကိုယ်သည် နောက်ပြန် ဆုတ်သွားရင်း ရွှေရောင်မိုးစက်များအဖြစ် ရွာသွန်းသွားခဲ့သည်။

သူနှင့်မာကျိတို့ကြားက ခွန်အားကွာခြားမှုက အရမ်းကို ကြီးမားနေသေးသည်။ သူသည် မာဖန်းကို ရူးသွပ်သည့်အခြေအနေသို့ ဝင်ရောက်ထားသည့်အချိန်မှသာ သတ်ဖြတ်နိုင် သည်။ သို့သော် သူသည် မာကျိကို မခုခံနိုင်သေးပေ။ အဆုံးတွင် သူတို့ကြားမှာ နယ်ပယ်သုံးခုဆိုသည့် ခြားနားမှုက ကြီးမားလွန်းနေသည်။

မာဖန်းသည် သူ ကယ်တင်ခံလိုက်ရပြီဆိုသည်ကို သိလိုက်ရအချိန်မှာ သူလည်း သတိပြန် ဝင်လာသည်။ သူသည် နောက်သို့ လွင့်ပျံသွားသော ရှောင်ကျင်းကို ကြည့်လိုက်ရင်း သူ့ရင်ထဲတွင် အကြောက်တရားများ ရစ်ဝဲနေ၏။

သူ့အစ်ကိုကြီးကြောင့်သာ မဟုတ်ပါက, သူသည် လုံးဝ သေဆုံးသွားပေလိမ့်မည်။ ထိုရွှေရောင်ဝတ်လူငယ်သည် တကယ်ကို အစွမ်းထက်မည်ဟု သူ တစ်ခါမှ မတွေးဖူးပါဘူး။ တစ်ချိန်တည်းမှာပင် သူ့အစ်ကိုကြီး၏ လက်ထဲ၌ ရွှေရောင်ဝတ်လူငယ် သေဆုံးတော့မှာ ဖြစ်သည့်အတွက် သူ အနည်းငယ် ဂုဏ်ယူနေမိသည်။

ဝှီး...။

သေချာပါသည်, မာကျိ၏ပုံရိပ်သည် ဖျတ်ခနဲ လင်းလက်သွားပြီး ရှောင်ကျင်း၏ရှေ့မှာ သူ ပြန်ပေါ်လာသည်။ သူသည် လက်တစ်ဖက်ဖြင့် ရှောင်ကျင်း၏ လည်ပင်းကို ဆုပ်ကိုင်ပြီး၊ လက်တစ်ဖြင့် ရှောင်ကျင်း၏လက်ကို ဆုပ်ကိုင်ထားသည်။

ရှောင်ကျင်းသည် သေခါနီးနေပြီ ဖြစ်သည်။ သူ့တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး သူ့နတ်ဘုရားခန္ဓာကိုယ်သည် ပြင်းထန်စွာ ပျက်စီးသွားခဲ့သည်။ သူ့မှာ တိုက်ခိုက်ရေး စွမ်းအား မရှိတော့ပါဘူး။

"ဟမ့်၊ မင်း, ဘယ်လောက်ပဲ ခုန်ပေါက်နေပါစေ, မင်းက ငါ့မျက်လုံးထဲမှာ ပုရွက်ဆိတ် တစ်ကောင်ပါပဲ။ ပုရွက်ဆိတ်တစ်ကောင်က ဒါကို ကောင်းကောင်းကြီး သိထားရမယ်။" မာကျိသည် ရှောင်ကျင်း၏လည်ပင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင် လိုက်ပြီး မထီမဲ့မြင်ပြု ကာ ပြောလိုက်သည်။

သူပြောပြီးသည်နှင့် ပြင်းထန်သော လျှပ်စီးစွမ်းအားက သူ့လက်ဖဝါးမှ ထွက်ပေါ်လာပြီး၊ ရှောင်ကျင်း၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားကာ၊ ရှောင်ကျင်းထံမှ ပြင်းထန်သော နာကျင်သံ များ အဆက်မပြတ် ထွက်ပေါ်နေသည်။

"မင်းမှာ မွေးရာပါ နတ်ဘုရားစွမ်းရည်တွေ ရှိနေတယ်ဆိုတာ ငါ သိတယ်။ စိတ်မပူနဲ့၊ အဲဒါတွေသုံးဖို့ မင်းကို ငါ အခွင့်အရေး မပေးဘူး။ နောက်တော့ မင်းလည်း ငရဲဘုရင်ကို သွားတွေ့ရလိမ့်မယ်။" မာကျိက အေးစက်စွာ ပြောသည်။ သူသည် ပြတ်သားသည့် သတ်ဖြတ်သူဖြစ်သည်။ ထို့ကြောင့်, သူသည် နှောင့်နှေးခြင်းကို မကြိုက်ပေ။ သူ သတ်ဖြတ်ဖို့ ကြိုးစားပြီးသည်နှင့်, သူသည် ချက်ချင်း တိုက်ခိုက်သည်။

ရှောင်ကျင်းသည် သူ့မွေးရာပါ နတ်ဘုရားစွမ်းရည်ကို အသက်သွင်းရန် အသည်းအသန် ရုန်းကန်ကြိုးစားနေခဲ့သော်လည်း မာကျိထံမှ ထုတ်လွှတ်သော လျှပ်စီးကြောင်းက သူ့ နတ်ဘုရားစိတ်ဝိညာဉ်ကို အဆက်မပြတ် ရိုက်ခတ်နေသောကြောင့် အာရုံစူးစိုက်ရန် မဖြစ်နိုင်ပေ။ ဤနည်းအားဖြင့်၊ သူသည် သူ၏ မွေးရာပါ နတ်ဘုရား စွမ်းရည်ကို အသုံးချနိုင် မည် မဟုတ်တော့ပေ။

ရှောင်ကျင်းသည် သေလုမျောပါးဖြစ်ကာ ခုခံနိုင်စွမ်းမကင်းမဲ့နေသည်ကို မာကျိက မြင်နိုင် သည်။ သူက ရယ်မောလိုက်ပြီး နတ်ဘုရားလျှပ်စီးများ ဖုံးလွှမ်းထားသည့် လက်ဖဝါးက ရှောင်ကျင်း၏ ဦးခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်ပုတ်တော့မည်။

"တကယ်လို့, မင်း သူ့မျက်နှာပေါ်က အမွှေးတစ်မျှင်ကို နာကျင်အောင် လုပ်ဝံ့ရင်ရင်, မင်းတို့ ညီအကိုနှစ်ယောက်စလုံး ဒီလောကကြီးထဲ ရောက်လာတာ နောင်တရရလိမ့်မယ်" သို့သော် မာကျိ၏လက်ဖဝါးက ရိုက်ပုတ်ခါနီးတွင် အလွန်အေးစက်သော အသံတစ်ခုက ထွက်ပေါ်လာသည်။

တခဏအတွင်းမှာပင် ရေကန်၏မျက်နှာပြင်တစ်ခုလုံးသည် အေးခဲသွားပြီး ရေခဲအဖြစ်သို့ ပြောင်းလဲသွားသည်။

All Chapters