အခန်း ၁၅၈၆
Vol. 106 Ch. 1586
အခန်း (၁၅၈၆) မာဖန်း၏သေဆုံးမှု
မာကျိသည် အေးစိမ့်မူကို ခံစားလိုက်ရပြီး သူ့လက်က တိုက်ခိုက်မှုကို ရပ်လိုက်ကာ၊ အသံ၏ဦးတည်ရာဆီကို လှည့်ကြည့်လိုက်သည်။
အဝေးမှ လေထဲတွင် မလှုပ်မယှက် လွင့်မျောနေသော ရှောင်ဘိုင်သည် မျက်လုံးများကို ဖွင့်ထားပြီး အေးစက်နေသော အမူအရာဖြင့် သူ့ကို ကြည့်နေသည်။ အဆုံးမဲ့ အအေးဓာတ် တွေကလည်း သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည်။
"အလယ်အလတ် ကြယ်နတ်ဘုရားနယ်ပယ်။ မင်း တကယ်ပဲ မြန်မြန် ဖြတ်ကျော်ခဲ့တာ လား။" မာကျိသည် ရှောင်ဘိုင်၏ ကျင့်ကြံမှုနယ်ပယ်တွင် အပြောင်းအလဲကို သတိပြုမိပြီး အံ့သြသည့် အမူအရာ ပေါ်လာသည်။
သူ့အမြင်အရ၊ နတ်ဘုရားကျောက်စိမ်း ဖီးနစ်မြက်တွင် စွမ်းအင်ပမာဏ များပြားစွာ ပါရှိနေ သည်။ ကောင်းကင်မျိုစပါးအုံးမြွေသည် ၎င်းကို သန့်စင်လိုပါက အမွှေးတိုင်သုံးချောင်း ထွန်းညှိချိန်အတွင်း သန့်စင်နိုင်မည် မဟုတ်ပေ။ သို့သော် သူ့ရှေ့မှ ဤအဖြူရောင်ဝတ် လူငယ်သည် ထိုအရာကို လုပ်ဆောင်နိုင်ခဲ့သည်.
ဟုတ်ပါသည်။ ဤအချက်က အရေးကြီးဆုံးအရာ မဟုတ်ပါဘူး။ အရေးကြီးဆုံးအချက်မှာ ယခုအခိုက်အတန့်တွင် အဖြူရောင်ဝတ်လူငယ်မှ ထုတ်လွှတ်သော အအေးဓာတ်သည် သူ့ကျောကိုပင် အေးစိမ့်သွားစေခြင်းပင်။ အလယ်အလတ် ကြယ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူတစ်ဦး ထုတ်လွှတ်သော အအေးဓာတ်သည် သူ့အပေါ် အမှန်တကယ် သက်ရောက်နိုင်ခဲ့သည်။ ဤအဖြူရောင်ဝတ်လူငယ်သည် သာမန် အလယ်အလတ် ကြယ်နတ်ဘုရား နယ်ပယ် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်သည်မှာ သေချာပါသည်။
"ဟမ့်, ချာတိတ်လေး, ဆိုတော, မင်းက အလယ်လတ် ကြယ်နတ်ဘုရားအဆင့်ကို ဖြတ်ကျော်သွားတော့ရော ဘာဖြစ်လဲ။ မင်းတို့နှစ်ယောက်က သေတော့မှာပဲလေ။ ဒါတောင် မင်းက ဒီမှာလာပြီး မာနကြီးနေသေးတယ်" မာဖန်းသည် မာကျိကဲ့သို့ စေ့စေ့စပ်စပ် စူးစမ်းခြင်းမရှိပေ။
သူ့အမြင်အရဆို, အဖြူရောင်ဝတ်လူငယ်သည် အဆင့်ဖြတ်ကျော်သွားရင်တောင် သူက အလယ်အလတ် ကြယ်နတ်ဘုရားအဆင့်မှာသာ ရှိသေးသည်။ သူ မည်မျှပင် အစွမ်းထက် နေပါစေ၊ သူသည် အများဆုံးမှ နှောင်းပိုင်း ကြယ်နတ်ဘုရားအဆင့်နှင့် အတူတူလောက် ပင်။ ထိုကဲ့သို့ ခွန်အားမျိုးဖြင့် သူ့အစ်ကိုကြီးကို မဆိုထားနှင့်, သူကိုယ်တိုင်တောင် သေချာပေါက် သတ်ပစ်နိုင်သည်။
အဖြူရောင်ဝတ် လူငယ်သည် အမှန်တကယ်ပင် သူ့ကို ခြိမ်းခြောက်ရန် သတ္တိရှိနေသည်။ သူသည် အမှန်တကယ် သေခြင်းတရားကို တောင်းခံနေခြင်းသာ ဖြစ်ပါသည်။
ဘန်း..။
ရှောင်ဘိုင်သည် ရုတ်တရက် ခေါင်းလှည့်ပြီး မာဖန်းကို ကြည့်လိုက်ရာ သူ့အကြည့်က မာဖန်း၏ နှလုံးသားထဲသို့ အေးစက်နေသော ဓားတစ်ချောင်းကဲ့သို့ ထိုးဖောက်ဝင်ရောက် သွားသည်။
မာဖန်း၏စိတ်နှလုံးသည် တုန်လှုပ်သွားသည်။ အကြောင်းတစ်ခုခုကြောင့် သူ့ရှေ့က အဖြူရောင်ဝတ် လူငယ်ကို ကြည့်လိုက်သည်နှင့် သူသည် ရေခဲပြင်ထဲသို့ ပြုတ်ကျသွား သလို ခံစားရသည်။
"မာဖန်း၊ အဲဒါ အန္တရာယ်..!"
သို့သော် မာဖန်း၏စိတ်က တုန်လှုပ်သွားချိန်မှာ, ရုတ်တရက် သတိပေးသံတစ်ခု ထွက်ပေါ် လာပြီး မာဖန်းသည် မိန်းမောရာမှ ချက်ချင်း လန့်နိုးလာခဲ့သည်။
ထို့နောက်မှာ မာဖန်းသည် အဖြူရောင်အလင်းတန်း တစ်ခုကဲ့သို့ သူ့ရှေ့မှာ ချက်ချင်း ပေါ်လာသည့် အဖြူရောင်ရုပ်အသွင်ကို မြင်လိုက်ရသည်။
"ဒီလောက်မြန်တာလား"
မာဖန်းသည် ထိုအကြောင်းကို တွေးမိစဉ်မှာ၊ ရေခဲဆေဘာတစ်ချောင်းက သူ့ခန္ဓာကိုယ်ဆီ သို့ ထိုးဖောက်ဝင်ရောက်လာသည်။
"ဖူး..."
မာဖန်းသည် သူ့ပါးစပ်ထဲက သွေးတွေကို ထွေးထုတ်လိုက်ပြီး သူ့မျက်လုံးများတွင် မယုံကြည်မူများဖြင့် ပြည့်နေခဲ့သည်။
အကြောင်းတစ်ခုခုကြောင့်၊ ယခုအချိန်တွင် သူ့ခန္ဓာကိုယ်သည် အမှန်တကယ်ပင် မလှုပ်ရှားနိုင်တော့ကြောင်း ခံစားခဲ့ရပြီး၊ ဤကြောက်မက်ဖွယ်ကောင်းသော ရေခဲဆေဘာ သည် ရေခဲမှသိပ်သည်းထားရုံသာမက၊ ဤရေခဲဆေဘာ၏ထိပ်တွင် ကြောက်မက်ဖွယ် ကောင်းသော ဝါးမျိုးခြင်းစွမ်းအားတစ်ခုလည်း ပါဝင်နေခဲ့သည်။
ယခုအချိန်တွင်၊ ဤကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုးခြင်း စွမ်းအားသည် သူ့ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားတန်ခိုး စွမ်းအားကို ဝါးမြိုနေရုံသာမက၊ ၎င်းသည် သူ့သွေးသား စွမ်းအားကိုပါ ဝါးမြိုသွားနေခဲ့သည်။ နှစ်စက္ကန့်အတွင်းမှာပင် သူ့ခန္ဓာကိုယ် သည် အလွန်အားနည်းသွားသည်ကို ခံစားလိုက်ရသည်။ ခုခံဖို့မဆိုထားနှင့်၊ သူ့ရှေ့မှာ အသက်ရှစ်ဆယ်အရွယ် သာမန် အဘိုးအိုတစ်ယောက် ရပ်နေလျှင်ပင်, သူသည် သူ့ကို သတ်ဖြတ်နိုင်မှာ မဟုတ်တော့ပါဘူး။
ထိုအချိန်တွင် မာဖန်း၏ အသွေးအသားတို့သည် ခန်းခြောက်သွားကာ သူ့အရေပြားမှာ အရေးအကြောင်းများ ဖုံးလွှမ်းသွားခဲ့သည်။ သူ့တစ်ကိုယ်လုံး အလွန်အိုမင်းလာသည်။
“ဟင့်အင်း… မစားပါနဲ့… အစ်ကိုကြီး… အစ်ကိုကြီး၊ ငါ့ကို ကယ်ပါဦး…” မာဖန်းက သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေ လွင့်ထွက်သွားသည်ကို ခံစားလိုက်ရပြီး သူ့မျက်နှာက အလွန်ထိတ်လန့်နေသည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်ပါသည်။ သူက ရှောင်ဘိုင်ကို သနားညှာတာရန် အလျင်စလို တောင်းပန်လိုက်သော်လည်း သူ့စွမ်းအင်တွေ ဝါးမျိုခံထားရ သောကြောင့် မာဖန်း၏လေသံက အလွန်အားနည်းသွားသည်။
ခဏလေးအတွင်းမှာပင် သူ့ခန္ဓာကိုယ်ထဲက စွမ်းအားထက်ဝက်ကျော်ကို ဝါးမျိုသွားခဲ့ပြီ။ အကယ်၍, ဆက်ပြီး ဝါးမျိုခံနေရမည်ဆိုလျှင်, သူသည် လုံးဝ သေသွားနိုင်သည်။
မာကျိသည် ဤမြင်ကွင်းကို အဝေးမှ မြင်လိုက်ရသောအခါ သူလည်း အံ့အားသင့်သွား သည်။ မာဖန်း၏ ရုပ်ရည်အသွင်အပြင်ကို မြင်လိုက်ရသောအခါတွင် သူ့မျက်လုံးများသည် ထိတ်လန့်သွားသည်။
"ရပ်လိုက်ပါ၊ မင်း သူ့ကို ထပ်ပြီး ဝါးမျိုနေရင် ငါ သူ့ကို သတ်ပစ်မယ်။" မာကျိသည် ရှောင်ကျင်း၏လည်ပင်းကို ဆွဲကိုင်လိုက်ပြီး အဝေးမှ ရှောင်ဘိုင်ကို ခြိမ်းခြောက်လိုက် သည်။
မာဖန်းသည် သူ့ညီဖြစ်သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အရမ်း အားကိုးကြသည်။ အခု မာဖန်းသည် အန္တရာယ်ထဲ ကျရောက်နေသည်ကို မြင်လိုက်ရတော့ သူ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်တော့မည်နည်း။
ရှောင်ဘိုင်သည် သူ့ခေါင်းကို နောက်ပြန်မလှည့်မီ အဝေးမှ မာကျိကို အေးစက်စွာ ကြည့်နေလေသည်။
ယခုအချိန်တွင် မာဖန်းသည် လူငယ်တစ်ဦးအရွယ် မဟုတ်တော့ပေ။ သူ့လက်များသည် ညှိုးနွမ်းနေသော သစ်ကိုင်းများနှင့်တူပြီး သူ့မျက်နှာပေါ်တွင် အရိုးနှင့်အရေများသာ ကျန်ရှိတော့သည်။ သူ၏ရုပ်ရည်အသွင်အပြင်က အလွန်မင်း ကြောက်စရာကောင်းသည်။
သို့သော်လည်း ရှောင်ဘိုင်သည် အနည်းငယ်မျှ စာနာစိတ် မရှိခဲ့ပေ။ သို့သော် ရှောင်ကျင်း ကြောင့် ရှောင်ဘိုင်သည် ရပ်တန့်ရန် ရွေးချယ်လိုက်ပါသေးသည်။
"မင်းညီကို ငါလွှတ်ပေးနိုင်တယ်။ ဒါပေမယ့် မင်းလည်း ငါ့ရဲ့အဖော်ကို လွှတ်ပေးရမယ်။" ရှောင်ဘိုင်သည် မာကျိကို အဝေးမှ လှမ်းကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"ကောင်းပြီလေ, မင်း ငါ့ညီငယ်ကို လွှတ်ပေးတာနဲ့, မင်းအဖော်ကိုလည်း ငါ လွှတ်ပေး မယ်။" မာကျိက လေးလေးနက်နက် ပြန်ပြောသော်လည်း သူပြောနေစဉ်မှာ ရက်စက် ကြမ်းကြုတ်သော အရိပ်အယောင်တစ်ခုက သူ့မျက်လုံးများ၏ နက်ရှိုင်းစွာ ထွက်ပေါ်လာ သည်။
"ကောင်းပြီ ငါ တစ်၊ နှစ်၊ သုံး ဆိုပြီး ရေတွက်မယ်။ ငါတို့ တစ်ချိန်တည်း လွှတ်ပေးရမယ်။" ရှောင်ဘိုင်က ပြောသည်။
"တစ်"
"နှစ်"
မာကျိနှင့် ရှောင်ဘိုင်သည် တစ်ချိန်တည်းတွင် ရေတွက်လိုက်သည်။ သူတို့မျက်လုံးများ သည် သတိအပြည့်ရှိနေကြပြီး တစ်ယောက်ကိုတစ်ယောက် မယုံကြည်ကြပေ။
"သုံး"
သို့သော် သူတို့နှစ်ဦးသည် နောက်ဆုံးနံပါတ်ကို တစ်ချိန်တည်းတွင် အော်ဟစ်လိုက်ကြဆဲ ဖြစ်သည်။
မာကျိသည် ရှောင်ကျင်း၏ နောက်ကျောကို ရိုက်လိုက်စဉ် သူ့မျက်လုံးများက စူးရှသွားပြီး၊ ရှောင်ကျင်းကို ရှောင်ဘိုင်၏ ဦးတည်ရာဆီသို့ ပျံသန်းသွားလိုက်သည်။
တစ်ချိန်တည်းမှာပင်၊ ရှောင်ဘိုင်သည် သူ့လက်ထဲတွင် ရွှံ့ကဲ့သို့ဖြစ်နေသော မာဖန်းကို ပစ်ချလိုက်သည်။ သို့သော် တစ်ချိန်တည်းမှာပင် ရှောင်ဘိုင်၏လက်မှ အေးစက်သော အလင်းရောင်တစ်ခုက မာဖန်း၏ခန္ဓာကိုယ်ထဲသို့ ပျံထွက်သွားသည်။
ထို့နောက် ရှောင်ဘိုင်သည် မာကျိပစ်လွှတ်လိုက်သော ရှောင်ကျင်းကို ဖမ်းလိုက်သည်။ သို့သော် ရှောင်ကျင်းသည် သေခါနီးနေပြီ ဖြစ်သည်။
ရှောင်ဘိုင်သည် ရှောင်ကျင်း၏ နောက်ကျောကို တစ်ချက်ကြည့်လိုက်သည်။ ရှောင်ကျင်း၏ နောက်ကျောတွင် အနက်ရောင် လက်ဝါးရာတစ်ခုကို တွေ့လိုက်ရသည်။ ထိုလက်ဝါးရာက ရှောင်ကျင်းကို ဝါးမြိုသွားနေသည့်အတိုင်း အဆက်မပြတ် ပျံ့နှံ့နေခဲ့ သည်။
"ဟား...၊ ဟား...၊ ငါ သူ့ကို ဒီလောက်လွယ်လွယ်နဲ့ လွှတ်ပေးမယ်လို့ မင်း တကယ် ထင်နေတာလား။ မင်းက နုံအလွန်းတယ်။ သူက ငါ့ရဲ့ သွေးနက်နတ်ဘုရားအဆိပ် လက်ဖဝါး ထိသွားခဲ့ပြီ။ ကောင်းကင်နတ်ဘုရားနယ်ပယ် မရောက်သရွေ့ ဘယ်သူမဆို သေချာပေါက် သေလိမ့်မယ်။" မာကျိသည် အဝေးမှ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့ရှေ့က ဤလူသည် သူ့ညီလေးကို အလွယ်တကူ လွှတ်ပေးလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ ပေ။
အခုအချိန်မှာ, သူ့ညီ အသက်ရှင်နေသရွေ့ သူသည် ကယ်တင်နိုင်ပြီး သူ့ကျင့်ကြံမှု အခြေခံ လည်း မပျက်စီးနိုင်တော့ပါဘူး။ သို့ပေမယ့် ရှောင်ကျင်းကတော့ သေချာပေါက် သေရလိမ့် မည်။
ထိုစကားကိုကြားတော့ ရှောင်ဘိုင်၏ မျက်လုံးတွေက သတ်ဖြတ်ချင်စိတ်များဖြင့် တောက်လောင်နေခဲ့သည်။ သူသည် အဝေးက မာကျိကို အေးစက်စွာ ကြည့်ကာ ပြောလိုက်သည် "ငါကရော မင်းညီကို ဒီလောက်လွယ်လွယ်နဲ့ လွှတ်ပေးလိုက်မယ်လို့ မင်း တကယ် ထင်နေတာလား။ သူက ငါ့အဖော်ကို သတ်လိုက်တယ်။ ဒီနေ့ ငါပြောခဲ့သလိုပဲ, သူ့ကို အသက်လျက် ထွက်မသွားစေရဘူး။"
"အယ်?" ရှောင်ဘိုင်၏စကားကို ကြားတော့ မာကျိသည် ချက်ခြင်း ထိတ်လန့်သွားသည်။ သူသည် သူ့ဘေးနားက ညီငယ်ကို လှည့်ကြည့်လိုက်သည်။
သို့သော် မာကျိသည် လုံးဝကို ထိတ်လန့်သွားခဲ့သည်။
မာဖန်း၏ခန္ဓာကိုယ်ပေါ်တွင် ရေခဲအပြာရောင်လိုင်းများ ပေါ်လာပြီး၊ အဆိုပါ ရေခဲလိုင်းများ သည် တီကောင်များကဲ့သို့ မာဖန်း၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး၊ မာဖန်းသည် အလွန်မင်း နာကျင်မူကို ခံစားရဟန်ဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
"မင်း... မင်း သူ့ကို ဘာလုပ်လိုက်တာလဲ" မာကျိသည် ရှောင်ဘိုင်ကို သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်နေသည်။
"ဘာမှ မဟုတ်ပါဘူး၊ ငါက သူ့ကို ဝါမျိုးခြင်းစွမ်းအား ပြန်ထည့်ပေးလိုက်တာပဲ" ရှောင်ဘိုင်က အေးစက်စွာ ပြောသည်။
"လခွမ်း.." ထိုစကားကိုကြားတော့ မာကျိသည် လုံးဝကို ဒေါသထွက်သွားသည်။ မာဖန်း၏ လက်ရှိခန္ဓာကိုယ်သည်ပင် ထိုစွမ်းအားကို ခံနိုင်ရည် မရှိခဲ့ပေ။ အခု ရှောင်ဘိုင်က သူ့ဆီ ထိုစွမ်းအားကို ပြန်ထည့်ပေးလိုက်ခြင်းက မာဖန်းကို အမှန်တကယ် သေစေလို၍ ဖြစ်သည်။
"အား…"
သို့သော်လည်း မာကျိ၏အတွေးများ မပျောက်ကွယ်ခင် မာဖန်း၏ ပါးစပ်မှ သနားစရာ ကောင်းသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင်၊ မာဖန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လုံးလုံးလျားလျား ပြန့်ကားလာပြီး နောက်ဆုံးတွင် လုံးဝ ပေါက်ကွဲကာ ကောင်းကင်ယံအနှံ့ ပြည့်လျှံနေသော စွမ်းအင်မုန်တိုင်းအဖြစ်သို့ ပြောင်းလဲ သွားလေသည်။ ဤစွမ်းအင်မုန်တိုင်းကြောင့် သူ့ခန္ဓာကိုယ်သည်လည်း လုံးလုံး လျားလျား ပျက်သုဉ်းသွားခဲ့သည်။