← Chapters

အခန်း ၁၅၈၇

Vol. 106 Ch. 1587

အခန်း ၁၅၈၇

Vol. 106 Ch. 1587

အခန်း (၁၅၈၇) အဆက်မပြတ် နှောင့်ယှက်များ။

မာကျိသည် စွမ်းအင်မုန်တိုင်းကြားတွင် မှင်တက်စွာ ရပ်နေခဲ့သည်။ ပြင်းထန်သော စွမ်းအင်မုန်တိုင်းသည် သူ၏ဝတ်ရုံများကို တဖျပ်ဖျပ် လှုပ်ခတ်သွားစေသည်။ သို့သော် သူ့မျက်လုံးများက တင်းတင်းကြပ်ကြပ် မှေကျဉ်းထားပြီး၊ သူ၏ ကျဉ်းမြောင်းသော မျက်လုံးနှစ်ခုကြားတွင် နှလုံးသဲပွတ်သည့်နှင့် သတ်ဖြတ်လိုသည့်ဆန္ဒတစ်ခု ရှိနေခဲ့သည်။

"မင်းက သေချင်နေတာဘဲ" မာကျိ၏ပခုံးနှစ်ခုက ဒေါသကြောင့် တုန်ခါနေပြီး သူ့လက်သီး များကို တင်းတင်းဆုပ်ထားသည်။ ရုတ်တရက် နိုးလာတဲ့ နဂါးတစ်ကောင်ကဲ့သို့ ရှောင်ဘိုင် ကို စိုက်ကြည့်နေရင်း သူ့ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော အငွေ့အသက်တစ်ခု ထွက်လာခဲ့ သည်။ ထိုကြောက်စရာကောင်းသော အငွေ့အသက်သည် ရှောင်ဘိုင်ဆီသို့ ပြင်းထန်စွာ ထိုးဖောက်ဝင်ရောက်လာသည်။

ရှောင်ဘိုင်သည် ဒဏ်ရာအပြင်းအထန်ရနေသော ရှောင်ကျင်းကို မြေပြင်ပေါ်သို့ ဖြည်းညှင်း စွာ ချထားလိုက်ပြီး မာကျိ၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ရင်ဆိုင် တွေ့ရန် ရှေ့ထွက်လာခဲ့သည်။

"ကောင်စုတ်လေး၊ ငါ့ညီငယ်ကို ဂုဏ်ပြုဖို့ မင်းရဲ့သွေးကို ငါအသုံးပြုမယ်။ မင်းလုပ်ရပ်တွေ အတွက် နောင်တရလိမ့်မယ်" မာကျိ၏အသံသည် အရိုးထိတိုင် အေးစက်နေသဖြင့်၊ လူများ၏ စိတ်နှလုံးကို အေးစိမ့်သွားစေနိုင်သည်။

သို့သော် ရှောင်ဘိုင်သည် လုံးဝ မကြောက်ပေ။ သူသည် လေဟာနယ်ထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ မာကျိ၏အငွေ့အသက်က သူ့ကို လုံးဝ မထိခိုက်စေနိုင်ပေ။ ထိုမျှတင်မ က အနီးနားပတ်ဝန်းကျင်ရှိ အပူချိန်သည်လည်း ကြောက်စရာကောင်းသည့် အဆင့်အထိ ကျဆင်းသွားခဲ့သည်။ ထူထဲသော နှင်းခဲအလွှာသည် အနီးနားရှိ အရာများပေါ်သို့ စိမ့်ဝင်သွားပြီး ကောင်းကင်မှ နှင်းများပင် ကျလွင့်စပြုလာသည်။

မာကျိသည် ဤကြောက်မက်ဖွယ်အေးစက်မှုကို ခံစားလိုက်ရပြီး သတ်ပစ်လိုသည့် အရိပ်မြွက်တစ်ခုက သူ့မျက်လုံးထဲတွင် တောက်ပလာသည်။ ထို့နောက် သူ၏ရုပ်အသွင် သည် ပုံရိပ်တစ်ခုအသွင်ပြောင်းလဲပြီး ပျောက်ကွယ်သွားခဲ့သည်။

ရှောင်ဘိုင်သည်လည်း မာကျိ၏ရုပ်အသွင် ပျောက်ကွယ်သွားသည့် အခိုက်မှာပင် တုံ့ပြန်လာခဲ့သည်။ သူ့လက်ဖဝါးသည် ဆေဘာတစ်ချောင်းကဲ့သို့ သူ့ဘယ်ဘက် အရှေ့ တည်းတည်းသို့ ဖြတ်သန်းသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ဆေဘာအလင်း သည် အပြာရောင်ရေခဲပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ရှေ့ရှိ လေဟာနယ်ဆီသို့ ခက်ထန်စွာ ပျံသန်းသွားလေသည်။

ချွင်…။

ရေခဲပြာရောင် ဆေဘာအလင်းတန်း၏ သုံးမီတာအတွင်းသည် ကြောက်မက်ဖွယ်ကောင်း သော စွမ်းအားကြောင့် ကွဲအက်သွားခဲ့သည်။ ထို့နောက်တွင် ပုံရိပ်တစ်ခုသည် ပေါ်လာပြီး ရှောင်ဘိုင်၏ရှေ့မှာ ပေါ်လာခဲ့သည်။

ရှောင်ဘိုင်သည် မာကျိကို သူ့လက်ဖဝါးဆေဘာနှင့် ခုတ်ပိုင်းလိုက်ချိန် သူ့မျက်လုံးတွေက အေးစက်နေခဲ့သည်။

"မင်းက သေချင်နေတာဘဲ!"

မာကျိ၏စိတ်နှလုံးသည် အမျက်ဒေါသနှင့် ပြည့်နှက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော ခရမ်းရောင်နတ်ဘုရားလျှပ်စီးကြောင်းကလည်း သူ့လက်ဖဝါးအတွင်းသို့ တဟုန်ထိုး ပျံ့နှံ့လာခဲ့သည်။

နတ်ဘုရားလျှပ်စီးသည် ဧရာမသားရဲကြီးကဲ့သို့ ဟိန်းဟောက်ကာ ရှောင်ဘိုင်၏ လက်ဖဝါး ဆေဘာနှင့် တိုက်ရိုက် ထိတွေ့သွားသည်။

"ဘုန်း.."

ကောင်းကင်လှုပ်ခါသွားသည့် ပေါက်ကွဲသံနှင့်အတူ ပြင်းထန်သော စွမ်းအင် အတက်အကျ လှိုင်းနှစ်ခုက ချက်ချင်း ပေါက်ကွဲထွက်သွားသည်။

ရှောင်ဘိုင်နှင့် မာကျိတို့ နှစ်ယောက်စလုံး နောက်ပြန်ဆုတ်သွားကြသည်။

ရှောင်ဘိုင်သည် ဆုတ်သွားသည်နှင့်အမျှ၊ သူသည် သူ့ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရား တန်ခိုးစွမ်းအားကို စုစည်းလိုက်သည်။ သူ့ခေါင်းထက်တွင် ကြီးမားလှသော ဧရာမ ရေခဲတုံးကြီး သုံးတုံး တိုက်ရိုက်ပေါ်လာသည်။

"သွား"

ရှောင်ဘိုင်က တိုးညှင်းစွာ ဟစ်အော်လိုက်ပြီး ဧရာမ ရေခဲတုံးကြီး သုံးတုံးသည် နောက်ဆက်တွဲ ပုံရိပ်များအသွင်သို့ ပြောင်းလဲသွားပြီး၊ မာကျိ၏ဆုတ်ခွာရာ လမ်းကြောင်း ဦးတည်ရာဆီသို့ ပြင်းပြင်းထန်ထန် တိုးဝင်သွားလေသည်။

ရေခဲတုံးများသည် လေထဲသို့ ပျံတန်းသွားကာ လေတိုးသံ ခပ်တိုးတိုး ထွက်ပေါ်လာပြီး၊ ချက်ချင်းပင် မိုင်ပေါင်းများစွာကို ဖြတ်ကျော်ပြီး မာကျိ၏ ခေါင်းထက်တွင် ပေါ်လာသည်။

ရေခဲတုံးတစ်တုံးစီသည် ပေရာနှင့်ချီရှည်လျားပြီး ရေခဲတုံးသုံးတုံးသည် တောင်ကုန်းလေး များကဲ့သို့ ပြုတ်ကျသွားသည်။

သို့သော် မာကျိသည် သူ့မျက်လုံးများတွင် မထီမဲ့မြင်ပြုသည့် အမူအရာဖြင့် ရေခဲတုံး သုံးတုံးကို ကြည့်လိုက်သည်။ သူ့လက်ကိုဆန့်ထုတ်ကာ လေဟာနယ်ကို ဆုပ်ကိုင်လိုက် သည်။ သူ့လက်ထဲတွင် လျှပ်စီးကြောင်းတစ်ခုပေါ်လာပြီး၊ ၎င်းသည် သူ့လက်ထဲမှာ နတ်ဘုရား လျှပ်စီးလှံတစ်ချောင်းအဖြစ် ပေါင်းစပ်သွားသည်။

"အင်းဆက်ကျွမ်းကျင်မှု၊ ဖြိုခွဲပစ်စမ်း…"

မာကျိသည် ခပ်တိုးတိုး ဟစ်ကြွေးလိုက်ပြီး၊ သူ့လက်ထဲမှ မိုးခြိမ်းသံများ ထုတ်လွှတ်နေ သော လျှပ်စီးလှံကို ဝှေ့ယမ်းကာ၊ ကောင်းကင်ယံမှ ကျဆင်းလာသော ရေခဲတုံးသုံးတုံးကို တိုက်ရိုက် အပိုင်းပိုင်းခွဲပစ်လိုက်သည်။

ထိုမျှသာမက, မာကျိသည် ရှေ့ကို ခြေတစ်လှမ်းတိုးကာ သူ့လက်ထဲက လျှပ်စီးလှံကို ပစ်လွှတ်လိုက်ပါသည်။

လျှပ်စီးလှံသည် လေထဲသို့ ပျံတက်သွားပြီး ရှောင်ဘိုင်၏ မျက်ခုံးနှစ်ခုများကြားသို့ ရောက်ရှိသွားသည်။

ရှောင်ဘိုင်၏မျက်လုံးများတွင် အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်လာပြီး ပြင်းထန်သော အအေးစွမ်းအင်လှိုင်းတစ်ခုက လျှပ်စီးလှံကို တိုက်ရိုက် တိုက်ခိုက်သည်။

လျှပ်စီးလှံတွင် အလွန်မင်း ကြောက်စရာကောင်းသည့် စွမ်းအားများ ပါရှိနေသော်လည်း ရှောင်ဘိုင်၏နဖူးမှ တစ်လက်မမျှ ရှေ့တိုး၍ မရတော့ပေ။ ထို့ပြင် ကြောက်မက်ဖွယ် ရေခဲလှိုင်းတစ်ခုသည် လျှပ်စီးလှံပေါ်သို့ တဖြည်းဖြည်း ပျံ့နှံ့တက်လာခဲ့သည်။

အဆုံးတွင် ရေခဲများသည် လျှပ်စီးလှံတစ်ခုလုံးကို ဖုံးလွှမ်းကာ မြေပြင်ပေါ်သို့ ပြုတ်ကျပြီး၊ အပိုင်းအစဒါဇင်ပေါင်းများစွာအဖြစ် ကွဲအက်သွားခဲ့သည်။

ရှောင်ဘိုင်နှင့် မာကျိတို့သည် တစ်ယောက်နှင့်တစ်ယောက် ဆန့်ကျင်ဘက်အနေထားဖြင့် ရပ်နေကြပြီး၊ အငွေ့အသက်နှစ်ခုသည် အချင်းချင်း ထိပ်တိုက်တွေ့ကာ အားကောင်းသော စွမ်းအင်နယ်ပယ်နှစ်ခုကို ဖြစ်ပေါ်စေပြီး ပြင်းထန်သော စွမ်းအင်မုန်တိုင်းတစ်ခုကို ဖြစ်ပေါ် စေသည်။

သို့သော်, ရှောင်ဘိုင်နှင့် မာကျိတို့၏ အငွေ့အသက်က တန်းတူဖြစ်နေပြီးဦ သူတို့နှစ်ယောက်စလုံး တစ်ဖက်လူကို ဘာမှမလုပ်နိုင်ကြပါဘူး။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါက ကြယ်နတ်ဘုရားနယ်ပယ် အလယ်အလတ် ကျင့်ကြံသူ တစ်ဦးနဲ့ တကယ် လက်ရည်တူဖြစ်နေတယ်။ သူက အခုမှ ကြယ်နတ်ဘုရားနယ်ပယ် အလယ်လတ်အဆင့်ကို ဖြတ်ကျော်ခါစလေ။" မာကျိက အံ့အားသင့်စွာဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

ယခုလေးတင် တိုက်ပွဲမှတဆင့်, သူ့ရှေ့မှ အဖြူရောင်ဝတ်လူငယ်၏ ခွန်အားကို အခြေခံအားဖြင့် သူ အကဲဖြတ်နိုင်ခဲ့သည်။ နောက်ဆုံး ကောက်ချက်အရ, ပြိုင်ဘက်၏ အင်အားသည် သူ့ထက် အားမနည်းပေ။ ယင်းက သူ့စိတ်နှလုံးကို တုန်လှုပ်စေခဲ့သည်။

အလယ်လတ် ကြယ်နတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်ခါစ ချာတိတ်တစ်ယောက်သည် အမှန်တကယ် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ဖြတ်ကျော်ပြီးသည့် သူနှင့် လက်ရည်တူ တိုက်ခိုက်နိုင်သည်။ သူ့ကို သေသည်အထိ ရိုက်နှက်မည်ဆိုလျှင်ပင်, သူ့မျက်စိနှင့် ကိုယ်တိုင်ကိုယ်ကျ မမြင်ရပါက, ဒီကမ္ဘာမှာ ယခုလိုလူမျိုး ရှိနေသည်ကို သူ ယုံမှာမဟုတ်ပါဘူး။

"လခွမ်း..၊ ငါတို့ ဘယ်လို မွန်းစတားမျိုးနဲ့ ကြုံတွေ့နေရတာလဲ" မာကျိသည် သူ့စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။

အခုအချိန်မှာ ရှောင်ဘိုင်နှင့် တခြားသူတွေကို ရန်စမိခဲ့သည်ကို သူ နောင်တရနေပါပြီ။ နတ်ဘုရားကျောက်စိမ်းဖီးနစ်မြက်သည် အဖိုးတန်သော်လည်း၊ သူ၏အသက်နှင့် နှိုင်းစာ လျှင် သူ့အသက်က ပိုအရေးကြီးနေပါသေးသည်။

အကယ်၍, သူသာ ဒီနေ့ အဖြူရောင်ဝတ်လူငယ်နှင့် ရွှေရောင်၀တ်စုံဝတ်လူငယ်ကို မသတ်ဖြစ်ခဲ့ရင် နောက်တစ်ကြိမ် သူတို့နှင့် ပြန်ဆုံတွေ့သည့်အခါ, သေဆုံးရမည့်လူက သူ ဖြစ်ကောင်းဖြစ်သွားနိုင်သည်။ အခြားတဖက်၏ အလားအလာသည် အလွန်မင်း ကြောက်စရာကောင်းလှသည်။

အကယ်၍ သူသည် ဤလူငယ်နှစ်ဦးမှာ ကောင်းကင်ဘုံကို အံတုနိုင်သော အရည်အချင်း များ ရှိနေသည်ကို သိရှိထားပါက၊ သူသည် အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများကို ရန်စရမည်ဆိုလျှင်ပင်, သူတို့အား စော်ကားလိုမည် မဟုတ်ပါ။

သို့သော် ဤလောကတွင် နောင်တအတွက် ဖြေဆေးမရှိပါ။ အခုအချိန်မှာတော့ သူ့ရှေ့က လူငယ်ကို ဇွဲမလျှော့ဘဲ သတ်ပစ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပါဘူး။

ရှောင်ဘိုင်သည် အစမှအဆုံး ဘာမှမထူးခြားသော အမူအရာဖြင့် သူ့နှလုံးသားထဲမှာ ပြင်းထန်သော ဒေါသကို မျိုသိပ်ထားသည်။

သူ့ရှေ့က ဤလူသည် ရှောင်ကျင်းကို ဒဏ်ရာရစေရုံသာမက ရှောင်ကျင်း၏ ခန္ဓာကိုယ်ကို အဆိပ်သင့်စေခဲ့ပြီး၊ ရှောင်ကျင်းလည်း သနားစဖွယ် ခံစားခဲ့ရသည်။ ရှောင်ဘိုင်သည် မည်သို့ ဒေါသမထွက်ဘဲနေမည်နည်း။ ထို့ကြောင့် ယခုလေးတင်၊ သူသည် ဤမာကျိကို ကိုယ်တိုင်သတ်ပြီး ရှောင်ကျင်းအတွက် လက်စားချေမည်ဟု စိတ်ထဲတွင် ကျိန်ဆိုထားပြီး ဖြစ်သည်။

"ဖြောင်း.. ဖြေင်း…ဖြောင်း.. ဖြောင်း..."

သို့သော်လည်း ရှောင်ဘိုင်နှင့် မာကျိတို့သည် ဆက်လက်တိုက်ခိုက်တော့မည့် အချိန်မှာ, ကောင်းကင်ယံမှ လက်ခုပ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ရှောင်ဘိုင်နှင့် မာကျိတို့ နှစ်ယောက်စလုံး ခေါင်းမော့ပြီး ကောင်းကင်ယံကို ကြည့်လိုက်ကြ သည်။ မည်သည့်အချိန်ကတည်းကမှန်းမသိ ကောင်းကင်ယံတွင် နောက်ထပ် ပုံရိပ်နှစ်ခု ရှိနေခဲ့သည်။ ထိုမြင်ကွင်းက သူတို့အား ချက်ခြင်း တုန်လှုပ်သွားစေခဲ့ သည်။

ရှောင်ဘိုင်နှင့် မာကျိတို့သည် လေထဲတွင် ရုတ်တရက် ပေါ်လာသော လူနှစ်ယောက်ကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ၊ သူတို့မျက်လုံးများက အသိအပြည့် ရှိနေကြသည်။

"မင်းတို့က ဘယ်သူတွေလဲ။ မင်းတို့ ဘယ်အချိန်ကတည်းက ဒီနေမှာ ပေါ်လာတာလဲ။" မာကျိက စူးစူးရဲရဲ မေးသည်။ လူငယ်နှစ်ယောက်ကိုကြည့်ရင်း သူ့မျက်လုံးများတွင် ကြောက်ရွံ့နေသည့် အမူအရာ ပေါ်လွင်နေသည်။

ဤလူနှစ်ယောက်၏ ကျင်ကြံမှုအဆင့်ကို သူ အမှန်တကယ် မမြင်နိုင်ဘူးဆိုသည်ကို သူ တွေ့လိုက်ရသည်။ ဆိုလိုသည်မှာ ဤလူနှစ်ဦး၏ ကျင်ကြံမှုသည် သူ့အထက်တွင် ရှိသည်။ သူတို့သည် အနည်းဆုံး မြေကမ္ဘာနတ်ဘုရားအဆင့်တွင် ရှိနေသည်။

သူသည် အရင်ကတည်းက ရှင်းရှင်းလင်းလင်း မေးမြန်းဖူးသည်။ ဤစမ်းသပ်မှုတွင် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများမရှိပေ။ သို့သော်, အခု ယခုထိုကဲ့သို့ လူနှစ်ယောက်သည် ရုတ်တရက် ပေါ်လာသောကြောင့် သူသည် မည်သို့ မစိုးရိမ်ဘဲ ရှိမည်နည်း။

ရှောင်ဘိုင်လည်း မျက်မှောင်ကြုတ်သွားသည်။ ရုတ်တရက် ပေါ်လာသော လူနှစ်ယောက် သည် အလွန်အန္တရာယ်များသည်ဟု သူလည်း ခံစားမိသည်။

သို့သော် ကောင်းကင်မှလူငယ်နှစ်ဦးသည် မာကျိ၏အမေးကို ကြားသောအခါတွင် တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး မထီမဲ့မြင်ပြုကာ ပြုံးလိုက်ကြသည်။

"ငါတို့ဘယ်သူလဲဆိုတာ မင်းသိဖို့ မလိုဘူး။ မင်းငါ့မျက်လုံးထဲမှာ မင်းတို့က ပုရွက်ဆိတ် သာသာပဲလို့ သိထားဖို့ပဲ လိုတယ်။ မင်းကို အသက်တစ်ချက်ရှူလိုက်ရုံနဲ့ ပြာဖြစ်သွား အောင် ငါ လုပ်နိုင်တယ်။ ငါတို့က မင်းတို့ တိုက်ပွဲစစချင်းကတည်းက ဒီကို ရောက်နေပြီ။ ဒါပေမယ့် မင်းတို့က ငါတို့ကို သတိမထားမိဘူး။" လူငယ်တစ်ယောက်က ပြုံးပြီး ပြောသည်။

သူ့ဘေးနားရှိ လူငယ်လေးသည်လည်း သူ့မျက်လုံးများတွင် အထင်အမြင်သေးစွာဖြင့် ရယ်မောနေလေသည်။

၎င်းတို့နှစ်ဦးသည် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား၏ အကူအညီဖြင့် စမ်းသပ်မူကမ္ဘာထဲသို့ ဝင်ရောက်ခဲ့သော လျှန်ဖန်နှင့် ယွမ်ဟန်မှလွဲ၍ အခြားသူများ မဟုတ်ပေ။

All Chapters