← Chapters

အခန်း ၁၅၈၈

Vol. 106 Ch. 1588

အခန်း ၁၅၈၈

Vol. 106 Ch. 1588

အခန်း (၁၅၈၈) တိုးပွားလောသာ ပဋိပက္ခ။

ရှောင်ဘိုင်နှင့် မာကျိတို့ နှစ်ယောက်စလုံး တုန်လှုပ်သွားကြသည်။ ဤလူငယ်နှစ်ဦးသည် တိုက်ပွဲအစကတည်းက ဤနေရာသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူတို့ လုံးဝ သတိမထားမိပေ။ ဒါက တကယ်ကို အရမ်းကြောက်စရာကောင်းလွန်းသည်။ ဆိုလိုသည် မှာ, တစ်ဖက်လူများ၏ ကျင့်ကြံမှုသည် သူတို့ထက် များစွာ မြင့်မားသည်ဟု ဆိုလိုသည်။

"ဒီလူတွေ ဒီစမ်းသပ်မူကမ္ဘာထဲ ဘယ်လို ရောက်လာတာလဲ။ သူတို့က မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ရဲ့ အုပ်ချုပ်သူများ ဖြစ်နေမလား" ရှောင်ဘိုင်က သူ့ကိုယ်သူ ခန့်မှန်းနေမိသည်။

သူ့နှလုံးသားထဲတွင် ထူးဆန်းသော ကြိုတင်သတိပေးချက်တစ်ခု ရှိနေခဲ့သည်။ ထိုပညာရှင် နှစ်ယောက်၏ ရုတ်တရက် ပေါ်လာမူက သူတို့အတွက် ကောင်းသည့်အရာ မဟုတ်ဘူးဟု သူ ခံစားရသည်။ ဘေးဥပါဒ်တစ်ခုပင် ဖြစ်နိုင်သည်။

"အရှင်တို့၊ ကျွန်တော်တို့က ထိုက်တောင်ကြီးကို မမြင်မိပါဘူး။ အရှင်တို့ကို ဝင်တိုက်မိတဲ့ အတွက် ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ" မာကျိသည် သူတို့နှစ်ဦး မည်မျှ တန်ခိုးကြီး သည်ကို သိရှိပြီး ဆောလျင်စွာ တောင်းပန်လိုက်သည်။

သို့သော် လူငယ်နှစ်ဦးသည် မာကျိကို တစ်ချက်သာ ကြည့်လိုက်ပြီး ပြန်ဖြေရန်ပင် ပျင်းလွန်းလှသည်။ ထို့နောက် သူတို့သည် ရှောင်ဘိုင်ဆီသို့ လှည့်ကြည့်လိုက်သည်။

မာကျိသည် ထိုမြင်ကွင်းကို မြင်ပြီး သူ့ရင်ထဲမှာ နာကြည်းမှုတွေက တဟုန်ထိုး တိုးမြင့်လာ သော်လည်း, ထုတ်မပြရဲပါဘူး။ သူသည် ရှောင်ဘိုင်အပေါ် ပြင်းထန်သော မနာလိုစိတ်ကို သာ ခံစားခဲ့ရသည်။

ရှောင်ဘိုင်သည် ကောင်းကင်ယံမှ ကျွမ်းကျင်ပညာရှင်နှစ်ဦး၏ အကြည့်များကို ခံစားရပြီး သူ့မျက်ခုံးများက အနည်းငယ် တွန့်သွားခဲ့သည်။ သူ စကားတစ်ခွန်းမှ မပြောဘဲ ကောင်းကင်ပေါ်က လူနှစ်ယောက်ကို တိတ်တဆိတ်သာ ကြည့်နေလိုက်သည်။

"မင်းနဲ့ မင်းရဲ့အဖော် နှစ်ယောက်စလုံးက အရည်အချင်း ရှိတယ်။ တစ်ကောင်က ကောင်းကင်မျိုစပါးအုံးမြွေရဲ့သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်. နောက်တစ်ကောင်က တော့ အင်မော်တယ်စိန်မျောက်ဝံရဲ့သွေးမျိုးဆက် ရှိတယ်။ နတ်ဘုရားကမ္ဘာ တစ်ခုလုံးမှာ တောင် ဒီလို ထိပ်တန်းအဆင့် နတ်ဘုရားသားရဲ အနည်းငယ်ပဲ ရှိတယ်။ ဘယ်လိုလဲ, မင်းတို့ ငါ့လက်အောက်ခံဖို့ စဉ်းစားမလား။" လျှန်ဖန်သည် ရှောင်ဘိုင်ကို ကြည့်ပြီး ရယ်မောကာ ပြောလိုက်သည်။

"မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါ ဘယ်အဖွဲ့နဲ့မှ မပူးပေါင်းချင် ဘူး။" ရှောင်ဘိုင်က ငြင်းလိုက်သည်။

ရှောင်ဘိုင်၏ စကားကိုကြားတော့ ကောင်းကင်ယံမှ လျှန်ဖန်သည် ချက်ချင်း မျက်မှောင် ကြုတ်ပြီး သူ့မျက်လုံးတွေမှ ပြင်းထန်သော အလင်းရောင်များ ထွက်ပေါ်လာသည်။

"မင်း ရှင်းရှင်းလင်းလင်း တွေးတတ်ရမယ်။ ငါက မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရား နန်းတော်ရဲ့ အကြီးအကဲတစ်ယောက်ပဲ။ ငါ့အဖေလည်း နတ်ဘုရားနန်းတော်ရဲ့ အဓိပတိ ခန်းမသခင်တစ်ယောက်ပဲ။ မင်း လက်အောက်ခံတာနဲ့ မင်းရဲ့အနာဂတ် ကျင့်ကြံမှုအတွက် အတားအဆီး ကင်းစေရမယ်လို့ ငါအာမခံနိုင်တယ်။ မင်း အနှစ် ၁၀၀၀၀၀ အတွင်းမှာ ကောင်းကင်နတ်ဘုရားနယ်ပယ်ကို ရောက်ဖို့ ငါအာမခံနိုင်တယ်။ နောက်ပြီး မင်းအဖော်ရဲ့ ဒဏ်ရာတွေကို အခုပဲ ငါ ကုစားပေးနိုင်တယ်။ အခု မင်း ငါ့လက်အောက်ခံဖို ဆန္ဒရှိပြီလား" လျှန်ဖန်က ထပ်ပြောသည်။

သူ့ရှေ့က လူငယ်သည် သူ့အဖေ၏ အဆင့်အတန်းနှင့် ကိုယ်ရေးအချက်လက်ကို ထုတ်ဖော် ပြောဆိုပါက ငြင်းဆန်မည်ဟု သူ မယုံကြပေ။ အဆုံးတွင်, သူ့အဖေ၏ ကိုယ်ရေးအချက် တစ်ခုတည်းက မရေမတွက်နိုင်သည့် လူတွေ သူ့ဆီ စုရုံသွားဖို့ လုံလောက်ပါသည်။

သေချာပါသည်။ ထိုစကားကိုကြားတော့ မာကျိ၏ မျက်လုံးတွေက မနာလိုစိတ်တွေ ပေါက်ဖွားလာခဲ့သည်။ သူသည် ဤစမ်းသပ်မှုမှာ အဘယ့်ကြောင့် ပါဝင်ခဲ့သနည်း။ မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ထဲကို ဝင်ပြီး လက်ရွေးစင်တပည့် တစ်ဦး ဖြစ်လာရန်ပင် မဟုတ်ပါလား။

ယခု ဤလူငယ်သည် နတ်ဘုရားနန်းတော်၏ အကြီးကဲတစ်ဦးဖြစ်ကြောင်း အမှန်တကယ် ပင် ပြောဆိုခဲ့ပြီး၊ သူ့ဖခင်မှာ ဘိုးဘေးနတ်ဘုရားအဆင့် ဧကရာဇ်တစ်ပါး ဖြစ်သည်။ အခုလို ဂုဏ်သိက္ခာရှိသည့် အနေအထားမျိုးဖြင့်ဆိုပါက, သူသည် မစဉ်းစားမနေဘဲ သေချာပေါက် သဘောတူလိုက်မိမည်။ အဆုံးတွင်, ဤအရာ ပျံသန်းပြီး ဖီးနစ်တစ်ကောင်ဖြစ်လာရန် သင်ယူနိုင်ဖို့ အခွင့်အရေးတစ်ခု ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူ အနည်းငယ် စိုးရိမ်သွားသည်၊ အကြောင်းမှာ ဤလူငယ်သည် ထိုလူငယ်နှစ်ဦးထံ အညံ့ခံပြီး၊ သူပြောလိုက်သည်နှင့်, သူတို့နှစ်ဦးသည် သူ့ကို မတုံ့ဆိုင်းဘဲ သတ်ပစ်မည်မှာ သေချာသည်။ ထိုလူငယ်နှစ်ယောက် တိုက်ခိုက်လာသည်နှင့် သူသည် လွတ်မြောက်ပင် အခွင့်ရေးရှိတော့မည် မဟုတ်ပေ။ ဤအရာက သူ့စိတ်ထဲတွင် အလွန်မင်း မကျေမနပ် ဖြစ်ရသည်။

သို့သော် ရှောင်ဘိုင်သည် လျှန်ဖန်၏စကားကို ကြားသောအခါတွင် သူ့မျက်ခုံးများက တွန့်သွားခဲ့သည်။ သူ့မျက်နှာမှာ ပျော်ရွှင်သည့်အရိပ်ယောင် အနည်းငယ်မျှ မရှိပေ။ သူက တိုက်ရိုက် ငြင်းဆန်လိုက်သည် "မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်, ငါက ဘယ်အဖွဲ့နဲ့မှ ပူပေါင်းဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ဒီတစ်ကြိမ် စမ်းသပ်မူကမ္ဘာထဲ ဝင်လာရတာကလည်း ရွေးချယ်စရာ မရှိလို့ပါ။ မင်းတို့ရဲ့ ကြင်နာမှုကို လက်မခံတဲ့အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"။

ရှောင်ဘိုင်၏ အသံက ပြတ်သားသထက် ပြတ်သားလားပြီး အနည်းငယ်မျှပင် တုန့်ဆိုင်းခြင်း မရှိပေ။

လျှန်ဖန်၏ အမူအရာသည် ချက်ချင်းပင် အလွန်မင်း မပျော်မရွှင် ဖြစ်သွားသည်။ သူ့အဖေ၏ ကိုယ်ရေးအချက်လက်ကို ထုတ်ဖော်ပြောဆိုပြီးမှာ ယခုလိုပြောဆိုမည်ဟု သူ ဘယ်တုန်းကမှ တွေးမထားခဲ့ပေ။ သူ့ရှေ့က လူငယ်သည် အမှန်တကယ် ငြင်းဆန်နေခဲ့ သည်။ ဤအရာက သူ့ကို မျက်လုံးထဲ ထည့်မထားခြင်း မဟုတ်ပါလား။

"ကောင်စုတ်။ မင်း ငါ့ကို ငြင်းပယ်လိုက်ခြင်းရဲ့ အကျိုးဆက်ကို သိရဲ့လား။ ငါ မင်းကို အခု သတ်ပစ်နိုင်တယ်ဆိုတာ မင်းယုံလား" လျှန်ဖန်က ခက်ထန်စွာ ပြောပြီး သူ့မျက်လုံးတွေက ဒေါသအပြည့်နှင့်ပင်။

မာဂျီ ဝမ်းသာသွားသည်။ ဤအဖြူရောင်ဝတ်လူငယ်သည် ယခုလိုအခွင့်အရေးကောင်းကို စွန့်လွှတ်မည်ဟု သူ မမျှော်လင့်ထားပါဘူး။ သူ့မျက်လုံးထဲမှာတော့ ဤအရာက အရူးတစ်ယောက်၏ အပြုအမူပင်။

"သခင်၊ ဒီကောင်စုတ်က မသိတတ်ဘူး။ ကျွန်တော် အရှင့်ကို ခစားဖို့ ဆန္ဒရှိပါတယ်" မာကျိက ကမန်းကတန်း ပြောလိုက်သည်။ ဤအရာက ရှားရှားပါးပါး အခွင့်အရေးတစ်ခု ဖြစ်သည်။ ယခု သူသည် သူ့ရှေ့မှ အင်အားကြီးပုဂ္ဂိုလ်တစ်ဦးကို ပွေ့ဖက်ထားရမည်။ ထိုသို့ဖြစ်လာလျှင်, သူ၏အနာဂတ် ကျင့်ကြံမှုအတွက် စိတ်ပူနေစရာ မလိုတော့ပေ။

"မင်းက ဘယ်သူလဲ။ ထွက်သွားစမ်း”။

သို့သော် သူပြောပြီးသည်နှင့် ကောင်းကင်မှ ခပ်တိုးတိုး အော်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ကောင်းကင်မှ နတ်ဘုရားအလင်းတန်းတစ်ခု ပျံထွက်လာသည်။ သူ မတုံ့ပြန်နိုင် ခင်မှာ ထိုကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအလင်းတန်းသည် သူ့ရင်ဘတ်ကို ထိမှန်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံး နောက်ပြန်ဆုတ်သွားခဲ့သည်။

“ဘုန်း.."

မာကျိ၏ ခန္ဓာကိုယ်သည် နောက်ပြန် လွင့်ပျံသွားကာ ရေကန်ဘေးရှိ မြေပြင်သို့ တိုက်ရိုက် ပြုတ်ကျသွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြီးမားသော တွင်းနက်ကြီး တစ်ခုကို ဖန်တီးသွားခဲ့သည်။ သူသည် တွင်းနက်ထဲမှာ လဲလျောင်းနေပြီး မလှုပ်ရှားနိုင် တော့။ သူသည် ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပြီ။

မာကျိ၏မျက်လုံးများသည် နာကျင်မှုနှင့်အတူ မယုံကြည်နိုင်သည့် အမူအရာ ထင်ရှား ပေါ်လွင်နေသည်။ ကောင်းကင်ယံမှ ပညာရှင်တွေက သူ့ကို တကယ်တိုက်ခိုက်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးထားခဲ့မိပါဘူး။

ရှောင်ဘိုင်သည် အဝေးမှာ ပြင်းထန်စွာ ဒဏ်ရာရနေသော မာကျိကို ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်မှာ အပြုံးမပျက် ပေါ်လာသည်။

အကယ်၍, သူမလိုချင်သည့်အရာ ဖြစ်နေလျှင်ပင်, မာကျိ၏အလှည့် ရောက်မှာမဟုတ်ပါ ဘူး။ ဤအရာက သူတို့နှစ်ဦးကြားမှ ကွာခြားချက်ဖြစ်သည်။

ရှောင်ဘိုင်၏ လှောင်ပြောင်သော အမူအရာကို မြင်လိုက်ရသဖြင့် မာကျိသည် ပို၍ပင် စိတ်ဓာတ်ကျသွားသည်။ သူ့ဒဏ်ရာတွေက ပိုတိုးလာပြီး ပါးစပ်အပြည့် နောက်ထပ် သွေးတပွက် အန်ထုတ်လိုက်ရသည်။

သို့သော်လည်း ကောင်းကင်ယံမှ လျှန်ဖန်သည် မာကျိကို လှည့်ပင် မကြည့်တော့ပေ။ ယင်းအစား သူက ရှောင်ဘိုင်ကို ငုံ့ကြည့်ပြန်သည်။ သူ့မျက်လုံးထဲမှာတော့ မာဂျီက သူ့ခွေး တစ်ကောင်ဖြစ်ဖို့တောင် အရည်အချင်း မရှိပါဘူး။ ရှောင်ဘိုင်ကို သဘောကျရသည့် အကြောင်းအရင်းက သူ့အရည်အချင်းကြောင့် ဖြစ်သည်။

"ငါ မင်းကို နောက်ဆုံးတစ်ကြိမ် မေးမယ်။ မင်း ငါ့လက်အောက်ခံဖြစ်ဖို့ ဆန္ဒရှိလား, မရှိဘူးလား။ မဖြေခင် မင်း သေချာ စဉ်းစားသင့်တယ်။ မဟုတ်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေကို မင်း သိသင့်တယ်" လျှန်ဖန်က ရှောင်ဘိုင်ကို ကြည့်ရင်း အေးတိအေးစက် အမူအရာဖြင့် ပြောလိုက်ပြီး၊ သူ့အသံက တန်ခိုးကြီးသည့် ခမ်းနားထည်ဝါမူကို သယ်ဆောင်လာသည်.

"အဲဒါကို စဉ်းစားနေစရာ မလိုဘူး။ ငါ မင်းလက်အောက်ခံဖြစ်ဖို့ သဘောတူမှာ မဟုတ်ဘူး။ မင်း ငါ့ကို အကြိမ်တစ်ရာ ထပ်မေးရင်တောင် ငါ သဘောမတူဘူး။" ရှောင်ဘိုင်က နှိမ့်ချခြင်း မရှိသလို မောက်မာခြင်းလည်းမရှိဘဲ ခိုင်မာစွာ ပြောလိုက်သည်.

သူ့ဘဝတွင် လူတစ်ဦးတည်းကိုသာ သစ္စာရှိမည်။ ထိုလူကလည်း သူ့အစ်ကိုအကြီးဆုံး ချင်ယွင်ပဲ ဖြစ်လိမ့်မည်။ ထို့ကြောင့် သူသေလျှင်ပင် သူတပါး၏ လက်အောက်ခံမည် မဟုတ်ပေ။ ရှောင်ကျင်း နိုးလာလျှင်လည်း သူနှင့်အတူ ရွေးချယ်မည်ဟု သူယုံကြည်သည်။

"မင်းက သေချင်နေတာဘဲ!"

လျှန်ဖန် ဒေါသပေါက်ကွဲသွားသည်။ သူက သူ့ဝတ်စုံလက်မောင်းကို နောက်တစ်ကြိမ် ဝှေ့ယမ်းပြီးနောက် ရှောင်ဘိုင်သည် လွင့်ပျံသွားသည်။ သူသည် ရေကန်မျက်နှာပြင်ပေါ်ရှိ ရေခဲပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး ကြီးမားသော တွင်းကြီးတစ်ခုကို တိုက်ရိုက် ဖန်တီးသွားခဲ့သည်။ ရေခဲပြင်ကြီးတစ်ခုလုံးလည်း တခဏချင်း အပ်ကွဲသွားသည်။

“အဟွတ်.. အဟွတ်…”

ရှောင်ဘိုင်သည် ရေခဲတွင်းထဲမှာ ပြင်းထန်စွာ ချောင်းဆိုးလိုက်ပြီး သူ့ပါးစပ်က သွေးများဖြင့် ပြည့်နေခဲ့သည်။

သူ့ပြိုင်ဘက်က အရမ်းကို သန်မာသည့်အတွက် ခုခံနိုင်စွမ်းပင် မရှိခဲ့ပါဘူး။ သို့သော် သူ့မျက်လုံးများက ခိုင်မာနေဆဲဖြစ်ပြီး အနည်းငယ်မျှပင် မယိမ်းယိုင်ပေ။

"မင်း ငါ့ကို သတ်ရင်တောင်, ငါ မင်းကို အညံ့ခံမှာမဟုတ်ဘူး။" ရှောင်ဘိုင်၏ အသံသည် အေးစက်သွားပြန်သည်။

"ဒါဆိုလည်း ငရဲဘုရင်ကို သွားကြည့်လိုက်တော့"

ထိုစကားကိုပြောပြီးနောက် လျှန်ဖန်သည် လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး၊ ချက်ခြင်းဆို သလို ကြီးမားသော လက်ဖဝါးပုံရိပ်ကြီးတစ်ခုက ကောင်းကင်၌ သိပ်သည်းလာခဲ့သည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် ရှောင်ဘိုင်ဆီသို့ အပြင်းအထန် ရိုက်ချလိုက်သည်။

ကြယ်နတ်ဘုရားနယ်ပယ်၏ အလယ်လတ်အဆင့်သာရှိသော ရှောင်ဘိုင်ကို မဆိုထားနှင့်, အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် တခါတည်း သေဆုံးသွားလိမ့်မည်။

အဝေးမှ မာကျိသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင်၊ ရှောင်ဘိုင်သည် အသားပြားဖြစ်သည်အထိ ရိုက်ခံရသည်ကို ကြိုတင်မြင်နေသည့်အလား သူ့စိတ်နှလုံးက ရွှင်မြူးသွားလေသည်။

ရှောင်ဘိုင်သည် ကောင်းကင်မှ ကျဆင်းလာသော လက်ဖဝါးပုံရိပ်ကြီးကို ကြည့်လိုက် သည်။ သူ့မျက်လုံးများက အလွန်ငြိမ်သက်နေပြီး သူ့နှုတ်ခမ်းထောင့်စွန်းက အပြုံးအရိပ် များ ထွက်ပေါ်လာသည်။ "အကိုကြီး၊ နှုတ်ဆက်ခဲ့တယ်" ဟု သူ့ကိုယ်သူ တွေးလိုက်သည်။

"ဟမ်, မင်းက ငါ့ညီကို သတ်ချင်တယ်ဆိုတော့, ငါ့ကို မေးပြီးပြီလား"

သို့သော် ဤအခိုက်တွင် ကောင်းကင်လှုပ်ခါလောက်သည့် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် အရပ်ရှည်ရှည် သွယ်လျသော ရုပ်အသွင်တစ်ခုက ရှောင်ဘိုင်ရှေ့မှာ ပေါ်လာသည်။ ၎င်းပုံရိပ်သည် လက်သီးတစ်ချက် ထိုးထုတ်လိုက်ပြီး ကောင်းကင်ယံရှိ ကြီးမားလှသော လက်ဖဝါးပုံရိပ်ကြီးကို တိုက်ရိုက် ဖြိုခွဲပစ်လိုက်သည်။

ရှောင်ဘိုင်သည် ရုတ်တရက် ပေါ်လာသော သွယ်လျသော ရုပ်အသွင်ကို ကြည့်လိုက်ရင်း သူ၏တည်ငြိမ်ပြီး အရာအားလုံးကို လျစ်လျူရှုထားသော မျက်လုံးများသည် စိတ်လှုပ်ရှားမှု များဖြင့် တောက်ပလာသည်။

ကောင်းကင်ယံ၌ လျှန်ဖန်လည်း အံ့သြသည့် အမူအရာကို ထုတ်ဖော်လိုက်သည်။ ထို့နောက်၊ ရုတ်တရက် ပေါ်လာသည့် ပုံရိပ်ကို စူးစူးစိုက်စိုက် စိုက်ကြည့်ရင်း သူ့မျက်လုံးထဲ မှာ သတ်ဖြတ်ချင်စိတ်က တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။

All Chapters