← Chapters

အခန်း ၁၅၈၉

Vol. 106 Ch. 1589

အခန်း ၁၅၈၉

Vol. 106 Ch. 1589

အခန်း (၁၅၈၉) ဓားဆွဲထုတ်ခြင်း။

"အစ်ကိုကြီး!"

ရှောင်ဘိုင်သည် ရုတ်တရက် ချင်ယွင်၏ ကျောပြင်ကို ကြည့်ရင်း အံ့သြတကြီး အော်ခေါ်လိုက်သည်။ ဤအရေးကြီးသော အခိုက်အတန့်တွင် သူ့အစ်ကိုကြီးသည် အမှန်တကယ် ပေါ်လာလိမ့်မည်ဟု မထင်ခဲ့ပေ။

ဟုတ်ပါသည်, ရှောင်ဘိုင်ကို ကယ်တင်ရန် ဤနေရာတွင် ပေါ်လာသည့်သူကတော့ ဤစမ်းသပ်မှုကမ္ဘာထဲကို ဝင်ရောက်လာသည့် ချင်ယွင် ဖြစ်ပါသည်။

ချင်ယွင်သည် စမ်းသပ်မှုကမ္ဘာထဲသို့ ဝင်ရောက်ပြီးနောက်, ရှောင်ဘိုင်နှင့် ရှောင်ကျင်း တို့သည် ချင်ယွင်၏တည်ရှိမှုကို အဘယ်ကြောင့် မခံစားနိုင်ကြသနည်း။ အကြောင်းပြချက် က ချင်ယွင်သည် ဤစမ်းသပ်မှုကမ္ဘာသို့ ဝင်ရောက်ပြီးနောက် သူ၏စိတ်ဝိညာဉ်စွမ်းအင်ကို ကနဦးစကြာဝဠာ၏ စွမ်းအားဖြင့် ထိန်းချုပ်ထားသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ရှောင်ဘိုင်နှင့် ရှောင်ကျင်းသည် ချင်ယွင်၏ထွက်ပေါ်လာခြင်းကို အနည်းငယ်မျှ မခံစားနိုင်ခဲ့ပေ။

"ရှောင်ဘိုင် မင်းအဆင်ပြေရဲ့လား" ချင်ယွင်က ရှောင်ဘိုင်ဘက်လှည့်ပြီး မေးသည်။

"ငါ အဆင်ပြေတယ်။ ဒဏ်ရာနည်းနည်းပဲ ရတာပါ။ မကြာခင် ပြန်ကောင်းသွားမှာပါ။ ဒါပေမယ့် ရှောင်ကျင်းရဲ့ခန္ဓာကိုယ်က အဆိပ်မိထားတယ်။ အစ်ကိုကြီး၊ သူ့ကို ကယ်တင်ရ မယ်” ရှောင်ဘိုင်သည် ရေခဲတွင်းနက်မှ ဖြည်းညှင်းစွာ ထကာ ချင်ယွင်အား ပြောလိုက် သည်။

"အဆိပ်လား၊ ငါ ရှောင်ကျင်းရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးပြီးသွားပြီ။ ခုထိ သူ့အသက် အန္တရာယ်မရှိပါဘူး။ သူတို့ကို ရှင်းထုတ်ပြီးတာနဲ့ ရှောင်ကျင်းရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ငါ ဖယ်ရှားနိုင်မှာပါ" ချင်ယွင်က ခေါင်းညိတ်ပြီး ပြောသည်။

"ဒါပေမယ့် အစ်ကိုကြီး၊ ကောင်းကင်ပေါ်က လူနှစ်ယောက်ရဲ့ မူလဇစ်မြစ်က မရိုးရှင်းဘူး။ သူတို့က အနည်းဆုံး ကောင်းကင်နတ်ဘုရားအဆင့်မှာ ရှိနေလောက်တယ်။" ရှောင်ဘိုင်က စိုးရိမ်စွာ ပြောသည်။

ချင်ယွင်သည် စိတ်မပူဘဲ ရှောင်ဘိုင်ကို ပြုံးပြလိုက်ပြီး၊ သူ့အကြည့်တွေက ကောင်းကင်ယံ ရှိ လျှန်ဖန်ဆီသို့ ရောက်သွားခဲ့သည်။

ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားသည် သူ မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်၏ စမ်းသပ်မူကမ္ဘာထဲသို့ ဝင်ရောက်သွားသည့် အကြောင်းကို သိထားပြီးဖြစ်သည်ကို သူ မသိသေးသောကြောင့် လျှန်ဖန်တို့ ဤနေရာတွင် ပေါ်လာသည့် အတွက် သူ အလွန်အံ့သြသွားခဲ့သည်။

အရေးကြီးဆုံးကတော့ လျှန်ဖန်၏ဘေးမှာ အခြားလူတစ်ယောက် ရှိနေခြင်းပင်။ ထို့အပြင် ဤလူသည် ချင်ယွင်ကို အန္တရာယ်များသည့် ခံစားချက်ကို ပေးနေခဲ့သည်။ ထိုလူ၏ ကျင့်ကြံမှုက လျှန်ဖန်အောက် မနိမ့်ကျသည်မှာ သေချာပါသည်။

သို့သော် ထိုသူသည် မည်မျှပင် တန်ခိုးကြီးသည်ဖြစ်စေ သူ့ညီကို နှိပ်စက်ဝံ့သူတိုင်း သေရပေလိမ့်မည်။

ချင်ယွင်၏ မျက်လုံးများမှ သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာခဲ့သည်။ လျှန်ဖန် အဘယ်ကြောင့် ဤနေရာတွင် ပေါ်လာသည်ကို သူမသိသော်လည်း လျှန်ဖန်သည် သူ့အတွက် ဤနေရာတွင် ပေါ်လာကြောင်း အကြမ်းဖျင်း သူ ခန့်မှန်းနိုင်သည်။

ဤလျှန်ဖန်သည် ယခင်ကတည်းက သူ့ကို သတ်ပစ်ချင်နေခဲ့သည်။ ယခုအခါ, သူသည် ရှောင်ဘိုင်ကို ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့သည်။ ဤအရာက သူ၏အဓိကတားမြစ်ချက် ကို လုံးလုံးလျားလျား ချိုးဖောက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင်, သူ မည်သို့ပင်ဆိုစေကာမူ လျှန်ဖန်ကို အလွယ်တကူ အလွတ်ပေးမည် မဟုတ်ပေ။

ချင်ယွင်သည် လျှန်ဖန်ကို တန်ရာတန်ကြေး ပေးဆပ်ခိုင်းရန် စိတ်ပိုင်းဖြတ်ထားချိန်မှာ, လျှန်ဖန်သည်လည်း ချင်ယွင်ကို စူးစိုက်ကြည့်နေပြီး သူ့မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လို စိတ်များဖြင့် ပြည့်နှက်နေသည်။

"ဟမ့်၊ ငါ မင်းကို လိုက်ရှာဖို့ မသွားရသေးဘူး။ ဒါပေမယ့် မင်း အရင် ခုန်ဆင်းလာခဲ့တယ်။ အဲဒါကို မေ့လိုက်ပါ၊ မင်းကိုရှာဖို့ ငါ့ရဲ့ကြိုးစားအားထုတ်မှုတွေ သက်သာသွားတာပေါ့။" လျှန်ဖန်က အေးစက်စွာ ပြောလိုက်ပြီး၊ သူ့အသံမှာ အေးစက်စက် အပြုံးတစ်ခုကို သယ်ဆောင်ထားသလိုပင်။

"အိုး? သူက ငါတို့ရှာနေတဲ့ ချင်ယွင်လား" ဤအရာအားလုံးကို အေးစက်စွာ ကြည့်နေသည့် ယွမ်ဟန်က အံ့သြစွာ မေးလိုက်သည်။

"မှန်တယ်၊ စီနီယာ အစ်ကိုယွမ်၊ သူက ကျွန်တော်ပြောခဲ့တဲ့ ချင်ယွင်ပဲ။ သူက ကြယ်နတ်ဘုရားနယ်ပယ်ရဲ့ အထွတ်အထိပ်မှာပဲ ရှိပေမယ့်၊ အလယ်လတ် ကောင်းကင် နတ်ဘုရားအဆင့်ရဲ့ အထွတ်အထိပ် ခွန်အားကို ပိုင်ဆိုင်ထားတယ်။" လျှန်ဖန်က ခေါင်းညိတ်ပြီး ပြန်ဖြေသည်။

ယွမ်ဟန်သည် ထိုစကားကို ကြားသောအခါ ချင်ယွင်ကို ချက်ချင်း ကြည့်ပြန်သည်။ ချင်ယွင် သည် အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ်တွင်သာ ရှိသည်ကို သူတွေ့ရှိရသည်။ သို့သော် သူ့ခန္ဓာကိုယ်အတွင်း ရှိနေသော စွမ်းအားသည် အထွတ်အထိပ် ကြယ်နတ်ဘုရား ထက် အဆပေါင်းများစွာ ကျော်လွန်နေခဲ့သည်။

"စိတ်ဝင်စားဖို့ ကောင်းတယ်။ အခုလို ပါရမီရှင်တစ်ယောက် ဒီကမ္ဘာမှာတည်ရှိနေဖို့ ငါ မျှော်လင့်မထားဘူး။" ယွမ်ဟန်က အံ့အားသင့်စွာဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် သွေးဆာနေသော အပြုံးကို ထုတ်ဖော်လိုက်သည်။

သူ့ကို သိသည့်သူတိုင်းက သူ့မှာ ဝါသနာတစ်ခု ရှိသည်ကို သိထားကြသည်။ ထိုဝါသနာက ပါရမီရှင်တွေကို အမဲလိုက်ခြင်း ဖြစ်သည်။ လူတစ်ယောက်သည် ပါရမီပိုမြင့်မားလေ, သူက ပို၍ အမဲလိုက်ချင်လေပင်။

ချင်ယွင်သည် သူအမဲလိုက်မည့် သားကောင်များထဲမှ တစ်ဦးအဖြစ် စာရင်းသွင်းခံလိုက်ရ ပြီး၊ သူသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းသည့် သားကောင်များထဲမှ တစ်ဦးဖြစ် ကြောင်း ထင်ရှားပါသည်။

ချင်ယွင်သည် ယွမ်ဟန်၏ တောက်လောင်နေသော အကြည့်များကို ခံစားလိုက်ရပြီး သူ့မျက်ခုံးများက ချက်ချင်း ရှုံ့တွသွားသည်။ သူ့စိတ်ထဲတွင် နိုးကြားသတိထားသည် စိတ်အာရုံက ပျံ့နှံ့လာခဲ့သည်။

သူ၏လက်ရှိအင်အားဖြင့် လျှန်ဖန်ကို သတ်ဖြတ်ရန်အတွက်ပင် အနည်းငယ် ခက်ခဲနေ သေးပြီး၊ ယခု ပို၍ပင် အင်အားကြီးမားသည့် ယွမ်ဟန်ပေါ်လာခဲ့သည်။ ဤအရာက သေချာပေါက် သူ့အတွက် ကောင်းမွန်သည့်အရာ မဟုတ်ပေ။

သို့သော်လည်း တစ်ဖက်လူက သူ့ကိုသတ်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားလိမ့်မည်။ သူသည် သေချာပေါက် နောက်ပြန် ဆုတ်၍ မရပေ။ သူချင်ယွင်က သူတို့ အလွယ်တကူ ရန်စနိုင်သည့် တည်ရှိမှု မဟုတ်ကြောင်းကို သိပေးရလိမ့်မည်။

"ဟမ့်၊ ချင်ယွင်၊ ငါတို့ ဒီမှာ နောက်တကြိမ် ပြန်တွေ့ရမယ်လို့ ဘယ်သူက ထင်မိမှာလဲ။ မင်းရဲ့ စီနီယာညီအစ်ကို နှစ်ယောက်ကြောင့်သာ မဟုတ်ရင်, မင်း ငါ့ဓားချက်အောက်မှာ သေသွားလောက်ပြီ။ လေဟာနယ် ဘိုးဘေးနတ်ဘုရားက မင်းကို ကာကွယ်ပေးနိုင်ဦးမယ် လို့ မင်း မထင်လိုက်နဲ့။ မင်း ဒီစမ်းသပ်မှုကမ္ဘာထဲ ဝင်ပြီးတာနဲ့ ငါ့အဖေက ဒီကမ္ဘာကြီး တစ်ခုလုံးကို ချိတ်ပိတ်ထားလိုက်ပြီ။ လေဟာနယ် ဘိုးဘေးနတ်ဘုရားတောင် ဒီနေရာကို မစူးစမ်းနိုင်တော့ဘူး။ ဒါကြောင့် ဒီနေ့ မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူး။" လျှန်ဖန်က ချင်ယွင်ကို ခရားထဲက လိပ်တစ်ကောင်လို ကြည့်ရင်း လှောင်ပြောင် ပြောလိုက်သည်။

"မင်းတို့ကောင်တွေက ငါ့ကိုသတ်ဖို့ လျှို့ဝှက်ကြံစည်ထားတယ်ပေါ့။ ဒါပေမယ့်, ငါက ရှင်သန်လွတ်မြောက်ဖို့ ကယ်တင်ခံရမှဖြစ်မယ်လို့ မင်း တကယ်တွေးနေတာလား" ချင်ယွင်၏ ပါးစပ်ထောင့်က လှောင်ပြောင်ဟန်ဖြင့် တွန့်ကွေးသွားပြီး၊ သူ့ပါးစပ်ထောင့်စွန်း မှာ အထင်သေးဟန် အပြုံးတစ်ခု ရှိနေခဲ့သည်။

သူလက်ရှိခွန်အားသည် အလယ်လတ် ကောင်းကင်နတ်ဘုရားအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ။ အရင်က, သူသည် မည်သည့်နည်းလမ်းကိုမျှ အသုံးမပြုခဲ့ပေ။ အကယ်၍, သူ အသုံးပြုခဲ့မည်ဆိုလျှင်, သူသည် နှောင်းပိုင်း ကောင်းကင်နတ်ဘုရားအဆင့်ကိုပင် ကြောက်ရွှံ့မည် မဟုတ်ပေ။ သူသည် နှောင်းပိုင်း ကောင်းကင်နတ်ဘုရားအဆင့်ကိုတောင် သတ်ဖြတ်နိုင်စွမ်း ရှိကောင်းရှိနိုင်သည်။

ထို့ကြောင့်၊ လျှန်ဖန်၏ အထင်သေးရှုတ်ချမှုသည် သူ့မျက်လုံးထဲတွင် ဟာသတစ်ခုထက် မပိုပေ။ သူ့အစစ်မှန်ခွန်အားသည် နောက်ဆုံးအကြိမ်တုန်းက သူထုတ်ဖော်ပြသခဲ့သည့် ခွန်အားထက် သေချာပေါက် ပိုသန်မာပါလိမ့်မည်။

“ဟမ့်၊ မင်းရဲ့အထွတ်အထိပ် ကြယ်နတ်ဘုရား ကျင့်ကြံမှုအဆင့်လေးနှင့် မင်းက ငါ့ကို အနိုင်ယူနိုင်မယ်လို့ တကယ်ထင်နေတာလား။ မင်း ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေ တယ်လို့ မထင်ဘူးလား။ ငါ မင်းကို ပြောပြမယ်။ တကယ်လို့, ငါသာ မင်းကို တကယ် သတ်ချင်တယ်ဆိုရင် မင်းကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်" လျှန်ဖန်က လှောင်ပြောင်ပြောလိုက်ပြီး၊ သူ့မျက်လုံးတွေက အထင်သေးမူ အပြည့်နှင့်ပင်။

အစကတည်းက သူသည် ချင်ယွင်၏စွမ်းအားကို အမှန်တကယ် မကြောက်ခဲ့ပေ။ သူကြောက်သည့်အရာက ချင်ယွင်၏အနာဂတ် အလားအလာကို ဖြစ်သည်။ ချင်ယွင်၏ ခွန်အားနှင့် ပတ်သတ်၍မူ သူ့မျက်လုံးထဲမှာ ဖော်ပြဖို့ပင် မထိုက်တန်ပါဘူး။

ချင်ယွင်သည် ထိုစကားကိုကြားသောအခါ ပြုံးလိုက်သော်လည်း သူ့အပြုံးနောက်တွင် အေးစက်စက် သတ်ဖြတ်လိုစိတ်တစ်ခု ရှိနေခဲ့သည်။

ချင်ယွင်၏နောက်မှာ ရပ်နေသည့် ရှောင်ဘိုင်သည် ထိုအေးစက်မှုကို ခံစားလိုက်ရပြီး ရှောင်ကျင်းကို ချက်ချင်း ဆွဲယူကာ အဝေးကို ဆုတ်သွားခဲ့သည်။ ချင်ယွင်သည် ယခု အခိုက်အတန့်တွင် အမှန်တကယ် ဒေါသထွက်နေခဲ့ပြီး၊ ထို့နောက်တွင် ကြောက်မက်ဖွယ် ကောင်းသော တိုက်ပွဲတစ်ခု ဖြစ်လာတော့မည်ကို သူသိသည်။

ချင်ယွင်သည် သူ့ရှေ့မှ ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူနှစ်ဦးကို အနိုင်ယူနိုင် မည်ဟု သူ ယုံကြည်ထားသော်လည်း၊ သူ့စိတ်ထဲတွင် စိုးရိမ်ပူပန်မှုအချို့ ရှိနေသေးသည်။ နောက်ဆုံးတွင်, သူသည် ချင်ယွင်ကို မတွေ့ခဲ့ရသည်မှာ ကြာမြင့်လှပါပြီ။ ချင်ယွင်မည်မျှ သန်မာသည်ကို သူမသိသော်လည်း ချင်ယွင်သည် မာနကြီးသူမဟုတ်မှန်း သူသိသည်။ သူပြောပြီဆိုကတည်းက သေချာပေါက် သူ လုပ်နိုင်၍ ဖြစ်သည်။

အခုအချိန်မှာ အတုန်လှုပ်ဆုံးလူကတော့ မာကျိဖြစ်ပါသည်။ ပထမတော့ ချင်ယွင် ထွက်ပေါ်လာချိန်မှာ သူနှင့် ကျင့်ကြံမူအဆင့်တူသည့် ချာတိတ်လေးတစ်ယောက်ဟု သူ ထင်ခဲ့မိသည်။ သို့သော်၊ ကောင်းကင်ယံရှိ ကောင်းကင်နတ်ဘုရားနှစ်ပါးသည် ဤလူငယ်ကို အမှန်တကယ် အလေးထားကြောင်းကို သူမြင်သောအခါ၊ ဤလူငယ်သည် သူမြင်သလောက် မရိုးရှင်းကြောင်း သူ တဖြည်းဖြည်း နားလည်လာခဲ့သည်။

အထူးသဖြင့် သူ့ရှေ့က ဤလူငယ်သည် သူ၏ အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် ကျင်ကြံမူအဆင့်ဖြင့် အလယ်လတ် ကောင်းကင်နတ်ဘုရားနယ်ပယ် တိုက်ခိုက်ရေး စွမ်းအားကို ပြသနိုင်သည်ဟု ကြားသိရသည်အခါ သူ့၏ပထမဆုံး တုံ့ပြန်မှုက မဖြစ်နိုင်ဟူ၍ပင်။

အထွတ်အထိပ် ကြယ်နတ်ဘုရားတစ်ပါးသည် အလယ်လတ်အဆင့် ကောင်းကင် နတ်ဘုရားနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်နိုင်မည်ဟု သူ့ကို သေအောင်ရိုက်ပြောရင်တောင် သူ မယုံကြည်ခဲ့ပေ။

သို့သော် ချင်ယွင်နှင့် လျန်ဖန်းတို့သည် ထိပ်တိုက်ရင်ဆိုင်ရန် နီးကပ်နေပြီဖြစ်သောကြောင့် သူ့အသိဉာဏ်က မကြာမီတွင် လုံးဝ ပြန်လည်ဆန်းသစ်လာခဲ့သည်။ သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသည့် စွမ်းအင်အတက်အကျကို ထုတ်လွှတ်လိုက်ကြ သည်။

All Chapters