အခန်း ၁၅၉၁
Vol. 107 Ch. 1591
အဓိပတိအင်မော်တယ်သခင် စာစဉ် (၁၀၇)
ဘာသာပြန်သူ နေဇင်။
အခန်း (၁၅၉၁) ကြည်လင်ကောင်းကင်ဓားအသစ်။
ဘန်း…။
နတ်ဘုရားဓားသည် ပြင်းထန်သော လျှပ်စီးကြောင်းများကို ထုတ်လွှတ်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများသည် ချင်ယွင်၏ ရှေ့တွင် အဆက်မပြတ် တဖျပ်ဖျပ်ခတ်နေပြီး အားကောင်းသော လျှပ်စီးစက်ဝိုင်းများကို ထွက်ပေါ်လာသည်။
ပြင်းထန်သော လျှပ်စီးစက်ဝိုင်းများသည် အနီးပတ်ဝန်းကျင် လေဟာနယ်ကို ပြင်းထန်စွာ တုန်လှုပ်စေခဲ့သည်။ လေဟာနယ်တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးများပေါ်လာပြီး ပတ်ဝန်းကျင် လေဟာနယ်သည် ပြိုကျသည့် လက္ခဏာများပင် ပေါ်လာသည်။
ထိုအချိန်တွင် ချင်ယွင်၏ အမူအရာမှာလည်း ထူးထူးခြားခြား လေးနက်နေပါသည်။ ချင်ယွင်၏ လက်ဖဝါးမှ ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအား အတက်အကျလှိုင်းတစ်ခု ထွက်လာပြီး သူ့နောက်တွင် ကြီးမားသော နတ်ဆိုးမျက်လုံးကြီးတစ်ခု ပေါ်လာသည်။
မှန်ပါသည်, ချင်ယွင်သည် မိစ္ဆာနတ်ဘုရားမျက်လုံး၏ စွမ်းအားကို အသုံးပြုနေခဲ့သည်။ ဤအချိန်တောတွင်းမှာ ချင်ယွင်သည် စတင်ခြင်းမျက်လုံးကို လေ့လာရန် မိစ္ဆာနတ်ဘုရား မျက်လုံး၏ တန်ခိုးကို အသုံးပြုခဲ့သည်။ အဆုံးတွင်၊ ချင်ယွင်သည် မိစ္ဆာနတ်ဘုရား မျက်လုံးသည် အစွမ်းထက်သော အကျိုးသက်ရောက်မှုကို တွေ့ရှိခဲ့သည်။
ချင်ယွင်သည် မိစ္ဆာနတ်ဘုရားမျက်လုံးကို အသက်သွင်းလိုက်သည့်အခါ၊ ကနဦးစကြဝဠာ ထဲရှိ ကြေးဝါအပိုင်းအစများနှင့် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။ ထိုပဲ့တင်ထပ်သံ ဖြစ်ပေါ်လာ သည်နှင့်အမျှ ချင်ယွင်၏ စိတ်ဝိညာဉ်စွမ်းအားသည် ချက်ချင်း ဆယ်ဆ တိုးလာနိုင်သည်။
ချင်ယွင်၏ စိတ်ဝိညာဉ်စွမ်းအားသည် နှောင်းပိုင်း ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယခုအချိန်တွင် သူ၏စိတ်ဝိညာဉ် စွမ်းအားသည် ဆယ်ဆတိုး လာခဲ့သည်။ သေချာသည်မှာ, ၎င်းသည် တုနှိုင်းမရသည့် စွမ်းအားတစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် သူသည် လျှန်ဖန်၏ လျှပ်စီးနတ်ဘုရားဓားကို တားဆီးရန် စတင်ခြင်း မျက်လုံး၏ စွမ်းအားကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။
အဝေးတွင်၊ လျှန်ဖန်သည် သူ၏လျှပ်စီးဓားကို အမှန်တကယ် ပိတ်ဆို့ခံထားရသည်ကို မြင်လိုက်ရလျှင်, ပြင်းထန်သော ဒေါသက ချက်ချင်းဆိုသလိုပင် သူ့မျက်လုံးများထဲတွင် ပေါက်ဖွားလာခဲ့သည်။
"ပေါက်ကွဲစမ်း.."
လျှန်ဖန်သည် ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် ချင်ယွင်၏ ရှေ့တွင် လွင့်မျောနေသော လျှပ်စီးဓားကြီးသည် တခဏချင်း ပေါက်ကွဲသွားသည်။ ကောင်းကင်ယံမှာ ပြင်းထန်သည့် လျှပ်စီးမုန်တိုင်းတစ်ခု ချက်ချင်း ဖြစ်ပေါ်လာသည်။ ထိုမုန်တိုင်းက ချင်ယွင်ကို ချက်ချင်း ဝါးမျိုသွားခဲ့သည်။
"ဟမ့်၊ ငါ့ရဲ့လျှပ်စီးဓားကနေ ဖြစ်ပေါ်လာတဲ့ လျှပ်စီးမုန်တိုင်းက မင်းကို ဘာမှ မလုပ်နိုင်ဘူး လို့ ငါ မယုံဘူး။" လျှန်ဖန်သည် လျှပ်စီးမုန်တိုင်း ဒဏ်ခံရသော ချင်ယွင်ကို ကြည့်ကာ သူ့ပါးစပ်ထောင့်တွင် သရော်မှုအရိပ်အယောင်များ ထွက်ပေါ်လာသည်။
ဤလျှပ်စီးနတ်ဘုရားဓားသည် သူ၏အစွမ်းထက်သော လျှပ်စီးနတ်ဘုရားစွမ်းရည်ဖြင့် သိပ်သည်ထားခြင်း ဖြစ်သည်။ နတ်ဘုရားလျှပ်စီး၏တန်ခိုးသည် သာမန် နတ်ဘုရား လျှပ်စီးတန်ခိုးထက် အဆပေါင်းများစွာ ပြင်းထန်ပြီး ၎င်း၏ စွမ်းအားက အနှိုင်းမဲ့ ကြီးမား သည်။ လျှပ်စီးစက်ဝိုင်း တစ်ခုစီတိုင်းသည် သာမန် နှောင်းပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရစေရန် လုံလောက်ပါသည်။
အခု ချင်ယွင်သည် လျှပ်စီးမုန်တိုင်းဖြင့် ဝါးမျိုခံနေရသည်ကို မြင်လိုက်ရသောအခါ ချင်ယွင် မသေလျှင်ပင် ဒဏ်ရာပြင်းထန်စွာ ရသွားမည်ဟု သူ တွေးထားသည်။
အဝေးမှ ရှောင်ဘိုင်သည် ကြောက်မက်ဖွယ်ရာ လျှပ်စီးများကို ကြည့်ပြီး၊ သူ့မျက်လုံးများက စိုးရိမ်စိတ်များ ပြည့်နှက်နေသည်။
ကြောက်မက်ဖွယ်ကောင်းသော ထိုလျှပ်စီးများသည် အတော်ဝေးကွားသော အရပ်မှပင် သူ့ ဦးရေပြားကို ထုံကျင်စေသကဲ့သို့ ခံစားရသည်။ သူ့အစ်ကိုကြီးသည် ဤကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးမုန်တိုင်းကို မည်သို့ခုခံနိုင်မည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲသည်။
ဘန်း….။
သို့သော်လည်း ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော လေပြင်းတစ်ခုက ရုတ်တရက် လျှပ်စီးမုန်တိုင်းမှ ထွက်ပေါ်လာပြီး၊ လျှပ်စီးမုန်တိုင်းကို တိုက်ရိုက် တိုက်ခတ် သွားလေသည်။ ထို့နောက် ချင်ယွင်၏ရုပ်အသွင်သည် လျှပ်စီးမုန်တိုင်းထဲမှ ထွက်သွားပြီး သူ့တစ်ကိုယ်လုံး အမှန်တကယ်ပင် ထိခိုက်ဒဏ်ရာမရှိ နဂိုအတိုင်း ဖြစ်နေသည်။
"ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ သူက ငါ့လျှပ်စီးတိုက်ခိုက်မှုကို ဘယ်လို ခုခံနိုင်မှာလဲ" လျှန်ဖန်သည် လျှပ်စီးမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော ကြီးမားသော တွင်းနက်ကြီးထဲမှ ထွက်လာခဲ့သည့် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေရင်း သူ့မျက်လုံးများတွင် မယုံကြည်နိုင်သည့် အမူအရာဖြင့် မအော်ပြောဘဲ မနေနိုင်ခဲ့ပေ။
ရှောင်ဘိုင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူ့မျက်နှာက ရွှင်လန်းသည့် အမူအရာ ပေါ်လာသည်။
"မင်းရဲ့လျှပ်စီးက ဘယ်လောက်ပဲ ပြင်းထန်နေပါစေ၊ ငါ့ပေါ် လုံးဝ မပေါက်ကွဲနိုင်ဘူး။" ချင်ယွင်က ရယ်မောပြီး လှောင်ပြောင်က ပြန်ပြောသည်။ သူက ကောင်းကင်ယံမှ လျှန်ဖန်ကို လှောင်ပြောင်သရော်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
သူပြောသည်မှာ အမှန်စကား ဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲတွင် လျှပ်စီးနဂါးငယ်လေး ရှိနေ ရုံသာမက, မိုးကြိုးဝိညာဉ်ပုလဲလည်း ရှိနေသည်။ တစ်ချိန်တည်းမှာပင် သူသည် လျှပ်စီး ဝါးမျိုခြင်းနတ်ဘုရားပညာရပ်ကိုလည်း ကျွမ်းကျင်ထားသည်။ နတ်ဘုရားလျှပ်စီးပညာကို အသုံးပြုသူသည် ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူ မဟုတ်သရွေ့, နတ်ဘုရား လျှပ်စီးပညာဖြင့် တိုက်ခိုက်မှုမှန်သမျှသည် သူ့အပေါ် လုံးဝ သက်ရောက်မှုရှိမည် မဟုတ် ဟု ဆိုနိုင်သည်။
ထိုစကားကိုကြားတော့ လျှန်ဖန်၏မျက်လုံးတွေက ချက်ချင်း ကျဉ်းသွားခဲ့ပြီး သူ၏ သတ်ဖြတ်ချင်စိတ်က တဖန် ပြန်ပေါ်လာသည်။
'"မင်းက တကယ့်ကို ရှားရှားပါးပါး ပါရမီရှင်တစ်ယောက်လို့ ပြောရတော့မှာပဲ။ မင်း ငါ့ရဲ့ လျှပ်စီးတိုက်ခိုက်မှုကို ဘယ်လိုတားဆီးနိုင်ခဲ့လဲဆိုတာ ငါ မသိဘူး။ ဒါပေမယ့်, ငါက တကယ် ပြင်းထန်တဲ့ လျှပ်စီးတိုက်ခိုက်မှု မဟုတ်သေးဘူးဆိုတာ မေ့မထားနဲ့" လျှန်ဖန်၏ အသံက အေးစက်နေပြီး၊ သူ့မျက်လုံးတွေက လျှပ်စီးများ လင်းလက်နေသလိုပင်။ သေချာသည်မှာ, သူသည် အလေးအနက်ထားရန် စတင်နေပြီ ဖြစ်သည်။
"နောက်ထပ်, တကယ်ကြောက်စရာကောင်းတဲ့ အရာကို မင်းကို ငါ ပြောပြမယ်။ ဓားပညာရပ်ရဲ့ စစ်မှန်တဲ့ နတ်ဘုရားစွမ်းရည်ကို မင်းကို ငါ ခံစားခွင့်ပေးမယ်။"
လျှန်ဖန်၏အသံက မိုးခြိမ်းသံကဲ့သို့ပင်။ သူ့လက်ထဲတွင် အစွမ်းထက်သော နတ်ဘုရားဓား တစ်ချောင်း ပေါ်လာသည်။
ဤနတ်ဘုရားဓားသည် အတိအကျအားဖြင့် လျှိုဖန်းဟွာနှင့် နောက်ဆုံးတိုက်ပွဲတွင် သူ အသုံးပြုခဲ့သော ဘိုးဘေးနတ်ဘုရားပစ္စည်းအတု ဖြစ်သည်။
နတ်ဘုရားဓားပေါ်လာသည်နှင့် တပြိုင်နက် လေဟာနယ်တစ်ခုလုံး ပွင့်ထွက်သွားပြီး ကြီးမားသော လေဟာနယ်တွင်းနက်ကြီးတစ်ခု လေထုထဲတွင် ပေါ်လာသည်။
ဘန်း….။
လျှန်ဖန်၏ခန္ဓာကိုယ်မှ ပြင်းထန်သော ဓားဆန္ဒတစ်ခုကို ထုတ်လွှတ်လိုက်ပြီး သူ့လက်ထဲမှ နတ်ဘုရားဓားသည် အဆက်မပြတ် တုန်ခါနေသည်။
ဓားအော်သံသည် ဖီးနစ်ငှက်အော်ဟစ်သံကဲ့သို့ မြေကြီးတစ်ခုလုံး ပဲ့တင်ထပ်နေသည်။
အဝေးတွင်၊ ရှောင်ဘိုနှင့် မာကျိတို့သည် လျှန်ဖန်၏လက်ထဲမှ နတ်ဘုရားဓားကို ကြည့်ရင်း သူတို့စိတ်နှလုံးများ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
"ဘယ်လောက် အစွမ်းထက်တဲ့ နတ်ဘုရားပစ္စည်းလဲ။ ဒီအဆင့် နတ်ဘုရားပစ္စည်းကို အသုံးပြုပြီး တိုက်ခိုက်တာက သူ့စွမ်းအားကို အဆပေါင်းများစွာ တိုးလာမှာ ငါ ကြောက်မိ တယ်။" ရှောင်ဘိုင်က သူ့ကိုယ်သူ တွေးနေမိသည်။
လျှန်ဖန်၏လက်ထဲက နတ်ဘုရားဓားသည် မည်သည့်အဆင့်မှန်း သူ မသိသော်လည်း၊ ထိုနတ်ဘုရားဓား၏တန်ခိုးစွမ်းအားကို သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
ထိုနတ်ဘုရားဓား၏ တန်ခိုးစွမ်းအားကပင် သူ့ကိုသတ်ဖို့ လုံလောက်နေပြီ။ ထို့ကြောင့် လျှန်ဖန်သည် ဤနတ်ဘုရားဓားကို ထုတ်ယူလိုက်သည်ကို မြင်သောအခါ, သူသည် ချင်ယွင်အတွက်လည်း စိတ်ပူသွားမိသည်။
ချင်ယွင်က လုံးဝ မအံ့သြပေ။ ဤအရာအားလုံးသည် သူ့မျှော်လင့်ချက်အတွင်းသာ ရှိနေသော်လည်း၊ ဘိုးဘေးနတ်ဘုရားပစ္စည်းအတုမှ ထုတ်လွှတ်သော စွမ်းအင် အတက်အကျလှိုင်းများသည် သူ့နှလုံးကို တုန်လှုပ်စေသည်။
ဘိုးဘေးနတ်ဘုရားနှင့် ပတ်သက်သူတိုင်းသည် ၎င်းတို့၏ တန်ခိုးစွမ်းအားကို အတိုင်း အတာတစ်ခုအထိ မြှင့်တင်နိုင်ပါလိမ့်မည်။
ဘိုးဘေးနတ်ဘုရား ပစ္စည်းအတုသည် လျှန်ဖန်၏လက်ထဲတွင် ရှိနေသည့်အတွက်, ၎င်း၏ စွမ်းအားသည် သေချာပေါက် ထိပ်တန်းနတ်ဘုရားပစ္စည်းတစ်ခု ယှဉ်နိုင်သည့်အရာ မဟုတ်တော့ပေ။
သို့သော် ချင်ယွင်သည် လုံးဝ မကြောက်ခဲ့ပေ။ သူသည် ဤနေရာတွင် ရပ်တည်ပြီး တိုက်ခိုက်ရဲမှတော့, သူ့မှာ ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းတစ်ခုရှိနေမည်မှာ သဘာဝပင်။
"ငါ တောင်ပေါ်ကနေ ထွက်လာခဲ့တာ တော်တော်ကြာပြီ။ အခုက အပြင်ထွက်ပြီး လှုပ်ရှားရမဲ့ အချိန်ရောက်ပြီ" ချင်ယွင်၏ ပါးစပ်ထောင့်က အပြုံးမပျက် ပေါ်လာပြီးနောက် သူ့လက်ထဲတွင် နတ်ဘုရားဓားတစ်ချောင်း ပေါ်လာသည်။
ဤနတ်ဘုရားဓားသည် ကြေးဝါအပိုင်းအစများဖြင့် ပြန်လည်တည်ဆောက်ထားသည့် ကြည်လင်ကောင်းကင်ဓားမှလွဲ၍ အခြားမဟုတ်ပေ။
ကြေးဝါအပိုင်းအစသည် ကြည်လင်ကောင်းကင်ဓားကို စွဲခေါ်သွားပြီးကတည်းက ချင်ယွင် သည် ကြည်လင်ကောင်းကင်ဓား၏ သန့်စင်မှုကို အရှိန်ဟုန်မြှင့်နိုင်ရန် သူ့ကနဦး စကြာဝဠာ၏အချိန်ကို မြင့်တင်ခဲ့သည်။
ထို့ကြောင့် ကြည်လင်ကောင်းကင်ဓားကို ပြုပြင်မွမ်းမံခဲ့သည်မှာ တစ်နှစ်မရှိသေးသော် လည်း ချင်ယွင်၏ကနဦးစကြာဝဠာတွင် နှစ်ပေါင်းရာနှင့်ချီ၍ ပြုပြင်မွမ်းမံခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ကြည်လင်ကောင်းကင်ဓား၏ အသွင်အပြင်က လုံးဝ ပြောင်းလဲသွားခဲ့ပြီ။
မူလက ရွှေရောင်ကြည်လင်ကောင်းကင်ဓားသည် ယခုအခါ ကြေးဝါရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး၊ ကြည်လင်ကောင်းကင်ဓားထဲသို့ ရှေးဟောင်းအငွေ့အသက်များဖြင့်ပါ မွမ်းမံပြီး ပေါင်းထည့်ထားသည်။
ထိုမျှတင်မကပေ။ နတ်ဘုရားဓားတစ်ခုလုံးကလည်း ထူးဆန်သည့် စွမ်းအင်အတက်အကျ လှိုင်းများ ဖြာထွက်နေသည်။ ထိုစွမ်းအင်အတက်အကျလှိုင်းများသည် အလွန်မင်း ပြင်းထန် သည်။ ၎င်းသည် ဘိုးဘေးနတ်ဘုရားပစ္စည်းအတုကဲ့သို့ အစွမ်းထက်ခြင်း မရှိသော်လည်း၊ ၎င်းသည် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းများထက် ပိုမိုအားကောင်းနေသေးသည်။
ချင်ယွင်သည် ကြည်လင်ကောင်းကင်ဓားကို သူ့လက်ထဲတွင် ကိုင်ထားပြီး၊ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော ဓားဆန္ဒကို ထုတ်လွှတ်လိုက်သည်။ ချင်ယွင်၏ ဓားဆန္ဒထည့်သွင်းလိုက် သည်နှင့် ကြည်လင်ကောင်းကင်ဓားမှ ပြင်းထန်သော ဓားအော်သံများ ပေါက်ကွဲ ထွက်လာခဲ့သည်။
ချင်ယွင်၏လက်ထဲက နတ်ဘုရားဓားမှ ထုတ်လွှတ်နေသော စွမ်းအင်အတက်အကျ လှိုင်းတွေက သူ့ကိုယ်ပိုင်ထက် အားမနည်းဘူးဆိုသည်ကို မြင်လိုက်ရသည့်အခါ, လျှန်ဖန်၏ မျက်လုံးတွေ ကျဉ်းသွားခဲ့သည်. သူ့မျက်လုံးထဲတွင် သတ်ပစ်ချင်စိတ်တွေက သိပ်သည်းစွာ ဖြစ်ပေါ်လာသည်။
"ဟမ့်၊ မင်းရဲ့နတ်ဘုရားဓားက ငါ့ရဲ့ဘိုးဘေးနတ်ဘုရားပစ္စည်းအတုထက် ပိုပြီး အစွမ်းထက်တယ်လို့ ငါ မယုံဘူး။" လျှန်ဖန်သည် အေးစက်စွာ နှာခေါင်းရှုံပြီး ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးသွားရန်အတွက် သူ့လက်ထဲရှိ နတ်ဘုရားဓားကို ချက်ချင်း အသက်သွင်း လိုက်သည်။
ချင်ယွင်၏ ပါးစပ်ထောင့်က မထင်မရှားအပြုံးတစ်ခု ပေါ်လာသည်။ သူသည် သူ့လက်ထဲ က ကြည်လင်ကောင်းကင်ဓားကို အနည်းငယ် လှည့်လိုက်ပြီး ပြင်းထန်သော ဓားစွမ်းအား က ကောင်းကင်ယံတိုင် ချက်ချင်း ပျံတက်သွားခဲ့သည်။