← Chapters

အခန်း ၁၅၉၂

Vol. 107 Ch. 1592

အခန်း ၁၅၉၂

Vol. 107 Ch. 1592

အခန်း (၁၅၉၂) ရူးသွပ်ဖွယ်တိုက်ပွဲ။

ကောင်းကင်ယံသို့ ပျံတက်သွားကာ ဓားစွမ်းအားသည် ကောင်းကင်ယံရှိ တိမ်မည်းများကို တိုက်ရိုက် ခွဲထုတ်လိုက်သည်။ ကောင်းကင်တစ်ခုလုံး ချက်ခြင်း လင်းလက်လာသည်။

ချင်ယွင်နှင့်လျှန်ဖန်တို့သည် ၎င်းတို့၏ ခန္ဓာကိုယ်မှ ဓားစွမ်းအားများ ပေါက်ကွဲထွက်လာစဉ် သူတို့မျက်လုံးများက စူးရှသွားသည်။

ဝှီး...။

ချင်ယွင်နှင့် လျှန်ဖန်တို့သည် ဥက္ကာခဲနှစ်စင်း တိုက်မိသကဲ့သို့ တစ်ချိန်တည်း ပျံထွက် ထွက်သွားကြသည်။

ချွင်….။

နတ်ဘုရားဓားနှစ်ချောင်းသည် အချင်းချင်း တိုက်မိပြီး ကောင်းကင်ယံတွင် ပေါက်ကွဲ သံများ ထွက်ပေါ်လာသည်။ ဓားစွမ်းအင်အမျှင်တန်းတစ်သောင်းသည် ပေါက်ကွဲ ထွက်လာ ပြီး အရပ်ရပ်သို့ ပြန့်ကျဲသွားသည်။

ကောင်းကင်နှင့်မြေကြီးသည် တုန်ခါသွားကာ ဓားစွမ်းအားတွေလည်း ပြန့်ကျဲသွားပြီး၊ ကျယ်လောင်သော တုန်ခါအသံများ ထွက်ပေါ်လာသည်။ ဓားစွမ်းအားတစ်ခုချင်းစီသည် ကြီးမားသော တွင်းနက်ကြီးထဲသို့ ကျဆင်းသွားကြသည်။

"ချွင်….၊ ချွင်…"

ချင်ယွင်နှင့်လျှန်ဖန်၏ ဓားများသည် အချင်းချင်း အဆက်မပြတ် အပြင်းအထန် တိုက်ခိုက် နေပြီး သူတို့၏ နတ်ဘုရားဓားကလည်း အချင်းချင်း ဆက်တိုက်ဆိုသလို ထိတွေ့နေခဲ့ သည်။ ကြောက်မက်ဖွယ် ပေါက်ကွဲအသံများသည် ကီလိုမီတာ တစ်ထောင် အကွာအဝေး တိုင် ပဲ့တင်ထပ်နေခဲ့သည်။

ဤအခိုက်အတန့်တွင် ကမ္ဘာမြေကြီးသည် တုန်လှုပ်နေပြီး ကောင်းကင်ကြီးက မှောင်မိုက် နေကာ ကမ္ဘာတစ်ခုလုံးသည် အဆုံးမဲ့ ဖိနှိပ်မှုများနှင့် ပြည့်နှက်နေသည်။

မိုင်တစ်ရာအကွာဝေးတွင်ရှိနေသည့် မာကျိသည် တိုက်ပွဲ၏နောက်ဆက်တွဲ ရိုက်ခတ်မူများ ကို ဟန့်တားရန် သူ၏နတ်ဘုရားတန်ခိုး စွမ်းအားအားလုံးကို အသုံးပြုထားသော်လည်း ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲရိုက်ခတ်မူကြောင့် တုန်လှုပ်နေရသည်။

"ကြောက်စရာ ကောင်းလွန်းတယ်။ ဒီကောင်းကင်နတ်ဘုရားအဆင့်တိုက်ပွဲက တကယ်ကို ကြောက်စရာကောင်းတယ်။" မာကျိသည် ကောင်းကင်ယံမှ တိုက်ပွဲကိုကြည့်ရန် ခေါင်းကို မော့လိုက်ပြီး၊ သူ့မျက်လုံးများက တုန်လှုပ်ခြောက်ခြားမူများဖြင့် ပြည့်နှက်နေသည်။

ယခုအချိန်တွင် ရှောင်ဘိုင်သည် ရှောင်ကျင်းကို လက်ထဲပွေ့ပိုက်ရင်း မိုင်တစ်ရာအကွာထိ ဆုတ်ခွာသွားခဲ့ပြီ ဖြစ်သည်။ သူ့မျက်လုံးတစ်စုံသည် ကောင်းကင်ယံ၌ နေရာအနှံ့ အဆက်မပြတ် ရွှေ့လျားနေသော ပုံရိပ်များကို စူးစူးစိုက်စိုက် ကြည့်လျက် သူ့ မျက်လုံးများ သည် အနှိုင်းမဲ့ စိတ်အားထက်သန်မူနှင့်အတူ လောင်ကျွမ်းနေသည်။

ထိပ်တန်းအဆင့် နတ်ဘုရားသားရဲ တစ်ကောင်အနေဖြင့်, သူ့ခန္ဓာကိုယ်သည် ပြင်းထန်သော တိုက်ပွဲစာလောင်သည့် သွေးများဖြင့် ပြည့်နေသည်။ ထိုအချိန်တွင် ချင်ယွင်၏တိုက်ပွဲက သူ့သွေးများကို တဟုန်ထိုး မြင့်တက်လာစေသည်။ နောင်အနာဂတ် တွင်, သူလည်း ဤအဆင့်အထိ ကြီးထွားရလာမည်ဟု သူ့စိတ်နှလုံးထဲတွင် ကျိန်ဆိုလိုက် သည်။

သူတို့တင်မကပေ။ စမ်းသပ်မူကမ္ဘာထဲမှာ ရှင်သန်လွတ်မြောက်သူများသည်လည်း ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းများကို ခံစားနိုင်သည်။ သူတို့သည် အပြေးအလွှား ပျံသန်းကြလာသည်။ သူတို့သည် ကောင်းကင်ယံ၌ တိုက်ပွဲကို မြင်သောအခါ သူတို့ရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။

နှောင်းပိုင်း ကောင်းကင်နတ်ဘုရားလည်းဖြစ်သည့် ယွမ်ဟန်တစ်ယောက်သာလျှင် ထိခိုက်မှု မရှိခဲ့ပေ။ သူသည် သူ့နောက်ကျောကို လက်နှစ်ဖက်ပစ်ကာ တိမ်တိုက်ထိပ် ပေါ်မှာ မတ်တပ်ရပ်နေရင်း၊ တိုက်ပွဲကို ငုံ့ကြည့်နေသည်။ သူ့မျက်လုံးတွေက လောင်ကျွမ်း နေပြီး သူ့အကြည့်တွေက ပို၍ပင် တောက်ပလာခဲ့သည်။

သူ့ရှေ့က ချင်ယွင်သည် သူထင်ထားထက်ပင် ပိုသန်မာနေပုံရသည်ကို သူတွေ့ရှိရသည်။ ရလာဒ်အနေဖြင့် သူ့စိတ်နှလုံးထဲမှာ အမဲလိုက်လိုက်စိတ်တွေက ပိုပြင်းထန်လာခဲ့သည်။

"ငါ မင်းကို ဒီထက် ပိုပိုပြီးတော့ စောင့်မျှော်နေမိတယ်။ မင်း ငါ့ရဲ့ ဂျူနီယာညီကို အနိုင်ယူနိုင်သရွေ့, မင်းက ငါ့ကို လှုပ်ရှားခွင့်ပြုရလောက်အောင် အရည်အချင်းရှိတယ်။ မင်း ငါ့ကို စိတ်မပျက်စေဖို့ ငါ မျှော်လင့်ပါတယ်။" ယွမ်ဟန်က တိုက်ပွဲဝင်နေသော ချင်ယွင်ကိုကြည့်ကာ ပြုံးကာ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

သို့သော်လည်း, ထိုအချိန်တွင် ချင်ယွင်သည် အနည်းငယ်မျှ မခံစားမိပေ။ အဘယ့်ကြောင့် ဆိုသော် သူ့စိတ်က တိုက်ပွဲထဲတွင် လုံးလုံးလျားလျား နစ်မြှုပ်နေသောကြောင့် ဖြစ်သည်။

"ဝှမ်း....."

လျှန်ဖန်သည် သူ့ဓားကို ခုတ်ပိုင်းလိုက်ပြီး၊ ဓားချက်က ချင်ယွင်ဆီသို့ ခုတ်ပိုင်းသွားရင်း ပေတစ်ထောင်ဓားအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

သို့သော်၊ ချင်ယွင်သည် ဤဓားတိုက်ခိုက်မှုကို ရှောင်ရှားရန် ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်သည်။

ဓားအလင်းသည် ကျဆင်းသွားပြီး မြေပြင်ပေါ်တွင် အနှိုင်းမဲ့ ကြီးမားသော လျှိုမြောင်ကြီး တစ်ခုကို ဆုတ်ဖြဲသွားခဲ့သည်။ ထိုလျှိုမြောင်ကြီးသည် ပေဆယ်နှင့်ချီနက်ပြီး ပေတစ်သောင်းနီးပါး ရှည်လျားသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော ချောက်နက်ကြီး က တုန်လှုပ်ချောက်ချားစရာပင်။

"ဝူဝမ်ဓားသိုင်းရဲ့ ပထမဆုံးဓားကွက် ဓားလှိုင်း!"

ချင်ယွင်သည် ထိုဓားတိုက်ခိုက်မှုကို ရှောင်ရှားခဲ့ပြီး၊ ဝူဝမ်ဓားသိုင်းကို အကောင်အထည် ဖော်ရန် သူ့ခန္ဓာကိုယ်အတွင်းရှိ ဓားစွမ်းအားကို တိုက်ရိုက် အသက်သွင်းလိုက်သည်။

သူသည် သူ့ဓားဖြင့် ခုတ်ပိုင်းလိုက်ပြီး၊ ကောင်းကင်ယံအနှံ့ ပြည့်နှက်နေသော ဓားစွမ်းအား အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။

ဓားစွမ်းအားသည် ထူထပ်ပြီး၊ တကယ်ကို သန်းချီမက ရှိနေသည်။ ဤကြောက်စရာ ကောင်းသော ဓားစွမ်းအားသည် ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းနေကာ အဝေးရှိ လျှန်ဖန်ဆီသို့ ဓားစွမ်းအားလှိုင်းကို တိုက်ရိုက် တွန်းထုတ်လိုက်လေသည်။

ချင်ယွင်၏စွမ်းအားများ တိုးမြင့်လာသည်နှင့်အမျှ သူ့ဝူဝမ်ဓားသိုင်းပညာ၏ စွမ်းအားသည် အားကောင်းသထက် အားကောင်းလာသည်။

ယခုအချိန်တွင်၊ ချင်ယွင်၏ဝူဝမ်ဓားသိုင်းအပေါ် ကျွမ်းကျင်ပိုင်နိုင်မူက အံ့ဖွယ်အဆင့်အထိ ရောက်ရှိနေခဲ့ပြီ။ ထို့ကြောင့် လျှန်ဖန်သည် ထိုဓားချက် ခုတ်ပိုင်းလာအခါတွင်ပင် ပြင်းထန် သော ဖိနှိပ်မှုကို ခံစားခဲ့ရသည်။

သို့သော် ထိုဖိအားအနည်းငယ်မျှသာ ဖြစ်ပြီး၊ လျှန်ဖန်ကို ကြောက်ရွံ့စေလောက်သည့် အတိုင်းအတာအထိ မစွမ်းဆောင်နိုင်ခဲ့ပေ။

"ဟမ်၊ ငါ့အတွက် ချိုးဖျက်လိုက်စမ်း"

လျှန်ဖန်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ့လက်ထဲက နတ်ဘုရားဓားကို တစ်ချက် ခုတ်ပိုင်းလိုက်ပြန်သည် ချက်ချင်းပင်၊ ချင်ယွင် ခုတ်ပိုင်းသော ဓားစွမ်းအားလှိုင်းလုံးများ သည် ထိုဓားချက်ကြောင့် ပြိုကွဲသွားလေသည်။

ဓားလှိုင်းက ချက်ချင်း ပြိုကျပြီး လုံးဝ ပြိုကွဲသွားခဲ့သည်။

"မင်းက ငါ့ရှေ့မှာ မင်းရဲ့ လှည့်ကွက်လေးတွေကို ဘယ်လိုလုပ် ချပြရဲတာလဲ။" လျှန်ဖန်က အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ့မျက်လုံးများတွင် အထင်အမြင်သေးပြီး၊ လှောင်ပြောင် မှုများ ပြည့်နှက်နေသည်။

သို့သော်, သူ့စကားမပြီးသေးခင် ကျယ်လောင်သော အော်ဟစ်သံကို ကြားလိုက်ရသည်။

ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ဓားစွမ်းအားသည် ကောင်းကင်ယံ၌ ပျံ့လွင့်သွားပြီး အဆုံးမဲ့ စွမ်းအားက သူ့လက်ထဲမှ ကြည်လင်ကောင်းကင်ဓားထံ စုစည်းလာသည်။ ထို့အပြင်, သူသည် ချင်ယွင်က လေထဲသို့ ခုတ်ပိုင်းလိုက်သည်ကို မြင်လိုက်ရပြီး၊ ထိုဓားချက်သည် ချက်ချင်းပင် ဓားအလင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုဓားအလင်းတန်းသည် ပေ ၅၀၀၀ ရှည်လျားပြီး စူးရှတောက်ပသော အလင်းရောင်ကို ထုတ်လွှတ်သည်။

ထိုအချိန်တွင် လျှန်ဖန်သည် သူ့နှလုံးသားထဲတွင် နှလုံးတုန်လှုပ်စေသည့် စွမ်းအင် အတက်အကျလှိုင်းကို ခံစားလိုက်ရသည်။ အကယ်၍, သူသာ ထိုဓားချက်ဖြင့် ထိမှန်ခံရ မည်ဆိုလျှင်, သူသည် အနည်းငယ်မျှပင် အဆုံးသတ်ကောင်းခြင်း မရှိသည်မှာ သေချာပါ သည်။

လျှန်ဖန်၏ မျက်လုံးများက ချက်ချင်း မည်းမှောင်သွားသည်။ သူ့လက်ထဲက နတ်ဘုရား ဓားသည်လည်း ခရမ်းရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည့်အလား အနှိုင်းမဲ့ အစွမ်းထက်သည့် စွမ်းအင်အတက်အကျလှိုင်းကို ထုတ်လွှတ်လိုက်သည်။

မီတာထောင်ချီရှိသည့် ကောင်းကင်ယံမှ ကျဆင်းလာသော နတ်ဘုရားလျှပ်စီးကြောင်း သည် သူ့လက်ထဲမှ နတ်ဘုရားဓားကို ထိမှန်သွားသည်။

လျှပ်စီးအလင်းကျဆင်းလာမူနှင့်အတူ သူ့လက်ထဲက နတ်ဘုရားဓား၏တန်ခိုးစွမ်းအား သည် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာသည်။

ကောင်းကင်ဘုံကိုးခုက နတ်ဘုရားလျှပ်စီးဓားချက်။

ဤဓားချက်သည် ဘိုးဘေးနတ်ဘုရားတစ်ပါး မဖြစ်မီက ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား၏ အထွက်အထိပ်ပညာရပ်တစ်ခု ဖြစ်သည်။ သူသည် ဘိုးဘေး နတ်ဘုရားနယ်ပယ်ထဲသို့ ဝင်ရောက်ပြီးနောက် ဤနတ်ဘုရားစွမ်းရည်ကို ပြလည်ပြုပြင်ခဲ့ သည်။ ယခုအခါ၊ ကောင်းကင်ဘုံကိုးခုက နတ်ဘုရားလျှပ်စီးဓားချက်၏ စွမ်းအားသည် အထွက်အထိပ်အဆင့် နတ်ဘုရားစွမ်းရည်များနှင့် နှိုင်းယှဉ်နိုင်နေပြီ ဖြစ်သည်။ ၎င်း၏စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုနိုင်သည်။

"ဂျူနီယာညီကို ဒီအနေထားထိ တွန်းအားပေးနိုင်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ပိုပိုပြီး စိတ်ဝင်စားဖို့ကောင်းလာပုံရတယ်။ ဒီထက်ပိုကြီးတဲ့ အံ့အားသင့်စရာတွေ ဖြစ်လာမလား တော့ ငါ မသိဘူး။" ကောင်းကင်ယံမှ ယွမ်ဟန်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများက ပို၍ပူလောင်လာသည်။

"ဘုန်း.."

လျှန်ဖန်၏လက်ထဲမှ နတ်ဘုရားဓားသည် ချက်ချင်းပင် ခုတ်ပိုင်းသွားပြီး ကြောက်မက်ဖွယ် ကောင်းသည့် ရောင်စုံဓားအလင်းတန်းသည်လည်း အလားတူ ပျံထွက်သွားသည်။

တခဏတွင်းမှာ၊ ထိုကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းကြောင့် ကောင်းကင် နှင့် မြေကြီးသည်ပင် လင်းထိန်သွားပုံရပြီး ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးသည် ခရမ်းရောင်များဖြင့် လင်းလက်သွားသည်။

"ဘုန်း.."

ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းနှစ်ခုသည် တစ်ခုနှင့်တစ်ခု တိုက်မှန်သွား ကာ စမ်းသပ်မူကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေလောက်သည့် ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်လာခဲ့သည်။

အားကြီးသောဓားစွမ်းအင်နှစ်ခုသည် တစ်ခုနှင့်တစ်ခု တိုက်မိသွားကာ ၎င်းတို့သည် အမှန်တကယ်ပင် ကောင်းကင်၌ ရှေ့မတိုးနောက်မဆုတ်သာ တည်ရှိနေခဲ့သည်။

ဤကြောက်စရာကောင်းသော တန်ခိုးကြောင့် အောက်မြေကြီးသည် ကွဲအက်သွားခဲ့သည်။ ကြီးမားသော အက်ကြောင်းများသည် လျှိုမြောင်တစ်ခုလို ဖြစ်နေပြီး ပတ်ဝန်းကျင်ကို လျင်မြန်စွာ ပျံ့နှံ့သွားသည်။

တိုက်ပွဲ၏အလယ်ကို ဗဟိုပြု၍ လေဟာနဘ်သည် ပြိုဆင်းလာသည်။ ကြောက်မက်ဖွယ် ကောင်းသော လေဟာနယ်တွင်းနက်ကြီးသည် ဒေါသပုန်ထပြီး ကြောက်မက်ဖွယ်ကောင်း သော အမှောင်သားရဲ၏ ဧရာမပါးစပ်ကြီးအလား ထင်မှတ်ရသည်။

အဝေးက ကြယ်နတ်ဘုရားများသည် လုံးလုံး ဆွံ့အသွားကြသည်။ ဤအဆင့်တိုက်ပွဲသည် ၎င်းတို့၏စိတ်ကူးကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ ပြန့်ကျဲနေသော ဓားစွမ်းအား မှန်သမျှ သည် ၎င်းတို့၏ စိတ်ဝိညာဉ်များကိုပင် ချေမှုန်းပစ်နိုင်သည်။

သူတို့ကို အံ့အားသင့်စေဆုံးအရာက ဤတိုက်ပွဲမှာ လူနှစ်ယောက်ထဲမှ တစ်ယောက်သည် ကြယ်နတ်ဘုရားအဆင့်မှာ ရှိနေသည်ကို တွေ့လိုက်ရခြင်းဖြစ်သည်။ အကယ်၍, သူတို့ကိုယ်တိုင် မျက်စိဖြင့် တပ်အပ်မမြင်ဖူးလျှင်, ရှေ့က သူတို့မြင်ခဲ့သမျှ အရာအားလုံး သည် အမှန်တရားစု ဘယ်တော့မှ ယုံကြည်မှာ မဟုတ်ပါဘူး။

ထိုအချိန်တွင်, ခြောက်ခြားဆုံးလူက မာကျိဖြစ်ပါသည်။ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့၏ အရည်အချင်းများသည် ကောင်းကင်ဘုံကို အံတုနေပြီဟု မူလက သူထင်ထားခဲ့သော် လည်း, နောက်ထပ် လူငယ်တစ်ယောက် ခုန်ထွက်လာမည်ဟု သူ မမျှော်လင့်ထားပေ။ တကယ်ဆို, ထိုလူငယ်သည် ထိုလူနှစ်ယောက်ထက်ပင် ပိုကြောက်စရာကောင်းနေသည်။

"ဒီကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတာလဲ၊ အံ့ဖွယ်ပုဂ္ဂိုလ်တွေက ဒီလောက်တောင် တန်ဖိုးမဲ့သွားပြီလား" မာကျိက အံ့အားသင့်စွာဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူ့စိတ် သည် အချိန်အတော်ကြာအောင် မတည်ငြိမ်နိုင်သေးပေ။ ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေသည့် သူသည်လည်း ဖော်မပြနိုင်သော သိမ်ငယ်စိတ်တစ်ခု ဝင်လာခဲ့သည်။ (တန်ဖိုးမဲ့ဟူသည် - ပေါများခြင်းကို ရည်ညွန်းဟန်တူပါသည်)။

All Chapters