အခန်း ၁၅၉၃
Vol. 107 Ch. 1593
အခန်း (၁၅၉၃) မိုးကြိုးနတ်ဘုရားထိန်းချုပ်ခြင်းပညာရပ်။
အစွမ်းထက်သော ဓားစွမ်းအင်နှစ်ခုသည် တစ်ခုနှင့်တစ်ခု အပြင်းအထန် တိုက်မိကြသည်။ အားကောင်းသော စွမ်းအင်သည် လေဟာနယ်ကို အဆက်မပြတ် ပြိုကျစေခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ်မုန်တိုင်းကြောင့် လေဟာနယ် အနက်ရောင် တွင်းနက်ကြီး ထွက်ပေါ်လာသည်။
ပြင်းထန်သောလေလှိုင်းများသည် ကောင်းကင်နှင့်မြေကြီးကြားမှ တိုက်ခတ်လာပြီး၊ ဤကြောက်စရာကောင်းသော လှိုင်းလုံးကြီးကြောင့် ပတ်ဝန်းကျင်ရှိ ကျောက်တုံးများ ကွဲအက်သွားကြသည်။
"ဘုန်း..."
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ ဓားစွမ်းအားမျှင်တန်းနှစ်ခုသည် နောက်ဆုံးတွင် ၎င်းတို့၏ ခံနိုင်ရည် ကန့်သတ်ချက်သို့ ရောက်ရှိသွားကာ ပေါက်ကွဲသွားခဲ့သည်။ ဓားစွမ်းအားမျှင်တန်းနှစ်ခုသည် မရေမတွက်နိုင်သော ဓားစွမ်းအား အပိုင်းအစများ အဖြစ်သို့ ပျံ့ကြဲသွားခဲ့သည်။
သန်းပေါင်းများစွာသော ဓားစွမ်းအားအပိုင်းအစများသည် ကြယ်များကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ မြေပြင်သည် ချက်ချင်းပင် အပေါက်များ ပေါက်ထွက်ပြီး တွင်းနက် ပေါက်များအဖြစ်သို့ ပြောင်းလဲသွားသည်။
"အား..."
အဝေးမှ ကြယ်နတ်ဘုရား နတ်ဘုရားများသည် အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ပေ။ ၎င်းတို့သည် ဓားစွမ်းအား အပိုင်းအစများ ထိမှန်ခံရပြီး ၎င်းတို့၏ ခန္ဓာကိုယ် တစ်ခုလုံး လေထဲမှာပင် ပျက်သုဉ်းသွားခဲ့ရသည်။ ၎င်းတို့သည် အလွန်သနားစရာကောင်းသည်ဟု ဆိုနိုင်သည်။
ကံကောင်းကြသော ကြယ်နတ်ဘုရားသည် ဤမြင်ကွင်းကို မြင်သောအခါတွင်, သူတို့သည် သူတို့၏စိတ်ဝိညာဉ်များ ပြန့်ကျဲလုမတတ် အလွန်ကြောက်လန့်သွားကြပြီး၊ သူတို့အားလုံး နောက်ပြန် ဆုတ်သွားကြသည်။
ဒီအဆင့်တိုက်ပွဲမှာ, အကယ်၍, သူတို့သာ အရမ်းကို နီးကပ်နေမည်ဆိုလျှင်, သူတို့သည် တိုက်ပွဲအတွင်းမှာ ပိတ်မိပြီး သူတို့အတွက် သနားစရာကောင်းသည့် အခြေအနေမျိုးဖြင့် အဆုံးသတ်ဖို့ အရမ်းလွယ်ကူသွား ပါလိမ့်မည်။ ထို့အပြင်, ထိုကဲ့သို့အဖြစ်အပျက်များ ပိုများလေလေ၊ သူတို့၏ နှလုံးသားများက ပိုတုန်လှုပ်လာရလေ ဖြစ်သည်။
"သူက ဒီဓားချက်ကို တကယ်ခံယူနိုင်ခဲ့တယ်။" လျှန်ဖန်သည် လေထဲတွင် ရှုပ်ယှက်ခတ် နေသော ဓားစွမ်းအင်များကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက အေးစက်နေပြီး သူ့မျက်လုံးများတွင် အံ့အားသင့်မှုများလည်း ပြည့်နှက်နေသည်။ သို့သော်လည်း, ယင်းက သူ့မျက်နှာကို ပါးရိုက်ခံရသည့်အတိုင်း ပိုဒေါသထွက်သွားသည်။
အမှန်တကယ်ပင် သူသည် အထွတ်အထိပ် ကြယ်နတ်ဘုရားတစ်ပါးကို အချိန်အတော် ကြာအောင် တိုက်ခိုက်နေခဲ့သော်လည်း၊ သူသည် ထပ်ခါထပ်ခါ ပိတ်ဆို့ခံထားရသည်။ ဤအရာက သူ့ဂုဏ်သိက္ခာအတွက် အမှန်တကယ် ကိုယ်လုံးတီး အရှက်ခွဲမူပင်။
"သူ့ကို ဒီလိုဆက်ပြီး မောက်မာနိုင်ဖို့ ငါ လုံးဝ ခွင့်မပြုနိုင်ပဘူး။ အရာအားလုံး ပေးဆပ်ရရင် တောင် ငါ သူ့ကို သတ်ပစ်ဖို့ တွန့်ဆုတ်မနေတော့ဘူး" လျှန်ဖန်၏ မျက်လုံးများသည် နီမြန်းနေပြီး၊ လှိမ့်တက်လာသော လျှပ်စီးကြောင်းများက သူ့ခန္ဓာကိုယ်မှ တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများသည် သူ့ခန္ဓာကိုယ်အနှံ့ လှည့်ပတ်နေကာ ထက်ရှသော ဓားစွမ်းအားအဖြစ်သို့ ပြောင်းလဲသွား သည်။
တိမ်မည်းတွေက ကောင်းကင်ယံကို ဖုံးလွှမ်းသွားသည်။ တလှိမ့်လှိမ့် တက်နေသော လျှပ်စီးတွေက မရေတွက်နိုင်အောင် များပြားသည့် ဧရာမ လျှပ်စီးနဂါကြီးများ လူးလှိမ်နေ သကဲ့သို့ပင်။ လူတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်ချုပ်ချယ်မှုကို ခံစားခဲ့ရ သည်။ ကောင်းကင်ကြီးသည် ရုတ်တရက် ဒေါသအမျက်ထွက်ကာ လူတိုင်းကို အပြစ်ပေး ချင်နေပုံရသည်။
"ဘယ်လောက် ကြောက်စရာကောင်းတဲ့ အငွေ့အသက်လဲ။ ဒါက နှောင်းပိုင်း ကောင်းကင် နတ်ဘုရားတစ်ပါးရဲ့ စွမ်းအားပဲ။ ဒီအဆင့်တိုက်ပွဲကို မြင်တွေ့ခွင့်ရတာ ငါ ကံကောင်းလိုက် တာ။"
"မှန်တယ်၊ အဲဒါ အရမ်းကြောက်ဖို့ကောင်းတယ်။ ကောင်းကင်နတ်ဘုရားတစ်ပါးရဲ့ လက်ညှိုးလေးတစ်ချောင်းကတောင် ငါတို့ကို ဖျက်ဆီးပစ်နိုင်တယ်။ လူတစ်ယောက်လုံးဆို ဘယ်လောက်တောင် တန်ခိုးကြီးလိုက်မလဲ၊ ငါတကယ် တွေးကြည့်လို့ မရဘူး"
"ဒီကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူက သန်မာသင့်ပါတယ်။ ဒါပေမယ့်, သူ့ကို တိုက်ခိုက်နေတဲ့ လူငယ်က ကြယ်နတ်ဘုရားနယ်ပယ်ရဲ့ အထွတ်အထိပ်မှာပဲ ရှိနေတယ်"။
"ကောင်းကင်ဘုံကြီး..၊ အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ်လား။ ငါ နားကြားများ မှားနေလား။ အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် ကျင့်ကြံက နှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ကို ဒီလောက်ကြာအောင် ဘယ်လိုလုပ် တိုက်ခိုက်နိုင်ရတာလဲ။
"မှန်တယ်၊ မင်းကြားတာ မှန်တယ်။ ကြယ်နတ်ဘုရားနယ်ပယ်ရဲ့ အထွတ်အထိပ်မှာပဲ ရှိနေတယ်။ ငါ့မျက်စိနဲ့ ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးဆိုရင် ငါ့ကို သေတဲ့အထိ အရိုက်ရင် တောင် ငါ ယုံမှာမဟုတ်ဘူး။ ဒါက မယုံနိုင်စရာကောင်းလွန်းတယ်လေ"
…
အားလုံးလည်း တခဏလောက် တိတ်ဆိတ်သွားကြပြီး၊ ချင်ယွင်ကိုကြည့်နေသည့် သူတို့၏ အကြည့်တွေက အလွန်ရှုပ်ထွေးသွားကြသည်။
ချင်ယွင်သည် လူအုပ်ကြီး၏ အကြည့်များကို ဂရုမစိုက်နိုင်။ ထိုအချိန်တွင် သူသည် တိုက်ပွဲထဲတွင် လုံးဝ နစ်မြုပ်နေခဲ့သည်။
သူက ကောင်းကင်ယံမှာ လှိမ့်တက်လာသော မိုးကြိုးတိမ်တိုက်တွေကို မော့ကြည့်လိုက် ရင်း သူ့အကြည့်တွေက လေးနက်လာသည်။
ဘိုးဘေးနတ်ဘုရား၏ သားတော်တစ်ပါးအနေဖြင့်၊ လျှန်ဖန်သည် ထူးခြားသော မည်သည့် ပါရမီအရည်ချင်းကိုမှ မပိုင်ဆိုင်ထားဘူးဆိုလျှင်ပင်, ဘိုးဘေးနတ်ဘုရားထံမှ လက်ဆင့် ကမ်းပေးထားသည့် နည်းလမ်းမှာ သေချာပေါက် အားနည်းနေမည် မဟုတ်ပေ။ လျှန်ဖန် သည် ဤအခိုက်အတန့်တွင် အလွန်ကြောက်စရာကောင်းသော တိုက်ခိုက်မှုကို ဖန်တီးနေ သည်ဟု ချင်ယွင် ခံစားရနိုင်သည်။
"ဘုန်း..."
သေချာပါသည်, ထိုအချိန်မှာပင် ကောင်းကင်ယံမှာ တိမ်စိုင်းတိမ်မည်းတွေက ရုတ်တရက် ကွဲအက်သွားသည်။ ဒါဇင်ပေါင်းများစွာသော ဧရာမ လျှပ်စီးကြောင်းများသည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး လျှန်ဖန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။
ထိုလျှပ်စီးများက သူ့ခန္ဓာကိုယ်ကို ထိမှန်သွားသည်။ လျှန်ဖန်သည် ဒဏ်ရာတစ်စုံတစ်ရာ မရရှိခဲ့ရုံသာမက၊ သူ၏အငွေ့အသက်များက တစ်စထက်တစ်စ မြင့်တက်လာပြီး၊ သူ့ခန္ဓာကိုယ်တစ်ခုလုံး ကြောက်မက်ဖွယ် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
လျှန်ဖန်၏ခန္ဓာကိုယ်သည် လျှပ်စီးများဖြင့် ရစ်ပတ်နေပြီး သူ့တစ်ကိုယ်လုံး အပြောင်းအလဲ အချို့ကို ကြုံတွေ့နေရသည်။ သူ၏မူလက အနက်ရောင် ဆံပင်များသည် တိုက်ရိုက်ပင် ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။ ထိုမျှတင်မကသေးဘဲ၊ သူ့ရုပ်အသွင်က အနည်းငယ် ပိုမြင့်လာကာ၊ သူ့ကြွက်သားတွေက ပိုပြီးတောက်ပလာသည်။ သူ၏အရေပြားကိုပင် ခရမ်းရောင်တောက်တောက် အလွှာဖြင့် ဖုံးအုပ်ထားကာ ပြိုင်ဘက်ကင်း ခံစားချက်ကို ပေးစွမ်းနေသည်။
ဘန်း…။
လျှန်ဖန်သည် သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်ယံတွင် လေဟာနယ် အက်ကြောင်းတစ်ခု ပေါ်လာသည်။ ကြောက်မက်ဖွယ် လေဟာနယ်မုန်တိုင်းတစ်ခုက သူ့ခန္ဓာကိုယ်ပေါ်သို့ တိုက်ခတ်သွားသည်၊ ၎င်းသည် သူ့ကို အနည်းငယ်မျှ မထိခိုက်စေရုံ သာမက၊ ၎င်းသည် သူ့အား လွှမ်းမိုးမှု အနည်းငယ်ပင် တိုးမြှင့်ပေးခဲ့သည်။
လျှန်ဖန်က ချင်ယွင်ကို ကြည့်လိုက်သည်။ သူ့သူငယ်အိမ်တွေက လုံးဝ ခရမ်းရောင် ပြောင်းသွားသည်။ သူ့နတ်ဆိုးသူငယ်အိမ်တွေက ၎င်းတို့ကို ကြည့်မိသည်နှင့် လူတိုင်း၏ စိတ်နှလုံးသားကို တုန်လှုပ်စေသည်။
"ဘယ်လောက်တောင် အစွမ်းထက်တဲ့ အငွေ့အသက်လဲ။ သူက သူ့ရဲ့စွမ်းအားကို နှစ်ဆတိုး မြင့်တင်နိုင်ဖို့ လျှို့ဝှက်နည်းပညာတစ်ခုခုကို သုံးထားပုံရမယ်။" ချင်ယွင်သည် လျှန်ဖန်၏ အခြေအနေကို ကြည့်ကာ သူ့ကိုယ်သူ လေးနက်စွာ ပြောလိုက်သည်။
ချင်ယွင်သည် လျှန်ဖန်ထံမှ ဖြာထွက်နေသော အလင်းရောင်ကို မကြည့်ဝံ့ခဲ့ပေ။
"အိုး၊ သူက တကယ်ပဲ မိုးကြိုးနတ်ဘုရားထိန်းချုပ်ခြင်းပညာရပ်ကို အသုံးပြုနေတာပဲ။ ဂျူနီယာညီက တကယ်ကို အလေးနက်ထားပုံရတယ်။" လက်နှစ်ဖက်နောက်ပစ်ကာ ကောင်းကင်ယံမှာ ရပ်နေသော ဟွမ်ဟန်သည် လျှန်ဖန်၏ ခန္ဓာကိုယ်ပေါ်ရှိ အပြောင်းအလဲ များကို မြင်နိုင်ပြီး စူးစမ်းလိုသော အမူအရာ ပေါ်လာသည်။ သူ့မျက်လုံးများကလည်း ပို၍ပင် မျှော်လင့်လာသည်။
မိုးကြိုးနတ်ဘုရားထိန်းချုပ်ခြင်းပညာရပ်၊ ၎င်းသည် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေး နတ်ဘုရား ဖန်တီးထားသော နတ်ဘုရားစွမ်းရည် မဟုတ်ပေ။ ၎င်းကို ရှေးခေတ်က အလွန် မင်း အစွမ်းထက်သော ဘိုးဘေးနတ်ဘုရားကတစ်ပါးက ဖန်တီးထားခြင်း ဖြစ်သည်။ ၎င်းတွင် အကန့်အသတ်မဲ့ လျှို့ဝှက်ဆန်းကြယ်မှုများစွာ ပါဝင်နေသည်။ အချိန်တို အတွင်းမှာပင် လူတစ်ယောက်၏စွမ်းအားကို အဆပေါင်းများစွာ တိုးမြင့်စေနိုင်ပြီး အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနိုင်သည်။ အရေးအကြီးဆုံးကတော့၊ ထိုလျှို့ဝှက် ပညာရပ်၏ ဘေးထွက်ဆိုးကျိုးတွေက သေးငယ်ပြီး လျစ်လျူရှုထားနိုင်သည်။ ဆန့်ကျင်ဘက်အနေဖြင့်, ကျင့်ကြံနိုင်ရန် အလွန်မင်းခက်ခဲပါသည်။
လျှန်ဖန်၏ လက်ရှိအင်အားဖြင့်၊ သူသည် ဤလျှို့ဝှက်ပညာရပ်၏ ၃၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီး သူ့ကိုယ်ပိုင်ခွန်အားကို နှစ်ဆတိုးနိုင်ခဲ့သည်။ သို့သော် ဤအရာတစ်ခု တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ အမှန်ဆို၊ သေးငယ်သည့် ကွခြားချက် လေးတစ်ခုပင် ဒီအဆင့်တိုက်ပွဲမျိုးမှာ အနှိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်ပါသည်။ ထို့ကြောင့် သူ့ခွန်အားကို နှစ်ဆတိုးမြင့်နိုင်ခြင်းသည် ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခု ဖြစ်သည်။
"ငါ မင်းနဲ့ကစားနေတာ အတော်ကြာသွားပြီ။ ငါ ဒီတိုက်ပွဲကို အမြန်ဆုံး ဖြေရှင်းတော့မယ်။ ကောင်းကင်နတ်ဘုရားတစ်ပါးရဲ့ ဂုဏ်သိက္ခာက မင်းလို အထွတ်အထိပ် ကြယ်နတ်ဘုရား တစ်ပါး ရန်စဖို့မတတ်နိုင်ဘူးဆိုတာ ငါ မင်းနားလည်အောင် ပြောပြပေးမယ်။" လျှန်ဖန်၏ အသံက ကောင်းကင်နှင့်မြေကြီးကို ပဲ့တင်ထပ်နေသကဲ့သို့ ကောင်းကင်နှင့်မြေကြီး တစ်ခု လုံး ပဲ့တင်ထပ်သွားသည်။ သူစကားပြောလိုက်အတိုင်း ကောင်းကင်ယံမှ မိုးခြိမ်းသံတွေက ကျယ်လောင်လာပြီး သူ့စကားက ပိုလို့တောင် ကြောက်စရာကောင်းလာသည်။
သူသည် အောက်သို့ ခြေဆောင့်နင်းလိုက်သည်နှင့် လေဟာနယ်က ကျိုးပျက်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများသည် သူ့ခန္ဓာကိုယ်ပေါ်တွင် ရစ်ပတ်နေသော ကြောက်မက်ဖွယ် လျှပ်စီးကြောင်းများက ထောင်ပေါင်းများစွာသော လျှပ်စီးမြွေများကဲ့သို့ ပေါ့ပေါ့ပါးပါး ကူးခတ်နေကာ စိတ်ဝိညာဉ်ကို နှိုးဆွနိုင်သည့် စွမ်းအား ကို ထုတ်လွှတ်သည်။
ချင်ယွင်သည် ကြည်လင်ကောင်းကင်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရင်း သူ့အကြည့် တွေက ပို၍ပင် ပြတ်သားလာသည်။
နောက်တစ်ကြိမ် ပြင်းထန်သော တိုက်ပွဲတစ်ပွဲကို ရင်ဆိုင်ရတော့မည်ကို သူသိသည်။ ဒါပေမယ့်, ဘာဖြစ်လဲ။
သူချင်ယွင်သည် မည်သည့်အရာကိုမျှ မကြောက်ခဲ့ပေ။ ဒါက နှောင်းပိုင်း ကောင်းကင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးလေးပဲ မဟုတ်ပါလား။ သူ့ကို သတ်ပစ်လိုက်ရုံ ပေါ့။
ဘန်း….။
ချင်ယွင်သည် သူ့ခန္ဓာကိုယ်အတွင်းမှ စွမ်းအားကို အဆက်မပြတ် အသက်သွင်းနေလေ သည်။ နတ်ဆိုးနတ်ဘုရားတန်ခိုးစွမ်းအား ဖြစ်စေ, ပေါင်းစပ်နတ်ဘုရားတန်ခိုး စွမ်းအား ဖြစ်စေ, ၎င်းတို့အားလုံးကို အကန့်သတ်ရောက်အောင် တွန်းပို့လိုက်သည်။ နတ်ဘုရား တန်ခိုးစွမ်းအားနှစ်ခုကို ပေါင်းစည်းပြီး နတ်ဘုရားတန်ခိုးစွမ်းအား အသစ်စက်စက်တစ်ခု အဖြစ် ဖွဲ့စည်းလိုက်သည်။
ထိုစွမ်းအားက အလွန်ကြောက်စရာကောင်းသော အဖျက်စွမ်းအင် အတက်အကျလှိုင်းကို ထုတ်လွှတ်သည်။ ချင်ယွင်က သူ့ကို အရင်းမြစ်ဖျက်ဆီးခြင်းစွမ်းအားဟု အမည်ပေး လိုက်သည်။
ထိုစွမ်းအားသည် ချင်ယွင်၏ခန္ဓာကိုယ်ကို ဖြတ်ကျော်ဝင်ရောက်လာသည်နှင့်အမျှ ချင်ယွင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် ယခင်က မကြုံဖူးသော အခြေအနေတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲမှ ကြွက်သားတွေက ပေါက်ကွဲထွက်လာပြီး သူ့ခန္ဓာကိုယ်ထဲမှာ အဆုံးမဲ့ စွမ်းအားတွေ ရှိနေပါသည်။
"သေလိုက်တော့.."
ချင်ယွင်သည် သူ၏အတွင်းမှ စွမ်းအားကို စုစည်းပြီးသွားသည်နှင့်အမျှ လျှန်ဖန်သည် လည်း လေဟာနယ်ကို တိုက်ရိုက် ဆုတ်ဖြဲကာ အနှိုင်းမဲ့ အစွမ်းထက်သည့် အငွေ့အသက် ဖြင့် ချင်ယွင်ဆီသို့ ခုတ်ပိုင်းလိုက်သည်။ ဘိုးဘေးနတ်ဘုရားပစ္စည်းအတုသည် အနှိုင်းမဲ့ အစွမ်းထက်သည့် စွမ်းအင်အတက်အကျလှိုင်းကို ထုတ်လွှတ်နေသည်။
"ဟမ့်၊ ဘယ်သူသေမယ်ဆိုတာ မသေချာသေးပါဘူး။" ချင်ယွင်သည် ဤကြောက်စရာ ကောင်းသော ဓားဆန္ဒကို ခံစားလိုက်ရပြီး သူ့မျက်လုံးများက အလွန်စူးရှလာခဲ့သည်။ သူ့လက်ထဲမှ ကြည်လင်ကောင်းကင်ဓားသည်လည်း တောက်ပနေသည်။