အခန်း ၁၅၉၄
Vol. 107 Ch. 1594
အခန်း (၁၅၉၄) ပြင်းထန်သောတိုက်ပွဲ
ချင်ယွင်သည် မည်သည့် နတ်ဘုရားဓားသိုင်းပညာရပ်ကိုမှ အသုံးပြုခြင်း မရှိဘဲ သူ့လက်ထဲ မှ ကြည်လင်ကောင်းကင်ဓားကို ဝှေ့ယမ်းလိုက်သည်။ သူသည် ဓားကို အဖွင့်အပိတ် ညီစွာဖြင့် လျန်ဖန်၏ဓားကို မည်သည့်ပညာရပ်ကိုမှ အသုံးမပြုဘဲ ရင်ဆိုင်လိုက်သည်။
ရုတ်တရက် တုန်လှုပ်ချောက်ချားစရာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ မြေပြင် တစ်ခုလုံး ရုတ်တရက် နစ်မြုပ်သွားပြီး လုံးလုံးလျားလျား ရေခဲအဖြစ်သို့ ပြောင်းလဲသွား သော ရေကန်သည် ကွဲအက်သွားသည်။ ရေကန်တစ်ခုလုံးကို အက်ကွဲကြောင်းများဖြင့် ဖုံးအုပ်ထားသည်။
ချင်ယွင်နှင့် လျှန်ဖန်တို့၏လက်များထဲမှ နတ်ဘုရားဓားများမှာလည်း ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေဖြင့် ရင်ဆိုင် တိုက်ခိုက်နေကြသည်။ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်မုန်တိုင်းလှိုင်းလုံးကြီးများသည် ပတ်ဝန်းကျင်ဆီသို့ အဆက်မပြတ် ရိုက်ခတ် နေသည်။ ၎င်းတို့ပတ်လည်တွင် ကမ္ဘာကြီးတစ်ခုလုံးသည် လေဟာနယ် တစ်ခုအသွင် တိုက်ရိုက် ဖွဲ့စည်းသွားသည်။ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများ ကွဲအက်သွား ကာ ၎င်းတို့၏ ခြေရင်းအောက်ရှိ မြေပြင်သည် ကြီးမားသော တွင်းပေါက်ကြီးတစ်ခု ဖြစ်လာခဲ့သည်။
ချင်ယွင်၏ မျက်လုံးများသည် စူးရှနေပြီး သူ့စိတ်နှလုံးက တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် သူ့လက်ထဲမှ ကြည်လင်ကောင်းကင်ဓားကို အဆက်မပြတ် ဝှေ့ယမ်းကာ တိုက်ခိုက်ရန်အတွက် သူ့အလိုလိုဗီဇကိုသာ အားကိုးနေသည်။ ကောင်းကင်ကြီးသည် ဓားပုံရိပ်များဖြင့် ပြည့်နှက်နေသည့် ကောင်းကင်ကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး လျှန်ဖန်၏ နတ်ဘုရားဓားနှင့် အဆက်မပြတ် တိုက်မိနေခဲ့သည်။
သူတို့၏အဆင့်တွင်၊ အခြေခံအားဖြင့် သူတို့မှာ အနိုင်ယူနိုင်မည့် လှုပ်ရှားမှုမျိုး မရှိသည့် အပြင်၊ အကယ်၍, ဆက်လက်တိုက်ခိုက်ပါက ကောင်းကင်နှင့်မြေကြီးသည် ပြိုကျမည် ဖြစ်သည်။
"ဘုန်း...၊ ဘုန်း...၊ ဘုန်း...ဘုန်း.."
ဓားစွမ်းအားသည် ရိုင်းစိုင်းစွာ ကခုန်နေခဲ့ပြီး မြေပြင်သည် ကြီးမားသော လျှိုမြောင်များ အဖြစ် အဆက်မပြတ် ကွဲအက်နေခဲ့သည်။
အချိန်တိုလေးအတွင်းမှာပင်, မြေပြင်သည် လုံးဝ ပျောက်ကွယ်သွားပြီး လျှိုမြောင်တွေ တဟုန်ထိုး ဖြစ်ပေါ်လာကာ မြင်ရသူများကို ထိတ်လန့်စေခဲ့ပါသည်။
အဝေးမှကြယ်နတ်ဘုရားများလည်း ဆွံ့အနေကြသည်။ ဤအဆင့်တိုက်ပွဲမျိုးသည် သူတို့ အတွက် အလွန်အမင်း ပျော်ရွှင်ရသည့် တိုက်ပွဲတစ်ခု ဖြစ်သည်။ အထူးသဖြင့် ချင်ယွင်နှင့် လျှန်ဖန်တို့၏ ဓားစွမ်းအားများ အလွန်မင်း ပြင်းထန်နေသည်ကို မြင်သောအခါ, ဘေးမှာ စောင့်ကြည့်နေကြသည့် သူတို့၏ သွေးများ ဆူပွတ်သွားသည်ကို ခံစားခဲ့ရသည်။
"အရမ်း သန်မာလွန်းတယ်။ တစ်နေ့ ငါလည်း ဒီလိုသန်မာလာနိုင်တယ်။ ကြည့်လိုက်စမ်း, ဓားကိုင်ထားတဲ့ ကောင်းကင်နတ်ဘုရားတစ်ပါးရဲ့ ရုပ်အသွင်က ဘယ်လောက် ခန့်ငြား လိုက်လဲ။ သူက တိမ်တွေလို ရွေ့လျားနိုင်ပြီး၊ ရေတွေလို စီးဆင်းနေတယ်။ သူရဲ့ ဓားသိုင်းပညာကို အထွတ်အထိပ်အထိ လက်တွေ့ပြသနေခဲ့တယ်။"
"ဒါက မှန်ပါတယ်။ ဒါပေမယ့်, ငါကတော့ ဟိုကြယ်နတ်ဘုရား ကျွမ်းကျင်သူကို ပိုလေးစားမိတယ်။ သူ့ရဲ့ ဓားပညာက သွက်လက်ပြီး လွှမ်းမိုးကြီးစိုးနိုင်တယ်။ ရိုးရှင်းပုံ ရပေမယ့် တိုက်ရိုက် ထိရောက်တယ်။ ဓားချက်တိုင်းက ကောင်းကင်နတ်ဘုရားရဲ့ တိုက်ခိုက်မှုတွေကို အလွယ်တကူ ဖြတ်ကျော်သွားနိုင်တယ်။ ဒါက တကယ်ကို သဘာဝ အတိုင်း ပြန်လည်ခြင်းပဲ။ ကြယ်နတ်ဘုရား ကျွမ်းကျင်သူတစ်ယောက်က သူ့ဓားသိုင်းပညာ ကို ဒီလောက်အတိုင်းအတာအထိ တကယ်ကို အသုံးပြုနိုင်တယ်။ ဒါက တကယ်ကို မယုံနိုင်စရာပဲ။"
…
အဝေးမှ ကြယ်နတ်ဘုရားများ၏ မျက်လုံးတွေက တောက်ပနေပြီး ကောင်းကင်ယံမှာ အဆက်မပြတ် တိုက်ခိုက်နေကြသည့် လူနှစ်ယောက်ကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။ ဒီအဆင့်တိုက်ပွဲမျိုးက သူတို့အတွက် အန္တရာယ်ရှိသော်လည်း ရှားရှားပါးပါး အခွင့်အရေး တစ်ခုလည်း ဖြစ်ပါသည်။ အကယ်၍, သူတို့သည် ဤတိုက်ပွဲကနေ အနည်းငယ် နားလည် နိုင်ခဲ့လျှင်, ကြီးမားသည့် တိုးတက်မှုတွေ လုပ်ဆောင်နိုင်ပြီး၊ သူတို့အတွက် သေချာပေါက် အများကြီး အကျိုးရှိပါသည်။
ရှောင်ဘိုင်သည်လည်း ကောင်းကင်ယံမှ တိုက်ပွဲကို စူးစူးစိုက်စိုက် စိုက်ကြည့်နေသည်။ သူ့မျက်လုံးတစ်စုံက အသေးစိတ် အချက်အလတ်များကိုပင် လက်လွတ်သွားမှာ ငြင်းဆန် နေခဲ့သည်။ ချင်ယွင်နှင့် လျှန်ဖန်တို့၏ လှုပ်ရှားမှုများကို သူ့စိတ်ထဲတွင် လုံးဝ မှတ်သားနေ ခဲ့သည်။
သူ့ထိုးထွင်း သိမြင်နိုင်စွမ်းက ချင်ယွင်လောက် ကောင်းကင်ဘုံကို အံမတုနိုင်ပေ။ ထို့ကြောင့် ချင်ယွင်နှင့် လျှန်ဖန်ကြားက တိုက်ပွဲသည် သူ့အတွက် သင်ယူရန် အခွင့်ကောင်း တစ်ခု ဖြစ်သည်။ သူသည် မည်သို့ စွန့်လွှတ်နိုင်မည်နည်း။
ထိုအချိန်တွင် မာကျိသည် လုံးဝ ပြိုကျသွားသည်။ ချင်ယွင်၏ ကောင်းကင်ကို အန်တုခြင်း သည် သူ့တာအို နှလုံးသားကို လုံးလုံးလျားလျား ကွဲကြေစေခဲ့သည်။ ယခင်က သူဂုဏ်ယူခဲ့ သော အရာမှန်သမျှသည် ယခုအချိန်တွင် ချင်ယွင်နှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။
သူ့့တာအိုနှလုံးသားသည် ပျက်စီးသွားခဲ့သည်။ အကယ်၍, သူသည် ဤအကျပ်အတည်းမှ လွတ်မြောက်ခဲ့လျှင်ပင်၊ သူ၏ကျင့်ကြံမှုသည် တစ်လက်မလောက် တိုးတက်ရန်ပင် အလွန်မင်း ခက်ခဲလိမ့်မည်။ သူ့ဆီသို့ ချင်ယွင်ဆောင်ကျဉ်းပေးခဲ့သော အရိပ်မည်းကြီးကို သူ မချိုးဖျက်နိုင်ပါက, သူသည် ချင်ယွင်၏ ကောင်းကင်ကို အန်တုနိုင်သော စွမ်းအားကို မည်သို့ တုန်ခါစေနိုင်မည်နည်း။
ချွင်…။
နောက်ထပ် သန့်စင်သော သံမဏိအချင်းချင်း ထိခိုက်နေသည့် အသံများက ပတ်ဝန်းကျင် ကို တုန်လှုပ်စေပါသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်မျှင်တန်း နှစ်ချောင်း သည် အပြင်းအထန် တိုက်မိပြီး၊ ပြင်းထန်သော တန်ပြန်စွမ်းအားကို ထုတ်လွှတ်ကာ၊ တိုက်ပွဲအတွင်း လုံးထွေးရစ်ပတ်ကာ တိုက်ခိုက်နေကြ သော ချင်ယွင်နှင့် လျှန်ဖန်တို့ကို တိုက်ရိုက် ခွဲထုတ်လိုက်သည်။
ချင်ယွင်နှင့် လျှန်ဖန်တို့သည် ပြင်းပြင်းထန်ထန် အသက်ရူပြီး ဟောဟဲဆိုက်နေကြသည်။ ယခုလိုရူးသွပ်ဖွယ် တိုက်ပွဲမျိုးက သူတို့အတွက်ပင် စွမ်းအင်အများပြား ကုန်ခမ်းသွားသည်။ ယခုအချိန်မှာ သူတို့ခန္ဓာကိုယ်တွေက စွမ်းအင် အတော်လေး ကုန်ဆုံးသွားပြီ။
လျှန်ဖန်၏ မျက်လုံးများသည် ဓားသွားများကဲ့သို့ ထက်ရှနေပြီး၊ သူ့နှလုံးသားက ပြင်းထန်သော နာကြည်းမှုများဖြင့် ပြည့်နှက်နေသည်။ သူသည် သွားကျိုးလုမတတ် သွားတွေကို ကိုက်လိုက်သည်။
"လခွမ်း...၊ ဒီကောင်က ဘာလဲ။ သူက ရုတ်တရက် ဘာလို့ ဒီလောက် သန်မာနေရတာလဲ။ ငါ့ရဲ့ လျှို့ဝှက်ပညာရပ်နဲ့တောင် ငါ သူ့ကို ဘာမှ မလုပ်နိုင်သေးဘူး။ သူ့ကိုသတ်ဖို့ ငါ့ဝှက်ဖဲကို တကယ် သုံးရတော့မှာလား။" လျှန်ဖန်သည် သူ့စိတ်ထဲတွင် ခက်ထန်စွာ ပြောလိုက်သည်။ ထိုအခိုက်အတန့်တွင် သူလည်း သတိပြန်လည်လာကာ၊ ထိပ်တိုက် ရင်ဆိုင်ခဲ့စည်က ချင်ယွင်၏ခွန်အားကို စတင်စမ်းစစ်မိသည်။
သူသည် ချင်ယွင်ကို လျှော့တွက်ခဲ့မိကြောင်း သူ တွေ့ရှိခဲ့သည်။ သူသည် နိမ့်ကျသည့် ကျင့်ကြံမှုအဆင့်ကို ရှင်းရှင်းလင်းလင်း ပိုင်ဆိုင်ထားသော်လည်း အခုလို အစွမ်းထက်သည့် စွမ်းအားကို ပြသနိုင်ခဲ့သည်။ ချင်ယွင်သည် မည်ကဲ့သို့ လုပ်ဆောင်ခဲ့သည်ကို သူ တကယ် မသိခဲ့ပါ။
ထိုအချိန်တွင် ချင်ယွင်၏အမူအရာက အေးစက်နေပြီး သူ့အမူအရာမှာ အပြောင်းလဲ မရှိပေ။ ထို့ကြောင့် သူအတွေးများကို လုံးဝ မမြင်ရပေ။ သို့သော် လက်တွေ့တွင် ချင်ယွင်၏စိတ်နှလုံးသားက ထူးထူးခြားခြား တက်ကြွနေပါသည်။
၎င်းသည် အရင်းမြစ်ဖျက်ဆီးခြင်းစွမ်းအားကို အသုံးပြုခဲ့သည့် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ ပထမတော့ ထိုစွမ်းအား မည်မျှ အစွမ်းထက်မှန်း သူ မသိပေ။ အစပိုင်းမှာ သူ သည် ထိုစွမ်းအားနှင့် မရင်းနှီးသေးသော်လည်း, နောက်ပိုင်း အသုံးပြုလာသည်နှင့်အမျှ ပိုမိုကျွမ်းကျင်လာခဲ့သည်။ ဤပေါင်းစပ်စွမ်းအားသည် အလွန်မင်း ကြောက်စရာကောင်း ကြောင်း သူတွေ့ရှိခဲ့သည်။ ဤစွမ်းအားကို အသုံးပြုထားသည့် အနေထားအောက်မှာ သူ၏ ခွန်အားသည် အဆပေါင်းများစွာ တိုးမြင့်လာခဲ့သည်။
သို့သော်, သူ စိတ်လှုပ်ရှားနေစဉ်မှာ ပြင်းထန်သော ပြဿနာတစ်ခုကိုလည်း တွေ့ရှိခဲ့ရ သည်။ ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် သူ့နတ်ဘုရားခန္ဓာကိုယ်ကို အလွန်ထိခိုက်စေကြောင်း သူ တွေ့ရှိခဲ့ရသည်။ တခဏလေးအတွင်းမှာပင် သူ့လက်မောင်း တွေက အဆက်မပြတ် တုန်ခါလာသည်။ ဤသည်မှာ နတ်ဘုရားခန္ဓာကိုယ်ကို အလွန်ကျွံ လှုပ်ရှားရခြင်း၏ ဘေးထွက်ဆိုးကျိုး ဖြစ်သည်။
ထို့အပြင် ချင်ယွင်၏ အသက်စွမ်းအားသည် ဤဘေးထွက်ဆိုးကျိုးအပေါ် သက်ရောက်မှု မရှိပေ။ ထိုကြောင့် ချင်ယွင်သည် အကျပ်အတည်းကို ပြင်းထန်စွာ ခံစားခဲ့ရသည်။
"တိုက်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းဖို့ လိုနေပုံပဲ။ ငါ ဒီထက်ပိုပြီး နှောင့်နှေးနေလို့ မရတော့ဘူး။ ဒီထက်ပိုကြာသွားရင် ငါ့အတွက် ပိုဆိုးသွားနိုင်တယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
ယခင်က ချင်ယွင်၏ အတွေးတိုင်းဆို, သူသည် လျှန်ဖန်နှင့် ကြာရှည်စွာ တိုက်ခိုက်ရန် ဖြစ်သည်။ လျှန်ဖန်သည် လျှို့ဝှက်ပညာရပ်တစ်ခုကို အသုံးပြုထားသည်။ လျှန်ဖန်၏ လျှို့ဝှက်ပညာရပ်သည် အချိန်ကြာလာသည်နှင့်အမျှ၊ သူ အနိုင်ရရန် အခွင့်အလမ်းက ပိုမို မြင့်မားလာမည် ဖြစ်သည်။ သို့သော်၊ ဤအဖျက်စွမ်းအားအသစ်၏ ဘေးထွက် ဆိုးကျိုးများ ကြောင့် ချင်ယွင်သည် ဤအကြံအစည်ကို စွန့်လွှတ်ရတော့မည်။
သူသည် လျှန်ဖန်၏ လျှို့ဝှက်ပညာရပ်ကို အချိန်စွဲပြီး အလဟဿဖြစ်အောင် လုပ်ဆောင်နိုင်ရန် ဖြစ်နိုင်ချေမရှိပေ။ အဘယ့်ကြောင့်ဆို, သူသည် သူ့ နတ်ဘုရား ခန္ဓာကိုယ်ကို အရင်ဆုံး ထိန်းထားနိုင်မည် မဟုတ်ပေ။ ထိုသို့ဖြစ်လာခဲ့လျှင်, သူသည် တကယ်ကို အန္တရာယ်တွင်းထဲ ကျရောက်သွားလိမ့်မည်။ ထိုကဲ့သို့ ဆိုးရွားသော အခြေအနေသို့ ကျရောက်သွားသည့်အခါ, ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် သူနှင့်အတူ ဘေးဒုက္ခကို ကြုံတွေ့ရလိမ့်မည်။ ဤအရာက သူသည်းမခံနိုင်သည့် ကိစ္စဖြစ်သည်။
ချင်ယွင် အကြောက်ဆုံးအရာက လျှန်ဖန်အပြင်, လျှန်ဖန်ထက်ပင် ပိုစွမ်းထက်သော ကောင်းကင်ယံမှ ကျွမ်းကျင်ပညာရှင်တစ်ယောက် ရှိနေသေးခြင်းပင်။ ဤအရာက ချင်ယွင်ကို အမှန်တကယ် စိုးရိမ်စေသည့် အကြောင်းအရင်းဖြစ်သည်။ ထို့ကြောင့် သူသည် သူ့ဝှက်ဖဲများအားလုံးကို အသုံးမပြုဘဲ လျှန်ဖန်ကို သတ်ပစ်ရမည်။ သို့မှသာ သူသည် ကောင်းကင်ယံမှ ကျွမ်းကျင်ပညာရှင်နှင့် ရင်ဆိုင်ရန် အခွင့်ရေး ရှိပေလိမ့်မည်။
ချင်ယွင်သည် တိုက်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ချင်ခဲ့ပြီး လျှန်ဖန်သည်လည်း ထိုနည်းအတိုင်း ခံစားခဲ့ရသည်။ သူသည် ချင်ယွင်ကို တတ်နိုင်သမျှ အမြန်ဆုံး သတ်ဖြတ်နိုင်ရန် ဆန္ဒရှိနေသည်။
ချင်ယွင်နှင့် လျှန်ဖန်တို့သည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ သူတို့နှစ်ဦးထံမှ ဖြစ်ပေါ်လာသော အငွေ့အသက်များ သည် တစ်ခုနှင့်တစ်ခု အပြင်းအထန် တိုက်မိပြီး ကီလိုမီတာ တစ်ထောင်အကွာအဝေးတိုင် ဖြတ်သန်းသွားခဲ့သည်။
တိုက်ပွဲကို ကြည့်ရှုနေသည့် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်များ အားလုံး သည် ၎င်းတို့၏ဆံပင်များ လှုပ်ခတ်သွားသည်ကို ခံစားခဲ့ရပြီး သူတို့၏စိတ်နှလုံးများသည် ဖော်မပြနိုင်သော ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
ပိုကြောက်စရာကောင်းသည့် နောက်ထပ် တိုက်ပွဲတစ်ခု လိုက်လာဖွယ်ရှိသည်ဟု သူတို့လည်း ရိပ်စားမိနိုင်ပါသည်။
သေချာပါသည်, သူတို့၏စိတ်နှလုံးများ ကြောက်ရွံ့တုန်လှုပ်နေစဉ်မှာ ကောင်းကင်ယံတွင် နောက်ထပ် ကြောက်စရာကောင်းသည့် တိုက်ပွဲတစ်ခု ထွက်ပေါ်လာသည်။ ချင်ယွင်နှင့် လျှန်ဖန်တို့သည် ဥက္ကာပျံများကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် ထိပ်တိုက် တိုက်မိကြ သည်။ ပေါက်ကွဲအားက အရင်ကထက် ပိုကြောက်စရာကောင်းသည်။