အခန်း ၁၅၉၅
Vol. 107 Ch. 1595
အခန်း (၁၅၉၅) ချင်ယွင်၏ခွန်အား
ချင်ယွင်နှင့် လျှန်ဖန်၏ဓားများသည် ကြယ်တံခွန်နှစ်စင်းကဲ့သို့ တိုက်မိသွားသည်။
ပြင်းထန်သော ဓားစွမ်းအင်နှစ်ခုသည် ပြင်းထန်သော တိုက်ခိုက်မှုနှစ်ခုအသွင် ဖြစ်ပေါ်စေ ပြီး တစ်ခုနှင့်တစ်ခု ရှင်းရှင်းလင်းလင်း ခွဲခြားထားသည်။
ကောင်းကင်ကြီးက တုန်ခါနေပြီး အနီးပတ်ဝန်းကျင် လေဟာနယ်မှ အက်ကွဲကြောင်းတွေ ပေါ်လာသည်။ လေဟာနယ်တစ်ခုလုံးသည် ပင့်ကူမျှင်များကဲ့သို့ ဖြစ်နေသည်။ ကောင်းကင်ကြီးက ပို၍ပင် မည်းမှောင်လာနေပြီး လျှပ်စီးတွေက ရံဖန်ရံခါ တဖျပ်ဖျပ် လင်းလက်နေသည်။
အဝေးကလူတိုင်းသည် ထိုတိုက်ပွဲက သူတို့ကို မတော်တဆ ထိခိုက်မိပြီး သေဘေးနှင့် နိဂုံးချုပ်သွားမှာကို နက်နက်ရှိုင်းရှိုင်း ကြောက်လန့်နေကြသည်။
သို့သော်၊ ဤအံ့ဩဖွယ်ကောင်းသော တိုက်ပွဲသည် ၎င်းတို့အပေါ် နက်ရှိုင်းသော အတွေးစိတ်ကူးများကို ချန်ထားရစ်ခဲ့သည်။ ၎င်းသည် သူတို့၏ ကျင့်ကြံမှုအပေါ် သိမ်မွေ့နက်နဲသော အကျိုးသက်ရောက်မှုကို ချန်ထားပေးကောင်းပေးနိုင်ပါသည်။
ရှောင်ဘိုင်သည် အံ့ဖွယ်အခြေအနေထဲမှာ သူ့ကိုယ်သူ လုံး၀ နှစ်မြှုပ်ထားပြီး ဖြစ်သည်။ အစောပိုင်းက ချင်ယွင်နှင့် လျှန်ဖန်တို့၏ တိုက်ပွဲသည် သူ့ကို အလွန် စိတ်အားထက်သန် စေခဲ့သည်။ အကယ်၍, သူသာ ဒီတစ်ကြိမ် အဆင့်တစ်ခုဖြတ်ကျော်နိုင်အောင် နားလည် နိုင်ခဲ့လျှင်, သူ့စွမ်းအားကို နောက်တစ်ဆင့်ကို မြှင့်တင်နိုင်မှာ သေချာပါသည်။
မာကျိသည် မြေပြင်ပေါ်တွင် လုံးဝ မလှုပ်မယှက် ရပ်နေသည်။ အခုတော့ သူ့မှာ ထွက်ပြေးချင်စိတ်ပင် မရှိတော့ပေ။ သူကြောင့် ရှောင်ကျင်းသည် ဒဏ်ရာရခဲ့ပြီး၊ ချင်ယွင်သည် ရှောင်ကျင်း၏ အစ်ကိုကြီး ဖြစ်သည်။ အကယ်၍ ချင်ယွင်သာ နောက်ဆုံး တွင် လွတ်မြောက်ခဲ့ပါက, သူသည် သေချာပေါက် သူ့ကို အလွတ်ပေးမည် မဟုတ်ပေ။ ချင်ယွင်သည် အရမ်းကို အစွမ်းထက်လွန်းသည်။ အကယ်၍, သူ ထွက်ပြေးချင်လျှင်ပင်, ထွက်ပြေးလို့ မလွတ်နိုင်ပါဘူး။ ထို့အပြင်၊ ဤစမ်းသပ်မှုကမ္ဘာသည် အလွန်ကြီးမားသည်။ သူ ဘယ်နေရာသို့ ထွက်ပြေးရမည်နည်း။
ထို့ကြောင့်၊ ယခု သူ၏တစ်ခုတည်းသော မျှော်လင့်ချက်မှာ ချင်ယွင်ကို ကောင်းကင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးက သတ်ပစ်ရန်ဖြစ်သည်။ ထိုမှသာ သူလည်း အသက်ရှင်ရန် အခွင့်အလမ်းရှိမည် ဖြစ်သည်။
"ဘုန်း..."
ကောင်းကင်ယံ၌ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဓားစွမ်းအားနှစ်ခုက ချင်ယွင်နှင့် လျန်ဖန်းတို့ကို ပြန်ခွဲထုတ်ပြီး နောက်သို့ တွန်းထုတ်လိုက်သည်။
သို့သော် သူတို့ နှစ်ယောက်သည် မရပ်တန့်ခဲ့ပေ။ လျှန်ဖန်သည် လေဟာနယ်ကို ခြေဆောင့် နင်းလိုက်ပြီး ပြင်းထန်သော ပေါက်ကွဲအသံကို လွှင့်ထုတ်ကာ၊ နောက်ပြန်ဆုတ်နေသော သူ့ကိုယ်သူ အတင်းအကြပ် ရပ်တန့်လိုက်သည်။
တစ်ချိန်တည်းမှာပဲ၊ သူ့လက်ထဲက ဘိုးဘေးနတ်ဘုရားပစ္စည်းအတုက တုနှိုင်းမရအောင် အစွမ်းထက်သည့် စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး၊ နတ်ဘုရားဓားက စိတ်နှလုံးကို တုန်လှုပ်စေသည့် စွမ်းအင်အတက်အကျလှိုင်းကို ထုတ်လွှတ်နေသည်။
တုန့်ဆိုင်းခြင်းမရှိဘဲ သူ့လက်ထဲက နတ်ဘုရားဓားကို အပြင်သို့ ထိုးထုတ်လိုက်စဉ်, သူ့မျက်လုံးတွေက လျှပ်စီးလက်သလို ဝင်းလက်နေသည်။ နတ်ဘုရားဓားသည် ချက်ချင်း ဆိုသလို ပြန့်ကျဲသွားကာ ကောင်းကင်ယံအနှံ့ ပြည့်နေသည့် လျှပ်စီးဓားစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်ဆီသို့ တုနှိုင်းမရအောင် ကြောက်စရာကောင်းသော စွမ်းအားများဖြင့် အပြင်းအထန် ဖိနှိပ်လာခဲ့သည်။
ချင်ယွင်သည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိဘဲ သူ့ဆီသို့ ပြေးဝင်လာသော ဓားစွမ်းအင်ကို ကြည့်လိုက်ပြီး၊ သူ့မျက်လုံးများမှ ပြင်းထန်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
"ချိုးဖျက်လိုက်စမ်း..” ဝူဝမ်ဓားသိုင်း ဒုတိယရပ်ဓားကွက် ဓားဖျက်ခြင်း"
ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ့လက်ထဲက ကြည်လင်ကောင်းကင် ဓားသည် အနှိုင်းမဲ့ တောက်ပနေသည့် အလင်းတန်းတစ်ခုနှင့်အတူ ဓားတစ်ချောင်းအဖြစ် တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။
ထိုဓားသည် လှိုင်းအလွှာပေါင်း တစ်ထောင်ကို ရစ်ပတ်ထားပြီး ကောင်းကင်ယံအပြည့် ဖြစ်နေသည့် ထိုလျှပ်စီးဓားကို ချက်ချင်း ဖြိုခွဲသွားသည်။
ထိုဓားက လွင့်ပျယ်မသွားခင် နောက်တစ်ခုက ဓားတစ်ချောင်းက ထွက်ပေါ်လာသည်။
ချင်ယွင်သည် သူ၏တတိယဓားကွက်ဖြစ်သော ဓားအမှတ်အသားကို ချက်ချင်း ထုတ်ဖာ် လိုက်သည်။
ထိုဓားချက် ခုတ်ထစ်လိုက်သောအခါ ကောင်းကင်နှင့် မြေကြီးသည် ပြတ်တောက်သွားပုံရ သည်။ ဓားစွမ်းအင်သည် အလွန်မင်း ကြောက်စရာကောင်းပြီး ကမ္ဘာတစ်ခုလုံးတွင် ကြီးမားသော ဓားအမှတ်အသားတစ်ခုကို ချန်ထားရစ်ခဲ့သလိုပင်။
လျှန်ဖန်သည် ထိုဓားချက်တိုက်ခိုက်မူမှ ခြိမ်းခြောက်မှု အရိပ်အယောင်ကို ခံစားရသော ကြောင့် သူလည်း ထိတ်လန့်သွားသည်။ ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး သည် ဤမျှလောက် အစွမ်းထက်သော ဓားသိုင်းပညာကို ထုတ်ဖော်နိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။
"ငါ အထွတ်အထိပ် ကြယ်နတ်ဘုရားတစ်ပါးကို အနိုင်မယူနိုင်ဘူးလို့ ငါ မယုံဘူး။ ချိုးဖျက်လိုက်စမ်း။ ကောင်းကင်ဘုံကိုးခုရဲ့လျှပ်စီးဓား။”
လျှန်ဖန်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ့ဓားကို ထပ်မံ ဝှေ့ယမ်းလိုက်သည်။ ချက်ခြင်းဆိုသလို၊ သိပ်သည်းသောလေထုထဲမှ လျှပ်စီးမုန်တိုင်းကိုးခုသည် လှိမ့်စင်းကာ ထွက်ပေါ်လာပြီး၊ ချင်ယွင်ခုတ်ပိုင်းလိုက်သည့် ဓားအလင်းနှင့် တိုက်ရိုက်ပင် အပြင်းအထန် တိုက်မိသွားသည်။
လျှပ်စီးမုန်တိုင်းကိုးခုသည် မီတာတစ်သောင်း ရှည်လျားသော ဓားအလင်းနှင့် တိုက်မိပြီး ပြင်းထန်သော ပေါက်ကွဲအသံများ ထွက်ပေါ်လာသည်။
မြေကြီးသည် အက်ကွဲသွားပြီး ပတ်ဝန်းကျင်ရှိ ကျောက်တုံးများလည်း ကွဲအက်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးရိုက်ခတ်မှုကြောင့် မြေပြင်တစ်ခုလုံး မည်းနက် သွားခဲ့သည်။ ဆယ်ကီလိုမီတာအကွာအဝေးအတွင်းရှိ အရာအားလုံးသည် ကြီးမားသော စက်ဝိုင်းတွင်းနက်ကြီးတစ်ခု ဖြစ်လာခဲ့သည်။
လေဟာနယ်ပြိုဆင်းပြီး မိုးခြိမ်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ ထိုနေရာတစ်ဝိုက်သည် လုံးဝ ကပ်ဘေးနယ်မြေအသွင် ပြောင်းလဲသွားခဲ့သည်။
"ဘုန်း.."
သို့သော်လည်း ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းသည် အမှန်တကယ်ပင် လျှပ်စီးမုန်တိုင်းကိုးခုကို ဖြိုခွဲပြီး လျှန်ဖန်ဆီသို့ ပြေးသွားခဲ့သည်။
"ဘာ?" လျှန်ဖန်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ သူ၏ ကောင်းကင်ဘုံကိုးခု၏ လျှပ်စီးဓားသည် အမှန်တကယ် ကျိုးပျက်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဤကောင်းကင်ဘုံကိုးခု၏ လျှပ်စီးဓားသည် သူ့ဖခင်ကိုယ်တိုင် ဖန်တီးထားသည့် အစွမ်းထက် နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်ကြောင်း တစ်စုံတစ်ယောက်သည် သိထားရ မည်။ ၎င်းသည် ဝှက်ဖဲ နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်သော်လည်း ချင်ယွင်၏ ဓားအလင်းကို မတားဆီးနိုင်သေးပါဘူး။ ဤအရာက သူ့ကို မယုံရဲအောင် ဖြစ်စေသည်။
တကယ်တော့ သူသည် ချင်ယွင်ကို နောက်ဆုံးအချိန်ထိ လျှော့တွက်နေတုန်းပင်။ ချင်ယွင် အသုံးပြုသော နတ်ဘုရားစွမ်းရည်သည် လျှန်ဖန်၏နတ်ဘုရားစွမ်းရည်အောက် မနိမ့်ကျ ပေ။ ဝူဝမ်းဓားသိုင်းကို ဝူဝမ်ဘိုးဘေးနတ်ဘုရားမှ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ဓားပညာမှာ အောင်မြင်မှုအရဆို, ဝူဝမ်ဘိုးဘေးနတ်ဘုရားသည် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားထက်မှာပင် ရှိနေသည်။ ထို့ကြောင့် ယခုအခါ ချင်ယွင် အသုံးပြုသော နတ်ဘုရားစွမ်းရည်သည် လျှန်ဖန်ထက် သာလွန်နေသည်။
ထို့အပြင်၊ ချင်ယွင်သည် ဤဓားသိုင်းပညာကို ပြီးပြည့်စုံခြင်းနယ်ပယ်အထိ နားလည်ထား ပြီး၊ သူ၏ဓားသိုင်းပညာရပ်အပေါ် ကျွမ်းကျင်မှုသည် လျှန်ဖန်ထက် သာလွန်သည်။ ထို့ကြောင့်၊ သူ၏တိုက်ခိုက်မှုက လျှန်ဖန်၏တိုက်ခိုက်မှုကို ချိုးဖြတ်နိုင်သည်ကို တွေ့မြင်ရ ခြင်းက ကျိုးကြောင်းဆီလျော်မှု ရှိပေသည်။
သို့သော် ချင်ယွင်၏ဓားအလင်းသည် လျှန်ဖန်၏ ကောင်းကင်ဘုံကိုးခု၏ လျှပ်စီးဓားချက် ကို ဖြတ်ကျော်သွားပြီးနောက်၊ သူ့ဓားအလင်းသည်လည်း အလွန်အားနည်းသွားခဲ့သည်။ မူလက ပေတစ်သောင်းရှည်လျားသော ဓားအလင်းသည် ပေတရာခန့်သာ ရှည်လျားတော့ သည်။ သို့သော် ၎င်း၏ စွမ်းအားကို လျှော့တွက်၍ မရပေ။
လျှန်ဖန်သည် ဓားအလင်းကို အလျင်အမြန် ပိတ်ဆို့လိုက်ပြီး ဓားအလင်းသည် သူ၏ နတ်ဘုရားဓားနှင့် ပြင်းထန်စွာ တိုက်မိသွားသည်။
"ဘုန်း.."
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လျှန်ဖန်သည် သူ့နတ်ဘုရားဓားမှ ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပြီး သူနှင့် သူ့ဓားတို့ပါ လွင့်ပျံသွား သည်။
လျှန်ဖန်သည် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မထိန်းနိုင်မီ ပေထောင်ပေါင်းများစွာအထိ ဆက်တိုက် ဆုတ်သွားခဲ့ရသည်။ သူ့ဆံပင်တွေ ရှုပ်ပွနေပြီး သူ့တစ်ကိုယ်လုံး သနားစဖွယ် အခြေအနေမှာ ရှိနေခဲ့သည်။
သို့သော်, သူသည် ချင်ယွင်၏ ဦးတည်ရာဆီသို့ မော့ကြည့်လိုက်စဉ်, ချင်ယွင် ပျောက်ကွယ် သွားသည်ကို တွေ့လိုက်ရသည်။
"မကောင်းတော့ဘူး..."
လျှန်ဖန်၏ သူငယ်အိမ်များသည် ချက်ခြင်း ကျုံ့သွားကာ သူ့နှလုံးသားထဲတွင် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ပေါ်လာခဲ့သည်။
သို့သော်၊ သူ့နှလုံးသားထဲက ကြိုတင်သတိပေးချက် မပျောက်ကွယ်ခင် သူ့ဘယ်ဘက်ရှိ လေဟာနယ်ထဲမှ စွမ်းအင်အတက်ကျလှိုင်း အနည်းငယ် ထွက်ပေါ်လာသည်။ ထို့နောက် ပုံအရိပ်တစ်ခုက တိတ်တဆိတ် ပေါ်လာပြီး၊ သူ့လက်ထဲမှ ဓားအလင်းက လျင်မြန်သော ပုံရိပ်တစ်ခုကဲ့သို့ ခုတ်ပိုင်းသွားခဲ့သည်။
"ဖျန်း.."
လျှန်ဖန်က တုံ့ပြန်ချင်သော်လည်း၊ သူသည် ထက်ဝက်ခန့် နှေးကွေးနေသေးသည်။ သူ့ကို ချင်ယွင်၏ဓားချက် ခုတ်ပိုင်းသွားပြီး သူ့ဘယ်ဘက်လက်တစ်ခုလုံးကို တိုက်ရိုက် ဖြတ်တောက်ပစ်လိုက်သည်။
သူ့လက်မောင်းက လွှင့်ထွက်သွားပြီး သွေးတွေက ပန်းထွက်နေကာ၊ လျှန်ဖန်၏ မျက်နှာက ပြင်းထန်စွာ နာကျင်နေပုံပေါ်သည်။
ထိုမျှသာမကပေ။ ထိုဒဏ်ရာကြောင့် သူ၏လျှို့ဝှက်ပညာရပ်သည် ပျောက်ကွယ်သွားခဲ့ သည်။ သူ့ဆံပင်နှင့် သူငယ်အိမ်များ၏ အရောင်သည် တစ်ဖန် မည်းနက်လာပြီး သူ၏ အငွေ့သက်သည် ပို၍ အားနည်းလာသည်။
လျှန်ဖန်၏ ခန္ဓာကိုယ်သည် နာကျင်နေသော်လည်း သူသည် တုံ့ဆိုင်းမနေဘဲ နောက်သို့ အလျင်အမြန် ပြန်ဆုတ်သွားခဲ့သည်။
ချင်ယွင်၏ မျက်လုံးတွေက စူးရှနေပြီး၊ သူသည် လေဟာနယ်ထဲ ခြေတစ်လှမ်းလှမ်းကာ လျှန်ဖန်နောက်သို့ လိုက်ပါသွားခဲ့သည်။ သူ့လက်ထဲက ကြည်လင်ကောင်းကင်ဓားက အလွန်မင်း ထက်ရှသည့် အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။
ဤအချိန်က လျှန်ဖန်ကိုသတ်ဖြတ်ရန် အခွင့်ကောင်းတစ်ခု ဖြစ်သည်။၊ သူ မည်သို့ လက်လွှတ်ခံချင်မည်နည်း။
"အကိုကြီး၊ ငါ့ကိုကယ်ပါ"
လျှန်ဖန်သည် အလွန်မလိုလားသော်လည်း အကယ်၍, သူသာ အကူအညီ မတောင်းမိဘူး ဆိုလျှင်, ချင်ယွင်၏ သတ်ဖြတ်ခံရနိုင်သည်ကို သိရှိထားသည်။ ထို့ကြောင့် သူသည် ထိုစကားကိုသာ အော်ပြောနိုင်ပါတော့သည်။
"ရပ်" လျှန်ဖန်က အကူအညီတောင်းပြီးပြီးချင်းမှာ, ကောင်းကင်ယံမှာ ယွမ်ဟန်လည်း ချက်ချင်း တိုက်ခိုက်လိုက်ပါသည်။ သ့်ရုပ်အသွင်သည် ဖျတ်ခနဲ လှုပ်ရှားသွားပြီး ချင်ယွင်၏ ရှေ့တွင် ပေါ်လာကာ ချင်ယွင်ဆီသို့ သူ့လက်ဖဝါးဖြင့် တိုက်ရိုက် ရိုက်ချလိုက်သည်။
သူ့လက်ဖဝါးနှင့် ရိုက်မိသည့်အခါ, ချင်ယွင်၏ ခန္ဓာကိုယ်သည် မှန်တစ်ချပ်လို ကွဲအက်သွား သည်။
ယွမ်ဟန်သည် ခဏတာ မှင်သက်သွားခဲ့သည်။ ထို့နောက် သူသည် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး လျှန်ဖန်၏ ဦးတည်ရာဆီသို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ့ဦးရေပြား ထုံကျင်သွားစေသည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။
မည်သည့် နည်းလမ်းကို အသုံးပြုခဲ့သည် မသိ။ ချင်ယွင်သည် လျှန်ဖန်၏ ရှေ့မှောက်တွင် ရောက်ရှိနေပြီး၊ သူသည် သူ့လက်ထဲမှ ကြည်လင်ကောင်းကင်ဓားကို အရိပ်တစ်ခုကဲ့သို့ ဝှေ့ယမ်းပြီး လျှန်ဖန်၏ ခေါင်းကို ချက်ချင်း ဖြတ်ပစ်လိုက်သည်။
ထိုဓားခုတ်ချက်က မယုံနိုင်လောက်အောင် မြန်ဆန်လွန်းသည်။ မြန်ဆန်လွန်းသဖြင့် လျှန်ဖန်သည် သူ့ခေါင်းမပြတ်ခင် မည်သည့်တုန့်ပြန်မူမှ မလုပ်နိုင်ခဲ့ပေ။
ယွမ်ဟန်သည် မှင်သက်နေသလို အဝေးကလူတွေလည်း မှင်သက်သွားကြသည်။ ချင်ယွင် တစ်ယောက်သာ သူ့ဓားကိုကိုင်ပြီး ဝင့်ကြွားစွာ ရပ်နေကာ၊ လူများအား မြင့်မားပြီး တန်ခိုးကြီးသည့် ပုံရိပ်ကို ပေးစွမ်းနေသည်။