အခန်း ၁၅၉၆
Vol. 107 Ch. 1596
အခန်း (၁၅၉၆) ယွမ်ဟန်နှင့် တိုက်ခိုက်ခြင်း။
သူသေဆုံးသည့်တိုင် လျှန်ဖန်သည် အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ်တစ်ပါး၏ လက်ထဲ၌ အမှန်တကယ် သေဆုံးရလိမ့်မည်ဟု မယုံကြည်နိုင်ခဲ့ပေ။ ချင်ယွင်၏ အရှိန်ဟုန် က အရမ်းကို မြန်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူ့စီနီယာအစ်ကိုတောင် သူ့ကို မတားဆီးနိုင်ခဲ့ပါဘူး။
အဝေးကလူတိုင်း ပါးစပ်အဟောင်းသာ ဖြစ်နေကြသည်။ ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည် အမှန်တကယ် ရှုံးနိမ့်သွားခဲ့သည်။ သူသည် အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် လူတစ်ယောက်ကိုပင် ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ အကယ်၍, ဤသတင်းကို ဖြန့်လိုက်လျှင်, မည်သူမှ ယုံကြည်မှာ မဟုတ်ပါဘူး။
ဟုတ်ပါသည်၊ တုန်လှုပ်ခြောက်ခြားဆုံးလူကတော့ ယွမ်ဟန် ဖြစ်ပါသည်။ သူသည် ချင်ယွင်ကို စောစောစီးစီး တားဆီးခဲ့သည်မှာ ထင်ရှားသော်လည်း၊ ၎င်းသည် သူ့ခန္ဓာကိုယ် အတုဖြစ်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ချင်ယွင် မည်ကဲ့သို့ လုပ်ဆောင်ခဲ့သည်ကို သူ တကယ် နားမလည်နိုင်ခဲ့ပါ။
ထိုအချိန်တွင် ချင်ယွင်၏ အကြည့်တွေက အနှိုင်းမဲ့ အေးစက်နေသည်။ သူသည် သူ့လက်ထဲက ကြည်လင်ကောင်းကင်ဓားကို ထပ်မံ ဝှေ့ယမ်းလိုက်ပြီး လျှန်ဖန်၏ စိတ်ဝိညာဉ်နှင့်အတူ ဦးခေါင်းကို ချက်ချင်း သတ်ပစ်လိုက်သည်။ လျှန်ဖန်သည် ဤကမ္ဘာမှ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
အဝေးကလူတိုင်း ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူတို့နှလုံးသားတွေ တဒိန်းဒိန်း ခုန်သွားသလို ခံစားလိုက်ရသည်။
"သူ တကယ် သတ်ဝံ့တယ်ပေါ့။ ဒီကောင်းကင်နတ်ဘုရားက သူ့အဖေက ဘိုးဘေး နတ်ဘုရားတစ်ပါးလို့ မပြောခဲ့ဘူးလား။ ဒီလူက ကလဲ့စားချေခံရမှာကို မကြောက်ဘူး လား"
"မှန်တယ်၊ ကောင်းကင်နတ်ဘုရားနယ်ပယ်က ကျွမ်းကျင်ပညာရှင်တစ်ယောက်တော့ ဒီလိုပဲ သေဆုံးသွားရပြီ။ သူ့အိပ်မက်ထဲမှာတောင် စိတ်မကူးရဲလောက်ဘူး"။
…
အဝေးကလူတိုင်း သူတို့နှလုံးသားတွေ တဆတ်ဆတ် တုန်ယင်နေကြသည်။ မည်သို့ပင်ဆို စေကာမူ ကောင်းကင်နတ်ဘုရားတစ်ပါးသည် ထိုကဲ့သို့ သေဆုံးသွားသည်ဟူသော အချက် ကို သူတို့ လက်မခံနိုင်ပေ။
ထိုအခိုက်တွင် ယွမ်ဟန်၏ မျက်လုံးများသည် ပြင်းထန်သော အေးစက်မှုနှင့်အတူ ပေါက်ကွဲထွက်လာခဲ့သည်။ လျှန်ဖန်အသတ်ခံရကတည်းက, သူပြန်လာသွားရင်တောင်, သူ့ဆရာသခင်က သူ့ကို အလွတ်ပေးမှာ မဟုတ်ပါဘူး။ အကယ်၍, သူသည် ချင်ယွင်ကို မသတ်နိုင်ခဲ့လျှင်, သူနှင့်အတူ သင်္ဂြိုဟ်ခံရဖို့ အလားအလာများပါသည်။
"ကောင်စုတ်လေး, မင်း ဘယ်သူ့ကို သတ်လိုက်လဲ သိရဲ့လား" ယွမ်ဟန်သည် ချင်ယွင်ကို အေးစက်စွာ ကြည့်ကာ သူ့မျက်လုံးများက နှင်းခဲကဲ့သို့ အေးစက်နေသည်။
ချင်ယွင်လည်း အေးစက်စွာ ပြုံးပြရင်း သူ့ပါးစပ်ထောင့်က အထင်သေးဟန်ဖြင့် ယွမ်ဟန် ကို ကြည့်ကာ ပြောလိုက်သည် "သူက ဘိုးဘေးနတ်ဘုရားတစ်ပါးရဲ့သား မဟုတ်လား။ သူက ငါ့ကို ထပ်ခါထပ်ခါ သတ်ချင်နေမှတော့, သူအသတ်ခံရဖို့ကိုလည်း ပြင်ဆင်ထားရ မယ်လေး။ သူ့အဖေ ဒီမှာရှိနေရင်တောင် ငါက သူ့ကို သတ်ရဲသေးတယ်"။
"မောက်မာတဲ့ကောင်။ မင်းက ဘိုးဘေးနတ်ဘုရားတစ်ပါးရဲ့ ဂုဏ်သိက္ခာကို ဘယ်လိုလုပ် နှိုးဆော်နိုင်မှာလဲ။ ငါ့ဆရာသခင်က မင်းကို လက်တစ်ချောင်းတည်းနဲ့တောင် အသေသတ် ပစ်နိုင်တယ်။ ဒါ့အပြင်, ငါကလည်း မင်းကို ငါ့ဆရာကြီးရဲ့ အကူအညီ မပါဘဲ သတ်ပစ်နိုင်တယ်။" ယွမ်ဟန်က အေးစက်စွာ ဟစ်အော်လိုက်သည်။ ချင်ယွင်၏ စကားများ က သူ့နှလုံးသားကို ဒေါသဖြစ်စေသည်။
သူ့အမြင်အရဆို, ချင်ယွင်၏ခွန်အားက မဆိုးသော်လည်း သူ့ဆရာသခင်ကို လျစ်လျူရှုရ လောက်အောင် မာနမကြီးသင့်ပါဘူး။ ထို့ကြောင့် ချင်ယွင်၏စကားများသည် ယွမ်ဟန်၏ နှလုံးသားထဲတွင် ဒေါသအစစ်အမှန်ကို နှိုးဆွပေးခဲ့သည်ဟု ဆိုနိုင်သည်။
ချင်ယွင်၏ နှုတ်ခမ်းထောင့်က ပြုံးနေသော်လည်း၊ သူသည် ယွမ်ဟန်၏ စကားများကို မထီမဲ့မြင် ပြုနေလေသည်။
သူသည် ကနဦးစကြဝဠာကို ပိုင်ဆိုင်ထားပြီး၊ သူ့အလိုဆန္ဒသည် အုပ်စိုးရှင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဘိုးဘေးနတ်ဘုရားတစ်ပါးသည် မည်မျှပင် တန်ခိုးကြီးပါစေ, ချင်ယွင်၏ မျက်လုံးထဲမှာ ကျင့်ကြံမှုနယ်ပယ်အပြင် ဘာမှမဟုတ်ပေ။ သူ့မှာ ကြောက်စိတ် နည်းနည်းလေးတောင် မရှိပါဘူး။
ထို့ကြောင့် သာမန်လူများသည် ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူများအပေါ် ရိုသေ လေးစားမူ အပြည့်အဝ ရှိခဲ့သော်လည်း ချင်ယွင်၏ အလိုဆန္ဒက ဘိုးဘေးနတ်ဘုရားအဆင့် ထက် လုံးဝ ကျော်လွန်နေခဲ့ပြီ။
"မင်း လှုပ်ရှားလိုက်ပါ။ မင်းရဲ့ အသက်ရူသံတွေကို အလဿ ဖြုန်းတီးမနေနဲ့။" ချင်ယွင်က ယွမ်ဟန်ကို ကြည့်ကာ ဘာမှမထူးခြာဟန်ဖြင့် ပြောလိုက်သည်။
ယွမ်ဟန်သည် ချင်ယွင်၏တည်ငြိမ်သော အသွင်အပြင်ကို မြင်သောအခါတွင် သူ့ဒေါသက မီးတောင်တစ်ခု ပေါက်ကွဲသွားသလိုပင်။ သူသည် အမှန်တကယ် ကြယ်နတ်ဘုရား မဟုတ် သည့်တိုင် ကြယ်နတ်ဘုရားတစ်ပါး၏ ယခုလို အမူအရာဖြင့် ပြောဆိုခြင်း ခံနေရသည်။
"ဟမ့်၊ မင်းရဲ့ အရည်အချင်းတွေက ကောင်းကင်ဘုံကို ဘယ်လောက်ပဲ အံတုနေပါစေ၊ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေ ငါ့လက်ထဲမှာ ဆုံးပါးသွားခဲ့ရပြီ။ ဒီနေ့, ပါရမီရှင်တွေက စကားလုံးပြောဆိုဖို့တောင် မထိုက်တန်ဘူးဆိုတာ မင်းကို ငါပြောပြမယ်။" ယွမ်ဟန်၏ မျက်လုံးများမှ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။
ယနေ့တွင် ချင်ယွင်၏ခေါင်းကို သူ ပြန်ယူသွားရမည်။ မဟုတ်ပါက သူ့ဆရာသခင်က သူ့ကို အလွတ်ပေးမည် မဟုတ်ပေ။
ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားသည် လျှန်ဖန်အပေါ် အလွန်တင်းကြပ် သော်လည်း လျှန်ဖန်သည် သူ့သားဖြစ်သည်။ သူ မည်သို့ ဂရုမစိုက်ဘဲ နေနိုင်မည်နည်း။ ထို့ကြောင့် လျှန်ဖန်အသတ်ခံရပြီး၊ သူ လက်စားချေရန် မစွမ်းဆောင်နိုင်ပါက, ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား၏ ပင်ကိုယ်စရိုက်အရ ဒေါသထွက်ပြီး၊ သူ့ကို သတ်ပစ်မည်မှာ သေချာပါသည်။
ချင်ယွင်သည် ယွမ်ဟန်၏ ခန္ဓာကိုယ်မှ ထွက်လာသော အငွေ့အသက်ကို ခံစားလိုက်ရပြီး သူ့အကြည့်များက ပြင်းထန်လာသည်။
သူ့စိတ်က သန်မာပြီး ယွမ်ဟန်ကို ရင်ဆိုင်ရသည့်အခါ သူ့အမူအရာက မပြောင်းလဲသော် လည်း ယွမ်ဟန်၏ခွန်အားကို လျှော့တွက်၍ မရပါဘူး။ ယွမ်ဟန်နှင့် လျှန်ဖန်တို့ နှစ်ဦးစလုံး သည် နှောင်းပိုင်း ကောင်းကင်နတ်ဘုရားအဆင့်တွင် ရှိကြသော်လည်း ယွမ်ဟန်၏ ခွန်အားသည် လျှန်ဖန်ထက် အနည်းငယ်မျှသာ အားကောင်းခြင်း မဟုတ်သည်မှာ ထင်ရှားပါသည်။ ထို့ကြောင့် ချင်ယွင်သည် ယွမ်ဟန်ကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု ယုံကြည်မူမရှိခဲ့ပေ။
ဘန်း…။
အတွေးတစ်ချက်ဖြင့် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နဂါးတစ်ပိုင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ခရမ်းရောင် နဂါးကြေးခွံတစ်ခုက သူ့ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာပြီး သူ့တစ်ကိုယ်လုံး ချက်ချင်းပင် အနည်းငယ် ကြမ်းကြုတ်လာသည်။ သူ့အငွေ့အသက်က တောင် တော်တော်လေး တိုးမြင့်လာခဲ့သည်။
အဝေးက ယွမ်ဟန်သည် ထိုမြင်ကွင်းကိုမြင်ပြီး သူ့မျက်လုံးထဲမှာ အံ့သြသည့် အမူအရာ ပေါ်လာပါသည်။
သူ့ရှေ့က ချင်ယွင်သည် သူ့အရည်ချင်းတွေကို နဂါးတစ်ကောင်ကဲ့သို့ ဖုံးကွယ်ထားလိမ့် မည်ဟု သူ ဘယ်တုန်းကမှ မထင်မိခဲ့ပါဘူး။
"မင်းကို ငါ တကယ်လေး လျှော့တွက်ထားမိပုံပဲ။ လျှန်ဖန်က တကယ်ပဲ မင်းရဲ့စစ်မှန် ခွန်အားကို တွန်းလှန်ခဲ့ရတာ မဟုတ်ဘူးပဲ။" ယွမ်ဟန်က မျက်လုံးများကို မှေးကျဉ်းကာ၊ ပြောလိုက်ရင်း သူ့မျက်လုံးထဲမှာ သတ်ဖြတ်ချင်စိတ်တွေက ပိုပြင်းထန်လာသည်။
ချင်ယွင်သည် သူ့အစွမ်းကို ပိုထုတ်ဖော်ပြလေ၊ ချင်ယွင်၏ အရည်အချင်းတွေက ကြောက်မက်ဖွယ်ကောင်းလေ ဖြစ်သည်။ အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဉီးသည် ဤမျှလောက် အစွမ်းထက်သော ခွန်အားကို မည်သို့ ပိုင်ဆိုင်နိုင် မည်ကို သူ အမှန်တကယ် စိတ်ကူးမယဉ်နိုင်တော့ပေ။
"အဓိပ္ပာယ်မဲ့စကားတွေ ရပ်လိုက်ပါ။ မင်း အခုမြင်နေရတာက ငါ့ရဲ့စစ်မှန်တဲ့ စွမ်းအား မဟုတ်မှာ ငါကြောက်မိတယ်။" ချင်ယွင်က လှောင်ရယ်ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ့မျက်လုံးတွေက ချက်ချင်း စူးရှလာသည်။
ယွမ်ဟန်ကို သူ့ကိုယ်ပိုင်ခွန်အားဖြင့် တိုက်ခိုက်ရန် မဖြစ်နိုင်ဟု သူတွေးထားပြီးသားပင်။ ထို့ကြောင့် ကြီးမားသည့် စွန့်စားမူတစ်ခု ပြုလုပ်ရန် သူ ဆုံးဖြတ်ထားသည်။
"မင်းက အရမ်းသေချင်နေတော့ မင်းရဲ့ဆန္ဒကို ငါပေးမယ်။" ယွမ်ဟန်က အေးစက်စွာ ပြောပြီး သူ့လေသံမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်က ပေါက်ကွဲထွက်ပေါ်နေသည်။ ထို့နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို မြေနဂါးကြီးတစ်ကောင်က ရစ်ပတ်ထားသည့်အလား သူ့ခန္ဓာကိုယ်မှ အနှိုင်းမဲ့ ထူထဲသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။
"မြေကြီးစွမ်းရည်လား?" ချင်ယွင်၏ မျက်နှာပေါ်တွင် အနည်းငယ် အံ့သြသွားသည့် အမူအရာတစ်ခု ပေါ်လာသည်။ ဤယွမ်ဟန်သည် အမှန်တကယ်ပင် မြေကြီးစွမ်းရည်ကို ကျင့်ကြံထားသူ ဖြစ်သည်။ ဤစွမ်းရည်သည် ယေဘုယျအားဖြင့် ပိုမိုခုခံနိုင်စွမ်း ကြီးမားပြီး၊ ကိုင်တွယ်ရခက်ခဲသည့် စွမ်းရည်တစ်ခုလည်း ဖြစ်သည်။
"သေလိုက်တော့"
ယွမ်ဟန်က ကျယ်လောင်စွာ အော်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ မြေနဂါးဟိန်းဟောက်သံ တစ်ချက် ထွက်ပေါ်လာသည်။ ထို့နောက် သူသည် ကောင်းကင်ယံတွင် ပုံရိပ်တစ်ခု ထင်ကျန်ရစ်ခဲ့ကာ ချန်ယွင်ထံသို့ တိုးဝင်သွားခဲ့သည်။
ချန်ယွင်သည် ယွမ်ဟန်တစ်ယောက် အပြေးအလွှား တိုးဝင်လာသည်ကို မြင်သောအခါ၊ သူ့ပါးစပ်ထောင့်များက မမြင်နိုင်သည့် လှောင်ပြောင်ဟန်တစ်ခု ထွက်ပေါ်လာပြီး သူ့မျက်လုံးများတွင် ကောက်ကျစ်မူ အရိပ်မြွက်တစ်ခု ပေါ်လာသည်။
ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲတွင် သူသည် ယွမ်ဟန်ကို မယှဉ်နိုင်။ ထို့အပြင် လျှန်ဖန်နှင့် အချိန်အတော်ကြာအောင် တိုက်ခိုက်ပြီးနောက် သူ့ခန္ဓာကိုယ်အတွင်း ဖျက်စီးခြင်း စွမ်းအား များ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင်, သူသည် အခွင့်ရေးကောင်းကို သာ စောင့်စားနိုင်ပါသည်။
ဘန်း…။
ချန်ယွင်၏လက်သည် ရုတ်တရက် တောက်ပလာပြီး ဒေါင်လိုက်မျက်လုံးကြီးတစ်ခုက ချန်ယွင်၏ခေါင်းထက်တွင် ပေါ်လာကာ၊ အနှိုင်းမဲ့ နတ်ဆိုးအလင်းရောင်တစ်ခု ထွက်ပေါ် လာသည်။
အလင်းရောင် လင်းလက်လာသည်နှင့်အမျှ ယွမ်ဟန်သည် သူ့ခေါင်းထဲတွင် ပြင်းထန်စွာ မူးဝေသွားသည်ကို ခံစားလိုက်ရသည်။
"အခုအချိန်ပဲ"
ချန်ယွင်သည် ယွမ်ဟန်တစ်ယောက် စိတ်ဝိညာဉ် တိုက်ခိုက်ခံရသည်ကို မြင်သည့်အခါ, ကောက်ကျစ်သည့် အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ယွမ်ဟန်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးသွား လေသည်။
သူ့လက်ထဲက ကြည်လင်ကောင်းကင်ဓားသည် တုနှိုင်းမရအောင် အားကောင်းသည့် စွမ်းအင် အတက်အကျလှိုင်းကို ထုတ်လွှတ်နေသည်။ သူသည် လျှို့ဝှက်နတ်ဘုရား ကျမ်းစာအုပ်၏ ဒုတိယသိုင်းကွက်ဖြစ်သည့် ငရဲဘုရင်ဆင့်ခေါ်ခြင်းကို အဆုံးစွန်ထိ တိုက်ရိုက် အသက်သွင်းလိုက်သည်။ သူ့လက်ထဲမှ နတ်ဘုရားဓားသည် ယွမ်ဟန်၏ မျက်ခုံး နှစ်ခုကြားသို့ တိုးဝင်သွားရင်း အလွန်မင်း တုန်လှုပ်ချောက်ချားဖွယ် စွမ်းအင်အတက်အကျ လှိုင်းကို ထုတ်လွှတ်နေသည်။