← Chapters

အခန်း ၁၅၉၈

Vol. 107 Ch. 1598

အခန်း ၁၅၉၈

Vol. 107 Ch. 1598

အခန်း (၁၅၉၈) ယွမ်ဟန်၏ဒေါသ

ချင်ယွင်၏ ရုပ်အသွင်သည် မျဉ်းဖြောင့်အသွင်သို့ ပြောင်းလဲသွားကာ ကောင်းကင်ကို ဖြတ်သန်းပြီး၊ ယွမ်ဟန်ဆီသို့ ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

ဤတိုက်ခိုက်မှုတွင် ပြင်းထန်သော စွမ်းအားများ ပါရှိပြီး ၎င်း၏ စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသည်။

ယွမ်ဟန်သည် နည်းနည်းလေးမှ မပေါ့ဆဝံ့ပေ။ ဤအခိုက်အတန့်တွင် ချင်ယွင်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်သော စွမ်းအားများကို သူပင် အာရုံစိုက်နေရသည်။

ဘန်း….။

မြေကြီးအဝါရောင် နတ်ဘုရားတန်ခိုးစွမ်းအားသည် သူ့ခန္ဓာကိုယ် တစ်ဝိုက်တွင် ရစ်ပတ် နေပြီး ကြီးမားလှသော မြေနဂါးကြီးသည် သူ့နောက်ကွယ်မှ ပေါင်းစည်းသွားသည်။

မြေနဂါးကြီးက ဟိန်းဟောက်ပြီး၊ ထွက်ပေါ်လာသည့် ကောင်းကင်တုန်လှုပ်လောက်သည့် ဟိန်းဟောက်သံက ချင်ယွင် တိုက်ခိုက်ရာမှ ထုတ်လွှတ်သော ကောင်းကင် တုန်လှုပ်ဖွယ် တုန်ခါသံနှင့် အပြင်းအထန် ထိမှန်သွားခဲ့သည်။

မြေနဂါးကြီးသည် ဖုန်မှုန့်များအဖြစ်သို့ ပြိုကွဲသွားပြီး ကမ္ဘာမြေအနှံ့ ပြန့်ကျဲသွားသည်။

ချင်ယွင်၏ရုပ်အသွင်သည် ဖုန်မှုန့်ထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ယွမ်ဟန်ဆီသို့ ဆက်လက် ဦးတည်နေသော်လည်း သူ၏ အရှိန်ဟုန်နှင့် စွမ်းအားမှာ သိသိသာသာ အားနည်းသွားခဲ့သည်။

"ဟမ့်၊ မင်းက သေချင်နေတာပဲ"

ယွမ်ဟန်သည် လက်နှစ်ဘက်စလုံးကို ဆန့်ထုတ်ကာ အေးစက်စက် နှာခေါင်းရှုံ့ လိုက်သည်။ သူသည် ချင်ယွင်ထံသို့ ကြောက်မက်ဖွယ် စွမ်းအားဖြင့် ပြေးဝင်သွားစဉ်, သူ၏လက်ဖဝါး၌ အနှိုင်းမဲ့ ထူထပ်သော မြေကြီးဝါရောင် နတ်ဘုရားတန်ခိုးစွမ်းအားက ဆက်လက် ပေါင်းစည်းနေပြီး သူ့လက်သီးတစ်ဝိုက်တွင် ရစ်ပတ်နေသည်။

ချင်ယွင်၏ မျက်လုံးများက စူးရှပြီး၊ သူသည်လည်း သူ့လက်သီးကို ဝှေ့ယမ်းလိုက်၏။ သူ့ခန္ဓာကိုယ်ရှိ နဂါးဟိန်းဟောက်သံသည် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေကာ၊ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု သယ်ဆောင်လာရင်း ယွမ်ဟန်၏ တိုက်ခိုက်မှုနှင့် တိုက်ရိုက် ထိတွေ့သည်။

"ဘုန်း.."

အသံသည် မိုးခြိမ်းသံ တသိန်းပစ်ခွင်းသံနှင့် တူ၏။ ကမ္ဘာကြီးတစ်ခုလုံး တုန်ခါနေပြီး မြေပြင်တစ်ခုလုံး ရုတ်တရက် ပြိုကျသွားသည်။

အဝေးက လူတွေအားလုံး ထိုမြင်ကွင်းကို မြင်တော့ တုန်လှုပ်သွားကြသည်။ သူတို့ခြေဖဝါး အောက်မှ ပြင်းထန်သော တုန်လှုပ်မှုများကို သိသိသာသာ ခံစားနိုင်ကြသည်။ မိုင်ရာနှင့်ချီ အဝေးမှပင် ဤကဲ့သို့သော ပြင်းထန်သော တုန်ခါမူကို ဖြစ်စေနိုင်သည့် ထိုစွမ်းအားမျိုးကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲသည်။

သူတို့လက်သီးချင်း ထိပ်တိုက် တွေ့ဆုံပြီးနောက် ချင်ယွင်နှင့် ယွမ်ဟန်တို့ နောက်ပြန် ဆုတ်သွားကြသည်။

ချင်ယွင်၏ပုံရိပ်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆင်းသက်သွားခဲ့ပြီး မြေပြင်ပေါ်တွင် ရှည်လျားသော စွပ်ကြောင်းရာကြီး ကျန်ရစ်ခဲ့သည်။ သို့သော် ယွမ်ဟန်သည်လည်း သာလွန် ကောင်းမွန်ခြင်း မရှိပေ။ သူ၏ရုပ်အသွင်သည် ပေထောင်ပေါင်းများစွာအကွာသို့ ပျံသန်းသွားခဲ့သည်။

"ဘယ်လောက်တောင် အစွမ်းထက်တဲ့ စွမ်းအားလဲ။ မြေကမ္ဘာနတ်ဆိုးနတ်ဘုရား ကျင့်ကြံ သူတွေတောင်မှ ဒီလိုပြင်းထန်တဲ့ စွမ်းအားကို ပိုင်ဆိုင်နိုင်ဖို့ မဖြစ်နိုင်ဘူး။" ယွမ်ဟန်က အံကြိတ်ကာ ပြောလိုက်ပြီး၊ သူ့မျက်လုံးများက အမျက်ဒေါသနှင့် ပြည့်နေခဲ့သည်။

ထိုအချိန်မှာ သူ့လက်မောင်းတစ်ခုလုံး ထုံကျင်နေသည်။ သူသည် မြေစွမ်းရည်ကို ကျင့်ကြံထားသူဖြစ်ကြောင်း သိထားရမည်။ ကြံ့ခိုင်မှုပိုင်းမှာဆို, သူနှင့် ပြိုင်ဘက်ဖြစ်နိုင်သူ အလွန်နည်းပါသည်။ သူနှင့်အဆင့်တူ နတ်ဆိုးနတ်ဘုရားတစ်ပါး မဟုတ်ပါက၊ အခြေခံ အားဖြင့် မည်သူမျှ သူ့ကို မလှုပ်ခါနိုင်ပေ။ ယခုမူ ချင်ယွင်၏ခွန်အားမှာ သူ့ထက် တကယ်ကို အားနည်းခြင်း မရှိပေ။ ဤအရာက သူ့ကို အရမ်းအံ့သြသွားစေသည်။

"အင်း? ပြီးသွားပြီ"

သို့သော် ယွမ်ဟန်သည် ငုံ့ကြည့်နေစဉ်မှာ မူလကမြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့သော ချင်ယွင်သည် ပျောက်ကွယ်သွားသည်ကို သူ တွေ့ရှိလိုက်ရသည်။

"မင်းနောက်မှာ" တစ်ချိန်တည်းမှာပင် ယွမ်ဟန်၏ နောက်ကွယ်မှ ရုပ်အသွင်တစ်ခု ရုတ်တရက် ပေါ်လာသည်။ အားပြင်းသော ကြာပွတ်ခြေထောက်က ယွမ်ဟန်၏ ဘယ်ဘက် မျက်နှာပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားပြီး ချက်ချင်းပင် သူ့ကို မြေပြင်ပေါ်သို့ ကန်ထုတ်လိုက်သည်။

ယွမ်ဟန်၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး နက်ရှိုင်းသော တွင်းနက်ကြီး တစ်ခု ဖြစ်လာသည်။

"လခွမ်း…" ယွမ်ဟန်က ကျိန်ဆဲလိုက်သည်။ ချင်ယွင်က သူ့နောက်ကို ဘယ်လို ရောက်သွားမှန်းတောင် သတိမထားမိလိုက်ဘူး။

"ဟမ့်၊ ပြပွဲကောင်းက အခုမှစမှာ" သို့သော် ယွမ်ဟန် စကားမဆုံးမီတွင် ကောင်းကင်မှ အေးစက်သော နှာခေါင်းရှုံ့သံ ထွက်ပေါ်လာသည်။ ထို့နောက်တွင်၊ ချင်ယွင်၏ ရုပ်အသွင် သည် သူ့မျက်လုံးများ ရှေ့တွင် ချက်ချင်းဆိုသလို အရွယ်စားကြီးလာပြီး၊ နဂါးလက်သည်း သည် ယွမ်ဟန်ဆီသို့ ပြင်းထန်စွာ ဆုပ်ကိုင်လိုက်သည်။

ယွမ်ဟန်၏ဒေါသက ပေါက်ကွဲသွားခဲ့ပြီး၊ မြေကြီးစွမ်းရည် ပြင်းထန်သော နတ်ဘုရား တန်ခိုးစွမ်းအားသည် ချက်ချင်းပင် သူ့ကို ဖုံးလွှမ်းသွားသည်။

ချင်ယွင်၏ နဂါးလက်သည်းသည် မြေကြီးစွမ်းရည် ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအားဖြင့် ဖွဲ့စည်းထားသော ဒိုင်းကို ပြင်းထန်စွာ ဆုပ်ကိုင်လိုက်ရာ ၎င်းပေါ်တွင် ထိတ်လန့်စရာ အမှတ်အသား ၃ ခု ချန်ထားခဲ့ပြီး ဒိုင်းတစ်ခုလုံး ပြိုကွဲလုနီးပါး ဖြစ်သွားခဲ့ သည်။

သို့သော် ယွမ်ဟန်၏ ခန္ဓာကိုယ်သည် ချင်ယွင်နဂါးကြီး၏ လက်သည်းများမှ ထွက်ပေါ်လာ သည့် ကြီးမားသော စွမ်းအားကြောင့် လွင့်ပျံသွားဆဲဖြစ်ပြီး သူ့ခန္ဓာကိုယ်သည် အဝေးမှ မြေပြင်ပေါ် လိမ့်ကျသွားသည်။

သူ မြေကြီးပေါ်ကနေ ပြန်ထလာချိန်မှာတော့ သူ့မျက်နှာက ပြာနှမ်းနေပြီး ချောမောသည့် သူ့အသွင်အပြင်က လုံးဝ ပျောက်ကွယ်သွားပါပြီ။

"အား..... ငါ မင်းကို သတ်မယ်"

ယွမ်ဟန်သည် သူ့လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ ကောင်းကင်ဆီသို့ ဟစ်အော်လိုက်သည်။ သူ့အသံက အဆုံးမဲ့ ဒေါသများနှင့် ပြည့်နှက်နေခဲ့သည်။

သူသည် ယခုလို သနားစရာ အခြေအနေမျိုး တစ်ခါမှ မဖြစ်ဖူးပါဘူး။ ထို့အပြင်, သူသည် လူများစွာရှေ့တွင် ချင်ယွင်၏ ရိုက်နှက်ခြင်းကို အမှန်တကယ် ခံခဲ့ရသည်။ အကယ်၍, ဤသတင်းသာ ဖြန့်လိုက်ရင် ဘယ်သူ့မျက်နှာ ထပ်ပြဝံ့တော့မည် မဟုတ်ပေ။

"ဟမ့်၊ ဘယ်သူက ဘယ်သူ့ကို သတ်မလဲဆိုတာ မသေချာဘူး" ချင်ယွင်၏ လှောင်ပြောင်သံ က ထွက်ပေါ်လာ ပြန်သည်။ တစ်ချိန်တည်းမှာပင် သူ့ရုပ်အသွင်က ယွမ်ဟန်၏ရှေ့မှာ ပေါ်လာပြန်သည်။ သူ့လက်ထဲက နဂါးလက်သည်းကြီးက နောက်တစ်ကြိမ် ဝှေ့ယမ်းပြီး ယွမ်ဟန်၏ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ဆုပ်ကိုင်လိုက်ပြန်သည်။

"ငါ မင်းကို သေစေချင်တယ်" ယွမ်ဟန်၏ မျက်လုံးများမှာလည်း နီမြန်းလာသည်။ သူသည် ချင်ယွင်၏ တိုက်ခိုက်မှုကို လျစ်လျူထားပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် အဝါရောင် ချပ်ဝတ် တစ်ခု ချက်ချင်း ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူသည် လက်သီးများကို ဝှေ့ယမ်းကာ ချင်ယွင်၏ ရင်ဘတ်ဆီသို့ အပြင်းအထန် ရိုက်ခွဲလိုက်သည်။ ထိုလက်သီးမှာ အနှိုင်းမဲ့ အစွမ်းထက်သည့် စွမ်းအားတွေ ပါရှိနေသည်။

ချင်ယွင်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူ့မျက်နှာမှာ အေးစက်သည့် အပြုံးတစ်ခု ပေါ်လာသည်။ သူသည်လည်း ယွမ်ဟန်၏ တိုက်ခိုက်မှုကို လျစ်လျူရှုထား သည်။ သူ့လက်သည်း တိုက်ခိုက်မှုက နည်းနည်းလေးမှ ရပ်တန့်မသွားဘဲ သူ့လက်ထဲက နဂါးလက်သည်းက ယွမ်ဟန်၏ ရင်ဘတ်ကို ဆုပ်ကိုင်လိုက်ဆဲပင်။

"ဘုန်း..."

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်နှင့် ယွမ်ဟန်တို့၏ တိုက်ခိုက်မှုများသည် တစ်ပြိုင်နက်တည်း သူတို့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ ၎င်းတို့နှစ်ဦးစလုံးသည် တစ်ယောက်ချင်းစီ၏ တိုက်ခိုက်မှုများမှ ပို့လွှတ်သည့် စွမ်းအားကြောင့် လွင့်ပျံသွားကြ သည်။

ယွမ်ဟန်သည် နောက်ပြန် ဆုတ်သွားသည်။ သူ့ရင်ဘတ်ရှိ မြေသားအဝါရောင် ချပ်ဝတ် သည် ချင်ယွင်၏ နဂါးခြေသည်းများကြောင့် ကျိုးကြေနေပြီ ဖြစ်သည်။ ထိုမျှသာမကဘဲ ချင်ယွင်၏ ထက်ထက်သော နဂါးလက်သည်းက သူ့ရင်ဘတ်ပေါ်မှာ နက်ရှိုင်းသော သွေးအစွန်းဒဏ်ရာ သုံးခု ချန်ထားရစ်ခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော သွေးစွန်း ကွက်များသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းပြီး အရိုးများအထိပင် နက်ရှိုင်းသည်။ ယွမ်ဟန်သည် နာကျင်သော အမူအရာကို မဖော်ပြဘဲ မနေနိုင်တော့။

တစ်ဖက်တွင် ချင်ယွင်သည် အဆင်ပြေသည်။ သူ့ရင်ဘတ်ကို နဂါးနတ်ဘုရားကျောက်စိမ်း တံဆိပ်မှ ဖွဲ့စည်းထားသော ချပ်ဝတ်ဖြင့် ကာကွယ်ထားသည်။ ယွမ်ဟန်၏ တိုက်ခိုက်မှုက သူ့ကို လုံးဝ မထိခိုက်နိုင်ပေ။ ထိုလက်သီးတွင်ပါရှိသော ခွန်အားကိုပင် ချပ်ဝတ်က ဖယ်ရှားပစ်ခဲ့သည်။ ထို့ကြောင့် ချင်ယွင်သည် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင်မထိန်းမီ ပေတစ်ရာသာ ဆုတ်ခွာသွားခဲ့သည်။

ယွမ်ဟန်သည် ထိုမြင်ကွင်းကိုမြင်တော့ သွားတွေကို တင်းတင်းကြိတ်လိုက်မိသည်။

"လခွမ်း..၊ ဒါက ဘယ်လိုချပ်ဝတ်မျိုးလဲ။ သူ့မှာ တကယ်ကို အစွမ်းထက်တဲ့ အကာကွယ် ပစ္စည်းတစ်ခု ရှိနေတယ်။ ငါ့ရဲ့ တိုက်ခိုက်မှုတွေက သူ့အပေါ် လုံးဝ သက်ရောက်မှု မရှိဘူး။" ယွမ်ဟန်က သူ့နှလုံးသားထဲမှ ကျိန်ဆဲလိုက်ပြီး သူ့မျက်လုံးတွေက ပြင်းထန်သည့် အလင်းရောင်တွေနှင့် တောက်ပနေကာ၊ ချင်ယွင်၏ချပ်ဝတ်ကို ကြည့်လိုက်သည်နှင့် သူ့အမူအရာက ပူလောင်လာခဲ့သည်။

ဤမျှအစွမ်းထက်သော အကာကွယ်ချပ်ဝတ်ဖြင့်ဆိုပါက, သူသည် မည်သို့မျှ လှုပ်ရှား နိုင်တော့မဟုတ်ပေ။ ရလာဒ်အနေဖြင့် ချင်ယွင်အပေါ် သူ့နှလုံးသားထဲက သတ်ဖြတ်လို သည့်ဆန္ဒက တုနှိုင်းမရသည့်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

'"မင်း ဒီလောက် အစွမ်းထက်တဲ့ ခွန်အားကို ထုတ်လွှတ်နိုင်ရတဲ့ အကြောင်းရင်းက ဒီချပ်ဝတ်နဲ့ ဆက်စပ်မှု ရှိကောင်း ရှိနိုင်တယ်။ မင်းတကယ်ပဲ ငါ့ကို ဒီချပ်ဝတ်နဲ့ အနိုင်ယူ နိုင်မယ်လို့ထင်ရင် မင်း ငါ့ကို လျှော့တွက်လွန်းတယ်" ယွမ်ဟန်၏ အသံက ရုတ်တရက် အေးစက်သွားသည်။ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော အငွေ့အသက်များ ထွက်လာသည်။ ထိုအငွေ့အသက်က အရင်ကထက် အဆပေါင်းများစွာ ပိုကြောက်စရာကောင်းသည်။

သူ့ခြေဖဝါးအောက်က မြေပြင်ကိုတောင် ဒီရေလှိုင်းတွေကဲ့သို့ ပြင်းထန်စွာ လှိမ့်ဆင်းလာ သည်။

ထိုအချိန်မှာ ကောင်းကင်ကြီးလည်း မှောင်သွားသည်။ သူ့ခြေဖဝါးအောက်က မြေပြင်က တုန်လှုပ်နေသည်။ ဟုတ်ပါသည်။ ကြောက်စရာကောင်းသည့် အရာတစ်ခုကို မြင်လိုက်ရ တော့မည့်အလား တုန်လှုပ်နေသည်။

"ဒီစွမ်းအင်အတက်အကျလှိုင်းက, ဖြစ်နိုင်တာက …"

ချင်ယွင်သည် ယွမ်ဟန်၏ ခန္ဓာကိုယ်မှ ထွက်လာသော အငွေ့အသက်ကို ခံစားလိုက်ရပြီး သူ့မျက်နှာသည် အံ့သြသွားအမူအရာ ထွက်ပေါ်လာသည်။

အဝေးရှိ ကြယ်နတ်ဘုရားနယ်ပယ် နတ်ဘုရားများသည်လည်း ၎င်းတို့၏ စိတ်နှလုံးများ အဆုံးမရှိ တုန်လှုပ်သွားသဖြင့် ထိတ်လန့်သော အမူအရာကိုယ်စီ ဖော်ပြနေကြသည်။

ဘန်း…။

ထိုအချိန်တွင် ယွမ်ဟန်၏ ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်သော ပုံစံတစ်ခု တွားသွား ထွက်ပေါ်လာသည်။ ထိုအစင်းကြောင်းသည် တစ်မီတာရှည်လျားပြီး အဝါရောင် မြွေငယ်လေးတစ်ကောင်ကဲ့သို့ ယွမ်ဟန်၏ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ကူးခတ်နေသည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများက ချက်ချင်းပင် စူးရှလာသည်။

သူသည် ဤပုံစံကို အရမ်းရင်းနှီးပါသည်။ အဘယ့်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်မှာ တစ်ခုရှိနေသောကြောင့်ပင်။ သို့သော်, ၎င်းသည် ယွမ်ဟန်ထက် သေးငယ်သည်။

မှန်ပါသည်။ ထိုပုံစံက အစစ်မှန်အဓိပ္ပာယ်၏ ဉပဒေသကွင်းဆက်ဖြစ်ပါသည်။

All Chapters