← Chapters

အခန်း ၁၅၉၉

Vol. 107 Ch. 1599

အခန်း ၁၅၉၉

Vol. 107 Ch. 1599

အခန်း (၁၅၉၉) သန့်စင်သောစွမ်းအား

မြေဝါရောင် ဉပဒေသကွင်းဆက်သည် ယွမ်ဟန်၏ ခန္ဓာကိုယ်အနှံ့ ကူးခတ်နေကာ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်သည်။ ထိုအချိန်တွင် ယွမ်ဟန် သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ရပ်နေသော ဧရာမဘီလူးကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး၊ လူတိုင်းကို အသက်ရှူမဝသည့်အထိ ဖိနှိပ်ထားသည်။

"ဘုန်း.."

ယွမ်ဟန်၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး သူ၏ခန္ဓာကိုယ် အပေါ်ပိုင်းရှိ တိုက်ပွဲဝတ်စုံ သည် ချက်ချင်း ကွဲအက်သွားကာ အနှိုင်းမဲ့ ခိုင်ခံ့သော အသားအရေကို ပေါ်လွင်စေသည်။ သူ့ခန္ဓာကိုယ်သည် ကာကီအဝါရောင်အလင်းတန်းကို ထုတ်လွှတ်နေပြီး မခံမရပ်နိုင်အောင် ခံစားရစေသည်။

ထိုအချိန်တွင် ယွမ်ဟန်၏ မျက်လုံးများက အလားတူ စူးရှလာသည်။ သူ့မျက်လုံးအစုံက ချင်ယွင်ကို စူးစူးစိုက်စိုက် စိုက်ကြည့်နေပြီး ပြင်းထန်သော ဒေါသများ ထွက်ပေါ်နေသည်။

ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ရှေ့မှာ ယွမ်ဟန်သည် အစစ်မှန် အဓိပ္ပါယ်၏ ဉပဒေသကို အမှန်တကယ် နားလည်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားပါ ဘူး။ ထို့အပြင်၊ ၎င်းသည် မြေစွမ်းရည် လေးလံခြင်း၏ စစ်မှန်သော အဓိပ္ပါယ် ဖြစ်နေသည်။

ဤမြေကြီးအမျိုးအစား စစ်မှန်သော အနှစ်သာရသည် လူတစ်ဦး၏ ခွန်အားကို အနှိုင်းမဲ့ ကြောက်မက်ဖွယ်အဆင့်အထိ ရောက်အောင် စွမ်းဆောင်နိုင်သည်။ လှုပ်ရှားမှုတိုင်းသည် တောင်ကြီးကဲ့သို့ အဆုံးမရှိ စွမ်းအားများ ပါဝင်နေသည်။

ဤအခိုက်အတန့်တွင် ဉပဒေသကွင်းဆက်၏ ကောင်းချီးပေးခံရသော ယွမ်ဟန်သည် ထိုကဲ့သို့ ဖြစ်နေသည်။ ဤအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်ရှိ ခွန်အားသည် အဆပေါင်းများ စွာ တိုးမြင့်လာခဲ့ကာ တုနှိုင်းမရအောင် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

"ဘုန်း.."

ယွမ်ဟန်က သူ့ခြေထောက်ကို ဆောင့်နင်းလိုက်တာကြောင့် သူ့ခြေဖဝါးအောက်က မြေပြင်ကို ကွဲထွက်သွားစေသည်။ ကြောက်စရာကောင်းသော အက်ကွဲကြောင်းများက ချောက်နက်တစ်ခုကဲ့သို့ အဝေးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ဝှီး....

မြေကြီးပြိုကျပြီး ကောင်းကင်ကြီးပြိုလဲသည့်အလား တုန်ခါသံများ ထွက်ပေါ်လာစဉ်, ပုံရိပ်တစ်ခုက ကောင်းကင်ယံကို လျင်မြန်စွာ ဖြတ်ပျံသွားခဲ့သည်။ ၎င်း၏ အရှိန်သည် တုနှိုင်းမရလောက်အောင် မြန်ဆန်ခဲ့ပြီး ချက်ခြင်းဆိုသလို ချင်ယွင်၏ရှေ့သို့ ရောက်ရှိလာ သည်။

"ဘယ်လောက်မြန်လိုက်လဲ" ချင်ယွင် အလွန်မင်း အံ့သြသွားရသည်။ ယခုလေးတင် သူသည် ယွမ်ဟန်၏ ရုပ်အသွင်ကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။ သူသည် နောက်ဆက်တွဲ အလင်းတန်းတစ်ခုကိုသာ မြင်လိုက်ရသည်။ ထို့နောက် ယွမ်ဟန်၏ အသွင်အပြင်သည် သူ့ရှေ့တွင် ပေါ်လာသည်။

"ဟမ့်၊ သေလိုက်တော့..."

ယွမ်ဟန်က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ သူ့အငွေ့အသက်သည် သက်တံတစ်ခု ကဲ့သို့ ဖြစ်နေပြီး၊ သူ့အသံက မိုးခြိမ်းသံကဲ့သို့ပင်။ သူသည် အဆုံးမဲ့ စွမ်းအားကို ယူဆောင်ထားသည့် သူ့လက်သီးကို ဝှေ့ယမ်းလိုက်သည်။

အကယ်၍, ထိုလက်ချက်သည် ဤကမ္ဘာငယ်လေး၏ မြေပြင်မှာ ကျဆင်းခဲ့မည်ဆိုလျှင်, ဤကမ္ဘာငယ်လေးသည် အပေါက်တစ်ခုအဖြစ် ပေါက်ကွဲသွားအောင် လုပ်ဆောင်နိုင်မှာ သေချာပါသည်။

ချင်ယွင်သည် လျစ်လျူမရှုဝံ့ပေ။ နတ်ဘုရားနဂါး ကျောက်စိမ်းတံဆိပ်သည် ထိုလက်သီး ချက်ကို ခံနိုင်ရည်ရှိသော်လည်း ၎င်းတွင်ပါရှိသော ခွန်အားသည် သူ့ခန္ဓာကိုယ်ကို ဖြိုခွဲရန် လုံလောက်သည်။

"ဘုန်း..."

သို့သော်လည်း ချင်ယွင်သည် ယွမ်ဟန်၏ လက်သီးချက်ကို တွန်းလှန်ရန် သူ့လက်သီး ဝှေ့ယမ်းလိုက်သောအခါ, သူ့လက်တစ်ဘက်လုံးသည် အပိုင်းပိုင်း ကွဲထွက်သွားကာ သွေးစွန်းနေသော အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူ့တစ်ကိုယ်လုံးသည် နောက်သို့ လွင့်ထွက်ပြီး မြေပြင်ပေါ် ပြုတ်ကျကာ လွင့်ထွက်သွားသေးသည်။

"ဘယ်လောက်တောင် အင်အားကြီးလဲ။" ချင်ယွင်က သူ့သွားတွေကို တင်းတင်းကြိတ်ကာ ပြောလိုက်ရင်း သူ့မျက်လုံးတွေက အနှိုင်းမဲ့ အံ့အားသင့်နေသည့် အမူအရာကို ပေါ်လွင်စေသည်။

ခွန်အားကို လွန်ကဲစွာ အသုံးချနိုင်ခြင်းကလည်း အလွန်ကြောက်စရာကောင်းသော အရာတစ်ခု ဖြစ်သည်။ ယွမ်ဟန်ကဲ့သို့ သန့်စင်သောခွန်အားကို ကျင့်ကြံထားသူတစ်ဦး အတွက်မူ၊ သူ့တိုက်ခိုက်မှုများသည် အနှိုင်းမဲ့ အစွမ်းထက်နေပါလိမ့်မည်။ သူသည် မည်သည့် သိုင်းကွက်မျှ မလိုအပ်ပါ။ လက်သီးတစ်ချက်, ခြေကန်ချက်တစ်ချက်က အရာအားလုံးကို ဖြိုခွဲနိုင်လောက်ပါသည်။

ထိုလက်သီးချက်ကြောင့် ချင်ယွင် လွင့်ထွက်သွားသော်လည်း ယွမ်ဟန်၏ ခန္ဓာကိုယ်သည် သံမဏိမျှော်စင်ကဲ့သို့ နေရာတွင် ရပ်တည်နေပြီး လုံးဝ မလှုပ်ခါနိုင်ပေ။

"ဟမ့်၊ ငါ့မျက်လုံးထဲမှာ မင်းက ပုရွက်ဆိတ်တစ်ကောင်ပဲ ရှိသေးတယ်။ နောက်တော့ သန်စင်တဲ့ခွန်အားက ဘာလဲဆိုတာ မင်းနားလည်အောင် ငါပြောပြဦးမယ်။" ယွမ်ဟန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သူ့မျက်လုံးတွေက အေးစက်သွားကာ သူ့တစ်ကိုယ်လုံး တစ်ဖန် ပျံထွက်သွားသည်။

သူဖန်တီးထားသည့် ရင်သပ်ရူမောဖွယ် အငွေ့အသက်က မြေပြင်ကို တိုက်ရိုက် ကွဲထွက်သွားစေသည်။ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများနှင့် ရွှံ့နွံများသည် ပင်လယ်ရေ ကဲ့သို့ ဘေးနှစ်ဖက်စလုံးဆီသို့ လှိမ့်ဆင်းသွားကာ နက်ရှိုင်းသော လျှိုကြီးတစ်ခုကို ဖြစ်ပေါ်လာစေသည်။

ချင်ယွင်သည် ယွမ်ဟန်ကိုကြည့်နေရင်း သူတို့ကြား အကွာအဝေးက တဖြည်းဖြည်း ကျုံ့လာစဉ် သူ့အကြည့်တွေက လေးနက်လာသည်။

အတွေးတစ်ချက်ဖြင့် မရေမတွက်နိုင်သော နွယ်ပင်များသည် မြေပြင်မှ အရူးအမူး ပေါက်ထွက်လာသည်။ ထိုနွယ်ပင်များသည် ယွမ်ဟန်ကို မြွေကြီးတစ်ကောင်ကဲ့သို့ ရစ်ပတ်လိုက်ကြသည်။

ဤနွယ်ပင်များသည် သန်းနှင့်ချီ၍ ရှိသည်။ ၎င်းတို့သည် ချိုးဖျက်၍မရသည့် နံရံအလွှာ များပေါ်တွင် နံရံအလွှာများ ထပ်ထားသကဲ့သို့, တစ်ခုနှင့်တစ်ခု ကြက်ခြေခတ်သဖွယ် ဖြတ်သန်းကာ ထူထပ်စွာ ထုပ်ပိုးထားသည်။

"မင်း ငါ့ရှေ့မှာ ကိုယ့်အရှက်ကို ခွဲနေတာလား" သို့သော် ယွမ်ဟန်သည် မရေမတွက်နိုင် သော နွယ်ပင်များကို ကြည့်လိုက်ရင်း၊ မထီမဲ့မြင်ပြုမှု အရိပ်အယောင်များက သူ့မျက်လုံး များတွင် တောက်ပလာသည်။

သူ့အမြန်နှုန်းက လုံးဝ နှေးကွေးမသွားခဲ့ပေ။ သူ့လက်မှ အားကောင်းသည့် မြေကြီးစွမ်းရည် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ အဆုံးမဲ့ စွမ်းအင်အတက်အကျလှိုင်းများက သူ့လက်သီးမှ ထုတ်လွှတ်ပြီး လေဟာနယ်ထဲသို့ တိုက်ရိုက် ထိုးချလိုက်သည်။

လက်သီးချက်ကြောင့် အနှိုင်းမဲ့ အားကောင်းသော စွမ်းအင်မုန်တိုင်းတစ်ခု ချက်ချင်း ဖြစ်ပေါ်လာသည်။

စွမ်းအင်မုန်တိုင်းသည် နွယ်ပင်များပေါ်သို့ ကျရောက်ခဲ့ပြီး ၎င်းတို့ကို အပိုင်းပိုင်း ပြတ်တောက်သွားစေခဲ့သည်။

ချင်ယွင်၏ နွယ်ပင်တိုက်ခိုက်မှုသည် ယွမ်ဟန်ကို အနည်းငယ်မျှ အတားအဆီး မရှိခဲ့ပေ။

ချင်ယွင်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူ့မျက်ခုံးတွေက အဆုံးထိ ရှုံ့တွသွား ခဲ့သည်။ စစ်မှန်သော အဓိပ္ပာယ် ဥပဒေသကွင်းဆက်ကို အသုံးပြုပြီးနောက် ယွမ်ဟန်၏ ခွန်အားသည် သူ့ထက် သာလွန်သွားခဲ့သည်။ သူ့တွင် နတ်ဘုရားနဂါးကျောက်စိမ်းတံဆိပ် ရှိနေလျှင်ပင်၊ သူသည် ယွမ်ဟန်အတွက် ပြိုင်ဘက်မဟုတ်တော့ပေ။

ဝှီး...။

ချင်ယွင်သည် ယွမ်ဟန်၏ခွန်အားအတွက် စိတ်နှလုံးထဲတွင် သက်ပြင်းချနေစဉ်မှာ, ယွမ်ဟန်၏ ရုပ်အသွင်သည် ချင်ယွင်၏ရှေ့တွင် ထပ်မံ ပေါ်လာသည်။

"ဘုန်း"

ပြင်းထန်သော လက်သီးတစ်ချက်က ချင်ယွင်၏ ရင်ဘတ်ထဲသို့ တိုက်ရိုက် ထိုးထွင်း ဝင်ရောက်သွားသည်။ ချက်ချင်းဆိုသလိုပင်၊ ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ယွမ်ဟန်ကြောင့် မြေပြင်ပေါ်သို့ အပြင်းအထန် ပစ်ကျသွားသည်။

မြေပြင်သည် လုံးဝ ကွဲအက်သွားပြီး အကန့်အသတ်မဲ့နယ်မြေလည်း ပျက်ဆီးသွားခဲ့သည်။ ချင်ယွင်ကို တိုက်ရိုက် ဗဟိုပြု၍၊ သူ့ပတ်ပတ်လည် အချင်းဝက်တစ်ထောင်သည် ပေရာနှင့် ချီအကွာမှ ပြင်းထန်စွာ နစ်မြုပ်သွားခဲ့သည်။

ချင်ယွင်အတွက်၊ သူသည် ထိုတွင်းနက်ကြီးထဲတွင် လဲလျောင်းနေပြီး သူ့အမူအရာမှာ အလွန်နာကျင်နေပါသည်။ သူ၏ရင်ဘတ်ပေါ်ရှိ နတ်ဘုရားနဂါးကျောက်စိမ်းတံဆိပ်မှ ဖန်တီးထားသည့် ချပ်ဝတ်ကိုပင် အနည်းငယ် ချိုင့်ဝင်နေသည်။

"အဟွတ်...၊ အဟွတ်..."

ချင်ယွင်က ပြင်းထန်စွာ ချောင်းဆိုးလိုက်သည်။ ဤလက်သီး၏ စွမ်းအား အများစုကို နတ်ဘုရားနဂါး ကျောက်စိမ်းတံဆိပ်မှ ဖွဲ့စည်းထားသော ချပ်ဝတ်ဖြင့် ဖယ်ရှားနိုင်ခဲ့သော် လည်း ချပ်ဝတ်ထဲသို့ စိမ့်ဝင်သွားသော စွမ်းအားသည် သူ့နဂါးကြေးခွံကို ဖြိုခွဲနေဆဲ ဖြစ်သည်။ သူ့အတွင်းအင်္ဂါတွေနှင့် အရိုးတွေတောင် ကွဲအက်သွားခဲ့သည်။

ချင်ယွင်၏ပါးစပ်မှ သွေးများ စီးကျလာပြီး သူ့မျက်နှာမှာ နာကျင်မှုများဖြင့် ပြည့်နှက်နေ သည်။

ထိုလက်သီးသည် ယွမ်ဟန်၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားတန်ခိုးစွမ်းအားတစ်ခုမှ မပါဝင်ခဲ့ ဘဲ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက် ဖြစ်သည်။ သို့သော် ထိုစွမ်းအားက ကြောက်စရာ ကောင်းလွန်းသည်။ ကြောက်စရာကောင်းဆုံးမှာ ချင်ယွင်၏ နတ်ဘုရားခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းသည် ယခုအချိန်တွင် တုန်ခါနေသည်။

ထိုအချိန်တွင် သူ၏နတ်ဆိုးနတ်ဘုရားအမြုတေသည် သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေခဲ့ပြီး၊ သူ့ကနဦးစကြာဝဠာတွင် ရှိမနေခဲ့ပါက, ယွမ်ဟန်၏ လက်သီးသည် သူ၏ နတ်ဆိုး နတ်ဘုရားအမြုတေကို ဖြိုခွဲပစ်ရန် သေချာပေါက် လုံလောက်သည်။

"ဟမ့်၊ အရင်က ငါ့ရဲ့ခွန်အားကို အပြည့်အ၀ အသုံးမချခဲ့ဘူး။ မင်း ငါ့ကို ဆန့်ကျင်နိုင်မယ်လို့ တကယ် ထင်နေတာလား။ အကြွင်းမဲ့ ခွန်အားရဲ့ရှေ့မှာ၊ ရှိသမျှ နည်းလမ်းအားလုံးက အသုံးမဝင်ဘူး။ ဒါက ခွန်အားတစ်ခုတည်းနဲ့ နည်းလမ်းအားလုံးကို ဖြတ်ကျော်နိုင်တယ်ဆို တာ အတိအကျပဲ" ယွမ်ဟန်သည် ချင်ယွင်၏ အနားတွင် ဂုဏ်ယူစွာ ရပ်နေကာ သူ့ကို မထီမဲ့မြင်ပြုရင်း ငုံ့ကြည့်နေသည်။

ဤအခိုက်အတန့်တွင် ထူးထူးခြားခြား ပျော်ရွှင်နေသည်။ အဘယ်ကြောင့်ဆိုသော်, ဤအခိုက်တန့်တွင် သူသည် အနှိုင်းမဲ့ ဝင့်ကြွားမူကို ခံစားရစေသောကြောင့်ပင်။

သူ့ပြိုင်ဘက် အထူးသဖြင့် ထိုပါရမီရှင်ဆိုသူများ သူ့ခြေရင်း၌ လဲကျနေသည်ကို မြင်လိုက်ရ တိုင်း၊ သူ့နှလုံးသားထဲတွင် ဖော်မပြနိုင်သော မောက်မာမှုနှင့် စိတ်အားတက်ကြွမှုကို ခံစားရသည်။

"ဘုန်း"

ကီလိုမီတာ ထောင်ပေါင်းများစွာကို ဖြိုခွဲပစ်နိုင်သည့် နောက်ထပ် လက်သီးချက်က မြေပြင် ကို နောက်တစ်ကြိမ် နစ်မြုပ်သွားစေပါသည်။

ချင်ယွင်၏ ရင်ဘတ်ပေါ်ရှိ ချပ်ဝတ်ပေါ်တွင် နောက်ထပ် လက်သီးအမှတ်အသား တစ်ခု ပေါ်လာသည်။ ချင်ယွင်၏အမူအရာက ပို၍ပင် နာကျင်လာသည်။

သန့်စင်သောစွမ်းအားသည် သူ့ရင်ဘတ်ကို တရစပ် လွှမ်းခြုံသွားသည်။ ၎င်းသည် တန်ခိုးကြီးသော နတ်ဘုရားတန်ခိုးစွမ်းအားများကဲ့သို့ ထိတ်လန့်စရာ မဟုတ်သော်လည်း ကြောက်မက်ဖွယ်ရာ ထိုတန်ခိုးစွမ်းအားက အနှိုင်းမဲ့ ကြောက်စရာကောင်းနေသည်။

အဝေးကလူတိုင်း ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ရင်တွေခုန်နေသလို ခံစားလိုက်ရသည်။

ယွမ်ဟန် ပြသနေသော စွမ်းအားနှင့် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း အရှိန်အဝါကြောင့် သူတို့ စိတ်နှလုံးထဲတွင် ပြင်းထန်သော ကြောက်ရွံ့မှုကို မထင်မှတ်ဘဲ ခံစားလာခဲ့ရသည်။

အထူးသဖြင့် သူတို့ခြေဖဝါးအောက်မှ တုန်ခါမူကို ခံစားလိုက်ရသောအခါတွင်၊ အကယ်၍, သူတို့ကိုသာ ထိုလက်သီးချက် စွမ်းအား၏ အပုံတစ်ထောင်ထဲက တစ်စိပ်တစ်ဒေသ လောက် ထိမိသွားပါက, သူတို့ကို အသားစဖြစ်သည်အထိ ပေါက်ကွဲသွားမည်ကို ယုံကြည်သောကြောင့် သူတို့၏ နှလုံးသားများက ပို၍ပင် တုန်ခါလာသည်။

သို့သော် လူအုပ်ထဲတွင် အနှိုင်းမဲ့ ပီတိဖြစ်နေသည့် လူတစ်ယောက်ရှိနေသည်။ ထိုလူကတော့ မာကျိမှလွဲ၍ တခြားလူ မဟုတ်ပါဘူး။

"သူ့ကိုသတ်ပြီး သူ့အသားတွေအဖြစ် ပြောင်းပစ်လိုက်စမ်း" မာကျိသည် သူ့စိတ်နှလုံးတွင် ပြင်းထန်စွာ ကျိန်ဆဲလိုက်ပြီး သူ့မျက်လုံးများ ရူးသွပ်မူများဖြင့် ပြည့်နှက်နေသည်။

ချင်ယွင် သေဆုံးမှသာလျှင် သူ အသက်ရှင်ရန် အခွင့်အလမ်း ရှိပေမည်။

All Chapters